← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

ဆုဆု ဒိုက်ဘာအထုတ်ကိုကြည့်ပြီး လင်းဟိုင်ကို ပြောခဲ့တယ်။

“ဒါကို ငါတို့စက်ရုံမှာ တကယ်ထုတ်လုပ်နိုင်လောက်တယ်..ဒါနဲ့ဆိုရင် စောင်တွေနှင့် အိပ်ယာခင်းတွေကိုလည်း တစ်ချိန်လုံးလျှော်ဖွတ်နေစရာမလိုတော့ဘူး”

သူမ ဆက်ပြောလိုက်တယ်။

“ဒါကို  ဘောင်းဘီသေးသေးလေးတစ်ခုလိုမျိုး လုပ်ဖို့နည်းလမ်းတစ်ခုကို စဉ်းစားကြည့်ပါလား.. အလယ်ကိုတော့ သိပ်ပြီး ထူလို့မရဘူး.. ကလေးတွေက ဒါကို ပုံမှန်ဘောင်းဘီအနေနဲ့ ဝတ်လို့ရအောင် လုပ်မယ်ဆိုရင်  အဆင်ပြေလိမ့်မယ်”

“မရီး  .. မရီး..ဒါကို  ဘယ်လိုတွေးလိုက်မိတာလဲ.. ဒီနည်းလမ်းကတကယ်ကောင်းလွန်းတယ်.. ကျွန်တော် ဒါကိုလေ့လာပြီး အမြန်ဆုံး ရနိုင်အောင် လုပ်လိုက်မယ်”

လင်းဟိုင်က အလွန်ပျော်ရွှင်နေခဲ့တယ်။ သူက ပစ္စည်းအသစ်အဆန်းတွေကို သုတေသနပြုလုပ်ရတာကိုအလွန်သဘောကျပြီး သူ ပြုလုပ်ခဲ့တဲ့  သုတေသနတိုင်း အောင်မြင်မှုတွေရရှိလာတဲ့အပေါ်မှာ အလွန်အမင်း ပျော်ရွှင်လေ့ရှိတယ်။

“ဒီပစ္စည်းတွေက အခုကာလမှာ ရောင်းလို့ရပါ့မလားဆိုတာတော့ ငါမသိဘူး..  ဒါပေမယ့် အနာဂတ်မှာတော့ ဒီနယ်ပယ်က ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်.. ကလေးအမေတွေက ဒါကို အများကြီး သဘောကျလာလိမ့်မယ်”

  သူမလည်း ဒါကို တကယ်ကြိုက်တယ်။ ဒါပေမယ့် ခုချိန်ထိ မရနိုင်သေးလို့သာ သည်းခံနေခဲ့တာ။

လင်းဟိုင်ကတော့ ထိုစကားတွေကိုကြားလိုက်ရတဲ့အချိန်မှာ အိမ်မှာဆက်ပြီး မနေနိုင်တော့ဘူး။ သူက ညဘက် အိမ်မှာ မအိပ်နိုင်တော့ဘဲ  စက်ရုံမှာ အလုပ်လုပ်ဖို့ ပြန်သွားခဲ့တယ်။

အမေလင်းက ပြုံးပြီးပြောလာတယ်။

  “ဒီကလေးက စိတ်မြန်လွန်းတယ် “

“အမေ.. အနာဂတ်မှာ လင်းဟိုင်က အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာမယ်လို့ ကျွန်မထင်တယ်..  သူသာ ဒီပစ္စည်းကို တကယ်ပဲသုတေသနပြုမယ်ဆိုရင် မူပိုင်ခွင့်လျှောက်ထားနိုင်တယ်.. ဒါဆို  သူပိုက်ဆံတွေ အများကြီးရလာလိမ့်မယ်”

အချိန်တွေကြာလာတာနဲ့အမျှ ထိုဒိုက်ဘာစက်ရုံက တိုးတက်လာမှဖြစ်ပြီး လူပေါင်းသောင်းနဲ့ချီတဲ့အလုပ်သမားများအတွက် အလုပ်အကိုင်ထောက်ပံ့လာနိုင်လိမ့်မယ်။ 

အခုအချိန်မှာ သူမက မီးတွင်းကာလဖြစ်နေတာ စိတ်ပျက်စရာပဲ။ မဟုတ်ရင် သူမလည်း သူနဲ့အတူ သွားပြီး   လေ့လာနိုင်တယ်။

ဒါသာ အောင်မြင်သွားခဲ့ရင် စက်ရုံကလည်း နောက်ထပ်ထုတ်ကုန်သစ်တစ်ခုထပ်ထည့်နိုင်လိမ့်မယ်။ ထုတ်လုပ်ရေးလိုင်းက တခြားသော ပစ္စည်းကို ထပ်တိုးနိုင်လိမ့်မယ်။

အမေလင်းက ဆုဆုရဲ့ စကားကိုကြားတော့ ပျော်ရွှင်သွားခဲ့တယ်။ သူမသည်လည်း သူမရဲ့ဒုတိယသားက စာအုပ်ကြီးတစ်အုပ်လောက်ကိုတောင် မဖတ်ခဲ့ရပေမဲ့  အတော်လေးအသုံးကျတယ်လို့ ခံစားမိတယ်။ သူက အနာဂတ်မှာ ပိုက်ဆံတွေ အများကြီး ရှာနိုင်တော့မှာဖြစ်ပြီး သူမ စိတ်ပူနေစရာမလိုအပ်တော့ဘူး။

မူလတုန်းက အမေလင်းက လင်းဟိုင်အတွက် သတို့သမီးတစ်ယောာက် ရှာဖို့ ပိုက်ဆံမရှိမှာကို စိတ်ပူခဲ့ရတယ်. အခုတော့ ရွာမှာ သူ့ကို လက်ထပ်ချင်တဲ့ မိန်းကလေးတွေ များပြားလွန်းနေမှာကိုပဲ တွေးတောစိတ်ပူသင့်နေပြီ။ ဒီမှာရှိနေတဲ့သတင်းတွေက တချို့လူတွေဆီကနေ ပျံ့နှံ့သွားမှာ သေချာပေါက်ပဲ။

သို့ပေမဲ့ လင်းဟိုင်က အိမ်ကိုပြန်ပြီးတစ်ယောက်ယောက်ကိုကြည့်ဖို့ စိတ်ဝင်စားပါ့မလားဆိုတာကိုတော့ မသိနိုင်ဘူး။

သူမ တစ်နေ့နေ့မှာမေးကြည့်ရမယ်။

လက်ရှိမှာတော့ ကလေးထိန်းက ရောက်လာတော့မှာဖြစ်လို့ အမေလင်းက တနင်္ဂနွေနေ့မှာ အိမ်ကိုပြန်ဖို့ စီစဥ်တော့တယ်။ သူမအနေနဲ့ သူမရဲ့မိသားစုကိုအလွန်အမင်းလွမ်းနေပြီဖြစ်လို့ လင်းဟိုင်ရဲ့အခြေအနေကိုတောင် မစစ်ဆေးနိုင်တော့ဘူး။

ဒါကြောင့် လင်းချွမ်က တနင်္ဂနွေနေ့ ပြန်လာတဲ့အချိန်မှာ သူမအတွက် မွန်းလွဲပိုင်းရထားလက်မှတ်ကို ဝယ်ပေးခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ဆုဆုက သူ့ကို အမေလင်းပြန်ရင်ထည့်ပေးဖို့အတွက် အိမ်ပြန်လက်ဆောင်တစ်ခုခု ဝယ်ပေးဖို့တောင်းဆိုခဲ့တယ်။

သို့ပေမဲ့လည်း  အမေလင်းကလည်း ဆန်ကလွဲပြီး တခြားဟာတွေတွေကို မဝယ်ခိုင်းခဲ့ဘူး။ ဒီလိုဆိုရင်တောင်ဆုဆုက အများကြီးဝယ်ဖို့ ပြောခဲ့တာကြောင့် လင်းချွမ်က အမေလင်းကို ကားနဲ့ လိုက်ပို့ပေးခဲ့ရတယ်။

အမေလင်းက ထွက်ခွာသွားရတော့မဲ့အချိန်မှာ သူမရဲ့အကြီးဆုံးမြေးလေးနဲ့ ခွဲခွာဖို့ တွန့်ဆုတ်နေခဲ့ပြီး နောက်ဆုံး ထွက်သွားတဲ့အချိန်မှာလည်းငိုခဲ့လေတယ်။ နောက်ဆုံး သူမကို ချော့မော့ပြီးနောက် ဆုဆုက ပစ္စည်းတွေကို သိမ်းဆည်းပေးခဲ့ပေမဲ့ အပြင်ကိုတော့ လိုက်မပို့နိုင်ခဲ့ဘူး။

ရိုးရိုးသားသားပြောရရင် ဆုဆုက အမေလင်းကို အလွန်ကိုကျေးဇူးတင်နေခဲ့တယ်။  ကလေးတွေကိုဂရုစိုက်ဖို့အတွက် အဝေးကြီးကိုလာရတာက မလွယ်လှဘူး။ အဆုံးမှာ အမေလင်းက ဒီလောက်အသက်အရွယ်ကြီးလာတဲ့အထိ  အခုလို ဝေးဝေးလံလံသွားခဲ့ဖူးတာမဟုတ်ဘူးလေ။ ဒီတစ်ခါ အိမ်ကထွက်လာခဲ့တာက အဝေးဆုံးဖြစ်လိမ့်မယ်။

လင်းချွမ်က အမေဖြစ်သူကိုလိုက်ပို့ပြီးနောက်မှာ ပိုင်လင်းလင်းဆီကို ဖုန်းဆက်ကာ အန်တီယဲ့က မနက်ဖန်လာမှာလားဆိုတာ သေချာအောင် မေးကြည့်ခဲ့တယ်။ မဟုတ်ရင် ဆုဆုက အိမ်မှာတစ်ယောက်တည်း  ကလေးထိန်းရင်း ကိစ္စတွေကို မလုပ်ဆောင်နိုင်ဘဲနေလိမ့်မယ်။ သူ ဒါကို အတော်လေးစိတ်ပူနေခဲ့တယ်။

 ဒီနေ့အတွက်ကတော့ လင်းချွမ် ကူညီနိုင်သေးတယ်။ သူက သူ့ရဲ့ ဇနီးသည်အတွက် အစားအသောက်ကောင်းကောင်းစားရစေဖို့ အသားဟင်းတွေ၊ သို့မဟုတ် တခြား စားစရာတွေကို ဝယ်ပြီးချက်ပြုတ်ခဲ့တယ်။ ဒါပေမယ့် အရသာတွေတော့ မထည့်နိုင်သေးဘဲ ငံပြာရည်အနည်းငယ်လောက်နဲ့သာ ချက်နိုင်လိမ့်မယ်။

ဒီလိုဆိုရင်တောင် ဆုဆုက အလွန်စိတ်ကျေနပ်နေတုန်းပဲ။ ဒီနေ့မှာ လင်းဟိုင်က ရောက်မလာခဲ့တာကြောင့် သူတို့တွေ စားသောက်ပြီးနောက်မှာ ဆုဆုက သူမ စုဆောင်းထားတဲ့ TTလေးခုကိုထုတ်ယူကာ လင်းချွမ်ကို အဆင်ပြေမပြေ ကြည့်ခိုင်းခဲ့တယ်။

သေချာတာပေါ့။ လင်းချွမ်က ထိုပစ္စည်းတွေကို ဘယ်ကရလာတာလဲဆိုတာ သူမကိုပြန်မေးခဲ့တယ်လေ။

အိမ်မှာ အမြဲတမ်းနေတာမဟုတ်တဲ့ လင်းချွမ်အနေနဲ့  သူ့ရဲ့ ဇနီးလေးဆီမှာ  ဒါတွေက ဘယ်လိုရောက်လာတာလဲဆိုတာကို မသိသလို မေးလည်း မမေးရဲသေးဘူး။ သူက အမည်မသိတဲ့ ပစ္စည်းကိုခဏလောက် ကိုင်ထားခဲ့ပြီး နောက်ဆုံးတော့ ပြောလာခဲ့တယ်။

“ဒီအပေါ်မှာ ဘာရေးထားတာလဲ”

ဆုဆု လှမ်းကြည့်ပြီး ပြောလိုက်တယ်။

“အလွန့်အလွန်ပါးလွှာပြီး မင်းကိုယ်တိုင်အဖြစ် ခံစားရလိမ့်မယ်”

လင်းချွမ်ရဲ့ နားရွက်တွေက နီရဲသွားခဲ့တယ်။  ဒါပေမယ့် သူက လက်ထဲကနေ မဖယ်ရှားနိုင်ပဲ ဆုဆုဘက်ကို  ရှုပ်ထွေးစွာ ကြည့်လာတယ်။

ဆုဆု ဗလာဖြစ်စွာ ကြည့်လိုက်တယ်။

“ဘာမှားလို့လဲ”

“ဇနီးလေး.. ဒီလိုဆိုရင်ရော...”

လင်းချွမ်က ခေါင်းကိုငုံ့လိုက်ပြီး ဆုဆုရဲ့ နားအနီးကို တိုးကပ်ပြီး တစ်စုံတစ်ခုပြောလိုက်တယ်။ 

ဆုဆုရဲ့ နားတွေက နီရဲသွားခဲ့တယ်။ အဆုံးမှာတော့ လင်းချွမ်ရဲ့မျှော်လင့်တကြီး အကြည့်အောက်မှာ သူမ မငြင်းဆန်နိုင်ခဲ့ဘဲ သူမကိုယ်တိုင် ပြုမူခဲ့ရတယ်..

အချက်အလက်တွေအရ ကျောပိုးအိတ်ထဲမှ ပစ္စည်းတွေကမတော်တဆဖြစ်စေ၊ ဘယ်လိုအချက်ကြောင့်ပဲဖြစ်စေ ဒီကမ္ဘာကိုရောက်လာခဲ့ပြီးနောက် လင်းချွမ်အတွက် အထူးတလည် စီမံပေးထားခဲ့သလိုမျိုးပဲ။ အံဝင်ဂွင်ကျဖြစ်နေခဲ့တယ်။

ဒါ့အပြင် သူမရဲ့ အမျိုးသမီးအတန်းဖော်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိနောက်ပြောင်နိုင်မှာလဲလို့ တွေးမိတယ်။ သူတို့က တစ်ဆိုက်လွန်( plus size/ XL) အရွယ်အစားအကြီးကို   သုံးပြီး စနောက်ရလောက်တဲ့အထိ ဘယ်လိုလုပ်ပြီး ကောင်းကောင်းရွေးနိုင်မှာလဲ။

အလွန့်အလွန်ပါးလွှာပြီး ကိုယ်တိုင်အဖြစ် ခံစားရစေဖို့ ကြိုးစားပြီးတဲ့နောက်မှာတော့ တစ်ဖက်လူရဲ့ စိတ်ခံစားချက်တွေက အလွန် ကွဲပြားခြားနားသွားပြီး တစ်ကိုယ်လုံးက တောက်ပလာသလိုပဲ။

သူ့ရဲ့ စိတ်ခံစားချက်တွေ ကောင်းမွန်နေတုန်းမှာ တစ်ယောက်ယောက်ကတံခါးကိုခေါက်ခဲ့တယ်။ လင်းချွမ်က တံခါးသွားဖွင့်ကြည့်လိုက်တော့ ခြံတံခါးနားမှာ လူလတ်ပိုင်းယောက်ျားနှင့်မိန်းမ စုံတွဲတစ်တွဲကို တွေ့လိုက်ရလေတယ်။

ဘာကြောင့်လဲမသိပေမဲ့ သူတို့ကိုကြည့်ရတာ အတော်လေး အကျွမ်းတဝင်ရှိနေသလိုပဲ။

“ခင်ဗျားတို့က ...... “

“ချွမ်ဇီ မလား.. ငါတို့က မင်းရဲ့ ဦး လေးချင်နဲ့အန်တီချင်ပါ.. လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်က တွေ့ဆုံခဲ့ဖူးတယ်လေ “

လူလတ်ပိုင်းအမျိုးသားက အပြုံးဖြင့်ပြောခဲ့တယ်။

လင်းချွမ် ချက်ချင်းမျက်မှောင်ကြုတ်လိုက်တယ်။ သူက သူတို့ကို အထဲသို့ မဖိတ်ခေါ်ခဲ့ပဲ ပြန်မေးလိုက်တယ်။

“တစ်ခုခုအလိုရှိလို့လား”

“အိုး.. ငါတို့ကမင်းကိုတွေ့ဖို့လာခဲ့တာပါ..  မင်းနဲ့ ယွဲ့ယွဲ့တို့က အရမ်းလိုက်ဖက်ခဲ့တာ.. အဆုံးမှာ နှစ်ယောက်အတူမရှိခဲ့ကြတာ စိတ်မကောင်းစရာပဲ.. မင်း ဒီဘက်မှာ အိမ်အကြီးတစ်အိမ်ဝယ်လိုက်တယ်ဆိုတာ ယွဲ့ယွဲ့ဆီက ကြားခဲ့ရလို့ .. ငါတို့ လာကြည့်ကြတာ”

“စိတ်မကောင်းပါဘူး”

လင်းချွမ် အေးစက်စက်ပြောလိုက်တယ်။

“ကျွန်တော့်ရဲ့  ဇနီးသည်က မီးတွင်းထဲမှာ ရှိနေတုန်းပဲဆိုတော့ ခင်ဗျားတို့ကို ဧည့်မခံနိုင်ဘူး”

“အိုး.. ဒါဆို ငါ ကလေးကိုဝင်ကြည့်ဦးမယ်လေ”

အမေချင်က ပြောလာခဲ့တယ်။

“မလိုအပ်ဘူး”

လင်းချွမ် တံခါးကိုတင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားခဲ့တယ်။ မီးတွင်းကာလဆိုတာက ဒေါသထွက်ရမှာကို အကြောက်ရဆုံးပဲ။ ချင်ယွဲ့ယွဲ့ရဲ့မိဘတွေက ဘယ်နည်းလမ်းဘက်ကပဲတွေးတောပါစေ ကောင်းမွန်တဲ့လူတွေမဟုတ်ဘူး။

“မင်းဆိုတဲ့ကလေးကတော့..  မင်းရဲ့ ကလေးကို ငါတို့ ဝင်ကြည့်ရမှာပေါ့..  ငါတို့မိသားစုနှစ်စုလည်း ဆွေမျိုးတွေလို့ပြောနိုင်တာပဲလေ..”

“မဟုတ်ဘူး..  ကျုပ်တို့မိသားစုတွေက ဆွေမျိုးမတော်ဘူး.. အခုလည်း ဆွေမျိုးမတော်သလို အနာဂတ်မှာလည်း တော်စပ်လာမှာမဟုတ်ဘူး.. ဒါပဲ..နှုတ်ဆက်ပါတယ် “

လင်းချွမ်က တံခါးဘောင်ကို ဆုတ်ကိုင်ပြီး တံခါးကိုပြန်ပိတ်လိုက်တယ်။

သူ အိမ်ထဲသို့ပြန်ရောက်ပြီးနောက်  ဆုဆုက ဘယ်သူတွေ လာတာလဲလို့ မေးမြန်းလာခဲ့တယ်။

လင်းချွမ်:  “ ချင်ယွဲ့ယွဲ့ရဲ့မိဘတွေရောက်လာတာ..   အန်တီယဲ့ရောက်လာပြီးရင်လည်း သူတို့တွေထပ်လာဦးမယ်ဆိုရင် အဲဒီလူတွေကို လုံးဝ မဝင်ခိုင်းဖို့ ပြောထားသင့်တယ်.. သူတို့တွေက ပြသနာရှာရုံကလွဲပြီး ဘာမှအသုံးမဝင်တဲ့လူတွေပဲ”

သူက ကိစ္စတွေကိုစကားလုံးအနည်းငယ်လောက်နဲ့ ရှင်းရှင်းလင်းလင်းရှင်းပြခဲ့တယ်။ ထိုလူတွေကို မဝင်ခိုင်တာက အရာရာကိုပိုမိုလွယ်ကူစေလိမ့်မယ်။

ဆုဆုက သူ့သိထားတာထက် ပိုသိနေကြောင်းကိုတော့ လင်းချွမ်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ထိုစုံတွဲရဲ့ လုပ်ရပ်တွေကို စာအုပ်နောက်ပိုင်းမှာ ရှင်းရှင်းလင်းလင်းရှင်းပြထားတယ်။  သူတို့တွေက ချင်ယွဲ့ယွဲ့ကို  ငွေရှာနွားအဖြစ်သာ မှတ်ယူထားခဲ့တယ်။ တကယ်လို့ သူတို့သာ  လူတစ်ယောက်ဆီက အခွင့်ကောင်းယူနိုင်သရွေ့ ဘယ်တော့မှ လက်လွှတ်ပေးတော့မှာ မဟုတ်ဘူး။

သို့ပေမဲ့ ချင်ယွဲ့ယွဲ့ကတော့ ကလေးဘဝကတည်းက ဦးနှောက်ဆေးခံထားရပြီး အမျိုးသား၊အမျိုးသမီး ခွဲခြားဆက်ဆံခံရမှုကိုလည်း အသွေးအသားထဲအထိ စွဲမြဲနေအောင် ပညာပေးခံထားခဲ့ရတယ်။

အမျိုးသမီးတစ်ယောက်က မိသားစုထဲမှ ထွက်ခွာသွားသရွေ့ လူ့အဖွဲ့အစည်းထဲမှာ ခြေကုပ်ယူနိုင်တော့မှာမဟုတ်ဘူး။  ဘယ်သူကမှ သူမကို အမြဲတမ်းထောက်ပံ့နိုင်မှာမဟုတ်ဘူး။ သူမရဲ့မိသားစုကသာလုပ်နိုင်လိမ့်မယ်။

ဒါကြောင့် ချင်ယွဲ့ယွဲ့က သူမရဲ့  မိသားစုဆီကနေ တစ်ဘဝလုံး အသုံးချခံခဲ့ရပြီး လင်းတုံဟဲရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ပျက်စီးသွားစေတဲ့အထိ ဖြစ်သွားချိန်မှာတော့ သူမရဲ့ယောက္ခမမိသားစုဆီကနေ မောင်းထုတ်ခံလိုက်ရတော့တယ်။

အခုတော့ လင်းတုံဟဲရဲ့ လုပ်ငန်းတွေကို သူမ ဖျက်စီးလို့ မရတော့ဘူး။ ဆုဆုက လင်းဟိုင်ကို စောင့်ကြည့်ခိုင်းထားခဲ့တယ်။ တကယ်လို့ သူမသာ အလုပ်မှာ ပြသနာရှာဖို့ရောက်လာခဲ့ရင် လင်းဟိုင်က  တိုက်ရိုက်ပဲ မောင်းခုတ်လိုက်လိမ့်မယ်။

ဒါ့အပြင် လင်းတုံဟဲကလည်း  အလွန်ဂရုစိုက်လာခဲ့တယ်။ ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက သူ အဖွဲ့ထဲမှ အထုတ်ခံလိုက်ရလုနီးပါးဖြစ်သွားခဲ့တယ်လေ။ ဒါကြောင့် အတောင်ပံတွေကို ခိုင်မာအောင် မလုပ်နိုင်သေးတဲ့ ဇာတ်လိုက်က စက်ရုံကို တခြားလူတွေဆီသို့ ပေးလိုက်နိုင်ဖို့ မဖြစ်နိုင်ဘူး။

“ကျွန်မ  သိပြီ.. အန်တီယဲ့ရောက်တဲ့အချိန်ကျရင် ကျွန်မ သူ့ကိုပြောပြလိုက်မယ် “

ဆုဆု ခေါင်းညိတ်ပြလိုက်တယ်။

All Chapters