အခန်း (၁၄၆)
Vol. 15 Ch. 146
လင်းဟိုင် ညဘက်မှာ ဆေးတွေနဲ့ ပြန်လာခဲ့ပြီး သူ့အမေရဲ့ ပါးစပ်ကိုကြည့်ကာ တိုက်ရိုက်ပဲ မေးလာခဲ့တယ်။
“အမေ အိမ်ကို လွမ်းနေတာလား”
“စဉ်းစားစရာနည်းနည်းလောက် ရှိနေရုံပါပဲ”
“ကျွန်တော့်ညီလေးတွေက အိမ်မှာ ချက်ပြုတ်တာတွေမလုပ်နိုင်ဘူး.. ကျွန်တော့်အဖေက တခြားအလုပ်တွေအကုန် လုပ်နိုင်ပေမယ့်ချက်ပြုတ်တာကတော့ တကယ်ကိုမကောင်းဘူး “
“မင်းရဲ့ပါးစပ်ကို မပိတ်နိုင်သေးဘူးလား”
အမေလင်းက လင်းဟိုင်ကို စိုက်ကြည့်လိုက်တော့ လင်းဟိုင်တစ်ယောက် သဘောပေါက်သွားခဲ့ရပြီး သူ့ရဲ့ မရီးဖြစ်သူကို လှမ်းကြည့်ကာ ရယ်ပြလိုက်တယ်။
“မရီး.. စိတ်မပူပါနဲ့.. အမေက သူမရဲ့ အကြီးဆုံးမြေးကိုထားပြီး ပြန်မသွားချင်သေးဘူး”
ဆုဆု ရယ်မောလိုက်တယ်။
“အမေ.. အမေ ဒီနေရာမှာ အကြာကြီး မနေနိုင်ဘူ့ဆိုတာ ကျွန်မသိပါတယ်.. ကျွန်မတို့လည်း ကလေးထိန်းတစ်ယောက်ရှာထားတယ်လေ.. ပြောရရင် ကျွန်မက ကလေး တစ်လပြည့်ရင် ကျောင်းကို ပြန်သွားဖို့ လုပ်ထားတာပဲ..
တကယ်လို့ ကျွမ်မသာ အချိန်အကြာကြီး ခွင့်ယူထားခဲ့ရင် ရှုပ်ထွေးသွားမှာကို ကြောက်ရတယ်.. ကောင်းပြီ ကံကောင်းလို့ ကြားထဲမှာ နားချိန်ရှိသေးတော့ ပြန်လာကြည့်လို့ ရလိမ့်မယ်”
“ဘာလဲ? မကြာခင် အလုပ်ပြန်သွားတော့မှာလား? ကလေးကို တခြားလူတွေနှင့် ချန်ထားခဲ့လို့ အဆင်ပြေပါ့မလား”
အမေလင်းက တကယ်ကိုစိတ်ပူနေခဲ့တယ်။
“တကယ်လို့ နို့ဆာလာရင်ရော ဘယ်လိုလုပ်မလဲ.. ငါ အိမ်မှာ နေပြီး သူ့ကို ဂရုစိုက်လိုက်မယ်လေ.. မင်းတို့ အလုပ်ကို အေးအေးဆေးဆေးလုပ်လို့ရတာပေါ့”
“အဆင်ပြေပါတယ်.. အဲဒီ ကလေးထိန်းက ပိုင်လင်းလင်းရှာပေးခဲ့တာလေ.. သူမက သူနာပြုဟောင်းတစ်ယောက်ပဲ.. ပိုင်လင်းလင်းက သူမကို ကောင်းကောင်းသိတယ်”
“သူမက ငါ့ရဲ့အကြီးဆုံးမြေးကိုဂရုစိုက်နိုင်ပါ့မလား “
“သေချာတာပေါ့.. ပြသနာရှိဘူး.. သူမက အရင်တုန်းက သူနာပြုတစ်ယောက်ဖြစ်ခဲ့ဖူးတာဆိုတော့ ပိုပြီးနားလည်နိုင်တယ်”
ကလေးထိန်းက သူနာပြုတစ်ဦး အနေဖြင့် အလုပ်လုပ်ခဲ့ဖူးကြောင်း ကြားလိုက်ရတော့ အမေလင်းတစ်ယောက် စိတ်သက်သာရာရသွားခဲ့တယ်။
ဒါပေမယ့် သူမက သူမရဲ့အကြီးဆုံးသားကို ခွဲခွာသွားရဖို့ကို တွန့်ဆုတ်နေခဲ့ပြန်တယ်။
သူမက ဒီကလေးမွေးပြီးကတည်းကသူ့ကိုပွေ့ဖက်ပြီး အတူရှိလာခဲ့တာလေ။ ဒါကြောင့်သူ့ကို ဘယ်လိုလုပ်ပြီး ခွဲခွာနိုင်မှာလဲ။
ဒါပေမဲ့ သူမရဲ့ မိသားစုက တကယ်ပဲ ပြန်သွားဖို့ လိုနေခဲ့တယ်။ မဟုတ်ရင် ထို ယောကျ်ားသားသုံးယောက်က ငတ်ပြီး သေသွားနိုင်လိမ့်မယ်။
“အဲလိုလား.. ဒါဆို အဲဒီတစ်ယောက်ကို တစ်ရက်ရက်လာခဲ့လိုက်လေ.. သူ မရဲ့အခြေအနေက အဆင်ပြေရင် ငါလည်း စိတ်အေးအေးနဲ့ အိမ်ကို ပြန်သွားနိုင်တာပေါ့”
အဆုံးမှာတော့ သူမလည်း ကလေး နို့ပြတ်တဲ့အထိ ထိန်းကျောင်းပေးနေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တစ်ယောက်ယောက်က ကလေးကို သေသချာချာဂရုစိုက်ပေးမယ်ဆိုရင် ခွင့်ပြုပေးသင့်တယ်။
ဆုဆု သဘောတူလိုက်တယ်။
“ဒါဆို ပိုင်လင်းလင်းကို တနင်္ဂနွေနေ့ လောက်ကို ခေါ်လာခိုင်းဖို့ ပြောလိုက်မယ်လေ”
ကလေးတွေကို ကြည့်နေရင်း အချိန်တွေက အကုန်မြန်လွန်းတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ တနင်္ဂနွေနေ့ကိုရောက်ရှိလာခဲ့ပြီ။
ပိုင်လင်းလင်းက ဒီရက်ပိုင်းအတွင်းမှာ အလွန်ပင်ပန်းနေပြီဖြစ်ပေမဲ့ သူမက ဆုဆုရဲ့ ကလေးကို အလွန်ချစ်နေခဲ့တာကြောင့် သူမ ဘယ်လောက်ပဲ ပင်ပင်ပန်းနေပါစေ ကလေးကို လာတွေ့ချင်နေသေးတယ်။
သူတို့နှစ်ယောက် အခန်းထဲမှာ စကားပြောနေကြချိန်မှာ အမေလင်းက အပြင်ကိုထွက်ပြီး အဝတ်သွားလျှော်နေခဲ့တယ်။
ကလေးတွေရဲ့ အဝတ်အစားတွေဆိုတာက သန့်ရှင်းနေဖို့အတွက် အလွန်အရေးကြီးတယ်။ ထိုအဝတ်အစားတွေကို တစ်နေ့စာတစ်နေ့ လျှော်ဖွတ်ဖို့လိုအပ်တယ်။ တခါတလေမှာ တစ်ညတည်းမှာ အဝတ်အစားတွေအများကြီး ရှိနေတတ်တယ်လေ။
ဆုဆုက ဒီအခွင့်အရေးကိုယူပြီး သူမယောက္ခမရဲ့အတွေးတွေကို ပြောပြခဲ့တယ်။
ပိုင်လင်းလင်း:” ကောင်းပြီ ငါ သူမကို ခေါ်လာခဲ့လိုက်မယ်”
“ဒါဆို ငါ နင့်ကို ဒုက္ခပေးရတော့မယ်.. နင်လည်း မအားတဲ့ကြားက ပြေးလွှားနေရတာပဲ”
“ကိစ္စမရှိဘူး.. ငါလည်းကလေးကို တွေ့ချင်တာပဲလေ”
ကလေးက သူမကို ဒီနေ့ မျက်နှာသာမပေးတာကတော့ စိတ်မကောင်းစရာပဲ။ သူက အိပ်ပျော်နေခဲ့လေတယ်။
“ဒါပေမဲ့ ချန်ယွဲ့ကျင်းက သူတို့ရဲ့ အိမ်က ဝေးလွန်းလို့ သူ့ရဲ့မိဘတွေကမလာနိုင်ဘူးလို့ ပြောခဲ့တယ်.. နင်ပြောကြည့်ပါဦး.. သူတို့က ဘာလို့ မင်္ဂလာပွဲအချိန်မှာတောင် မလာနိုင်ကြတာလဲ”
ပိုင်လင်းလင်းက ညည်းညူပြီးပြောလာတယ်။
“သူတို့မိသားစုကို အပြစ်မတင်ပါနဲ့ တကယ်တော့ သူ့အဖေက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ခြေထောက်ကျိုးနေပြီးတော့ အိပ်ယာထဲမှာလဲနေခဲ့တာတဲ့.. သူ့ရဲ့အမေက သူ့အဖေကို ပြုစုပေးနေခဲ့ရတယ်လေ.. ဒါကြောင့် သူတို့မိသားစုမလာနိုင်တာက အခြေအနေက လာဖို့အတွက် အဆင်မပြေနိုင်လို့ပါ”
ဒါပေမယ့် သူ့ရဲ့ ဂုဏ်သိက္ခာကိုလေးစားလွန်းတဲ့ ချန်ယွဲ့ကျင်းလို အမျိုးသားက ဘာမှ မပြောခဲ့လောက်ဘူး။
ပိုင်လင်းလင်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်။
“သူက ဘာမှမပြောခဲ့ဘူး.. သူ့အဖေနေမကောင်းလို့ ခရီးဝေးကိုမလာနိုင်ဘူစးလိုပဲ ပြောခဲ့တာ”
“သူက နင့်လိုမိန်းကလေးကိုရှာတွေ့ခဲ့တာကံကောင်းတာပဲ”
ပိုင်လင်းလင်းက ရယ်မောလာတယ်။
“နင့်ရဲ့ လင်းချွမ်ကရော အတူတူပဲ မဟုတ်ဘူးလား.. သူတို့ရဲ့ အခြေအနေတွေကလည်း သိပ်မကောင်းဘူးဆိုတာ ငါမြင်နိုင်တယ်.. ငါတို့နှစ်ယောက်က သူတို့နဲ့ တွေ့ခဲ့ရတာ ကံဆိုးတာပဲ.. ဒါပေမယ့် သူတို့တွေက အတော်လေး နာခံကြတယ်”
“သူက နင့်ရဲ့စကားကိုနားထောင်တယ်ဆိုပြီး အဲဒီပုံစံအတိုင်းပဲလို့ မထင်လိုက်နဲ့.. စစ်တပ်ထဲက အမျိုးသားတွေက တကယ်ကို ခေါင်းမာကြတယ်.. သူတို့ရဲ့ ဂုဏ်သိက္ခာကို အရမ်းကို အလေးထားလွန်းတယ်..
သူတို့ကတခြားသူတွေဆီကနေ အပြောခံရမှာမှာကို အကြောက်ဆုံးပဲ.. ဒါနဲ့ သူက နင့်ကို ဘာတွေလုပ်နေလဲဆိုတာကို လုံးဝမမေးဘူးမလား”
“ဟုတ်တယ်.. နင်ပြောတာက အမှန်ပဲ.. သူက အဲဒီအကြောင်းကို လုံးဝ နားမထောင်ဘူးလေ.. ဒါပေမယ့် ခေါင်းမာတာကတော့ တကယ့်ကို ခေါင်းမာကြတာပဲ”
ဆုဆု ရယ်မောပြီး တီးတိုးပြောလိုက်တယာ။
“ဒါက တကယ်ကို ဆိုးဆိုးဝါးဝါးကို နာကျင်စေတယ်”
“ငါ တစ်ခါတစ်လေ ဆိုးဆိုးရွားရွား ခံစားရတယ်.. နင် သူ ဘယ်လို ပွေ့ဖက်တာလဲဆိုတာကိုမမြင်လို့.. သူက ပွေ့ဖက်တာကို လူသတ်သလိုမျိုး လုပ်နေတာ .. ဒါအကြောင်းကို ပြောတောင် မပြောချင်ဘူး”
“ပွေ့ဖက်တာ? သူက နင့်ကို ပွေ့ဖက်ခဲ့တာလား?”
“အင်း.. ငါ အိမ်အသစ်က အခန်းကိုသန့်ရှင်းရေးလုပ်နေတုန်းမှာ သူက နတ်ဆိုးလေလိုမျိုး ဘယ်နေရာကမှန်းမသိ ရုတ်တရက်ရောက်လာပြီး ငါ့ရဲ့ ခါးကို လာဖက်တာလေ.. ငါတော့ ခါးတောင် ကျိုးသွားတော့မလားလို့ ထင်လိုက်မိတယ်”
ပိုင်လင်းလင်းက ရှက်ရွံ့စွာပြောလာတယ်။
“အိုး.. ဒါကပွေ့ဖက်ရုံပဲလား.. ငါက နင်တို့တွေ လုပ်ခဲ့တယ်လို့ ထင်လိုက်မိတာ”
ဆုဆုရဲ့ စကားဆုံးတာနဲ့ ပိုင်လင်းလင်းက သူမကို ထုရိုက်တော့တယ်။
“နင် ဘာတွေပြောနေတာလဲ.. ငါတို့က လက်တောင် မထပ်သေးဘူး”
“အိုး.. လက်ထပ်ပြီးသွားရင် အဆင်ပြေတယ်ပေါ့”
“သွားစမ်းပါ”
ဆုဆု သူမရဲ့ရှက်ရွံ့နေတဲ့ မျက်နှာကိုကြည့်ရင်း ရယ်မောလိုက်တယ်။ ဒီဘက်ခေတ်က လူတွေက တကယ်ကို ရိုးရှင်းလွန်းပြီး ရယ်မောချင်စရာကောင်းလွန်းတယ်။ သို့ပေမဲ့ သူမက လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးမဟုတ်တော့တဲ့အတွက် ညစ်ပတ်တဲ့စကားတွေကို ပြောတာက အဆင်ပြေတယ်။ ပိုင်လင်းလင်းရဲ့ မျက်နှာက အလွန်အမင်း ပါးလွှာလွန်းနေမှာကိုပဲ ကြောက်လန့်ရလိမ့်မယ်။
သူတို့နှစ်ယောက်က ခဏလောက်စကားပြောခဲ့ကြပြီး ပိုင်လင်းလင်းက ကလေးထိန်းကို ဒီကိုလာဖို့ အဆင်ပြေမလား မေးဖို့ထွက်ခွာသွားခဲ့တယ်။
ဆုဆု အနေနဲ့ အန်တီယဲ့က ဒီနေ့မွန်းလွဲပိုင်းမှာပဲ ရောက်လာလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။ သူမက အတော်လေးငယ်ရွယ်နေသေးပြီး သူမရဲ့ခြေထောက်တစ်ဖက်ကတော့ အနည်းငယ်မသန်ဖြစ်နေခဲ့တယ်။ သူမရဲ့အသွင်အပြင်က ပျှမ်းမျှလောက်သာ ရှိပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးက လေးနက်မှုတွေနှင့်ပြည့်နှက်နေခဲ့တယ်။
အိမ်ကို ရောက်ရှိလာပြီးတာနဲ့ အန်တီယဲ့က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့ပြီး ပြောလာခဲ့တယ်။
“ကျွန်မမှာ သားနှစ်ယောက်ရှိပါတယ်.. တစ်ယောက်က ကျွန်မရဲ့ ကိုယ်ပိုင်ကလေးဖြစ်ပြီး တခြားတစ်ယောက်က ကျွန်မအစ်ကိုရဲ့ ကလေးလေ.. အခုတော့ သူတို့နှစ်ယောက်လုံး ကောလိပ်ကိုရောက်နေကြပြီး ကောလိပ်ဝန်းထဲမှာပဲ နေကြတယ်..
ကျွန်မရဲ့အမျိုးသားကတော့ ဌာနတစ်ခုမှာ အလုပ်ဝင်နေပါတယ်.. သူက တနင်္ဂနွေနေ့တစ်ရက် ပြန်လာတတ်တော့ ကျွန်မ အဲဒီနေ့ကို ပြန်သွားချင်တာ.. အဲဒီနေ့မှာတော့ ကလေးကို ကိုယ်တိုင်ဂရုစိုက်လို့ရမလား.. နောက်ပြီး ကျွန်မက ဘာမှလုပ်စရာမရှိတဲ့အတွက် ဒီမှာ အချိန်အကြာကြီးနေလို့ရပါတယ်.. ဒီမှာ နေဖို့အတွက် ပြသနာမရှိပါဘူး”
“ကလေးနှစ်ယောက်စလုံး ကောလိပ်တက်နေကြပြီလား.. အန်တီယဲ့က အံ့သြစရာပဲ”
ဆုဆုအနေနဲ့ ထိုကဲ့သို့သော ဇွဲရှိတတ်တဲ့အမျိုးသမီးတွေကို အမြဲတမ်းလေးစားလေ့ရှိပြီး အမေလင်းဆီကိုကြည့်လိုက်တယ်။
အမေလင်းကလည်း စာတတ်မြောက်တဲ့လူတွေကို အလွန်ကြိုက်နှစ်သက်တယ်။ သူမက အန်တီယဲ့က ကလေးနှစ်ယောက်လုံးကို ဂရုစိုက်ပြီး ကလေးတွေက ကောလိပ်တက်နေပြီဖြစ်ကြောင်း ကြားလိုက်ရချိန်မှာ အလွန်စိတ်ကျေနပ်မှုရခဲ့တယ်။ ဒါကြောင့် တစ်ဖက်လူအာရုံမစိုက်ချိန်မှာ ဆုဆုဆီကို ခေါင်းညိတ်ပြခဲ့တယ်။
ဆုဆု ချက်ချင်းပဲ ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ.. တနင်္ဂနွေနေ့တွေကကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်း လည်း အိမ်မှာရှိတတ်လို့ ကလေးကိုဂရုစိုက်ဖို့အချိန်ရှိတယ်.. ကျွန်မရဲ့ ယောက္ခမက နှစ်ရက်အတွင်း ပြန်သွားတော့မှာဆိုတော့ အဲဒီအချိန် အိမ်ကိုလာနိုင်မလား..
ဒီမှာပထမထပ်မှာမှာ ခန်တစ်ခု ဆောက်ထားတယ်.. ကလေးကဆောင်းရာသီမှာ အေးနေမှာစိုးလို့ ခန်ပေါ်မှာပဲ ထားလို့ရတယ်”
“ကောင်းပါပြီ.. ပြသနာမရှိပါဘူး “
“ဒါဆို တခြားဘာမှမရှိဘူး.. ကျေးဇူးပြုပြီး အချိန်ကျလာရင်သာ လာခဲ့ပေးပါ”
ဆုဆုက အလွန်စကားပြောကောင်းသူဖြစ်ပြီး အန်တီယဲ့က သူမရဲ့ အမူအကျင့်တွေကိုအပေါ် အလွန်အမင်း သဘောကျနေခဲ့တယ်။ သူမကလည်း ပညာတတ်တွေကိုအလွန် သဘောကျနှစ်သက်တယ်။
ဒီနည်းအားဖြင့် နှစ်ဖက်စလုံးက စိတ်ကျေနပ်စွာနဲ့ သဘောတူညီမှုတစ်ခုရရှိခဲ့တယ်။ ထို့နောက်မှာတော့ အမေလင်းက ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ ထွက်သွားခဲ့တယ်။
မကြာသေးမီတုန်းက သူမက အနားမှာရှိတဲ့ ဟင်းသီးဟင်းရွက်စျေးနဲ့ အလွန်ရင်းနှီးကျွမ်းဝင်ခဲ့ပေမဲ့ သတိထားနေတုန်းပဲဖြစ်ပြီး တခြားသူတွေ မဝယ်ပဲ ကျန်တဲ့အသီးအရွက်တွေကို သွားဝယ်တတ်တယ်။
ဘာပဲဖြစ်ဖြစ် ဆုဆုကလည်း မစားဘူးလေ။ သူမနဲ့ ညဘက် ပြန်လာတတ်တဲ့လင်းဟိုင်ကသာ ဒါတွေကို စားမှာပဲ။
ဆုဆုက အကြိမ်အနည်းငယ်လောက်ပြောခဲ့ပေမဲ့ သူမက နားမထောင်ခဲ့ဘူး။ ကံကောင်းထောက်မစွာနဲ့ ဟင်းသီးဟင်းရွက်တွေက ဆိုးရွားနေခြင်းမရှိသလို လင်းဟိုင်ကလည်း အစားအသောက်ကို ဂျီးမများခဲ့ဘူး။
သူ့ရဲ့ ထင်မြင်ချက်အရ ဒီဟင်းတွေက ကောင်းမွန်ပြီး သူ ပထမစက်ရုံထဲမှာ စားခဲ့ရတာထက်တော့ ပိုကောင်းသေးတယ်။
စက်ရုံမှာဆိုရင် ဆန်ပြုတ်အိုးကြီးတစ်အိုးနဲ့ ဟင်းပွဲတစ်ပွဲကိုသာ ချက်လေ့ရှိပြီး တစ်ခါတလေ ဗိုက်ဆာနေတဲ့အချိန်မှာဆိုရင် စားသောက်ပြီးတာတောင် ဗိုက်မပြည့်သလိုပဲ။
ကံကောင်းထောက်မစွာနှင့် ဆုဆုက သူ့ကို ဘန်းမုန့်တွေ ပေးခဲ့သေးတယ်။
အခုချိန်မှာတော့ သူ့ရဲ့အရေပြားက အတော်လေးထူနေခဲ့ပြီ။ သူ့မှာ မရှိတော့ဘူးဆိုရင် သူက ဆုဆုဆီမှာ မေးလိမ့်မယ်။
သို့ပေမဲ့ ဒီနေ့မှာတော့ သူက အတော်လေး ကောင်းမွန်တဲ့ အရာတွေကို ယူလာခဲ့တယ်။ ဒါက အမျိုးသမီး လစဥ်သုံးပစ္စည်းမှ ပိုလျှံတဲ့အရာတွေနဲ့ ပြုလုပ်ထားတဲ့ ကလေးဒိုက်ဘာတွေပဲ။ စုစုပေါင်းတစ်ဒါဇင်လောက် လုပ်ယူလာခဲ့ပြီး ဒါက အဆင်ပြေလောက်မလားဆိုတာ ဆုဆုကို လာမေးခဲ့တာပဲ။
ဆုဆု အံ့အားသင့်ကြောင်အမ်းသွားခဲ့တယ်။ သူမအနေနဲ့ လင်းဟိုင်က ခေတ်မှီအဆင့်ဒိုက်ဘာတွေကို ထုတ်လုပ်နိုင်ခဲ့လိမ့်မယ်လို့မထင်ခဲ့မိဘူး။ အရင်တုန်းက ဒိုက်ဘာတွေက အလွန်နောက်ကျပြီးမှ ပေါ်ထွက်လာခဲ့တာမလား။
**