← Chapters

အခန်း (၁၄၄)

Vol. 15 Ch. 144

အခန်း (၁၄၄)

Vol. 15 Ch. 144

စားသောက်ပြီးနောက် ဆုဆု အိမ်ကိုလှည့်ပတ်ကြည့်ခဲ့တယ်။ သူမ ဒုတိယထပ်သို့ ရောက်တော့  ကြည်းတပ်ရဲ့ အစိမ်းရောင်လိုက်ကာတွေကို တွေ့လိုက်ရပြီး အိပ်ခန်းကလည်း အစိမ်းရောင်လွှမ်းနေတာကို တွေ့လိုက်ရချိန်မှာ သူမရဲ့ နှုတ်ခမ်းက တွန့်သွားရတယ်။ ထိုသူက အိမ်ကို စစ်တပ်စခန်းအဖြစ် ပြောင်းလဲချင်နေတာလား။

သို့သော်လည်း မမျှော်လင့်ဘဲ ဒါတွေက အတူတကွစုပေါင်းသွားချိန်မှာ ကောင်းမွန်နေတုန်းပဲဖြစ်ပြီး ဒီအရောင်က ဒီဘက်ခေတ်မှာ လူကြိုက်များနေတယ်လေ။

အနည်းဆုံးတော့ ဒါက ဂရုစိုက်ရန်လွယ်ကူပြီး အလွယ်တကူ မစွန်းထင်းနိုင်ဘူး။

အခန်းက အတော်လေးသန့်ရှင်းတယ်။ အနီရောင်ကြမ်းပြင်တွေကိုပဲ မကြည့်နဲ့။  နောက်ထပ်ဆယ်နှစ်တာကာလလောက်အတွင်း ပြသနာမရှိလောက်ဘူး။

ဧည့်ခန်းထဲမှာ ပစ္စည်းအသစ်တွေ မလဲထားဘူးဆိုတာကလွဲရင် အပေါ်ထပ်က အတော်လေးကောင်းနေခဲ့တယ်။

ဧည့်ခန်းကလည်း အသစ်မလဲထားပေမဲ့ ဟောင်းနွမ်းနေရုံသာဖြစ်ပြီး အဖိုးတန်ပစ္စည်းတွေပဲ။

သူမ လှည့်ပတ်ကြည့်လိုက်ပြီးအောက်ထပ်သို့ ပြန်ဆင်းလာခဲ့တယ်။ လင်းချွမ်က သူမကိုမြင်တော့  ကလေးငယ်အိပ်နေတုန်းမှာ ခဏလောက်အနားယူဖို့ ပြောလာခဲ့တယ်။ နိုးလာခဲ့ရင်လည်း သူ စောင့်ကြည့်ပေးထားလိမ့်မယ်။

ဆုဆုခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်ကိုပြန်သွားကာ သက်သောင့်သက်သာရှိစွာ အိပ်လိုက်တယ်။

သေချာတာပေါ့။ အမေလင်းကလည်း အိပ်နေခဲ့ပေမဲ့ သူမကတော့ အောက်ထပ်မှ ခန်ပေါ်မှာ အိပ်ခဲ့တယ်။

ဆုဆု အိပ်ရေးဝအောင် အိပ်ခဲ့ပြီး နိုးလာတော့ ကလေးက ဘာလို့ နို့မတောင်းတာလဲလို့ တွေးနေမိတယ်။

သူမ အောက်ထပ်သို့ အလျင်အမြန်ဆင်းလာခဲ့ပြီးနောက် ကျန့်ကျန့်က အိပ်ပျော်နေတုန်းပဲဖြစ်ကြောင်း တွေ့လိုက်ရတယ်။

“သူဘာလို့ ဒီနေ့ အရမ်းငြိမ်နေတာလဲ”

အမေလင်း: “ပြန်ငြိမ်သွားတာလေ.. ခုနတုန်းက နိုးလာသေးတယ်.. ချွမ်ဇီက မင်းကိုမနှိုးချင်လို့ နို့မှုန့်ဘူးဖျော်တိုက်ထားတာ .. ဒီကလေးက  အစားအသောက်ဂျီးမများဘူး.. နို့မှုန့်တစ်ဘူးကိုတောင် ကုန်အောင် သောက်နိုင်တယ် “

အတော်လေး စိတ်ပူပန်မှုနည်းပါးရတာပဲ။  တစ်ခုခုဖြစ်ရင် ငိုတာကလွဲပြီး ဘယ်လိုပြသနာမှမရှိဘူး။

“သူက အရင်တုန်းက နို့မှုန့်ကိုသောက်ရရင်တောင် ကျွန်မကို မတွေ့ရရင် ငိုနေတာမလား”

“သူ့အဖေကိုမြင်တော့  မငိုတော့ဘူးလေ.. သုံးနာရီ၊လေးနာရီလောက် အိပ်နေပြီး ခုချိန်ထိ မထသေးဘူး”

“ ဒီကောင်လေးက အမေကိုတော့ အနိုင်ကျင့်ချင်ပြီး သူ့အဖေကိုတော့ အနိုင်မကျင့်ရဲဘူးပေါ့လေ”

ကလေးတွေက မျက်နှာကို မမှတ်မိနိုင်ဘူးလို့ မပြောသင့်ဘူး။ ဆုဆုကတော့ သူတို့က မျက်နှာကို ကောင်းကောင်းကြည့်တတ်တယ်လို့ ထင်မိတယ်။ သူတို့က ဘယ်သူက အင်အားကြီးမားပြီး ဘယ်သူကတော့ အနိုင်ကျင့်ရလွယ်ကူတယ်ဆိုတာကို ကောင်းကောင်း သိထားကြတယ်လေ။

အိမ်မှာ အမျိုးသမီးနှစ်ယောက်ပဲရှိတုန်းက သူ ဘယ်လောက်ပဲ ဆိုးသွန်းပါစေ သူတို့တွေက သူ့ကို ရိုက်မှာမဟုတ်ဘူး။

သို့ပေမယ့် သူ့ကို ထိန်းကျောင်းတဲ့လူက လင်းချွမ်အဖြစ်သို့ ပြောင်းလဲသွားချိန်မှာတော့ သူ့ကို အလိုလိုက်လိမ့်မှာမဟုတ်ကြောင်း အသေအချာသိကာ လင်းချွမ်ရဲ့ စိုက်ကြည့်မှုနဲ့တင် အငိုရပ်သွားလိမ့်မယ်။

“လင်းချွမ်ရော ဘယ်မှာလဲ”

“အပြင်မှာ သူ့ညီနဲ့အတူဟင်းသီးဟင်းရွက်တွေ သွားပြီးစိုက်ပျိုးနေတယ်.. အခုဆို ပြီးခါနီးလောက်ပြီ”

အမေလင်းက ကျန့်ကျန့်ကို ပုတ်ပေးရင်း ပြောလာတယ်။

  “မထွက်သွားနဲ့ဦး.. မင်းက မီးတွင်းအချိန်က ကျန်ရှိနေတုန်းပဲ”

“ဘုရားရေ.. ရေချိုးရင်း အဝတ်လျှော်လို့မရဘူး..  ရေအေးနဲ့ ထိလို့မရဘူး.. အပြင်ကို ထွက်လို့မရဘူး ကန့်သတ်ချက်တွေက အရမ်းများတာပဲ”

ကံကောင်းထောက်မစွာနှင့် သူမကနွေရာသီမှာ ချွေးအများကြီး မထွက်တတ်လို့သာပေါ့။

“မင်း  ဘာလို့ရေပဲ သွားမချိုးလိုက်တာလဲ.. ဒီအချိန်က ငြိမ်ငြိမ်လေးနေတာကောင်းတယ်.. မဟုတ်ဘဲ ဒီအချိန်မှာ မဟုတ်တာတွေလုပ်မိရင်  မင်းရဲ့တစ်ဘဝလုံး နေထိုင်မကောင်းဖြစ်နေလိမ့်မယ်”

“ဒါဆို စိတ်ရှည်ရဦးမှာပေါ့”

ဆုဆုက ဒီကိစ္စတွေအပေါ် သိပ်ပြီး နားမလည်ဘူး။ သူမရဲ့ ကောလိပ်အတန်းဖော်တွေက အလုပ်လုပ်နေကြတုန်းပဲဖြစ်က် ဘယ်သူကမှ အိမ်ထောင်မပြုကြသေးဘူးလေ။ ခေတ်သစ်မှာ လူတိုင်းက ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲဆိုတာကို သိထားကြပြီး  လက်မထပ်ခင်မှာ ကလေးရှိတာမျိုးက အလွန်ရှားပါးတယ်။

သို့သော်လည်း ဒီလိုအချိန်မျိုးမှာတော့ သန္ဓေတားဖို့က ဘယ်လိုမျိုး လုပ်ရမလဲဆိုတာတောင် မသိနိုင်ဘူး။ နောက်ထပ် ကလေးမလိုချင်ရင် ခွဲစိတ်ကုသမှုတစ်ခုခုလုပ်ရမှာလား မသိနိုင်ဘူး။ ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။

ခဏကြာတော့ လင်းချွမ်က ပြန်ရောက်လာခဲ့တယ်။ သူမ သူ့ကို လှမ်းကြည့်လိုက်တယ်။ ထိုအမျိုးသားက ဒီည အိမ်မှာပဲ နေမဲ့ပုံရတယ်။ သေချာတာပေါ့။ သူတို့တွေ ဘာမှမလုပ်နိုင်ဘူး။ သူမက မီးတွင်းကနေ မထွက်ရသေးဘူးလေ။

လင်းချွမ်က အနည်းငယ်လောက် ရှင်းမပြနိုင်စွာ စိုက်ကြည့်လာခဲ့ပြီး  သူ သူ့ရဲ့ ဇနီးသည်ကို ချော့မောရမယ်လို့ ခံစားရတယ်။ ဒါ့အပြင် သူတို့တွေ ကလေးမွေးဖွားပြီးကတည်းက  စကားတောင် အနီးကပ် မပြောနိုင်ခဲ့တာ အချိန်အတော် ကြာမြင့်နေပြီ။ ဒါကြောင့် သူတို့နှစ်ယောက်လုံး ဒီအကြောင်းကို တွေးမိခဲ့ကြတယ်။

ဒီလိုနဲ့ ဆုဆု အပေါ်ထပ်သို့ တက်သွားတာကို မြင်လိုက်ရချိန်မှာ လင်းချွမ်ကလည်း ချက်ချင်းပဲ  အပေါ်ထပ်ကို လိုက်သွားခဲ့တယ်။

ထို့နောက် အပေါ်ထပ်သို့ရောက်တာနဲ့ သူ့ရဲ့ အဝတ်အစားတွေကိုချွတ်လိုက်ပြီး အိပ်ရာထဲကို တန်းဝင်ခဲ့ကာ သူ့ရဲ့ ဇနီးသည်ကို ပွေ့ဖက်လိုက်တယ်။

“ဇနီးလေး”

“ကျွန်မကိုမထိနဲ့.. အနံ့ဆိုးတွေထွက်နေတာ”

ဆုဆု လင်းချွမ်ကို  တွန်းထုတ်လိုက်တယ်။

“အနံ့လုံးဝမဆိုးပါဘူး..  နို့နံ့လေးက မွှေးတယ်”

သူမက သူ့ရဲ့ သားထက် အများကြီးပိုမွှေးတယ်။ ထိုကလေးကတော့ ရေတွေနေ့တိုင်းချိုးနေတာတောင် အနံ့အသက် သိပ်မကောင်းလာသေးဘူး။

“စကားမစပ် လင်းချွမ်.. ကျွန်မတို့ အနာဂတ်မှာ ကိုယ်ဝန်ရလာမှာကို တားဖို့ ဘယ်လို လုပ်သင့်တယ်လို့ထင်လဲ”

ဆုဆု ဒီအကြောင်းကို ခင်ပွန်းနဲ့ဇနီးသည်ကြားမှာ ဆွေးနွေးသင့်တယ်လို့ခံစားခဲ့ရတယ်။

“... “

လင်းချွမ်ရဲ့ အမူအရာက အနည်းငယ် အဆင်မပြေဖြစ်သွားပြီး ပြောလာတယ်။

“ဇနီးလေး ကိုယ်တို့ ဒီအကြောင်းကို အခု မပြောသေးလို့ရမလား”

“ဘာမှားနေလို့လဲ?”

လင်းချွမ်ရဲ့ အကြည့်က အောက်ဘက်ကို ရောက်သွားခဲ့တယ်။ ဆုဆု သူ့ရဲ့အကြည့်အတိုင်း လိုက်ကြည့်ခဲ့မိပြီး သူမရဲ့မျက်လုံးတွေကို လှိမ့်လိုက်မိတယ်။

“ကျွန်မက စကားတစ်ခွန်းပဲပြောရသေးတယ်.. ရှင်က စိတ်လှုပ်ရှားနေပြီလား”

“ သူက သူ့ရဲ့ဇနီးလေးကို မြင်လိုက်ရကတည်းက စိတ်လှုပ်ရှားနေတာလေ.. သူက တကယ်ကိုလေ့ကျင့်ခန်းလုပ်ချင်ပြီး အသားအရမ်းစားချင်နေခဲ့တာ .. ပြောရရင် သူက နှစ်တစ်ဝက်လောက်တောင် သက်သတ်လွတ်စားခဲ့ရတာကိုး”

“... “

ဒီ နံစော်နေတဲ့လူကတော့ တကယ်ကြီး ကားမောင်းနေတာပဲ။ သူ ဘယ်အချိန်ကတည်းက ဒရိုက်ဘာဟောင်းတစ်ယောက် ဖြစ်လာခဲ့တာလဲ။

လင်းချွမ်က ဇနီးသည်ရဲ့ အကြည့်ကိုမြင်တော့  ပြောလာတယ်။

“ဒါက  ပြသနာကြီးမဟုတ်ပါဘူး.. ကိုယ် သန္ဓေတားအကာအကွယ်ထုတ်လာခဲ့မယ်လေ..  စစ်တပ်က စစ်တပ်မိသားစုဝင်တွေအတွက် ထောက်ပံ့ပေးတယ်”

“အဲဒါ ကောင်းတယ်”

ဆုဆုက ကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ လင်းချွမ်ကတော့ မျက်မှောင်ကြုတ်လိုက်တယ်။

“ဘာဖြစ်တာလဲ?”

သူ့ရဲ့ပုံစံကဘာလို့ အကူအညီမဲ့သလိုဖြစ်နေရတာလဲ။

“ကိုယ်တစ်ခါတုန်းက  အဲဒါကိုသိချင်လို့ ထုတ်ယူပြီး ကြည့်ခဲ့သေးတယ်.. ဒါပေမယ့် သေးပြီးတော့ ပေါက်ပြဲလုနီးပါးပဲ”

“ဟမ်.. ရှင်က အဲဒါကို ဘာလို့ သိချင်တာလဲ”

အဆောင်ကို ယူသွားခဲ့တာလား?

“အနာဂတ်မှာ အသုံးဝင်လောက်မလားဆိုတာ သိချင်လို့လေ”

လင်းချွမ်က သူ့ရဲ့ ဇနီးသည်ရှေ့မှာ မလိမ်ခဲ့ဘူး။ ဒါပေမယ့် ဒါက အတော်လေး ရှက်စရာပဲ။

“ဒါဆို  သုံးဖို့မလွယ်ကူဘူးပေါ့..  ရှင်ဒုက္ခခံဖို့ လိုလိမ့်မယ်”

သူမ ကိုယ်ဝန်မဆောင်နိုင်တော့ဘူး။ ဒါက စိတ်ဓာတ်ကျစရာကောင်းလွန်းတယ်။

ဆုဆု သူ့ကိုကြည့်လိုက်ပြီး အသာမှီလိုက်တယ်။

“ကလေးက မိန်းကလေးမဟုတ်တာ ဝမ်းနည်းစရာပဲ.. ရှင့်ရဲ့ ညီလေးသုံးယောက်လုံးက မိန်းကလေးရဖို့ မျှော်လင့်နေကြတာ..  သားလေး မွေးလာတုန်းက လင်းဟိုင်ရဲ့ မျက်လုံးတွေကို မမြင်လိုက်ဘူးလား.. ဝမ်းနည်းပြီး ငိုတော့မလိုပဲ”

လင်းချွမ်က ဇနီးဖြစ်သူရဲ့စကားတွေက အလွန်တိကျကြောင်းခံစားရပြီး မရယ်ဘဲ မနေနိုင်ခဲ့ဘူး။

“သူ  သမီးလေးလိုချင်ရင် ကိုယ်တိုင်မွေးပါစေ.. ဘာလို့ ကိုယ်တို့ရဲ့သားကို မျက်စောင်းထိုးနေရတာလဲ”

“အခုက  မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ဦးစားပေးကြတယ် “

ဆုဆု ပေါ့ပေါ့ပါးပါးဆိုလိုက်တယ်။  အမြင် ကျဉ်းမြောင်းတာပဲဖြစ်ဖြစ် လူတိုင်းက သားကိုသာ ပထမဆုံးလိုချင်ကြတယ်။

သို့ပေမဲ့ ဒီဘက်အချိန်ကာလမှာ သားတွေကိုသာ အမှန်တကယ်သဘောကျပုံရတယ်။ ရွာမှာတုန်းကဆိုရင် မိသားစုအများစုက သမီးမိန်းကလေးမွေးရင် လည်ပင်းကိုညှစ်ပြီး သတ်ခဲ့ကြောင်း ကြားခဲ့ရတယ်။

အကြောင်းပြချက်ကတော့ သူတို့တွေက ကလေးတွေ အများကြီး ပြုစုပျိုးထောင်ဖို့ မတတ်နိုင်ကြဘူး။ ဒါက တကယ်ကို ရက်စက်ပေမဲ့ နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ဒီကိစ္စအပေါ် အရေးယူလာနိုင်လိမ့်မယ်။

သူတို့နှစ်ယောက် အချိန်ခဏလောက် အတူတွန်းလိုက်ဆွဲလိုက် လုပ်နေခဲ့ကြပြီး အောက်ထပ်ကို ချက်ပြုတ်စားသောက်ဖို့ ပြန်ဆင်းသွားခဲ့တယ်။ နေ့လည်တုန်းက ချက်ပြုတ်ခဲ့တဲ့ ဂျုံယာဂုတွေနှင့် ဟင်းလျာတွေတော့ ကျန်ရှိနေတုန်းပဲ။

ဆုဆုက အတော်လေး စားချင်နေတာကြောင့် ဟင်းသီးဟင်းရွက်ချဥ်အနည်းငယ်ကို တိတ်တဆိတ်ယူစားခဲ့ပေမဲ့ အလွန်အကြွံတော့မစားခဲ့ဘူး။ အမေလင်းကလည်း သူမကို မတားဆီးလာတော့ဘူး။ သူမအတွက် အရသာပေါ့တဲ့ အသားအနည်းငယ်ကိုတောင် ယူထည့်ပေးခဲ့တယ်။

သူမသည်လည်း အမျိုးသမီးတွေက မီးတွင်းမှာ အစားအသောက်အတွက် အတော်လေး ဒုက္ခခံရတယ်ဆိုတာကို သိနေခဲ့တယ်။ အထူးသဖြင့် မိသားစုက ချို့တဲ့နေခဲ့ရင် ပိုပြီး ဒုက္ခခံရလေ့ရှိတယ်။

အခုချိန်မှာ ဘတွေက အများကြီးပိုကောင်းလာပြီး စားစရာတွေလည်း အများကြီးရှိတယ်လေ။  ဒါကြောင့် ချွေးမဖြစ်သူကို ပိုပြီး ကောင်းကောင်းစားစေချင်ခဲ့တယ်။

ကြည့်ရတာ မနက်ဖြန်ကျရင် သူမစားဖို့အတွက် ကြက်သားအနည်းငယ်လောက် ချက်ပြုတ်ရတဲ့ပုံရတယ်။မဟုတ်ရင် သူမက ငိုကြွေးနေလိမ့်မယ်။

သို့ပေမဲ့ ဒီငယ်ရွယ်တဲ့စုံတွဲငယ်လေးက အတော်လေး ကောင်းမွန်နေကြတာကြောင့် သူမ အတော်လေး စိတ်သက်သာရာရသွားခဲ့တယ်။ ဒါကရန်ဖြစ်နေတာထက်တော့ အများကြီး ပိုကောင်းလွန်းတယ်လေ။

ဒီနေ့မှာတော့ သူတို့ရဲ့သားနှစ်ယောက်က အိမ်မှာရှိနေတာကြောင့် အမေလင်းက ကောင်းမွန်စွာချက်ပြုတ်ခဲ့တယ်။

“ငါ ဒီနေ့ ကလေးကိုခေါ်ပြီး လင်းဟိုင်နှင့် တစ်ခန်းတည်းမှာ နေလိုက်မယ်.. မင်းတို့ ဒီနေ့စောစောအိပ်ရာဝင်သင့်တယ် “

“ရတယ်  အမေ..  ကျွန်မနေ့လည်တုန်းက အကြာကြီး အိပ်ထားတာ.. ဒီည ကျွန်မနှင့် လင်းချွမ်တို့ ဂရုစိုက်လိုက်မယ်..   အမေ အပေါ်မှာ တက်ပြီး ကောင်းကောင်းအိပ်လိုက်လေ”

ဘာပဲဖြစ်ဖြစ် ဒီနေ့ လင်းချွမ်လည်းရှိနေတာကြောင့် သူမ ကောင်းကောင်းအိပ်နိုင်တယ်။

အထူးသဖြင့် ကလေးတစ်ယောက်ကို ပြုစုရတာက ဘယ်လိုနေလဲဆိုတာ သူ့ကို သိစေရမယ်။

လင်းချွမ်ကလည်း သဘောတူလိုက်တယ်။ သူ့အတွက်တော့ သူ့ဇနီးသည်နှင့် အတူ တစ်ခန်းထဲရှိနေရရင် အဆင်ပြေတယ်။

အမေလင်းက သားဖြစ်သူရဲ့မျက်လုံးထဲမှ အကြည့်တွေကို မမြင်နိုင်ဘဲမနေဘူး။ သူမက ညစာစားပြီးတဲ့နောက်မှာ သူ့ကို ဘာကလုပ်သင့်တယိ၊ ဘာက မလုပ်သင့်ဘူးဆိုတာကို သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါကြောင့် ညနေပိုင်းမှာတော့ အမေလင်းက သားဖြစ်သူကို ခေါ်ပြီး ပြောခဲ့တယ်။

“ချွမ်ဇီ.. အမျိုးသမီးတွေ မီးတွင်းအချိန်မှာ အမျိုးသားတွေနဲ့ တစ်ခန်းထဲအတူနေလို့ မရဘူးဆိုတာ သိလား.. မဟုတ်ရင် သူမ နေမကောင်းဖြစ်လိမ့်မယ်.. မင်ရဲ့ကိုယ်ပိုင်သာယာမှုအတွက် မင်းရဲ့ချွေ့မကိုသေသွားအောင်မလုပ်နဲ့.. ဆုဆုက ငယ်လွန်းသေးတယ် သူမက ဘာမှ သိမှာမဟုတ်ဘူး.. မင်း သိပ်ပြီး ဆိုးသွန်းမနေနဲ့”

“ကျွန်တော် သိပါတယ်.. အမေ ကျွန်တော် နားလည်ပါတယ်”

  သူ့ကိုသားရဲတစ်ကောင်လို ဆက်ဆံပြီး ညွှန်ကြားနေဖို့ မလိုအပ်ပါဘူး။

သူ တကယ်လိုချင်နေတယ်ဆိုပေမဲ့  သူ့ဇနီးသည်ရဲ့ ခန္ဓာကိုယ်အခြေအနေကိုလျစ်လျူရှုလို့မရဘူး။ ထို့အပြင် လိုအပ်တဲ့ပစ္စည်းတွေလည်းမရှိသေးဘူး။

**

All Chapters