အခန်း (၁၁၈)
Vol. 12 Ch. 118
ဆုဆု ဟိုဟိုဒီဒီလျှောက်ရင်းနှင့် ခုတင်ပေါ်မှာ ထိုင်လိုက်တယ်။
“နင် ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ”
“မပြောစမ်းနဲ့.. ငါ ငါ့မိဘတွေရဲ့တောင်းဆိုချက်အရ ဘလိုင်းဒိတ်အတွက် သွားခဲ့ရတယ်လေ.. အဲဒီလူက မိန်းကလေးတွေကို ချော့မော့တတ်ပေမဲ့ အမှိုက်ကောင်အမျိုးအစားပဲ..
ပထမဆုံးတွေ့တဲ့အချိန်မှာ သူက ငါ့အတွက် အဝတ်အစားတွေ ဝယ်ပေးခဲ့တယ်.. ညစာစားဖို့ ဖိတ်ခေါ်ခဲ့ပြီး ရုပ်ရှင်သွားကြည့်ခဲ့တယ်.. ပြီးတော့ ရုပ်ရှင်ကြည့်နေတုန်းမှာ သူက ငါ့လက်ကို တိတ်တိတ်လေး လာကိုင်တယ်လေ”
“ဘာလဲ?”
ဒီလိုမျိုး ခေတ်ကာလမှာ အခုလိုမျိုး ဆက်ဆံတာက ကရော်ကမည်နိုင်လွန်းပြီး တကယ့်အမှိုက်ကောင်လို့သတ်မှတ်နိုင်တယ်။
“ဒါကြောင့် ငါ သူ့ကို စွန်ပစ်ပြီး ပြန်ပြေးလာခဲ့တာ”
ပိုင်လင်းလင်း စိတ်ပျက်လက်ပျက်နဲ့ပြောလာတယ်။
“ငါ ငါ့ရဲ့လက်ကို သုံးခါတောင်ဆေးခဲ့တယ်”
“ဒါဆို နင်က ဖြူစင်တဲ့ဆက်ဆံရေးကိုပဲသဘောကျတာလား”
“မဟုတ်ဘူး.. ငါကဒီလိုယောက်ျားမျိုးကို မကြိုက်ရုံပဲ.. မိန်းကလေးတွေနဲ့တွေ့တဲ့အချိန်မှာပဲ လက်ကိုလာဆွဲတယ်.. သူ ဘယ်နှစ်ယောက်လောက်တောင် အခုလို လုပ်ခဲ့ပြီလဲမသိဘူး”
ပိုင်လင်းလင်းက အတော်လေး ရှေ့ရိုးစွဲဆန်တဲ့အထဲမှာပါတာပဲ။
ဆုဆု ရယ်မောလိုက်ပြီးပြောခဲ့တယ်။
“နင်က နည်းနည်းလောက် သီးသန့်နေတတ်လေ့ရှိတဲ့ ယောက်ျားလေးတွေ ကြိုက်ပုံရတယ် ..
ချန်ယွဲ့ကျင်းဆိုရင်ရော ဘယ်လိုလဲ.. သူက လုံလုံလောက်လောက်သီးသန့်ဆန်မှုရှိရဲ့လား.. ငါ နင့်ကို ပြောမယ်.. သူတို့ရဲ့ စစ်တပ်မှာ ဒီလို ရှေးရိုးဆန်တဲ့ ရိုးရာမျိုးရှိတယ် ..
ငါ့ရဲ့အမျိုးသား ဆေးရုံတက်နေရတဲ့အချိန်တုန်းက နင် မတွေ့ခဲ့လို့ .. သူက သူနာပြုဆရာမတွေကို သူ့ရဲ့အဝတ်အစားကိုတောင် ထိကိုင်ခွင့်မပေးခဲ့ဘူးနော်”
“တကယ်လား? ငါက သူတစ်ယောက်တည်းပဲလို့ ထင်ထားခဲ့တာ.. ဒါပေမယ့် သူကတော့ အရမ်းရှေးရိုးစွဲလွန်းတယ်နော်”
ပိုင်လင်းလင်းက မျက်လုံးလှန်ပြီး ပြောလာတယ်။
ဆုဆု ခဏလောက်စဉ်းစားပြီးပြောလိုက်တယ်။
“တကယ်တော့ ဒီရက်အနည်းငယ်အတွင်း ငါ နင့်ကိုပြောပြချင်နေတာတစ်ခုရှိတယ်.. ဒါပေမယ့် ငါမပြောရသေးဘူး.. ဒီတစ်ခုကို ငါ နင့်ကို ပြောသင့်ရဲ့လားဆိုတာ စဥ်းစားနေခဲ့တာ”
“ဘာပြောမလို့လဲ?”
ပိုင်လင်းလင်းက ဆုဆုနဲ့ စကားစမြည်ပြောရခြင်းကို အလွန်နှစ်သက်ပြီး သူတို့နှစ်ယောက်က တစ်ယောက်ပြောလိုတဲ့စကားကိုတစ်ယောက် အပြန်အလှန်နားလည်နိုင်ပြီးကောင်းမွန်စွာ စကားပြောနိုင်တယ်။
ဥပမာ- ဆေးပညာဗဟုသုတလိုမျိုး၊ အသာ့အရေကို ဂရုစိုက်စောင့်ရှောက်မှုလိုမျိုး။ တခြားသူတွေက နားမလည်ပေမယ့် သူမရဲ့အရှေ့မှ မိန်းကလေးကတော့ နားလည်နိုင်တယ်။
“ရဲဘော်ချန်ယွဲ့ကျင်းက နင်နှင့် အတူရှိနေချင်တယ်.. အဲဒါ နင်သဘောတူလားလို့ မေးချင်နေတာ”
“ဘာလဲ?”
ပိုင်လင်းလင်းက အပ်မှထွက်လာတဲ့ ဆေးရည်တွေလို ခုန်ထလိုက်မိမလိုဖြစ်သွားရပြီး သူမရဲ့မျက်နှာက နီမြန်းလာခဲ့တယ်။
“သူ.. သူဘယ်လိုလုပ်ပြီး ဒါကို တွေးမိတာလဲ”
“ ငါလည်းမသိဘူး.. ဘာပဲဖြစ်ဖြစ် ငါ့ရဲ့အမျိုးသား ပြောတဲ့အတိုင်းဆိုရင် ချန်ယွဲ့ကျင်းက ဘယ်မိန်းကလေးတစ်ယောက်ကိုမှ မမြင်ခဲ့ဘူးတဲ့.. နင်နင်က သူ့အတွက် ပထမဆုံးလို့ပြောခဲ့တယ်.. ဒါကြောင့် ငါ နင့်ကိုပြောပြတာ..
နင်သိပါတယ်.. စစ်တပ်ထဲကလူတွေက တစ်ယောက်ဆို တစ်ယောက်ပဲ.. နောက်တစ်ယောက်ဆိုတာမရှိလာဘူး.. ဒါကြောင့် ငါ အတော်ကြာအောင်တွေးပြီးမှ နင့်ကို ပြောခဲ့တာ.. ဒါပေမယ့် သူ့ကိုရွေးမရွေးက နင့်ရဲ့ အတွေးအပေါ်မှာပဲ မူတည်ပါတယ်”
“ငါက သူ့ကို လူနာတစ်ယောက်အနေနဲ့ပဲ ဆက်ဆံခဲ့တာ”
ပိုင်လင်းလင်းအနေနဲ့ သူ့မိသားစုရဲ့ ဖိအားပေးမှုကြောင့် မျက်မမြင်ချိန်းတွေ့ခဲ့ရတယ်ဆိုပေမဲ့ ဒီတစ်ကြိမ်ကတော့ မတူဘူး။
“ဒါပေမယ့် ခုနတုန်းက နင်ပြောတဲ့အတိုင်းဆိုရင် အဲဒီလူပွေလူရှုပ်ကောင်နဲ့ ယှဉ်ရင် ချန်ယွဲ့ကျင်းက နင်နဲ့ ပိုသင့်တော်ပုံရတယ်.. သူက ရုပ်ဆိုးတယ်ဆိုပေမဲ့.. မဟုတ်ဘူး.. ရုပ်ဆိုးတာမဟုတ်ဘူး.. သူ့ရဲ့မျက်နှာအသွင်အပြင်က တော်တော်လေး ကောင်းပါတယ်..
မျိုးရိုးဗီဇအမြင်ဘက်က ကြည့်ရင် အနာဂတ်မှာ ကလေးက သူနဲ့တူတယ်ဆိုရင်တောင် ကောင်းမွန်နေဦးမှာပဲ.. သူ့ရဲ့ မျက်နှာပေါ်က အမာရွတ်က နည်းနည်းရုပ်ဆိုးနေတယ်ဆိုပေမယ့် အဲဒါက သူ့ရဲ့တာဝန်ချိန်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့်ပဲ..
သူ့ရဲ့ နဂိုမူရင်းအတိုင်းဆိုရင် တော်တော်လေး ရုပ်ရည်ကောင်းတဲ့အထဲမှာပါတယ်..
ဒါပေမယ့် ဟားဟား... တကယ်လို့ နင်သာ လက်ထပ်ပြီးရင် နင် သေချာပေါက် သူ့ကိုကြောက်စရာကောင်းတယ်လို့ မြင်တော့မှာမဟုတ်ဘူး.. ငါဘာလို့ သိလဲဆိုတာကို မမေးနဲ့တော့.. ဘာပဲဖြစ်ဖြစ် လက်ထပ်ပြီးသွားခဲ့ရင် နားလည်လာနိုင်လိမ့်မယ်”
ဥပမာအားဖြင့် သူမရဲ့မိသားစုထဲမှတစ်ယောက်ကလည်း သူတို့ ပထမဆုံးစတွေ့တုန်းက အလွန်အမင်းလေးနက်ပြီး ကြောက်စရာကောင်းခဲ့ပေမယ့် ချစ်မိသွားတဲ့အချိန်မှာတော့ သိုးလေးတစ်ကောင်လို နူးညံ့သိမ်မွေ့သွားခဲ့တယ်လေ။
ဒါပေမယ့် လက်ထပ်ပြီးတဲ့အချိန်မှာတော့ သူက ချက်ချင်းဆိုသလို ဆိုးရွားတဲ့ဝံပုလွေတစ်ကောင်ဖြစ်လာခဲ့တယ်။
အဟွတ်.. ဒီအကြောင်းအရာနဲ့ ပတ်သက်တာကိုတော့ ပိုင်လင်းလင်းကို ပြောပြလို့မရသေးဘူး။ နည်းနည်းလောက် စောနေသေးတယ်။
ပိုင်လင်းလင်း ခဏလောက် ရပ်တန့်နေခဲ့ပြီး ခဏလောက်နေတော့ မေးလာတယ်။
“ငါ .. ငါ ငါ့ရဲ့မိဘတွေနဲ့ ဆွေးနွေးကြည့်လိုက်မယ်”
“ကောင်းပြီ .. နင် အိမ်ပြန်ရောက်ရင် ဆွေးနွေးလိုက်လေ”
သေချာတာပေါ့။ သူမ ဒီအကြောင်းကို မိဘတွေနဲ့ ဆွေးနွေးသင့်တယ်။ တကယ်လို့ သူမသာဆိုရင်လည်း သူမရဲ့မိဘတွေသာ ရှိနေခဲ့ရင် ဆွေးနွေးခဲ့မှာပဲ။ ဒါပေမယ့် ကံမကောင်းတာက သူတို့က တခြားကမ္ဘာမှာကျန်ရစ်နေခဲ့တယ်။
ပိုင်လင်းလင်း ဆုဆုရဲ့အခန်းထဲမှ ပြန်ထွက်လာခဲ့ပြီး ချန်ယွဲ့ကျင်းရဲ့ လူန်ခန်းရှေ့ကို ဖြတ်သွားရတဲ့အချိန်မှ် တစ်ဖက်လူက အပြင်ဘက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။
သူမ ရောက်လာတာကိုမြင်တော့ သူချက်ချင်း ပြန်လှည့်လာပြီး မေးလာတယ်။
“ရဲဘော်ပိုင်လင်းလင်း.. မင်း ဒီနေ့ အလုပ်ကို မလာဘဲ ဘယ်ကိုသွားနေတာလဲ”
ကြည့်လိုက်! သူက အကျဉ်းသားတစ်ယောက် စစ်မေးဖို့ကြိုးစားနေသလိုပဲ။
မကြာခင်ကမှ စိတ်လှုတ်ရှားနေတဲ့ ပိုင်လင်းလင်းတစ်ယောက် ကောင်းကင်ကို ရောက်တဲ့အထိသာ မျက်လုံးလှန်လိုက်မိတယ်။
“ကျွန်မ ဒီနေ့ ခွင့်ယူထားတယ်”
“အိမ်မှာ ကိစ္စတစ်ခုခုရှိလို့လား ..အိုး ကိုယ်က ဒီအတိုင်းမေးတာပါ .. ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့အလုပ်ပဲလေ.. ဘယ်လိုလုပ်ပြီး ခွင့်ယူထားတာလဲ”
ချန်ယွဲ့ကျင်း အနေရခက်စွာနဲ့ ပြောလိုက်တယ်။
နားထောင်လိုက်။ ဒီစကားတွေက သူမကို လိုက်ချင်နေတဲ့ လူတစ်ယောက်ဆီကနေ ပြောရမဲ့ စကားလား? သူက ရှင်းရှင်းလင်းလင်းကို အရိုက်ခံချင်နေတာပဲ ဟုတ်ပြီလား။
တကယ်လို့ ပိုင်လင်းလင်းသာ ဆုဆု ပြောတဲ့စကားတွေကို နားမထောင်ခဲ့ရင် သူနဲ့ တကယ်ကို ရန်ဖြစ်မိလိမ့်မယ်။ အခု သူမ နားထောင်ထားခဲ့မိတာတောင် သူနဲ့ ရန်ဖြစ်ချင်နေတုန်းပဲ။
“ကျွန်မ ဘလိုင်းဒိတ်သွားနေတာ”
ကောင်းပြီ။ သူမ စဉ်းစားပြီးနောက် အမှန်အတိုင်းပြောတာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်။။
ထို့နောက်မှာတော့ သူမရဲ့ အရှေ့မှလူက ခဏလောက် အေးခဲသွားတာကို သိသာထင်ရှားစွာ တွေ့လိုက်ရပြီး အနည်းငယ် စိတ်လွတ်သွားသလိုပြောလာတယ်။
“အိုး.. ဘလိုင်းဒိတ်သွားခဲ့တာလား.. ဘလိုင်းဒိတ်ကိုး”
ထို့နောက် သူ့ရဲ့ချိုင်းထောက်ကိုဆုတ်ကိုင်ကာ သူ့ရဲ့ ဆေးရုံခန်းထဲသို့ လျှောက်သွားခဲ့ပေမဲ့လည်း သူ့ရဲ့လက်ကတော့ တင်းကျပ်နေအောင် ဆုတ်ကိုင်ထားတုန်းပဲ။
ပိုင်လင်းလင်း မျက်ခုံးပင့်လိုက်တယ်။
ရှင်မေးလို့ ပြန်ဖြေပေးတာပဲလေ။ အခုတော့ အရိုက်ခံလိုက်ရပြီလား?
“ရှင့်မှာ မေးစရာတစ်ခုခုရှိသေးလား”
“မရှိတော့ဘူး”
ချန်ယွဲ့ကျင်းက စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်မှာ လဲလျောင်းလိုက်မိတယ်။ နောက်ဆုံးမှာ သူ သဘောကျတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ရပေမဲ့ သူမက ဘလိုင်းဒိတ်ချိန်းတွေ့နေခဲ့ပြီ။
သူမလို ကောင်းမွန်တဲ့မိန်းကလေးမျိုးကိုတွေ့လိုက်ရရင် တစ်ဖက်မှယောက်ျားက သူမကို လက်မလွှတ်နိုင်တာကြောင့် ဆွဲဆောင်တော့မှာဖြစ်ပြီး မကြာခင်မှာဘဲ သူမ လက်ထပ်သွားလိမ့်မယ်။
သူ အိပ်ယာပေါ်နေ ပြန်ထပြီးခုတင်ကို လက်သီးနဲ့ အသာထိုးလိုက်တယ်။ သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့တယ်။ တကယ်ကို စိတ်မချမ်းသာတော့ဘူး။
“ရဲဘော်ချန် .. ရှင်.. အိပ်ရာကို ဘာလို့ လက်သီးနဲ့ထိုးနေတာလဲ”
ပိုင်လင်းလင်း အကျင့်အရ လူနာကို ထိုကဲ့သို့ မလုပ်ဖို့ အလျင်စလို တားလိုက်မိတယ်။
ချန်ယွဲ့ကျင်းက သူမ တံခါးအပြင်ဘက်မှာ ရှိနေသေးပြီး သူမ နားထောင်နေတာကို မသိလိုက်ဘူး။
ပိုင်လင်းလင်း ဝင်ပြောလိုက်ပြီးမှ အနည်းငယ်ရှက်သွားခဲ့တယ်။ ဒီ ချန်ယွဲ့ကျင်းက သူမကို ကြိုက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလိုဆိုမှတော့ သူမရဲ့မိဘတွေနဲ့ ဘာလို့ မဆွေးနွေးရမှာလဲ။
အမျိုးသားနှင့် အမျိုးသမီးရဲ့ကြားထဲမှ ချစ်ခြင်းတရားတွေက တစ်ခါတစ်ရံမှာ အတော်လေးရိုးရှင်းတယ်။ မျက်နှာပြင်ကို ထိုးဖောက်ခြင်းမရှိဘဲ ဖြတ်သန်းသွားနိုင်တယ်။
ဒါပေမယ့် ကိစ္စအနည်းငယ်လောက်နှင့်လည်း နောက်ထပ်အဖြေတစ်မျိုးသို့ ပြောင်းလဲသွားနိုင်တယ်။
ဥပမာအားဖြင့် ချန်ယွဲ့ကျင်း။ သူကလင်းချွမ်နှင့်အတူ မစ်ရှင်မှာအတူ လိုက်ခဲ့ပြီး အလွန်ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေကို ခံစားခဲ့ရတယ်။ သူ့ရဲ့မျက်နှာက အမှန်တကယ် ပျက်စီးသွားခဲ့ပြီး သူ့ရဲ့ခြေထောက်တွေကလည်း ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်ခဲ့တော့ဘူး။
နောက်ပိုင်းမှာ စစ်တပ်မှ အနားယူပြီး ပြည်နယ်အတွင်း အလုပ်လုပ်ခဲ့ပေမဲ့ သူရဲ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကြောင့် အိမ်ထောင်မပြုခဲ့တော့ဘူး။
ပိုင်လင်းလင်းကတော့ သူမရဲ့အိမ်က စီစဥ်ပေးခဲ့တဲ့ အိမ်မှာအလုပ်လုပ်တဲ့ အမျိုးသားတစ်ယောက်ကို လက်ထပ်လိုက်ပေမယ့် တစ်ဖက်လူက အိမ်ထောင်ကျပြီးတဲ့ နောက်မှာ အငယ်အနှောင်းတစ်ယောက်ထားခဲ့ပြီး သူတို့တွေလမ်းခွဲလိုက်ကြတယ်။
နောက်ဆုံးတော့ ပိုင်လင်းလင်းသည်လည်း အထီးကျန်စွာနေခဲ့ပြီး နောက်အိမ်ထောင်မပြုခဲ့တော့ဘူး။
ဒါပေမယ့် ဆုဆုရဲ့ ရောက်ရှိလာမှုကြောင့် သူတို့တွေတစ်ယောက်နဲ့တစ်ယောက် တွေ့ခဲ့ကြတယ်။
ဒီအကြောင်းတွေကို ဆုဆု မသိခဲ့ဘူး။
သူမက အခုချိန်မှာ လင်းချွမ်နဲ့သာ ဆွေးနွေးကြည့်နေခဲ့တယ်။
“သူတို့က တကယ်ဖြစ်နိုင်မယ်လို့ထင်တယ်”
“ဟမ်?”
လင်းချွမ်ကတော့ သူတို့နှစ်ယောက်က သိပ်ပြီး မထိုက်တန်လှကြောင်း ခံစားခဲ့ရပေမဲ့လည်း သူသည်လည်း ဒီလောက်ထိလှပတဲ့ ဇနီးသည်တစ်ယောက်ကို လက်ထပ်နိုင်ခဲ့ပြီဖြစ်လို့ တစ်ခုခုဝင်ပြောဖို့ ခက်ခဲနေခဲ့တယ်။
“ပိုင်လင်းလင်းက ရှေးရိုးစွဲတဲ့ အမျိုးသားတွေကို ကြိုက်တယ်”
ဆုဆုအနေနဲ့ ပိုင်လင်းလင်းက သူမနှင့် စိတ်ခံစားချက်တွေ ဆင်တူတယ်လို့ ထင်မိတယ်။ သူတို့နှစ်ယောက် စကားအတူပြောလို့ရတယ်လေ။
“ဒါဆို မင်္ဂလာအရက် သောက်နိုင်လောက်မယ်ထင်တယ်”
လင်းချွမ်တစ်ယောက် စခန်းအတွင်းမှ ပထမဆုံးသော အဓိကပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ပျော်ရွှင်ခဲ့တယ်။
နောက်ပြီး သူ့ရဲ့ဇနီးသည်ကလည်း ဆေးရုံမှ ဆင်းလာနိုင်ခဲ့ခဲ့ပြီ။ သူတို့တွေ စည်းမျဥ်းစည်းကမ်းတွေကို ဖြတ်ကျော်ပြီးနောက် စစ်တပ်မှ ဆုဆုကို ပြန်ကြိုလာခဲ့တဲ့ ကားပေါ်သို့ တက်ခဲ့ကြပြီး ဆုဆုအတွက် ပေးအပ်ခဲ့တဲ့ ဂုဏ်ပြု အမှတ်တံဆိပ်လည်း လက်ခံခဲ့ကြတယ်။