အခန်း (၁၄၀)
Vol. 14 Ch. 140
ကလေးကို အမေလင်းနှင့် လင်းဟိုင်တို့က ပြုစုစောင့်ရှောက်ပေးထားတာကြောင့် ဆုဆုကောင်းမွန်စွာ အိပ်နိုင်ခဲ့တယ်။ သူမက ညဦးပိုင်းလောက်ကိုရောက်မှ နိုးလာခဲ့ပြီး အားအင်အပြည့်ဖြစ်နေခဲ့ကာ ကလေးကို ချော့မြူကစားဖို့လည်း ပိုပြီး အချိန်ရလာတယ်။
သို့ပေမယ့် အခုချိန်မှာ ကလေးက ပွေ့ချီထားဖို့ သေးလွန်းတယ်။
အမေလင်းကတော့ သူမရဲ့မြေးလေးကို အလွန်ချစ်နေပုံရတယ်။ သူက ကလေးကို သူမရဲ့ ရတနာလေးလို သဘောထားနေခဲ့ပြီး ဘယ်သူကိုမှ မထိခိုင်းချင်ခဲ့ဘူး။
အရာအားလုံးကို သူမဘာသာ လုပ်ခဲ့တယ်။ ကံကောင်းထောက်မစွာနှင့် ဆုဆုက ပစ္စည်းတွေအားလုံးကို ပြင်ဆင်ထားပြီးသားဖြစ်တာကြောင့်အသုံးပြုရတာ အတော်လေးလွယ်ကူတယ်။
နောက်နေ့မနက်မှာတော့ သူမက အဝတ်အစားတွေကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး တဘက်တစ်ထည်ကို ခြုံလိုက်ကာ လင်းချွမ်လာခေါ်တဲ့ ကားပေါ်ကိုတက်ပြီး အရှေ့ပိုင်း X တက္ကသိုလ် မိသားစုနယ်မြေဆီသို့ ပြန်လာခဲ့တယ်။
လင်းချွမ်ကတော့ သူမကို ပို့ပြီးတာနဲ့ ပြန်ထွက်သွားခဲ့ရတယ်။ သူ့မှာ စစ်တပ်အတွင်း လုပ်စရာတွေအများ ရှိသေးတယ်။
ဆုဆုကလည်း ထိုအကြောင်းပြချက်အတွက် ဇီဇာကြောင်နေခဲ့ခြင်းမရှိဘူး။ ညနေစောင်းဘက်မှာ စုန့်အိုက်ယင်းက ဆရာမတွေကို ခေါ်ပြီး ရောက်လာခဲ့တယ်လေ။
သူတို့အားလုံးက ကလေးကို လာကြည့်ကြတာပဲ။ ဒါ့အပြင် တချို့လူတွေက ပိုက်ဆံတွေ ထုတ်ပေးလာကြတယ်။ တချို့လူတွေကတစ်ယောက်ကို ၁၀ ယွမ်ပေးပြီး တချို့လူတွေကတော့ ၅ ယွမ်လောက်ထည့်ပေးခဲ့ကြတယ်။
ဒီဘက်ခေတ်မှာ ဒီပမာဏက အတော်လေးများနေပြီ။
“ဟေး.. ဒီလူတွေက ပိုက်ဆံတွေ ဒီလောက်အများကြီးထုတ်လို့ အဆင်ပြေရဲ့လား”
သူတို့ပြန်သွားတော့ အမေလင်းက အနည်းငယ်စိုးရိမ်စွာနှင့် ပြောရင်း ထိုပိုက်ဆံတွေကို ဆုဆုဆီသို့ပေးလိုက်တယ်။
ဆုဆု ပြုံးလိုက်တယ်။
“ရပါတယ် အမေ..
စိတ်မပူပါနဲ့.. ဘာပဲဖြစ်ဖြစ် နောက်ပိုင်း သူတို့ကိုလည်း ပြန်ပေးရမှာပဲလေ”
“အဲဒီနှစ်တွေမှာ လက်ဆောင်အတွက်ပိုက်ဆံတွေအများကြီးသုံးလာကြတာပ”"
“ဒီဘက်က လူတွေအားလုံးက ဒီအတိုင်းပဲဖြစ်မယ်”
ဆုဆုပြောပြီးတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးလာခေါက်တာကို ကြားလိုက်ရတယ်။ အမေလင်း ခုတင်ပေါ်မှထကာ တံခါးသွားဖွင့်လိုက်တယ်။ ထို့နောက် သူမက အလွန်အေးစက်တဲ့လေသံဖြင့် ပြောလာခဲ့တယ်။
“မင်းပဲကိုး”
ဒီလေသံကို ကြားတော့ တစ်ဖက်လူက သူမတို့ သိကျွမ်းပြီး မုန်းတီးတဲ့သူလို့သိနိုင်တယ်။ ဆေးရုံမှာ ဖြစ်ပျက်ခဲ့တာကို ဆုဆု မသိသေးတဲ့အတွက် အမေလင်းကို ဘယ်သူက မုန်းတီးစေခဲ့တာလဲလို့ တွေးနေမိတယ်။
သူမ တွေးနေတုန်းမှာပဲ ချင်ယွဲ့ယွဲ့က အိမ်ထဲကို ဝင်လာကာ အပြုံးနှင့်ပြောလာတယ်။
“ကျွန်မတို့ ကလေးကို လာကြည့်တာ...”
“ထွက်သွားစမ်း”
ဆုဆု သူမကို အတော်လေး မုန်းတီးနေတာကြောင့် သူမရဲ့ ပြုံးရယ်နေတဲ့မျက်နှာကို မြင်လိုက်ရတာနဲ့ ဒေါသထွက်သွားခဲ့တယ် ။
“နင်.. ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ တုံဟဲ...”
ချင်ယွဲ့ယွဲ့က ချက်ချင်းပဲ ခေါင်းကိုလှည့်ပြီး အပြင်ဘက်ကို လှမ်းအော်လိုက်တယ်။
အမေလင်းက သူမရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး အပြင်ဘက်သို့ တွန်းထုတ်လိုက်ကာ မည်းမှောင်နေတဲ့မျက်နှာနှင့်ပြောလာတယ်။
“ဒါက ငါတို့မိသားစုက ပျော်ရွှင်စရာကောင်းတဲ့ အချိန်အခါပဲ.. မင်းက ဒီကို ဘာလို့ လာငိုပြချင်နေတာလဲ? ထွက်သွားတော့.. ငါ့ချွေးမက မင်းကို သဘောမကျဘူး.. ဘာမှလုပ်စရာမရှိဘဲ ရောက်လာမနေနဲ့”
“ဒါပေမယ့် ကျွန်မတို့က ကလေးကိုကြည့်ဖို့လာတာ...”
“ဒါက မင်းအတွက် အထူးအဆန်းကိစ္စမဟုတ်ဘူးမလား? မင်းထွက်သွားလို့ရမလား.. တုံဟဲ မင်းရဲ့ချွေးမကို ခေါ်သွားလိုက်.. အနာဂတ်မှာ ဒီကိုမလာခဲ့စေနဲ့”
သူမရဲ့ချွေးမက ဒီမိန်းမကို သိပ်မကြိုက်တာကို အမေလင်းလည်းမြင်နိုင်တယ်။ အရင်တုန်းက ဒီလိုမဟုတ်ဘူး။ ဒီတော့ ဒီမိန်းမက ထပ်ပြီးဒုက္ခပေးနေတာပဲဖြစ်လိမ့်မယ်။
လင်းတုံဟဲက အလွန်ကူကယ်ရာမဲ့နေခဲ့တယ်။ သူက အစတုန်းက သူမကို မခေါ်လာချင်ခဲ့ပေမဲ့ လင်းချွမ်ရဲ့အမေရောက်နေတာကြောင့် ဆွေမျိုးတစ်ယောက်အနေနဲ့ သွားတွေ့သင့်ကြောင်းတွေးကာ သူမကိုပါ ခေါ်လာခဲ့မိတာ။
သို့ပေမယ့် အမေလင်းကပါ သူမကို မုန်းတီးနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
“ကောင်းပြီ မင်း အပြင်မှာစောင့်နေလိုက်”
လင်းတုံဟဲက ဆုဆုဘက်ကို လှည့်ပြောလိုက်ပြီးနောက် လက်ဆောင်ဖြစ်ယူလာတဲ့ ယွမ်ငါးဆယ်ကို အမေလင်းရဲ့ လက်ထဲသို့ ထည့်ပေးလိုက်တယ်။
“ ကလေးရော လူကြီးအတွက်ပါ အားရှိတဲ့ စားစရာတွေဝယ်စားဖို့ပါ”
မီးနေခန်းမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်ကို သူ့လိုအမျိုးသားတစ်ယောက်က အထဲကိုဝင်ပြီး မတွေ့နိုင်တာကြောင့် ပိုက်ဆံပေးပြီးတာနဲ့ အပြင်သို့ထွက်သွားရုံသာတတ်နိုင်ခဲ့တယ်။
သို့သော်လည်း သူတို့ထွက်သွားတာနှင့်တပြိုင်နက် အမေလင်းက သားရဲတွေကို နှင်ထုတ်လိုက်သလိုမျိုး တံခါးကို ဆောင့်ပိတ်လိုက်တယ်။
ချင်ယွဲ့ယွဲ့က ဒေါသတကြီးပြောလိုက်တယ်။
“သူတို့မိသားစုကိုကြည့်လိုက်ဦး.. သူတို့တွေက ယဥ်ကျေးမှု အကျင့်စာရိတ္တဆိုတာမျိုး လုံးဝမရှိဘူး.. လက်ဆောင်အတွက် ပိုက်ဆံတွေအများကြီးရတာကိုတောင် မပျော်နိုင်ကြဘူး.. တရားလွန်လွန်းတယ်”
“မင်းကသာ တရားလွန်နေတာမဟုတ်ဘူးလား.. ကလေးက မွေးခန်းကထွက်လာကာစပဲရှိသေးတာကို မင်းက လင်းချွမ်နှင့် မတူဘူးလို့ သွားပြောတယ်၊ ကလေးကိုထုတ်ပိုးထားတဲ့အဝတ်က မိန်းကလေးအတွက်နှင့် တူနေရုံလောက်နဲ့ မင်းက ကလေးကို မိန်းကလေးဖြစ်လို့ ဆိုပြီးရှုံ့ချတယ်”
“ ကျွန်မက ဒီအတိုင်း ပြောလိုက်တာ.. တခြားဘာမှ မပြောပါဘူး”
“ချင်ယွဲ့ယွဲ့.. မင်း ဘာတွေတွေးနေတာလဲဆိုတာ ငါမသိဘူးလို့ ထင်နေတာလား .. ဆုဆုက မင်းထက် အမြဲတမ်းသာနေလို့ မင်းကို ရှက်ရွံ့စေတယ်ဆိုပြီး သူမကို မနှစ်မြို့နိုင်ဖြစ်နေတာမဟုတ်ဘူးလား..
ဒါပေမယ့် သူများတွေက မင်းထက်ပိုကောင်းတယ်.. သူတို့က မင်းထက်ပညာပိုတတ်တယ်၊ သူတို့က မင်းထက်ပိုတော်တယ်၊ မင်းထက် လှတယ် .. လင်းချွမ်က အမှန်တကယ် ကောင်းမွန်တဲ့အရာကို မြင်တွေ့နိုင်ခဲ့တယ်.. အခု ငါ လင်းချွမ်ကို တကယ် မနာလိုဖြစ်နေပြီ.. သူက ဘဝရဲ့အောင်နိုင်သူပဲ”
အရာအားလုံးကို ပိုင်ဆိုင်နိုင်တယ်။
“ရှင် ..ရှင်ရော ကလေးလိုချင်လား.. အခု ကျွန်မတို့လည်း ကလေးယူဖို့ စဉ်းစားလို့ရတယ်လေ”
ချင်ယွဲ့ယွဲ့ သူ့ရဲ့စကားတွေထဲက တခြားသောအဓိပ္ပါယ်တွေကို တမင်တကာ လျစ်လျူရှုပြီး လိမ်မာသလိုမျိုး ဟန်ဆောင်လိုက်တယ်။
လင်းတုံဟဲ အမှန်တကယ် ရယ်မောလိုက်သော်လည်း အေးစက်လွန်းတဲ့ ရယ်မောခြင်းသာဖြစ်ခဲ့တယ်။
“အဲဒါက မင်းရဲ့ စာကျက်ချိန်ကို နှောင့်နှေးစေလိမ့်မယ်၊ မေ့လိုက်ကြတာပေါ့”
“ကျွန်မက ကျွန်မတို့တွေ ကွဲကွာနေတဲ့အချိန်ဖြစ်လို့ ကလေးမလိုချင်ခဲ့တာပါ.. အခုချိန်ဆိုရင် ကျွန်မတို့မှာ ကလေးရလာရင်...”
“မပြောနဲ့တော့.. ငါ မင်းပြောတာကို မယုံတော့ဘူး.. အခုချိန်ထိ ငါမင်းကို တကယ်နားမလည်နိုင်သေးတာကို သိလိုက်ရပြီ”
လင်းတုံဟဲ ရယ်မောလိုက်ပြီး အရှေ့သို့ လျှောက်သွားခဲ့တယ်။ အခုချိန်မှာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မရှိဘူး။ သို့ပေမယ့် အပြင်ဘက်မှာ အိမ်ဝယ်ရန် စိတ်ကူးကတော့ ပျက်သွားခဲ့ပြီ။
တကယ်လို့ ပိုက်ဆံရှိလာရင် စက်ရုံမှာ ရင်းနှီးမြုပ်နှံတာက ပိုကောင်းလိမ့်မယ်။ အနည်းဆုံး ပိုက်ဆံက ပိုက်ဆံကို ရှာနိုင်တယ်။
ချင်ယွဲ့ယွဲ့ရဲ့သရုပ်ဆောင်မှုတွေက သူ့ကို ဒီအမျိုးသမီးအတွက် ဘာတစ်ခုမှ မမျှော်လင့်ထားတော့လောက်အောင် ဖြစ်စေခဲ့တယ်။ အထူးသဖြင့် သူမရဲ့မိဘတွေဆီ ရောက်လာတဲ့အချိန်တွေမှာ ငွေမက်တဲ့ ယောက်ျားနဲ့ မိန်းမတို့က သူ့ကို ပိုပြီး ခံစားမိစေတယ်။
အမေလင်းကတော့ သူတို့ကို မောင်းထုတ်လိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်လာကာ ယွမ်ငါးဆယ်ကို ခုတင်ပေါ်မှာချလိုက်တယ်။
“အဲဒီမိန်းမကို စိတ်မဆိုးနေနဲ့တော့.. ငါ သူမကို မောင်းထုတ်လိုက်ပြီ”
“ကျွန်မ စိတ်မဆိုးပါဘူး.. လင်းတုံဟဲက အခုအချိန်အထိ ခံနိုင်ရည်ရှိနေဖို့ မလွယ်ဘူးလို့ တွေးနေမိတာ”
“သူတို့က လင်မယားတွေပဲလေ.. တခြားဟာတွေကိုမပြောနဲ့ဦး.. ရွာမှာရှိတုန်းကတော့ အတော်လေး ချစ်ကြိုက်ခဲ့ကြတယ်.. ပြီးတော့ ပေါင်းသင်းခဲ့ကြတယ်.. အိမ်ထောင်မပြုသေးခင် ကလေးကို ဖျက်ချခဲ့ကြတယ်..
လက်ထပ်ပြီးသွားတော့ အခန်းကိစ္စနှင့် အမျိုးမျိုးငြင်းခုံနေကြပြန်ရော.. တကယ်ကို ရေသာခိုလွန်းတယ်..
ဟုတ်သားပဲ.. ဒါကိုပြောမှ ဒီချင်ယွဲ့ယွဲ့က ငါတို့ရဲ့ မွေးရပ်မြေမှာတုန်းကတော့ သူမကိုယ်သူမ အရမ်းဂုဏ်ယူနေခဲ့တာမလား.. အခုတော့ မင်းမြင်တဲ့အတိုင်းပဲ ယောကျာ်းတွေရဲ့ ပြောစကားတွေကို နာခံသလိုလုပ်နေတယ်..
ငါ သေချာပေါက် ပြောရဲတယ်.. တကယ်လို့ လင်းတုံဟဲသာ ရွာမှာ ရှိနေသေးခဲ့ရင် သူမက လူဘယ်နှစ်ယောက်လောက်ကိုတောင် သူမမှာ အိမ်ထောင်ရှိကြောင်း မပြောဘဲ နေလောက်မလဲဆိုတာ မသိနိုင်ဘူး”
“အမေ.. တခါတလေ အမေက အတော်လေး အမြင်အာရုံကောင်းတယ်လို့ ထင်ရတယ်”
ချီးကျူးခံရတဲ့ အမေလင်းကတော့ ရှက်ရွံ့သွားခဲ့ပြီး သူ့မရဲ့ချွေးမအတွက် ဂျုံယာဂု ချက်ပြုတ်ရန် ထွက်သွားခဲ့တယ်။
ဒါပေမယ့် နောက်ရက်အနည်းငယ်က စိတ်ညစ်စရာတွေ ဖြစ်နေခဲ့တယ်။ ဆုဆုက ချင်ယွဲ့ယွဲ့နဲ့ပတ်သက်ပြီး အလွန်အမင်း ဒေါသထွက်ခဲ့တာမဟုတ်ပေမယ့် သူမရဲ့နို့ကတော့ သိပ်မထွက်လာခဲ့ဘူး။
ရှောင်ကျန့်ကျန့်က အခုချိန်မှာ အစာစားချင်စိတ်အားကောင်းလာခဲ့ပေမဲ့ လုံလောက်အောင် နိုးမသောက်နိုင်ခဲ့ဘူး။
အမေလင်းက အလွန်စိတ်ပူပြီး လင်းချွမ်ကို ဝက်မြီးတွေဝယ်ခိုင်းကာ ဆုဆုအတွက် စွပ်ပြုတ်ဟင်းချိုချက်ခဲ့တယ်။ ဆုဆုက အစာကိုကောင်းကောင်းစားနိုင်ပေမယ့် ထိုစွပ်ပြုတ်ဟင်းချိုသောက်တဲ့အချိန်မှာတော့ ပျို့အန်ချင်လာခဲ့ပြန်တယ်။
ဒီလိုနဲ့ အမေလင်းက ချင်ယွဲ့ယွဲ့ကို နေရာအနှံ့ ကြိမ်းမောင်းခဲ့တော့တယ်။ လင်းဟိုင်ကလည်း ဒီကိစ္စကို သိသွားချိန်မှာ အရမ်းဒေါသထွက်သွားခဲ့တယ်လေ။
(T/n_ မီးဖွားပြီးကာစမှာ ဒေါသထွက်တာ၊ ထိတ်လန့်တာတွေဖြစ်ခဲ့ရင် နို့မထွက်တတ်ဘူးဆိုတာမျိုး ဓလေ့ရှိတာဖြစ်မယ်)
ဒီတော့ လင်းဟိုင် စက်ရုံသို့ ပြန်လာတဲ့အချိန်မှာ သူ့ရဲ့ဒုတိယအစ်ကိုကိုလည်းခံစားချက်ကောင်းမွန်နေခွင့်မပေးခဲ့တော့ဘူး။
သူက လင်းတုံဟဲကို သူ့ရဲ့ ကိုယ်ပိုင်ဇနီးသည်ကို ကောင်းကောင်းမထိန်းနိုင်တဲ့အတွက် ပြစ်တင်ဝေဖန်ခဲ့တယ်။
လင်းတုံဟဲကလည်း အလွန်ကူကယ်ရာမဲ့နေပြီ။ သူ့အနေနဲ့ လက်တလောမှာ အလွန် အလုပ်ရှုပ်နေခဲ့ပြီး ချင်ယွဲ့ယွဲ့နှင့် မတွေ့မိကြောင်းသာ အကြောင်းပြချက်ပေးခဲ့ရတယ်။ သူက သူမကို စက်ရုံသို့ လာခွင့်မပေးခဲ့ဘူးလေ။
လင်းဟိုင်က လူဆိုးလေးတစ်ယောက်ပဲ။ သူက တူမလေးကို အလွန်သဘောကျပေမယ့် တူလေးကလည်း သူ့ရဲ့နှလုံးသားပဲ။ သူက ငယ်စဉ်ကတည်းက သူ့ရဲ့ညီလေးတွေကို ပြုစုစောင့်ရှောက်ခဲ့ပြီး ကလေးတွေကို အလွန်ချစ်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့မရီးနှင့် ကလေးကို အနိုင်ကျင့်ခဲ့တဲ့သူကို ခွင့်မလွှတ်နိုင်ဘူး။
စက်ရုံအတွင်းမှ ရာထူးအကြောင်းကိုပြောရရင် အသက်ကြီးနေတဲ့ လင်းတုံဟဲကလွဲရင် သူကအမြင့်ဆုံးလို့ စဉ်းစားနိုင်တယ်။ သူက ငယ်ရွယ်စဉ်အချိန်မှာကတည်းက သာမန်လူတွေထက် ဆိုးသွန်းတဲ့အတွေးအခေါ်တွေရှိတတ်တယ်။
ထို့ကြောင့် သူက ကောလိပ်ကျောင်းသားတချို့ကို ညဘက်မှာ အရက်သောက်ရန်အတွက် တမင်ဖိတ်ခေါ်ခဲ့ပြီး တစ်စုံတစ်ယောက်ရဲ့အကြောင်းကို သတင်းစကား ပျံ့နှံ့စေခဲ့တယ်။
လူငယ်တွေဆိုတာက ဒီလိုအရာမျိုးကို အလွန်အကဲဆတ်လွန်းတာကြောင့် ပျံ့နှံ့မှုက အလွန်မြန်ဆန်ကာ ချဲ့ကားသွားခဲ့တယ်။
ဒါကြောင့် တစ်နေ့မှာ ချင်ယွဲ့ယွဲ့တစ်ယောက်စိတ်ပျော်ရွှင်စွာနှင့် အဆောင်မှ ထွက်လာကာ ကျောင်းကိုသွားခဲ့ချိန်မှာ သူမရဲ့ အတန်းဖော်များဆီမှ ၊ အထူးသဖြင့် အတန်းဖော် အမျိုးသားတွေက အရင်နှင့်မတူကွဲပြားစွာ ကြည့်နေကြတာကို တွေ့လိုက်ရတယ်။
ထိုမျက်လုံးများက ကောင်းမွန်တဲ့ အကြည့်မျိုးမဟုတ်ဘူး။ သူမက မျက်မှောင်ကြုတ်လိုက်ပေမဲ့ သိပ်ပြီး မတွေးတောခဲ့ဘူး။
ချန်ကွမ်းတုံက သူမကို လာမရှာခင်အထိပဲ။
“ယွဲ့ယွဲ့.. အပြင်မှာပျံ့နှံ့နေတဲ့ ကောလဟာလတွေက ဘာဖြစ်နေတာလဲ”
“ရှင် ဘာကိုပြောတာလဲ?”
ချင်ယွဲ့ယွဲ့ အနည်းငယ်ထူးဆန်းစွာ မေးလိုက်တယ်။
“သူတို့တွေက မင်း အပြင်ဘက်မှာ ယောက်ျားတစ်ယောက်နဲ့ အခန်းဖွင့်ပြီးနေတယ်တဲ့.. နောက်ပြီး မင်းကို ပိုက်ဆံပေးတဲ့သူက ဘယ်သူပဲဖြစ်နေပါစေ... မင်းက ဘယ်သူနဲ့မဆို အိပ်နေတယ်တဲ့”
**