← Chapters

အခန်း (၁၃၀)

Vol. 13 Ch. 130

အခန်း (၁၃၀)

Vol. 13 Ch. 130

လင်းတုံဟဲ ပြန်လာချိန်မှာ သူက လစဥ်သုံးပစ္စည်းကို အစမ်းပြုလုပ်ခဲ့တဲ့ပုံစံပါလာခဲ့တယ်။ ဒီတစ်ခုက ဆုဆု  ယူလာတဲ့တစ်ခုလောက် ကောင်းမွန်ခြင်းမရှိပေမဲ့ သူတို့ စမ်းသပ်ကြည့်ပြီးချိန်မှာ စုပ်ယူအားကောင်းမွန်နေဆဲဖြစ်ကာ ယိုစိမ့်မှုမရှိခဲ့ဘူး။

အရွယ်အစားကလည်း သေးငယ်တာကြောင့် ကုန်ကျစရိတ်ကလည်း မကြီးခဲ့ဘူး။

ထုတ်လုပ်တဲ့စက်ကတော့ နည်းနည်းလောက်ခက်ခဲလိမ့်မယ်။ နောက်ပြီး ကိုယ်တိုင်ချုပ်လုပ်မယ််ဆိုရင်  အလွန်အားစိုက်ရမှာဖြစ်ပြီး အများကြီး ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး။

“ငါတို့တွေ ဖြတ်တောက်တဲ့စက်နှင့် ဖိနှိပ်ပြီး ကပ်တဲ့ စက်တစ်ခုလောက်လိုအပ်လိမ့်မယ်ထင်တယ်”

လင်းတုံဟဲက ပြောလာခဲ့တယ်။

“ကျွန်တော်တို့ စက်ရုံမှာ အတွင်းပိုင်းက ပုံသဏ္ဍာန်ကို တစ်ကြိမ်တည်းနဲ့ တိုက်ရိုက်ပုံဖော်နိုင်တဲ့ စက်တစ်ခုရှိတယ်.. အဲဒီစက်နဲ့ဆိုရင် ပုံသဏ္ဍာန်ဖော်ဖို့ လုံလောက်လိမ့်မယ်ထင်တယ်”

လင်းဟိုင်က စက်ရုံမှာ အလုပ်လုပ်နေခဲ့တာကြောင့် သူ့မှာ အတွေ့ အကြုံ တစ်ချို့ ရှိတယ်။

ဆုဆု:  “ဟုတ်တယ် အဲဒါပဲ..  ငါတို့တွေ စက်ရုံအလုပ်ဆိုဒ်တွေကို ရှာပြီးတော့ အထည်ချုပ်စက်ရုံမှာသုံးတဲ့ စက်တွေလိုမျိုး  စက်တွေတပ်ဆင်ရမယ်..  ပြီးတော့ ထုပ်ပိုးတဲ့စက်လည်း လိုအပ်တယ်..  ပြီးရင် ဝန်ထမ်းတွေငှားပြီး ထုတ်လုပ်ဖို့ လုပ်နိုင်တယ်”

သေချာတာပေါ့။ လူများလေလေ အင်အားကြီးလာလေလေပဲ။

လင်းတုံဟဲ : “ ဒါဆို ပိုက်ဆံတွေ အများကြီးလိုအပ်လိမ့်မယ်”

“ကိစ္စမရှိဘူး.. ကျွန်မတို့တွေ အတူစုပေါင်းလိုက်ကြတာပေါ့.. ကျွန်မမှာ တစ်ထောင်ကျော်ရှိတယ်.. လင်းလင်း နင့်မှာ ဘယ်လောက်ရှိလဲ”

“ငါ (500) ကျော်တက်နိုင်တယ်..  ဒါပေမယ့် နည်းနည်းလောက် ထပ်ပြီးစုဆောင်းနိုင်သေးတယ်”

“ငါ့မှာ ငါးရာကျော်ရှိတယ်”

လင်းတုံဟဲကလည်း ပြောလာတယ်။

ဒါဆို နှစ်ထောင်ကျော်ရသွားပြီ။

ဆုဆု :  “ကိစ္စမရှိပါဘူး.. ငါတို့အားလုံးပေါင်းလိုက်ရင် လုံလောက်  လောက်ပါတယ်”

ဒီဘက်ခေတ်မှာ နှစ်ထောင်ကျော်က အတော်လေးများနေပြီ။

ဒီတော့ လင်းတုံဟဲက ယုံကြည်မှုအပြည့်နင့် စက်တွေရှာဖို့ ထွက်သွားခဲ့တယ်။ အချိန် ငါးရက်မပြည့်ခင်မှာပဲ သူက စက်တွေရရှိနိုင်မဲ့အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး  စိတ်အားထက်သန်စွာနှင်် စပေါ်ငွေ ပေးချေခဲ့တယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ အမျိုးသားဇာတ်ဆောင်က လုပ်ရဲကိုင်ရဲမှုတွေရှိနေတာကြောင့် ဆုဆုကတော့ သဘောကျနေခဲ့တယ်။ သူတို့တွေ အခု စက်ကို ရှာတွေ့ပြီဖြစ်လို့ စက်ရုံ ဆောက်မဲ့နေရာကိုတော့ သူမကပဲ တာဝန်ယူလိုက်တယ်။

တနင်္ဂနွေတွေမှာ သူမမှာ ဘာမှ လုပ်စရာမရှိတာကြောင့် လမ်းလျှောက်ထွက်လာခဲ့ပြီး  အနီးနားက မြေနင်းအိမ်တန်းတွေကို ငှားရမ်းခဲ့တယ်။ ဒီနေရာက လူနေနည်းပါးပြီး အများအားဖြင့် စက်ရုံတွေမှသုံးစွဲနေတဲ့  ဂိုဒေါင်လိုအဆောက်အအုံတွေသာရှိတယ်။ အရေးကြီးဆုံးက မြေနေရာက ကျယ်ပြီး ခြံဝန်းလည်းရှိသေးတယ်။

ငှားရမ်းခကလည်း စျေးမကြီးဘူး။ တစ်လကို ယွမ် ၈၀ ပဲရှိတယ်လေ။

ဆုဆု နောက်ထပ် မစဉ်းစားတော့ဘဲ ထိုနေရာကို ငှားရမ်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ် စက်တွေက မှာယူထားပြီးပြီဖြစ်ကာ အလုပ်မလုပ်သေးရင် ဖြုန်းတီးရာရောက်နေလိမ့်မယ်။

အရေးကြီးဆုံးအရာနှစ်ခုကို ရရှိပြီးတဲ့နောက်မှာ ပိုင်လင်းလင်းက ပိုလို့တောင် တက်ကြွလာခဲ့တယ်။ သူက သူ့ရဲ့အဖေနဲ့ စကားအနည်းငယ်ပြောခဲ့ပြီး အိမ်ကို အဖေဖြစ်သူရဲ့ ဒေသခံသူငယ်ချင်းတချို့ကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့ကာ မကြာခင်မှာပဲ ကုန်ကြမ်းတချို့ ဝင်လာခဲ့တယ်။  သူမရဲ့ လှုပ်ရှားမှုတွေကတော့ ပုံမှန်မဟုတ်လောက်အောင် လျှင်မြန်လွန်းတယ်။

လင်းတုံဟဲက ဆုဆုနဲ့ပိုင်လင်းလင်းတို့ ဒီလောက်ထိ ကောင်းမွန်သပ်ရပ်စွာ ကိုင်တွယ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါကြောင့် သူ လှည့်ပတ်သွားလာပြီး စက်ရုံအတွက် အစားအသောက်တွေနှင့် နေထိုင်စရာပစ္စည်းတွေကို ရှာခဲ့တယ်။  တစ်လခွဲအတွင်းမှာပဲ သူတို့ရဲ့ စက်ရုံက  လည်ပတ်နိုင်ခဲ့ပြီ။

သူတို့သုံးယောက် တံခါးရှေ့မှာရပ်နေရင်းနှင့် အိပ်မက်မက်နေသလို ခံစားရတယ်။ အင်အားအကြီးဆုံးဖြစ်ခဲ့တာကတော့ ပိုင်လင်းလင်းရဲ့အဆက်အသွယ်တွေပဲ။

သူတို့တွေ စက်ရုံရဲ့အမည်ကို ရွေးချယ်ခဲ့ကြတယ်။

ဒါက လူသုံးယောက်က တည်ထောင်လည်ပတ်ခဲ့တဲ့စက်ရုံဖြစ်တဲ့အတွက် နူးညံ့မှုသန့်ရှင်းရေးသုံးပစ္စည်းစက်ရုံလို့ ခေါ်ခဲ့ကြတယ်။

စက်ရုံကို စာရင်းသွင်းတဲ့အချိန်တုန်းက လစဥ်သုံးပစ္စည်းတွေအပြင် တခြားပစ္စည်းတွေကိုလည်း ထည့်သွင်းခဲ့တာကြောင့် အနာဂတ်မှာ  လုပ်ငန်းကို ချဲ့ထွင်ဖို့ အဆင်ပြေလိမ့်မယ်။

စက်ရုံတည်ထောင်တဲ့အချိန်မှာ အလုပ်သမားတွေ လိုအပ်ပေမဲ့  ပထမဆုံးအနေနဲ့ ထုတ်ကုန်ကို ထုတ်လုပ်ဖို့ စက်တွေကို အသုံးပြုတတ်ဖို့ လိုအပ်တယ်။

လင်းချွမ်က ဒီကိစ္စအတွက် ကူညီပေးခဲ့တယ်။ သူက သူ့ရဲ့ညီအစ်ကိုတစ်စုကို လှမ်းခေါ်ခဲ့ပြီး အမျိုးသားတစ်စုက စက်တွေကို တပ်ဆင်ခဲ့ကာ ထုတ်လုပ်ရေးအကြောင်းကို စဉ်းစားပေးခဲ့ကြတယ်။  ရလဒ်အနေနဲ့ ပထမအသုတ် သာမာန်အဆင့်အတန်းရှိတဲ့ သန့်ရှင်းတဲ့လစဥ်သုံးပစ္စည်းတွေ ထွက်လာခဲ့တယ်။

ပိုင်လင်းလင်းက အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ငိုချလုမတတ်ပဲ။

“ဒါက သုံးလို့ရပြီလို့ထင်တာပဲ.. ငါတို့တွေ ဘာလို့ အတူစမ်းမသုံးကြည့်ကြမှာလဲ”

“နင်  ကိုယ့်ဘာသာကိုယ်သုံးကြည့်လေ.. ငါက နောက်ထပ် လနည်းနည်းလောက်ကျန်သေးတယ်”

ဆုဆု သူမရဲ့လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်တယ်။ ဒီ တစ်ဝက်တစ်ပြက် အချောသတ်ထားတဲ့ထုတ်ကုန်က အမှန်တကယ် ကောင်းမွန်ပေမဲ့ သူမကတော့ မလိုအပ်ဘူး။ သူမရဲ့ ကျောပိုးအိတ်ထဲက ပစ္စည်းတွေက ထပ်ခါထပ်ခါ ပြန်ရောက်လာနိုင်ပြီး အသုံးပြုနိုင်တယ်လေ။

သို့ပေမဲ့ အရင်တစ်ကြိမ်တုန်းကပြောထားခဲ့တဲ့ လင်းချွမ်ရဲ့ရဲဘော်တွေကို ထမင်းစားဖိတ်မဲ့ကိစ္စကတော့ စက်ရုံတည်ထောင်မဲ့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တာကြောင့် ဒီအချိန်ထိ နှောင့်နှေးနေခဲ့ရတယ်။ 

နွေရာသီမှာ စားပွဲနှစ်လုံးကို စီစဥ်ထားခဲ့ကာ အလည်မှာလည်း လေပန်ကာတစ်လုံးကို ဖွင့်ထားပေးတာကြောင့် အတော်လေး  ကောင်းမွန်နေခဲ့တယ်။

သို့ပေမဲ့ ဆုဆုကတော့ အတော်လေး နှိမ့်ချပြီးနေခဲ့တယ်။ သူမက စက်ရုံကို တည်ထောင်ထားခဲ့ပေမဲ့ တခြားလူတွေကို အသိပေးခြင်း မရှိခဲ့ဘူး။ ဒါ့အပြင် ဒီစက်ရုံကို အဓိကအားစိုက်ထုတ်ပေးနေတာက လင်းတုံဟဲဖြစ်ပြီး သူတစ်ယောက်ထဲ စက်ရုံဒါရိုက်တာနှင့် အစုရှယ်ယာရှင်ဆိုတဲ့ တာဝန်နှစ်ခုလုံးကို ဆောင်ရွက်ခဲ့တယ်။

သူတို့ အမျိုးသမီး နှစ်ယောက်ကတော့ အစုရှယ်ယာရှင်တွေ နဲ့ ရင်းနှီးမြှုပ်နှံသူတွေအဖြစ်သာ ပါဝင်ခဲ့တာကြောင့် သူ့အပေါ်အကြွေးတင်ထားတယ်လို့ သတ်မှတ်ထားခဲ့တယ်။

ပထမတုန်းကတော့ ပိုင်လင်းလင်းက သူမရဲ့အရေးကိစ္စ အဆင်ပြေဖို့အတွက်သာ တွေးပြီး စက်ရုံ ဆောက်ဖို့ သဘောတူခဲ့ပေမယ့် အခုတော့လိုမျိုး ကိစ္စကြီးတစ်ခုပြီးမြောက်သွားတဲ့အချိန်မှာ အလွန် စိတ်ကျေနပ်နေခဲ့တယ်။

လင်းတုံဟဲက ထုတ်ကုန်ကို ဘယ်လိုမြှင့်တင်ရရမလဲဆိုတာကို စဥ်းစားနေခဲ့ပြီး စက်ရုံမှာခန့်ဖို့အတွက် အလုပ်သမားတွေလည်း ခေါ်ဖို့ လိုအပ်သေးတယ်။

ထိုအကြောင်းကိုတွေးတောရင်း ဆုဆုရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာပြီး လင်းချွမ်ကိုလှမ်းမေးလိုက်တယ်။

“ပြောကြည့်..  စစ်တပ်ထဲကိုလိုက်လာတဲ့ စစ်သားရဲ့ဇနီးသည်တွေရှိတယ်မလား..  သူတို့တွေ စက်ရုံမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလောက်လား”

“ဆုဆု.. မင်းက မင်းရဲ့ ယောက်​မတွေကို ခေါ်ချင်​လို့လား”

လင်းချွမ်က အံ့သြစွာမေးလာတယ်။

“အင်းလေ..  ဘာကိစ္စရှိလို့လဲ.. သူတို့က ဒီအလုပ်ကို အထင်သေးကြလို့လား”

အစိုးရမှပေးအပ်ထားတဲ့ တရားဝင်အလုပ်ရှိတဲ့မိသားစုက ဒီလိုအလုပ်မျိုးကို အထင်သေးတာ ပုံမှန်ပဲလေ။

“မဟုတ်ဘူး.. မဟုတ်ဘူး.. စစ်တပ်ထဲက ဇနီးသည်တွေ တော်တော်များများက  အလုပ်ရှာနေကြတာ.. မရီးမှာသာ သူတို့ကို ခန့်ပေးဖို့အကြံရှိရင် သူတို့တွေကို ခန့်အပ်ပေးတဲ့အတွက်စစ်တပ်ကိုယ်စား  ကျွန်တော်တို့ကတောင် မရီးကို ကျေးဇူးတင်ရမှာ”

စစ်သားတစ်ယောက်က ချက်ချင်းပြောလာတယ်။

နောက်တစ်ယောက်ကလည်း  ဝင်ပြောခဲ့တယ်။

“ကျွန်တော့်ရဲ့ ဇနီးသည်ကလည်း အိမ်မှာပဲနေ,နေတာ.. တကယ်လို့ မရီးသာ သူမကို လိုချင်ရင် ကျွန်တော်  မနက်ဖြန် သူမကို ခေါ်လာခဲ့မယ်”

“ကောင်းပါပြီ .. ကျေးဇူးတင်ပါတယ်..  သူတို့သာ လာမယ်ဆိုရင် ကျွန်မတို့က သေချာပေါက် ကြိုဆိုမှာပါ”

ဆုဆုအနေနဲ့ လူတိုင်းက ဒီလောက်ထိစိတ်အားထက်သန်နေလိမ့်မယ်လို့  မမျှော်လင့်ထားခဲ့ဘူး။  သူမ ဒါကို နေသားမကျခဲ့ဘူး။

လင်းတုံဟဲသည်လည်း ဆုဆုက ဒီဝန်ထမ်းအပ်မဲ့ ပြသနာကို စကားတစ်ခွန်းတည်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ သူမက အမှန်တကယ်ကို ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ။  စက်ရုံက အမြတ်ငွေတွေ မရသေးပေမယ့် စက်ရုံကို မြန်မြန်ဆန်ဆန် ထူထောင်နိုင်လိုက်တဲ့အတွက် သူ တကယ်ကို ပျော်နေခဲ့တယ်။

အခုက ထုတ်လုပ်ရေးပဲ ကျန်ရှိတော့တယ်။

သို့ပေမဲ့ အခုကစပြီး စက်ရုံရဲ့လည်ပတ်မှုက လင်းတုံဟဲအပေါ်မှာပဲ မူတည်တော့မယ်။ ဆုဆုနဲ့ ပိုင်လင်းလင်းတို့ နှစ်ယောက်လုံးက တရားဝင် အလုပ်တွေရှိလို့ အချိန်မရွေး မလာနိုင်ဘူးလေ။

သို့ပေမဲ့ စစ်တပ်ရဲ့ခယ်မငါးယောက်ကတော့ အလျှင်အမြန် ရောက်လာခဲ့တာကြောင့် လင်းတုံဟဲက အလုပ်ကို စတင်ခဲ့တယ်။

အလုပ်စဝင်တဲ့နေ့ကတော့ တကယ်ကို အလုပ်ရှုပ်နေခဲ့တယ်။  စက်ပစ္စည်းတွေကို အသုံးပြုနည်းကို သင်ကြားပေးရမှာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတယ်။ လင်းတုံဟဲတစ်ယောက် မူးနောက်သလို ခံစားလာရတယ်။

သူ တွေးတောနေခိုက်မှာပဲ လင်းဟိုင်က စက်ရုံကို ရောက်လာခဲ့တယ်။ သူက အိတ်တစ်လုံးနဲ့အတူရောက်လာခဲ့ပြီး လင်းတုံဟဲကို ပြောခဲ့တယ်။

“ကျွန်တော်လည်း ဒီကို ဝင်ပြီးကူညီပေးမယ်..   ဒါက ကျွန်တော့်မရီးရဲ့ စက်ရုံပဲလေ.. ဒီတော့ ကူညီပေးရမှာပေါ့..  အဲဒါက ယွမ်တစ်ထောင်ကျော်ပဲ ရှိတယ်ဆိုပေမယ့် နှစ်မြှပ်သွားလို့မဖြစ်ဘူး”

အမှန်ပဲ။ ဆုဆုက ရင်းနှီးမြှုပ်နှံသူတွေထဲမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားခဲ့တယ်။  အမျိုးသားဇာတ်လိုက်က အလုပ်ကောင်းကောင်းလုပ်မှာဖြစ်ပြီး ဘယ်လိုအရာကိုမှ ဖုံးကွယ်ထားမှာမဟုတ်ဘူးဆိုတာကို သူမ ယုံကြည်ထားခဲ့တယ်ဆိုပေမဲ့ပေါ့။

လင်းတုံဟဲက မယုံကြည်နိုင်စွာနဲ့ပြောလာတယ်။

“ကောင်းပြီ ကောင်းပြီ..  ဒါဆို ငါ မင်းကို တကယ် ကျေးဇူးတင်ပါတယ်”

မူလတုန်းကတော့ သူက  လင်းဟိုင်ကို အနည်းငယ် အထင်သေးခဲ့တယ်။ သူက လူတွေကို ကြီးကြပ်စီမံတဲ့အတွေ့အကြုံတောင် မရှိဘူးလေ?

ဒါပေမယ့် သူ့ရဲ့အတွေးတွေက မှားယွင်းနေခဲ့တယ်။  လင်းဟိုင်က အထည်ချုပ်စက်ရုံမှာ အမှန်တကယ်ကို အသုံးဝင်တဲ့ ကိစ္စတွေကို သင်ယူထားခဲ့တယ်။

သူက ရောက်လာတာနဲ့ ထုတ်လုပ်မှုရဲ့နည်းလမ်းတွေကို အစဥ်လိုက်အတိုင်း စီစဉ်ပေးသွားခဲ့ပြီး လူတိုင်းက အလုပ်ကိုယ်စီကို ချက်ချင်းလုပ်သွားနိုင်ခဲ့ကြကာ အလုပ်တွေက ရှုပ်ထွေးနေခြင်းမရှိတော့ဘူး။

ထုတ်လုပ်မှုလမ်းကြောင်းတည်ငြိမ်သွားတာနဲ့ တပြိုင်နက် ထုတ်လုပ်အခြေအနေတွေက တဖြည်းဖြည်းနဲ့ ပြသနာတွေ ပျောက်ကွယ်သွားလိမ့်မယ်။ ရလဒ်အနေနှင့် ပထမအသုတ်ရဲ့ ရလဒ်တွေက နူးညံ့မှုစက်ရုံဆိုတဲ့ အမှတ်တံဆိပ်နာမည်ဖြင့် ရရှိလာခဲ့တယ်။

လင်းတုံဟဲက လစဥ်သုံးပစ္စည်းတစ်ထုတ်ကို ကိုင်ဆောင်ရင်း ဘယ်သူမှ မရှိတဲ့ တစ်နေရာကို ရှာကာ အော်ဟစ်ပြီး ငိုကြွေးခဲ့တယ်။

ဒီလိုနဲ့ လင်းဟိုင်တစ်ယောက် အိမ်သာသွားဖို့ ထွက်လာတဲ့အချိန်မှာ  ဝက်ဝံတစ်ကောင်လို အော်ငိုနေတဲ့ သူ့ရဲ့ဒုတိယအစ်ကိုကို တွေ့လိုက်ရတော့တယ်။ သူက သူ့ရဲ့မျက်လုံးတွေကို ကောင်းကင်ကိုရောက်တဲ့အထိ လှန်လိုက်မိပေမဲ့ အကြည့်လွှဲလိုက်ကာ သူ့ကို သွားပြီးမမေးမြန်းခဲ့သလို နှစ်သိမ့်မှုလည်း မလုပ်ခဲ့ဘူး။

သူက ဒီအတိုင်း မမြင်ချင်ယောင်သာ ဆောင်သွားခဲ့လိုက်တယ်။ သူလည်း အတော်လေးခံစားခဲ့ရတာပဲလေ။

လင်းဟိုင်က ထိုအတွေးနှင့် စက်ရုံကို အလုပ်ဆက်လုပ်ဖို့ ပြန်သွားခဲ့တယ်။

ညနေဘက်ကိုရောက်တော့ ဆုဆုနဲ့ ပိုင်လင်းလင်းတို့ နှစ်ယောက်လုံးရောက်လာကြပြီး  အချောသတ်ထားတဲ့ ကုန်ပစ္စည်းကိုတွေ့လိုက်ရတော့  အလွန်စိတ်လှုပ်ရှားသွားခဲ့ကြတယ်။

**

All Chapters