← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

အမေလင်းက ကူကယ်ရာမဲ့စွာ ပြောလာတယ်။

“ဒီကလေးက စကားပြောချင်ပုံရတယ်”

သူမွေးပြီးတာ ဘယ်လောက်ကြာသေးလို့လဲ။ ရှေးလူကြီးတွေကတော့  စောစောစကားပြောတတ်တဲ့ ကလေးတွေက ကျန်းမာပြီး ဥာဏ်ကောင်းတယ်လို့ ဆိုကြတယ်။

ဒါပေမယ့် သူ့ရဲ့ဇနီးသည်က အိပ်ပျော်နေသေးတာကြောင့် သူမကို မနှောင့်ယှက်စေချင်ဘူး။

သို့ပေမဲ့ ကလေးကို အစာကျွေးဖို့ လိုအပ်တယ်။

လင်းချွမ် မျက်မှောင်ကြုတ်မိတယ်။ သေချာတာပေါ့။  သားက သမီးလောက်မကောင်းဘူပဲ။ ဆိုးလိုက်တာ။

သို့ပေမဲ့ နောက်ဆုံးမှာတော့ သူက ငိုကြွေးနေတဲ့ကလေးအတွက် စိတ်ဆင်းရဲသွားရတုန်းပဲ။ ဒါကြောင့် နိုးလာပြီဖြစ်တဲ့ ဆုဆုကိုအသံတိုးတိုးနဲ့ မေးခဲ့တယ်။ 

“မင်းလုပ်နိုင်လောက်လား”

“ကျွန်မကို  ထူပေးပါဦး”

ဆုဆု ထထိုင်လိုက်ပြီး လင်းချွမ်ကို  ကလေးကို ယူလာခိုင်းလိုက်တယ်။

သူမ အိပ်ငိုက်နေခဲ့ပေမဲ့ မိခင်ရဲ့ နို့ဦးရည်က ကလေးအတွက် ဘယ်လောက်ထိ ကောင်းတယ်ဆိုတာကို သိထားခဲ့တယ်။ ဒါကြောင့် ဘာကိစ္စပဲရှိရှိ ကလေးကို တိုက်ကျွေးရလိမ့်မယ်။

လင်းချွမ်က ကလေးကို ညစ်လိုက်တယ်။

အမှန်ပဲ။ သူက ကလေးကို ဖြစ်ညှစ်လိုက်လေတယ်။

“ချွမ်ဇီ  ကလေးက သေသေချာချာ ပွေ့ဖက်တာ မဟုတ်ဘူး..  မင်း သူ့ကို သတ်ချင်နေတာလား”

“ငိုတာ မရပ်နိုင်ဘူး ဒီကောင်ဆိုးလေးက”

ဆုဆု သူ့ကို စိုက်ကြည့်လိုက်ပြီး တစ်ကိုယ်လုံးက အားအင်အပြည့်နှင့် အော်နေတဲ့ ကလေးကို ပြန်ကြည့်ကာ စိုးရိမ်တကြီးပြောလိုက်တယ်။

“ရှင်  ဘာလုပ်နေတာလဲ..  သူက ကလေးနော်..  ခွေးပေါက်လေးမဟုတ်ဘူး.. ရှင် သူ့ကို ဘယ်လိုသယ်လာတာလဲ”

“အိုး”

အဖေအသစ်စစ်စစ်ဖြစ်လာတဲ့ လင်းချွမ်က  ကလေးကို အမှန်တကယ် မချီတတ်သေးဘူး။ သူက ကလေးကို ဆုဆုဆီသို့ လွှဲပေးလိုက်ပြီး သူမရဲ့အဝတ်အစားတွေကို ချွတ်ဖို့  ကူညီပေးလိုက်တယ်။

သို့သော်လည်း အင်္ကျီကို လှန်ကာကလေးကို နို့တိုက်ကျွေးနေတဲ့အချိန်မှာ သူ့ရဲ့ ဇနီးလေးကို တခြားလူတွေမမြင်နိုင်စေဖို့အတွက် အနီးကိုတိုးကပ်ပြီး ကာထားပေးလိုက်ပြန်တယ်။

တကယ့်ကို ရှာလကာရည်အိုးပဲ။

ကလေးက ဆုဆုဆီမှ စုပ်ယူလာချိန်မှာတော့ ဆုဆု နာကျင်မှုကြောင့် သက်ပြင်းရှိုက်လိုက်ပြီး အဆုံးမှာ ငိုလုမတတ်ဖြစ်လာရတယ်။

လင်းချွမ်က သူမကိုကြည့်ကာ စိုးရိမ်တကြီးနဲ့ ပြောလာတယ်။

“အမေ.. ဘာလုပ်ရမလဲ၊ နို့မှုန့်ပဲဖျော်တိုက်ကြမလား”

အရင်တုန်းက ဆုဆုက သူမမှာ နို့အလုံအလောက်မထွက်မှာကို စိုးရိမ်တဲ့အတွက် နို့မှုန့်နှစ်ဗူး ဝယ်ထားခဲ့တယ်။

“အစပိုင်း နှစ်ရက်လောက်ကတော့ နာကျင်နေပေမယ့် နောက်တော့ အဆင်ပြေသွားမှာပါ”

သူမက ထိုသို့ပြောခဲ့ပေမဲ့ ထပ်မံ ပြောလာတုန်းပဲ။

“လောလောဆယ် နို့မှုန့်နည်းနည်းလောက် ဖျော်တိုက်လိုက်ကြမလား”

“မလုပ်ပါနဲ့.. မလိုဘူး”

ဆုဆု ထုံထိုင်းစွာနဲ့ ပြောလာတယ်။

“သူ ဒီလောက်သေးတာကို ဘာလို့ ဒီလောက်တောင် အားအင်တက်ကြွနေတာလဲ”

အမေလင်း: “ခြောက်ပေါင်က သိပ်ပြီး မသေးလွန်းပါဘူး.. ငါတို့ရွာက ကလေးတွေက ဘယ်သူမှ သူ့လောက်မကြီးဘူး..  အထူးသဖြင့် မျက်နှာလေးကဖြူဖွေးပြီး မျက်ခမ်းနှစ်ထပ်လည်းရှိသေးတယ်”

သူမယောက္ခမရဲ့ပြောစကားကို ကြားတော့ ဆုဆု သူ့သားကို စိုက်ကြည့်လိုက်တယ်။ သူ့ဆီမှာ မျက်ခွံနှစ်ထပ်ပါရှိပြီး လင်းချွမ်နှင့် အတော်လေးတူတယ်။

“ဒီမျက်ခွံနှစ်လွှာက သူ့အဖေနဲ့တူတာပဲ.. ကျွန်မဆို ငယ်ငယ်တုန်းက မရှိခဲ့ဘူး”

ဆုဆုက မျက်ခွံနှစ်ထပ်လိုချင်လွန်းလို့ မျက်ခွံတိပ်ဖြင့် ကပ်ထားခဲ့ရတယ်။

အလယ်တန်းကျောင်းတက်တုန်းက တခြားသူတွေနဲ့ ကစားရင်း ထိုသို့ လုပ်ဖို့ သင်ယူခဲ့တယ်။ ရလဒ်ကတော့ အချိန်ကြာမြင့်စွာကပ်ထားခဲ့တာကြောင့် မျက်ရစ်အနည်းငယ် ပေါ်လာခဲ့တယ်။

အမေလင်း: “တကယ်တော့ သူ့အဖေက ငယ်ငယ်လေးကတည်းက မျက်ခွံနှစ်ထပ်နဲ့ မွေးလာတာ.. မျက်နှာကတော့ သူ့လိုမျိုး မဖြူဘူး..  အခုတော့ မဖြူရုံတင်မကဘူး တစ်ကိုယ်လုံးညိုမှောင်နေပြီ..  ဒီကလေးက မင်းနဲ့တူတာပဲ”

ကလေးက ဘယ်သူနဲ့တူလဲဆိုတဲ့စကား  စလာတာနှင့် ချွေးမနှင့် ယောက္ခမနှစ်ယောက်က စကားတွေ အဆက်မပြတ် ပြောလာကြတယ်။  လင်းချွမ်ကတော့ ကလေးက ဘယ်အချိန်မှာ နို့စို့လို့ ပြီးမှာလဲဆိုတာကိုသာ တွေးနေခဲ့တယ်။ သူ့ရဲ့ ဇနီးသည် ခဏလောက် အိပ်ဖို့လိုတယ်။ ဒီလို အသုံးမဝင်တဲ့စကားတွေ ပြောနေတာထက် ပိုကောင်းတယ်လေ။

ကလေးကို နို့တိုက်ကျွေးပြီးနောက် ဆုဆုလည်း ဗိုက်ဆာလာခဲ့တာကြောင့် လင်းဟိုင်က သူတို့ သုံးယောက်အတွက် ထမင်းပို့ပေးလာခဲ့တယ်။

အစားအသောက်တွေက စက်ရုံမှာရှိတဲ့ စစ်တပ်ရဲ့ ဇနီးတစ်ဦးမှ ချက်ပြုတ်ထားတာဖြစ်ပေမဲ့ ဆန်နှင့် ကြက်ဥတွေကတော့ လင်းဟိုင် ယူပေးခဲ့တာပဲ။

လင်းဟိုင်နှင့် အမေလင်းတို့က အရွက်ချဉ်အချို့ကိုစားနိုင်တယ်။ ဒါပေမယ့် ဆုဆုကတော့ ယာဂုကိုသာ သောက်နိုင်လိမ့်မယ်။ ဆုဆုက အရွက်ချဥ်ကိုစားဖို့လုပ်တော့ အမေလင်းဆီမှာ အတားခံလိုက်ရတယ်လေ။

ယင်းယင်းယင်း..

အရသာက ပေါ့ရွှတ်ပြီး အရသာမရှိသလောက်နီးပါးပဲ။ ဒါတွေကို မစားချင်ဘူး။

ဒါပေမယ့် တခြားနည်းလမ်းမရှိဘူး။ သူမရဲ့ ကလေးအတွက်သာ သည်းခံထားရမယ်။ ဒါပေမယ့် သူမ အလွန်ပင်ပန်းနေတာကြောင့် ယာဂု ပန်းကန်တစ်ဝက်လောက်သာ သောက်ပြီး အိပ်ပျော်သွားခဲ့တယ်။

ပိုင်လင်းလင်း သူမကိုလာတွေ့တဲ့အချိန်မှာ ဆုဆုကို မနှိုးခဲ့ဘဲ  ကလေးကိုသာ အလွန်သဘောကျနေခဲ့တယ်။ သူမက ကလေးကိုကြည့်ရင်း သူ့ရဲ့နာမည်ပေးပြီးပြီလားလို့  မေးလိုက်တယ်။

အမေလင်းတစ်ယောက် ရပ်တန့်သွားရတယ်။ သူတို့တွေ နာမည်ကို ဂရုမစိုက်မိခဲ့ဘူး။ ဒါကြောင်် ကောလိပ်ဘွဲ့ရဖြစ်တဲ့ ချွေးမဖြစ်သူကို မေးချင်ခဲ့တယ်။

လင်းချွမ်က မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။

“နာမည်က  စဥ်းစားထားတယ်၊ ဒါပေမယ့် မိန်းကလေးနာမည်တွေ ချည်းပဲ”

ပိုင်လင်းလင်း: “ဒါပေမယ့် ကလေးက လောလောဆယ် ခေါ်စရာ နာမည်လိုနေပြီ”

“ဆုဆု နိုးလာမှ သူဘယ်လိုတွေးမလဲ ကြည့်ရအောင်”

လင်းချွမ်က သူ့မှာ သားတစ်ယောက်ရှိလာတဲ့အပေါ် ဂုဏ်ယူတာမျိုး မဖြစ်ခဲ့ဘူး။ ထို့အစား သူ့ရဲ့ ဇနီးသည်က အလွန်နာကျင်ခံစားရတယ်လို့သာ တွေးမိခဲ့တယ်။ ကလေးကိုနာမည်ပေးဖို့ အခွင့်အရေးကို သူမကိုပေးသင့်တယ်။

ဒါကြောင့် ဆုဆု နိုးလာတဲ့အချိန်မှာ သူမအတွက် နောက်ထပ် တာဝန်တစ်ခုရှိလာတာကိုကြားတော့ ပြောစရာမဲ့သွားရတယ်။

“ကျွန်မတို့ စဥ်းစားပြီးသွားပြီမဟုတ်ဘူးလား?”

“လင်းစုန့်မေ့ အဲလိုမျိုးလား?”

“အိုး ဟုတ်သားပဲ.. လင်းဟိုင်တို့တွေက မိန်းကလေးပဲ မွေးခိုင်းနေကြတော့ ကျွန်မ မှားသွားတာ.. လူတိုင်းကလည်း ကျွန်မရဲ့ရုပ်ရည်က ပိုပြီးကြည့်ကောင်းလာလို့ မိန်းကလေးဖြစ်ရမယ်လို့ ပြောခဲ့ကြတာကိုး.. ဒါကြောင့် မိန်းကလေးတွေရဲ့ နာမည်ကိုပဲ စဥ်းစားခဲ့မိတာလေ.. 

ဒါကိုပြောမှ ကျွန်မတို့မှာ ယောကျ်ားလေးအတွက် နာမည်တစ်ခုလည်းရှိတယ်မလား ..  လင်းရိရန်ဆိုရင် ဘယ်လိုလဲ”

ဆုဆုက ပျော်ရွှင်စရာအဓိပ္ပါယ်ရတဲ့နာမည်တွေကို ရွေးထားခဲ့တယ်။ ဒီနာမည်က လိင်နှစ်မျိုးလုံးအတွက် သုံးနှုန်းနိုင်တဲ့နာမည်မျိုးဖြစ်ပြီး ယောက်ျားလေးတွေရော မိန်းကလေးတွေပါ သုံးလို့ရတယ်။

“နားထောင်လို့ကောင်းတယ်၊ ဒါပဲ ရွေးလိုက်ရအောင် အတူတူပါပဲ။

“အိမ်ခေါ်နာမည်ကရော ဘယ်လိုခေါ်ကြမလဲ?”

ရိရန်ရဲ့ ဆိုလိုရင်းကို နားမလည်နိုင်ကြောင့် အမေလင်းက နာမည်ပြောင်ကို မေးလာခဲ့တယ်။

“ချစ်စနိုးနာမည်ကို အမေပဲ ရွေးပေးလိုက်မလား”

“ငါက  ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ.. ချွမ်ဇီ မင်းရွေးလိုက်”

အမေလင်းက စကားလုံးတွေကိုတောင် အနည်းငယ်လောက်ပဲ သိတာလေ။ မိသားစုထဲမှာရှိတဲ့ လူတွေရဲ့ နာမည်တွေကိုတောင် သူမရဲ့ ချွေးမက ရေးတတ်အောင်သင်ပေးထားခဲ့တာ။ နာမည်တွေကို မပေးနိုင်ဘူး။

လင်းချွမ်က နာမည်ပြောင်တွေကို ဘယ်လိုပေးရမလဲဆိုတာမသိဘူး။ သို့ပေမယ့် သူ့ရဲ့သားကို ကြည့်ပြီး အနာဂတ်မှာ သူ့ရဲ့ ယူနီဖောင်းကို အမွေဆက်ခံနိုင်မယ်ဆိုရင် ကောင်းမယ်လို့တွေးလိုက်တယ်။

ဒီတော့ သူက သတိကြီးကြီးနဲ့ ပြောလာတယ်။

“ ကျန့်ကျန့်ဆိုရင်ရော ဘယ်လိုလဲ”

“အမ်?”

“ဘာလို့ ဒီနာမည်ကို ခေါ်ချင်တာလဲ”

“ဘာလို့လဲဆို​တော့ အနာဂတ်​မှာ စစ်သားတစ်ယောက်ဖြစ်​ရင်​ ပို​ကောင်းလိမ့်​မယ်​လို့ထင်​လို့လေ”

လင်းချွမ်က တခြားသော အသက်မွေးဝမ်းကြောင်းအလုပ်တွေနှင့် မရင်းနှီးဘူး။ ဒါကြောင့် သားတစ်ယောက်မွေးလာတဲ့အချိန်မှာ စစ်သားဖြစ်ဖို့ကိုပဲ စဥ်းစားခဲ့တယ်။

“အာ.. သူက ဘာလို့ စစ်သားလုပ်ရမှာလဲ”

ဆုဆု မျက်မှောင်ကြုတ်လိုက်မိတယ်။

စစ်သားဖြစ်လာတာထက် ဥက္ကဋ္ဌတစ်ယောက်ဖြစ်လာတာမကောင်းဘူးလား။

ဒါပေမယ့် ကျန့်ကျန့်ဆိုတဲ့နာမည်က နာမည်ကောင်းတစ်ခုလို့ သူမ ခံစားမိပြီး ခေါ်ရတာလည်းချောမွေ့ကာနားထောင်လို့ကောင်းတယ်။

လင်းချွမ်: “စစ်သားမဟုတ်ရင် အမျိုးသားတစ်ယောက် ဘာလုပ်နိုင်မှာလဲ”

“တက္ကသိုလ်တက်လို့မရဘူးလား”

ဆုဆု လင်းချွမ်ကို  စဥ်းစားခိုင်းလိုက်တယ်။

“ ဟုတ်သားပဲ.. တက္ကသိုလ်တက်ခိုင်းလို့ရတယ်”

“ဒါပေမယ့် ကျန့်ကျန့်ဆိုတဲ့နာမည်က မဆိုးဘူးဆိုတော့ ဒီနာမည်ကို ခေါ်ရအောင်”

တစ်နာရီတောင်မကြာဘဲ သူတို့ရဲ့သားနာမည်ကို ညှိနှိုင်းခဲ့ပြီးပြီ။ ပိုင်လင်းလင်းက ချန်ယွဲ့ကျင်းကို ကလေးလာကြည့်ဖို့ ခေါ်လာချိန်မှာ သူတို့က ကျန့်ကျန့်ဆိုတဲ့နာမည်ကို  သုံးနေကြပြီ။

ချန်ယွဲ့ကျင်းက ကလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာတယ်။

“ကလေးက  မိန်းလေးလိုပါပဲ”

ပိုင်လင်းလင်းက သူ့ကို ဆူပူကြိမ်းမောင်းလိုက်တယ်။

“ဒါကို အလှတရားလို့ ခေါ်တယ် .. အနာဂတ်မှာ သူက လှပတဲ့ မိန်းကလေးတွေကြားမှာ ရေပန်းစားလာလိမ့်မယ်”

“အိုး”

ချန်ယွဲ့ကျင်းက လင်းချွမ်ကို တစ်ချက်ကြည့်လိုက်တယ်။ သူက သူ့ရဲ့တပ်ရင်းမှူးက မကျေမနပ်ဖြစ်နေလိမ််မယ်လို့ သူခံစားမိတယ်လေ။ အဆုံးမှာ သားတစ်ယောက်ရှိလာပေမဲ့ သူ့နှင့်မတူဘူးမလား။

ဒါပေမယ့် သူ့ကိုကြည့်လိုက်တော့ တစ်ဖက်လူက ကလေးတစ်ယောက်ရှိလာတဲ့အချိန်မှာ အရာအာလုံးကို လုပ်ကိုင်နိုင်စွမ်းရှိနေသလို ဖြစ်နေခဲ့တယ်။ သူက ကလေးကို ပွေ့ဖက်မထားပေမယ့် ကလေးကို မကြာခဏကြည့်နေခဲ့တယ်။

သားလေး.. သားလေးတစ်ယောက်ရလာတာက ကောင်းလား။

သူ ပိုင်လင်းလင်းဆီသို့ စိုက်ကြည့်ရင်း ရုတ်တရက် သားတစ်ယောက် လိုချင်လာခဲ့တယ်။

ပိုင်လင်းလင်းသည်လည်း သူ့ရဲ့အတွေးကို အမှန်တကယ် နားလည်ခဲ့ပြီး သူ့ကို စိုက်ကြည့်ကာ လျစ်လျူရှုလိုက်တော့တယ်။ သူမက ကလေးကိုသာ ချစ်ခင်စွာ ကြည့်နေခဲ့ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့တယ်။

“ဆရာဝန်က ဆုဆုမှာ ဘာပြသနာမှ  မရှိဘူးလို့ ပြောတယ်၊ဒီတော့ ဆေးရုံက ဆင်းနိုင်ပြီ”

“ကောင်းလိုက်တာ”

ဘယ်သူကများ ဆေးရုံမှာနေချင်လို့လဲ?

ချန်ယွဲ့ကျင်းက ပြောလာတယ်။

“မနက်ဖြန်မနက်ကျမှ ပြန်လိုက်လေ..  ငါ့ရဲ့မရီးကို ပြန်ခေါ်ဖို့ စစ်တပ်ကားကိုမောင်းခဲ့လိုက်မယ်”

မဟုတ်ရင် ကားထဲမှာကြပ်ညှပ်ပြီး  ထိုင်နေရလိမ့်မယ်။

“မနက်ဖြန် ငါ တစ်ယောက်တည်း လာခဲ့မယ်..  မင်း ထွက်လာစရာ မလိုဘူး”

လင်းချွမ်လည်း စစ်တပ်ကို ပြန်သွားရဦးမယ်။ သူ့အနေနဲ့  သူ့ရဲ့ဇနီးသည်အနားမှာ အမှန်တကယ်နေချင်ပေမယ့် စစ်တပ်ကလည်း အလွန်အလုပ်များနေသေးတယ်။

“ကောင်းပြီ၊ ဒါပေမယ့် တပ်ထဲမှာ သိပ်ပြီးအလုပ်များတာ မဟုတ်ဘူးလေ..  မင်း အိမ်ကိုပြန်ပြီး သွားကြည့်လို့ရမှာပါ”

သားတစ်ယောက်ရှိလာရင် သူ့ကို ကြည့်ချင်နေမှာသေချာပေါက်ပဲလေ။

“အင်း”

သူတို့ နှစ်ယောက် စီးကရက်သောက်ဖို့ အပြင်ကိုထွက်သွားခဲ့ကြပြီး မကြာခင်မှာပဲ စစ်တပ်ထဲသို့ ပြန်သွားခဲ့တယ်။

**

All Chapters