အခန်း (၁၄၈)
Vol. 15 Ch. 148
သူတို့မိသားစုသုံးယောက် ဒီနေ့မှာ အောက်ထပ်မှ ခန်ပေါ်မှာ နေခဲ့ကြတယ်။ လင်းချွမ်က ထင်းအနည်းငယ်ထည့်ပြီး မီးဖိုပေးထားတာကြောင့် အောက်ထပ်မှာလည်း အလွန်နွေးထွေးနေခဲ့တယ်။
ဆုဆုနဲ့လင်းချွမ်တို့ ခန်ပေါ်မှာ ထိုင်ရင်း သားဖြစ်သူကို ပေါင်ပေါ်မှာ တင်ကာ ကစားပေးနေခဲ့ကြတယ်။
ကျန့်ကျန့်က တစ်လသားပဲရှိနေသေးတာကို မကြည့်နဲ့။ သူက ရယ်မောနိုင်နေပြီ။ သူ့ရဲ့ သွားမရှိတဲ့ သွားဖုံးလေးတွေကို ဖော်ပြကာ ခိုးခိုးခစ်ခစ်အသံထွက်အောင် လိုက်ပါရယ်မောနေတတ်တယ်။ သူ့ရဲ့ လက်နှစ်ခြေထောက်လေးချောင်းလုံးကလည်း တစ်ချက်လေးလောက်တောင် ငြိမ်ငြိမ်မနေဘဲ လှုပ်ရှားနေခဲ့တယ်။
လင်းချွမ်က ပိုလို့တောင်တဲ့တိုးတွေပြောလာခဲ့တယ်။
“ကောင်ဆိုးလေး.. မင်းရဲ့အမေကိုပဲ နေ့တိုင်းအနိုင်ကျင့်နေရင် မင်း ကြီးလာတဲ့အချိန်ကျရင် ငါ မင်းကို ရိုက်မှာနော်.. မင်း ငါပြောတာကို ကြားရဲ့လား”
တစ်ဖက်မှ သားဖြစ်သူကတော့ ကြားပေမဲ့ နားမလည်ခဲ့ဘူး။ သူက သူ့ကို စနောက်တယ်လို့သာ ထင်မှတ်ခဲ့ကာ တခစ်ခစ် ရယ်မောနေခဲ့တယ်။
“အရူးကောင်လေး .. မင်း ဘာလို့ ဒီလောက်တောင် တုံးအ,နေရတာလဲ”
လင်းချွမ် ရယ်မောလိုက်တယ်။
သူတို့ရဲ့ အပြန်အလှန်ဆက်သွယ်မှုကိုကြည့်ရင်း ဆုဆုက လင်းချွမ်ရဲ့ခေါင်းကို လက်တစ်ဖက်က ကိုင်ပြီး လက်တစ်ဖက်က သားဖြစ်သူရဲ့ ခေါင်းကိုထိကာ သူတို့တွေ မော့ကြည့်လာတဲ့အချိန်မှာ ပြောလိုက်တယ်။
“အရူးသားအဖနှစ်ယောက်”
အဆုံးမှာတော့ လင်းချွမ်ဆီကနေ ခေါင်းကို ခပ်ဖွဖွထုလာခြင်းကို ခံလိုက်ရတယ်။ သူမက အော်ညည်းလိုက်ပြီးခေါင်းကို ပွတ်သပ်ကာ သူ့ကို စိုက်ကြည့်လိုက်တယ်။
သို့ပေမယ့် ဘေးနားမှာ တိတ်ဆိတ်စွာရှိနေတဲ့ ကျန့်ကျန့်က အော်ငိုလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဆုဆုကတော့ သူမရဲ့သားက သူမ အနိုင်ကျင့်ခံရလို့ ငိုတာဖြစ်နေလိမ့်မယ်လို့ အလွန် ပွင့်လင်းစွာ တွေးလိုက်တယ်။ ဒါကြောင့် သားဖြစ်သူရဲ့ခေါင်းကို ပွတ်သပ်ပြီး ချော့မော့လိုက်တယ်။
“အိုး သားလေးက အမေ့ကို စိတ်ပူပေးနေတာပဲ.. လာလာ.. မငိုပါနဲ့.. မငိုပါနဲ့.. မင်းရဲ့ အဖေက အမေ့ကို ရိုက်နေတာမဟုတ်ဘူး.. စနောက်နေရုံပဲနော်”
ကလေးက စကားတွေကို နားမလည်နိုင်လောက်သေးပေမဲ့ သူမရဲ့ မျက်နှာအမူအရာကိုတော့ မြင်တွေ့နိုင်သေးတယ်။ သူက ဆုဆု ရယ်မောနေတာကိုမြင်တော့ ဆက်မငိုတော့ဘူး။
ဒီတော့ ဆုဆုက လင်းချွမ်ဆီမှာ ကြွားဝါတော့တယ်။
“ကြည့်လိုက် ကြည့်လိုက် .. ကျွန်မရဲ့သားက ကျွန်မကိုပဲ ချစ်တာ.. ရှင် ဘေးကိုဖယ်နေလိုက်တော့”
“ဟုတ်ပါပြီ.. ဒါပေမယ့် ဒါက ကိုယ့်ရဲ့သွေးကြောင့်ပဲဖြစ်ရမယ်”
လင်းချွမ်က ဂုဏ်ယူစွာပြောလာတယ်။
“အတွေးတွေလှနေတာပဲ”
ဆုဆုက သူ့ကို မျက်လုံးလှန်ပြလိုက်ပေမဲ့ ဒီအခိုက်အတန့်မှာ အလွန်ပျော်ရွှင်နေခဲ့တယ်။
သို့ပေမဲ့ သူတို့တွေက ချင်မိသားစုက ပြန်သွားပြီးတဲ့နောက်မှာ သူတို့ရဲ့အနောက်ဘက်မှာ လင်းချွမ်ကို ဆဲဆိုကြိမ်းမောင်းနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူတို့က လင်းချွမ်ကို ‘ရိုးသားမှုမရှိဘူး၊ အကြီးအကဲတွေကို လေးစားမှုမရှိဘူး’ စတဲ့စကားတွေနဲ့ ကြိမ်းမောင်းခဲ့တယ်။ လင်းမိသားစုတောင်မှ အတူတကွ ဆဲဆိုအပြစ်တင်ခြင်းကို ခံခဲ့ရတယ်။
ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ လင်းတုံဟဲရဲ့မျက်နှာကတော့ မည်းမှောင်နေခဲ့ပြီ။ သူက အရင်တုန်းကလို လက်ထပ်ခွင့်ရဖို့အတွက် နှိမ့်ချစွာ တောင်းဆိုလာတဲ့ ကျေးလက်မှလူငယ်လေး မဟုတ်တော့ဘူး။ အခု စက်ရုံကြီးတစ်ခုလုံးကိုကွပ်ကဲနေတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီ။
ဒါကြောင့် ချင်အမေနဲ့ ချင်အဖေတို့ကို မျက်နှာချင်းဆိုင်ရတဲ့အချိန်မှာ ဒီသေးငယ်တဲ့ အလတ်စားမိသားစုက အလွန်အမင်းစိတ်ပျက်စရာကောင်းကြောင်း နားလည်လာခဲ့တယ်။
“အမေနဲ့အဖေ.. လင်းမိသားစုဘက်ကို မလှည့်ပါနဲ့.. သူတို့က ခင်ဗျားတို့အပေါ် အကြွေးတင်နေတာမဟုတ်ဘူး”
ဘေးမှ ချင်ယွဲ့ယွဲ့ကလည်း ပြောလာတယ်။
“မပျော်မရွှင်စရာကိစ္စတွေကို အခုချိန်မှာ မပြောကြရအောင်.. စားကြစို့ စားကြစို့”
သူမက အစားအသောက်တွေကိုယူဆောင်လာခဲ့တယ်
“ငါပြောမယ် တုံဟဲ.. ငါတို့က ဖျက်လိုဖျက်စီးပြောနေတာမဟုတ်ဘူး.. မင်း ဖွင့်လှစ်ထားတဲ့စက်ရုံကိုကြည့်လိုက်ဦး.. မင်းက စက်ရုံတစ်ခုတောင် ဦးစီးနေရတာကို ဘာလို့ သူတို့က မင်းထက် အဆပေါင်းများစွာပိုတဲ့ ဒီလို ခြံဝန်းအကြီး ၊အဆောက်အအုံအကြီး ဝယ်ထားရတာလဲ..
ငါတို့က ဒီလိုအိမ်မှာ နှစ်တွေအကြာကြီးမနေနိုင်ဘူးလေ.. ဒါမှမဟုတ် အချိန်ခဏလောက်ကြာရင် ပိုကြီးတဲ့အိမ်တစ်လုံးဆောက်ကြရင် ဘယ်လိုလဲ.. မင်းအဖေနဲ့ငါက အသက်ကြီးလာတဲ့အချိန်ကျရင် ရက်နည်းနည်းလောက် ဒီကို လာနေလို့ ရတာပေါ့”
မြို့တော်မှာ ချင်အမေရဲ့အိမ်တစ်လုံးရှိပေမဲ့ သူမရဲ့ယောက်ျားတစ်ယောက်တည်းသာ အလုပ်ရှိတာကြောင့် အိမ်ရဲ့ အခြေအနေက အနည်းငယ် သိပ်မကောင်းတော့မဲ့အချိန်မှာ ရောင်းချခဲ့တယ်။
သူတို့မိသားစုက အခုချိန်မှာ အိမ်ကိုတောင် ငှားရမ်းပြီး နေကြတာဖြစ်ပေမဲ့ အခု သူတို့သမီးရဲ့အိမ်ကိုရောက်တော့ လက်ချောင်းထိုးပြီး ညွှန်ကြားလာကြတယ်။
ရိုးရိုးသားသားပြောရရင် လင်းတုံဟဲက သူတို့တွေ အိမ်ငှားပြီးနေရတဲ့ ကိစ္စအပေါ် အထင်သေးခြင်းမရှိပေမဲ့ ဒီအချိန်မှာတော့ စိတ်မပျော်ရွှင်စွာ ပြန်ပြောခဲ့တယ်။
“အခု ကျွန်တော်တို့မှာ ပိုက်ဆံအပို မရှိတော့ဘူး.. ကျွန်တော်တို့မှာ ပိုက်ဆံရှိရင်လည်း စက်ရုံမှာ ရင်းနှီးမြှုပ်နှံတာ ပိုကောင်းတယ်.. ပြီးရင် စက်ရုံကို ပိုကောင်းအောင်လုပ်ရမယ်”
“ဒါကမှန်ပါတယ် .. ဒါပေမယ့် ကြည့်လိုက်ပါဦး.. မင်းတို့က နေထိုင်စရာ အိမ်တစ်လုံးရှိတယ်.. ဒါပေမယ့် ငါတို့မှာ ဘာတစ်ခုမှမရှိဘူး.. ဒါမှမဟုတ် မင်းရဲ့ ညီလေးနှစ်ယောက်အတွက် တစ်ယောက်ကို အိမ်တစ်လုံးစီလောက် ဝယ်ပေးလိုက်ပါလား.. သူတို့ လက်ထပ်တဲ့အချိန်မှာ မျက်နှာ မငယ်ရတော့ဘူးပေါ့”
သူ့ရဲ့သမီးကို ကလေးဘဝကတည်းက ခိုင်းစေလာခဲ့တဲ့ အဖေချင်က ရှက်ရွံ့မှုဆိုတာမျိုး လုံးဝမခံစားရပဲ လိုချင်တဲ့ အခြေအနေများကိုတိုက်ရိုက်ကမ်းလှမ်းလာခဲ့တယ်။
ချင်ယွဲ့ယွဲ့က လင်းတုံဟဲရဲ့ မျက်နှာကိုချက်ချင်းကြည့်လိုက်ပြီးသူရဲ့မျက်နှာက ပိုပြီးဆိုးရွားလာနေတာကို မြင်တွေ့လိုက်ရတာကြောင့် မနေနိုင်ဘဲ ပြောလာခဲ့တယ်။
“တုံဟဲက အခုချိန်မှာ တိုးတက်လာအောင် ကြိုးစားနေတုန်းပဲ.. နောက်နှစ်နှစ်လောက်ဆိုရင်တော့အဆင်ပြေလောက်ပါတယ်.. ဘာပဲဖြစ်ဖြစ် မောင်လေးနှစ်ယောက်ကလည်း ငယ်သေးတာပဲလေ”
အဖေချင်က သူမကိုစိုက်ကြည့်ပြီး ပြောလာတယ်။
“ဘယ်လိုလုပ်ပြီး အဲလောက်ထိ စောင့်နေလို့ အဆင်ပြေမှာလဲ.. မင်းမှာပိုက်ဆံရှိရင် ပထမဆုံး ပြင်ဆင်ထားသင့်တာပေါ့.. နောက်နှစ်နှစ်နေလို့ အိမ်စျေးတွေက စျေးတက်သွားရင် ဘယ်လိုလုပ်မလဲ? မင်းက မင်းမှာ အိမ်ရှိနေပြီဆိုပြီး ငါတို့ကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်ရတာလဲ”
“ကျွန်တော် စက်ရုံကိုပြန်တော့မယ် “
လင်းတုံဟဲ ထိုစကားတွေကို ဆက်ပြီးမထောင်ချင်တော့ဘူး။ ဒါကြောင့် သူ စက်ရုံကိုပြန်သွားဖို့ ထလိုက်တယ်။
“တုံဟဲ မင်း ဒါကို တွေးသင့်တယ်.. ပြောရရင် မင်းရဲ့ ညီလေးနှစ်ယောက်ကလည်း သူတို့ကို ဂရုစိုက်ပေးဖို့ လိုအပ်သေးတယ်လေ”
အမေလင်းက အပြုံးနဲ့ ပြောလိုက်တယ်။
“ကျွန်တော်ရဲ့ ညီလေးမှာတောင် အိမ်မရှိသေးဘူး.. ဒါကို ကျွန်တော့်ရဲ့ယောက်ဖတွေအတွက် အိမ်တွေဝယ်ပေးစေချင်နေတာလား.. ဒါက အဓိပ္ပါယ်ရှိတယ်လို့ထင်လား?”
လင်းတုံဟဲ လှောင်ရယ်ရင်း ပြန်ပြောခဲ့တယ်။
“မင်းရဲ့ညီက မင်းဝယ်နေစရာ လိုလို့လား? သူတို့ကအရမ်းချမ်းသာတဲ့သူတွေပဲလေ.. သူတို့တွေက မင်းဝယ်ပေးတဲ့ အိမ်ကို မကြိုက်တာတောင် ဖြစ်နိုင်တယ်”
အဖေလင်းက မှန်ကန်သလို ဝင်ပြောလာပြန်တယ်။
လင်းတုံဟဲ:”ကျွန်တော်က ကွမ်းမိသားစုအကြောင်းကို ပြောနေတာမဟုတ်ဘူး.. လင်းမိသားစုအကြောင်းကိုပြောနေတာ”
“လင်းမိသားစုလား.. မင်း အဲဒီလိုလူတွေနဲ့ ဆက်သွယ်နေတုန်းပဲလား? ငါမင်းကို ပြောမယ်.. အဲလို နေရာသေးသေးကလူတွေက မင်းကို ဘာတွေများပေးနိုင်မှာလဲ.. သူတို့ကြောင့် ကွမ်းမိသားစုကိုပဲ နှလုံးသားအေးစက်သလို ခံစားရစေလိမ့်မယ်.. မင်း အနာဂတ်မှာ သူတို့တွေနဲ့ ဆက်ဆံရေးကိုဖြတ်လိုက်တာ ပိုကောင်းလိမ့်မယ် “
အမေချင်က သဘောမကျစွာ ပြောခဲ့တယ်။
သူတို့ရဲ့ စကားလုံးတွေက ရူးနေတဲ့သူဆိုရင်တောင် ဘာအဓိပ္ပါယ်လဲဆိုတာကို သိနိုင်လိမ့်မယ်။
လင်းတုံဟဲရဲ့မျက်လုံးတွေက နီရဲသွားပြီး သူ့ရဲ့ခြေလှမ်းတွေကလည်း တံခါးပေါက်နားမှာ ရပ်တန့်သွားခဲ့တယ်။
“ခင်ဗျားတို့က ချင်ယွဲ့ယွဲ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ခင်ဗျားတို့ရဲ့ ကြင်နာမှုကိုသတိရစေဖို့ပြောပြီး ပြန်ပေးဆပ်ဖို့တောင်းဆိုနေခဲ့ကြတယ်.. ကျွန်တော်ကလည်း သူတို့ဆီကနေ ပြုစုပျိုးထောင်ခံခဲ့ရတာပဲ.. ကျွန်တော်ရဲ့အသက် နှစ်ဆယ်ကျော်အထိ သူတို့ရဲ့အိမ်မှာပဲ နေထိုင်ခဲ့ရတာ..
ဒါ့အပြင် ခင်ဗျားက သူငယ်ငယ်တုန်းက ခင်ဗျားရဲ့နို့ကိုပဲ အလွယ်တကူ တိုက်ခဲ့တာ.. ကျွန်တော့်ရဲ့အမေကတော့ ကျွန်တော်အတွက် ဆိတ်နို့ကိုခိုးယူခဲ့ရတယ်၊ တခြားလူဆီက နို့ရနိုင်ဖို့ နေရာအနှံ့ကို ပြေးသွားခဲ့ရတယ်.. ကျွန်တော်သာ ဒီအကြောင်းတွေကို မေ့လိုက်မယ်ဆိုရင် ကျွန်တော်က လူမဟုတ်လို့ပဲ”
သူက တံခါးကိုတွန်းဖွင့်ပြီး ထွက်သွားခဲ့ကာ အသံကျယ်ကျယ်ထွက်အောင် ပိတ်သွားခဲ့တယ်။
“သူ့ကိုကြည့်လိုက်ဦး.. ငါ မင်းကို မပြောခဲ့ဘူးလား.. မင်းက ကောလိပ်ကျောင်းသူတစ်ယောက်ပဲ.. ဒီလိုလူမျိုးက ကောလိပ်ကျောင်းသူ တစ်ယောက် ရှာခဲ့သင့်တဲ့လူလား.. မင်းက တကယ်ကို ကန်းနေတာပဲ.. မင်းသာ ငါတို့ကို ယုံကြည်ပြီး လက်ထပ်ခဲ့ရင်... “
“အမေ ကျွန်မရဲ့ မောင်လေးတစ်ယောက်က ဒီနှစ်မှာမှ ဆယ့်ငါးနှစ်ပဲရှိသေးတယ်.. နောက်တစ်ယောက်က ဆယ်နှစ်ပဲရှိသေးတယ်.. သူတို့အတွက် အိမ်ဝယ်ခိုင်းရင် ဘယ်သူက လုပ်ပေးချင်မှာလဲ?
နောက်ပြီး အမေ သူ့ကို လင်းမိသားစုအကြောင်း သူ့ကို သွားမပြောသင့်ဘူး.. သူက သူ့ရဲ့မျိုးရိုးနာမည်ကို ခုချိန်ထိ ပြောင်းလဲသေးတာမဟုတ်ဘူး.. သူက သူ့ကိုသူ လင်းတုံဟဲအဖြစ်ပဲ သတ်မှတ်ထားတာ ကွမ်းတုံဟဲမဟုတ်ဘူး”
ဒါကြောင့် သူ့ရဲ့ ပြောင်းပြန်အကြေးခွံတွေကို သွားမထိတာက အကောင်းဆုံးဖြစ်လိမ့်မယ်။ အရင်တုန်းက သူမလည်း လင်းမိသားစုကိုမကြိုက်ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာတော့ သူမ မကြိုက်တာကို ထင်ထင်ရှားရှားမပြရဲတော့ဘူး။ မဟုတ်ရင် လင်းတုံဟဲဆီကနေ အလွယ်တကူ နှင်ထုတ်ခံရလိမ့်မယ်။
သူက လပေါင်းများစွာ ပြန်မလာနိုင်တာမျိုးတောင် ဖြစ်နိုင်တယ်။ သူက သူမတစ်ယောက်တည်းအပေါ်မှာပဲ အကြည့်တွေစွဲမြဲနေခဲ့တဲ့ တုံးအအကောင်လေးမဟုတ်တော့ဘူး။ အလုပ်လုပ်ကိုင်နေတဲ့အချိန်မှာတောင် သူမကိုငေးကြည့်နေတတ်တဲ့သူ မဟုတ်တော့ဘူး။
“မင်းက တုံးအလွန်းတယ်.. မင်း သတိမထားမိတဲ့အချိန်မှာ သူကအရာရာတိုင်းကို လင်းမိသားစုဆီကိုပို့လိုက်ရင် ဘာဖြစ်သွားမလဲ “
အမေချင်က ပြောလာတယ်။
ချင်ယွဲ့ယွဲ့ :”လင်းမိသားစုက ယွမ်နည်းနည်းလောက်ပဲ ရနိုင်မှာပါ.. လင်းချွမ်ရဲ့မိသားစုက ချွေးမကသာ ပိုပြီးပေးနိုင်လောက်တယ်.. သူမက စက်ရုံကနေ တစ်လကိုယွမ်ငါးရာ၊ ခြောက်ရာလောက်ရနေတာဖြစ်ရမယ်.. မဟုတ်ရင်ဒီလောက်ကြီးတဲ့ အိမ်ကို ဝယ်နိုင်မှာမဟုတ်ဘူး”
“ဘာလါ? မင်းတို့ သူမကိုဘာလို့ ပိုက်ဆံအများကြီးပေးခဲ့ရတာလဲ”
“စက်ရုံကိုတည်ထောင်တဲ့ အချိန်တုန်းက သူမ ယွမ်နည်းနည်းလောက်ရင်းနှီးမြှုပ်နှံနိုင်ခဲ့တယ်လေ.. ဒါကြောင့် သူမက အမြတ်အစွန်းတွေကို ဝေမျှယူနိုင်နေတယ်.. ဒါပေမယ့် သူမရဲ့ နှလုံးက ပိုပြီး ကြီးလာနေတာ”
ချင်ယွဲ့ယွဲ့ ဒေါသတကြီးကဆိုလိုက်တယ်။
ဒါကြောင့် ဒီညမှာ သူတို့တွေက လင်းတုံဟဲ ဘယ်နေရာကိုသွားပြီလဲဆိုတာကို ဘယ်သူကမှ ဂရုမစိုက်ကြတော့ဘဲ ပိုက်ဆံအများကြီး ရနေတဲ့ ဆုဆုကိုသာ ဆက်လက်ပြီးဆဲဆိုကြိမ်းမောင်းခဲ့ကြတော့တယ်။