← Chapters

အခန်း (၁၂၄)

Vol. 13 Ch. 124

အခန်း (၁၂၄)

Vol. 13 Ch. 124

လင်းချွမ်က ဒီတစ်ကြိမ်မှာတော့ အလွန်အမင်း စိတ်ဆိုးနေခဲ့တယ်။

နောက်ဆုံးအကြိမ် ပိုက်ဆံလာချေးခဲ့စဥ်တုန်းက တစ်ဖက်လူကို သူတို့အိမ်ကို ထပ်မလာဖို့ နှင်ထုတ်ခဲ့ပြီးပြီဖြစ်ပေမဲ့ သူမက ထပ်လာရဲတဲ့မျက်နှာရှိနေခဲ့တယ်။

သူ့ရဲ့ဇနီးလေးက သူမနဲ့တွေ့ဆုံရတိုင်း ဒေါသထွက်နေရတတ်တယ်လေ။

ပြီးသွားရင် အဲဒီဒေါသတွေက သူ့ဆီကိုဘဲ ရောက်ရှိလာရလိမ့်မယ်။

ကောင်းမွန်တဲ့အချိန်တိုင်းကို သူမက ကတ်ဆိုးတစ်ခုလိုမျိုး ဖျက်စီးပြီးနှိုးဆော်တတ်လေ့ရှိတယ်။

သူမ ဒီကို ဘာလုပ်တာလဲဆိုတာကို မသိပေမယ့် သူ့ရဲ့ညီလေးကို သင်ကြားပေးဖို့လိုအပ်ကြောင်း ကြားလိုက်ရချိန်မှာ သူ့အနေနဲ့ ယဥ်ကျေးချင်စိတ်ရှိမနေတော့ဘူး။

သူမက သူ့ရဲ့ညီလေးကိုတောင် သင်ကြားရဲနေတယ်ဆိုမှတော့ သူ့ရဲ့ဇနီးသည်ကိုလည်း ရန်စထားရဲမှာအသေအချာပဲ။ ဒီတော့ သူ့ဘက်က စကားကောင်းပြောတယ်ဆိုတာကမှ ထူးဆန်းနေလိမ့်မယ်။

“အစ်ကိုချွမ်ဇီ”

“မင်းမှာ တစ်ခုခုကို မှတ်မိနိုင်တဲ့ ဉာဏ်ရည်မရှိဘူးလား..  ငါ မင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောပြီးပြီ.. ငါတို့က မရင်းနီးဘူး.. ဒါကြောင့် ငါ့နာမည်ကိုပဲ ခေါ်”

လင်းချွမ်က တံခါးရှေ့မှာ မတ်တပ်ရပ်ရင်း ပြောလိုက်တယ်။

“ထွက်သွား”

ချင်ယွဲ့ယွဲ့က သူမရဲ့ အောက်နှုတ်ခမ်းကို အားပြင်းပြင်းနဲ့ဖိကိုက်ပြီး ပြောလာတယ်။

“လင်းချွမ်.. ကျွန်မတို့က သွေးသားတော်စပ်တဲ့ ပတ်သက်မှု မရှိဘူးဆိုပေမယ့်.. ဒါပေမယ့် ကျွန်မရဲ့အမျိုးသားရဲ့အဖေက ရှင့်ရဲ့ ခေါင်းဆောင်ပဲ.. ရှင် ကျွန်မကို အခုလို ဆက်ဆံတာက ဆိုးရွားတယ်လို့မထင်ဘူးလား”

ဆုဆု လက်ထဲမှ အသားလုံးကို အားပြင်းပြင်းနဲ့ ပစ်ချလိုက်တယ်။ သူမက တခြားကိစ္စတွေကို ဂရုမစိုက်ချင်ပေမဲ့ အခုတော့ ချင်ယွဲ့ယွဲ့က လင်းချွမ်ကိုပါ ပြတ်ပြတ်သားသား ခြိမ်းခြောက်လာနေပြီ။

သူမ လျှပ်တပြတ် မတ်တပ်ထရပ်လိုက်တာကြောင့် သူမရဲ့ဗိုက်ဖောင်းဖောင်းလေးက သူမရဲ့အရှေ့ဘက်ကို သိသိသာသာထိုးထွက်လာခဲ့တယ်။ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ ဗိုက်က အတော်လေး မျက်စိဖမ်းစားနိုင်နေစားခဲ့ပြီး  လင်းဟိုင်က သူမဆီကို လက်တစ်ဖက် အမြန်ကူပေးလိုက်တယ်။

“မရီး.. ဒီအတွက် သိပ်ပြီးစိတ်မပူပါနဲ့”

ဆုဆု:”ဘာကြောင့်များ ဆိုးရွားတယ်လို့ ထင်ရမှာလဲ? ရှင်းလင်းအောင်ပြောကြတာပေါ့.. နင်က ကွမ်းမိသားစုရဲ့တံခါးဝကိုတောင် မဝင်နိုင်သေးခင် လူတွေကို ဖိနှိပ်ဖို့ ကွမ်းမိသားစုရဲ့ အာဏာကို အသုံးချချင်နေပြီ..

သူတို့ရဲ့မိသားစုကသာ ဒီအကြောင်းကိုသိသွားရင် ဘယ်လိုတွေးလောက်မလဲဆိုတာ မသိဘူးနော်? ဒါနဲ့ နင်နဲ့လင်းတုံဟဲက လက်ထပ်လက်မှတ်မရှိဘူးဆိုတာကိုတော့ မမေ့သေးဘူးမလား?

ထပ်ပြောရရင် အစတုန်းက ကွမ်းမိသားစုက သူတို့သားနဲ့ မြေးကို အတူတူရှာတွေ့မှာပေမယ့် တကယ်လို့ နင်က နင်ကောလိပ်ကိုလွတ်လွတ်လပ်လပ်တက်ချင်တာကြောင့် သူတို့ရဲ့မြေးကို သတ်လိုက်တာဆိုတာကို သိသွားခဲ့မယ်ဆိုရင် ကွမ်းမိသားစုက ဘယ်လိုမျိုးတွေးတောလောက်မယ်လို့ ထင်လဲ”

လာခဲ့လေ.. အချင်းချင်း အပြန်အလှန်နှိပ်စက်ကြတာပေါ့။

ချင်ယွဲ့ယွဲ့ရဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့ရတယ်။ သူမက အခုအချိန်မှာ လင်းတုံဟဲရဲ့ဇနီးစစ်စစ်အဖြစ် မယူဆနိုင်သေးဘူး။

တကယ်တမ်းမှာတော့ ဒါက ဘာမှမဟုတ်ဘူး။ သူတို့ကမင်္ဂလာဧည့်ခံပွဲလုပ်ထားပြီးပြီပဲလေ။ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကွမ်းမိသားစုက ဒါကို ဝန်မခံဘဲနေလိမ့်မယ်လို့ သူမမယုံဘူး။

ဒါပေမယ့် သူမကိုယ်ဝန်ဖျက်ချခဲ့တဲ့ ကိစ္စကိုသာ သူတို့တွေသိသွားခဲ့မယ်ဆိုရင် ဒါက ကိစ္စကောင်းတစ်ခုဖြစ်လာမှာမဟုတ်ဘူး။

“ဘာပဲဖြစ်ဖြစ် ငါက ကွမ်းမိသားစုရဲ့ချွေးမတစ်ယောက်ဖြစ်နေတုန်းပဲ .. နင်တို့တွေ သိပ်ပြီးမာရေကြောရေလုပ်ပြမနေနဲ့”

ချင်ယွဲ့ယွဲ့ ပြောလိုက်တယ်။

“ကောင်းပြီလေ.. နင်က မာရေကြောရေဆက်ဆံခံရတာကို မလိုချင်ရင် အခု ချက်ခြင်း ထွက်သွားလိုက်တော့..  နောက်ထပ် ငါတို့အိမ်ကို ဘယ်တော့မှ ထပ်မလာခဲ့နဲ့.. ပိုက်ဆံချေးတာပဲဖြစ်ဖြစ်၊ ကြွားဝါပြချင်တာပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် နင်တို့လင်မယားကြားမှာ အခုလိုအမှိုက်ဆန်တဲ့ ကိစ္စတွေပဲဖြစ်ဖြစ် ငါတို့ဆီကို သယ်မလာခဲ့နဲ့”

ဆုဆု ညှာတာမှုမဲ့စွာပြောလိုက်ပြီး သူမရဲ့အိတ်ကပ်ထဲက အသံသွင်းဘောပင်ကို ထုတ်ယူလိုက်တယ်။

“စကားမစပ်..  မင်း ကိစ္စတချို့ကို မေ့သွားခဲ့တဲ့ပုံပဲ.. ဒါပေမယ့် ငါ ဒီနေ့ နင်ပြောခဲ့တဲ့ နောက်ထပ် စကားနှစ်ခွန်းကို ထပ်ပြီး အသံသွင်းထားသေးတယ်.. နင် ဒါတွေကို ခေါင်းဆောင်ကွမ်းဆီ ပို့လိုက်စေချင်လား”

ချင်ယွဲ့ယွဲ့ အံကိုတင်းတင်းကြိတ်လိုက်ပြီး ပြောလာတယ်။

“နင်က ငါ့ကို နေရာတိုင်းကနေ ထိုးချချင်နေရလောက်အောင် အရမ်းမုန်းတီးနေတာလား?”

“ဟင့်အင်း.. နင်သာ ငါတို့ကို လာမရှုပ်ဘူးဆိုရင် ငါက ဘာလို့ နင့်နဲ့အခုလို ဇယားရှုပ်နေရမှာလဲ.. နင်လည်း ဦးနှောက်ကောင်းတဲ့လူတစ်ယောက်ပဲမလား

စိတ်အနှောက်အယှက်ဖြစ်စရာတွေကိုရှောင်ရှားဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာ  စဉ်းစားသင့်တယ်”

ဆုဆုက အားနည်းချက် လုံးဝ မပြသဘဲ သူ့မရဲ့လက်ထဲမှ အသံဖမ်းဘောပင်ကို ဟိုဘက်လက်နဲ့ဒီဘက်လက် ထည့်ရင်း ကစားနေခဲ့တယ်။

အဆုံးမှာ ချင်ယွဲ့ယွဲ့က ပြင်းထန်စွာပြောလာတယ်။

“နင့်ဆီ လာခဲ့တာကကို ငါ့အမှားပဲ”

လင်းဟိုင်က ဘေးကနေ လှမ်းပြောခဲ့တယ်။

“မင်းကို လာခဲ့ပါဆိုပြီး ငါတို့က ဖိတ်ခေါ်ခဲ့လို့လား”

ချင်ယွဲ့ယွဲ့က နောက်ဆုံးမှာတော့ ဒေါသတကြီးနဲ့ ငိုကြွေးရင်း သူတို့အိမ်မှ  ထွက်ပြေးသွားပြန်တယ်။

“သူမက  တကယ်ရူးနေတာပဲ”

လင်းဟိုင် ပြောလာတယ်။

“မရီး.. ဘာစားချင်တာရှိလဲ”

“ငါ ဒေါသတွေနဲ့ ဗိုက်ပြည့်သွားပြီ”

ဆုဆုထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး လင်းချွမ်ကို လှမ်းပြောလိုက်တယ်။

“ဒါတွေ အကုန် ရှင့်ရဲ့အမှားပဲ.. ရှင် အရင်တုန်းက သူတို့မိသားစုနဲ့ စေ့စပ်ဖို့ကို ဘာကြောင့် သဘောတူခဲ့တာလဲ? ရှင် မျက်စိကန်းနေတာလား”

ဆူပူကြိမ်းမောင်းခံလိုက်ရတဲ့ လင်းချွမ်ကတော့ နောက်ဆုံးမှာ ဒီလို ရလဒ်မျိုး ဖြစ်လာမယ်ဆိုတာကို ကြိုသိနေခဲ့တယ်။

သူက အထဲကို မင်သေသေနဲ့လျှောက်လာခဲ့ပြီး ပြောလာတယ်။

“ကိုယ် ရွေးချယ်ခဲ့တာမဟုတ်ဘူးလေ.. နောက်ပြီး အဲဒီတုန်းက ကိုယ်အရမ်းငယ်သေးပြီး ကိုယ့်ရဲ့  ဒုတိယညီထက်တောင် ငယ်သေးတယ်.. ဒီတော့ ...ကိုယ့်ရဲ့မျက်လုံးတွေ ကောင်းကောင်း မဖွံ့ဖြိုးသေးတာဖြစ်မယ်”

ဖူး....

ဒီစကားကိုကြားတော့ ဆုဆု ရယ်မောလိုက်မိတယ်။

“ရှင်က  ဒီလိုတောင်ပြောနိုင်တယ်ဆိုမှာတော့.. လာခဲ့.. ဒီမှာ စားလိုက်ဦး.. ဒုတိယလေးရဲ့ အသားလုံးကြော်က အရသာရှိတယ်”

“အမ်”

လင်းချွမ်က စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။ ထို့နောက် ပါးစပ်ကို လက်နဲ့ပိတ်ရင်း ရယ်မောနေတဲ့ လင်းဟိုင်ကို လမ်းတစ်ဝက်မှာ ခြေနဲ့ကန်ခဲ့ပြီး ဇနီးလေးရဲ့အရှေ့မှာ ဝင်ထိုင်လိုက်တယ်။

လုံးဝကို အပြစ်ပြောစရာမရှိဘဲ အပြုအမူကောင်းတွေရှိနေကာ စဥ်းစားတွေးတွေပေးတတ်မှုတွေကလည်း အပြည့်ပဲ။

“စကားမစပ်  ချန်ယွဲ့ကျင်းရဲ့လက်ရာက ဘယ်လိုဖြစ်သွားပြီလဲ”

ဒါကို ထည့်မပြောတာကမှကောင်းလိမ့်မယ်။ လင်းချွမ်အနေနဲ့  တစ်စုံတစ်ယောက်က ချက်ပြုတ်နည်းကို သင်ယူနေတဲ့အချိန်မှာ သူ့ရဲ့ဇနီးလေးထက်တောင် သင်ပေးရခက်ကြောင်းထည့်ပြောဖို့အတွက်တော့ တကယ်ကိုခက်ခဲလိမ့်မယ်။

“သူက တကယ့်ကိုငတုံးတစ်ယောက်ပဲ! မီးကို ဘယ်လိုထိန်းရမှန်းမသိဘူး.. သူမ မီးဖိုချောင်ထဲမှာ အိုးကို တူးအောင်လုပ်တာနဲ့  မီးဖိုချောင်ကိုပေါက်ကွဲစေတာတွေကိုပဲ လုပ်နေခဲ့တာ..  ပူပြင်းတဲ့နေ့မျိုးမှာ မီးဖိုချောင်ထဲက လူတိုင်းကို သူနဲ့အတူ ဒုက္ခရောက်အောင် လုပ်နေတာလေ..  ဒီလိုမျိုး အရည်အချင်းလုံးဝမရှိတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး”

လင်းချွမ် သူ့ရဲ့နဖူးကို နှိပ်နယ်ရင်း ပြောလိုက်တယ်။

“ဒါက ရှင် တခြားသူမှာမရှိတဲ့အရည်အချင်းကို ရှိတယ်ဆိုပြီး ပိုပြောလိုက်လို့ပဲလေ.. ရှင် ဒီကြားထဲမှာ ချမ်ယွဲ့ကျင်းကို သေချာပေါက်  ကျွမ်းကျင်အောင်သင်ပေးမှဖြစ်လိမ့်မယ်.. မဟုတ်ရင် ပိုင်လင်းလင်းက ရှင့်ကို ရန်လာတွေ့မှာကိုသာ စောင့်နေလိုက်တော့”

“ အမ်.. ဒါပေမယ့် သူ  နောက်တစ်ပတ်မှာ ကိုယ်တို့အိမ်မှာ သူ့ရဲ့လက်ရာတွေကို လာချက်ပြမယ်လို့ ပြောနေတာ.. ကိုယ်မင်းကို ဘယ်နားမှာထားရင် လုံခြုဲမလဲဆိုတာကို တွေးနေတုန်းပဲ”

  လင်းချွမ်က မျက်မှောင်ကြုတ်ကာ ပြောလာတယ်။

“အဲလောက်တောင် ကြောက်ဖို့ကောင်းလို့လား? ပိုင်လင်းလင်းကိုလည်း ဖိတ်ထားတာလား”

“သူက သူ့ရဲ့ လေ့ကျင့်ပြီး ကောင်းကောင်းလုပ်နိုင်တဲ့အချိန်မှ သူမနဲ့ ချိန်းတွေ့လိမ့်မယ်.. ကောင်းကောင်းမလုပ်နိုင်ရင် သူ တစ်သက်လုံး လူပျိုကြီးဖြစ်လိမ့်မယ်”

“…”

သူမရဲ့အမျိုးသားက ရက်စက်ကြမ်းကြုတ်ဖို့လည်း လုပ်နိုင်တာပဲ။

ဆုဆုတစ်ယောက် နောက်တစ်ပတ်ကို စောင့်မျှော်နေခဲ့တယ်။  ချန်ယွဲ့ကျင်းက မီးဖိုခန်းကို အမှန်တကယ် ပေါက်ကွဲသွားအောင်လုပ်နိုင်ပါ့မလား။

ဒီလိုနဲ့ ရက်သတ္တပတ်တစ်ခုလောက်ငြိမ်သက်ပြီးနောက်မှာ ချမ်ယွဲ့ကျင်းက လင်းချွမ်နဲ့အတူ ဟင်းချက်စရာပစ္စည်းမျိုးစုံနဲ့ရောက်လာခဲ့တယ်။

သူက ဆုဆုကို မြင်တော့ အံ့အားသင့်သွားပုံရတယ်။

ရက်အတော်ကြာပြီးနောက်မှာ သူမပုံစံက အတော်လေး ပြောင်းလဲသွားခဲ့ပြီ။  အရင်တုန်းက သူမကိုကိုယ်ဝန်ဆောင်အမျိုးသမီးလို့ မသိနိုင်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ သူမရဲ့ ဗိုက်က အနည်းငယ်ဖောင်းကားနေပြီဆိုတာကို တွေ့လိုက်ရတယ်။ ကြီးမားနေတာမျိုး မဟုတ်ပေမယ့် သူမက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဆိုတာပိုတော့ ရှင်လင်းစွာသိရှိနိုင်နေပြီ။

သူမက အရင်တုန်းကထက်လည်း အနည်းငယ်ပိုဝပြီး အတော်လေးချစ်စရာကောင်းနေခဲ့တယ်။

သူက နောက်တစ်ကြိမ် သူတို့တပ်ရင်းမှူးရဲ့ သားရဲဆန်မှုကို နောက်တစ်ကြိမ် ကြိမ်းမောင်းမိလိုက်ပြန်တယ်။ သူမက အရွယ်မရောက်သေးတဲ့ ကလေးမလေးနှင့်တူနေခဲ့ပေမဲ့ သူမရဲ့ဗိုက်ကတော့ ကလေးမလေးတစ်ယောက်ကိုလွယ်ထားရတဲ့မိခင်တစ်ယောက်လိုဖြစ်နေပြီ။

အမှန်ပဲ။ သူသည်လည်း လင်းချွမ်ထံမှ လွှမ်းမိုးခံလိုက်ရပြီး ဗိုက်ထဲမှကလေးကို မိန်းကလေးလို့ တွေးထားခဲ့တယ်။  မဟုတ်ရင်  စားပွဲပေါ်မှာရှိနေတဲ့ ကလေးပစ္စည်းတွေက ဘာလို့ ပန်းပွင့်လေးတွေပါနေပြီး စကပ်လေးတွေပါ ရှိနေမှာလဲ။

ဆုဆုက သူ့ရဲ့အကြည့်တွေကို လိုက်ကြည့်ပြီး သူမ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေကို  ကြည့်နေတာမှန်းသိတော့ အလျှင်အမြန် ဖယ်ရှားလိုက်တယ်။

  “အစက ဒါတွေကို လျှော်ဖို့လုပ်ထားတာ..  ဒီနေ့တော့ ထားလိုက်တော့မယ်..  ရှင်တို့တွေ အလုပ်များနေမှာဆိုတော့ ကျွန်မ အပြင်ကိုသွားပြီး ခဏလောက် စာအုပ်ဖတ်နေလိုက်မယ်”

အပြင်ဘက်မှာ ရာသီဥတုက အတော်လေးကောင်းနေလို့  နေဆာလှုံလို့ ကောင်းလိမ့်မယ်။

ချန်ယွဲ့ကျင်း သူ့ရဲ့ခေါင်းကို ကုတ်လိုက်မိပေမယ့် ဘေးဘက်မှ လင်းချွမ်က ဝင်ပြောလာတယ်။

“လုပ်တော့  မင်းတတ်တဲ့ ဟင်းပွဲတွေ အကုန်ချက်လိုက်.. နောက်ပြီး အစားအစာကို မဖြုန်းတီးမိစေနဲ့”

“ကောင်းပြီ”

ဒီ ဟင်းချက်ပစ္စည်းတွေက ဝယ်ရမလွယ်ကူတာကြောင့် သူ ဂရုတစိုက် လုပ်ရမယ်။

**

All Chapters