← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

ချန်ယွဲ့ကျင်းတစ်ယောက် ဆေးရုံကနေ ဆင်းတော့မဲ့ ဆုဆုကို လိုက်ရှာဖို့ ထော့နင့်ထော့နင်းနဲ့ ထွက်လာခဲ့တယ်။

ဆုဆုက ခြေထောက်တွေမှာ ပွန်းပဲ့ရာတွေရှိပြီး လက်ဖဝါးတွေနဲ့ တချို့နေရာတွေမှာ မီးလောင်ဒဏ်ရာတွေ ထိခိုက်မိတာတွေ အနည်းငယ်လောက်သာရှိနေပေမဲ့  ကလေးမှာ တစ်ခုခုမှားသွားမှာကို စိုးရိမ်တာကြောင့်  ရက်ပေါင်းများစွာ ဆေးရုံမှာနေထိုင်ခဲ့တယ်။

လင်းချွမ်ကတော့ အားလပ်ရက်ယူဖို့ စေခိုင်းခံရပြီး သူ့ရဲ့ဇနီးလေးကို အဖော်ပြုပေးနေခဲ့ရကာ စစ်သားလေးတွေက အခြေအနေကို စစ်ဆေးဖို့ ပြန်သွားခဲ့ကြပြီ။

ဒါပေမယ့် သူတို့တပ်ထဲကို ပြန်ရောက်လာတဲ့ စစ်သားတွေက ဘယ်လိုလုပ်ပြီး တိတ်တိတ်လေးနေမှာလဲ။ သူတို့တွေက သူတို့ရဲ့ မရီးနဲ့ တွေ့ဆုံခဲ့ကြတာကို ဘယ်လိုလုပ်ပြီး မပြောပဲနေနိုင်မှာလဲ။

သူမက အရေးဒုက္ခရောက်နေချိန်မှာ ချန်ယွဲ့ကျင်းကို  ကယ်တင်ဖို့ အပြေးအလွှားထွက်ခဲ့ကြောင်း လူတိုင်းရဲ့ပါးစပ်ကိုပျံ့သွားခဲ့ပြီး သူမက ကျော်ကြားသူတစ်ယောက်ဖြစ်လာခဲ့တယ်။  အနည်းဆုံးတော့ စစ်တပ်စခန်းထဲမှာ သူမက အတော်လေးကို အင်အားကြီးတဲ့ဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့တယ်။

မဟုတ်သေးဘူး။ အရေးကြီးတာက ဆုဆုက နေ့တိုင်း ကြက်ဥနှစ်လုံးရနေတုန်းပဲ။

သူမ ရယ်တောင်မရယ်နိုင်တော့ဘူး။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာ လင်းချွမ်ရဲ့ စစ်တပ်ထဲမှလူတွေ မကြာခဏရောက်လာကြပြီး ရောက်လာတဲ့လူတိုင်းမှာလည်း ဘယ်နေရာကမှန်းမသိတဲ့ ကြက်ဥနှစ်လုံး ၊ သုံးလုံးလောက် ယူလာခဲ့ကြတယ်။ နောက်ပြီး ထိုကြက်ဥတွေကလည်း ချွမ်းချက်မရှိ တစ်ဝက်ကျက်အောင်ပြုတ်ထားတာတွေပဲ။

ပြီးနောက် လင်းချွမ်ကို  သတင်းပို့စကားဆိုပြီး ဆုဆုရဲ့လက်ထဲကို ဒါမှမဟုတ် ခုတင်ပေါ်ကို တင်ပေးခဲ့ကြပြီး ဘာမှမပြောဘဲ ပြန်ထွက်ပြေးသွားခဲ့ကြကာ လိုက်ဖမ်းလို့တောင်မမီနိုင်ဘူး။

တပ်ရင်းမှုးဖြစ်တဲ့သူကလည်း ကြက်ဥပြုတ်တစ်မျိုးတည်းကိုသာ ယူလာတတ်သလို သူ့ရဲ့တပ်ရင်းတစ်ခုလုံးမှ စစ်သားတွေကလည်း ကြက်ဦပြုတ်တစ်မျိုးတည်းကိုသာ ယူလာတတ်တယ်လို့ ပြောရမလိုပဲ။

လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ သူမ ကြက်ဥတွေကို အန်ထွက်လုနီးပါးစားခဲ့ရတယ်။

သူမအနေနဲ့ တခြားလူတွေရဲ့ကြင်နာမှုကို မဖြုန်းတီးနိုင်တာကြောင့် ကြက်ဥအကာကိုယ် ကိုယ်တိုင်စားပြီး ကြက်ဥအနှစ်ကိုတော့ လင်းချွမ်ကိုစားခိုင်းခဲ့တယ်။

မစ်ရှင်ကြောင့် ကိုယ်အလေးချိန် အနည်းငယ် ကျသွားတဲ့ လင်းချွမ်ကတော့ ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာပြီး ပါးနှစ်ဖက်စလုံးက အသားတွေနှင့် ပြန်ပြည့်လာခဲ့တယ်။

တစ်နေ့ကို ကြက်ဥအနှစ် နှစ်လုံးစားခဲ့ပြီး ဒီလိုဆက်ဆံမှုက တကယ်ကို မြင့်မားလွန်းတယ်။

“မဟုတ်သေးဘူး .. လင်းချွမ်.. ရှင်တို့ရဲ့စခန်းမှာ ကြက်ခြံရှိလား”

“ကြက်နှစ်ရာလောက်ရှိတဲ့  ခြံအသေးသေးတစ်ခုတော့ရှိတယ်”

“ဒါဆို ဒီကြက်ဥတွေ...”

“ဒါကသူတို့ ထောက်ပံ့အဖွဲ့ဆီမှာ သွားပြီး ဖလှယ်တာကြ ဖြစ်လောက်တယ်”

“အိုး.. ရှင် ဒါကိုမကြာခဏ လုပ်နေကျလား”

လင်းချွမ်က စကားမပြောလာဘဲ သူမကို ဒီလိုအမူအရာနဲ့ ကြည့်လာခဲ့တယ်: မင်း ဘယ်လိုလုပ်ပြီးသိသွားတာလဲ?

ဆုဆု မကျေမနပ်တောင် မပြောချင်တော့ဘူး။

သူမ ဗိုက်အောက်ဘက်ကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ထိကိုင်လိုက်တယ်။

သူမရဲ့ ဗိုက်က မကြီးလာသေးပေမယ့် အရမ်းပင်ပန်းနေသလို ခံစားရတယ်။ နောက်ပြီး ဆေးရုံမှာ အမြဲလိုလို လဲလျောင်းနေတာကြောင့် ဆံပင်တွေပါကျွတ်လာသလို ခံစားရတယ်။

ထိုအချိန်မှာမှာ ချန်ယွဲ့ကျင်းက ခြေတပေါင်ကျိုးခုန်ပြီး တံခါးခေါက်လာတယ်။

“သတင်းပို့ပါတယ်”

သူက လင်းချွမ်အထဲမှာရှိနေတာကိုမြင်တော့ အကျင့်ဖြစ်စွာနှင့် အလေးပြုရင်းပြောလာတယ်။

လင်းချွမ် သူ့ဘက်ကို လှည့်ကြည့်လိုက်တယ်။

“ဝင်ခဲ့”

ဆုဆု သူတို့ကို ဘာပြောရမလဲတောင် မသိတော့ဘူး။ သူတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား ။ ဘာလို့ တာဝန်ချိန်ပြင်ပမှာတောင် သတိစွဲပြနေကြတာလဲ။

“ဒုတပ်ရင်းမှူးချန် ရောက်လာပြီလား.. လာထိုင်လေ”

ဆုဆု အလုပ်တစ်ခုရှာပြီး သူ့အတွက်ရေနည်းနည်းလောင်းပေးလိုက်တယ်။

ချန်ယွဲ့ကျင်းက သူကို ကျေးဇူးတင်ကြောင်းပြောပြီး ဝင်ထိုင်လာတယ်။ သူက လင်းချွမ်ကို စိုက်ကြည့်နေခဲ့ပေမဲ့ စကား မပြောလာခဲ့ဘူး။ ဒါပေမယ့် တစ်ခုခုမှားနေပြီဆိုတာ သိသာပါတယ်။

လင်းချွမ်က သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

“မင်းမှာ ပြောစရာရှိရင် ပြောလိုက်..  ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ”

ချန်ယွဲ့ကျင်း ခဏလောက် တွေးပြီး ဆုဆု တိုက်ရိုက်ပြောလိုက်တယ်။

“မရီး.. မရီးကို ကျွန်တော့်အတွက် အောင်သွယ်လုပ်ခိုင်းချင်တယ်”

ဖူး!

ဆုဆု ရေကိုမြိုမချနိုင်ဘဲ သီးသွားရတယ်။

လင်းချွမ်က ချန်ယွဲ့ကျင်းကို စိုက်ကြည့်ကာ ထပ်ပြောလိုက်တယ်။

“မင်း ပြောစရာရှိတာကို ရှင်းရှင်းလင်းလင်း ပြောလို့ မရဘူးလား”

ချန်ယွဲ့ကျင်း ခေါင်းကုတ်လိုက်ပြီး စကားကောင်းကောင်းပြောနိုင်ဖို့ ကြိုးစားလိုက်တယ်။

ဆုဆု နောက်ဆုံးတော့ ချောင်းဆိုးတာကို ရပ်တန့်လိုက်ပြီး ထပ်မေးလိုက်တယ်။

“ ပြန်ပြောပေးပါဦး.. ရှင် ကျွန်မကို ဘာလုပ်စေချင်တာလဲ”

“ကျွန်တော်ကို အောင်သွယ်အဖြစ် ကူညီပေးပါ”

“စကားပြောကြည့်ရုံလောက်ပါပဲ.. မရီးက မိန်းကလေးဆိုတော့ ကြားထဲကနေ စကားပြောကြည့်ဖို့ အဆင်ပြေလောက်မယ်ထင်လို့”

ဆုဆု နောက်ဆုံးတော့ နားလည်သွားတယ်။  မရီးတစ်ယောက်အနေနဲ့ သူမမှာ ပိုပြီးကြီးမားတဲ့ တာဝန်ရှိပြီး အသက်ကြီးလာတဲ့စစ်သားတွေအတွက် ကိုယ်ရေးကိုယ်တာ ပြဿနာများကို စတင်ဖြေရှင်းပေးသင့်တယ်။

ဒါက စစ်တပ်ထဲကို လိုက်ပါသွားတဲ့ ညီအစ်မတွေရဲ့ အလုပ်ဖြစ်ကြောင်း သူမသိထားပေမဲ့ သူမကိုယ်တိုင် လုပ်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူမ  ဒီအကြောင်းတွေကို ဘာလို့သိထားလဲဆိုတာ မမေးနဲ့။ ဒီဘက်ခေတ်အကြောင်းကို စာထဲမှာ အဲလိုမျိုးရေးထားကြတယ်မဟုတ်ဘူးလား။

ချန်ယွဲ့ကျင်းက တည့်တည့်မတ်မတ်ထိုင်ပြီး သူ့ရဲ့အခြေအနေကိုရှင်းပြခဲ့ကာ နောက်ဆုံးအနေနဲ့ ထပ်ပြောလာတယ်။

“ကျွန်တော့  ကျွန်တော့်ကို ပြုစုစောင့်ရှောက်ပေးတဲ့ သူနာပြုဆရာမရဲဘော်ရှောင်ပိုင်ကို သဘောကျတယ် “

“ပိုင်လင်းလင်းလား?”

ဆုဆု အံ့ဩသင့်သွားရပြီး အလှလေးနဲ့ သားရဲကြီးရဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းကို ချက်ချင်းပဲ တွေးမိသွားရတယ်။

ဆုဆု တုံ့ဆိုင်းသွားရတယ်။ ဒီတစ်ယောက်က တကယ့်ကို မျက်လုံးကောင်းလွန်းပြီး သူမရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကို သဘောကျနေခဲ့တယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း သူမရဲ့သူငယ်ချင်းကလည်း သူမကို တွေ့ဖို့မကြာခဏရောက်လာတတ်ပြီး ဒီလူနဲ့ ပတ်သက်ပြီးတော့ သူမဆီမှာ ထင်မြင်ယူဆချက်တွေ အများကြီးရှိနေသေးတယ်။ ရှေးရိုးစွဲဆန်လွန်းတယ်၊ ဒေါသကြီးလွန်းတယ်၊  ရုပ်လည်း ဆိုးနေသေးတယ်..

သူမက ထိုကဲ့သို့ မနေ့ကမှ ပြောခဲ့ပြီး အခု အဲဒီလူက ဆုဆုကို သူမနဲ့ အောင်သွယ်ပေးဖို့ လာရှာနေခဲ့တယ်။

  သူမဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အောင်သွယ်ရမှာဖြစ်ပေမဲ့ မစခင်ကတည်းက ကျရှုံးသွာရတော့မှာလားလို့ တွေးမိနေရပြီ။

“ကျွန်တော်က သူမနဲ့ မထိုက်တန်ဘူးဆိုတာ သိပါတယ် ..ဒါပေမယ့် ကျွန်တော် သူမကို ချစ်မိသွားခဲ့လို့..”

ချန်ယွဲ့ကျင်း ပြောပြီးသွားတော့ လင်းချွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဝင်ပြောလာတယ်။

“ဇနီးလေး..  သူ့အတွက် နည်းလမ်းတစ်ခုလောက်ရှာပေးပါဦး.. ဒီကောင်က နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက်ကို သဘောကျဖူးတာပဲ.. အရင်တုန်းက ဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ဖူးဘူး”

ဆုဆု ချန်ယွဲ့ကျင်းက အမှန်တကယ်ကို ယုံကြည်ထိုက်တဲ့အမျိုးသားတစ်ယောက်ဖြစ်ကြောင်းကို သိထားတယ်။ သူ့ရဲ့ မျက်နှာပေါ်မှာ အမာရွတ်တွေရှိနေပြီး ထိုအမာရွက်ကြောင့် ထိတ်လန့်စရာ၊ ကြောက်စရာကောင်းနေပေမဲ့လည်း သူသည်လည်း ****...

ဒါပေမယ့် အိမ်ထောင်မပြုခင်တုန်းက တစ်ပုံစံဖြစ်ပြီး အိမ်ထောင်ပြုပြီးတဲ့နောက်မှာ နောက်တစ်မျိုး ပြောင်းလဲသွားခဲ့တဲ့ လင်းချွမ်ကို  ဆုဆု တွေးလိုက်မိတယ်။ ဒါဆို သူလည်းပဲ ရည်းစားရသွားချိန်မှာ ပိုကောင်းလာလောက်တာဖြစ်နိုင်တယ်မလား?

“ဒါမှမဟုတ် ကျွန်မ သူ့ကိုမေးပေးမယ်လေ.. စိတ်မပူပါနဲ့...”

“မရီး ကျွန်တော် စိတ်ပူတယ်.. “

“…”

ဆုဆု ဆွံ့အသွားရတယ်။ သူ ရုတ်တရက် ဘာလို့ စိတ်ပူနေရတာလဲ။

လင်းချွမ် ရုတ်တရက် ချန်ယွဲ့ကျင်းကို တစ်ချက်ရိုက်လိုက်တယ်။

“မင်းရဲ့မရီးက ကတိပေးထားပြီးပြီလေ”

ချန်ယွဲ့ကျင်း ချက်ချင်းဆိုသလို သူ့ရဲ့စကားလုံးတွေကို ပြင်ဆင်လိုက်တယ်။

“ ဒါက အလျင်စလိုတော့ မဖြစ်လောက်ပါဘူးနော်”

“...”

ဆုဆု ဘာပြောရမလဲဆိုတာကိုတောင် မသိတော့ဘူး။ ဒီလူနှစ်ယောက်က ရယ်စရာကောင်းလွန်းပေမဲ့ သူမအနေနဲ့ ရယ်ရမလား နှစ်သိမ့်ပေးရမလား မသိတော့ဘူး။

ထိုအခိုက်မှာဘဲ လင်းချွမ်က သူမကို ရှင်းပြလာတယ်။

“ ဇနီးလေး.. ဒီချန်ယွဲ့ကျင်းက ကိုယ့်ထက် တစ်နှစ်ပိုကြီးတယ်.. သူသာ ဇနီးတစ်ယောက်မလိုချင်ဘူးလို့ပြောရင် လိမ်ညာနေတာပဲ..

သူက ဇနီးတစ်ယောက်ကို နေ့တိုင်းလက်ထပ်ချင်နေတာ.. သူ အိမ်ကိုပြန်ရောက်တာနှင့် တစ်ယောက်ယောက်နှင့် ဘလိုင်းဒိတ် ချိန်းတွေ့ရတတ်တယ်.. ဒါပေမယ့် တစ်ယောက်ကိုမှ သဘောမကျခဲ့ဘူး..

အခုမှ သူ သဘောကျတဲ့ တစ်စုံတစ်ယောက်ကို ပထမဆုံးတွေ့ဖူးတာပဲ.. ဒါကြောင့် မင်းမှာသာ အချိန်ရှိရင် သူတို့တွေအဆင်ပြေနိုင်မလားမေးပေးလိုက်ပါဦး”

ဆုဆုနှင့် ပိုင်လင်းလင်းက သူငယ်ချင်းကောင်းတွေဖြစ်သွားကြပြီဖြစ်ပြီး သူမရဲ့စကားတွေထဲကနေ သူမက အကောင်းဆုံးဆိုတဲ့အစားအသောက်တွေကိုစားလေ့ရှိကြောင်းကို သိရှိခဲ့တယ်။

ဒီခေတ်ကာလမှာ အကောင်းဆုံးတွေကို သုံးစွဲနိုင်တာက သူမရဲ့ မိသားစုက ကောင်းမွန်ပြီး သူမကို အကောင်းဆုံးဆက်ဆံပေးလို့ ဆိုတာသိရှိနိုင်တယ်။

သူမရဲ့အိမ်က သူမကို အလွန်မျက်နှာသာပေးတာဖြစ်နိုင်တယ်။ မဟုတ်ရင် သူမက X မြို့တော်သို့ပြန်လာဖို့အတွက် လျောက်ထားခဲ့မှာမဟုတ်ဘူး။

ချန်ယွဲ့ကျင်းအတွက်ကတော့ လင်းချွမ်နှင့် အဆင့်အတန်းချင်းတူညီတယ်လို့ ဆိုနိုင်ပြီး အထက်တန်းအထိပညာမသင်ကြားခဲ့ရသလို ကိုယ်ပိုင်,ပိုင်ဆိုင်မှုတွေလည်း မရှိဘူး။

ကောင်းပြီ။ တကယ်တမ်းပြောရရင် သူတို့နှစ်ယောက်က ဝင်ငွေနှစ်ထပ်ရသူတွေဖြစ်ပြီး နယ်ပယ်တွေအရလည်း အတော်လေးကို လိုက်ဖက်တဲ့သူတွေပဲ။

ဆုဆုဆီမှ ခေါင်းညိတ်သဘောတူညီမှုကိုရရှိပြီးနောက် ချန်ယွဲ့ကျင်းတစ်ယောက် ယုံကြည်မှုအပြည့်နဲ့ ပြန်သွားခဲ့တယ်။ ဆုဆုကတော့ ပိုင်လင်းလင်းကို ဘယ်လိုပြောရမလဲဆိုတာ စဉ်းစားနေတုန်းပဲ။

ပထမဆုံးအနေနဲ့ သူမမှာ ရည်းစားရှိလားဆိုတာကို အရင်မေးရမယ်။

တစ်ဖက်မှာတော့ ပိုင်လင်းလင်းက သူ့မရဲ့မိသားစုက မကြာသေးမီက သူမအတွက် ဘလိုင်းဒိတ်ချိန်းတွေ့ဖို့ စီစဥ်ပေးနေခဲ့ပေမယ့် သူမက မသွားချင်ခဲ့တာကြောင့် ဆေးရုံမှာ ပုန်းနေခဲ့ပြီး အိမ်ကိုပြန်ချင်စိတ် မရှိခဲ့ဘူး။

ဒါပေမယ့် ဒီနေ့မှာတော့ ရှောင်လွှဲလို့မရနိုင်ခဲ့ပဲ သွားခဲ့ရပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တယ်။

ပိုင်လင်းလင်း ရောက်လာတာကို မြင်တော့ လင်းချွမ်က ချက်ချင်းပဲ ပြောလာတယ်။

“ကိုယ် စီးကရက်သောက်ဖို့ အပြင်ကို ခဏသွားလိုက်ဦးမယ်”

သူက သူတို့တွေ စကားပြောဖို့ နေရာအတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခု စီစဥ်ပေးခဲ့တာပဲ။

All Chapters