အခန်း (၁၃၃)
Vol. 14 Ch. 133
ဆုဆု ချောင်းစပ်နားမှာ ရပ်ရင်းနှင့် လင်းချွမ် ခြင်းလေးနှင့် ချောင်းပုစွန်ကြီးတွေ အချို့ဖမ်းနေတာကို ရပ်ကြည့်နေခဲ့တယ်။
သူမရဲ့ဘဝက အခုလိုမျိုးအရောင်အသွေးစုံလင်လာခဲ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး.. ဒါတွေ အကုန်လုံးက သူ့ကြောင့်ပဲ။
ထိုအချိန်မှာ လင်းချွမ်ကလည်း ခြင်းထဲမှာ ပါလာတဲ့ တစ်ခုခုကြောင့် အံ့အားသင့်သွားပြီး ထိုပစ္စည်းကို ထုတ်ယူပြီးမေးလာတယ်။
“ဒါက ဘာလဲ”
ဆုဆုက အဝေးမှာ ရှိနေခဲ့ပေမဲ့ သူဆယ်ယူထားမိတဲ့ ရေမှော်တွေကြားမှ တောက်ပနေတဲ့အရာတစ်ခုကို မြင်လိုက်ရချိန်မှာ ချက်ချင်းပဲ မှတ်မိသွားခဲ့တယ်။ အဲဒါက သူမရဲ့ဖုန်းမဟုတ်ဘူးလား။ သူမ ချက်ချင်းထရပ်လိုက်ပြီး ရေထဲကို ခြေထောက်တစ်ချောင်း ချကြည့်လိုက်တယ်။
“အဲဒါ ကျွန်မဟာပဲ…”
အခုလေးတင် လင်းချွမ်က သူမ အအေးမိသွားမှာကို စိုးရိမ်တာကြောင့် သူမကို ရေထဲသို့ ဆင်းခွင့်မပြုခဲ့ပေမယ့် သူမ စမ်းကြည့်လိုက်တော့ လုံးဝမအေးဘူးဆိုတာကို သိလိုက်ရတယ်။ သူမ စီးလာတဲ့ဖိနပ်က ရေစိုခံဖိနပ်ဖြစ်ပြီး ရေက အေးလည်းမအေးသလို အတော်လေး သက်သောင့်သက်သာရှိတယ်။
သူမက အခုချိန်မှာ သူမရဲ့ ဖုန်းကို ပိုပြီးစိုးရိမ်နေခဲ့မိတဲ့အတွက် ရေထဲကို အမြန်ဆင်းလာခဲ့ပြီး ရေမှော်ပင်တွေကိုဖယ်ကာ ဖုန်းကို စစ်ဆေးကြည့်လိုက်တယ်။
ဖုန်းရဲ့မှန်မှာကပ်ထားတဲ့ ယွမ် (၂၀) ကျော်တန် အကာအကွယ်(မှန်မကွဲ)က တကယ်ကို အလုပ်ဖြစ်တဲ့ပုံပဲ။အရေးကြီးဆုံးကတော့ ဒီဖုန်းက ရေစိုခံတာပဲ။ ဖွင့်လို့ရနိုင်ဦးမလားတော့ မသိဘူး။
သူက ပါဝါခလုတ်ကို လက်နဲ့ နှိပ်လိုက်တော့ ပွင့်မလာတော့တာကို တွေ့လိုက်ရတယ်။ ဒါက တကယ်ပျက်သွားတာလား အားကုန်နေတာလားတော့ မသိနိုင်သေးဘူး။ အိမ်ပြန်ရောက်တဲ့အချိန် အားပြန်သွင်းပြီး ဖွင့်ကြည့်ရမယ်။
“မင်းရဲ့ပစ္စည်းလာ?”
“ကျွန်မ မနှစ်က ပြုတ်ကျလာတုန်းက ပျောက်သွားခဲ့တာ”
“အဲဒါဘာလဲ?”
“အိုး.. ဒါက နှိုးစက်လေ.. နှိုးစက်နာရီ”
ဒီနေ့ခေတ်ကာလမှာ လက်ကိုင်ဖုန်းဆိုတာမရှိသေးဘူး။ လက်ကိုင်ဖုန်းအတွက် ကွန်ရက်ကလည်းမရှိသေးတာကြောင့် ဖုန်းခေါ်ဆိုရန် မဖြစ်နိုင်တဲ့အတွက် နှိုးစက်နာရီတစ်ခုအဖြစ်သာ သုံးနိုင်လိမ့်မယ်။
ပြင်လို့ရခဲ့ရင်တော့ ဓာတ်ပုံလည်းရိုက်လို့ရသေးတယ်။
“ဒီနှိုးစက်နာရီက တကယ့်ကို သေးသေးတာပဲ.. အဲဒါကို ရေထဲမှာ မြုပ်နေတာဆိုတော့ အဆင်ပြေသေးရဲ့လား”
လင်းချွမ်အနေနဲ့ သူ့ရဲ့ဇနီးသည်ဆီမှာ ထူးဆန်းတဲ့ ပစ္စည်းတွေရှိတတ်တာကို သိထားခဲ့ပေမဲ့ သူက သူမကို ယုံကြည်တာကြောင့် နောက်ထပ် မေးခွန်းတွေ မမေးချင်တော့ဘူး။ သူတို့က ဇနီးမောင်နှံတွေဖြစ်နေပေမဲ့ တချို့အရာတွေကို အလွန်အမင်း တွန်းအားမပေးသင့်ကြောင်းကို သူသိထားတယ်။ မဟုတ်ဘဲ တစ်ဖက်သားအပေါ်မှာ ပိုင်ဆိုင်လိုစိတ်တွေအများကြီးထားနေရင် ချုပ်ချယ်လွန်းသလိုဖြစ်ပြီး မုန်းတီးခံရလိမ့်မယ်။
တကယ်တမ်းမှာ လင်းချွမ်က ငယ်စဉ်ကတည်းက ပိုင်ဆိုင်လွန်စိတ်အလွန်ပြင်းထန်ခဲ့တဲ့သူပဲ။ သို့ပေမဲ့ သူ့ရဲ့ဇနီးသည်ကို လက်ထပ်ပြီးကတည်းက သူမကို နာကျင်စေမှာကိုစိုးရိမ်တာကြောင့် အလွန်အမင်း ထိန်းချုပ်ထားခဲ့တယ်။
ဆုဆုကတော့ သူဘာတွေကို တွေးနေမှန်း မသိခဲ့ဘဲ ဖုန်းကိုပြန်တွေ့ခဲ့ရတာကြောင့် အလွန်ပျော်ရွှင်နေခဲ့တယ်။
သူမက ဖုန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် အိတ်ကပ်ထဲသို့ ထည့်ကာ လင်းချွမ်နှင့်အတူ အိမ်ကို ပြန်လာခဲ့တယ်။
[T/n_ ဆုဆုရဲ့ ဖုန်းကလေ အရှေ့ပိုင်းမှာတုန်းက သူ့ရဲ့ ဖုန်းကိုထုတ်ယူပြီး မှန်အဖြစ်သုံးခဲ့တယ်/လိုင်းပျောက်သွားတာ ဆိုပြီးပါတာ အခုနောက်ပိုင်းမှာ ဖုန်းပျောက်သွားတယ်ဆိုပြီးဖြစ်သွားတယ်
E trans က MTLလို ဖြစ်နေတော့ အမှားလုပ်မိတယ်လို့ ထင်ပါတယ်]
အိမ်ကို ပြန်ရောက်တော့ တောရိုင်းဟင်းသီးဟင်းရွက်တွေနဲ့ ပေါင်းထားတဲ့ ဖက်ထုပ်တွေကို စားခဲ့တယ်။ ဒါတွေက တကယ့်ကို လတ်ဆတ်လွန်းပြီး အလွန်အမင်း အရသာရှိလွန်းတယ်။
“အရသာရှိလိုက်တာ .. ဒါက ဘာလို့ဒီလောက်တောင် လန်းဆန်းစေရတာလဲ”
“ဒါက တောင်ပေါ်က အသီးအရွက်တွေရဲ့ အရသာပဲလေ.. ဒါကို ရေနွေးဖျောပြီး အသီးအရွက်ချဥ်အဖြစ် လုပ်ထားလို့ရတယ်လေ.. မင်း စားရတာ အရသာတွေ့တယ်ဆိုရင် မနက်ဖြန်ဆို မင်းအတွက် နည်းနည်းလောက်သွားခူးပြီး အချဥ်တည်ထားပေးမယ်.. အိမ်ပြန်ရောက်ရင်လည်း ဒါကို ထုတ်ပြီးစားလို့ရပြီ”
“ကောင်းပြီ .. ဒါဆို ဒါကို ဖက်ထုပ်ရောလုပ်လို့ရလား”
“ရတာပေါ့.. အချဥ်ပေါက်အောင် နေ့တစ်ဝက်လောက် စိမ်ထားပြီးရင် လုပ်စားလို့ရတယ်”
ဆုဆု ထိုစကားကိုကြားတော့ အလွန်ဝမ်းသာသွားပြီး ပြန်ပြောလိုက်တယ်။
“အမေ.. ဒါဆို ကျွန်မတို့ တစ်အိုးယူသွားမယ်လေ”
ဘာပဲဖြစ်ဖြစ် ကားရှိနေတာပဲဆိုတော့ သယ်သွားလို့ရတယ်။
“တစ်အိုးနှင့်မရလောက်ဘူး.. အမေ ပိုပြီး ခူးလာပေးလို့ရမလား”
လင်းချွမ်က ပုဇွန်ကို ရွေးရင်းနှင့် လှမ်းပြောလာတယ်။
ဆုဆု: “ရှင် ဘယ်သူကို ပေးချင်လို့လဲ”
“ကျောင်းအုပ်ကြီးကွမ်းနှင့် သူ့ဇနီးကိုပေးရမယ်.. နောက်ပြီး မင်းရဲ့အိမ်နီးနားချင်းရဲ့ဆရာနှင့် ပိုင်လင်းလင်းရဲ့ အိမ်လည်းရှိသေးတယ်”
လင်းချွမ်က သာမန်ကာလျှံကာပဲ ပြောလာတယ်။
ဆုဆုတစ်ယောက် သူမ အတော်လေး တုံးအနေကြောင်း ခံစားမိတယ်။ ကံကောင်းထောက်မစွာနှင့် လင်းချွမ်က လူမှုဆက်ဆံရေးမှာ အလွန်ကောင်းနေခဲ့တယ်။ သူက သူမထင်ထားသလိုမျိုး အရမ်းကြီး ဖြောင့်တန်းမနေခဲ့ဘူး။
အမေလင်းလည်း သူတို့ရဲ့ စကားကိုကြားတော့ ချက်ချင်း သဘောတူလာတယ်။
“မင်းအဖေနဲ့ တခြားသူတွေ ပြန်လာရင် တောင်ပေါ်ကို သွားပြီး ခူးလိုက်လိုက်မယ်”
“ လင်းချွမ်ကိုပဲ လွှတ်လိုက်မယ်လေ”
အမေလင်းက အဝေးက ရောက်လာခဲ့တဲ့ သားအကြီးဆုံးကို အလုပ်ခိုင်းရမှာကို ဝန်လေးနေခဲ့တယ်။
“ကောင်းပြီ”
အမေလင်းက သူမရဲ့ သားကြီးဖြစ်သူမှ ငြင်းဆန်လာဖို့ မျှော်လင့်ခဲ့ပေမဲ့ လင်းချွမ်က ချေပစကားမဆိုဘဲ နေ့ခင်းဘက်မှာ တောရိုင်းဟင်းသီးဟင်းရွက်တွေကို သွားခူးပြီး ပြန်လာခဲ့တယ်။
မိသားစုတစ်ခုလုံးက တောရိုင်းဟင်းသီးဟင်းရွက်တွေကို နေ့တစ်ဝက်လောက် အချဥ်စိမ်နေခဲ့ကြတယ်။
ထိုအချိန်မှာပဲ လင်းမိသားစုရဲ့အကြီးဆုံးအန်တီရောက်ရှိလာခဲ့တယ်။ သူက လင်းတုံဟဲရဲ့ အခြေအနေတွေကို စုံစမ်းမေးမြန်းလာခဲ့ပြီး သူ စက်ရုံတစ်ခု တည်ထောင်ထားကြောင်း ကြားသိရချိန်မှာ အလွန်ဝမ်းသာနေခဲ့တယ်။ သူက လင်းတုံဟဲနှင့် သူ့ရဲ့ဇနီးသည်အကြောင်းကို ထပ်မံမေးမြန်းခဲ့ပြန်တယ်။ ဆုဆု အပိုစကားတွေဘာမှမပြောပဲ ပေါ့ပေါ့ပါးပါးပဲဆိုခဲ့တယ်။
“အရင်လိုပါပဲ”
အဆင်မပြေဘူးလို့ ပြောချင်တာပဲလေ။ သူတို့စုံတွဲ အရင်က ရန်ဖြစ်ခဲ့ကြတာကို လူတိုင်းသိတယ်။ ဒါကြောင့် သူမက ဘယ်လိုလုပ်ပြီး သဘောမပေါက်ဘဲနေမှာလဲ။
အကြီးဆုံးအန်တီက သက်ပြင်းချပြီးပြောလာတယ်။
“ဒီလိုဇနီးမျိုးကို လက်ထပ်ခဲ့တာ စိတ်ပူစရာတွေချည်းပဲ”
ဆုဆု “အဆင်ပြေသွားပါလိမ့်မယ်”
အဆုံးမှာ သူတို့တွေက ဇာတလိုက်နှင့် ဇာတ်လိုက်မ,သာဖြစ်ပြီး အနိုင်ကျင့်ခံကြရမှာမဟုတ်ဘူးလေ။
အကြီးဆုံးအန်တီက မေးမြန်းပြီးတာနှင့် ပြန်သွားခဲ့တယ်။ သူမ ပြန်မသွားခင်မှာ လစဥ်သုံးပစ္စည်စနှစ်ခုတ်ကိုလည်း ပြန်သယ်သွားခဲ့တယ် ။ ထိုအရာတွေက သူတို့သားရဲ့ စက်ရုံက ထုတ်ကုန်တွေဖြစ်ကြောင်း သိခဲ့တာကြောင့် အလွန်ပျော်နေခဲ့တယ်။
အမေလင်းက စိတ်မချနိုင်စွာသတိပေးခဲ့တယ်။
“မင်းတို့တွေ ဖက်စပ်စက်ရုံတည်ထောင်ထားတာ အနာဂတ်မှာ တစ်ခုခုမဖြစ်အောင် သတိထားရမယ်”
“ဖြစ်လာမှာမဟုတ်ပါဘူး.. ကျွန်မတို့က အစုရှယ်ယာစနစ်နှင့် တည်ထောင်ထားတာလေ”
ဆုုဆက အပြုံးနှင့် ပြန်ပြောခဲ့တယ်။
သူတို့တွေ အစုရှယ်ယာတွေက ဘယ်နှစ်လိုမျိုး အများဆုံး ခွဲဝေမလဲဆိုတာတွေကို ဆွေးနွေးညှိနှိုင်းထားခဲ့တယ်။ သူတို့သုံးယောက်မှာ ဆုဆုက ရှယ်ယာအများဆုံးဖြစ်ပြီး လင်းတုံဟဲကတော့ အနည်းဆုံးဘဲ။ ဒါပေမယ့် သူက စက်ရုံမှာရှိတဲ့ အရာအားလုံးကို တာဝန်ယူထားတဲ့အတွက် အကျိုးအမြတ်ထဲမှ အမြတ်ဝေစုကတော့ ပိုများနေလိမ့်မယ်။
အမေလင်းက ဒီအကြောင်းတွေကို နားမလည်တာကြောင့် နောက်ထပ်မေးခွန်းတွေ ဆက်မမေးတော့ဘူး။ သူမက တောရိုင်းဟင်းသီးဟင်းရွက်တွေကိုသာ သူတို မပြန်ခင် ပြီးစီးအောင်လုပ်နေခဲ့တယ်။
*
“မမွေးခင် ဖုန်းဆက်လိုက်နော်.. ငါ မင်းတို့ဆီကိုလာခဲ့မယ်”
“ကောင်းပါပြီ အမေ”
သူမရဲ့ယောက္ခမဖြစ်သူက သူမမြေးကို ဂရုစိုက်တာ ပုံမှန်ပဲဖြစ်တာကြောင့် ဆုဆု သလောတူခဲ့တယ်။
သူတို့ရဲ့အိပ်ဆောင်မှာ အခန်းတစ်ခန်းပဲရှိနေတာကို တွေးမိတော့ သူမရဲ့ ယောက္ခမဖြစ်သူ လာရင် နေစရာမရှိကြောင်းကို တွေးမိသွာရပြန်တယ်။
ဒါကို အိမ်ပြန်ရောက်တဲ့အချိန် လင်းချွမ်နှင့် သေသေချာချာဆွေးနွေးရမယ်။
ပြန်ခါနီးအချိန်မှာတော့ သူမရဲ့ ယောက္ခမက သူကောက်ယူ သိမ်းဆည်းထားခဲ့တဲ့ ကြက်ဥ အလုံး လေးဆယ်၊ငါးဆယ်လောက်နှင့် ငန်းဥအလုံးနှစ်ဆယ်ကျော်ကို ထည့်ပေးလာတယ်။ ငန်းဥစားတာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အလွန်အာဟာရဖြစ်စေတယ်လို့ ဆိုကြတာကြောင့် အမေလင်းက လက်ထပ်ချိန်တုန်းက ကျန်ရှိနေတဲ့ပိတ်စအနီကိုသုံးကာ ဆုဆုစားဖို့အတွက် လဲလှယ်ပေးခဲ့တယ်။
ပြီးနောက် ဟင်းသီးဟင်းရွက်ချဉ် အိုးကြီး တစ်လုံးပါရှိတယ်။ ဒါကိုတော့ ပြန်ရောက်တဲ့အချိန်မှ ခွဲဝေရလိမ့်မယ်။
သူတို့တွေ အိမ်ကို ပြန်ရောက်ပြီးနောက်မှ ဆုဆု တစ်နေ့တာလောက်အနားယူပြီး စက်ရုံကို သွားခဲ့တယ်။
ထို့နောက်မှာတော့ ဆုဆုတစ်ယောက် သူမရဲ့ မျက်နှာကို အရိုက်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။ သူမက သူမရဲ့မိသားစုဝင်တွေကို လင်းတုံဟဲကတော့ ဘာမှပြောစရာကြောင်း ပြောခဲ့ပေမဲ့ အခု သူမ ရုံးခန်းတံခါးဝသို့ ဝင်ရောက်လာချိန်မှာပဲ အဓိကစားပွဲမှာ သူမရဲ့အပိုင်လိုမျိုး ထိုင်နေခဲ့တဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။ သူမက စာရွက်စာတမ်းတချို့ကိုလည်း ကိုင်တွယ်ပြီး စီတန်းနေခဲ့သေးတယ်။ ကြည့်ရတာ ဒီနေရာမှ တာဝန်ရှိဝန်ထမ်းတစ်ယောက်လိုမျိုးပဲ။
သူမ ဝင်လာတာကို မြင်တော့ တစ်ဖက်လူက အပြုံးတစ်ခုနှင့်ပြောလာတယ်။
“ရဲဘော်ဆုရောက်လာတာလား.. လာထိုင်လေ.. ရေနည်းနည်းသောက်ဦးမလား.. ငါ နင့်အတွက် လောင်းထည့်ပေးမယ်”
ကြည့်ရတာ ဒီနေရာက သူမရဲ့အပိုင်လိုမျိုးပဲ။
ဆုဆု သူမ ဒီဇိုင်းထုတ်ထားတဲ့ ရုံးခန်းကို လှည့်ပတ်ကြည့်လိုက်တော့ သူမနဲ့ပိုင်လင်းလင်းတို့ ထိုင်နေကျနေရာက အခုချိန်မှာ ချင်ယွဲ့ယွဲ့ရဲ့ ကိုယ်ပိုင်အိမ်ခန်းလို ဖြစ်နေခဲ့တယ်။
ဒါက သူမကို အတော်လေး စိတ်မချမ်းမသာဖြစ်စေခဲ့တယ်။
ထိုအချိန်မှာ လင်းတုံဟဲလည်း ဝင်လာတာကိုတွေ့တော့ သူမက လှမ်းပြောလိုက်တယ်။
“လင်းတုံဟဲ.. ငါတို့ စက်ရုံက စာရွက်စာတမ်းတွေက ဘယ်လိုလုပ်ပြီး မသက်ဆိုင်တဲ့လူတွေ ဝင်ရောက်ဖတ်ရှုခွင့်ရှိသွားတာလဲ”
လင်းတုံဟဲရဲ့မျက်နှာက အနည်းငယ် နီမြန်းနေခဲ့ပြီး ဆုဆုရဲ့ စကားကို ကြားတော့ သူက ပြန်ပြောလာခဲ့တယ်။
“အဲဒါက ငါခိုင်းခဲ့တာပါ.. ငါက စာရင်းတွေကို သိပ်ပြီးမနိုင်နင်းလို့ တွက်ချက်မှုတွေကို ကူညီပေးဖို့ သူမကို တောင်းဆိုခဲ့တာ”
“သူက ငါတို့စက်ရုံက မဟုတ်ဘူး၊ ဒါမှမဟုတ် နင်သူ့ကို ဒီစက်ရုံကိုဝင်ဖို့ ဖိတ်ခဲ့တာလား”
ဆုဆုက သူမရဲ့ခါးတုတ်တုတ်လေးကို လက်တစ်ဖက်နဲ့ထောက်ရင်း အပြင်းအထန် ပြောလိုက်တယ်။ ဒါကသူတို့သုံးယောက် အတူတူ လည်ပတ်ခဲ့တဲ့ စက်ရုံ ဖြစ်ပြီး သိပ်ပြီး ပုံစံတကျဖြစ်တဲ့ပုံ မပေါ်ရင်တောင် ဒါက သူတို့ သုံးယောက်ရဲ့ စက်ရုံသာဖြစ်ပြီး ချင်ယွဲ့ယွဲ့ရဲ့ စက်ရုံ မဟုတ်ဘူး ။
အခု သူမက ရုံးရဲ့အပေါ်ထပ်မှ ရုံးခန်းထဲမှာထိုင်ပြီး စက်ရုံပိုင်ရှင်တစ်ယောက်ရဲ့ ဇနီးလို မျက်နှာမျိုးနဲ့ လာပြီးဆက်ဆံနေတာက ဘာသဘောလဲ?
ဒါ့အပြင် သူတို့သုံးယောက်က စက်ရုံဆောက်ဖို့အတွက် အလွန်အမင်းကြိုးစားနေခဲ့ချိန်မှာတော့ အရိပ်အယောင်လေးတောင် ပေါ်မလာခဲ့ဘဲ အကျိုးအမြတ်တွေရနေတဲ့အချိန်ကျမှ ဘာလို့ ရောက်လာရတာလဲ?
လင်းတုံဟဲရဲ့မျက်နှာက နီမြန်းနေခဲ့ပြီး ဆုဆုရဲ့ပြတ်သားတဲ့စကားတွေကြောင့် သူလည်း အနည်းငယ် ဒေါသထွက်သွားခဲ့တယ် ။ ဒါကြောင့် ချင်ယွဲ့ယွဲ့ဘက်ကိုလှည့်ပြီး ပြောလိုက်တယ်။
“ပြန်သွားတော့.. ဒီမှာ မင်းအကူအညီ မလိုဘူး”
“ဒါပေမယ့် ရှင်က အလုပ် အရမ်းရှုပ်နေတာလေ.. လင်းဟိုင်ရဲ့ ပညာရေးကလည်း ရှင်းကိုကူညီဖို့ မလုံလောက်ဘူး”
ချင်ယွဲ့ယွဲ့က နစ်နာတဲ့အမူအရာနဲ့ပြောလာတယ်။
“သူက ငါတို့ကို မကူညီနိုင်ဘူးဆိုရင် ငါတို့ စာရင်းကိုင်တစ်ယောက် ငှားလိုက်လို့ရတယ်”
ဆုဆု ယဥ်ကျေးမနေတော့ဘဲ တိုက်ရိုက်ပဲ တုံ့ပြန်လိုက်တယ်။ ခေါင်းကိုလာရိုက်ပြီးမှ မျက်နှာကောင်းလိုချင်နေတာလား။ တွေးတောင် မတွေးလိုက်နဲ့။
ချင်ယွဲ့ယွဲ့ လင်းတုံဟဲဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး သူ့က ဘာစကားမှ မပြောတာကို မြင်လိုက်ရတာကြောင့် ဝမ်းနည်းစွာနှင့် ထွက်သွားခဲ့ရတယ်။
**