အခန်း (၁၂၉)
Vol. 13 Ch. 129
ပိုင်လင်းလင်း လဲလှယ်ပြီးနောက် ပြန်လာချိန်မှာ ဆုဆုကို ပြောခဲ့တယ်။
“ဒါက အရမ်းအဆင်ပြေတာပဲ.. အဲဒါကို ကပ်ဖို့အတွပ် ကော်တောင်ပါသေးတယ်”
သူမက ပြောနေရင်း တစ်ခုကိုယူပြီးလေ့လာကြည့်တယ်။
“ဒီမှာသာ ထုတ်လုပ်နိုင်မယ်ဆိုရင် အပြင်ကနေ ဆက်သွယ်ပြီး ရှာဖွေနေစရာမလိုတော့ဘူး.. အခုတော့ တခြားကယူနေရတာ ဈေးကြီးလိမ့်မယ်”
ဆုဆုလည်း ဘေးနားမှာထိုင်ချလိုက်ပြီး လစဥ်သုံးပစ္စည်းကို ယူကာ သူမနှင့် အတူ လေ့လာခဲ့တယ်။
“ဟုတ်တယ်.. ငါတို့ရဲ့ လက်ရှိ စွမ်းဆောင်နိုင်ရည်နဲ့ဆိုရင် ထုတ်လုပ်ဖို့ နည်းလမ်းရှိတယ်.. ဒါပေမယ့် ဘယ်သူမှ မလေ့လာဖူးဘူး”
“တကယ်တော့ ဒါက သိပ်ပြီးမခက်ပါဘူး.. ဒါရဲ့အပြင်အလွှာက ဆေး ပိတ်စတွေနဲ့ တူတယ်.. အတွင်းပိုင်းမှာကျတော့ စုပ်ယူနိုင်တဲ့ ဝါဂွမ်းလို အရာမျိိုးတစ်ခုခု ဖြစ်လောက်တယ်.. ဒီအောက်ဘက် အလွှာက ဘာလဲ?”
“ဒီအလွှာက ယိုစိမ့်မှုကို ကာကွယ်ပေးတဲ့ဟာမျိုးလေ.. သက်ဆိုင်တဲ့ စက်ရုံတွေကို ရှာကြည့်ရင် တွေ့နိုင်လိမ့်မယ်”
“ဒါမှမဟုတ် ငါတို့တွေ စက်ရုံတစ်ခု ထူထောင်ကြရအောင်”
“နင်ရော ငါရောက အားနေလို့လား”
အမျိုးသမီး နှစ်ယောက်က လစဥ်သုံးပစ္စည်းတွေကို သုတေသနလုပ်ရင်း ပြောနေခဲ့ကြတယ်။
“အဲဒါဆို ငါအားတယ်”
လင်းတုံဟဲက တံခါးထဲမှာ ခြေတစ်ဖက် အပြင်မှ ခြေတစ်ဖက်နင်းထားရင်း ပြောလာတယ်။
တကယ်တော့ သူဒီကိုရောက်နေတာကြာပြီ။ ဒါပေမယ့် အမျိုးသမီးနှစ်ယောက် လေ့လာနေတဲ့ ဒီအကြောင်းအရာက ဝင်သွားဖို့အတွက် ရှက်စရာကောင်းနေခဲ့တယ်လေ။
သို့ပေမယ့် သူတို့ရဲ့စကားတွေကို နားထောင်ပြီးတဲ့နောက်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုက သူ့ရဲ့စိတ်ထဲမှာ ပေါ်လာတဲ့အတွက် ကြားဖြတ်ပြောလိုက်မိတယ်။
ဆုဆု အမျိုးသားဇာတ်လိုက်ကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲပေါ်မှ လစဥ်သုံးပစ္စည်းကို တစ်ချက်ပြန်ကြည့်လိုက်ကာ သူမအတွက် စီးပွားရေးလုပ်ဖို့အခွင့်အလမ်းရောက်လာပြီလို့ ချက်ချင်းခံစားလိုက်ရတယ်။
အမျိုးသားဇာတ်လိုက်က အခြေခံအားဖြင့် လုံးဝကို သိသာတဲ့တည်ရှိမှုတစ်ခုပဲ။ တကယ်လို့ သူသာ လုပ်ငန်းတစ်ခုကို လုပ်ချင်မယ်ဆိုရင် ထိုလုပ်ငန်းက အောင်မြင်နေမှာဖြစ်ပြီး မတော်တဆမှုတွေ မရှိလာနိုင်ဘူး။
ဒီတစ်ကြိမ်မှာ လစဥ်သုံးပစ္စည်းကို လှမ်းကြည့်မိတော့ တကယ်အောင်မြင်သွားနိုင်ကြောင်းတွေးမိတယ်။
လစဥ်သုံးပစ္စည်းတွေကို လျှော့မတွက်သင့်ဘူး။ ဘရန်းတစ်ခုကိုသာ အမှန်တကယ်ဖန်တီးနိုင်ရင် အနာဂတ်မှာ ပိုက်ဆံတွေ အများကြီး စုဆောင်းနိုင်လိမ့်မယ်။ အရေးကြီးဆုံးအချက်ကတော့ အမျိုးသမီးများစွာကို အကျိုးပြုစေနိုင်တာပဲ။
သူမက ချက်ချင်းပဲ လစဥ်သုံးပစ္စည်းကို မြှောက်လိုက်ပြီး မေးလိုက်တယ်။
“ဒါအတွက် ရှင့်ဆီ
မှာ အကြံဥာဏ်တွေ ရှိသေးလား”
လင်းတုံဟဲ :”ဒီတစ်ခုက အသုံးများတဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ ထင်တယ်.. အခုချိန်မှာ အကြပ်အတည်းတွေက နည်းသထက်နည်းလာပြီဆိုတော့ မကြာခင်မှာဘဲ လူတိုင်းက အရင်ကထက် ပိုကောင်းတဲ့ အသက်ရှင်နေထိုင်ဖို့ နည်းလမ်းတွေကို လက်ခံလာကြလိမ့်မယ်.. ဒါက စျေးကွက်ထဲကို သေချာပေါက် အများကြီးထိုးဖောက်နိုင်မယ်လို့ ထင်တယ်”
“ဟုတ်တယ်.. ရှင့်မှာ အမြင်ကောင်းကောင်းရှိတာပဲ.. အိုး ဟုတ်သားပဲ.. ဒါက လင်းတုံဟဲတဲ့.. ဒါက ပိုင်လင်းလင်း.. နင်တို့မှာ စိတ်ကူးတွေရှိရင် လေ့လာကြည့်ဝအောင်”
ဆုဆု တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်တယ်။
ပိုင်လင်းလင်းက ဒီလိုကြီးမားတဲ့ကိစ္စတွေကို ဆောင်ရွက်ဖို့ မကြောက်ဘူး။ နောက်ပြီး သူမက အခုလို သန့်စင်တဲ့ လစဥ်သုံးပစ္စည်းမျိုးကိုလည်း နှစ်သက်တယ်လေ။
“ကောင်းပြီ.. ငါသဘောတူတယ် ငါက ဆေးဘက်ဆိုင်ရာ ပိတ်ပါးစအတွက် နည်းလမ်း ရှာတွေ့နိုင်တယ်.. နောက်ပြီး အတွင်းပိုင်မှာသုံးတဲ့ ဝါဂွမ်းသားအတွက် ထုတ်လုပ်ဖို့ကိုလည်း ရှာတွေ့နိုင်တယ်.. ငါ့အဖေက ကုန်သည်ကြီးများအသင်းရဲ့ အတွင်းရေးမှူးလေ”
လင်းတုံဟဲကလည်း အမှန်တကယ် ထိုင်ချလိုက်တယ်။ သူ့အနေနဲ့ ဒီပစ္စည်းကို အမျိုးသမီးတွေနှင့်အတူ လေ့လာဖို့အတွက် ရှက်ရွံ့နေပေမယ့် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကိုလည်း ပြောင်းလဲချင်ခဲ့တယ်။
ဒါကြောင့် သူက ဝင်ပြောလိုက်တယ်။
“သွားလာလှုပ်ရှားရမဲ့အလုပ်တွေကို ငါ့အတွက် ထားလိုက်လေ.. နောက်ပြီး ဒီကော်ထုတ်ဖို့အတွက် နည်းလမ်းကို ငါ ရှာနိုင်လောက်မယ်ထင်တယ်.. ဒါဆို အပြင်ဘက်က အလွှာကို ထုတ်လုပ်နိုင်လိမ့်မယ်”
“ကုန်ကြမ်းပစ္စည်းတွေက ကျန်းမာရေးနဲ့ညီညွတ်ရမယ်.. အန္တရာယ်ဖြစ်စေတာမျိုး ပါလို့မရဘူး.. ဒါမှ ငါတို့အောင်မြင်လိမ့်မယ်”
ဆုဆု ကောက်ချက်ချလိုက်တယ်။
သူတို့ ခဏလောက် လေ့လာပြီးနောက်မှာ လင်းချွမ်နှင့် ချန်ယွဲ့ကျင်းတို့ ပြန်ရောက်လာခဲ့ကြတယ်။ သူတို့အိမ်ထဲသို့ဝင်လာချိန်မှာ ထိုသုံးယောက်က တစ်စစီခွဲထုတ်ထားတဲ့ အမည်မသိ အရာဝတ္တုတစ်ခုကို ဝန်းရံပြီး လေ့လာကြည့်ရှုနေတာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။
လင်းချွမ် အနီးကပ်ကြည့်ရှုလိုက်တော့ ထိုပစ္စည်းက သူ့ရဲ့ဇနီးသည် ဓမ္မတာလာချိန်မှာ မကြာခဏအသုံးပြုလေ့ရှိတဲ့ ပစ္စည်းဖြစ်ကြောင့် တွေ့ရှိခဲ့တယ်။
သူတို့က အဲဒါကို ဘာလို့ ခွဲထုတ်နေခဲ့ကြတာလဲ?
နောက်ပြီး ထိုအထဲမှာ လင်းတုံဟဲလည်း ပါဝင်သေးတယ်။
“ရှင်တို့တွေ လုပ်စရာရှိတာသွားလုပ်ကြလေ.. ကျွန်မတို့ သန့်ရှင်းတဲ့ လစဥ်သုံးပစ္စည်းစက်ရုံ ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လေ့လာကြည့်နတာ”
လင်းချွမ်ရဲ့မျက်နှာကသိပ်ပြီး ကြည့်မကောင်းတော့တာကိုမြင်တော့ ဆုဆု တစ်ဖက်လူကို ထမင်းချက်ဖို့ အလျင်စလိုထွက်သွာစခိုင်းလိုက်ရတယ်။
လင်းချွမ်က သူ့ရဲ့ဇနီးသည်ကို အမြဲတမ်း ဂရုစိုက်ပေမဲ့ စက်ရုံဖွင့်တော့မယ်လို့ ပြောတာကိုကြားတော့ မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။
“မင်း အခု ကိုယ်ဝန်ရှိနေတာလေ”
“ကျွန်သိပါတယ်.. ဗိုက်ကဒီလောက်ဖောင်းနေတာ ကျွန်မ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ”
ဆုဆုက သူမရဲ့ဗိုက်ကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်တယ်။
“ရှင်တို့ လုပ်စရာရှိတာ သွားလုပ်တော့.. ကျွန်မတို့ကို ဒီအတိုင်းထားခဲ့လိုက်”
“...”
လင်းချွမ်တစ်ယောက် ဟင်းချက်ပစ္စည်းတွေကိုသာ တိတ်တဆိတ် သယ်သွားခဲ့ရတယ်။ သူ့အနေနဲ့ ဇနီးသည်ကို မထိန်းချုပ်နိုင်ဘူးလေ။ ဒါပေမယ့် လင်းတုံဟဲကိုတော့ သဘောမကျဖြစ်နေတုန်းပဲ။
ချန်ယွဲ့ကျင်းကတော့ သူ့ရဲ့တပ်ရင်းမှူးက စစ်တပ်ထဲမှာတော့ ကွပ်ကဲအုပ်ချုပ်တဲ့ တပ်ရင်းမှူးတစ်ယျာက်ဖြစ်ပေမဲ့ သူ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ဒုတိယ_တပ်ရင်းမှူးသာ ဖြစ်နေကြောင်း တွေးနေခဲ့တယ်။ အိုး မဟုတ်သေးဘူး။ အခုဆို တတိယ_တပ်ရင်းမှူးနေရာပဲ။
“ဘာကိုကြည့်နေတာလဲ.. ယောက်ျားတွေက အိမ်မှာဆိုရင် ဒီလိုမျိုးဖြစ်နေရမယ်”
လင်းချွမ်က မျှော်လင့်ချက်မဲ့နေတဲ့တစ်စုံတစ်ခုအကြောင်းတီးတိုးပြောလာတယ်။
ချန်ယွဲ့ကျင်းလည်း သူ့ရဲ့အနာဂတ် ဇနီးသည်ကို ပြန်ကြည့်လိုက်တယ်။ သူသည်လည်း အတူတူပဲဖြစ်လာမဲ့ပုံပဲ။
အိမ်လေးထဲမှာ လုပ်အားခွဲဝေမှုက အလွန်ရှင်းလင်းတယ်။ ချက်ပြုတ်သူတွေနှင့် သုတေသနလုပ်နေတဲ့သူတွေက သူတို့ရဲ့ သက်ဆိုင်ရာတာဝန်ကို အချိန်တိုအတွင်း ပြီးမြောက်အောင်လုပ်နေခဲ့ကြတယ်။
မကြာခင်မှာပဲ လင်းတုံဟဲက အတော်လေး တရားဝင်ပုံပေါက်တဲ့ အစီအစဉ်တစ်ခုကိုတောင် ရေးသားခဲ့ပြီ။
ပိုင်လင်းလင်း: “ဝိုး.. ဒါက အတော်လေး ပရော်ဖက်ရှင်နယ်ဆန်တာပဲ.. အရင်တုန်းက ဘာလုပ်ခဲ့တာလဲ”
“သူက ငါတို့ရွာက ကပ္ပတိန်ဖြစ်ခဲ့ဖူးတာလေ”
ဆုဆုက နွေးထွေးစွာ မိတ်ဆက်ပေးခဲ့တယ်။ သိသင့်တာက ကျေးရွာတွေရဲ့ အရာရှိတွေက နှစ်အနည်းငယ်ကြာပြီးနောက်မှာ အတော်လေး သြဇာကြီးမားလာမှာဖြစ်ပြီး ကောလိပ်ကျောင်းသား အများအပြားက ကျေးရွာရဲ့အရာရှိတွေဖြစ်လာကြလိမ့်မယ်။
ဒါပေမယ့် လင်းတုံဟဲကတော့ စိတ်လှုပ်ရှားသွားခဲ့ရတယ်။ သူ့အနေနဲ့ ဆုဆုက သူ့ကို နှိမ့်ချဖို့ မရည်ရွယ်ဘူးဆိုတာကို မြင်တွေ့ရပြီး ကပ္ပတိန်ဆိုတဲ့ရာထူးက အလွန်ကြီးမြတ်နေသလိုမျိုး ဂုဏ်ယူမှုတွေပါနေတာကိုတောင် သိသာစွာ တွေ့နိုင်တယ်။
ဒါပေမယ့် ဒါက ရှင်းရှင်းလင်းလင်းကို ရွှံ့ခြေထောက်ပဲလေ။
အိုး။ စကားမစပ် ဆုဆု ရွာကို ရောက်လာကတည်းက ကျေးလက်မှ လူတွေရဲ့ အပြုအမူတွေကို ရိုင်းစိုင်းကြောင်း အထင်သေးတာမျိုး မရှိခဲ့ဘူး။ သူမက လူတိုင်းကိုတောင် ကြင်နာပေးတတ်သေးတယ်။
သူမက အလုပ်ဝင်လုပ်တာမျိုး မရှိပေမဲ့ ရွာရဲ့အခြေအနေတွေကို မကြိုက်တာမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူး။ သူမက အတော်လေးပျော်နေပုံတောင်ရတယ်။
ပိုင်လင်းလင်းက အံ့သြစွာနဲ့ ပြောလာတယ်။
“အစီအစဥ်ရေးဆွဲထာတာ အရမ်းကောင်းနေတာ မဆန်းတော့ဘူး.. ငါဆို တစ်ခုခုရေးဖို့ကို အတော်လေးရုန်းကန်ရတာ”
သူတို့သုံးယောက် ညှိနှိုင်းပြီးနောက် နောက်ဆုံးသတ်မှတ်ရက်ကို တစ်လကြာအဖြစ် သတ်မှတ်လိုက်ပြတယ်။
သူတို့ လုပ်နိုင်တယ်ဆိုမှတော့ လုပ်ရမှာပေါ့။
နောက်တော့ သူတို့တွေ ထမင်းအတူစားခဲ့ကြတယ်။ အစပိုင်းမှ သူတို့လေးယောက် စုပေါင်းပြီး အတွဲနှစ်တွဲ ချိန်းတွေ့တဲ့နေ့ဖြစ်ရမှာဆိုပေမဲ့ တောက်ပတဲ့မီးသီးတစ်လုံးက မမျှော်လင့်ပဲ ပါဝင်လာခဲ့ကြတယ်။
လင်းတုံဟဲသည်လည်း ဒီနေ့က ထိုကဲ့သို့ နေ့တစ်နေ့ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့တာကြောင့် အနည်းငယ် ရှက်ရွံ့နေခဲ့တယ်။
ဒါပေမယ့် ပိုင်လင်းလင်းကတော့ ထိုသို့ ထင်မှတ်ခဲ့ဘဲ ဝိုင်ဖန်ခွက်ကို မြှောက်လိုက်ပြီး ပြောလာတယ်။
“လာခဲ့.. ငါတို့ရဲ့ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုကြရအောင်.. ပျော်ရွှင်ပါစေ!”
သူမက ဝိုင်ခွက်ကို မ,ယူကာ ပါးစပ်ထဲသို့ လောင်းထည့်ခါနီးမှာပဲ ချန်ယွဲ့ကျင်းက ဖန်ခွက်ကို ဆွဲယူလိုက်ပြီး သူ့ရဲ့ ပါးစပ်ထဲသို့ မော့သောက်ချလိုက်တယ်။
ဒါကိုမြင်တော့ ဆုဆုတစ်ယောက် မျက်လုံးလှန်လိုက်မိတယ်။
သူက ကြင်နာမှုနဲ့လုပ်ခဲ့တာ ဆိုပေမယ့် ဆွဲလုပြီးမသောက်ခင်မှာ စကားကိုဆုံးအောင်ပြောသင့်တယ်လေ။
“မင်း ဒီနေ့ အရက်သောက်ဖို့ သင့်တော်မယ်လို့ ကိုယ်မထင်ဘူး”
စစ်တပ်ရဲ့မရီးတစ်ယောက်အနေနဲ့ ဆုဆုကတော့ အောင်သွယ်လုပ်ငန်းကို တိတ်တိတ်လေးပဲ လုပ်နိုင်တော့မယ်။
ပိုင်လင်းလင်း ရှက်ရွံ့စွာနဲ့တီးတိုးပြောလိုက်တယ်။
“ကျွန်မ လျှော့သောက်ရင် ကိစ္စမရှိပါဘူး”
“မရဘူး.. ဝိုင်က သွေးလည်ပတ်မှုကို မြန်စေတယ်လို့ မင်းကိုယ်တိုင်ပြောခဲ့တာလေ”
ချန်ယွဲ့ကျင်းက ဆေးရုံမှာတုန်းကသူအရက်သောက်ချင်ခဲ့ပေမဲ့ ထိုအချိန်မှာ သူ့ရဲ့ ဒဏ်ရာက မပျောက်သေးတာကြောင့် ပိုင်လင်းလင်းက ထုရိုက်လာတာကို သတိရမိတယ်။
ပိုင်လင်းလင်းအနေနဲ့ သူမရဲ့ချစ်သူဆီမှ စိတ်ပူပန်ပေးခံနေရတာကြောင့် သဘာဝကျစွာနဲ့ပဲ အတင်းအကြပ်မလုပ်တော့ဘူး။ သူမက လိုက်လျောညီထွေဖြစ်စေပြီး စားသောက်ခဲ့တယ်။
အရေးကြီးဆုံးအချက်ကတော့ ချန်ယွဲ့ကျင်းရဲ့ စတူးဟင်းလျာတွေက တကယ့်ကို လူကြိုက်များခဲ့တယ်။ ကံကောင်းထောက်မစွာနှင့် ပိုင်လင်းလင်းက လစဥ်သုံးပစ္စည်းကို အလွန်အမင်းအာရုံစိုက်နေခဲ့တယ်။ ဒီလိုမှမဟုတ်ရင် မူမမှန်တာတစ်ခုခုကို တွေ့သွားနိုင်တယ်။
ညစာစားပြီးနောက် ပိုင်လင်းလင်းနှင့် လင်းတုံဟဲတို့က လစဥ်သုံးပစ္စည်းတွေကိုယူပြီးထွက်သွားခဲ့ကြတယ်။
လင်းချွမ်ကတော့ အလျှော့မပေးချင်စွာ ရုန်းကန်နေတုန်းပဲ။
“မင်းက အခု ကိုယ်ဝန်လွယ်ထားရတာလေ.. အပင်ပန်းမခံသင့်ဘူး”
“အဲဒါကြောင့်ပဲ သူတို့နဲ့ အတူလုပ်တာ မဟုတ်ဘူးလား.. သူတို့တွေဆိုရင် စီးပွားရေးလုပ်နိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်.. မကြာခင်မှာ စက်ရုံအသေးလေးတစ်ခု ဖြစ်လာလိမ့်မယ်။”
ဒီမှာ ဘာတစ်ခုမှ မှားမနေဘူး။
သူတို့သုံးယောက်က လစဥ်သုံးပစ္စည်းကိုလေ့လာပြီးသွားလို့ မကြာခင်မှာပဲ စီးပွားရေးလုပ်ငန်းကို စတင်နိုင်လိမ့်မယ်။
သူတို့ရဲ့ စိတ်ကူးတွေက ဖြောင့်ဖြူးနေပေမဲ့ လက်တွေ့မှာတော့ မျက်နှာကို အနည်းငယ် ရိုက်ချလာတုန်းပဲ။
အချို့သောအရာတွေက စက်ရုံမှ ရရှိဖို့ ခက်ခဲနေခဲ့တယ်။
ပိုင်လင်းလင်းဘက်မှ အဆင်ပြေနေပေမဲ့ လင်းတုံဟဲဘက်မှာတော့ အခက်အခဲတချို့ ကြုံတွေ့နေရဆဲပဲ။ ဒါပေမယ့် သူက အဓိကဇာတ်လိုက်ပဲလေ။
ဇာတ်ကွက်ရဲ့ လိုအပ်ချက်အရ သူ့ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်းအတွက် ဘယ်သူကမှ သူ့ကို အမှန်တကယ် တားဆီးနိုင်မှာမဟုတ်ဘူး။
တစ်လမပြည့်ခင်မှာပဲသူတို့တွေ ဆုဆုအိမ်မှာ ပြန်ပြီးစုရုံးခဲ့ကြတယ်။
ပစ္စည်းတွေ အားလုံးက အဆင်သင့်ဖြစ်နေပြီ ဆိုပေမဲ့ စက်ရုံမှာ အလျားလိုက် ချထားလို့ မရသေးဘူး။ အခြေအနေကို ကြည့်ရှုနိုင်ရန်အတွက် ယာယီ ချုပ်လုပ်မှု ကျွမ်းကျင်ဝန်ထမ်းတွေ လိုအပ်လာပြန်တယ်။
ဒီတော့ ဆုဆုက လင်းဟိုင်ဆီကို ဖုန်းဆက်လိုက်တယ်။ ဒီကလေးကို ကူလီအဖြစ်နဲ့ပဲမကြည့်နဲ့။ သူက ရောက်လာတာနဲ့ အရာအားလုံးကို အခြေခံအားဖြင့် နားလည်သွားခဲ့တယ်။
သူက ရှက်ရွံ့စွာနဲ့:
“ဒါက ချုပ်လို့မရဘူး.. ချုပ်ရာတွေရှိရင် ယိုစိမ့်ထွက်လာလိမ့်မယ်.. ဒါကို ညစ်ပတ်မသွားအောင် ကော်နဲ့ ကပ်ထားလို့ရတယ်”
“ဒါပေမယ့် ကော်တွေက လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတယ်လေ”
ဆုဆုပြောလိုက်တယ်။
လက်ရှိနည်းပညာအရ အရည်အချင်းပြည့်မီတဲ့ လစဥ်သုံးပစ္စည်းကို ထုတ်လုပ်ဖို့ မလုံလောက်သေးဘူး။ ဒီတော့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်မှသာ ဖြစ်နိုင်လိမ့်မယ်။
လင်းတုံဟဲ :” သန့်စင်တဲ့ကော်တွေရနိုင်တဲ့အပင်တချို့ရှိတယ်လေ.. ဥပမာ စားသောက်ကုန်ကော်တွေလိုမျိုး”
“ဒါမဆိုးဘူး”
ဒီအကြံအစည်ကိုရပြီးနောက် လင်းတုံဟဲက ထိုအပိုင်းကိုဝယ်ယူဖို့ တာဝန်ယူပြီး လင်းဟိုင်က လစဥ်သုံးပစ္စည်းကို ဖြည်းဖြည်းချင်းထုတ်လုပ်ကြည့်ခဲ့တယ်။
စာရေးသူမှာပြောစရာရှိပါတယ်:
ငါတို့ MCက စီးပွားရေးလုပ်ငန်းအတွက်စတင်ပါတော့မယ်
**