← Chapters

အခန်း (၁၁၆)

Vol. 12 Ch. 116

အခန်း (၁၁၆)

Vol. 12 Ch. 116

သူမ နိုးလာတဲ့အချိန်မှာ တွဲလောင်းချိတ်ထားတဲ့ ဆေးပုလင်းကိုအရင်ဆုံးမြင်လိုက်ရတယ်။ ကြည့်ရတာ ဆေးရုံကို ရောက်နေတဲ့ပုံပဲ။

သူမ အသိစိတ်ပြန်ကပ်လာပြီးနောက်   သူမရဲ့လက်မှာ ပေစွန်းနေခဲ့တဲ့ သွေးတွေကို တွေးမိသွားရပြီး ချက်ချင်းထထိုင်လိုက်မိတယ်။

“လင်းချွမ်! လင်းချွမ်...!”

“ဟေး  ဟေး ..မထနဲ့ဦး.. မင်းရဲ့ ကလေးကို မလိုချင်တော့ဘူးလား.. ပြန်လှဲနေလိုက်  ..  မင်းရဲ့အမျိုးသားက အဆင်ပြေပါတယ်”

ရောက်ရှိလာတဲ့ တစ်ယောက်က ပိုင်လင်းလင်းဖြစ်ပြီး သူမက ဆုဆုကို ခုတင်ပေါ်သို့ ပြန်ဖိချလိုက်တယ်။

“စိတ်မပူပါနဲ့ ..သူတကယ် အဆင်ပြေပါတယ်..  ဒါပေမယ့် ကျည်ဆန်က သူ့ကို ရှပ်ထိသွားလို့ ဒဏ်ရာတော့ ရသွားခဲ့တယ်..  တော်တော်လေး ရှည်ပေမဲ့ အဲလောက်ထိမနက်ဘူး.. သွေးတွေ အများကြီးထွက်ခဲ့ပေမယ့် အပေါ်ယံဒဏ်ရာတွေပဲ”

“အခြားသူတွေရော”

“မင်း အဆင်ပြေတယ်ဆိုတာကိုကြားတော့ သူတို့တွေ အလုပ်ကိစ္စအတွက် ပြန်သွားခဲ့ကြတယ်.. ကြားတာတော့.. စစ်သားနှစ်ယောက်.. သေသွားခဲ့တယ်တဲ့”

ပိုင်လင်းလင်းရဲ့ စကားကိုကြားတော့ ဆုဆု ပြန်လည် ငြိမ်ကျသွားခဲ့တယ်။

ထို စစ်သားလေးနှစ်ယောက်က လင်းချွမ် ခေါ်လာခဲ့တဲ့စစ်သားလေးတွေဖြစ်ကြောင်း သူမ သိနေခဲ့တာကြောင့် သူတို့ရဲ့ သေဆုံးမှုအတွက် အတော်လေး ဝမ်းနည်းသွားမိတယ်။

ဒါပေမယ့် လင်းချွမ်ကတော့ အဆင်ပြေနေသေးတယ်။ အခုလေးတင် သူမ သေလောက်အောင် ကြောက်သွားခဲ့တာ။

“ကလေးကရော? ကျွန်မရဲ့  ကလေး..”

သူမရဲ့ ကလေးအကြောင်းကိုတွေးမိတော့ ဆုဆု စိတ်လှုပ်ရှားလာခဲ့ရပြန်ကာ သူမရဲ့ ဗိုက်ကို ထိကိုင်လိုက်မိတယ်။

ပိုင်လင်းလင်း:  “မင်းက အရမ်းကံကောင်းတယ်.. မင်းရဲ့စိတ်က အတော်လေး တုန်လှုပ်သွားခဲ့ပေမဲ့ ကလေးက အဆင်ပြေနေတုန်းပဲ.. တကယ့် ကျန်းမာသန်စွမ်းတဲ့ ကလေးဖြစ်ရမယ်”

“တော်သေးတာပေါ့.. တော်သေးတာပေါ့”

“မင်းမှာ လုပ်စရာတွေရှိသေးတယ်”

ပိုင်လင်းလင်းရဲ့အသံကလည်း ပြန်လည်ရွှင်ပြလာပြီး ပြောလိုက်တယ်။

“မင်းရဲ့ခြေထောက်တွေက ဘန်းမုန့်ကင်ထားသလို ရောင်နေပြီး.. မင်းရဲ့လက်တွေမှာလည်း ဒဏ်ရာဒဏ်ချက်တွေတွေ အများကြီးရခဲ့သေးတယ်.. ကိုယ့်ကိုယ်ကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက မင်း ပထမဆုံးဖြစ်မှာပဲ”

“ ဒဏ်ရာတွေ အများကြီးရထားတာလား”

သူမ သတိမထားမိခဲ့ဘူး။ ဒါပေမယ့် ဒါက ချန်ယွဲ့ကျင်းကို ကယ်တင်ခဲ့တုန်းက ရရှိခဲ့တာ ဖြစ်လိမ့်မယ်။

ထိုအခိုက်မှာ လင်းချွမ်က ဆေးရုံခန်းထဲသို့ လှမ်းဝင်လာခဲ့တယ်။ သူ့ရဲ့ပုံစံက အနည်းငယ် ပင်ပန်းနေပုံရပေမဲ့လည်း ပြဿနာကြီးကြီးမားမားမရှိတဲ့ပုံပဲ။

“ဆုဆု မင်း နိုးနေပြီလား”

လင်းချွမ်က အနည်းငယ်ရှက်ရွံ့စွာနှင့် ခေါင်းကုတ်လိုက်မိတယ်။ သူ့ရဲ့ဇနီးသည်က သတိလစ်နေခဲ့တယ်။  ဒါပေမယ့် သူကတော့ တခြားကိစ္စတွေကို ဖြေရှင်းနေရပြီး သူမရဲ့အနားမှာ ရှိမနေပေးနိုင်ခဲ့ဘူး။ သူ သူမအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိတယ်။

“ရှင်  ဘာလို့ အဲဒီမှာရပ်နေတာလဲ.. ရှင်အဆင်ပြေရဲ့လား.. ရဲဘော်ဘယ်နှစ်ယောက်လောက် ဒဏ်ရာရသွားခဲ့လဲ”

“ရဲဘော် နှစ်ယောက် ကျဆုံးသွားပြီး ရဲဘော် အများအပြား ဒဏ်ရာရခဲ့တယ်.. ဒါပေမယ့် အားလုံး ဒဏ်ရာ အနည်းအကျဥ်းလောက်ပဲ ရခဲ့တာပါ”

“အိုး”

ပိုင်လင်းလင်းက သူတို့စုံတွဲ လွတ်လွတ်လပ်လပ် စကားပြောနိုင်စေဖို့အတွက် အရင်ထွက်သွားပေးဖို့ လုပ်ခဲ့တယ်။

“ဒါဆို ကျွန်မ ရှင့်ရဲ့ လက်ထောက်ရဲဘော်အတွက် ဆေးသွားလဲပေးလိုက်မယ်..  သူ့ရဲ့ခြေထောက်တွေက မီးလောင်ထားတာ တော်တော်လေးဆိုးတယ်”

“ချန်ယွဲ့ကျင်းလား?”

မီးရှို့ခံခဲ့ရတဲ့ တစ်ယောက်သောသူက ချန်ယွဲ့ကျင်းဖြစ်နိုင်တယ်။

သူက သူတို့ကို ကယ်တင်ဖို့အတွက် မီးရှို့ထားတဲ့ အရက်ပုလင်းကို အပြေးကန်ထုတ်ခဲ့တာကြောင့် သူ့မှာ မီးလောင်ဒဏ်ရာတွေ ရသွားတာက  အံ့သြစရာမရှိဘူး။

“သူ ခဏလောက်တော့ လမ်းလျှောက်ဖို့အတွက်  ခက်ခဲလောက်ဦးမယ်”

လင်းချွမ် ထိုတစ်ယောက်က သည်းခံနိုင်သင့်တယ်လို့ တွေးလိုက်တယ်။ သူ့ရဲ့ဇနီးလေးကတော့ မရဘူး။ နောက်ပြီး သူမက ကိုယ်ဝန်ဆောင်ထားရသေးတယ်လေ။

“ရှင့်ရဲ့ ဒဏ်ရာကရော ဘယ်လိုဖြစ်တာလဲ.. ကျွန်မ ကျည်ဆန်က ရှင့်ဆီကို ဝင်သွားတာကို ရှင်းရှင်းလင်းလင်းမြင်လိုက်တယ်”

ဆုဆု အနည်းငယ် မယုံနိုင်စရာကောင်းတယ်လို့ တွေးလိုက်မိတယ်။

“အဲဒါက ကိုယ့်ကို ထိသွားလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ဒါက ကိုယ့်ကို ကယ်တင်ပေးခဲ့တယ်”

လင်းချွမ်က စကားပြောရင်း သူ့ရဲ့ လက်အိတ်ကိုချွတ်ပြီး လက်ကို မြှောက်ပြလာတယ်။

သူ့ရဲ့လက်မှာ သံလက်စွပ်ကို ဝတ်ဆင်ထားဆဲဖြစ်ပေမဲ့ ထိုလက်စွပ်က ပုံပျက်နေပြီဖြစ်ကာ အမည်းရောင်သို့ ပြောင်းသွားခဲ့ပြီ။။

“မဖြစ်နိုင်တာ?”

အဲလောက်ထိ တိုက်ဆိုင်မှုမျိုး ရှိနိုင်တာလား။

“မင်းလည်း  ဒါကို မယုံကြည်နိုင်လောက်ဘူး.. အစတုန်းက ကိုယ်က ကျည်ဆန်လမ်းကြောင်းကို ပြောင်းလဲဖို့ဆုံးဖြတ်ပြီး ကိုယ့်ရဲ့လက်ကို ရင်ဘတ်ရှေ့မှာထားခဲ့တာ..

တကယ်လို့ ထိမိသွားခဲ့ရင် လက်ချောင်းတစ်ချောင်း၊ နှစ်ချောင်းလောက်တော့ ဆုံးရှုံးနိုင်ပေမယ့် အသက်ကို ကယ်နိုင်တယ်လေ.. ဒါပေမယ့် ကိုယ်တို့ရဲ့ ဒီ ‘လက်စွပ်’ကို  ကျည်ဆန်က ထိမိသွားပြီး လမ်းကြောင်း ပြောင်းသွားခဲ့တယ်လေ.. အဲဒါက ကိုယ့်ရဲ့ လက်မောင်းဘက်ကို  ကန်ထွက်သွားခဲ့လို့  အရေပြားဒဏ်ရာလောက်ပဲ ရခဲ့တယ်..  အသက်အန္တရာယ်စိုးရိမ်စရာမရှိခဲ့ဘူး”

လင်းချွမ်က ပေါ့ပေါ့ပါးပါး ပြောနေခဲ့ပေမဲ့ ထိုစကားတွေက အန္တရာယ်တွင်းမှာ ရောက်ရှိနေချိန်မှာတောင် တကယ်ကို တည်ငြိမ်နေတုန်းပဲ ဆိုတာကို သက်သေပြနေခဲ့တယ်။ ပြီးတော့ တော်တော်လေးလည်းကံကောင်းနေခဲ့တယ်။

ဆုဆု ထိတ်လန့်မှုကြောင့် တုန်ယင်နေခဲ့ကာ သူ့ကို ပွေ့ဖက်လိုက်တယ်။

“ကျွန်မ  ရှင့်ကို စစ်သား မဖြစ်စေချင်တော့ဘူး”

“ကိုယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး မင်းကိုလည်းကာကွယ်ပေးမယ်”

လင်းချွမ် သူမကို နှစ်သိမ့်ပေးခဲ့တယ်။

“ဒါပေမယ့် မင်းကို နာကျင်မိစေတုန်းပဲ”

“ရှင်လည်း ဒဏ်ရာရထားတာပဲ.. ရှင့်မှာလုပ်စရာတွေရှိနေသေးလား”

“မရှိတော့ဘူး.. အထက်က ကိုယ့် အားလပ်ရက်ပေးပြီး မင်းနှင့် အဖော်ပြုခိုင်းခဲ့တယ်”

“တကယ်လား.. လင်းချွမ်..

ဝူး.. ကျွမ်မ အရမ်းကြောက်နေခဲ့တာ”

သူမရဲ့ ခင်ပွန်းသည်က ထွက်သွားစရာမလိုတော့ဘဲ အနားမှာရှိနေပေးမဲ့အကြောင်းကိုကြားတော့ ဆုဆု စိတ်သက်သာရာရသွားခဲ့ရတယ်။ သူမ တကယ်ကိုကြောက်လန့်နေခဲ့တာ။ အတုအယောင်မဟုတ်ဘူး။ တကယ်ကို သေလောက်တဲ့အထိ ကြောက်သွားခဲ့တာ။

လင်းချွမ် ဆုဆုကို လက်တစ်ဖက်တည်းနှင့် ပွေ့ဖက်ရင်း နှစ်သိမ့်ပေးခဲ့တယ်။

“ဇနီးလေး.. မကြောက်နဲ့တော့ အဆင်ပြေသွားပါပြီ.. စိတ်ကို အရမ်းမလှုပ်ရှားစေနဲ့”

“ရှင်  ကျွန်မကို ငိုအောင်လုပ်တယ်”

ဆုဆု သူနဲ့အတူရှိနေချိန်မှာ ကျိုးကြောင်းဆီလျှော်မှုတွကို ရပ်တန့်လိုက်တယ်။ အချိန်အတော်ကြာအောင် ဆင်ခြင်နေခဲ့ရပြီး သူမ တကယ်ကို ပင်ပန်းနေပြီ။

ခဏလောက်ကြာတော့ ဆေးရုံတံခါးဝနားကို လူတစ်ယောက် ရောက်လာခဲ့တယ်။ တစ်ဖက်လူက သူတို့ရဲ့အခြေအနေတွေကိုမြင်တော့ အနည်းငယ်လောက် စိတ်မသက်မသာဖြစ်စွာနဲ့ပြောလာတယ်

  “ငါ.. မလာသင့်တဲ့အချိန်လာခဲ့မိတဲ့ပုံပဲ”

လင်းချွမ်က သူ့ရဲ့ရင်ခွင်ထဲမှာ ငိုကြွေးရင်း အိပ်ပျော်သွားတဲ့ ဆုဆုကို ခုတင်ပေါ်သို့ ညင်သာစွာ လှဲချပေးလိုက်ပြီး အသံတိုးတိုးနဲ့ပြောလုက်တယ်။

“မင်း ဆေးထပ်လိမ်းပြီးပြီလား..  မင်းဒဏ်ရာအခြေအနေက ဘယ်လိုလဲ”

“ဟေး.. ရှင် ရပ်နေလိုက်.. ကျွန်မ ရှင့်ကို ကောင်းကောင်းအနားယူခိုင်းနေတယ်လေ.. ရှင့်ရဲ့ ခြေထောက်ကို ပြင်းပြင်းထန်ထန် မီးလောင်ထားတာကို ရှင်က လှုပ်ရှားချင်နေတုန်းပဲ..  မသန်မစွမ်း ဖြစ်ချင်နေတာလား”

ထိတ်လန့်သွားလောက်အောင် ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

လင်းချွမ်တစ်ယောက် သူ့ရဲ့ဇနီးလေးအိပ်ပျော်နေတာကနေ ပြန်နိုးသွားရမှာကို စိုးရိမ်ပြီး ဆေးရုံခန်းထဲမှ အမြန်ထွက်ကာ တံခါးကိုပိတ်လိုက်တယ်။

ထို့နောက် လှမ်းအော်ပြောလာတဲ့လူကို မြင်တွေ့လိုက်ရတာကြောင့် နှုတ်ဆက်လိုက်တယ်။

“ရဲဘော်ပိုင်”

ချန်ယွဲ့ကျင်းကတော့ ထိုသူနာပြုဆရာမလေးကို တွေ့လိုက်တာနှင့် တပြိုင်နက် မောပန်းနွမ်းနယ်လာသလို ခံစားလိုက်ရတယ်။ သူမက သူ့ရဲ့ ဒဏ်ရာကိုဆေးထည့်ပေးဖို့အတွက်ဆိုပြီး သူ့ရဲ့ဘောင်းဘီကို  သူမကိုယ်တိုင် ဆွဲချွတ်လုနီးပါးလုပ်ခဲ့တယ်လေ။

  သူက တကယ်ထိခိုက်ဒဏ်ရာရနေပေမယ့် အမျိုးသမီးတစ်ယောက်ကိုတော့ မမြင်သင့်တဲ့အရာကို မမြင်စေချင်ဘူး။

နည်းလမ်းမရှိဘူးလေ။ သူတို့ရဲ့တပ်ရင်းမှူးက ရှေးရိုးဆန်လွန်းလှတာကြောင့် သူ့ရဲ့လက်အောက်မှာရှိတဲ့သူသည်လည်း အကျင့်စရိုက်နဲ့စောင့်ထိန်းမှုတွေ ကူးစက်ခံထားရတယ်။

သူမက ဆရာဝန်ရောက်လာတဲ့အချိန်ထိတောင် တခြားလူတွေကို သူ့ကို တင်းတင်းကြပ်ကြပ်ချုပ်နှောင်ထားဖို့ ခိုင်းနေတုန်းပဲ။

သူ မကြာခင်ကမှ လွတ်မြောက်လာခဲ့ပေမဲ့ ထိုသူနာပြုဆရာမလေးက သူ့နောက်ကို ထပ်ပြီးလိုက်လာလိမ့်မယ်လို့ ဘယ်သူက သိခဲ့မှာလဲ။

သူ အနည်းငယ်လောက် စိတ်ကျဥ်းကျပ်သွားရပြီး အေးစက်စက်အသံနဲ့ပြောလိုက်မိတယ်။

“ကျွန်တော်  အဆင်ပြေပါတယ်.. ကျွန်မတော့ မရီးက ကျွန်တော့်ကို ကယ်တင်ပေးခဲ့လို့ သူမအခြေအနေကို လာကြည့်တာပါ”

“ရှင်  သက်သာတဲ့အချိန်ကျမှ ပြန်မလာနိုင်ဘူးလား.. ဒါ့အပြင် သူမအဆင်ပြေတယ်လို့ ကျွန်မမပြောခဲ့ဘူးလား..  သွားမယ်.. ကျွန်မနှင့် ပြန်လိုက်ခဲ့”

“...”

မိန်းကလေးတစ်ယောက်ရဲ့ အမိန့်ပေးခြင်းကိုခံရတာက နည်းနည်းတော့ရှက်စရာကောင်းတယ်လို့ထင်ရပေမယ့် သူတို့ရဲ့တပ်ရင်းမှူးကိုယ်တိုင်က ဇနီးသည်ရှေ့မှာ အလွန်အမင်း သတ္တိနည်းတဲ့အကြောင်းကို ပြန်တွေးကြည့်ရင်တော့ ရှက်ရွံ့စိတ်တွေမရှိတော့ဘူး။

ဒါကြောင့် သူ လင်းချွမ်ကို ခေါင်းညိတ်ပြပြီး သူနာပြုဆရာမလေးနှင့်အတူ ပြန်ထွက်သွားခဲ့တယ်။

သူတို့ရဲ့ ဆေးရုံခန်းထဲသို့ရောက်တော့ ချန်ယွဲ့ကျင်း မအောင့်နိုင်တော့ဘဲ လှမ်းမေးလိုက်မိတယ်။

“မင်း ရဲဘော်လင်းချွမ်ရဲ့ ဇနီးသည်ကို သိလား”

ပိုင်လင်းလင်းက စကားပြောရတာကို သဘောကျတဲ့ မိန်းကလေးဖြစ်ပြီး  အရင်တုန်းက ဆုဆုနှင့် သူမတွေ့ခဲ့ဖူးတာတွေကို ပြန်ပြောပြခဲ့တယ်။ ပြီးတော့ သူမက ဆက်ပြောလိုက်ပြန်တယ်။

“ရှင်တို့တွေ တစ်ယောက်ကို တစ်ယောက် သိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး.. ဒါက ကံကြမ္မာပဲ”

သူမက မရည်ရွယ်ဘဲ ပြောခဲ့ပေမဲ့လည်း နားထောင်တဲ့လူကတော့ ထိုစကားရဲ့ရည်ရွယ်ချက်အဓိပ္ပါယ်တွေကို လွဲမှားကောက်ယူနေခဲ့တယ်။

ချန်ယွဲ့ကျင်းက သူ့ရဲ့ ‘ရိုးသားဖြူစင်မှု’ အကြောင်းကို တွေးလိုက်တယ်။ ပြီးတော့ သူမပြောခဲ့တဲ့ ကံကြမ္မာကို ဆက်တွေးလိုက်ပြန်တယ်။ ဒီတော့ သူမ အဲဒါကိုဆိုလိုချင်တာလား?

သေချာတာပေါ့။ သူက သူ့ရဲ့ နှလုံးသားထဲမှာပဲ တွေးနေခဲ့တာဖြစ်ပြီး ဘာမှ မလုပ်ရဲခဲ့ဘူး။

သူ့ရဲ့ ပျက်စီးနေတဲ့မျက်နှာနဲ့ ဆိုးရွားသွားတဲ့ သွင်ပြင်လက္ခဏာတို့ကြောင့် သူမလို ငယ်ရွယ်နုနယ်ပြီး ထက်မြက်တဲ့ သူနာပြုဆရာမလေးနှင့် မထိုက်တန်ဘူး။

ချန်ယွဲ့ကျင်း တွေးတောလိုက်ပြီး ဆေးရုံမှာ ခဏလာနေရုံလောက်ပါပဲလို့တွေးလိုက်တယ်။

ဒါပေမယ့် သူနာပြုဆရာမလေးက တကယ်ကို  ကောင်းမွန်ပြီး  သူ့ကို သေသချာချာဂရုစိုက်ပေးတယ်။ သူတို့မိသားစုထဲက ဘယ်သူကမှ ဆေးရုံမှာရောက်နေတဲ့ သူ့ကို  လာရောက်မပြုစုပေးနိုင်သလို သူ့အသက်ကိုလည်း စိတ်မပူကြဘူး။ ပြောရရင် မိသားစုကို လယ်အလုပ်နဲ့ အလုပ်ရှုပ်နေလောက်ပြီး ဘယ်သူကမှ ထွက်မလာနိုင်ကြဘူးလေ။

တကယ်လို့ သူတို့တွေ ထွက်လာခဲ့မယ်ဆိုရင်တောင် အရမ်းကိုအဝေးကြီး လာနေရလိမ့်မယ်။

ဒါကြောင့် ဆေးရုံတက်နေရတဲ့ အချိန်ကာလတစ်လျှောက်မှာ သူနာပြုဆရာမလေးကသာ ပြုစုစောင့်ရှောက်ပေးခဲ့ပြီး အိမ်သာတက်ဖို့ကိုတောင် လိုက်လံ ကူညီပေးခဲ့ရခဲ့တယ်။

သူ့ရဲ့ အသက်နှစ်ဆယ်ကျော်ကာလအတွင်းမှာ ဒါက သုံး၊လေးကြိမ်လောက် ဖော်ထုတ်ခံလိုက်ရတာပဲ။

ဒါကြောင့် သူ ဆေးရုံက မဆင်းခင်မှာ သူနာပြုဆရာမလေးရဲ့စိတ်ကို မေးကြည့်ဖို့တွေးခဲ့တယ်။ တကယ်လို့ ဘလိုင်းဒိတ်သာလုပ်နိုင်ခဲ့ရင်...

သူ သူ့ဘာသာသူတော့ မပြောနိုင်လောက်ဘူး။ သူ့ရဲ့ ပါးစပ်ကိုဖွင့်လိုက်တာနဲ့ ရှုပ်ထွေးသွားနိုင်တယ်။

ဒါကြောင့် နောက်ဆုံးမှာ  လိမ္မာပါးနပ်ပြီး အရည်အချင်းရှိတဲ့ သူ့ရဲ့ မရီးကို တွေးလိုက်မိတယ်။

ငါကိုယ်တိုင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါ့ရဲ့မရီးကို အကူအညီတောင်းနိုင်သေးတယ်။

All Chapters