← Chapters

အခန်း (၁၂၁)

Vol. 13 Ch. 121

အခန်း (၁၂၁)

Vol. 13 Ch. 121

ကိစ္စတွေက ဒီလိုဖြစ်လာခဲ့ပြီဆိုမှတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်က သေချာပေါက် သွားရမှာပေါ့။ အဆုံးမှာ ကျောင်းအုပ်ကြီးကွမ်းကိုယ်တိုင်က တံခါးဆီကို ရောက်လာပြီးဖိတ်ခဲ့တာလေ။

လင်းချွမ်က အလွန်တည်ငြိမ်စွာ ပြုမူခဲ့ပြီး ကျောင်းအုပ်ကြီးကွမ်းရဲ့ဖိတ်ခေါ်မှုကို သဘောတူကာ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်။

သူ့အနေနဲ့ ကံကြမ္မာက အတော်လေး ရှုတ်ထွေးတယ်လို့ ခံစားမိနေခဲ့တယ်။

ဆုဆု လင်းချွမ်ရဲ့အမူအရာကိုကြည့်ရင်း အနည်းငယ်ထူးဆန်းစွာ မေးမိတယ်။

“ရှင် ဘာလို့ မပျော်မရွှင်ဖြစ်နေပုံရတာလဲ”

ယုတ္တိကျကျပြောရရင် ဒီကိစ္စက လင်းချွမ်နှင့် ဘာမှမဆိုင်ဘူးလေ။ သူ အခုလိုမျိုး အလွန်အမင်းထူးမခြားနားသလိုဟန်ပန်မျိုး ရှိမနေသင့်ဘူး။

“ကိုယ့်ရဲ့ ဦးလေးမိသားစုက လင်းတုံဟဲကို စောင့်ရှောက်ပြုစုပေးခဲ့ပြီး သူ့ရဲ့ဇနီးသည်နှင့် လက်ထပ်ဖို့အတွက် ခရိုင်ကအစားအသောက်တွေတောင် ချေးငှားယူထားခဲ့ရတယ်.. ဒါပေမဲ့ အခုတော့ သူက သူ့မိဘအရင်းဆီပြန်သွားပြီလေ”

လင်းချွမ် အနည်းငယ် စိတ်မချမ်းမသာဖြစ်နေခဲ့တယ်။

အိုး ကြည့်ရတာ လင်းတုံဟဲက ကျေးဇူးမသိတတ်သလိုဖြစ်နေတာပဲ။

“သူ့ဆီမှာလည်း ရွေးချယ်စရာမရှိဘူးလို့ထင်တာပဲ.. အခုလိုမျိုး သူ့ကို အထင်သေးပြီး နှိမ့်ချတဲ့ ဇနီးသည်ကို လက်ထပ်ထားခဲ့ရတာ.. သူသာ ရွာမှာပဲ ဆက်နေမယ်ဆိုရင် သူ့ရဲ့ဘဝမှာ အခွင့်အရေးတွေက ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး.. သူ့လို အမျိုးသားတစ်ယောက်အတွက်တော့ အခုလိုဆုံးဖြတ်လိုက်တာက ပုံမှန်ပါပဲ”

ဆုဆု သူမရဲ့ခါးကိုပွတ်သပ်ရင်းပြောလိုက်တယ်။

လင်းချွမ် မျက်မှောင်ကြုတ်ကာ သူ အခု ချင်ယွဲ့ယွဲ့အကြောင်းကို အတော်လေး မြင်တွေ့နိုင်နေပြီလို့တွေးမိတယ်။

ထိုအမျိုးသမီးမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်ဆိုပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့ အတ္တကိုဖြည့်ဆည်းချင်ရုံသက်သက်ပဲ။ သူမကိုယ်သူက စိတ်အားတက်ကြွတဲ့သူတစ်ယောက်လို့ပြောဆိုနေပေမဲ့ အမှန်တကယ် စိတ်အားတက်ကြွတဲ့သူလိုမျိုးမဟုတ်ဘူး။

အမှန်တကယ် ကိုယ့်ကိုယ်ကို စိတ်ခွန်အားတက်ကြွပြီး ကြိုးစားတတ်တာက သူ့ရဲ့ဇနီးသည်လိုအမျိုးသမီးမျိုးပဲ။

သူမက သူမလိုချင်တဲ့အရာအတွက် တိုက်ပွဲဝင်ချင်ပြီး ယောက်ျားတွေအပေါ်မှာ မှီခိုအားကိုးဖို့ ဘယ်တုန်းကမှ မတွေးဘူး။

ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဇနီးသည်က လုံးဝ မမှီခိုတာကလည်း သိပ်ပြီးကောင်းပုံမရဘူး။ သူ နည်းနည်းလောက် မလုံခြုံသလို ခံစားရတယ်။ သူတို့မှာ ကလေးတစ်ယောက်ရှိနေပြီဆိုပေမဲ့ သူမက တောက်ပလွန်းနေတုန်းပဲ။

တကယ်လို့ သူမဆီမှာ တခြားအတွေးတွေရှိနေရင် ဘယ်လိုလုပ်မလဲ။

တကယ်ကို ဝမ်းနည်းစရာပဲ။

အမျိုးသားတစ်ယောက်ဖြစ်ရတာ ခက်ခဲလွန်းတယ်။

“ဒါတွေက သူကိုယ်တိုင်ရွေးချယ်တဲ့လမ်းပဲလေ’

လင်းချွမ် ထိုအကြောင်းတွေကို အဆုံးသတ်လိုက်ပြီး သူမကို လှမ်းမေးလိုက်တယ်။

“ဇနီးလေး မင်း အဲဒီနေ့က ဘာဝတ်မှာလဲ.. မီးအိုးထိုးစရာလိုသေးလား”

“လိုတယ်”

သူမရဲ့အဝတ်အစားတွေက လျှော်ဖွတ်မီးအိုးထိုးနေစရာမလိုဘူး။  ကျောပိုးအိတ်ထဲ တစ်ရက်လောက်ထည့်ပြီး ပြန်ထုတ်လိုက်ရင် မူလအတိုင်း ပြန်ရရှိနိုင်တယ်။

သို့ပေမယ့် လင်းချွမ် အတွေးများနေမှာကို သူမ စိတ်ပူခဲ့တယ်။ လူအများစုက ဒီလိုအံ့သြဖွယ်ရာပစ္စည်းတွေကို  အလွန်အမင်းတွေးတောမိကြလိမ့်မယ်။ အနည်းဆုံးတော့ အခုချိန်မှာ လင်းချွမ်ကို ဒီအကြောင်းတွေ မပြောပြချင်သေးဘူး။

လင်းချွမ်က ဆုဆုရဲ့အဝတ်အစားတွေကို ပြင်ဆင်ပေးခဲ့ရင်း ပြောလာတယ်။

“မင်းရဲ့အဝတ်အစားတွေကို ဗီရိုထဲမှာ ထည့်ထားလိုက်ပါလား..  ကျောပိုးအိတ်ထဲထည့်ရင် ရှုံ့သွားလိမ့်မယ်”

သူမကို ကြည့်ရတာ အချိန်မရွေး သူမရဲ့ ကျောပိုးအိတ်နဲ့ ထွက်ပြေးတော့မဲ့ပုံရနေတယ်။

“ဒီထဲမှာထည့်ထားတာ အဆင်ပါတယ်.. ရှာရလွယ်တယ်လေ”

ဆုဆုအနေနဲ့ အခုလိုခေတ်ကာလမှာရောက်ရှိနေတဲ့အပေါ် ကိုယ့်ကိုယ်ကို မလုံခြုံသလိုခံစားနေရတာကို သိတယ်။

အမှန်တော့ ဘီဒိုထဲမှာ ရှာရတာက ပိုအဆင်ပြေပေမယ့် သူမ တကယ်ကို မထည့်ချင်ဘူး။

ဒီနေရာမှာ စိတ်ချလက်ချနေနိုင်ဖို့အတွက် နောက်ထပ် နှစ်နှစ်လောက်ကြာရင်တော့ ဖြစ်နိုင်လောက်လိမ့်မယ်လို့ ထင်ရတာပဲလေ။

လင်းချွမ်ကလည်း သူမကို အတင်းအကြပ် မပြောခဲ့ဘူး။ သူက သူမရဲ့ အဝတ်အစားတွေကိုအဆင်ပြေအောင်သာ ဆက်လုပ်နေခဲ့တယ်။

သူတို့ ဇနီးနောင်နှံရဲ့ဆက်ဆံရေးက တခြားလူတွေထက် ပိုခိုင်မြဲနေတာကြောင့် လင်းချွမ်က မှားယွင်းစွာ မတွေးတောခဲ့ဘူး။ သို့ပေမယ့် သူ့ရဲ့စိတ်က အမြဲတမ်းတည်ငြိမ်နေခဲ့ပြီး  ဆုဆုအနေနဲ့ ငယ်စဥ်အရွယ်ကတည်းက မိဘမဲ့ဖြစ်နေခဲ့တာကြောင့် စိတ်လုံခြုံမှုမရှိဖြစ်နေခဲ့တာလို့သာ တွေးတောခဲ့တယ်။

ဒါကြောင့် သူ့အပေါ်မှ သူမ ပိုပိုပြီးယုံကြည်လာစေဖို့ ကြိုးစားသင့်တယ်။ ဒီလိုဆိုရင် အနှေးနဲ့အမြန် သူမက သူ့ကိုမှီခိုအားကိုးလာခောက်မှာပါ။

လင်းချွမ်က အမျိုးသမီးတစ်ဦးရဲ့နှလုံးသားကို အနိုင်ယူရန်အတွက် အတုံးအ,ဆုံးနည်းလမ်းကို အသုံးပြုခဲ့ပေမဲ့လည်း ထိုနည်းလမ်းက ဉာဏ်အကောင်းဆုံးသောနည်းလမ်းလည်းဖြစ်နေပြန်တယ်။

သူတို့နှစ်ယောက် အဆင်သင့်ဖြစ်တော့  အဝတ်အစားတွေကိုပြောင်းလဲဝတ်ဆင်ပြီး စက်ဘီးတစ်စီးငှားကာ စစ်တပ်နယ်မြေတစ်ခုသို့ စီးသွားခဲ့ကြတယ်။ ဒီနယ်မြေမှာနေထိုင်တဲ့လူအများစုက တပ်မတော်ရဲ့ မိသားစုဝင်တွေဖြစ်ပြီး လူတိုင်းက စစ်မှုထမ်းဟောင်းတွေနဲ့ ခေါင်းဆောင်အရာရှိတွေပဲ။

သူတို့တွေ တံခါးဝမှာ လုံခြုံရေးအစောင့်နဲ့ စကားပြောဆို မေးမြန်းခဲ့ပြီး တစ်ဖက်လူရဲ့ လမ်းညွှန်ပေးမှုအရ ခေါင်းဆောင်ရဲ့အိမ်တံခါးဝဆီကို ရောက်သွားခဲ့ကြတယ်။

အိမ်က သေးငယ်တဲ့ နှစ်ထပ်တိုက်ဖြစ်ပြီး စတုရန်းမီတာ တစ်ရာခန့်သာရှိကာ  ကျယ်ဝန်းတယ်လို့ ပြောလို့မရဘူး။

အိမ်နောက်ဘက်တွင် ပန်းခြံတစ်ခုနှင့် ဂိုဒေါင်ငယ်တစ်ခုပါရှိပြီး ခြံအတွင်း ဘယ်နေရာမှာမဆို ကားပါကင်ထိုးနိုင်တယ်။

သူတို့တွေ စက်ဘီးကို ရပ်လိုက်ပြီး တံခါးကို ခေါက်လိုက်ချိန်မှာချင်ယွဲ့ယွဲ့က တံခါးလာဖွင့်ပေးခဲ့တယ်။

သူမသာ လင်းချွမ်ရဲ့ဇနီးဖြစ်ခဲ့ရင်  ဒီနေရာကိုလာဖို့ အရည်အချင်းမရှိနိုင်ဘူး။ အခု သူမက လင်းတုံဟဲရဲ့ဇနီးဖြစ်နေတာကြောင့် အခုလိုဖိတ်ကြားခံရတာက ပုံမှန်ပဲ့လေ။ အထူးသဖြင့် သူမရဲ့ လက်ရှိအနေအထားက လင်းတုံဟဲနဲ့ လက်ထပ်ထားတဲ့ ဇနီးသည်လို့ သတ်မှတ်ခံထားရတာကြောင့် လင်းတုံဟဲရဲ့မိသားစု သူမကို အလွန်အကျွံ ငြင်းပယ်ခြင်းမပြုနိုင်ဘူး။

ဒီတော့ လက်ရှိ သူမရဲ့အမူအရာကဘယ်လိုမျိုး ဖြစ်နေနိုင်မလဲ။

ဂုဏ်ယူမှု၊ ကြွးဝါချင်မှု ဒါမှမဟုတ် အားရကျေနပ်မှုတွေ။

ဘာပဲဖြစ်ဖြစ်  ဆုဆုကတော့ ဇာတ်လိုက်မက သူမအပေါ် အတော်လေး ရန်လိုနေတယ်လို့ ခံစားမိပြီး သူမနဲ့လည်း ယှဥ်ပြိုင်ဖို့ စိတ်ကူးရှိပုံရတယ်လို့ ခံစားမိတယ်။

တကယ်တော့ သူမသည်လည်း ဇာတ်လိုက်မနှင့် မကြာခဏ နှိုင်းယှဉ်ကြည့်လေ့ရှိတာပဲလေ။ ဒါက သူတို့ရဲ့ ကံကြမ္မာတောင်ဖြစ်နိုင်လောက်မလားပဲ။

“ရောက်လာပြီလား.. လာခဲ့လေ.. တုံဟဲက ရှင်တို့ကို စောင့်နေတာကြာပြီ”

ချင်ယွဲ့ယွဲ့က အပြုံးတစ်ခုနဲ့ သူတို့ကို  ဝင်ခွင့်ပြုလာတယ်။

ဆုဆုရဲ့ စိတ်ထဲမှာတော့ ချင်ယွဲ့ယွဲ့က အခုလိုအပြုံးမျိုး ဘယ်သူ့ကိုမှ ပြုံးမပြဖူးကြောင်း တွေးနေမိတယ်။ ဒီအပြုံးက အလွန်အမင်း တောက်ပလွန်းနေတယ်။

ဒါ့အပြင် မကြာသေးခင်ကတည်းက သူမက ကျောင်းတက်နေခဲ့ရပြီး အလုပ်ကြမ်းတွေ မလုပ်ခဲ့ရတာကြောင့် အသားအရည်က ပိုမိုဖြူဝင်းလာကာ ပိုပြီး စိုပြေလာပုံရပြီး အလွန်အမင်းပြောင်းလဲသွားခဲ့တယ်။ သူမကို အမှန်တကယ် လှပတဲ့အမျိုးသမီးအဖြစ် မှတ်ယူနိုင်တယ်။

ဒီနေ့မှာတော့ သူမက ပန်းပွင့်တွေပါတဲ့ ရှပ်အကျီအရှည်ကို အောက်ဘက်မှ ဘောင်းဘီအနက်ရောင်နဲ့တွဲဖက်ဝတ်ဆင်ထားပြီး အတော်လေးသပ်ရပ်နေပုံရတယ်။

ဆုဆု သူမရဲ့ အတွင်းစိတ်ထဲမှ အတွေးတွေကို ဂရုမစိုက်တော့ဘဲ လင်းချွမ်နှင့်အတူ သဘာဝကျစွာနဲ့ အထဲကိုလျှောက်လှမ်းဝင်သွားခဲ့တယ်။

ချင်ယွဲ့ယွဲ့အနေနဲ့ ဆုဆုကို ဖိနှိပ်ဖို့ စိတ်ကူးရှိနေခဲ့တယ်။  အရင်တုန်းက ဆုဆုက သူမကို ဖိနှိပ်ပညာပြခဲ့တယ်လေ။

သူမက နောက်ဆုံးမှာတော့ ရွာမှထွက်ပြီး သူမလိုချင်တဲ့ တက္ကသိုလ်ကျောင်းသူဘဝသို့ ရောက်လာခဲ့ရပေမဲ့  တစ်ဖက်လူက သူရဲ့ရဲ့တက္ကသိုလ်မှ် ဆရာမတစ်ယောက်ဖြစ်နေခဲ့ပြန်တယ်။ ဒီလိုဖြစ်ရပ်မျိုးက လူအများအတွက်လက်ခံဖို့ ခက်ခဲလွန်းတယ်။

အထူးသဖြင့် ဆုဆုက သူမကို ပိုက်ဆံမချေးပေးခဲ့ဘဲ သူအးမအပေါ်မှာ အထင်သေးနှိမ့်ချခဲ့သေးတယ်။

အခုတော့ သူမရဲ့ခင်ပွန်းသည်ကဒီလိုကြီးမားတဲ့မိသားစုထဲမှ ယောက်ျားက မိသားစုရဲ့ အကြီးဆုံးသားတစ်ယောက်ဖြစ်လာခဲ့ပြီ။ တကယ်လို အနာဂတ်မှာ သူတို့တွေ  အခက်အခဲတွေနှင့် ကြုံလာရပြီး အကူအညီတောင်းချင်တယ်ဆိုရင်တောင် အရာအားလုံးက သူမရဲ့ စိတ်သဘောထားအပေါ်မှာ မူတည်သွားလိမ့်မယ်။

ဒီအကြောင်းတွေကို တွေးတောရင်းနဲ့ သူမရဲ့ ခံစားချက်တွေက ပိုကောင်းလာသလို ခံစားရပြီး သူမရဲ့နောက်ကျောကလည်း ပိုလို့တောင် ဖြောင့်တန်းလာခဲ့တယ်။

ထိုအခိုက်မှာ ခေါင်းဆောင်ကွမ်းနှင့် လင်းတုံဟဲတို့က အိမ်ခန်းအတွင်းဘက်မှ ထွက်လာခဲ့ကြတယ်။ နှစ်ရက်လောက်ကြာအောင်လေ့လာကြည့်ရှုပြီးနောက်မှာ ခေါင်းဆောင်ကွမ်းက သူ့ရဲ့ ကျေးလက်မှာနေခဲ့ရတဲ့ သားဖြစ်သူကို အလွန်ကျေနပ်နေခဲ့တယ်။

သူက သူ့ရဲ့သားဖြစ်သူကို ပြုစုစောင့်ရှောက်ပေးထားခဲ့တဲ့ လင်းမိသားစုကိုလည်း အထူးကျေးဇူးတင်နေခဲ့ကာ သူ့မှာ အချိန်ရလာခဲ့မယ်ဆိုရင် တစ်ယောက်ယောက်ကိုခေါ်ပြီး  လင်းမိသားစုဆီသို့ သွားတွေ့ဖို့ တွေးထားခဲ့တယ်။

သို့ပေမယ့် လင်းတုံဟဲက သူ့ဦးလေးရဲ့ သားသမီးတွေလည်း ဒီမှာနေရှိပြီး X တက္ကသိုလ်မှာတောင် တက္ကသိုလ်ဆရာတစ်ယောက်အဖြစ် ရှိနေကြောင်း ပြောလာတာကို ကြားတော့ ကျောင်းအုပ်ကွမ်းဆီကိုခေါ်လိာက်ပြီး သူ့အိမ်ကို ဖိတ်ခိုင်းခဲ့တယ်။

သို့ပေမယ့် သူတို့တွေရောက်မလာခင်အထိ လင်းတုံဟဲရဲ့ ဆွေမျိုးတွေဆိုတာက ငယ်ရွယ်တဲ့စုံတွဲဖြစ်တဲ့ လင်းချွမ်နှင့် ဆုဆုတို့ကို ရည်ညွှန်းခဲ့မှန်းကို မသိခဲ့ဘူး။

အခု သူတို့ဖြစ်ကြောင်း သိလိုက်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ မျက်နှာပေါ်မှာ အလွန်ရှားပါးလွန်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့လေတယ်။

“ငါ ဒါကို စောစောကတည်းက တွေးလိုက်မိသင့်တယ်..  လင်းမိသားစုက ကလေးတွေကို သင်ကြားပြသပေးတဲ့နေရာမှာ တကယ်ကိုကောင်းမွန်လွန်းတာပဲ..

လင်းချွမ် နဲ့ ရှောင်ဆုတို့က မင်းပြောခဲ့တဲ့ ဆွေမျိုးတွေဖြစ်နေလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး.. လာခဲ့..လာခဲ့.. ဒီမှာ လာထိုင်ကြ .. ဒုတိယကလေးကလည်း ဘာမှထည့်မပြောခဲ့တော့ ငါတစ်ယောက်တည်းဘဲ ဘာမှမသိရဘူးဖြစ်နေခဲ့တယ်”

လင်းချွမ်က စစ်ရေးအလေးပြုပြီးနောက် ဆုဆုကို ဆွဲခေါ်ကာ အတူ ဝင်ထိုင်ခဲ့တယ်။

“တကယ်တော့ လင်းတုံဟဲရဲ့အဖေက  ခေါင်းဆောင်ဖြစ်နေမယ်ဆိုတာကို ကျွန်မ သိထားခဲ့ပြီးပြီ”

ဆုဆု အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။

တစ်ဖက်မှာတော့ ချင်ယွဲ့ယွဲ့တစ်ယောက် လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်မိတယ်။

သူတို့တွေ  တစ်ယောက်နှင့်တစ်ယောက် သိလိမ့်မယ်လို့  သူမ မမျှော်လင့်ခဲ့မိဘူး။

အထူးသဖြင့် ဒီယောက္ခမ(ထီး)ပဲ။ သူမကိုတွေ့တဲ့အချိန်တုန်းက ပြုံးလာတာကိုတောင် မမြင်ခဲ့ရဘူး။ အခုချိန်မှာတော့ သူတို့အတွက် အလွန်အမင်း စိတ်အားထက်သန်လွန်းနေပုံရတယ်။ 

ချင်ယွဲ့ယွဲ့တစ်ယောက် မျက်မှောင်ကြုတ်မိတာကို မထိန်းနိုင်ခဲ့ဘူး။

“အဖေ.. အဖေက ဆုလောင်ရှစ်နဲ့ အစ်ကိုချွမ်ဇီကို သိနေခဲ့တာလား”

သူမက မလိုလားဘဲရှိနေခဲ့ပေမဲ့ တစ်ဖက်မှာတော့ အလွန်ရင်းနီးနေသလို ဟန်ဆောင်ကာ ဝင်ပြောခဲ့တယ်။

“အင်း”

သို့သော်လည်း ခေါင်းဆောင်ကွမ်းကတော့ သူမကို  ထူးမခြားနားဟန်ဖြင့်သာ တုံ့ပြန်ခဲ့ကာလင်းချွမ်နှင့် ဆုဆုတို့အတွက် လက်ဖက်ရည်ငဲ့ပေးဖို့ တစ်ယောက်ယောက်ကို တောင်းဆိုခဲ့တယ်။

All Chapters