အခန်း (၁၂၅)
Vol. 13 Ch. 125
ဆုဆုတစ်ယောက် ကုလားထိုင်ကို သစ်ပင်အောက်သို့ ရွှေ့ကာ လေတဖြူးဖြူးအောက်မှာ ထိုင်ရင်းနဲ့ စာအုပ်ဖတ်နေခဲ့တယ်။ သူမ ဘယ်လောက်ထိ သက်တောင့်သက်သာဖြစ်နေခဲ့လဲဆိုရင် သက်တောင့်သက်ရှိလွန်းလို့ အိပ်ပျော်လုနီးပါးပဲ။
ထိုအခိုက်မှာပဲ ရုတ်တရက်ဆိုသလို မီးဖိုချောင်ဘက်မှ ကျယ်လောင်တဲ့ အသံကို ကြားလိုက်ရတယ်။
သူမ အလွန်ထိတ်လန့်သွားတာကြောင့် မတ်မတ်ထိုင်လိုက်မိကာ ယခင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ သေနတ်သံတွနှင့် ပေါက်ကွဲသံတွေကို တွေးမိသွားရတယ်။
အခု သူမရဲ့မီးဖိုချောင်က တကယ်ပေါက်ကွဲသွားတာလား?
ဆုဆု သူမရဲ့ခါးကို လက်တစ်ဖက်နဲ့ ထိန်းကိုင်ထားရင်း အိမ်ဘက်ဆီသို့ ပြေးသွားလိုက်တော့ လင်းချွမ်က ပြတင်းပေါက်ကို တွန်းဖွင့်လာတာကို တွေ့လိုက်ရပြီးထိုပြတင်းပေါက်ေီမှမီးခိုးလုံးတွေက ထူထဲစွာ ထွက်လာနေခဲ့တယ်။ တွေ့မြင်ရတာ တကယ်ကိုကြောက်စရာပဲ။
“ရှင်တို့ ဘာလုပ်နေတာလဲ?”
သူမ အံ့အားသင့်စွာနှင့် သူတို့ရဲ့အနားသို့ အလျှင်စလို သွားလိုက်တော့ ချန်ယွဲ့ကျင်းက အနက်ရောင်ပြောင်းနေကာ တရှဲရှဲမြည်နေတဲ့ အိုးကိုကိုင်ထားခဲ့ပြီး လင်းချွမ်ကတော့ ဘေးနားမှ သင်ပေးနေတာကို တွေ့မြင်လိုက်ရတယ်။
“မင်းက ကြက်ဥကြော်နေတာဟုတ်ရဲ့လား.. မီးက အရမ်းများလွန်းနေတယ်လေ.. နောက်ပြီး ဆီမထည့်ဘဲ ကြက်ဥကိုအရင် လောင်းထည့်လိုက်တာလား.. ဆီထည့်ပြီးမှ ကြော်ရမယ်လို့ ပြောထားခဲ့တယ်မဟုတ်ဘူးလား”
“ကောင်းပြီ ကောင်းပြီ.. နောက်တစ်ခါကျရင် သတိထားပါ့မယ်”
“...ကိုပဲ သတိထားနေလိုက်.. ငါ မင်းကိုပြောနေတာကြာပြီ”
ဆုဆုတစ်ယောက် နောက်ဆုံးတော့ ဒီကိစ္စအတွင်းကို ဝင်မပါသင့်ဘူးလို့ ခံစားမိတာကြောင့် တိတ်တဆိတ် ပြန်ထွက်သွားခဲ့တယ်။ သူမရဲ့အိမ်က အခု စစ်မြေပြင်နဲ့ တူညီနေပြီ။ သူ့ရဲ့ဒေါသတွေကလည်းသေးငယ်မနေဘူး။ သူမရဲ့ အိုးတွေတောင် စစ်ပွဲအတွင်းပါဝင်သွားရရှာပြီ။
နောက်ဆုံးတော့ သူမ အပြင်ကိုပြန်ထွက်ပြီး တစ်နာရီလောက် ကြာပြီးချိန်မှာတော့ လင်းချွမ်က သူမကို အစားအသောက်တွေ မြည်းစမ်းကြည့်ဖို့ လှမ်းခေါ်လာတယ်။
အရိုးသားဆုံးပြောရရင် သူမ တကယ်ကို ကြောက်ရွံ့နေခဲ့ပြီး ဟင်းပွဲတွေဆီမှ မီးခိုးငွေ့တွေပါထွက်လာနိုင်တဲ့ အဆိပ်တွေရှိနေလိမ့်မယ်လို့တောင် ခံစားနေမိတယ်။
သူမ ဒီဘက်ခေတ်ကို ပထမဆုံးရောက်လာပြီးနောက် သူတို့ခွဲခွာရခါနီးမှာ လင်းချွမ်ဆီကနေ သင်ယူခဲ့ရပေမဲ့ ဒီလောက်ကြီးမားတဲ့ အခြအနေမျိုးအထိတော့ မရောက်ခဲ့ဘူး။
တစ်နည်းအားဖြင့် ဒီချန်ယွဲ့ကျင်းက အတော်လေး အရည်မချင်းရှိတယ်လို့ ဆိုနိုင်တယ်။
အိမ်ထဲသို့ ဝင်ပြီးနောက် ဟင်းလျာတွေ ခင်းကျင်းထားတာကို သွားကြည့်လိုက်တော့ ဟင်းလေးမျိုး ချက်ပြုတ်ထားတာကိုတွေ့လိုက်ရတယ်။
မှိုကြက်ဥမွှေကြော်၊ ပိုးစာသုံးမျိုးကြော်၊ ငံပြာရည် ခရမ်းသီးနှပ်၊ နောက်ထပ် အသားခြောက်ကြော်။
ပုံပန်းသဏ္ဍာန်အရတော့ သိပ်ပြီးကြောက်စရာမကောင်းပေမဲ့ တစ်ချို့နေရာတွေက အရောင်မည်းပြီး မီးကျွမ်းနေခဲ့တယ်။
“မရီး စမ်းကြည့်ပါဦး”
ချန်ယွဲ့ကျင်းက ဆုဆုကို စိတ်လှုပ်ရှားစွာကြည့်ပြီး ပန်းကန်ကို တွန်းပေးလာတယ်။
ဆုဆုရဲ့ မျက်နှာက တည်ငြိမ်နေခဲ့ပေမဲ့လည်း တကယ်တမ်းမှာ ထိတ်လန့်နေခဲ့တယ်။
သူမက တံတွေးကို မျိုချလိုက်တယ်။ ဒီဟင်းတွေကိုစားလိုက်ရင် မမြင်နိုင်တဲ့နေရာတွေဆီမှ တိုက်ခိုက်မှုကို ခံရလာနိုင်တယ်လို့ ခံစားနေရတယ်လေ။
လင်းချွမ် သူ့ဇနီးသည်ရဲ့ ကြောက်လန့်နေတဲ့အမူအရာကိုမြင်တော့ အနည်းငယ် ပြောစရာမဲ့နေခဲ့တယ်။
“ကိုယ်စားကြည့်ပြီးပြီ.. အဆင်ပြေပါတယ်”
“အာ .. ဒါဆို ကျွန်မ စားကြည့်လိုက်မယိ”
လင်းချွမ်က မြည်းကြည့်ပြီးပြီဆိုတော့ ကိစ္စမရှိလောက်တော့ဘူး။
ဆုဆုတစ်ယောက် သူမပြောလိုက်တဲ့ စကားလုံးတွေက ချန်ယွဲ့ကျင်းရဲ့ နုနယ်တဲ့ အမျိုးသားတစ်ယောက်ရဲ့နှလုံးသားကို ဘယ်လောက်ထိ ထိခိုက်နာကျင်သွားစေမလဲဆိုတာကို သတိမထားမိခဲ့ဘူး။
အရသာက ပေါ့လည်းမပေါ့၊ငံလည်းမငံ့ဘူးဘူး။ ဒါပေမယ့် အရသာရှိတယ်လို့မပြောနိုင်သလို မကောင်းဘူးလို့လည်းပြောလို့မရဘူး။ မီးခိုးနံ့တွေကတော့ နံနေခဲ့တယ်။
“မီးခိုးနံ့ ရတာကလွဲရင် မဆိုးဘူး”
အပူကို ထိန်းထားနိုင်မယ်ဆိုရင် လုံလောက်ပါတယ်။
“ဒါဆို တခြားဟင်းပွဲတွေပါ လာစားကြည့်ပါဦး”
ချန်ယွဲ့ကျင်း ထပ်ပြီး ပေးလိုက်တယ်။
ဆုဆု နောက်ဆုံးမှာ ငံပြာရည်ခရမ်းသီးနှပ်ကို မြည်းကြည့်ပြီး မျက်လုံးတွေဝိုင်းသွားခဲ့တယ်။
“ဝိုး ဒါက အရသာရှိလိုက်တာ”
ဒါက အတော်လေးအရသာရှိပြီး အသေအချာပြောနိုင်တယ်။
“သူက တခြားဟင်းပွဲတွေကို မချက်ပြုတ်နိုင်ပေမယ့် စတူးချက်တာတော့ စားလို့ရတဲ့အခြေအနေရှိတယ်။
လင်းချွမ် စိတ်သက်သာရာရစွာပြောလိုက်တယ်။
“နောက်ပိုင်းကျရင် ရှင် တခြား ဟင်းတွေကို နည်းနည်းပဲချက်ပြီး စတူးဟင်းတွေ များများချက်လိုက်လေ”
ဆုဆုက အမြဲလိုလိုပွင့်ပွင့်လင်းလင်းပြောတတ်ပေမဲ့ အခုခအချိန်မှာတော့ ထိုစကားကိုပြောပြီး ချန်ယွဲ့ကျင်းကို အောင်မြင်စွာ နှစ်သိမ့်ပေးနိုင်ခဲ့တယ်။
သူက ခေါင်းညိတ်ပြီး:
“အဲလိုပဲလုပ်ရမယ်”
ဒါပေမယ့် လင်းချွမ်က သူ့ကို အနောက်ကနေ ကန်လာခဲ့တယ်။
“ဒီလိုပြောရုံနဲ့ မရသေးဘူး၊ ငါ ချွမ်ကျိုးမြို့ရဲ့ အထုပ်တွေကိစ္စကိုလုပ်နေရတာ.. မင်းငါ့အတွက် လုပ်ပေးရမယ်”
“ကောင်းပြီ.. ဒါဆို ရဲဘော်ရှောင်ပိုင်ကို နောက်အပတ် ညစာစားဖို့ ဖိတ်ပေးလို့ရမလား”
ဟားဟား!
ဆုဆု ရယ်မောမိလုနီးပါးပဲ။ ဒီလူကို သူမ ပထမဆုံးစတွေ့ခဲ့စဥ်တုန်းကတော့ သူက ကြမ်းတမ်းတဲ့နတ်ဘုရားလိုပဲလို့ ခံစားခဲ့ရပြီး သူ့ရဲ့ပုံစံက အရမ်းခတ်ထန်နေခဲ့တယ်။
ဒါပေမယ့် အခုကြည့်ရတာ သူက ဘာလို့ နည်းနည်းလောက် ချစ်စရာကောင်းလာသလိုမျိုး ထင်နေတာလဲ။
“ကောင်းပြီ.. ကျွန်မ မနက်ဖြန် ပိုင်လင်းလင်းကို ဖုန်းခေါ်ပြီး သူနဲ့ချိန်းဆိုလိုက်မယ်.. ဒါပေမယ့် ရှင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ဖို့လိုသေးတယ်”
“ကောင်းပါပြီ.. တာဝန်ကိုပြီးမြောက်ဖို့ အာမခံပါတယ်”
“နောက်တစ်ခါ မင်းမရီးရဲ့အိုးကို ထပ်ပြီး မဖောက်ခွဲနဲ့တော့”
“ကိစ္စမရှိပါဘူး.. အဆိုးဆုံးက နောက်ထပ် အသစ်တစ်အိုးဝယ်လိုက်ရုံပဲလေ”
ဆုဆု စကားပြောပြီးနောက် သူတို့ကို ထိုင်ခိုင်းလိုက်ပြီး စားသောက်ဖို့ပြောခဲ့တယ်။ စားသောက်နေရင်းမှာပဲ လင်းချွမ်က ပြောလာခဲ့တယ်။
“အမ်.. ဇနီးလေး.. ကိုယ် မင်းကိုပြောစရာရှိတယ်”
“အမ်?”
“ကိုယ်တို့ရဲ့တို့ စခန်းထဲက စစ်သား တော်တော်များများ မင်းကို လာတွေ့ချင်နေကြတယ်.. ဒါကြောင့် နောက်တစ်ပတ်ပြီးလို့ လာမဲ့မှာ အိမ်မှာ ထမင်းလာစားဖို့ ဖိတ်ခေါ်ချင်လို့”
“ရတယ်လေ”
ဆုဆု လင်းချွမ်ပြောချင်တဲ့ အဓိပ္ပါယ်ကို သိတယ်။ ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းက သူမက သူ့ရဲ့တပ်ရင်းမှ စစ်သားအချို့နှင့် တွေ့ဆုံခဲ့ပေမဲ့လည်း အခြေအနေနဲ့ အချိန်တွေကတာရန်အချိန်ဖြစ်နေခဲ့ကာ အလွန်အရေးကြီးတဲ့အခိုက်အတန့်ဖြစ်နေတာကြောင့် စကားတွေ အများကြီး မပြောဆိုနိုင်ခဲ့ဘူး။
လင်းချွမ်က အခု သူမကို သူ့ရဲ့ညီအစ်ကိုတွေနဲ့ မိတ်ဆက်ပေးချင်နေခဲ့တာပဲ။ ဒါကြောင့် သူတို့ကို ထမင်းစားဖို့ဖိတ်ခေါ်ချင်နေခဲ့တာ။
ချင်ယွဲ့ကျင်းက ထိုစစ်သားလေးတွေကို လာမဲ့အအပတ်မှာ တွေ့ဆုံဖို့ စီစဉ်ထားသင့်တယ်ဆိုတာကို သိခဲ့ထားတယ်။ သို့ပေမယ့် သူက ပိုင်လင်းလင်း တွေ့ဆုံရဖို့ ရှိလာတာကြောင့် နောက်ထပ်တစ်ပတ်အထိရွှေ့ဆိုင်းခဲ့ရတယ်။ သူ့မရီးရဲ့ ဗိုက်က အပတ်တိုင်းမှာ ပိုပြီးကြီးလာတတ်တယ်။ အခုလိုမျိုး သူ့ကြောင့် နှောင့်နှေးလိုက်ရတာကို တွေ့တော့ အနည်းငယ် ညှက်သွားရတယ်။
နောက်လာမဲ့အပတ်ကျရင် သူ သေချာပေါက် စောစောလာပြီး သူတို့ကို အလုပ်နည်းနည်းလောက်သက်သာဖို့ ကူညီပေးရမယ်။ ဒါမှ ကိုယ်ဝန်ဆောင်သည်လည်း သိပ်ပြီး မပင်ပန်းတော့မှာ။
ဒီလိုနဲ့ ဆုဆု ကျောင်းကိုရောက်သွားတော့ ပိုင်းလင်းလင်းဆီကို ဖုန်းဆက်ပြီး ချန်ယွဲ့ကျင်းက သူမကိုအစားအစာတွေ ပြင်ဆင်ပြီး ချက်ကျွေးချင်နေတာကြောင့် သူမတို့အိမ်ကို လာချက်ပေးချင်နေပြီး ပိုင်လင်းလင်းကို လာခိုင်းတဲ့အကြောင်း ပြောလိုက်တယ်။
ပိုင်လင်းလင်းသည်လည်း ထိုစကားကိုကြားလိုက်ရတာနဲ့ သဘာဝကျစွာပဲ သဘောတူလိုက်တယ်။ သူတို့နှစ်ယောက်နှစ်ယောက်သား ချစ်ကျွမ်းဝင်မိသွားပြီးကတည်းက ထိုအမျိုးသားက သူမနဲ့တွေ့ဖို့ အကြိမ်ပေါင်းများစွာ ခွင်းတောင်းလာခဲ့တတ်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့လက်ရာကို မြည်းစမ်းခွင့်ရခဲ့ပြီ။
ဆုဆုတို့သည်လည်း ပြင်ဆင်ထားဖို့လိုအပ်ပြီး အစားအသောက်တွေ မလုံလောက်တာတွေရှိရင် ဖြည့်ဆွတ်ထားရလိမ့်မယ်။
ထို့နောက်မှာ စစ်တပ်မှ ကတိပေးထားတဲ့အတိုင်း သူမဆီသို့ ထောက်ပံ့ရေးပစ္စည်းတွေကို ပို့ဆောင်ခဲ့တယ်။ ဆန်နှစ်အိတ်၊ ဂျုံမှုန့်ဖြူတစ်ထုပ်နှင့် ပဲပိစပ်ဆီပုံးကြီးတစ်ပုံးကို ဂျစ်ကားမှာတင်ပြီး မောင်းနှင်ပို့ပေးလာခဲ့ကြတယ်လေ။
ဒီနေ့ခေတ် ပဲပိစပ်ဆီက ခေတ်သစ်မှာတုန်းကလို ငါးလီတာစည်မျိုး မဟုတ်ဘါ ပေါင်ငါးဆယ်လောက် ကြီးမားတဲ့ စည်ကြီးပဲ။ ဆုဆုအတွက်ဆိုရင် တစ်နှစ်စာစားဖို့ လုံလောက်လိမ့်မယ်။
ဆုဆု ဒါတွေကို ရရှိခဲ့တာကြောင့် အလွန်ပျော်ရွှင်နေခဲ့ပေမဲ့ ဒါတွေအကုန်လုံးကို တစ်ယောက်တည်းမစားနိုင်ဘူးလို့တွေးမိတယ်။
ဒါကြောင့် သူတို့ထွက်သွားပြီးတာနဲ့ သူမကို ကူညီရှင်းလင်းပေးဖို့ အနောက်မှာကျန်ရစ်နေခဲ့တဲ့ လင်းချွမ်ကို ပြောလိုက်မိတယ်။
“ရှင် ဒါတွေကို မိဘတွေဆီ လှမ်းပို့ပေးလို့ရမလား.. ဒါက များလွန်းတယ်.. ကျွန်မတို့ချည်းပဲ မစားနိုင်လောက်ဘူး”
သို့ပေမယ့် လင်းချွမ်က သူမရဲ့လက်ကို အမှန်တကယ်ဆွဲကိုင်ပြီး အခုလိုပြောလာလိမ့်မယ်လို့ ဘယ်သူက တွေးခဲ့မိမှာလဲ။
“ဆုဆု အဲဒီနှစ်တုန်းက မင်းကိုလက်ထပ်ခဲ့ရတာ ကိုယ့်ရဲ့ဘဝအတွက် နောင်တရစရာ မရှိနိုင်ဆုံးကိစ္စဘဲ”
ဆုဆုတစ်ယောက် သူ့ကြောင့် သေလောက်အောင် လန့်သွားရတယ်။ ဒီလူက သူ့ဘဝရဲ့ ရှင်ခြင်းနဲ့ သေခြင်းကြားအခိုက်အတန့်မှာတောင် ဒီလို နူးညံ့တဲ့ စကားလုံးတွေကို မပြောတတ်တဲ့သူပဲ။ အခု ဒီအကြောင်းတွေကို ရုတ်တရက်ပြောလာတာနဲ့ လူတွေကို သူ ဘာလုပ်ချင်နေတာလဲဆိုပြီး တွေးသွားမိစေတယ်။
တကယ်တော့ သူ ဘာကြောင့် စိတ်လှုပ်ရှားနေတာလဲဆိုတာ သူမ သိပါတယ်။ နောက်ဆုံးမှာတော့ ဒါတွေက ဆုဆုရဲ့ ကိုယ်ပိုင်ကြွယ်ဝမှုတွေဖြစ်ပြီး သူတို့နှစ်ယောက်တည်းသာဆိုရင် အနည်းဆုံး နောက်နှစ်အထိ စားနိုင်တယ်။
ဒါပေမယ့် ဆုဆုက တစ်ယောက်တည်းအပိုင်မသိမ်းချင်ဘဲ သူ့မွေးရပ်မြေမှာရှိတဲ့ လူတွေဆီကို ပေးချင်နေခဲ့တယ်။ ဒီဘက်ခေတ်ကာလမှာ အစားအသောက်ကို အကောင်းဆုံးလို့ သတ်မှတ်တာဖြစ်ပြီး သူမရဲ့ အပြုအမူက ကမ္ဘာပေါ်မှာ အကောင်းဆုံးချွေးမလို့ အခေါ်ခံရလောက်တဲ့အထိ ထိုက်တန်စေတယ်လေ။
“တကယ်တော့ ရှင် ဒီလောက်ထိ စိတ်လှုပ်ရှားနေစရာ မလိုပါဘူး.. ဒီပစ္စည်းတွေက ပို့ပေးလို့ ရပါ့မလားဆိုပြီး ကျွန်မစိတ်ပူတယ်”
ခုခေတ်ကာလက သူမရဲ့ခေတ်မှာလို ကုန်စည်ပို့ဆောင်မှုတွေနှင့် နေ့ချင်းပြန်ပို့ဆောင်မှု အမျိုးအစားရှိနေတာမျိုး မဟုတ်ဘူးလေ။
“နည်းလမ်းရှိတယ်.. ကိုယ် သွားပို့ပေးလိုက်မယ်”
လင်းချွမ်က အိတ်တစ်လုံးနှင့် ပုံးတစ်ပုံးကို ရှာဖွေခဲ့ပြီး အဖေလင်းနှင့် အမေလင်းတို့အတွက် ခွဲဝေလိုက်ကာမြည်းလှည်းငှားပြီး ဘူတာရုံသို့ ဆွဲခေါ်သွားခဲ့တယ်။ သူဘယ်လိုနည်းလမ်းမျိုးကို သုံးလိုက်တာလဲဆိုတာတော့ မသိဘူး။ သူ သွားပို့ပေးခဲ့တယ်။
ဇနီးမောင်နှံနှစ်ယောက်က ရှင်းလင်းရေးကိုဆက်လုပ်ကြပြီး ညနေဘက်မှာတော့ ဖက်ထုပ်လုပ်ပြီးမှ အနားယူခဲ့ကြတယ်။
**