← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

ဆုဆုက အခုချိန်မှာ အလုပ်လုပ်ရတာကို အတော်လေး ပင်ပန်းလာခဲ့တယ်။ သူမရဲ့ ဗိုက်ကလည်း အတော်ကြီးလာနေပြီဖြစ်ကာ ရာသီဥတုကလည်း ပိုပိုပြီးပူလာပြီ။ ကံကောင်းထောက်မစွာနှင့် သူမ အလုပ်သွားရတဲ့လမ်းက မဝေးလှဘူး။ သူမက နေရောင်ကို အမှန်တကယ်ကြောက်တာကြောင့် ဆောင်းဖို့အတွက် ထီးတစ်ချောင်းဝယ်လိုက်တယ်။

ထို့နောက်မှာတော့ အတန်းဖော်တွေက သူမကို  ဇာချဲ့လွန်းတယ်လို့ ပြောလာကြတယ်။ သူမက လမ်းလျှောက်တဲ့အချိန်မှာတောင် ထီးကိုကိုင်ထားတတ်ပြီး အတန်းထဲမှာလည်း မတ်တပ်တောင် မရပ်သေးခင်ကတည်းက ထိုင်နေပြီလို့ ပြောခဲ့တယ်။

သူတို့တွေက တိတ်တဆိတ် ပြောရုံနဲ့တင် မလုံလောက်ဘဲ ကျောင်းအုပ်ကြီးကွမ်းဆီကို တိုင်ကြားသတင်းပို့ခဲ့ကြတယ်။

ကျောင်းအုပ်ကြီးကွမ်းက ဆုဆုကို  အလွန်အမင်း အကာအကွယ် ပေးနေဆဲဖြစ်တာကြောင့် သူက ဖြေရှင်းပေးတာမျိုးမလုပ်ခဲ့ဘူး။ အဆုံးမှာ သူ့ဘာသာသူ ဇာချဲ့တယ်ဆိုတာမျိုးက သူတို့အလုပ်မဟုတ်ဘူးလေ။

ဒါပေမယ့် ကျောင်းသားတချို့က အတော်လေး ပြသနာရှာခဲ့ကြပြီး  ဒီကိစ္စကို ပညာရေး ဗျူရိုအထိ သယ်ဆောင်သွားပြီး တိုင်ကြားခဲ့ကြ တယ်။ ဒါကြောင့် တစ်ဖက်မှ စုံစမ်းဖို့ ရောက်လာခဲ့တော့တယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုတာက  အထူးဖွဲ့စည်းထားတာဖြစ်ပြီး ရောက်လာတဲ့သူတွေက လေးငါးဦးခန့်ရှိတယ်။

တစ်ဖက်မှ လူတွေက ဆုဆုတစ်ယောက် ထိတ်လန့်နေမဲ့ပုံကိုတွေးတောရင်း တိတ်တဆိတ် ရယ်မောနေခဲ့ကြတယ်။

သူမ လုံးဝမစိုးရိမ်နေခဲ့ဘူးဆိုတာကို သူတို့ ဘယ်လိုလုပ်သိနိုင်ခဲ့မှာလဲ။ ပညာရေးဗျူရိုမှ တစ်စုံတစ်ဦးက လာရောက်စစ်ဆေးစုံစမ်းတယ်ဆိုတဲ့စကားကိုကြားတော့  ဆုဆုက ခေါင်းညိတ်လိုက်ပြီး ဆရာရုံးခန်းသို့ တိုက်ရိုက် လျှောက်သွားခဲ့လေတယ်။

သူမက လမ်းလျှောက်နေရင်းနဲ့ လက်ကိုင်ပုဝါနဲ့ လေယပ်ခတ်နေခဲ့ကာ ထီးကို ဘေးတစ်ဖက်ကိုဖယ်ရင်း အထဲကို ဝင်သွားခဲ့တယ်။

တကယ်တမ်းမှာ သူမက ဆရာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းကို အလွန်အမင်း ဇွဲကြီးဖို့ မတွေးထားဘဲ နှုတ်ထွက်လိုက်တာက ပိုကောင်းမယ်လို့တောင် တွေးနေခဲ့တယ်။ ဒီလိုဆိုရင် သူမရဲ့ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းတစ်ခုစဖို့အတွက်ကို အာရုံစိုက်နိုင်လိမ့်မယ်။

ဒါကြောင့် ကျောင်းအုပ်ကြီးရုံးခန်းထဲမှ ပညာရေးဗျူရိုမှ လူငါးယောက်ကိုတွေ့တော့ ထိတ်လန့်ခြင်းမရှိပါဘဲ နှုတ်ဆက်လိုက်တယ်။

“ဟဲလို ကျောင်းသားတစ်ယောက်က ရှင်တို့တွေ  ကျွန်မကို စုံစမ်းစစ်ဆေးဖို့ လာတယ်လို့ပြောခဲ့တယ်..  ဘာကိုစုံစမ်းချင်တာများလဲ”

ကျောင်းအုပ်ကြီးကွမ်းက ဆုဆုကိုပြောလာတယ်။

“မစ္စဆု.. ငါ သူတို့ကိုရှင်းပြပြီးပြီ..  မင်းက အခု ကိုယ်ဝန်ရှိနေတုန်းပဲ ဖြစ်လို့ သွားရလာရခက်ခဲတယ်.. ဒါကြောင့် အတန်းထဲမှာ အချိန်ကြာကြာမရပ်နိုင်တဲ့အတွက် ထိုင်ပြီးစာသင်ခဲ့တာ.. နောက်ပြီး ဒါကြောင့်ပဲ စာသင်ခန်းထဲကို ထီးကိုင်ပြီး လာခဲ့တာဆိုတဲ့အကြောင်း ငါ ပြောထားတယ်.. မင်း ထိတ်လန့်နေစရာ မလိုဘူး”

ပညာရေးဗျူရိုမှ ရဲဘော်တွေသည်လည်း သူတို့ စုံစမ်းထောက်လှမ်းရမဲ့သူက အခုလို သေးကွေးပြီးငယ်ရွယ်တဲ့  မိန်းကလေးတစ်ယောက်ဖြစ်နေတာကို မြင်တော့ ဒါကပုံမှန်ပဲလို့ခံစားလိုက်ရတယ်။ ကြမ်းတမ်းတဲ့ ယောက်ျားလေးတွေနဲ့တော့ နှိုင်းယှဉ်လို့ မရနိုင်ဘူးလေ။

ဒါပေမယ့် ဆုဆုက မပျော်မရွှင်ဖြစ်နေခဲ့လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားမိခဲ့ကြဘူး။ သူမက မျက်မှောင်ကုတ်ရင်း ပြောလာခဲ့တယ်

“လူတိုင်းက ကျွန်မအပေါ် သည်းခံနေကြရတယ်ဆိုတာကို သိပေမယ့် ဘယ်ကျောင်းသားကများ သူတို့ရဲ့ဆရာမကို ဒီလိုမျိုး ရက်စက်တဲ့နည်းလမ်းကို သုံးလာတာလဲဆိုတာ ကျွန်မ မသိတော့ဘူး..

အခု ကျွန်မရဲ့ ကိုယ်ဝန်က လနည်းနည်းရင့်လာပြီဖြစ်လို့ မကြာခဏကြွက်တက်တတ်လာတယ်.. ကျွန်မမှာ ထိုင်ပြီးသင်ရုံအပြင်ရွေးချယ်စရာမရှိဘူး..  အချိန်အကြာကြီး ရပ်နေရရင် အိမ်သာသွားချင်တာတွေ ကြွက်တက်တာမျိုးတွေလည်း ခံစားရတတ်တယ်..

ဒါပေမဲ့ ကျွန်မ စာသင်တာကို မနှောင့်နှေးချင်တဲ့အတွက် ထိုင်ပြီးသင်ခဲ့တယ်..

နောက်ပြီး ကျွန်မ ထီးဆောင်းပြီးလာခဲ့တယ်..  အခုလို ရာသီဥတုက အရမ်းပူနေတဲ့အချိန်မှာ ကိုယ်ဝန်သည်တစ်ယောက်အနေနဲ့ ကျွန်မ နေပူထဲမှာမနေနိုင်ဘူး..

နေရောင်အောက်မှာ အချိန်အတော်ကြာအောင်နေခဲ့ရရင် ခေါင်းတွေမူးဝေလာလိမ့်မယ်.. ကျွန်မ ဖျားနာသွားလို့ဆိုပြီး အတန်းကို လွတ်မသွားစေချင်ခဲ့ဘူး.. ကျောင်းကိုလည်း ဒုက္ခမဖြစ်စေချင်တဲ့အတွက် ထီးဆောင်းပြီးလာခဲ့တယ်..

ဒါပေမယ့် ကျွန်မက အတန်းတွေ မနှောင့်နှေးစေသလို ကျောင်းအတွက်လည်း အရှက်ရစရာ တစ်ခုခု မလုပ်ခဲ့မိဘူးလို့ထင်တာပဲ.. ကျွန်မ ဘာမှားသွားလဲဆိုတာ တကယ်ကို နားမလည်ဘူး”

ကျောင်းအုပ်ကြီးကွမ်းတစ်ယောက် ဆရာမဆုက အလွန်သနားတယ်လို့ ခံစားမိတဲ့အတွက် ပြောလိုက်တယ်။

“တကယ်တော့ ဒါတွေသက်သက်နဲ့ မဟုတ်သေးဘူး.. တစ်စုံတစ်ယောက်က မင်း... ပိုက်ဆံပိုရှာနေတယ်လို့ ပြောခဲ့တယ်.. မင်းရဲ့ ကျောင်းအချိန်အတွင်းမှာ  တခြားနေရာကိုသွားပြီး ဘာသာပြန်ဖို့ သွားခဲ့တယ်ဆိုပြီး”

သူက ခဏလောက်ရပ်ပြီး ဆက်ပြောလာတယ်။

“ဒါတွေကို ငါ အကုန်ရှင်းပြပြီးပြီဆိုတော့ မင်း စိတ်ပူစရာ မလိုတော့ပါဘူး”

“စိတ်မပူပါဘူး.. ကျွန်မက ပင်ပန်းနေရုံပဲ..  အရင်တစ်ကြိမ်တုန်းက စကားပြန်အဖြစ် ကူညီပေးရင်းနဲ့  ကျွန်မ အသတ်ခံလိုက်ရလုနီးနီးဖြစ်သွားခဲ့တယ်.. ဒါပေမယ့် အခုလိုမျိုး တိုင်ကြားပြီး စစ်ဆေးခံလိုက်ရတယ်လေ..  ကျွန်မ.. ကျွန်မက ဒီလို နစ်နာမှုတွေ ခံခဲ့ရတယ်.. ဒါကိုတောင် အခုလိုပုံစံမျိုး အဆက်ဆံခံရမယ်ဆိုမှတော့ ကျွန်မလည်း  ဆရာတစ်ယောက် ဆက်မလုပ်နိုင်တော့ဘူး”

သူမ  အလွန်နစ်နာစွာခံစားရကြောင်း လေးလေးနက်နက်ပြောလာတာကိုမြင်တော့ ပညာရေးဗျူရိုမှ လူတွေကက သူမအား စိတ်အေးအေးထားရန် အကြံပေးလာခဲ့ကြတယ်။

အဆုံးမှာ သူမက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ ကောင်းမွန်တဲ့သဘောထားအချို့ကို ပြသချင်ခဲ့ပေမယ့် သူမက ငိုကြွေးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါက ပိုလို့တောင်ခက်ခဲသွားပြီ။

ဒါ့အပြင် ကျောင်းအုပ်ကြီးကလည်း သူမ မလာခင်ကတည်းက ဒါတွေကို ရှင်းပြပေးခဲ့ပြီးပြီ။ သူတို့တွေ ဆရာမဆုကို အပြစ်မတင်ဘူး။ သူမက  အမှန်တကယ်ကို မှားယွင်းခံခဲ့ရတာပဲ။

ဆုဆုအနေနဲ့ ဒီနေ့မှာ ကျောင်းအုပ်ကြီးကွမ်းရဲ့ ကျေးဇူးကြောင့် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့တာဖြစ်ကြောင်းကို သိထားခဲ့တယ်။

သို့ပေမယ့် ဒီလိုဆိုးရွားတဲ့ ကောလဟာလတွေက ပညာရေးဗျူရိုသို့အထိ တိုက်ရိုက်တိုင်ကြားခံရတယ်ဆိုတဲ့အချက်ကို သူမ အရမ်း စိတ်မသက်မသာခံစားရတယ်။

ဒါကြောင့် တစ်ဖက်လူက ဘယ်သူလဲဆိုတာကို သိရဖို့ လိုအပ်တယ်။

ကျောင်းအုပ်ကြီးကွမ်းက သူမကို ဘယ်လိုလုပ်ပြီး ဆရာအဖြစ်ကနေ နှုတ်ထွက်ခွင့်ပေးနိုင့မှာလဲ။ သူမက  နောက်ဆုံးမှာမှ တူးဖော်နိုင်ခဲ့တဲ့ ထူးချွန်တဲ့ ဆရာတစ်ယောက်လေ။

ဒါအပြင် ဒီလိုစွပ်စွဲခံရမှုက အလွန်ဆိုးရွားလွန်းပြီး သူမက နုနယ်တဲ့  မိန်းကလေးတစ်ယောက်ဖြစ်နေသေးတယ်။ အခုလိုစစ်ဆေးဖို့ဆိုပြီး လူတွေအများကြီး ချက်ချင်းရောက်လာခဲ့ရင် သာမန်လူတွေအနေနဲ့ အလွန် ကြောက်လန့်သွားလိမ့်မှာပဲ။

“မဟုတ်ဘူး မစ္စဆု..  မင်း မှားယွင်းခံစားနေစရာမလိုပါဘူး..ဒီကိစ္စအတွက် ကျောင်းက မင်းကိုလျော်ကြေးပေးမယ်”

“ ဟင့်အင်း.. ကျွန်မ လျော်ကြေးမလိုချင်ဘူး.. ကျွန်မက ရှင်းရှင်းလင်းလင်းပဲ သိချင်တာ..  ဘယ်သူကများ ပညာရေးဗျူရိုက ကျွန်မကို အန္တရာယ်ပြုလာအောင် တိုင်ကြားခဲ့လောက်တဲ့အထိ မနှစ်မြို့နိုင်ဖြစ်နေရတာလဲ ကျွန်မသိချင်တယ်”

ပညာရေးဗျူရိုမှ ရဲဘော်တစ်ယောက်က ပြောလာတယ်။

“ငါတို့တွေ အခုလေးတင်ပဲ တိုင်ကြားလွှာကိုရခဲ့တာ.. ဒီကို မလာခင်တုန်းက မင်းဆီမှာ ကိုယ်ဝန်ရှိမှန်း မသိခဲ့ဘူး..  ကျောင်းအုပ်ကြီးကွမ်းဆီက မင်းရဲ့အကြောင်းတွေကို ငါတို့ ကြားခဲ့ရလို့ မင်းကိုမခေါ်ဘဲ ပြန်ဖို့ လုပ်နေခဲ့ကြတာ.. ဒါပေမယ့် မင်းကို ဘယ်သူ အသိပေးပြီးခေါ်လိုက်တာလဲဆိုတာတော့ ငါတို့မသိဘူး”

ဆုဆု ထိုစကားတွေထဲမှ နားမလည်နိုင်တဲ့စကားမျိုး ပါမနေခဲ့ဘူး။  ပညာရေး ဗျူရိုမှ ရဲဘော်တွေက အခြေအနေတွေအကြောင်းကို သိရှိပြီးတဲ့နောက်မှာ သူမကို ခေါ်ပြီး စကားပြောဖို့ မလုပ်တော့ဘဲ ပြန်လည်ထွက်ခွာသွားချင်ခဲ့ကြတယ်။ သို့ပေမယ့် တစ်စုံတစ်ယောက်က သူမကို အကြောင်းကြားပြီး ခေါ်ခဲ့တာကြောင့်သာ သူတို့တွေတွေ့ဆုံခဲ့ကြတာပဲ။

ဒါကြောင့် သူမကို အကြောင်းကြားခဲ့တဲ့ သူက တစ်ခုခု မှားနေတာပဲဖြစ်လိမ့်မယ်။

သူမ မျက်လုံးတွေကို ကျဥ်းမြောင်းပြီး ပြောလိုက်တယ်။

“ကျောင်းအုပ်ကြီး.. ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းသင့်တယ်လို့ ထင်တယ်.. တချို့လူတွေက ပညာရေးဗျူရိုက ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို သူတို့ရဲ့သေနတ်တွေအဖြစ် အသုံးချချင်နေကြတာ..  နောက်ပြီးတော့ ကျွန်မတို့ ပညာရေးဌာနက စည်းမျဉ်းတွေကို ကျောင်းသားတွေက လက်တစ်လုံးခြားပြီး ကစားချင်နေတာပဲ.. ဒီအတိုင်းထားလိုက်ရင် နောက်ထပ်ဘယ်လိုအရာတွေဖြစ်လာဦးမလဲဆိုတာ မသိနိုင်ဘူး”

ကျောင်းအုပ်ကြီးကွမ်းသည်လည်း   တစ်ခုခုမှားနေပြီလို့ ခံစားမိတယ်။ ပထမတုန်းက ဆုဆုက ဒီဘက်မှအသံကိုကြားလို့ ကိုယ်တိုင်ရောက်လာခဲ့တယ်လို့ထင်ထားခဲ့တာ။ သို့ပေမယ့် တကယ်တမ်းမှာ   ကျောင်းသားတစ်ယောက်က သူမကို အကြောင်းကြားခဲ့တာဖြစ်နေခဲ့တယ်။

“ကောင်းပြီ ..ခေါင်းဆောင်ကျင်း .. ဒီနေ့တော့ မထွက်ကြရအောင်.. အစည်းအဝေးတစ်ခုလုပ်ပြီး ကျွန်တော်တို့က သူတို့လိုသလိုအသုံးပြုနိုင်တဲ့ သေနတ်တွေမဟုတ်ဘူးဆိုတာ ကျောင်းသားတွေကို အသိပေးဖို့လိုတယ်”

တစ်ဖက်လူက ရန်ငြိုးထားမှုတစ်ခုရှိနေခဲ့ပြီး ဆုဆုကိုဖြေရှင်းဖို့အတွက် သူတို့ကို အသုံးပြုခဲ့တယ်။

သူတို့တွေက သေနတ်တွေဖြစ်ပြီး သေနတ်တွေကို ရင်ဆိုင်ရမဲ့သူကဆုဆုပဲ။

သူတို့ရဲ့ကိုယ်ရေးကိုယ်တာ မကျေမနပ်မှုတွေကြားမှာ လူများစွာပါဝင်နေခဲ့တာကြောင့် ထိုရဲဘော်တွေလည်း သိပ်ပြီး စိတ်သက်သာရာရမနေခဲ့ကြဘူး။

ကျောင်းအုပ်ကြီးကွမ်းက ဆုဆုဆီမှာ သူမကို အကြောင်းကြားလာခဲ့တာက ဘယ်အတန်းက ကျောင်းသားတွေလဲလို့ မေးခဲ့တယ်။

တစ်ဖက်လူက ကျန်းကွေ့တုံဖြစ်နေတာကိုကြားတော့ မျက်မှောင်ကြုတ်သွားခဲ့တယ်။ ထို အတန်းဖော်လူငယ်က စိတ်အားထက်သန်မှုရှိပေမဲ့လည်း အနည်းငယ်လောက် စိတ်အားထက်သန်လွန်းနေခဲ့ပြီး တစ်ခါတစ်ရံမှာ ဆရာ့တွေကို ငြင်းခုန်ချေပရန်အတွက် အစွန်းရောက်တဲ့ အပြုအမူအချို့ကိုတောင် ပြုလုပ်တတ်တယ်။  သူက အနိုင်ရတဲ့အထိ ငြင်းခုန်ခဲ့ပေမဲ့  ဆရာတွေကိုတော့ ဒေါသ ထွက်စေတတ်တယ်။

သူ့ရဲ့ဇနီးသည်ကလည်း မတိုင်ခင်တုန်းက အလွန်ဒေါသထွက်ခဲ့ရတယ်။ သူမက သူတို့ဖွဲ့စည်းမဲ့ စာလေ့လာရေးအုပ်စုကို သဘောမတူခဲ့တဲ့အတွက်ကြောင့်ပဲ။

အဆုံးမှာ ကျောင်းအတန်းချိန်ပြီးတဲ့နောက် သူတို့တွေက ကိုယ်ပိုင်အဆောင်ကိုမပြန်ဘဲ အတန်းဖော် အမျိုးသားနဲ့ အမျိုးသမီးတွေစုစည်းချင်နေခဲ့တယ်လေ။

ဒါပေမယ့် အကြိမ်အနည်းငယ် စီမံပြီးနောက်မှာတော့ သူမ မထိန်းချုပ်နိုင်ခဲ့တော့ဘူး။ ထိုကျောင်းသားတွေက တစ်ယောက်ပြီးတစ်ယောက် ဆက်ဆံရတာ ပိုခက်ခဲခဲ့တယ်။

တချို့က ငိုယိုပြောဆိုပြီး တစ်ချို့ကတော့ ပြသနာရှာခဲ့တယ်။

ငိုယိုပြီး ပြောတဲ့တစ်ယောက်ကတော့ သူ့ရဲ့တူချွေးမဖြစ်တဲ့ အမျိုးသမီး ကျောင်းသားကိုယ်စားလှယ် ချင်ယွဲ့ယွဲ့ပဲ။  ပြဿနာရှာနေတဲ့တစ်ယောက်ကတော့ ချန်ကွေ့တုံဖြစ်လေတယ်။

ပြည့်ရတာ ဒီကိစ္စက နည်းနည်းလောက်ရှုပ်ထွေးပုံရတယ်။ ဆုဆုက   သူတို့ကို အပြစ်လုပ်မိခဲ့လို့လား?

သူ  ခန်းမထဲသို့ ကျောင်းသားအားလုံးကို တမင်တကာ စုဝေးစေခဲ့တယ်။ အရှေ့ဘက် X  တက္ကသိုလ်က ကျောင်းတည်ထောင်ပြီးကတည်းက ဒီလိုဖြစ်ရပ်မျိုး ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပဲ။

သူ ဒါကိုသေချာပေါက် ဖောက်ထုတ်ရမယ်။ ပညာရေးဗျူရိုက လူတွေကို အပြစ်လုပ်မိလို့ မဖြစ်ဘူး။

အမှန်ပဲ ဒီကိစ္စအတွက် တာဝန်ရှိတဲ့လူကို သေချာပေါက် ဖော်ထုတ်ရမယ်။ ပညာရေးဗျူရိုကလူတွေက  ဒီနေရာကို ဘာမှမဟုတ်ဘဲရောက်လာကြတာမဟုတ်ဘူး။

သူတို့က အခု ဘာမှမပြောဘူးဆိုရင်တောင် သူတို့ရဲ့ကျောင်းကိုပြန်တဲ့အချိန်မှာတော့ နည်းလမ်းတစ်ခုရှာဖွေလာဦးမှာပဲ။

ဒါ့အပြင် ဆုဆုလိုမျိုး ဆရာကောင်းတစ်ယောက်ကို ဒီကိစ္စကြောင့် လက်လွှတ်ပေးနိုင်မှာမဟုတ်ဘူး။

လက်ရှိကိစ္စက အပြုသဘောမဆောင်ဘူးဆိုပေမဲ့လည်း ဆုဆုကကိုယ်ဝန်ရှိနေတာတောင် သူမရဲ့ အတန်းတွေကို တစ်တန်းမှ မလွတ်စေခဲ့ဘဲ သူမ သင်ကြားပေးခဲ့တဲ့ အတန်းတွေရဲ့ အဆင့်ကလည်း အလွန်အမင်းကောင်းမွန်တိုးတက်ခဲ့တယ်။

သာမာန်အခြေအနေမျိုးမှာဆိုရင် ကျောင်းသားတွေကို ခန်းမထဲသို့ ခေါ်ယူစုစည်းခြင်းမရှိတာကြောင့်  တစ်စုံတစ်ခု ဖြစ်ပျက်နေတယ်ဆိုတာကို လူတိုင်း ခံစားမိကြတယ်။

ထို့နောက် ကျောင်းအုပ်ကြီး၊ ဆရာမတချို့နှင့် အမည်မသိတဲ့လူအချို့ကပါ ထိုနေရာမှာ ထိုင်နေတာကို တွေ့လိုက်ရတော့ ပိုလို့တောင် သံသယဖြစ်လာကြတယ်။

ချင်ယွဲ့ယွဲ့ကတော့ အောက်မှာ ရပ်နေရင်းနဲ့ ခိုးပြီးရယ်မောနေခဲ့တယ်။

သူမက  တော်ဝင်မိန်းမတစ်ယောက်လိုမျိုး ထီးတစ်လက်နဲ့ တနေကုန် လမ်းလျှောက်ခွင့်ရပြီး ၊အတန်းထဲမှာလည်း ထိုင်နေတတ်ကာ  အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုတ်လိမ်းနေတာမဟုတ်ဘူးလား။ သူမက အသားညိုမဲသွားမှာကို ကြောက်နေတာ မဟုတ်ဘူးလား။

ဒါဆိုလည်း အလုပ်မလုပ်ပဲ အိမ်မှာသွားနေပြီး ဘာမှမလုပ်ဘဲ ပိုက်ဆံတွေ ရ လာမလားစောင့်နေလိုက်လေ။ သူမက စိတ်ကြီးဝင်နေတာမလား? အခုလို သင်ခန်းစာအပေးခံရပြီးရင်လည်း စိတ်ကြီးဝင်နိုင်ဦးမလား ကြည့်ကြတာပေါ့။

ဒါပေမယ့် သူမ(ချင်ယွဲ့ယွဲ့)ကတော့ မတ်မတ်ထိုင်နေနိုင်သေးတယ်။ ကွမ်းမိသားစုက သူမကို ဂရုမစိုက်သေးပေမဲ့လည်း ကျောင်းအုပ်ကြီးကွမ်းနှင့် သူ့ရဲ့ဇနီးသည်ကတော့ သူမကို မျက်နှာပေးနေရတုန်းပဲ။

ဆုဆု ဒီနေရာကနေ ထွက်သွားသရွေ့ ချင်ယွဲ့ယွဲ့ကတော့ သူမရဲ့ဘဝ ပိုကောင်းလာလိမ့်မယ် ခံစားမိတယ်။

All Chapters