အခန်း (၁၃၅)
Vol. 14 Ch. 135
“မင်းက သူမ ဗိုက်ကြီးနှင့်ဖြစ်နေလို့ အလုပ်အရမ်းပင်ပန်းနေရလို့ ဆိုပြီးပြောလာတယ်ပေါ့.. ဒါဆို သူမ အရင်က ဗိုက်ကြီးနှင့်ပဲ ကုန်ပစ္စည်းတွေကို ကြော်ငြာဖို့ သွားနေခဲ့ရတဲ့အချိန်မှာ မင်း ဘာလုပ်နေခဲ့လဲ? သူမ အရင်တုန်းက ငါတို့ဆီကို အစားအသောက်တွေ ချက်ပြုတ်ပြီး လာပို့ပေးတုန်းကရော မင်းဘယ်မှာရောက်နေခဲ့လဲ?
အခု မင်းမှာ ဒီလိုစကားမျိုးပြောဖို့ ဘယ်လို အရည်အချင်းရှိနေလို့လဲ”
လင်းတုံဟဲ ဒီအချိန်မှာတော့ တစ်ခုခုကို နားလည်သဘောပေါက်သွားပုံရတယ်။ ဒီအမျိုးသမီးက လောဘကြီးလွန်းပြီး သူမက အလွန်အမင်း တစ်ကိုယ်ကောင်းဆန်လွန်းတယ်။
ကွမ်း မိသားစုဆီကို ပြန်ရောက်ကတည်းက သူမရဲ့ သဘောထားတွေက အထပ်ထပ်အခါခါ ပြောင်းလဲနေခဲ့တယ်။ အရင်တုန်းကတော့ သူမကိုယ်တိုင်က သူနှင့် ပြတ်ပြတ်သားသား မျဉ်းဆွဲဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် အခုချိန်မှာတော့ စက်ရုံကို အပိုင်ရဖို့အတွက် စိတ်အားထက်သန်နေခဲ့ပြီ။
လင်းတုံဟဲအနေနဲ့ ဆုဆုရဲ့ ပံ့ပိုးမှုမပါဘဲနဲ့ ပိုင်လင်းလင်းနှင့်ဆက်ဆံရေးက မဖြစ်နိုင်ဘူးဆိုတာ တွေးမိတယ်။ သူ့ဆီမှာ ဒီစက်ရုံကို ဝါးမျိုချလိုတဲ့ ရည်မှန်းချက်ရှိနေရင်တောင်မှ ပိုင်လင်းလင်းကို အပြစ်လုပ်မိဖို့အတွက်တော့ မတတ်နိုင်ဘူး။ လင်းချွမ်ကတော့ ထည့်ပြောစရာတောင်မလိုအပ်ဘူး။
ဒါပေမယ့် ဒီအမျိုးသမီးက အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ သူမရဲ့အိတ်ကပ်ထဲကို ပိုက်ဆံထည့်ချင်ရုံအတွက်ကိာသာ တွေးနေခဲ့တယ်။ ထိုသို့သော တစ်ကိုယ်ကောင်းဆန်မှုမျိုးက သူမရဲ့မိဘတွေနှင့် အလွန်ဆင်တူလွန်းတယ်။
အနားမှာ ရှိနေတဲ့ လင်းဟိုင်က ဆုဆုကို ထောက်ပံ့ပေးလိုက်ပြီး ဝင်ပြောလာတယ်။
“ဟုတ်တယ်.. မင်းက အရှက်ကင်းမဲ့လွန်းတာပဲ.. ငါ့မရီးနဲ့ ဒုတိယအစ်ကိုနှင့် စီးပွားရေးစလုပ်ခဲ့တုန်းက မင်းအကြောင်းကို ဘာမှထည့်မပြောခဲ့ဘူး.. မင်းနှင့် မဆိုင်တဲ့ ကိစ္စတွေကို လာမရှုပ်နဲ့ .. မင်းရဲ့ တက္ကသိုလ်ကိုပဲ သွားတက်နေလိုက်”
ချင်ယွဲ့ယွဲ့ သူတို့ သုံးယောက်ကို အံ့အားသင့်စွာ ကြည့်ရင်း ရေရွက်လာတယ်။
“နင်တို့တွေ ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးတွေပြောနိုင်ရတာလဲ.. ငါလည်းပဲ...”
“ အသုံးမဝင်တာတွေ ပြောမနေနဲ့တော့.. ငါ မနက်ဖြန် ရွာကိုပြန်ပြီး ပါတီအတွင်းရေးမှူးဆီမှာ ကွာရှင်းခွင့် လက်မှတ်သွားတောင်းလိုက်မယ်.. ပြီးသွားရင် ငါတို့ ဘာမှ မဆိုင်တော့ဘူး”
လင်းတုံဟဲအနေနဲ့ ချင်ယွဲ့ယွဲ့နှင့် ကွာရှင်းဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေမဲ့ သူမကသာ ဒီလိုနေ့မျိုးကိုရောက်ဖို့ အတင်းအကြပ် ဖိအားပေးလာခဲ့တာပဲ။
ချင်ယွဲ့ယွဲ့ ချက်ချင်းပဲ ခေါင်းခါရင်း ပြောလာတယ်။
“မဟုတ်ဘူး လင်းတုံဟဲ.. ရှင် ကျွန်မကို ဘယ်လိုလုပ်ပြီး ဒီလိုဆက်ဆံနိုင်တာလဲ.. ကျွန်မက ရှင်နှင့် ဘယ်လိုပြဿနာမှ မရှိဘူးလေ.. အဲဒါက ဆုဆုပဲ.. သူမက ကျွန်မတို့ကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်အောင် လုပ်နေတာ.. ကျွန်မက ရှင့်အတွက်ပဲ တွေးတောနေခဲ့တာ ရှင် နားမလည်ဘူးလား”
တကယ်လို့ သူတို့သာ ကွာရှင်းလိုက်ရင် သူမရဲ့မိဘတွေလာလာပြီး ပိုက်ဆံတောင်းတဲ့အချိန်မှာ ပိုက်ဆံတွေ ရှိမနေတော့ရင် ဘယ်လိုလုပ်မလ်။
“ငါနားလည်တယ်၊ မင်းက ငါတို့အတွက် လုပ်ခဲ့တာ.. ဒါပေမယ့် ငါက ဒီလိုမျိုးဆိုးရွားပြီးစာရိတ္တမဲ့တဲ့ ကိစ္စမျိုးကို လုပ်မှာမဟုတ်ဘူး..
ဒါ့အပြင် ဆုဆုနှင့် ရဲဘော်ပိုင်သာ မရှိရင် ငါ ဒီစက်ရုံကို ဘယ်လိုနည်းနဲ့မှ မတည်ဆောက်နိုင်ဘူး..
ဒီစိတ်ကူးစိတ်သန်းက ဆုဆုရခဲ့တာဖြစ်ပြီး ဒီစက်ရုံအတွက်လိုအပ်တဲ့ စမ်းသပ်ခံပစ္စည်းကလည်း သူမအတွက် နိုင်ငံခြားက ပို့ပေးလာခဲ့တာ.. ဟုတ်တယ်၊ စက်ရုံအတွက်နေရာက သူမကိုယ်တိုင် ငှားရမ်းခဲ့တာဖြစ်ပြီး စက်ရုံရဲ့အလုပ်သမားတွေကလည်း သူမက ခန့်အပ်ထားတဲ့သူတွေပဲ..
ဒီစက်ရုံမရှိရင် ဒီအလုပ်သမားတွေသာမရှိရင် ငါက ဘာမှ မဂုတ်ဘူး..
ရဲဘော်ပိုင်အတွက်ကတော့ တကယ်လို့ သူမဆီကသာ ကုန်ကြမ်းပစ္စည်းတွေရောက်မလာခဲ့ရင် ငါက ဘယ်ပစ္စည်းတွေနှင့် စက်ရုံလည်ပတ်ရမှာလဲ?
သူတို့ရဲ့ အကူအညီသာမပါခဲ့ရင် ငါက ဘယ်သူမှ မဟုတ်သလို ဒီစက်ရုံကိုလည်း ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး”
လင်းတုံဟဲက အခြေခံအကျဆုံးသော အခြေအနေတွေကိုပဲ ပြောပြသွားခဲ့တယ်။ တချို့အရာတွေက သူမ လိုချင်တယ်ဆိုရုံနှင့် ယူသွားနိုင်တဲ့ အရာတွေမဟုတ်ကြောင်း နားလည်နိုင်သင့်တယ်။ တချို့သော ကိစ္စတွေမှာ အလွန်အမင်း နုံအလွန်းနေလို့မရဘူး။
ဒါက သဟဇာတဖြစ်မှုကို ထိခိုက်စေရုံသာမက မိတ်ဆွေတွေကိုတောင်မှ ဆုံးရှုံးသွားစေတဲ့အပြင် ကိုယ်ပိုင်ကြက်တွေကိုတောင် ပျံသန်းသွားစေလိမ့်မယ်။
တကယ်လို့ ဒီနေ့ ဆုဆုသာ စိတ်ဆိုးသွားရင် သူမက သူ့ကို ဒီစက်ရုံကိုတိုက်ရိုက် ပေးပြီး လှည့်ပြန်သွားလို့ရတယ်။ သူမတို့အတွက်က ဘာမှ ထူးခြားသွားမှာမဟုတ်ဘူး။ တခြားစက်ရုံတစ်ခု တည်ဆောက်လိုက်ရုံပဲလေ။
ပိုင်လင်းလင်း ဒီမှာရှိနေတာက သူ့ရဲ့မျက်နှာမဟုတ်ဘဲ သူမကြောင့်သာ ရှိနေတာပဲ။ တကယ်လို့ သူတို့သာပိုက်ဆံယူပြီးထွက်သွားခဲ့မယ်ဆိုရင် စက်ရုံအတွက် အရင်းအနှီးလည်း မရှိတော့သလို ဆက်လက်လည်ပတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။
ဒီနောက်ကွယ်မှာ ကိစ္စတွေအများကြီးရှိနေသေးတယ်။ လင်းတုံဟဲအနေနဲ့ သူပင်ပင်ပန်းပန်းတည်ဆောက်ထားခဲ့တဲ့ စက်ရုံကြီး ပြိုလဲ ပျက်စီးသွားမှာကို မကြည့်နိုင်ဘူး။
တစ်ချိန်တည်းမှာ သူ့အနေနဲ့ ဒီအလုပ်ကို အလွန် သဘောကျနေခဲ့ပြီး သူ့ရဲ့ အသေးအဖွဲကိုယ်ရေးကိုယ်တာကိစ္စရပ်ကြောင့် ပိုက်ဆံနှင့်လူကို ဆုံးရှုံးလိုစိတ်မရှိဘူး။
အမျိုးသားတွေက ဒီလိုအရာတွေမှာ အမျိုးသမီးတွေထက် အမြဲတမ်းသာလွန်ကြပြီး သူတို့ရဲ့အောင်မြင်မှုအတွက် လျှို့ဝှက်ချက်လည်း ဖြစ်တယ်။
တခြားတစ်ဖက်မှာတော့ အမျိုးသမီးတွေက အများအားဖြင့် ကပ်တွယ်မှုတွေနှင့် ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေက ရောနှောပါဝင်နေတတ်ပြီး အလုပ်ကို မတွင်ကျယ်နိုင်ဘူး။
ဥပမာအားဖြင့် အခု ချင်ယွဲ့ယွဲ့လိုပဲ။ နောက်ဆုံးမှာတော့ သူမက နားလည်သွားခဲ့ပြီ။ သူမက မူလတုန်းကတော့ စက်ရုံတစ်ခုကို တည်ထောင်တာက ရိုးရှင်းလွန်းတယ်လို့ တွေးတောမိခဲ့တယ်။ အခုတော့ ထိုစိတ်ကူးအတွက် အနည်းငယ် နောင်တရနေပြီ။
လင်းတုံဟဲက အခု သူမကို ကွာရှင်းလိုက်မယ်ဆိုရင် သူမရဲ့ အဆင့်အတန်းတွေ ထပ်မံကျဆင်းရတော့မှာကိုတွေးပြီး ချက်ချင်းတောင်းပန်လိုက်တယ်။
“တောင်းပန်ပါတယ်.. ဒီမှာ ကိစ္စတွေအများကြီးရှိတယ်ဆိုတာကို ကျွန်မမသိခဲ့ဘူး.. အနာဂတ်မှာ ကျွန်မ ရှင့်ရဲ့အလုပ်ကိစ္စတွေကို ဝင်မပါတော့ဘူးလေ.. ရှင့်အတွက် နေ့တိုင်း နေ့လည်စာ ချက်ကျွေးမယ် ဟုတ်ပြီလား”
သူမရဲ့ အသံက နူးညံ့ပျော့ပျောင်းပြီး လင်းတုံဟဲရဲ့ အင်္ကျီလက်စကို ဆွဲကာ ကိစ္စတွေကို ပြေလျော့သွားဖို့ အတတ်နိုင်ဆုံးလုပ်နေခဲ့တယ်။
လင်းဟိုင်က ခေါင်းကို တစ်ဖက်သို့လှည့်ပြီး ပြောလာတယ်။
“အရင်က ရွာမှာ သူမလိုမျိုး အမြဲတမ်း မာနကြီးနေတဲ့မိန်းမမျိုး မတွေ့ဖူးခဲ့ဘူး ..ဒါပေမဲ့ ဘယ်လောက်ပဲ မောက်မာတဲ့ မိန်းမဖြစ်ပါစေ ပိုက်ဆံရှေ့ကိုရောက်သွားရင် ဒီလို ပုံစံမျိုး .. .အရှက်မရှိဖြစ်သွားနိုင်ကြတာပဲ”
ဆုဆုက သူတို့ကိုအေးစက်စက် မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီးတော့ ဝင်ပြောလိုက်တယ်။
“နင်တို့ရဲ့ ပြသနာတွေကို ဘယ်လိုပဲ ဖြေရှင်းနေပါစေ ငါ ဂရုမစိုက်ဘူး.. ဒါပေမယ့် သူမကတော့ နောက်တစ်ခါ စက်ရုံထဲကို ထပ်မဝင်ရဘူး ဒါမှမဟုတ်ဘူးဆိုရင်တော့ ငါတို့တွေ လမ်းခွဲကြတာပေါ့”
သူတို့က အခု လမ်းဘေးမှာရှိနေတာကြောင့် ဆုဆု ထပ်ပြောလိုက်တယ်။
“ဒီတော့ အခု နင့်မှာ ယောက်ျားရှိနေပြီဆိုတာကို တခြားသူတွေ သိသွားမှာကို မကြောက်တော့ဘူးလား.. နင့်ရဲ့ ပရိတ်သတ်လေးတွေ မြင်သွားရင် သိပ်မကောင်းဘူးမလား”
ချင်ယွဲ့ယွဲ့ သူမရဲ့လက်တွေကို သတိလက်လွတ်နှင့် ပြန်လွှတ်လိုက်မိပေမဲ့ လင်းတုံဟဲရဲ့ မျက်နှာထားက ပြောင်းလဲသွားတာကို မြင်လိုက်ရတာကြောင့် ချက်ချင်းပြန်ကိုင်လိုက်တယ်။
သူမက ဆုဆုကို မကျေမချမ်းနှင့် စိုက်ကြည့်ကာ မထိန်းနိုင်ဘဲ ပြောလိုက်ပြန်တယ်။
“တုံဟဲ အဲဒါ ကျွန်မပြောတာ မဟုတ်ဘူး ဆုဆုပဲ”
“ကိုယ့်ကိုယ်ကို လေးစားပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တယ်ဆိုတဲ့ ချင်ယွဲ့ယွဲ့က ဘယ်ကိုရောက်သွားတာများလဲ.. ငါ လူမှားပြီး လက်ထပ်ခဲ့တယ်လို တကယ် သံသယဖြစ်မိတယ်”
လင်းတုံဟဲ ထိုစကားကိုပြောပြီးတာနှင့် စက်ရုံဆီသို့ ပြန်လျှောက်သွားခဲ့ပြီး ချင်ယွဲ့ယွဲ့ကတော့ အလွန်ကျို့နွံနာခံတဲ့ ဇနီးသည်တစ်ယောက်လို သူ့နောက်မှ လိုက်ပါသွားခဲ့တယ်။
သူမအနေနဲ့ တက္ကသိုလ်ဘွဲ့ရပြီးနောက်မှာ ကိုယ်ပိုင်အလုပ်လုပ်ဖို့ကို လက်လွှတ်လိုက်ပြီဖြစ်ကာ လင်းတုံဟဲရဲ့နောက်သို့ လိုက်ပြီးနောက် ပိုမိုတောက်ပလာဖို့ ဆုံးဖြတ်ထားပြီးပြီ။
ချင်ယွဲ့ယွဲ့ လင်းတုံဟဲရဲ့ စကားတွေကို တွေးမိပြီး ခဏလောက်တော့ ထိတ်လန့်သွားခဲ့တယ်။ လင်းတုံဟဲက သူမကို ဒီလိုမျိုး ထင်မြင်လာခဲ့တယ်။
ဘယ်သူကများ ကိုယ့်ကိုကိုယ် လေးစားပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းမ မဖြစ်ချင်ဘဲနေမှာလဲ။ သူမမှာလည်း ရွေးချယ်စရာမရှိဘူးလေ။ သူမသာ ဖိအားတွေမခံခဲ့ရရင် တခြားသူတွေကို ရွံရှာစေပြီး သူ့ကိုယ်သူလည်း ရွံရှာစေနိုင်တဲ့ အလုပ်မျိုး လုပ်နိုင်ပါ့မလား။ သို့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုက ချမ်းသာနိုင်လို့လား? ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတာက အသုံးဝင်လို့လား။
ကျောင်းမှာ သူမရဲ့ နောက်ခံကို ရယ်မောချင်တဲ့ မိန်းကလေး အနည်းငယ်ရှိနေတယ်လေ။ သူမသာဆင်းရဲတဲ့သူလို တစ်စုံတစ်ခုလုပ်ခဲ့ရင် နောက်နေ့မှာ ရယ်မောခံရလိမ့်မယ်။
သူမက နိမ့်ကျတဲ့ ကျေးလက်မှာမဟုတ်ဘဲ မြို့ပေါ်မှာမွေးဖွားခဲ့တာ ထင်ရှားပါတယ်။ ဘာကြောင့်များ ဒီလောက်ဆင်းရဲနေရတာလဲ။ ဘာကြောင့် မပြောင်းလဲနိုင်တာလဲ။
သူမ လက်သီးကို တင်းတင်းဆုပ်လိုက်မိတယ်။ လင်းတုံဟဲက သူမကို တကယ်မချစ်ဘူးလို့ ခံစားလိုက်မိတယ်။ မဟုတ်ရင် သူမဘက်ကနေ ဘာလို့ မစဉ်းစားနိုင်ရတာလဲ။
ဒါပေမယ့် မချစ်ရင်တောင် ဘာဖြစ်သေးလဲ။ အခု သူက အခြေအနေကောင်းနေပြီ။ သူမ သူ့ဆီကနေ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူး။ ယောက်ျားတိုင်း မာန်မာနကြီးပေမဲ့ အမြဲတမ်း အသုံးမဝင်နိုင်ပါဘူး။
ဒီလိုနည်းနှင့် သူမက ညဘက်မှာ စက်ရုံထဲမှ လင်းတုံဟဲရဲ့အခန်းဆီကို ခိုးဝင်သွားခဲ့တယ်။ လင်းဟိုင်ကလည်း ညဘက် စက်ရုံမှာ အိပ်တယ်ဆိုပေမယ့် သီးခြားအခန်းမှာ အိပ်တယ်ဆိုတာ သူမသိထားတယ်။
ယောက်ျားတွေက သွေးဆောင်ဖြားယောင်းမှုတွေကို တကယ်မလွန်ဆန်နိုင်တဲ့ သတ္တဝါတွေဖြစ်လို့ လှုပ်ရှားရတာ လွယ်ပါတယ်။ နောက်နေ့မနက်မှာ လင်းတုံဟဲက သူမကို ပိုက်ဆံပေးပြီး ပြန်ခိုင်းခဲ့ပေမယ့် သူမက တစ်ယောက်တည်း ကျောင်းကိုပြန်ဖို့ ငြင်းဆန်ခဲ့တယ်။
သူက မြင့်မြတ်သလို ပြုမူချင်နေတာမလား။ ဒါဆို သူမကလည်း ဟန်ဆောင်ပေးရမှာပေါ့။
လင်းတုံဟဲက ခဏလောက် ကျွေးမွေးခံထားရချိန်မှာ ကွာရှင်းပြတ်စဲဖို့ကိစ္စကို မေ့သွားပေမယ့် လင်းဟိုင်ကိုတော့ ပြောနေခဲ့တုန်းပဲ။
“မနေ့က မင်းရဲ့မရီး(ချင်ယွဲ့ယွဲ့) ရောက်လာတယ်.. ဒါပေမယ့် အနာဂတ်မှာ သူမ ထပ်မလာတော့ဘူးလို့ ကတိပေးထားတယ် .. ဒါကြောင့် ဒီအကြောင်းကို မင်းရဲ့ မရီး(ဆုဆု)ကို မပြောလိုက်နဲ့ဦး”
“ဒီအချိန်လေးပဲလား.. မင်းစဉ်းစားတာကောင်းမယ်.. မင်း အိမ်ငှားနေဖို့ စဥ်းစားတာကောင်းမယ်.. ဒီအိပ်ဆောင်မှာ တခြားဝန်ထမ်းတွေလည်းရှိတယ်”
သူ ကောင်းကောင်းအိပ်မပျော်ခဲ့ရဘူး။
ဒါပေမယ့် လက်ရှိမှာ အသက်ကြီးတဲ့ မျိုးဆက်တွေက လက်ထပ်ပြီးသွားရင် လမ်းခွဲဖို့ဖြောင်းဖြတာထက် အဆင်ပြေအောင်ပြန်ညှိနှိုင်းပြီးပေါင်းသင်းဖို့ကိုသာ ဖြောင်းဖြတတ်ကြတာကြောင့် သူ့ရဲ့ ဒုတိယအစ်ကိုဖြစ်သူကို ကွာရှင်းဖို့ အတင်းအကြပ် မတိုက်တွန်းခဲ့ဘူး။ တစ်ဖက်မှ မိန်းမကိုသာ အကြံအစည်ကြီးလွန်းတယ်လို့ တွေးခဲ့တယ်။ သူမက ယောက်ျားတစ်ယောက်ရဲ့ အိပ်ယာကို တွယ်တက်ခဲ့တယ်လေ။
ဆုဆုကတော့ ဒီအကြောင်းတွေကို မသိခဲ့ဘူး။ အခုချိန်မှာ သူမရဲ့ ခန္ဓာကိုယ်က လေးလံလာခဲ့ပြီး သူမရဲ့ ဦးနှောက်စွမ်းရည်က ပိုကျဉ်းလာခဲ့တယ်။ ဒါကြောင့် နွေရာသီအားလပ်ရက်တစ်လျှောက်လုံး အိမ်ထဲမှာသာ ကုန်ဆုံးခဲ့ပြီး အပြင်ကိုထွက်ရတာ မကြိုက်တော့ဘူး။
ကံကောင်းထောက်မစွာနှင့် လင်းချွမ်က အိမ်ကိုပြန်လာခဲ့တယ်။ မဟုတ်ရင် သူမ ဘယ်လိုနေထိုင်ရမှန်းတောင် မသိဖြစ်နေခဲ့မှာ။
သို့ပေမဲ့ သူမက ဒီရက်တွေမှာ အိပ်ဆောင်ကို အခန်းနှစ်ခုအဖြစ် ဘယ်လို ဒီဇိုင်းဆွဲရမလဲဆိုတာကို စိုးရိမ်နေခဲ့တယ်။
အဆုံးမှာ အမေလင်းက မွေးဖွားခါနီး တစ်လအလိုလောက်မှာ ဒီမှာ လာနေမှာဖြစ်ပြီး သူမ မီးတွင်းထဲမှာရှိနေစဥ်မှာလည်း ခဏကြာအောင်နေထိုင်လိမ့်မယ်။
သေချာတာပေါ့။ အမေလင်း ပြန်သွားရင်တောင် ငှားရမ်းထားမဲ့ ကလေးထိန်းက အဲဒီမှာပဲ ဆက်နေရလိမ့်မယ်၊ ဒါက ပြဿနာပဲ။
ဒီအိပ်ဆောင်အခန်းသေးထဲမှာ အခန်း ခွဲဖို့က ခက်ခဲပေမဲ့ လင်းချွမ်ကတော့ နည်းလမ်းကို တွေးနေတုန်းပဲ။ သူက မီးဖိုချောင်ကို ရေချိုးခန်းဘက်သို့ ရွှေ့ကာ ထိုနေရာမှ် မီးဖိုတစ်ခု ဆောက်ပြီး မီးဖိုကို မီးခိုးခေါင်းတိုင်အဖြစ် ပြတင်းပေါက်အပြင်ဘက်တွင် ထားလိမ့်မယ်။ နေရာက သေးပေမယ့် ချက်ပြုတ်ရတာက ပြဿနာမရှိဘူး။ တကယ်တော့ သူတို့မှာ လူဦးရေနည်းပြီး မီးဖိုက လုံလောက်လောက်တယ်လေ။
မီးဖိုချောင်ဖွင့်ထားမယ်ဆိုရင် အိမ်ဘက်ကို မီးခိုးတွေဝင်လာမှာကိုတော့ ထည့်မစဉ်းစားနိုင်တော့ဘူး။ အိပ်ဆောင်က တကယ်ကို နေရာကျဥ်းလွန်းတယ်လေ။
ဆုဆုက သူ့ကိုယ်သူ အမှားယွင်းခံရအောင် မလုပ်ချင်ဘူး။ ဒါကြောင့် မြို့ထဲမှာ အိမ်တစ်လုံးဝယ်ဖို့ တွေးလာခဲ့တယ်။
**