← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

သူတို့တွေ တလမ်းလုံး  အရပ်အနားသိပ်မရှိပဲ စီးနှင်လာခဲ့ရတာကြောင့် အနည်းငယ် မူးဝေနေခဲ့တယ်။ ဒါကြောင့် ဟင်းတွေက အရသာရှိနေရင်တောင် မစားနိုင်တော့ဘူး။ လင်းချွမ်ကလည်း ဒါကို သိရှိတာကြောင့် ပြောလာခဲ့တယ်။

“မင်း အရမ်းပင်ပန်းနေပြီ .. အခု အရင်အနားယူလိုက်ရအောင်..  မနက်ဖြန်မှ စားကြတာပေါ့”

“ကောင်းပြီ.. အနောက်ဘက်အိမ်မှာ   မင်းတို့အတွက် မီးဖိုထားတယ်..  အခုချိန်လောက်ဆို မင်း အရမ်းပူတာတွေ အေးလွန်းတာတွေမဖြစ်ပဲ အနေတော်လောက်ပဲရှိနေမှာ..

မင်းတို့အိမ်အတွက် လျှပ်စစ်မီးလည်း  ချိတ်ဆက်ထားပေးတယ်.. နောက်ပြီး  မင်းဝယ်ထားတဲ့ဝက်လေးတွေကိုလည်း မင်းတို့အိမ်မှာပဲ ဆက်မွေးထားပေးတယ်..  ပေါ်တဲ့အချိန်ကျရင် မင်းတို့ကို အသားတွေ ပိုပေးမယ်”

အမေလင်းက ကိစ္စတွေကို ရှင်းလင်းအောင်ပြောပြနေခဲ့တယ်။

“အမေ ကျွန်မတို့က မိသားစုတွေပဲလေ..  ဒီကိစ္စတွေကို ပြောပြနေစရာမလိုပါဘူး”

ဆုဆုက ဒါကို  ဂရုမစိုက်ဘဲ သူမယူလာတဲ့ ပစ္စည်းတွေကို လင်းချွမ်ကို  ချပေးခိုင်းလိုက်တယ်။

ပင်ပန်းနွမ်းနယ်နေတာက ခရီးထွက်လာခဲ့တဲ့လူတွေတင်မကဘဲ သူတို့ကို စောင့်မျှော်နေတဲ့ မိသားစုထဲမှလူတွေကလည်း ပင်ပန်းနေကြပြီ။

သို့ပေမဲ့ အခု သူတို့ ယူလာတဲ့အရာတွကို မြင်တော့ မျက်လုံးတွေပြူးဝိုင်းသွားခဲ့ကြတယ်။ ဒါတွေက အလွန်အမင်း လူချမ်းသာဆန်လွန်းတယ်လေ။

အတန်ငယ်ဟောင်းနေတဲ့ စက်ဘီးတစ်စီးလည်း ပါသေးတယ်။ လင်းချွမ်ရဲ့ စကားအရ ဒီစက်ဘီးကို ဆုဆုက အဟောင်းစျေးက ဝယ်ယူလာခဲ့တာပဲ။

အဟောင်းဆိုတာကိုပဲ မကြည့်သင့်ဘူး။ ဒါက တစ်နှစ် ၊နှစ်နှစ်လောက် စီးရင်တောင် အကောင်းအတိုင်းရှိနေဦးမှာပဲဖြစ်ပြီး ပြုပြင်စရာ မလိုလောက်ဘူး။ ဒါနဲ့ဆိုရင် ကလေးနှစ်ယောက် ကွန်မြူနတီကို  ကျောင်းသွားတက်ဖို့ စက်ဘီးစီးပြီး သွားနိုင်လိမ့်မယ်။

ဒါ့အပြင် သန့်စင်ထားတဲ့ဆန်တချို့လည်းပါလာပြီး  နောက်ထပ်အစေ့အဆန်တချို့လည်း ယူဆောင်လာခဲ့တယ်။ အကုန်လုံးက ဆန်ချောအဖြူတွေဖြစ်ပြီး  နောက်ဆုံးအကြိမ်တုန်းက အနည်းငယ် ပြန်ပို့ပေးခဲ့တဲ့အထဲမှ ကောက်နှံတွေလည်း ပါသေးတယိ။

ပြီးတော့ လတ်ဆတ်တဲ့ သစ်တော်သီး နှင့် ပန်းသီးလိုသစ်သီးတွေလည်း ပါဝင်ခဲ့ပြီး ကလေးနှစ်ယောက်အတွက် သရေစာတွေလည်း ပါသေးတယ်။

အမေလင်းလည်း ပန်းသီးတစ်လုံးယူစားကာ အပြုံးနဲ့ ပြောလိုက်တယ်။

“ဒါ  တကယ်ကို ချိုတာပဲ.. ငါတို့ရဲ့  ချွေးမက ကောင်းလွန်းတယ်.. အခုလို အများကြီး ယူလာပေးတာနဲ့ဆို  ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်အထိ စားဖို့တောင် လုံလောက်နေပြီ..  ဒီနှစ်တော့ ဗိုက်ဆာရတော့မှာ မဟုတ်တာ သေချာတယ်”

လင်းကျင်း:  “အမေပြောတာထက် အများကြီးပိုသေးတယ်.. ကျွန်တော်တို့မိသားစုက ဒီနှစ်မှာ ဖက်ထုတ်တွေတောင် အများကြီးစားပြီးနေပြီလေ..  အရင်နှစ်တွေတုန်းကဆို နှစ်သစ်ကူးအကြိုနေ့မှာတောင် ဖက်ထုပ်စားဖို့ မလုံလောက်ခဲ့ဘူး”

အမေလင်းလည်း ဒါကိုတွေးနေခဲ့တယ်။  အရင်တုန်းကနေ့ရက်တွေက  အလွန်ခက်ခဲခဲ့တယ်။ သူတို့မှာ မိသားစုကြီးတစ်ခုရှိပြီး သားသမီးတွေကလည်း ကျောင်းတက်နေတုန်းပဲဖြစ်လို့ စားသောက်ရေးက စိုးရိမ်စရာအကောင်းဆုံးဖြစ်ခဲ့ရတယ်။

အခု သားဖြစ်သူ အိမ်ထောင်ကျပြီး ချွေးမတစ်ယောက်ရလာခဲ့ချိန်မှာ တစ်နှစ်ကျော်ကြာတဲ့အချိန်အတွင်း သူတို့ရဲ့ဘဝက ဒီလောက်ထိအများကြီး တိုးတက်လာလိမ့်မယ်လို့ ဘယ်သူကသိခဲ့မှာလဲ။

“စကားမစပ် .. ဒုတိယကလေးက အဲဒီမှာ ဘယ်လိုနေလဲဆိုတာ မမေးလိုက်ရသေးဘူး”

အမေလင်းတစ်ယောက် ဆုဆုတို့ထွက်သွားပြီးတဲ့ အချိန်ကျမှ သူမရဲ့ ဒုတိယအကြောင်းကို တွေးတောမိသွားရတယ်။

အဖေလင်း: “ဘာတွေအလျင်လိုနေတာလဲ..  မနက်ဖြန်မေးလိုက်တော့”

“ကောင်းပြီ”

အမေလင်းက လင်းချွမ်ယူလာတဲ့ တောရိုင်းအသီးအရွက်တွေကို ကောက်ယူလိုက်တယ်။

“မင်း  မအိပ်သေးဘဲ ဘာလုပ်မလို့လဲ”

“ချွမ်ဇီက ကျွန်မတိို့ချွေးမ ဒါကို စားချင်တယ်လို့ပြောလို့.. ကျွန်မ ဒါကို ပိုင်းပြီး ရေစိမ်ထားလိုက်မယ်..  မနက်ဖြန် နေ့လည်လောက်မှာ ဖက်ထုပ်လုပ်စားကြတာပေါ့”

“ဒါဆို ငါ စက်ဘီးနှင့် ကွန်မြူနတီမှာ အသားဝယ်လိုက်မယ်”

“ကျွန်တော်လည်း လိုက်ခဲ့မယ်”

လင်းကျင်းနှင့် လင်းရှန်တို့ နှစ်ယောက်စလုံးက စက်ဘီးကို ကိုင်ဆွဲလိုက်ကြပြီး စီးကြည့်ချင်နေကြတယ်။

နောက်ဆုံးမှာတော့ အမေလင်းရဲ့  ပြင်းထန်တဲ့ ဖိနှိပ်မှုအောက်မှာ သူတို့တွေ နာခံစွာနှင့် သွားအိပ်လိုက်ရတယ်။

နောက်တစ်နေ့မနက်မှာတော့ ဆုဆုတစ်ယောက် အံ့သြမင်သက်စွာ နိုးထလာရတယ်။ သူမက ဒီရှောင်ရှန်ရွာမှာ ဆောင်းရာသီအတောအတွင်းမှာပဲ နေထိုင်ခဲ့ဖူးပြီး ရိုးရိုးသားသားပြောရမယ်ဆိုရင် ခံစားချက်က သိပ်ပြီး  ကောင်းမွန်ခြင်းမရှိဘူး။

သူမရဲ့ အရင်ကမ္ဘာမှာတုန်းကလိုမျိုးမဟုတ်ဘဲ ဒီနေရာမှာ မြင်တွေ့နိုင်တဲ့ တစ်ခုတည်းသောအရာက အေးစက်လွန်းတဲ့ အဖြူရောင်နှင်းထုတွေပဲ။

တကယ်လို့ အိမ်သာကိုသွားချင်ရင်တောင် ပြေးသွားလို့မရဘဲ နှင်းတွေကြားမှာ ဖြည်းညှင်းစွာနဲ့ သွားရမှာဖြစ်ကာ ရေကလည်း ဖင်ကိုတောင် အေးခဲသွားစေခဲ့တယ်။

ဒါပေမယ့် ဒီရွာလေးက နွေရာသီမှာတော့ ဒီလောက်ထိလှပနေလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

သူတို့ရဲ့အိမ်နောက်မှာ တောင်တစ်လုံးရှိနေပြီး မော့ကြည့်လိုက်မယ်ဆိုရင် အစိမ်းနုရောင်သစ်ရွက်တွေ၊ အစွမ်းရင့်ရောင်သစ်ရွက်နှင့် အနီရောင်သစ်ရွက်တွေနဲ့ အရောင်အသွေးစုံလင်လွန်းလှကာ နေရောင်ခြည်စတင်ထွက်လာချိန်မှာ  ခမ်းနားတဲ့ တောင်စောင်းတစ်ခုလိုပဲ။

ခြံစည်းရိုးရဲ့ တောင်ဘက်ခြမ်းမှာဆီမှာတော့ နွားနှင့်ထွန်ယက်နေတဲ့ လယ်ကွင်းတစ်ခုလည်းရှိနေသေးတယ်။ ဒီလိုနယ်မြေမျိုးတွေကို သူမ ရုပ်ရှင်နဲ့ TV တွေမှာသာ မြင်ဖူးခဲ့တယ်။ ဒီခေတ်က ရှုခင်းတွေက ပန်းချီကားတွေလို လှပတာပဲ။

နောက်ပြီး သစ်ပင်ရဲ့အရိပ်အောက်မှာ မတ်တပ်ရပ်နေမယ်ဆိုရင် လုံးဝမပူဘဲ သက်သောင့်သက်သာရှိလွန်းတယ်။

တစ်ချို့လူတွေက သစ်ပင်အောက်မှ အရိပ်မှာ ထိုင်ရတာကို သဘောကျတာ  အံ့သြစရာမဟုတ်တော့ဘူး။ ဒါက တကယ်ကို အေးလွန်းတယ်။

လင်းချွမ်လည်း အပြင်ကိုထွက်လာချိန်မှာ သူမ သဘောကျနေတာကိုမြင်တော့ လှမ်းမေးလိုက်တယ်။

“မင်း တောင်တွေဘက်ကို လှည့်ပတ်ကြည့်ချင်လား.. ကိုယ်မင်းကို ခေါ်သွားပေးမယ်”

“သွားချင်တယ်!”

တကယ်တော့ သူမ တောင်ပေါ်ကို အမြဲသွားကြည့်ချင်နေခဲ့တာ။ သူမရဲ့ဖုန်းကိုပါ ပြန်ရှာတွေ့ခဲ့ရင် ပိုကောင်းလိမ့်မယ်။

“မနက်စာအရင်စားလိုက်ဦး.. မင်း မနက်စာမစားရသေးဘူးမလား”

လင်းချွမ်က ကိုယ်ဝန်ဗိုက်သိသာနေပြီဖြစ်တဲ့ ဆုဆုကို တွဲခေါ်ပြီး အိမ်ဆီသို့ လျှောက်သွားခဲ့ကြတယ်။

သူတို့တွေ အိမ်ကိုသွားတဲ့ လမ်းမှာပဲ  ရွာထဲမှလူတွေက ဖြတ်သွားချိန်မှာ တအံ့တသြနဲ့မေးလာကြတယ်။

  “မစ္စစု.. မင်းမှာကိုယ်ဝန်ရှိနေပြီလား”

လင်းချွမ်က ဆုဆုကို အရှေ့ကနေ ကာကွယ်ပေးရင်း ခေါင်းညိတ်လိုက်တယ်။

“ဟုတ်တယ်”

သူ့အနေနဲ့ ဆုဆုက သူမ ကိုယ်ဝန်အစောကြီးရတာကို သိပ်ပြီးမကြိုက်လှတာကို သိထားတာကြောင့်  သူမရှက်ရွံ့နေမှာကို စိတ်ပူနေခဲ့တယ်။

ဆုဆုက အမှန်တကယ်လည်း အနည်းငယ် ရှက်ရွံ့နေခဲ့တယ်။  သူမက ထွက်ခွာသွားစဥ်တုန်းက မိန်းမပျိုလေးတစ်ယောက်လို ဖြစ်နေသေးပေမဲ့ အချိန်အနည်းငယ်လောက်ကြာပြီးပြန်လာချိန်မှာတော့ ကိုယ်ဝန်နှင့်ဖြစ်နေခဲ့ပြီ။

သူမက အနည်းငယ်လောက် ရှက်ရွံ့နေပေမဲ့ လင်းမိသားစုကတော့ အလွန် ပျော်ရွှင်နေခဲ့တယ်။

အမေလင်းက ကလေးအတွက် ပစ္စည်းတွေ အများကြီး ပြင်ဆင်ထားခဲ့ပြီး ဆုဆုကို မေးမြန်းခဲ့တယ်။

“မင်း  ဒီကလေးကို ဘယ်မှာမွေးဖို့ စီစဉ်ထားလဲ”

သူမအနေနဲ့ သူတို့တွေ ကလေးကို ရွာမှာ ပြန်လာပြီး မွေးဖို့ မဖြစ်နိုင်မှန်းကို သိပေမယ့် မေးမြန်းသင့်သေးတယ်လေ။

“အဲဒီမှာပဲ မွေးချင်တယ်.. ကျွန်မမှာ သူနာပြု သူငယ်ချင်းတစ်ယောက်ရှိတယ်လေ..  အချိန်ကျရင် သူက အကုန် စီစဉ်ပေးမယ်လို့ပြောတယ်”

“ကလေးကို  ဆေးရုံမှာပဲ မွေးလိုက်လေ.. အဲဒါက ပိုပြီး စိတ်ချရတယ်..  ဒါပေမယ့် အနှီးဝတ်တွေအတွက်က မြို့ထဲမှာ မရှိလောက်ဘူး.. ငါလင်းပျင်း လေးနှစ်သားအရွယ်လောက်က ဝတ်ခဲ့တာတွေကို ထုပ်ပိုးပေးထားရမလား”

“ကောင်းပါပြီး.. အဝတ်ဟောင်းဝတ်တာက ပိုကောင်းတယ်လို့ပြောကြတာပဲ”

ဆုဆုက သဘောမကျတာမျိုးမရှိဘူး။ သန့်ရှင်းအောင် လျှော်ဖွတ်ထားတဲ့အဝတ်အစားတွေဖြစ်ပြီး ဟောင်းနွမ်းတဲ့အဝတ်စတွေက  ကလေးရဲ့ အရေပြားကို ပွန်းပဲ့မှုမဖြစ်စေဘူးလေ။

အမေလင်းက သူမ လက်ခံတာကိုကြားလိုက်ရတော့ အတော်လေး ပျော်ရွှင်သွားခဲ့ပြီး အသစ်ပြန်လည်လျှော်ဖွတ်ပြီး သိမ်းထားပေးမှာဖြစ်ကြောင်း ပြောလိုက်တယ်။

သူတို့တွေ  မနက်စာစားပြီးနောက် အမေလင်းက လင်းဟိုင်ရဲ့ အခြေအနေကို မေးတော့ ဆုဆုက ရိုးရိုးရှင်းရှင်းပဲ ပြန်လည် ရှင်းပြပေးခဲ့ကာအမေလင်းကို လစဥ်သုံးပစ္စည်းထုပ်တွေ ထုတ်ပေးလိုက်တယ်။

“အမေ.. ဒါက ကျွန်မတို့စက်ရုံကနေ ထုတ်တာ.. နောက်ပိုင်းကျရင် ဒါနဲ့သုံးလို့ရတယ်..  အိမ်သာသုံးစက္ကူတွေထက် ပိုကောင်းတယ်”

“ဒီပစ္စည်းက အရမ်းဈေးကြီးတယ်မလား.. မင်းတို့တွေ နောက်ဆုံး ရောင်းလို့ရတာပဲလေ”

“ဒါတွေက ထုတ်လုပ်မှုလိုင်းက ကျန်ရှိတာတွေပါ.. အမေ ဒါတွေကို သုံးလို့ရတယ်”

“ဒါက ဘယ်လိုသုံးရတာလဲ”

အမေလင်းက ဒါကို မသုံးဖူးသလို ရေးထားတဲ့စာကိုလည်း သိပ်မဖတ်တတ်ဘူး။

ဆုဆုက သူမကို အသုံးပြုနည်းတွေ  ရှင်းပြပေးခဲ့ပြီး အမေလင်းက အလွန်အသုံးဝင်တယ်လို့ ခံစားရတယ်။ သူမ စက္ကူဘောလုံးတွေ ထပ်ပြီးလုပ်နေစရာ မလိုတော့ဘူး။

သူမက ဆုဆုကို အိမ်သာသုံးစက္ကူနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ ရှက်စရာကောင်းတဲ့ ကိစ္စတချို့ကို ပြန်လည် ပြောပြခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လေ။

ထိုအချိန်မှာပဲ လင်းချွမ်က ခြင်းအသေးလေးတစ်ခုကို ယူလာခဲ့ပြီး ဆုဆုကို လမ်းလျှောက်ထွက်ဖို့ခေါ်လာတယ်။

အမေလင်းက အနည်းငယ် စိတ်မချမ်းသာဖြစ်သွားပြီး လှမ်းမေးခဲ့တယ်။

“မင်း ဆုဆုကို တောင်ပေါ် ခေါ်သွားမလို့လား”

“အင်း”

“တောင်ပေါ်မှာ တောကောင်မွှားကောင်တွေ အများကြီးရှိတယ်..သူ့ကို မကြောက်သွားစေနဲ့”

“မဖြစ်စေရပါဘူး”

“သူမက အခု ကိုယ်ဝန်သည်ဆိုတော့  တောင်ပေါ်မှာ ခူးဆွတ်ထားတဲ့ အသီးအနှံတွေကို ဒီအတိုင်း ကောက်စားလို့မရဘူးနော်.. ပြန်ယူလာခဲ့ပြီးမှ စားရမရ ပြန်ကြည့်ရမယ်”

“ကောင်းပါပြီ”

လင်းချွမ်က အရာအားလုံးကို ကတိပေးခဲ့ပြီးမှ ဆုဆုကို  မိခင်လင်းရဲ့ လက်မှ ကယ်တင်နိုင်ခဲ့ပြီး သူတို့နှစ်ယောက်သား လမ်းတစ်လျှောက် စကားပြောရင်းနှင့်ဘဲ တောင်ပေါ်သို့ ဖြည့်ညှင်းစွာ လျှောက်သွားခဲ့ကြတယ်။

ဆုဆုက သိပ်အဝေးကြီး မလျှောက်နိုင်တာကြောင့် လင်းချွမ်က သူမရဲ့  ကို လက်ဆွဲပြီး တောစပ်နားမှာ မှိုကောက်ဖို့ ခေါ်သွားပေးခဲ့တယ်။ ထို့နောက်မှာတော့ ချောင်းလေးဆီမှာ  ငါးနှင့် ပုစွန်လေးတွေ ရှာဖို့ ခေါ်သွားခဲ့တယ်။

ဆုဆုအနေနဲ့  တောင်ပေါ်မှာ လုပ်စရာတွေ အများကြီးရှိမယ်ဆိုတာကို မသိခဲ့ဘူး။

ခြင်တွေအများကြီးရှိပြီး  လမ်းလျှောက်ရတာ သိပ်ပြီးမလွယ်ကူလှပေမဲ့လည်း သူမ ဒီခံစားချက်ကို အမှန်တကယ်နှစ်သက်နေခဲ့တယ်။ သူမရဲ့အတိတ်ဘဝမှာဆိုရင် ရှုခင်းသာယာတဲ့နေရာကို ခရီးသွားရတာနဲ့တူတယ်။

သို့ပေမဲ့ ထိုနေရာတွေက ရှုခင်းကို အတုအယောင်တွေနှင့် အလှဆင်ထားတာဖြစ်ပြီး သဘာဝတောအုပ်ဆိုတာကိုသွားရင်တောင်  မှိုတွေကိုတွေ့ ဘာလို့လဲဆိုတော့ အကုန်လုံးက ဆေးတွေနှင့်ဖျန်းထားခဲ့တာကြောင့်  ပိုးကောင်တွေနဲ့ နှံကောင်တွေကိုတောင် မတွေ့နိုင်ဘူးလေ။

အခုချိန်မှာတော့  သူမ မမြင်ဖူးတဲ့ မျိုးစိတ်အချို့ကိုလည်း မြင်ခဲ့ရတယ်။  နှံကောင်အမျိုးအစားအတော်များများ၊ အရောင်အသွေး အမျိုးမျိုးရှိတဲ့ ပိုးမွှားတွေ၊ နောက်ထပ် ပုစဥ်းလေးတွေနှင့် လိပ်ပြာလေးတွေလည်း ရှိနေခဲ့ကာ သဘာဝအတိုင်း လှပနေခဲ့တယ်။

All Chapters