← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

ချန်ကွမ်းတုံက အစကတော့ မပြောချင်ခဲ့ပေမယ့် မကြာသေးခင်ကမှ သံသယဖြစ်လာခဲ့မိတယ်။ နဂိုက အလွန်ဆင်းရဲလွန်းတဲ့ ချင်ယွဲ့ယွဲ့က  ရုတ်တရက် ပိုက်ဆံတွေအများကြီးရှိလာခဲ့ပြီး သူမက အဝတ်အစားတွေနှင့် အိတ်အသစ်တွေကို ဝယ်ယူသုံးစွဲလာရုံသာမကဘဲ အလွန်အမင်းလည်း ရက်ရောလာခဲ့တယ်။

ထို့အပြင် သူတို့တွေက အခု လေ့လာရေးအဖွဲ့ မရှိတော့တာကြောင့် အဆောင်ထဲမှာလည်း မဆုံဖြစ်ခဲ့ကြပေမဲ့ ချင်ယွဲ့ယွဲ့က တစ်ခါတစ်ရံမှာ အပြင်ဘက်ကို ထွက်ပြီးအိပ်စက်လာတတ်ကြောင်းကို လူတိုင်း သိရှိခဲ့ကြတယ်။ 

သူမရဲ့အစ်ကိုကလည်း လက်ရှိမှာ မကြာခဏရောက်လာတတ်တယ်။ ဒါကြောင့် သူတို့တွေ တစ်ခါတလေမှာ  စကားနည်းနည်းလောက်ပြောဖြစ်ခဲ့ကြပေမယ့် သိပ်ပြီး မစဉ်းစားမိခဲ့ဘူး။

သို့ပေမယ့် ထိုကဲ့သို့ကောလဟာလတွေစတင်ပြီး ထွက်လာနေခဲ့ကတည်းက ချန်ကွမ်းတုံက သူမဆီကို ပြေးလာပြီး မေးခဲ့ချင်ခဲ့တာဖြစ်လေတယ်။ သူက သူ့ရဲ့ အတန်းဖော်တွေကို ငြင်းဆန်ပြီး သူ့ရဲ့ဆရာတွေကို မကြိုက်နှစ်သက်လှဘူး။ သူက ကောလိပ်တက်တာ တစ်နင်္စ်ပဲရှိနေသေးပေမဲ့ နာမည်ဂုဏ်သတင်းက အတော်လေးဆိုးရွားလာခဲ့တယ်။ ဘွဲ့ရဖို့ လိုနေတာကြောင့်သာ သူ သည်းခံနေခဲ့တာပဲ။

သို့ပေမယ့် ဘွဲ့ရပြီးသွားရင်တောင် အနာဂတ်က အလွန်မသေမချာဖြစ်နေတုန်းပဲ။ စာကို ကောင်းကောင်းလေ့လာပြီးရင် အလုပ်အတွက် စိတ်ပူစရာ မလိုပါဘူးလို့ ပြောခဲ့ကြပေမဲ့ နာမည်ကောင်းသာမရှိခဲ့ဘူးဆိုရင် ကောင်းမွန်တဲ့ အလုပ်တစ်ခုကို ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်။

တကယ်တမ်းမှာ သူ့ရဲ့နာမည်တွေဆိုးရွားလာခဲ့ရတဲ့ အဓိက အကြောင်းပြချက်တွေက ချင်ယွဲ့ယွဲ့အတွက်ကြောင့်ပဲ။  သူက သူမအပေါ် အမြဲတမ်း အထင်အမြင်ကောင်းတွေရှိခဲ့တာကြောင့် သူမအတွက်ကြောင့်နှင့် တခြားလူတွေနှင့် ကျောင်းမှာရန်ဖြစ်ခဲ့ရမှာကို မကြောက်ခဲ့ဘူး။

နောက်ဆုံးမှာတော့ သူကသာ အလှည့်စားခံရကြောင်း သိလိုက်ရတယ်။ ဒီခံစားချက်က တကယ်ကို ဆိုးရွားလွန်းတာကြောင့် သူ တကယ်ကို သိချင်စိတ်ပြင်းပြခဲ့တယ်။

သေချာတာပေါ့။ချင်ယွဲ့ယွဲ့က ဝန်ခံမှာ မဟုတ်ဘူး။  သူမက ချက်ချင်းပဲ ခေါင်းခါပြီး ငြင်းဆန်ခဲ့တယ်။

“အဲလိုကိစ္စမျိုးက  ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..  တစ်စုံတစ်ယောက်က ကျွန်မကို အန္တရာယ်ပြုဖို့ ကောလာဟလတွေ ဖြန့်နေတာပဲဖြစ်ရမယ်”

သူမ ထိုသို့ပြောခဲ့ပေမယ့် သူမရဲ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။  တကယ်တမ်းမှာ  သူမနဲ့ လင်းတုံဟဲတို့တွေ အပြင်ဘက်မှ တည်းခိုခန်းမှာ နေထိုင်နေတာကို တစ်ယောက်ယောက်က မြင်သွားခဲ့တာဖြစ်လိမ့်မယ်။

သူမက သူ့ကို အိမ်ဝယ်ဖို့ ပြောခဲ့ပေမဲ့ ထိသူက ပိုက်ဆံရှိတာတောင် မဝယ်ချင်ခဲ့ဘူးလေ။  အခုတော့ ကိစ္စတွေက ကောင်းသွားပြီပဲ။

သူမ ခဏလောက် စိတ်လှုပ်ရှားသွားခဲ့ပေမဲ့အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားခဲ့တယ်။

သို့ပေမယ့် ထိုအချိန်မှာပဲ ကျောင်းသားတချို့က သူတို့ကို ခေါ်လာခဲ့တယ်။

“ချန်ကွေ့တုံ၊ ချင်ယွဲ့ယွဲ့ ကျောင်းအုပ်ကြီးက မင်းတို့ကို ခေါ်ခိုင်းလိုက်တယ်”

ထိုစကားကို ကြားတော့ ချင်ယွဲ့ယွဲ့ရဲ့  နှလုံးသားက တုန်လှုပ်သွားခဲ့ရပြီး ဒီကိစ္စက ကြီးကြီးမားမား ဖြစ်လာနိုင်တယ်လို့ ခံစားမိခဲ့တယ်။

ဒီပြဿနာကို ကောင်းကောင်းမဖြေရှင်းနိုင်ရင် ကောလိပ်ဆက်တက်ရမဲ့ကိစ္စမှာတောင် ပြသနာဖြစ်လာနိုင်တယ်။ သူမ နောက်ဆုံးတော့ ကောလိပ်ကို တစ်နှစ်တက်ခဲ့ပြီးပြီ။ သူမ မတော်တဆ ဖြစ်လို့မရဘူး။

ချန်ကွေ့တုံက ချင်ယွဲ့ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာတယ်။

“ဘာတွေဖြစ်နေတာလဲဆိုတာ  အရင်ဆုံး သွားကြည့်ရအောင်”

ထိုအခိုက်မှာ ချန်ကွေ့တုံရဲ့ သူငယ်ချင်းကောင်းက နောက်ကနေ ဆက်ပြီးပြောလာတယ်။

‘ဘာကိစ္စဖြစ်နိုင်မှာလဲ၊ မင်းသံသယအဝင်ခံနေရတာဖြစ်နိုင်တယ်” 

ချန်ကွေ့တုံနှင့် ဘာဆိုင်လို့လဲ။

ချင်ယွဲ့ယွဲ့ ပြန်လည်ချေပတော့မယ့်အချိန်မှာပဲ သူမက ကျောင်းမှာ ချန်ကွေ့တုံနှင့် အလွန်နီးကပ်နေခဲ့တာကို  ရုတ်တရက် တွေးလိုက်မိတယ်။ ဒါကြောင့် ကျောင်းက သူတို့ကိုနှစ်ယောက်ကို သံသယရှိနေခဲ့တာလား။ သူမရဲ့နှလုံးသားက အေးစက်သွားခဲ့တယ်။  ဒီကိစ္စကို ပြန့်နှံ့သွားစေလို့ မရဘူး။

ကျောင်းအုပ်ကြီးရုံးခန်းသို့ ရောက်ချိန်မှာတော့ အတွင်းမှာ ဆရာနှစ်ဦးရှိနေတာကို တွေ့လိုက်ရပြီး ဒါရိုက်တာစုန့်သည်လည်း ထိုနေရာမှာ ရှိနေထဲ့တယ်။

သူတို့အားလုံးက အလွန်အလေးအနက်ရှိနေခဲ့ကြကာ ချင်ယွဲ့ယွဲ့ရဲ့ ကောလာဟလတွေကို ကြားသိပြီးသားဖြစ်ပုံရတယ်။

ကျောင်းအုပ်ကြီးကွမ်းကတော့ သူ့ရဲ့တူချွေးမနှင့်အတူရှိနေခဲ့တာက သူ့ရဲ့တူဖြစ်နိုင်ကြောင်း ရိပ်မိပေမဲ့ တစ်စုံတစ်ယောက်က သူမနှင့် ချန်ကွေ့တုံရဲ့ အရေးကိစ္စတွေကို သတင်းဖြန့်လာတာကြောင့် ဆရာတွေက သူ့ကို မေးခိုင်းလာကြတယ်လေ။

ထိုတူမဖြစ်သူကို  သူအိမ်ထောင်ကျနေပြီသားဆိုတာကို ကျောင်းထဲမှာ လျို့ဝှက်ထားဖို့ ဘယ်သူက တောင်းဆိုခဲ့လို့လဲ။ ဒီလိုဆိုမှတော့ သူတို့တွေကလည်း အဲဒီအကြောင်းကို ကြားထဲကနေပြောပြနေဖို့ မဖြစ်နိုင်တော့ဘူး။

  ဒီလိုစိတ်ပျက်စရာကိစ္စကို သူမကိုယ်တိုင်လုပ်ခဲ့တာပဲ။

ဒါပေမယ့်  ချင်ယွဲ့ယွဲ့ကတော့အလွန်အမင်း နစ်နာသလိုခံစားနေရတယ်။  ကျောင်းအုပ်ကြီးတို့ ဇနီးမောင်နှံက ဒီအကြောင်းကို  သိနေတာတောင် သူမအတွက် စကားမပြောပေးခဲ့ဘူး။ ကွမ်းမိသားစုက သူမကို တကယ် မကြိုက်ဘူးပဲ။

“ကျောင်းအုပ်ကြီး ကျွမ်မတို့ကို ကိစ္စတစ်ခုခုရှိလို့ ခေါ်လိုက်တာလား”

ချင်ယွဲ့ယွဲ့က ခါးကို ဖြောင့်တန်းပြီး မေးလိုက်တယ်။

ကျောင်းအုပ်ကြီးကွမ်းက ဘာမှ မပြောဘာဘဲ  ဘေးက ဆရာမကသာ ပြောလာတယ်။

“ အခု ကျောင်းမှာ ကောလဟာလ တစ်ခု ရှိနေတယ်တယ်..  မင်းက အတန်းဖော် ယောက်ျားလေး တစ်ချို့နဲ့ ရှုပ်နေပြီးတော့ ညဘက်တွေမှပါ တည်းခိုခန်းတွေကိုသွားပြီး ယောက်ျားတွေနှင့် သွားတွေ့နေတယ်တဲ့.. အဲဒါကအမှန်ပဲလား”

“မဟုတ်ဘူး၊ မဟုတ်ဘူး”

ချင်ယွဲ့ယွဲ့က သူမရဲ့လက်ကို အမြန်ဝှေ့ရမ်းလိုက်ပြီး ကျောင်းအုပ်ကြီးကွမ်းကို ကြည့်လိုက်တယ်။

ကျောင်းအုပ်ကြီးကွမ်းက ရေတစ်ငုံသောက်လိုက်ပြီး ငြိမ်သက်နေခဲ့ကာ ခေါင်းမထောင်လာဘူး။

ဆရာမက ဆက်ပြောလာတယ်။

“ငါတို့တွေ  တည်းခိုခန်းဆီကို သွားပြီး စစ်ဆေးပြီးသွားပြီ.. မင်း သွားနေခဲ့တာက အမှန်ပဲ..  အခု ငါတို့ကို ဖုံးကွယ်ဖို့ ကြံစည်နေတာလား..

ချန်ကွေ့တုံ..   အဲဒီလူက မင်းလား..မင်းတို့နှစ်ယောက် ကျောင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် သွားလာနေတယ်ဆိုတာ လူတိုင်းတွေ့နိုင်တယ်..  မဟုတ်ဘူးလား”

ချန်ကွေ့တုံတစ်ယောက် တည်းခိုခန်းကိုပါ စစ်ဆေးပြီးဖြစ်ကြောင်း ကြားသိလိုက်ရတော့ ချင်ယွဲ့ယွဲ့က သူထင်ထားသလိုမျိုး ဖြူစင်သူမဟုတ်ကြောင်းကို နားလည်သွားခဲ့ရတယ်။ သူမက တခြားသောအမျိုးသားတွေနှင့် အတူရှိပြီးနေပြီ။

ဒါပေမယ့် ဒီအိုးကိုတော့ သူ မသယ်နိုင်ဘူး။

“မဟုတ်ဘူး၊ သူနဲ့ကျွန်တော်က သာမန်သူငယ်ချင်းတွေပဲ၊ ကျွန်တော်တို့တွေ အရင်တုန်းက အပြင်ကိုတောင် မထွက်ခဲ့ဖူးဘူး..ဒါကို ကျွန်တော့်ရဲ့ အခန်းဖော်က  သက်သေပြနိုင်တယ်”

ချန်ကွေ့တုံ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ခံပြင်ဒေါသထွက်မှုတွေရောနှောစွာ  ပြောလိုက်တယ်။

ဆရာတွေအားလုံးကလည်း ငယ်ရာမှကြီးလာသူတွေဖြစ်တာကြောင့် သူတို့က မမြင်နိုင်ဘဲ နေမှာတဲ့လား။

အခု ချန်ကွေ့တုံအတွက် သံသယတွေကို အလွယ်တကူ ရှင်းထုတ်နိုင်ခဲ့ပြီဖြစ်တာကြောင့် ချင်ယွဲ့ယွဲ့ တစ်ဦးတည်းကသာ ပြဿနာရှိနေတဲ့သူပဲ။

တကယ်တော့ ကျောင်းက အရှုပ်အထွေးတွေ အများကြီးကို မလိုချင်ကြဘူး။ ဒီလိုကိစ္စမျိုးက ကျောင်းရဲ့ဂုဏ်သိက္ခာကို တကယ်ထိခိုက်စေတယ်။

ထိုအခိုက်မှာပဲ ချင်ယွဲ့ယွဲ့က ထပြောလာတယ်။

“တကယ်တော့ ကျောင်းအုပ်ကြီးကွမ်းက ဒီကိစ္စကို ရှင်းရှင်းလင်းလင်းသိတယ်.. ရှင်တို့တွေ  သူ့ကို မေးလို့ရတယ်”

ဒါက ဘာကိုဆိုလိုတာလဲ?

ကျောင်းအုပ်ကြီးကွမ်းရဲ့မျက်နှာက ချက်ချင်းပဲ မည်းမှောင်သွားခဲ့ပြီး ဘေးမှာထိုင်နေခဲ့တဲ့ စုန့်အိုက်ယင်းမှာလညား ရှက်ရွံ့မှုနဲ့ ဒေါသတကြီးဖြစ်လာခဲ့တယ်။

  “နင်ဘယ်လိုအရူးစကားတွေ လာပြောနေတာလဲ၊ ဒီကိစ္စက ငါ့မိသားစုရဲ့လောင်ကွမ်းနဲ့ည ဘာဆိုင်လို့လဲ၊ နင့်ကိစ္စကို နင်ရှင်းတာကောင်းလိမ့်မယ်.. ငါတို့ကို နင့်ရဲ့အရှုပ်အထွေးတွေထဲကို ထည့်စရာ ဘာအကြောင်းပြချက်မှ မရှိဘူး”

ချင်ယွဲ့ယွဲ့ရဲ့ ပါးစပ်က  ပွင့်ဟသွားခဲ့တယ်။ မူလတုန်းက သူမက ကျောင်းအုပ်ကြီးကွမ်းကို နောက်ကွယ်က ဖြစ်ရပ်တွေကို ဝင်ပြီး ရှင်းပြပေးစေချင်ခဲ့တာ။

ဒါပေမယ့်  သူမရဲ့စိုးရိမ်စိတ်က သူတို့ကို အထင်လွဲသွားစေလိမ့်မယ် မမျှော်လင့်ထားခဲ့မိဘူး။

ဒါကြောင့် သူမ ဘာသာပဲ ပြောလိုက်ရတယ်။

“ကျွန်မ  ညဘက်တွေမှာ  အပြင်ကိုထွက်ခဲ့တယ်၊ ဒါပေမယ့် တခြားယောက်ျားတွေနဲ့ သွားပြီး ချိန်းတွေ့နေခဲ့တာမဟုတ်ဘူး၊ ကျွန်မက ကျွန်မရဲ့ ခင်ပွန်းသည်နဲ့သွားတွေ့တာ.. သူ့နာမည်က လင်း... ကွမ်းတုံဟဲပဲ”

တကယ်တော့ လင်းတုံဟဲက ကွမ်းမိသားစုရဲ့အိမ်ကိုပြန်ရောက်နေပြီးတဲ့နောက်မှာ သူ့ရဲ့ မျိုးရိုးနာမည်က ပြောင်းလဲသွားခဲ့ပေမယ့် သူ့ကိုသိတဲ့လူတွေကတော့ သူ့ကို လင်းတုံဟဲလို့ ခေါ်နေကြတုန်းပဲ။

အခုချိန်မှာတော့ သူမက ရုတ်တရက် ထောင့်ကိုလှည့်ကာ သူ့ယောက်ျားရဲ့ မျိုးရိုးနာမည်ကို တမင် ကွမ်းလို့ ပြောခဲ့တယ်။ ဒီလိုနည်းနဲ့ဆိုရင် ကျောင်းအုပ်ကြီးကွမ်းက ရှောင်နေလို့ ရနိုင်ဦးမယ်လို့ သူမ မယုံကြည်ဘူး။

ဆရာတစ်ယောက်က ကျောင်းအုပ်ကြီးကွမ်းဘက်ကို လှည့်ပြီး မေးလိုက်တယ်။

“ဘာတွေဖြစ်နေတာလဲ”

“တကယ်တော့  သူမရဲ့ယောက်ျားက ကျွန်မတို့ရဲ့ တူပါ..  ဒါပေမယ့် သူမက  သူ အိမ်ထောင်ပြုထားတဲ့အကြောင်းကို တမင်ဖျောက်ထားတာဆိုတော့ ကျွန်မတို့ ဝင်ပြောဖို့ အဆင်မပြေဘူး”

စုန့်အိုက်ယင်းက ဘေးကနေ ဝင်ပြောလိုက်တယ်။

“ဒါဆို ဒီလိုဖြစ်ခဲ့တာကိုး”

ဆရာက ခေါင်းညိတ်ပြီး ဆက်မေးလိုက်တယ်။

“ဒါဆို ချင်ယွဲ့ယွဲ့..  မင်းနဲ့ မင်းရဲ့ခင်ပွန်းသည်က ဘာလို့ အိမ်ငှားနေတာဖြစ်ဖြစ်၊ အိမ်ကို ပြန်တာဖြစ်ဖြစ် မလုပ်တာလဲ.. ဘာလို့ အပြင်က တည်းခိုခန်းမှာ နေတာလဲ”

“သူက စက်ရုံအလုပ်နဲ့ဆိုတော့ ..အိမ်နဲ့ ဝေးတယ်လေ.. ဒါကြောင့် .. ဒါကြောင့် …”

သူမက ပြောရင်းနှင့် ရှက်ရွံ့သွားပုံရမယ့် အဓိပ္ပါယ်ကတော့ သိသာထင်ရှားနေခဲ့တယ်။

“မင်းမှာ ယောက်ျားရှိနေတာလား”

ချန်ကွေ့တုံက ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ မေးလာတယ်။

“အင်း ကျွန်မ အိမ်ထောင်ကျပြီးပြီ”

ချင်ယွဲ့ယွဲ့ ခေါင်းညိတ်လိုက်တယ်။ တကယ်တော့ သူမက ဟိုးအစကတည်းက ချန်ကွေ့တုံလိုလူကို လှမ်းချိတ်ဖို့ မရည်ရွယ်ထားဘူး။ 

သူတို့တွေက စိတ်တူကိုယ်တူ သူငယ်ချင်းကောင်းတွေလို့ပဲ တွေးထားခဲ့တယ်။

ဒါပေမယ့် ချန်ကွေ့တုံကတော့ ထိုသို့ မတွေးခဲ့ဘူးလေ။ သူက အလွန်ဒေါသထွက်စွာနှင့် ပြောခဲ့တယ်။

“ကောင်းတယ်.. အရမ်းကောင်းတယ်၊ မင်းက မင်းမှာ ယောက်ျားရှိနေတာကို ငါတို့ဆီက ဖုံးကွယ်ထားခဲ့တယ်၊ ဒီသူငယ်ချင်းဆိုတဲ့ဆက်ဆံရေးက တကယ်တော့ ဘာမှမဟုတ်ခဲ့ဘူး”

“အဲလိုမဟုတ်ဘူး၊ ကျွန်မက လူတိုင်းနဲ့ အတူတူပဲ ဖြစ်ချင်လို့ပါ”

ချင်ယွဲ့ယွဲ့က စိတ်လှုပ်ရှားတာကြောင့် ငိုကြွေးလာတယ်။ တတ်နိုင်ရင် သူမက အပျိုတစ်ယောက်အဖြစ်နှင့်သာ ကောလိပ်ကိုတက်ချင်ခဲ့ပြီး သူတို့တွေနှင့် စာကျက်ရင်း ရိုးရိုးသားသား ဆက်ဆံရေးကို ရယူချင်ခဲ့တာလေ။ ဒါပေမယ့် အခုလက်ရှိအနေအထားလိုမျိုး ဖြစ်လာစေရန်အတွက် ခြေလှမ်းမှားသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ချန်ကွေ့တုံက သူမပြောသမျှကို လုံးဝ နားမထောင်တော့ဘဲ ရုံးခန်းထဲမှ ပြေးထွက်သွားခဲ့တယ်။

လူငယ်တွေဆိုတာက အလွန် စိတ်မြန်လက်မြန်ရှိလွန်းတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကိစ္စတွေမှာဆိုရင် စိတ်ခံစားချက်တွေနှင့် ဒေါသတွေက အပြင်းထန်ဆုံးအချိန်ဖြစ်ပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ရန် နည်းလမ်းမရှိဘူး။

ဆရာနဲ့ တခြားသူတွေက ရှင်းရှင်းလင်းလင်း မေးပြီးနောက် ကျောင်းအုပ်ကြီးကွမ်းဘက်သို့ လှည့်မေးလာကြတယ်။

“ကျောင်းအုပ်ကြီး ..  ဒီကိစ္စကို ဘယ်လို အတည်ပြုရမှာလဲ”

ချင်ယွဲ့ယွဲ့ရဲ့ ယောက်ျားနှင့်မိန်းမကြား ဆက်ဆံရေးက အလွန်ဖရိုဖရဲ ဖြစ်နေတာကို မြင်လိုက်ရတာကြောင့် သူမနှင့် တည်းခိုခန်းဆီကို သွားတဲ့သူက ကွမ်းတုံဟဲတစ်ယောက်တည်းဖြစ်နေဖို့က သေချာမှုမရှိဘူး။

ကျောင်းအုပ်ကြီးကွမ်း:  “ကောင်းပြီ၊ ငါ့တူကို ဒီကိုလာဖို့ခေါ်ပြီး မေးလိုက်ကြတာပေါ့”

“ဘာလို့ သူ့ကို လာခိုင်းနေမှာလဲ..  သူက အရမ်း အလုပ်များနေတာ၊ ​​ကျွန်မ ရှင်းရှင်းလင်းလင်း ရှင်းပြပြီးပြီလေ”

ချင်ယွဲ့ယွဲ့က စိုးရိမ်တကြီးပြောလာတယ်။

“ကျောင်းက မင်းရဲ့တစ်ဖက်တည်းက ပြောတဲ့ စကားကို  ယုံဖို့ မဖြစ်နိုင်ဘူး.. အတည်ပြုစစ်ဆေးဖို့ နောက်တစ်ဖက်ကိုပါ မေးမြန်းရမယ်..

တကယ်လို့ မင်းပြောတာအမှန်ပဲဆိုရင် ကောလာဟလတွေကို ဆက်ပြီး မပြန့်ပွားအောင် ငါတို့ ရပ်တန့်ပေးမယ် ဒါပေမယ့် မဟုတ်ခဲ့ရင်တော့...”

ဆရာမတစ်ယောက်က စကားကို ဆက်မပြောခဲ့ပေမဲ့ ချင်ယွဲ့ယွဲ့ကတော့ သူမ ဘာကိုဆိုလိုတာလဲဆိုတာကို ခန့်မှန်းလုနီးပါးပဲ။

သူမ ဝမ်းနည်းစွာ ငိုကြွေးနေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကျောင်းရဲ့ အစီအစဉ်ကို လက်ခံရုံသာ တတ်နိုင်ခဲ့တယ်။

**

All Chapters