← Chapters

အခန်း (၁၃၇)

Vol. 14 Ch. 137

အခန်း (၁၃၇)

Vol. 14 Ch. 137

ဆုဆုက နို့ရည်ကိစ္စနှင့်ပတ်သက်ပြီး သိပ်ပြီး မတွေးတောပေမဲ့ နွားနို့ယာဂု အရသာကိုတော့ အတော်လေး သဘောကျနေခဲ့တယ်။

ဂျုံနှင့်ချက်ထားတာဖြစ်လို့ အအေးခံထားလိုက်ချိန်မှာ နို့လက်ဖက်ရည်နဲ့တောင် ခပ်ဆင်ဆင် တူနေခဲ့တယ်။ နို့လက်ဖက်ရည်ကဲ့သို့အရသာမျိုးကို ဆုဆု အလွန် သဘောကျတယ်လေ။

လင်းချွမ်က ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဟင်းပွဲကို အလျှင်အမြန် ချက်ပြုတ်ခဲ့တယ်။ သူက ထမင်းတစ်အိုးချက်လိုက်ပြီး ပဲတွေနှင့် ဝက်ဗိုက်သား အနည်းငယ်ကို စတူးချက်လိုက်တယ်။

ကံကောင်းစွာနဲ့ သူလာတဲ့အချိန်တုန်းက အသားတွေဝယ်လာခဲ့တာကြောင့် သူ့ရဲ့ ဇနီးသည်မှာ စားစရာတွေမရှိတာမျိုး မဖြစ်တော့ဘူး။

ဒါပေမယ့် စတူးဟင်းကိုတောင် ဆုဆုက သိပ်ပြီးမစားနိုင်ဘူး။ သူမက ပဲတွေကိုသာ ရွေးချယ်စားပြီး ထမင်းကိုလည်း ပန်းကန်လုံးတစ်ဝက်လောက်ကိုသာ စားခဲ့တယ်။

ဒါက အတော်လေးစိုးရိမ်စရာပဲ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က ဒီလောက်ထိ အစားအသောက်နည်းနေရင် ဘယ်လိုလုပ်မလဲ။

သို့ပေမယ့် လင်းချွမ်တစ်ယောက် ညစာစားပြီးတဲ့နောက်မှာ သူ့ရဲ့ ဇနီးသည်နှင့် စကားပြောဖို့အတွက် အချိန်မရှိခဲ့ဘူး။ မကြာခင်မှာပဲ ပိုင်လင်းလင်းက အိမ်သွားကြည့်ဖို့အတွက် ရောက်ရှိလာခဲ့တယ်။

လင်းချွမ်သည်လည်း လက်ရှိ သူတို့ရဲ့အိမ်က အလွန်သေးငယ်တယ်ဆိုတာ တွေးတောနေခဲ့တယ်။ သူတို့တွေ  စစ်တပ်ထဲမှာ နေထိုင်ခွင့် လျှောက်ထားနိုင်ပေမဲ့ စစ်တပ်ထဲမှာနေမယ်ဆိုရင် သူ့ဇနီးသည်ရဲ့ အလုပ်က သွားလာဖို့အတွက် အဆင်မပြေနိုင်ဖြစ်သွားလိမ့်မယ်။ အရေးအကြီးဆုံးကတော့ စစ်တပ်ထဲမှ  အိမ်ကလည်း သေးငယ်ပြီး သနားစရာကောင်းလွန်းနေတယ်။

အိမ်ဝယ်ဖို့ဆိုတာက လေးနက်တဲ့အလုပ်ပဲ။  တကယ်လို့ သူတို့မှာ မတတ်နိုင်ဘူးဆိုရင် သူ့ရဲ့ရဲဘော်တွေဆီက ပိုက်ဆံနည်းနည်းလောက်ချေးပြီး ဖြည်းဖြည်းချင်း ပြန်ဆပ်ဖို့  တွေးလိုက်တယ်။ ဒါကြောင့် သူလည်း ဆုဆုတို့နှင့်အတူ အိမ်ကို သွားကြည့်ဖို့ သဘောတူခဲ့တယ်။

သို့ပေမယ့် အနောက်တိုင်းစတိုင် မိသားစု အဆောက်အဦးကို တွေ့လိုက်ရချိန်မှာတော့ သူ ဒီအိမ်ကို မတတ်နိုင်သလိုမျိုး ခံစားမိခဲ့ရတယ်။

သို့ပေမယ့် သူ့ဇနီးသည်ရဲ့ မျက်လုံးတွေက သဘောကျမှုကြောင့် တောက်ပလာခဲ့တယ်။ သူမက သူ့ဘက်ကိုလှည့်ပြီးတော့တောင် မေးလာခဲ့တယ်။

“ရှင် ဘယ်လိုထင်လဲ”

“အရမ်းကောင်းတယ်..  ဒါပေမယ့် ဒီအိမ်က ဈေးကြီးလောက်မယ်.. ကိုယ်တို့ ဒါကိုမဝယ်ခင် ပိုက်ဆံအရင် စုရအောင်”

ဒီအိမ်ကိုဝယ်ဖို့အတွက် အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ယူရလောက်မယ်။

“ဟုတ်တယ်.. ကျွန်မတို့ဆီမှာ  ပိုက်ဆံအများကြီး မရှိသေးဘူး.. ကျွန်မတို့တွေ နှစ်လလောက်တော့ စုရဦးမယ်”

လင်းချွမ်ရဲ့ အမြဲလိုလိုတည်ငြိမ်နေတတ်တဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားရတယ်။

သူ့အနေနဲ့ အိမ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာကြောင့် သူတို့မိသားစုထဲမှာ ပိုက်ဆံတွေ ဘယ်လောက်ထိ ရှိနေပြီလဲဆိုတာကို မသိခဲ့ဘူး။ သူ့ရဲ့ ဇနီးသည်ကလည့် ဒီလောက်ထိ  အစွမ်းထက်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့တာကြောင့် အဆုံးမှာ တိုက်ရိုက်သာ ပြောလိုက်မိတယ်။

“တောင်းပန်ပါတယ်.. ကိုယ် သုံးရာလောက်ဘဲ ထုတ်ယူနိုင်မှာ”

မကြာသေးခင်မှာ သူ့ရဲ့ ထောက်ပံ့ကြေးတွေ တိုးလာမှာဆိုပေပေမဲ့  နှစ်လအတွင်းမှာ သုံးရာကျော်လောက်သာ ရနိုင်လိမ့်မယ်။

“အိုး.. ရှင်က ကိုယ်ပိုင်ပိုက်ဆံတွေ စုဆောင်းထားတာလား”

လင်းချွမ်ရဲ့ အရင်တုန်းက လစာတွေက သူမဆီကို ပေးထားတာကြောင့် အခုလိုမျိုး ပိုက်ဆံများများထုတ်လာဖို့ ပြောချိန်မှာ ကိုယ်ပိုင်ငွေအတွက် စုဆောင်းထားတာများလားလို့ တွေးမိသွားရတယ်။

“မဟုတ်ဘူး.. ကိုယ့်ရဲ့ ထောက်ပံ့ကြေးက နောက်လမှ တိုးလာလိမ့်မယ်”

“အိုး..အဲလိုလား”

သူတို့နှစ်ယောက်ရဲ့ လစာနှင့် စက်ရုံမှရတဲ့အမြတ်ငွေတို့နှင့်ဆိုရင် စုဆောင်းဖို့ မြန်ဆန်လိမ့်မယ်။ အဓိကအချက်က သူမရဲ့ ကျောပိုးအိတ်ထဲမှ ပိုက်ဆံကလည်း ပြန်ပြည့်လာမှာဖြစ်လို့  ဆုဆု ဒီအိမ်ကို ဝယ်နိုင်လိမ့်မယ်လို့ တွေးလိုက်မိတယ်။

အရေးပါတဲ့အကြောင်းအရင်းတော့ ဒီအိမ်က အလွန်ကောင်းနေခဲ့တာပဲ။ ခြံနံရံကလည်း မြင့်မားပြီး အနက်ရောင်သံတံခါးကြီးကလည်း အလွန်ကောင်းမွန်တာကြောင့် အပြင်ဘက်ကနေ လှမ်းကြည့်ရင် အလွန် ခန့်ညားနေခဲ့တယ်။

သေချာတာပေါ့။ ကွမ်းမိသားစုရဲ့အိမ်ထက် အဆပေါက်များစွာ ပိုကောင်းနေခဲ့တယ်။

အကောင်းဆုံးအချက်က တံခါးဖွင့်ပြီးဝင်သွားတာနှင့် တစ်ဖက်တစ်ချက်စီမှာ  ဟင်းသီးဟင်းရွက်စိုက်ခင်းကြီးတစ်ခုစီရှိကာ အလယ်မှာတော့ စံအိမ်အထိရောက်အောင် အုတ်ခင်းထားတဲ့ လမ်းကြီးတစ်ခုရှိတဲ။ မြက်အချို့ ပေါက်နေပြီဖြစ်ပေမဲ့ ခုတ်ထစ်လိုက်မယ်ဆိုရင် အလွန်ကောင်းမွန်နေခဲ့လိမ့်မယ်။ ကားပါကင်ထိုးဖို့အတွက်နေရာကလည်း လုံလောက်အောင် ကျယ်ဝန်းတယ်။

အိမ်ကြီးကတော့ တစ်ဝက်လောက်သစ်လွင်သေးတဲ့ အနောက်တိုင်းပုံစံ အဆောက်အဦးမျိုးပဲ။ တံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ ပထမဆုံး ဧည့်ခန်းကို မြင်တွေ့ရလိမ့်မယ်။ ဟောခန်းက အလွန်ရှင်းလင်းပြီး ကြမ်းပြင်မှာ အက်ကွဲရာတချို့ရှိပေမဲ့ ကောင့်မွန်နေတုန်းပဲ။

ထောင့်ဘက်မှာ  မီးဖိုချောင်ရှိပြီး ရေချိုးခန်းကလည်း သီးသန့်ခွဲထားခဲ့တယ်။  ဘယ်ဘက်အစွန်ဆုံးမှာတော့ အိပ်ခန်းတစ်ခန်းရှိပြီး အခန်းက အတော်လေးကြီးမားကာ ပြတင်းပေါက်ကိုဖွင့်လိုက်ရင် အပြင်ဘက်မှာ ပန်းခြံတစ်ခုရှိနေတာကို တွေ့ရလိမ့်မယ်။

မီးဖိုချောင်ရဲ့ဘေးမှာတော့ လှေကားတစ်ခုရှိပြီး အပေါ်ထပ်မှာတော့အခန်းတွေနှင့် ပြည့်နေခဲ့တယ်။  အလယ်မှာတော့ ရေချိုးခန်း၊  ဘယ်ဘက်မှာ စာကြည့်ခန်း၊ ညာဘက်မှာအိပ်ခန်းနှက်် အိပ်ခန်းရဲ့ဆန့်ကျင်ဘက်မှာတော့ ဧည့်သည်ခန်းအဖြစ် အသုံးပြုနိုင်တဲ့ အိမ်ခန်းတစ်ခုရှိထပ်ပြီးရှိနေတယ်။

ဆုဆု ပိုပြီးကြည့်လေလေ ပိုပြီးကျေနပ်လာလေလေပဲ။ သူမက ပိုင်လင်းကို ပွေ့ဖက်ရင်း ရယ်မောမိလုနီးပါးဖြစ်နေပြီ။ အိမ်ကိုဝယ်ဖို့အတွက် စရံငွေနှစ်ရာ ပေးချေပြီးရင် နှစ်လအတွင်းမှာ ပိုက်ဆံကိုအပြည့်ပေးချေရလိမ့်မယ်။

“တကယ်တော့ စိတ်ပူစရာမလိုပါဘူး.. နင်က မကြာခင် ကလေးမွေးတော့မှာဆိုတာ သိနေတာပဲလေ.. နောက်ထပ် နှစ်လလောက် နှောင့်နှေးရင်တောင် အဆင်ပြေပါတယ်..  ဘာပဲဖြစ်ဖြစ် ဒီဈေးနဲ့ ချက်ချင်းရောင်းဖို့ကလည်း သူတို့အတွက် ခက်ခဲတာပဲ”

“အဆင်ပြေပါတယ် .. ငါ ဒီအိမ်ကို ကြိုက်တယ်”

အခုခေတ်က သိပ်ပြီး တိုးတက်မှုမရှိသေးရင်တောင်  ဧည့်ခန်းကြမ်းပြင်ပေါ်မှ ကြမ်းခင်းကို ပြန်လည်မွမ်းမံပြင်ဆင်တာမျိုးတွေ၊ ဒါမှမဟုတ် ကော်ဇောခင်းတာမျိုးတွေ လုပ်လိုက်နိုင်တယ်။ ဒီအိမ်ရာက အတော်လေးကောင်းမွန်တဲ့ နေရာမှာရှိနေပြီး နောက်ပိုင်းမျိုးဆက်တွေကိုရောက်ရင် အဆင့်မြင့်အိမ်ရာတစ်ခုဖြစ်လာလိမ့်မယ်။

မမျှော်လင့်ဘဲ ဒီလိုခေတ်ကာလကို ကူးပြောင်းလာခဲ့ရပြီး ခုလိုမျိုး ပျော်ရွှင်စရာဘဝကို ရရှိလာခဲ့တယ်။ ဆုဆုတစ်ယောက် အလွန်ပျော်ရွှင်နေခဲ့ပြီ။

အိမ်ကိုကြည့်ပြီးတဲ့နောက်မှာ သူမက လင်းချွမ်နှင့်အတူပြန်လာခဲ့ပြီး ပိုက်ဆံရရှိလာတဲ့လမ်းကြောင်းတွေကို လင်းချွမ်နှင့် ဖြေရှင်းခဲ့ရတော့တယ်။

အမှန်ပဲ။ ဒါတွေအားလုံးအတွက် လင်းတုံဟဲနှင််ပူးပေါင်းထားတဲ့ စက်ရုံကို အရှေ့ကနေ ကာဆီးခိုင်းခဲ့တာ။

လင်းချွမ်က သူမ ထိုစက်ရုံက အမြတ်ဘယ်လောက်ရနေပြီလဲဆိုတာ မစစ်ဆေးခဲ့ဘူး။ ဒါ့အပြင် အရင်တုန်းကလည်း သူမဆီမှာ စုဆောင်းထားတဲ့ ပိုက်ဆံတွေရှိနေခဲ့တယ်လေ။  

ဘာပဲဖြစ်ဖြစ် လင်းချွမ်က ပိုက်ဆံတွေကို စာရင်းတွက်ကြည့်တတ်တမဟုတ်ဘူးလေ။

အိမ်ကို အခုလိုမျိုး စရံသတ်ထားပြီဖြစ်လို့  လင်းချွမ်ကလည်း အမေလင်းဆီကို ဖုန်းဆက်ပြီး လာခိုင်းလိုက်တော့တယ်။

ဒီရက်တွေအတွင်းမှာ သူ့ရဲ့ ဇနီးလေးက တကယ်ကို စိတ်လှုပ်ရှားနေခဲ့တယ်။ သူမက ခုတင်ပေါ်မှာထိုင်ပြီး တစ်နေ့တာလုံး ပိုက်ဆံတွေရေတွက်တယ်။ မဟုတ်ရင် သူမက ပရိဘောဂတွေကို သွားကြည့်နေလိမ့်ယ်။ ဒါကြောင့် သူမကို ဂရုစိုက်ဖို့ တစ်ယောက်ယောက်ရှိနေမှဖြစ်တော့မယ်။

သို့ပေမယ့် ဆုဆုတစ်ယောက် ဒီလိုမျိုးသွားရင်းနှင့် ကောင်းကျိုးတွေရလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အမေလင်းလာပြီးလို့ နောက်တစ်ရက်မှာပဲ သူမရဲ့ ဗိုက်က နာလာခဲ့တယ်လေ။

အမေလင်းတစ်ယောက် ထိတ်လန့်စွာနှင် တံခါးစောင့် လောင်ဝမ်ဆီသို့  ချက်ချင်း ပြေးသွားပြီး လင်းချွမ်ကို ဖုန်းဆက်ခိုင်းခဲ်တယ်။

လင်းချွမ် ထိုဖုန်းကောကို လက်ခံရရှိပြီးချိန်မှာ ရုံးခန်းထဲမှာ ရုတ်တရက် ထရပ်လိုက်မိပြီး တုန်ယင်တဲ့အသံနှင့်ပြောလာတယ်။

“ကျွန်တော် ချက်ချင်းလာခဲ့မယ်”

စိတ်လှုပ်ရှားလွန်းတာကြောင့်  သူ့ရဲ့လက်တွေက ထားစရာနေရာမရှိဖြစ်နေခဲ့ကာ လက်ချောင်းတွေကလည်း တုန်ယင်နေခဲ့တယ်။

အမျိုးသမီးတစ်ဦး ကလေးမွေးဖွားတဲ့အချိန်မှာ ငရဲတံခါးဝဆီကို အလည်တစ်ခေါက်ရောက်သွားတတ်တယ်လို့ ဆိုကြတယ်။

တကယ်လို့ ဆုဆုသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူအသက်ဆက်မရှင်နိုင်လောက်ဘူး။

သူရဲ့စိတ်တွေက အလွန်လှုပ်ရှားနေခဲ့တာကြောင့်  တံခါးဘောင်ကိုပါ ဝင်တိုက်မိခဲ့ရတယ်။ ချန်ယွဲ့ကျင်းသည်လည်း သူ့ရဲ့အခြေအနေက သိပ်ပြီး မမှန်တာကို တွေ့တာကြောင့် သူ့နောက်ကနေလိုက်သွားဖို့ တပ်သားတစ်ယောက် အမြန်ရှာပေးလိုက်တယ်။

အခုချိန်မှာ သူ့ဘာသာသူ ကာမောင်းခွင့်ပေးလိုက်လို့မဖြစ်ဘူး။  ကြောက်စရာကောင်းတဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်။

ဒီလိုနှင့် သူတို့တွေ မိသားစုနယ်မြေသို့ ကားနှင့်ရောက်သွားတဲ့ အချိန်မှာ  ဆုဆုက အိမ်ထဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဂျုံနို့ယာဂုသောက်နေတာကို မြင်တွေ့လိုက်ရတယ်။ အမေလင်းကတော့ သူမ ဗိုက်ဆာတဲ့အချိန်  စားနိုင်စေရန်အတွက် လက်ဖက်ကြက်ဥပြုတ်ပေးနေခဲ့တယ်။ 

လေထုက အတော်လေးကောငမွန်ပြီး အေးချမ်းခဲ့တာပဲ။

လင်းချွမ် အိမ်ထဲကို ပြေးဝင်လာခဲ့ပြီးနောက် သူ့ရဲ့ရှေ့မှ မြင်ကွင်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ရတယ်။

“အမေ... “

ကလေးမွေးတော့မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား?

“စိတ်မပူပါနဲ့.. သူမ ခုနက ဗိုက်နာနေတာ ..  ဒါပေမယ့် အခုမနာတော့ဘူး.. ငါ သူမ စားချင်ရင် စားလို့ရအောင် လက်ဖက်ကြက်ဥ လုပ်ပေးနေတာ”

“ကောင်းပါပြီ ကြက်ဥကို ခြွေတာမနေနဲ့”

ကြက်ဥကို စားချင်သလောက်စားလို့ရတယ်။

ဆုဆု:  “သိပ်ပြီး  စိတ်မပူပါနဲ့ .. ရှင့်ရဲ့ တစ်ကိုယ်လုံး ချွေးတွေချည်းပဲ.. အမေ နောက်တစ်ခါဆို မခေါ်ပါနဲ့တော့.. ဒီအတိုင်း လှုပ်ရုံပဲ ရှိသေးတာနေမှာပါ”

ဆုဆုကတော့ မွေးဖွားဖို့ ရက်ကို မရောက်သေးတာကြောင့် မမွေးနိုင်လောက်သေးဘူးလို့ ခံစားရတယ်။

လင်းချွမ်တစ်ယောက် သူ့ရဲ့ခြေထောက်တွေ မကြုံစဖူး အားနည်းနေသလိုမျိုး ခံစားနေရတာကြောင့် ခုမှာ ဝင်ထိုင်လိုက်မိကာ  ဦးထုပ်ကို ချွတ်ပြီး ယပ်ခတ်လိုက်တယ်။ ထိုအချိန်မှာ အမေလင်းကလည်း လက်ဖက်ကြက်ဥလုပ်ပြီးသွားပြီဖြစ်လို့ ရေတွေကိုဖယ်ထုတ်ကာ ပန်းကန်ထဲကိုထည့်ပြီး ဆုဆုအတွက် ထည့်လာပေးခဲ့တယ်။

သူမက မြို့ပြဘဝနှင့် သိပ်ပြီးမရင်းနှီးသေးဘူးဆိုပေမဲ့  သူမရဲ့ သားနှင့်ချွေးမက ဘဝကို ကောင်းကောင်းနေထိုင်နေကြတာကို မြင်တွေ့နေနိုင်တယ်။  အနည်းဆုံးတော့ သူတို့တွေက ပိုက်ဆံမချို့တဲ့လောက်ဘူးလို့ ခံစားမိတယ်။

သေချာတာပေါ့။ သူတို့တွေက ရွာမှာကျန်ရစ်နေခဲ့တဲ့ ညီငယ်နှစ်ယောက်နဲ့ မိဘတွေကိုလည်း မမေ့ထားခဲ့ကြဘူး

အခုဆိုရင် သူတို့ရဲ့ နေထိုင်မှုပုံစံက ပိုမိုတိုးတက်လာခဲ့ပြီး နှစ်ကုန်ပိုင်းမှာ  အစာမလောက်ငှမှာကိုလည်း ကြောက်နေစရာမလိုတော့ဘူး။

အမေလင်းက သားဖြစ်သူကို တစ်စုံတစ်ခု လှမ်းပြောခါနီးမှာပဲ ဆုဆုရဲ့ ညည်းညူသံကို ပြားလိုက်ရတယ်။

“အမေ.. တစ်ခုခုတော့ မှားနေသလိုပဲ..  ရေတွေစိုနေတယ်”

အမေလင်းက ခဏလောက် ထိတ်လန့်သွားပြီး သားဖြစ်သူကို အသံကျယ်ကျယ်နဲ့ပြောလိုက်တယ်။

“မင်းက ဘာတွေကြောင်နေတာလဲ.. မြန်မြန်လုပ်..  ဆေးရုံကို မြန်မြန်သွားရမယ်”

လူငယ်တွေက တကယ်ကို စိတ်မချရဘူး။ သူမ စောစောလာခဲ့မိလို့ ကံကောင်းတာပဲ။ မဟုတ်ရင် သူမက ကလေးမွေးပြီးမှ သိရတော့မှာ။

လင်းချွမ်က နောက်ထပ်မေးခွန်းတွေ မေးမြန်းမနေတော့ဘဲ လက်ဖက်ကြက်ဥကိုကိုင်ထားဆဲဖြစ်တဲ့ ဆုဆုကို ပွေ့ချီကာ ကားဆီသို့ ခေါ်သွားတော့တယ်။

All Chapters