← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

ကျောင်းအုပ်ကြီးကွမ်းနှင့် သူ့ရဲ့ ဇနီးသည်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြန်သွားဖို့ဆွေးနွေးခဲ့ကြပေမဲ့ မသွားခင် ခဏလောက် စကားပြောနေခဲ့ကြသေးတယ်။ အဆုံးမှာ သူတို့က အစ်ကိုဖြစ်သူရဲ့အိမ်ကို ရောက်လာတာဖြစ်ပြီး ခဏလောက်တော့ နေသင့်သေးတယ်လေ။

တစ်ဖက်မှာတော့ လင်းတုံဟဲနှင့် ချင်ယွဲ့ယွဲ့တို့က လင်းချွမ်တို့ကို အပေါက်ဝသို့ လိုက်ပို့ပေးနေခဲ့ကြတယ်။

လင်းချွမ်က စက်ဘီးခြေနင်းကို ခြေထောက်တစ်ဖက်တင်ရင်း ပြောလိုက်တယ်။

  “ငါတို့ သွားတော့မယ်..  မင်းပြန်လို့ရပြီ”

“ကောင်းပြီ”

လင်းတုံဟဲကလည်း စကားအများကြီးမပြောခဲ့ဘူး။ သူ့ဝမ်းကွဲအစ်ကိုရဲ့  စိတ်သဘောထားက တင်းကြပ်လွန်းပြီး သူ့အပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။ အခုချိန်မှာ ဆုဆုသည်လည်း တူညီသော သဘောထားရှိနေတာကို တွေ့လိုက်ရတယ်။ ဟိုးအရင်ကရော အခုရော သူမက အရမ်းကိုဝေးကွာတဲ့နေရာမှာရှိနေသလိုမျိုးပဲ။

ချင်ယွဲ့ယွဲ့ကသာ ဒီနေရာမှာ အပြောင်းလဲဆုံးလူလို့ ပြောနိုင်တယ်။

လင်းချွမ်နဲ့ သူ့ရဲ့ဇနီးသည် ထွက်သွားတာကို ကြည့်ပြီး သူခေါင်းကို လှည့်ကာ ချင်ယွဲ့ယွဲ့ကို ကြည့်လိုက်တယ်။ သူမက သူ့ကို ဟိုးအရင်က (ရွာ)အဖွဲ့ထဲမှာ ရှိနေတုန်းကလို ချစ်ခင်ကြင်နာစွာ ကြည့်နေခဲ့တယ်။

ဒါပေမယ့် သူမ ကောလိပ်စတက်ကတည်းက ဒီလိုမျက်လုံးမျိုးနဲ့ သူ့ကို ကြည့်လာတာကို သူ မတွေ့ခဲ့ရတော့ဘူး။

“သွားပြီးထုပ်ပိုးလိုက်တော့.. ငါ မင်းကို ကျောင်းကိုပြန်ပို့ပေးမယ်”

“ဘာလို့လဲ.. ဒီနေ့မှ ရှင့်ရဲ့မိဘအရင်းတွေကို တွေ့ခဲ့ရတာလေ..  ကျွန်မတို့တွေ ဒီမှာ ရက်နည်းနည်းလောက်ကြာအောင် ထပ်မနေသင့်ဘူးလား”

“ကျောင်းရဲ့အတန်းတွေကို နှောင့်နှေးစေလို့မရဘူးလို့ မင်းပြောခဲ့တယ်မလား? အထူးသဖြင့် စာလေ့လာရေးအဖွဲ့ကို မင်းစီစဉ်ထားတာဆို.. မင်း စာကို ကြိုးကြိုးစားစားလေ့လာရမယ်..  ခက်ခက်ခဲခဲရခဲ့တဲ့ အခွင့်အရေးကို တိုးတက်အောင်မလုပ်ဘဲ မင်းအသက်မရှင်နိုင်ဘူးလို့ မင်းကိုယ်တိုင် ပြောခဲ့တာမဟုတ်ဘူးလား”

သူမကို ပိတ်ဆို့ဖို့ ဒီလိုစကားလုံးတွေကိုပါ သုံးနေတာလား။ ဒီလူက တကယ့်ကို ဆိုးရွားနေတာပဲ။

ချင်ယွဲ့ယွဲ့ ပြုံးလိုက်တယ်။

“ရှင်ဘာတွေပြောနေတာလဲ..  အခုက အဲလိုအရာတွေကို တွေးတောနေစရာလား.. ရှင့်ရဲ့မိဘတွေစာရင် ဘာတစ်ခုမှ အရေးမကြီးဘူးလေ.. သူတို့က ရှင့်ကိုမွေးထုတ်ပေးခဲ့တဲ့လူတွေပဲ.. ကျွန်မတို့တွေ ဝတ္တရားကျေပွန်မှဖြစ်မှပေါ့”

ချင်ယွဲ့ယွဲ့ အနေနဲ့ မူလတုန်းက သူမပြောခဲ့တဲ့စကားတွေက အပြစ်အနာအဆာမရှိချောမွေ့နေခဲ့တယ်လို့   ထင်ခဲ့ပေမဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ လင်းတုံဟဲက အော်ရယ်လာခဲ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။

“အဲလိုကိုး.. ဒါဆိုငါက ဝတ္တရားဆိုတဲ့စကားလုံးကို ကောင်းကောင်းမသိတဲ့ လူဖြစ်နေတော့မှာပဲ”

“သူတို့တွေက ရှင့်ရဲ့မိဘတွေမဟုတ်ဘူးလား.. ကျွန်မက သူတို့ကို လုပ်ကျွေးပြုစုတာက ဖြစ်သင့်တာပဲ  မဟုတ်ဘူးလား”

ချင်ယွဲ့ယွဲ့ လင်းတုံဟဲရဲ့ လက်ကို ဆုတ်ကိုင်လိုက်တယ်။

“ရှင် စိတ်ဆိုးနေသေးတာလား?”

“ငါတို့အိမ်ထောင်ကျပြီး ရွာမှာ နှစ်လနီးပါးလောက်နေခဲ့တယ်.. မင်း ငါ့ရဲ့မိဘတွေကို ပြုစုလုပ်ကျွေးချင်တယ်လို့ပြောလာတာကို ငါ တစ်ခါမှ မကြားခဲ့ဖူးဘူး”

သူမက သူနဲ့တောင် လိင်ဆက်ဆံမှု မပြုခဲ့ဘူး။  ဒါကြောင့်ပဲ သူတို့တွေ လင်းချွမ်ရဲ့အိမ်မှာ ခဏလောက် သွားငှားနေခဲ့ရတယ်။

ထိုအချိန်တုန်းက လင်းတုံဟဲအနေနဲ့ သူ့ရဲ့မိဘတွေ ဘယ်လောက်တောင် ခက်ခဲနေခဲ့ရမလဲဆိုတာကို သိပေမဲ့လည်း သူက သူ့ကိုယ်သူ လေးစားမှု နည်းပါးခဲ့တယ်။ သူက သူ့ကိုယ်သူ ချင်ယွဲ့ယွဲ့နဲ့ မထိုက်တန်ဘူးလို့ ခံစားရပြီး သူမအတွက် ကောင်းမွန်တဲ့ဘဝကို မပေးနိုင်တဲ့အတွက် သည်းခံဖို့ကိုသာ တွေးခဲ့တယ်။

သို့ပေမဲ့ သူ့မိဘတွေရဲ့ နောက်ခံပြောင်းလဲသွားတဲ့အချိန်မှာတော့ သူမရဲ့ သဘောထားသည်လည်း သိသိသာသာကြိး ပြောင်းလဲသွားခဲ့လေတယ်။

“သူတို့က  ရှင့်ရဲ့မိဘအရင်းတွေမှ မဟုတ်တာ”

ချင်ယွဲ့ယွဲ့ ပြန်ပြောလိုက်တယ်။

လင်းတုံဟဲက သူမကို ရုတ်တရက် စိုက်ကြည့်ပြီး ပြောလိုက်တယ်။

“လင်းမိသားစုရဲ့မိဘတွေက အမြဲတမ်း ငါ့ရဲ့မိဘတွေဖြစ်နေလိမ့်မယ်.. ဒါက ငါ့ရဲ့ဘ၀တစ်လျှောက်လုံး ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တဲ့အမှန်တရားပဲ”

လင်းတုံဟဲ ထပာပြောလိုက်တယ်။

“ ပြန်သွားလိုက်တော့ .. ငါ မင်းကို မတွေ့ချင်တော့ဘူး”

သူက ထိုစကားကိုပြောပြီးတာနဲ့ အထဲကိုပြန်လျှောက်သွားခဲ့တယ်။ ချင်ယွဲ့ယွဲ့က ဘာတွေပဲပြောနေပါစေ ဘာတစ်ခုမှ ပြန်မပြောခဲ့တော့ဘူး။

အိမ်ထဲကို ပြန်ရောက်တော့ သူက ပစ္စည်းတွေအားလုံးကို ထုတ်ပိုးလိုက်ပြီး  သူမရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။

ဟုန်မေ့: “ဘယ်ကို သွားမလို့လဲ”

“သူမ  စာလေ့လာဖို့လိုတယ် ဒါကြောင့် ကျောင်းကိုပြန်သွားရမယ်”

“ဘာလို့ ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ.. အနည်းဆုံး တစ်ညလောက်နေသွားလိုက်လေ”

“မဟုတ်ဘူး.. ကျွန်မ ဒီမှာပဲ……”

“မင်းရဲ့စာလေ့လာမှုအဖွဲ့ထဲက လူတိုင်းက မင်းကိုစောင့်နေကြတယ်..  မင်းသာ မသွားဘူးရင် သူတို့အရမ်းစိတ်ပျက်နေရလိမ့်မယ်” 

လင်းတုံဟဲက တံခါးပါက်နားမှာ ရပ်ပြီး သူမကို ကြည့်နေခဲ့တာကြောင့် ချင်ယွဲ့ယွဲ့လည်း ထွက်သွားဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး။

သူတို့ အပြင်ကိုထွက်လာပြီးတဲ့နောက် လင်းတုံဟဲက သူမကို ယွမ်ငါးဆယ် ပေးခဲ့ပြီး တခြားဘာစကားမှ မပြောလာတော့ဘူး။

သူတို့လင်းမိသားစုရဲ့ ကြွေးမြီတွေကို ကူညီဖြေရှင်းပေးဖို့ သူ့ရဲ့မိခင်အရင်းကို တောင်းဆိုခဲ့ပြီးတဲ့နောက် သူ့ရဲ့အိတ်ကပ်ထဲမှာ ယွမ်နှစ်ရာရှိနေပေမယ့် တခြားတစ်ခုခုကိုသာ လုပ်ချင်နေပြီး ချင်ယွဲ့ယွဲ့ကို ထပ်ပေးဖို့ မတွေးတောတော့ဘူး။

ဒီတစ်ခါမှာတော့ ချင်ယွဲ့ယွဲ့က ကျေးဇူးတင်စကားဆိုပြီး ပြောလာခဲ့တယ်။

“ရင်ှင် ကျွန်မဆီကို ဘယ်တော့ ပြန်လာဦးမှာလဲ”

“ဒီလောက် အလုပ်ရှုပ်နေစရာမလိုဘူး မင်းရဲ့စာလေ့လာတာကိုပဲ အာရုံစိုက်ပါ”

“တုံဟဲ.. ရှင် ဘာလို့ ကျွန်မကို စိတ်ဆိုးနေပုံပေါက်နေရတာလဲ.. ကျွန်မရှင်းပြပြီးပြီ...”

“မင်းနဲ့ နောက်ဆုံးတစ်ကြိမ် ခွဲခွာပြီးသွားတော့ ငါဘာတွေဖြစ်ခဲ့လဲဆိုတာ သိလား? ငါ ကိုယ့်ဘာသာကိုယ် အသုံးမဝင်ဘူးလို့ခံစားရပြီး သေလိုက်ဖို့ နီးပါးပဲ..  ဒါပေမယ့် ကံကောင်းစွာနဲ့ လူက အသက်ရှင်နေခဲ့ပေမယ့် ငါ့ရဲ့နှလုံးသားက သေသွားပြီးပြီ..

အနာဂတ်မှာ မင်းက မင်းလိုချင်တဲ့ကောလိပ်ကျောင်းသူပညာတတ်တစ်ယောက်ဖြစ်လာလိမ့်မယ် .. ငါကတော့ အလုပ်လက်မဲ့ ကလေကချေပဲလေ.. ငါတို့ နှစ်ယောက် မကြာခဏ မတွေ့ကြတာက ပိုကောင်းပါတယ်”

“ရှင်  ဘယ်လိုတွေ ပြောနေတာလဲ.. ကျွန်မက ရှင်နဲ့ စကားများနေတဲ့အချိန်မှာ အမှတ်တမဲ့ ပြောခဲ့မိတာပဲမဟုတ်ဘူးလား.. နောက်ပြီး ကျွန်မတို့က ဇနီးမောင်နှံတွေ မဟုတ်ဘူးလား”

“ပြီးတော့ မင်းပြောခဲ့တာပဲလေ..  ငါတို့က လက်မှတ်မရှိတဲ့အတွက် တကယ့်စုံတွဲအစစ်တွေမဟုတ်ဘူး”

လင်းတုံဟဲက ဒီနေ့မှာ သင့်တော်ကောင်းမွန်တဲ့ ၀တ်စုံကို ၀တ်ဆင်ထားပြီး ရွာမှာရှိနေတုန်းကထက် ပိုပြီး သပ်ရပ်ချောမောနေခဲ့ပေမဲ့ လူတွေရဲ့ နှလုံးသားကို ပြန်လည် နှလုံးခုန်မြန်စေတဲ့ မျက်နှာထားဖြင့် ထိုကဲ့သို့ အကြင်နာမဲ့တဲ့ စကားလုံးတွေကို ပြောခဲ့တယ်။

ချင်ယွဲ့ယွဲ့ ငိုကြွေးလာခဲ့တယ်။

“ရှင် .. ရှင် ဒီလိုစကားမျိုးကို ဘယ်လိုများပြောထွက်နိုင်တာလဲ.. ကျွန်မ ရှင့်အတွက် ဘယ်လိုမျိုး စိတ်မကောင်းဖြစ်ခဲ့ရလဲ.. ရှင့်ရဲ့မိဘတွေက ကွမ်းမိသားစုဝင်တွေဆိုတာကို ကျွန်မ မသိခဲ့ဘူး.. ဒါပေမယ့် ကျွန်မရဲ့ ခန္ဓာကိုယ်ကို ရှင့်ကိုပေးခဲ့တယ်..  အခုတော့ ရှင်က ကျွန်မကို ဒီလိုမျိုး တွေးနေခဲ့တယ်”

လင်းတုံဟဲရဲ့ နှလုံးသားက တုန်ယင်သွားခဲ့ရပေမဲ့ နောက်ဆုံးတော့ ပြန်ပြောခဲ့တယ်.

  “မင်း သွားလိုက်တော့..  အေးအေးဆေးဆေး နေကြရအောင်”

ချင်ယွဲ့ယွဲ့က ပါးစပ်ကို ဖွင့်ဟလာခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဘာမှ ပြန်မပြောဘဲ ထွက်သွားခဲ့တယ်။

လင်းတုံဟဲရဲ့ ခံစားချက်တွေက ကောင်းမနေခဲ့ဘူး။ ဒါပေမယ့် သူ့ကိုယ်သူ အောင်မြင်မှုတွေ ရအောင် ကြိုးစားဖို့  ဆုံးဖြတ်ထားခဲ့တယ်။  မဟုတ်ရင် သူတို့နှစ်ယောက်ကြားက အိမ်ထောင်ရေးကို ထည့်သွင်းစဉ်းစားနိုင်မှာ မဟုတ်ဘူး။

ဆုဆုကတော့ အလုပ်ကို ပြန်ရောက်ပြီးကတည်းက သူမရဲ့ဘဝက စိုပြေနေခဲ့တယ်။ တကယ်လို့ ဇာတ်လိုက်မသာ သူမဆီကိုမလာရင် ပိုကောင်းလိမ့်မယ်။

ဒါပေမယ့် ဇာတ်လိုက်မက ငိုယိုပြီး လင်းတုံဟဲကို ဒေါသမထွက်အောင် ဖြောင်းဖြပေးရန်အတွက် သူမကို ကူညီပေးဖို့ တောင်းဆိုလာခဲ့လေတယ်။

? ? ?

ဆုဆုကတော့ အနက်ရောင်မေးခွန်းအမှတ်အသားမျက်နှာဖြစ်နေရပြီ။

သူမက လက်တစ်ဖက်မှာ လင်းဟိုင်ကြော်ထားပေးတဲ့ အသားလုံးတွေကိုကိုင်ထားရင် သူမကို ကြည့်လိုက်တယ်။

“နင်က  ဒီကိစ္စအတွက်ကြောင့် ပိတ်ရက်မှာ ငါ့ဆီကို လာခဲ့တာလား”

“ဟုတ်တယ် .. လင်းတုံဟဲက မကြာသေးခင်ကတည်းက ငါ့ဆီကို လာမတွေ့တော့ဘူး.. ငါ သူ့အိမ်ကို သွားရှာကြည့်တော့လည်း သူ မရှိဘူးလို့ပဲ အမြဲပြောကြတယ်.. နောက်ပြီး အဘိုးနဲ့ အဘွားကလည်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က အိမ်မှာရှိနေခဲ့တယ်..  လူကြီးနှစ်ယောက်ကိုကြည့်ရတာ ငါ့အ​ပေါ် ထင်​မြင်​ချက်​​တချို့ ရှိ​နေ​တဲ့ပုံပဲ.. အဲဒါကြောင့်...”

“နင်..”

ဆုဆု စကားပြောခါနီးမှာပဲ အသားလုံးပန်းကန်တစ်ချပ်က သူမရှေ့ကို ရောက်လာခဲ့တယ်။ လင်းဟိုင်က သူ့ရဲ့လက်ကို သုတ်လိုက်ပြီး ပြောလာတယ်။

“မရီး စားစရာကို အရင်စားလိုက်ဦး..  ကျွန်တော့်ရဲ့ အကြီးဆုံးတူမကို ဗိုက်ဆာမနေစေနဲ့လေ”

“ကောင်းပြီ”

မရီးတစ်ယောက်အနေနဲ့ သတ္တိနည်းသင့်တဲ့အချိန်အခါမျိုးရှိသင့်ပြီး  သူမက အသားလုံးကိုသာ တိတ်တိတ်လေးကောက်ပြီး ဆက်စားလိုက်တယ်။

ဒီအသားလုံးကြော်က အရသာရှိသားပဲ။

ဒါပေမယ့် လင်းဟိုင်က ထိုနေရာမှာရပ်နေတဲ့ ချင်ယွဲ့ယွဲ့ကို လှမ်းပြောလိုက်တယ်။

“မင်းမှာ  ဒီလိုစကားတွေကို ပြောဖို့အတွက် မျက်နှာတွေရှိနေသေးတယ်ပေါ့?

ဒုတိယအစ်ကိုက မင်းကိုလာတွေ့တဲ့အချိန်တုန်းက သူ ဘယ်လောက်တောင်ပျော်နေလဲဆိုတါ ငါ ပြောတောင် မပြောပြနိုင်ဘူး..

သူက မင်းအတွက် ဘယ်လိုအသားတွေ၊ အရွက်ချဥ်တွေ ယူလာပေးခဲ့လဲ?  ဒီမှာ စားစရာတွေက မကောင်းဘူးတဲ့.. သူက ပါတီအတွင်းရေးမှူးဆီက ယွမ် (၃၀) ချေးယူခဲ့တယ်လို့ ငါကြားခဲ့တယ်..

တည်းခိုဖို့အတွက် ပိုက်ဆံကလွဲလို့ သူ ဘယ်အတွက်မှ ပိုက်ဆံမသုံးခဲ့ဘူး.. သူက အစားအသောက်တွေအတွက်တောင်မှ ပိုက်ဆံမသုံးခဲ့တာ..

သူက ကြက်ဥငါးဥပြုတ်ယူလာခဲ့ပြီး လက်မောင်းထဲမှာ ထည့်ထားခဲ့တယ်..  သူက ဘာကို တွေ့ချင်ခဲ့လို့လို့ မင်ထင်နေလဲ? သူက  မင်းကို တွေ့ချင်ရုံလေးပဲလေ..

ဒါပေမယ့် မင်းကတော့ ကောင်းချက်ပဲ.. မင်းရဲ့ လေ့လာရေးအဖွဲ့က အလုပ်ရှုပ်လွန်းလို့ သူနဲ့တောင် အချိန်ကြာကြာမနေနိုင်ခဲ့ဘူးတဲ့.. ကောလိပ်ကျောင်းသူတစ်ယောက်က ဘာတွေများ အဲလောက်တောင် အလုပ်ရှုပ်နေတာလဲ? ငါ့ရဲ့ မရီး ကောလိပ်ဆရာမတစ်ယောက်တောင်မှ မင်းလောက် အလုပ်မများဘူး.

အခု ငါ့ရဲ့ဒုတိယအစ်ကိုက မိဘတွေပြောင်းလဲပြီး ချမ်းသာတဲ့သူအဖြစ် ပြောင်းလဲသွားခဲ့တယ်.. ဒီအချိန်ကျတော့ မင်းက သူ့ရဲ့ အိမ်ကိုပြန်သွားခဲ့တယ်.. သူ့ရဲ့အဘိုးအဘွားတွေကို မျက်နှာချိုသွေးချင်နေတယ်..  မင်းက တခြားလူတွေ မင်းကို အထင်အမြင်သေးအောင် အရှက်မရှိပြုမူနေတာ မဟုတ်ဘူးလား”

“နင်ဘာတွေ မိုက်မိုက်ရိင်းရိုင်းပြောနေတာလဲ .. လင်းဟိုင်.. နင် ဘာလို့ အခုလို ပညာမတတ်တဲ့ အောက်တန်းစားလိုဖြစ်နေတာလဲ.. နင့်ကို ဘယ်သူကဒီလိုတွေ သင်ပေးထားတာလဲ’

ချင်ယွဲ့ယွဲ့အနေနဲ့ လင်းဟိုင်က အခုလိုမျိုး ရုပ်ဆိုးတဲ့စကားတွေကို ပြောလာလိမ့်မယ်လို့  မမျှော်လင့်ထားခဲ့ဘူး။

သူမက သူမသာ မတွန်းနိုင်ခဲ့ဘူးဆိုရင် ဆုဆုကို လုပ်ခိုင်းရမယ်လို့ တွေးတောထားခဲ့တာ။

ဆုဆုသာ အောက်ဘက်ကို ခြေတစ်လှမ်းဆင်းလိုက်ရင် ဖြစ်နိုင်တာပဲလေ။ သူမက ကွမ်းကျန်းတုံရဲ့ ဆရာမပဲ။ သူမသာ ကွမ်းအိမ်ကိုသွားပြီး သူမအတွက် စည်းရုံးပေးမယ်ဆိုရင် ထိုလူတွေက သူမကို လက်ခံပေးလိမ့်မယ်။

သို့ပေမယ့် လင်းဟိုင်က သူမရဲ့နှလုံးကို အပ်တစ်ချောင်းနှင့် ထိုးစိုက်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့မိဘူး။

ဒီခဏအတွင်းမှာ သူမရဲ့ဦးနှောက်က ဒေါသတွေနှင့်ပြည့်နှက်လာရပြီး သူ့ကို လက်ညိုးထိုးပြီးပြန်ပြောခဲ့တယ်။

လင်းဟိုင် အသက်တစ်ချက်ရှူသွင်းလိုက်တယ်။ သူ့ကို နှစ်အတော်ကြာအောင် ရွာထဲမှာ အာဏာရှင်အဖြစ် သတ်မှတ်ထားခဲ့ကြတယ်။

သူ့ရဲ့ အစ်ကိုအကြီးဆုံးက စစ်တပ်ထဲကို ဝင်သွားပြီးကတည်းက အိမ်မှာ ညီလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးရပြီး အရာအားလုံးကို သင်ယူရတာကြောင့် သူ့ကို အရူးလုပ်ဖို့ မလွယ်ကူဘူး။

သူက သူမကို နောက်ထပ်နည်းနည်းလောက် ထပ်ပြောဖို့ လုပ်တဲ့အချိန်မှာပဲ အိမ်တံခါးဖွင့်သံကို ကြားလိုက်ရတယ်။

လင်းချွမ်က သူ့ရဲ့ဖိနပ်ကိုပြောင်းစီးရင်းနဲ့ အေးစက်စွာ ပြောလာတယ်။

“ငါတို့ လင်းမိသားစုရဲ့ သင်ကြားပြသမှုက အပြင်လူတွေ ဝင်ပြောရမယ့် အလှည့်မဟုတ်သေးဘူး.. ထွက်သွားစမ်း”

**

All Chapters