← Chapters

အခန်း (၁၃၁)

Vol. 14 Ch. 131

အခန်း (၁၃၁)

Vol. 14 Ch. 131

အလုပ်သမားတွေ ထွက်သွားပြီးနောက်မှာ သူတို့တွေ နောက်တစ်ကြိမ် စုဝေးပြီး တွက်ချက်ကြည့်ခဲ့ကြတယ်။

ဒီနေ့မှာ လစဥ်သုံးပစ္စည်း အထုပ် ၃၀၀ နီးပါး ထုတ်လုပ်ခဲ့ပြီး လစဥ်သုံးပစ္စည်း တစ်ထုပ်ရဲ့ ကုန်ကျစရိတ်က တစ်ယွမ်ဖြစ်လိမ့်မယ်။

လက်ကားရောင်းချမယ်ဆိုရင် သူတို့တွေ ဒါကို အရင်းဈေး တစ်ယွမ်နှင့် ငါးပြားလောက်နှင့် ရောင်းချနိုင်လိမ့်မယ်။ လက်ရှိ ဈေးကွက်ပေါက်ဈေးအရ လစဥ်သုံးပစ္စည်းရဲ့စျေးက နှစ်ယွမ်နှင့် ငါးပြားပဲ။

“ဆယ်ခုပါတဲ့တစ်ထုပ်က တစ်လစာအတွက် လုံလောက် လောက်တယ်.. ဒါကြောင့် မြို့တွင်းမှာရှိတဲ့ ပုံမှန်အလုပ်သမားတွေနဲ့ ချမ်းသာတဲ့ မိသားစုတချို့အတွက် စျေးနှုန်းက သိပ်မကြီးဘူး”

ပိုင်လင်းလင်းကတော့ သိပ်ပြီးစျေးမများဘူးလို့ ခံစားရတယ်။

ဆုဆု:  “ငါတို့တွေ ကုန်ကျစရိတ်သက်သာအောင် ပိုပြီးကြိုးစားရမယ်..  စျေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်ရင် ပိုကောင်းလိမ့်တယ်.. ဒီနည်းနဲ့ဆိုရင် အမျိုးသမီးတိုင်း သုံးစွဲနိုင်မှာပဲ”

“ထုတ်လုပ်မှု အချိန်ကို ပိုမြန်လိုက်ရင် ကုန်ကျစရိတ် သက်သာမယ် ထင်တယ်”

လင်းတုံဟဲက စိတ်လှုပ်ရှားစွာပြောလာတယ်။

“ဒီတော့ ဒီအထုပ်သုံးရာကို ရောင်းချဖို့အတွက် နည်းလမ်းရှာရအောင်”

ဆုဆု လစဥ်သုံးပစ္စည်းတွေဘက်ကို လက်ညိုးထိုးရင်း ပြောဘးလိုက်တယ်။

“ငါ ဒါကို တော်တော်များများရောင်းပြီးသွားပြီ.. ငါ့တတိယအန်တီရဲ့ဆိုင်က အထုပ် 100 ကျော်ယူမှာ၊  ဒုတိယဦးလေးရဲ့ဆိုင်က အထုပ် 100 ကျော်၊  အန်တီလုရဲ့မိသားစုကလည်း လိုအပ်သေးတယ်...”

ပိုင်လင်းလင်းက ဒေသခံဖြစ်တာကြောင့် အသိမိတ်ဆွေများစွာရှိပြီး သူမက အခုချိန်မှာတောင် အထုပ်ရော (၅၀၀) ကျော်အတွက် အမှာ၀ာယူလာခဲ့ပြီးပြီ။ ဒီတော့ တစ်ရက်တည်းထုတ်လုပ်ထားတဲ့ပစ္စည်းတွေနဲ့  မလုံလောက်ခဲ့ဘူး။

“ကောင်းပြီ.. လင်းလင်း နင်က ရောင်းချတဲ့နေရာမှာ အရည်အချင်းပြည့်မီတယ်ဆိုမှတော့ ကုန်ပစ္စည်းအရောင်းကိုယ်စားလှယ်လုပ်လို့ရတယ်”

သူမက  ဥာဏ်ရည်ထက်မြက်လို့လည်း သူနာပြုတစ်ယောက်ဖြစ်လာခဲ့တာပဲ။

ဆုဆုရဲ့စကားကိုကြားတော့ လူတိုင်းက ရယ်မောလိုက်ကြတယ်။ နောက်တစ်နေ့မှာတော့ လင်းတုံဟဲက မြည်းလှည်းငှားရမ်းခဲ့ပြီး ကုန်ပစ္စည်းတွေကို လိုက်ပို့ခဲ့တယ်။ စက်ရုံမှာ လင်းဟိုင်က ဒါရိုက်တာအဖြစ်ကျန်ရစ်ခဲ့တာကြောင့် သူ စိတ်မပူတော့ဘူး။

ဆုဆုကလည်း ရေသာခိုမနေခဲ့ဘူး။   သူမမှာ ဘာမှလုပ်စရာမရှိတဲ့အချိန်မှာ အနီးအနားမှာရှိတဲ့ သမဝါယမနှင့် အရောင်းဌာနတွေဆီကို သွားခဲ့တယ်။ သူမက စကားပြောကောင်းလွန်းပြီး ဆရာမတစ်ယာက်လည်းဖြစ်နေတာကြောင့် လူအချို့က သူမရဲ့မျက်နှာကြောင့် ပစ္စည်းတွေဝယ်ခဲ့ကြတယ်။

စက်ရုံလည်ပတ်တာ တစ်လခွဲနီးပါးရှိလာခဲ့ပြီး သူမရဲ့ကျောင်းကလည်း နွေရာသီအားလပ်ရက်ပိတ်ဖို့ နီးကပ်လာပြီ။

ဒီအချိန်မှာပဲ စက်ရုံက အကျိုးကျေးဇူးတွေ ပြန်လည်ရရှိလာခဲ့ပြီ။ အနည်းဆုံး လုပ်အားခလစာကို ပေးချေပြီးသွားရင်  ဆက်လက် ထုတ်လုပ်နိုင်လိမ့်မယ်။ ဒါက လင်းတုံဟဲရဲ့ ကြိုးစားအားထုတ်မှုတွေကို ထည့်မတွက်လို့မရဘူး။

သူက စက်ရုံရဲ့ ကုန်ထုတ်လုပ်မှုကို စီစဉ်ပြီးနောက် တတ်နိုင်သမျှ အမြန်ဆုံး ရောင်းချနိုင်ဖို့ မျှော်လင့်ခဲ့ပြီး လစဥ်သုံးပစ္စည်းတွေကို နေ့ရောညပါ ရောင်းချခဲ့တယ်။

သို့ပေမဲ့ ဒီခေတ်ကာလမှာ ယာဉ်အသွားအလာက သိပ်ပြီးမဖွံ့ဖြိုးသေးတာကြောင့် X မြို့တော်တစ်ခုလုံးနှင့် အနီးနားမှ မြို့ငယ်လေးတချို့ဆီကိုပဲ ရောင်းချနိုင်ခဲ့တယ်။

အပြင်ကို သွားလာဖို့လွယ်ကူစေရန်အတွက် လှည်းတစ်စီးဝယ်ခဲ့ပြီး  စက်ရုံမှာလိုအပ်တဲ့ အစားအသောက်နဲ့ နေထိုင်ဖို့ ပစ္စည်းတွေကိုတော့ လင်းဟိုင် စီစဥ်ခဲ့တယ်။

ဆုဆုက အလုပ်မများတဲ့အချိန်တွေမှာ သူတို့အတွက် ထမင်းချက်ပေးတတ်တယ်။ သူမက သိပ်တော့ မအားလပ်ခဲ့ဘူး။

နွေရာသီအားလပ်ရက်မှာ သူမ ရွာကိုပြန်ချင်ခဲ့ပေမယ့် သူမရဲ့ဗိုက်က ကြီးနေပြီဖြစ်လို့ ရထားပေါ်မှာ အကြာကြီးနေနိုင်မှာမဟုတ်ဘူး။

ဒီလိုနဲ့ နောက်ဆုံးစာကို လက်ခံရရှိပြီးနောက်မှာ အဖေလင်းနှင့် အမေလင်းတို့က ပါတီအတွင်းရေးမှူးနှင့်အတူ ကွန်မြူနတီသို့ ကိုယ်တိုင်သွားရောက်ကာ သူတို့ဆီကိုဖုန်းခေါ်ပြီး  သူတို့လည်း ဆုဆုကိုအလွန်လွမ်းဆွတ်ကြောင်း ပြောလာကြတယ်။

သူတို့ ထွက်ခွာသွားတာကြာပြီလေ။  ဘယ်လိုလုပ်ပြီး မတွေ့ချင်ဘဲနေမှာလဲ။ ဆုဆုကလည်း အမှန်တကယ် တွေ့ချင်နေခဲ့တယ်။

သူမ ပြန်ချင်နေပေမဲ့ ရထားနှင့် ပြန်မသွားနိုင်တာကိုမြင်တော့ လင်းချွမ်က တွေးတောပြီးပြောလာတယ်။

“ကောင်းပြီ.. ကိုယ် နှစ်ရက်အတွင်း ခွင့်ယူလိုက်ပြီး မင်းကိုကားနှင့်ပြန်လိုက်ပို့ပေးမယ်.. အဲဒီမှာ နှစ်ရက်သုံးရက်လောက်နေပြီးမှ ပြန်လာကြတာပေါ့”

“ရှင်  ခွင့်ယူလို့ ရလို့လား?”

“အမ် .. ကိုယ်တို့မှာလည်း တစ်နှစ်ကို အားလပ်ရက်နည်းနည်းလောက်ရှိတယ်.. မင်း ရောက်လာကတည်းက ကိုယ် အဲဒါတွေကို မသုံးရသေးဘူး”

ဆုဆုက အမှန်တကယ်ကိုပျော်ရွှင်သွားခဲ့တယ်။ သူမက လင်းချွမ် ပြင်ဆင်နေချိန်မှာ လင်းတုံဟဲနှင့်အတူ စက်ရုံမှာ အလုပ်ကူညီလုပ်နေခဲ့ပြီး လင်းချွမ်မှာ ခွင့်ရလာတာနဲ့ သူနှင့်အတူ ရွာကို ပြန်သွားခဲ့တယ်။

ကိုယ်ဝန်ရင့်လာပြီဖြစ်လို့  ကားစီးရတာကလည်း  နည်းနည်းလောက် ခက်ခဲနေပေမယ့် အိမ်ပြန်ဖို့အတွက် မျှော်လင့်နေခဲ့တာကြောင့် လမ်းမှ အဖုအထစ်တွေကို ခံနိုင်ရည်ရှိနိုင်နေတုန်းပဲ။

All Chapters