← Chapters

အခန်း (၁၄၉)

Vol. 15 Ch. 149

အခန်း (၁၄၉)

Vol. 15 Ch. 149

အဖေချင်နှင့် အမေချင်တို့က ညဘက်မှာ အလွန်ဒေါသထွက်ခဲ့ကြ ပြီး  သူတို့ရဲ့ သားနှစ်ယောက်အတွက် အိမ်ဝယ်ရန် ပိုက်ဆံတွေ အများကြီး လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြတယ်။

  ဒါကြောင့် သူတို့က ချင်ယွဲ့ယွဲ့နှင့် တိုင်ပင်ခြင်းမရှိတော့ဘဲ သူမ မနက်ပိုင်း ကျောင်းတက်ဖို့  ထွက်သွားချိန်မှာ ဆုဆုရဲ့အိမ်ကို သွားခဲ့ကြပြီး သူမဆီမှ  ပိုက်ဆံတွေတောင်းဖို့ တံခါးခေါက်ခဲ့ကြတယ်။

လင်းချွမ်က မနက်အစောကြီးကတည်းက ထွက်သွားခဲ့တယ်။ အန်တီယဲ့ကလည်း ရောက်မလာသေးဘူး။ ဆုဆုကလည်း အိမ်ထဲမှ မထွက်နိုင်သေးတာကြောင့် လင်းချွမ်က မနက်ပိုင်းမှာ အိမ်အပြင်မှ သော့ခတ်ခဲ့တယ်။ သူက မနေ့ကတည်းက အန်တီယဲ့ကို သော့ဘယ်နေရာမှာထားလဲဆိုတာ ပြောခဲ့တာကြောင့် သူမရောက်လာရင် ဖွင့်ပြီး ဝင်နိုင်လိမ့်မယ်။

ချင်အမေနှင့်အဖေတို့က အချိန်ကြာမြင့်စွာ တံခါးခေါက်ခဲ့ပေမဲ့ ဘယ်သူကမှ တံခါးဖွင့်လှစ်မပေးတာကို မြင်တော့  စက်ရုံဘက်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လင်းချွမ်ရဲ့ညီကလည်း အဲဒီမှာရှိနေလိမ့်မယ်လိုပြောခဲ့တာကြောင့် သူသာ စာရင်းအင်းတွေကို နားလည်နေသမျှကာလပတ်လုံး ပိုက်ဆံတွေတောင်းလို့ ရရှိနိုင်လိမ့်မယ်။

သူတို့ ထွက်ခွာသွားမှသာ အန်တီယဲ့က သစ်ပင်နောက်ကနေထွက်လာခဲ့ပြီး သော့ကိုယူကာ တံခါးကို အမြန်ဖွင့်ခဲ့တယ်။ ထို့နောက်မှာ သူမက အိမ်ထဲကို အမြန်ဝင်ကာ သော့ကို အတွင်းပိုင်းကနေ ပြန်ခတ်လိုက်တယ်။

သူမ အိမ်ထဲကိုဝင်ပြီးနောက် ဖိနပ်ကိုပြောင်းစီးလိုက်ကာ အိမ်ထဲမှာ ကလေးကို ပွေ့ချီရင်း အသာပုတ်ပေးနေတဲ့ ဆုဆုကို ကြည့်လိုက်တယ်။

“ရှောင်ဆု.. ခုနတုန်းက ခြံရှေ့ကို ရန်ဖြစ်ချင်နေတဲ့ပုံရတဲ့ လူနှစ်ယောက်ရောက်လာတယ်.. ကျွန်မသူတို့ရှိနေတုန်း တံခါးမဖွင့်ရဲလို့ အဝေးကနေကြည့်နေခဲ့ပြီး သူတို့ထွက်သွားမှ ဝင်လာခဲ့တာ”

“ယောကျ်ားတစ်ယောက်နဲ့မိန်းမတစ်ယောက်လား? အတော်လေး အသက်ကြီးနေတဲ့စုံတွဲလား?”

တကယ်တော့ သူမက တံခါးခေါက်သံကို ကြားခဲ့ပြီး ထိုပြင်းထန်တဲ့ အသံနဲ့ဆိုရင် လူကောင်းတွေမဖြစ်နိုင်ဘူးဆိုတာကို ရိပ်မိခဲ့တယ်။ ဒါကြောင့် သူမ အပေါ်မှ အနွေးထည်ဝတ်ပြီး ခေါင်းမာမာနဲ့ တံခါးသွားဖွင့်နိုင်တာတောင် တမင်မသွားခဲ့တာ။

“အင်း.. သူတို့ရဲ့ မျက်နှာတွေက မည်းမှောင်နေတာကိုမြင်လို့ ကျွန်မ သူတို့ကို ဝင်ခွင့်မပြုသင့်ဘူးလို့ တွေးလိုက်မိတယ်.. ဒါကြောင့်  သူတို့ထွက်သွားမှ အထဲကိုဝင်ခဲ့တာ”

“အန်တီယဲ့.. ကျေးဇူးတင်ပါတယ်”

စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူနာပြုတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်။ ဒီလိုသတိပေးချက်အသိစိတ်မျိုး ရှိနေခဲ့တယ်။

“ကိစ္စမရှိပါဘူး..  ကလေးကို ကျွန်မဆီပေးလေ..  သူ ကျွန်မနဲ့ နေရတာ ပျော်လား အရင်ဆုံးကြည့်ရအောင်”

အန်တီယဲ့က ကလေးတွေကို အလွန် ချစ်တတ်တယ်။  သူမက ကျန့်ကျန့်ကို  ပွေ့ဖက်ဖို့လုပ်ခဲ့ပေမဲ့ ပထမအကြိမ်မှာ အငြင်းခံရရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။

ဒါပေမယ့် သူမ အရှုံးမပေးခဲ့ဘူး။  အကြိမ်ကြိမ် ကြိုးစားပြီးနောက်ကောင်လေးက နောက်ဆုံးမှာတော့ သူ ရှောင်တိမ်းလို့ မရနိုင်တော့တာကို သဘောပေါက်သွားပုံရတယ်။

သူ့ရဲ့အမေဖြစ်သူ ရေချိုးခန်းသို့သွားပြီးသူ့ကိုလျစ်လျူရှုထားပြီးတဲ့နောက်မှာတော့ သူ မလွတ်မြောက်နိုင်ကြောင်း သိရှိသွားခဲ့တယ်။ သူက အနည်းငယ်ငိုလိုက်ပြီးနောက် အတူပူးပေါင်းပေးလာတော့တယ်။

ဒီလိုနဲ့ အန်တီယဲ့က ကျန့်ကျန့်ကို စတင်ပြီး ဂရုစိုက်ပေးနိုင်ခဲ့တယ်။

ထပ်ပြောရရင် သူမရဲ့ပုံက အလွန်လေးနက်သလိုထင်မြင်ရပေမဲ့ သူမက ကလေးတွေကို ဂရုစိုက်တဲ့အချိန်တွေမှာ အလွန်နူးညံ့သိမ်မွေ့တယ်။

ဒါ့အပြင် အိမ်ထဲမှာ အပြင်လူတွေလည်း ရှိမနေဘူးလေ။ ဒါကြောင့် အလုပ်က အလွန်လွယ်ကူတယ်။ သူမအနေနဲ့ ကလေးကို ဂရုစိုက်ပေးပြီး အိမ်ကို သန့်ရှင်းရေးလုပ်တာအပြင် မီးတွင်းထဲမှာရှိနေတဲ့ ဆုဆုအတွက် ဆန်ပြုတ်နဲ့ ပေါ့ပါးတဲ့ဟင်းလျာအနည်းငယ်ကို ချက်ပြုတ်ပေးရန်သာ လိုအပ်တယ်။

သူမလည်း ဆုဆုနဲ့ တူညီစွာပဲ စားချင်ခဲ့ပေမဲ့ ဆုဆုက သူမကို တစ်ချိန်လုံး ဆန်ပြုတ်ကိုသာ မသောက်ခိုင်းခဲ့ဘူး။ သူမကို ပိုက်ဆံတွေပေးပြီး ဘန်းမုန့်ပေါင်းတွေ သွားဝယ်ပြီး စားခိုင်းခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်တာက လွန်မြောက်သွားခဲ့တယ်။

သူတို့ရဲ့ ခြံထဲမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ချိန်မှာ လင်းတုံဟဲ ကွပ်ကဲနေတဲ့ စက်ရုံဘက်မှာတော့ အခြေအနေမကောင်းလှဘူး။ သူတို့တွေက စကားများရန်ဖြစ်ခဲ့ပြီး လင်းဟိုင်နဲ့ တခြားအလုပ်သမားတွေနဲ့ တိုက်ခိုက်လုနီးပါးဖြစ်နေခဲ့တယ်။  မဟုတ်သေးဘူး။  သူတို့က တိုက်ခိုက်ဖို့ ဖြစ်ရုံတင်မဟုတ်ဘဲ ဆွေမျိုးတော်စပ်မှုကို ချိုးဖျက်ခဲ့ကြပြီ။

အဖေချင်နှင့် အမေချင်တို့က လင်းတုံဟဲက ဒီစက်ရုံမှာ ပိုင်ရှင်တစ်ယောက်ဆိုပြီး ခံစားခဲ့ရတာကြောင့် စက်ရုံကို အာဏာကိုပြသဖို့ ရောက်လာခဲ့ကြတယ်။ သို့ပေမယ့် လင်းဟိုင်က သူတို့ကို မသိသလိုသာပြုမူခဲ့တယ်။ ဒါ့အပြင် သူတို့တွေ ရောက်လာပြီးကတည်းက ပြောတဲ့စကားတွေကလည်း နားမခံသာစရာစကားတွေချည်းပဲ ဖြစ်နေတာကြောင့် လင်းဟိုင်က တိုက်ရိုက်ပဲ မောင်းထုတ်ခဲ့တယ်။

သူတို့တွေက စက်ရုံပိုင်ရှင်ရဲ့ ဆွေမျိုးနှစ်ယောက်လို့ ခံယူထားတာကြောင့်  ထိုကဲ့သို့ မောင်းထုတ်ခံရမှုကို စော်ကားခံရတယ်လို့ ခံစားခဲ့ရတာကြောင့် သူတို့တွေက လင်းဟိုင်ကို ဆဲရေး ကြိမ်းမောင်းခဲ့ကြတယ်။ လင်းဟိုင်က သူ့ရဲ့ မရီးလိုမျိုး ဘာအလုပ်မှမလုပ်ပဲ ပိုက်ဆံတွေလာယူနေတယ်လို့ စွပ်စွဲခဲ့ကြတယ်။

သူတို့တွေက သူ့ရဲ့မရီးကိုပါ ထည့်သွင်းပြီး ကြိမ်းမောင်းလာချိန်မှာ လင်းဟိုင်က အမှန်တကယ်ကို မပျော်ရွှင်တော့ဘူး။ ဒီသန့်ရှင်းရေးသုံးပစ္စည်းတွေဆိုတာက မူလတုန်းက သူ့ရဲ့မရီးနဲ့ သူနာပြုပိုင်တို့ရဲ့ စိတ်ကူးအကြံဥာဏ်နဲ့ တည်ထောင်မှုကြောင့် ဖြစ်လာတာ။

လင်းတုံဟဲဆိုတာက ပိုက်ဆံပမာဏအနည်းငယ်လောက်ထည့်သွင်းပြီး ဝင်ရောက်ခွင့်တောင်းကာ ပါဝင်လာတဲ့လူပဲ။ သူ အလုပ် အများကြီးလုပ်ခဲ့ရင်တောင်သူထည့်သွင်းထားတဲ့ ရင်းနှိးမြှပ်နှံမှုက အနည်းဆုံးပမာဏသာရှိတယ်။

ဒါပေမယ့် သူတို့သုံးယောက်က အမြတ်ငွေကို အညီအမျှတန်းတူခွဲဝေနေခဲ့ကြတယ်။ သူ့ရဲ့မရီးကိုပြောဖို့ သူတို့မှာ ဘာအခွင့်အရေးများရှိလို့လဲ။

“ဟိုးအစတုန်းက  ဒီစက်ရုံကို ကျုပ်ရဲ့အစ်မနှင့် သူမရဲ့သူငယ်ချင်းက တည်ထောင်ပြီး ဖွင့်လှစ်ဖို့လုပ်ခဲ့တာ.

 ဒါပေမဲ့သူတို့မှာ အချိန်အများကြီးမရှိခဲ့ဘူး..

ဒါက ခင်ဗျားတွေ ပြသနာရှာဖို့ အကြောင်းပြချက်ဖြစ်သွားတာလား.. ဒါက ခင်ဗျားတို့ ချင်မိသားစုနဲ့ ဘာမှ မဆိုင်ပေမဲ့ ဒီအချက်ကြောင့် စက်ရုံကရတဲ့ပိုက်ဆံကို ခင်ဗျားတို့ကို ပေးရမှာလား?

လှလှပပကို တွေးတောနေကြတာပဲ.. ဟာ့... တကယ်ကို အရေထူလွန်းတယ်!”

လင်းဟိုင်က ချင်မျိုးရိုးနဲ့ သူ့ရဲ့ဇနီးသည်ကို ထွက်သွားဖို့ ပြောခဲ့တယ်။ သို့ပေမယ့် သူတို့တွေက  စက်ရုံမှာရှိနေတဲ့ ပစ္စည်းကိရိယာတွေကိုရိုက်ခွဲခဲ့ကြပြီး  ထုတ်လုပ်ရေးနည်းလမ်းတွေကို ရပ်တန့်သွားပြီး စက်ရုံကို ပိတ်ဆို့သွားစေဖို့ ဆောင်ရွက်ချင်ခဲ့ကြတယ်။

သူတို့တွေ  ကုန်ကြမ်းတွေကို ဖျက်စီးလို့မရစေဖို့အတွက်  လူတိုင်းက သူတို့ကို ရပ်တန့်ဖို့ ဝင်ပါခဲ့ရတယ်။

အလုပ်သမားတွေက အလုပ်တွေ ရပ်တန့်သွားရတာကို မပျော်ရွှင်ခဲ့ဘူး။ အထူးသဖြင့် ထို စုံတွဲက တမင်တကာ ပြသနာရှာဖို့ ရောက်လာတဲ့ပုံရတဲ့အတွက် လူတိုင်းက သူတို့နဲ့ စကားများကြတော့တယ်။

အသက်အရွယ်ကွာခြားမှုအပေါ် အခွင့်ကောင်းယူပြီး အဖေချင်က လင်းဟိုင်ရဲ့အနီးကို တုတ်နဲ့ တိုးကပ်လာပြီး သူ့ကို နှစ်ကြိမ်တောင် ရိုက်နှက်ခဲ့တယ်။

လင်းဟိုင်က အလျှင်အမြန်ရှောင်ပြီး ဒေါသတကြီး ပြောလိုက်တယ်။

“ခင်ဗျားတို့က  ရေမျှော့တွေပဲ.. လူတွေဆီက သွေးစုပ်ဖို့ပဲ အချိန်ပြည့်တွေးနေကြတာ.. ကျုပ်ရဲ့အစ်ကိုကြီး ခင်ဗျားတို့ရဲ့သမီးကို လက်မထပ်ခဲ့တာ ကံကောင်းတာပဲ..  မဟုတ်ရင် သူများရဲ့အပြစ်တွေကို အခုလိုခေါင်းခံနေရမှာ..

ခင်ဗျားတို့ရဲ့သမီးက ရွှေနဲ့ လုပ်ထားတယ်လို့ ထင်နေကြတာများလား.. သူမကို လက်ထပ်လိုက်ရတဲ့လူက တကယ်ကို ကံမကောင်းတာပဲ.. ဒီလို ဆိုးရွားတဲ့ မိသားစုကြီးကို သေတဲ့အထိ ထောက်ပံ့နေရလောက်တော့မှာ”

“မင်း ဘာတွေ အဓိပ္ပါယ်မရှိလျှောက်ပြောနေတာလဲ.. အမှိုက်လိုကောင်လေး.. ငါ မင်းကို မသတ်ဘူးလို့ ထင်နေတာလား?  မင်းရဲ့မိသားစုက ဘာအလုပ်မှမလုပ်ဘဲ.. ပိုက်ဆံကျတော့ လိုချင်နေတာလေ.. ဒါကိုကျတော့ မင်း ဘာလို့မပြောတာလဲ?

ငါ မင်းကို ပြောမယ်.. မင်း မနက်ဖန်ဒီနေရာကနေ ထွက်သွားလိုက်တော့ မဟုတ်ရင် ငါ မင်းတို့ ညီအစ်ကိုတွေကို ရိုက်ပစ်မယ်.. အနာဂတ်မှာ ငါ့သားမက်ဆီကနေ အခွင့်ကောင်းယူဖို့ မစဥ်းစားနဲ့.. မင်း စကားနားမထောင်ရင် ငါ ငါ့ရဲ့ ဆွေမျိုးတွေကို ခေါ်ပြီး မင်းတို့ကို ရှစ်နှစ်၊ ရှစ်နှစ်လောက် ပိတ်ထားလိုက်မှာ..”

“တော်လောက်ပြီ “

လင်းတုံဟဲ အပြင်ဘက်မှ ပြန်ရောက်လာတဲ့အချိန်မှာ ထိုစကားတွေအားလုံးကို ကြားခဲ့ရတယ်။

သူ နားလည်သဘောပေါက်ခဲ့တာ တစ်ခုရှိတယ်။ အဲဒါက လင်းဟိုင်ပြောခဲ့တဲ့ စကားက အမှန်ပဲ ဆိုတာပဲ။ အနာဂတ်မှာ သူ  အသက်မွေးဝမ်းကျောင်း အလုပ်ကို ဘယ်လောက်ပဲ ကြီးထွားအောင်လုပ်ပါစေ ၊ ဒါမှမဟုတ် အလုပ် ဘယ်လောက်ပဲ ကြိုးစားနေပါစေ  ချင် မိသားစုကို စိတ်ကျေနပ်စေတဲ့အထိ ပိုက်ဆံ ရှာနိုင်မှာမဟုတ်ဘူး။

သူတို့တွေက သူ့ရဲ့အသားကိုစားပြီး အသွေးကိုသောက်သုံးကြမှာဖြစ်ကာ ဘယ်အချိန်မှာမှ စိတ်ကျေနပ်သွားကြမဲ့ လူတွေမဟုတ်ဘူး။

တကယ်လို့ အနာဂတ်မှာ သူအမှန်တကယ် အောင်မြင်လာခဲ့ရင် သူ့ရဲ့ ယောက်ဖနှစ်ယောက်ကလည်း အခုလိုမျိုးပဲ ဘာအလုပ်မှမလုပ်ပဲ သူ့ရဲ့ လုပ်ငန်းတွေမှာ လာပြီး အာဏာတွေပြနေမှာကို မြင်ယောင်မိတယ်။

ပြောရရင် သူ့အနေနဲ့ လူအနည်းငယ်လောက်ကို ပြုစု ကျွေးမွေးထားရတာလောက်ကို ဂရုမစိုက်သလို စိတ်ထဲကိုလည်း မထည့်ဘူး။ ဒါပေမယ့်  အလွန်များပြားတဲ့လောဘကြီးမှုတွေနှင့်လူတွေက သူ့ကို ဝါးမြိုလာဖို့လုပ်နေတာကို သိသိကြီးနဲ့တော့ ပြုစုပျိုးထောင်ထားချင်စိတ်မရှိဘူး။ သူရဲ့နှလုံးသားက တကယ်ပင်ပန်းနေပြီ။

ဒါကြောင့် သူ ခြေလှမ်း အနည်းငယ်လောက်နဲ့ အထဲကို ဝင်ပြီး အဖေချင်ရဲ့ လက်ထဲမှ တုတ်ကို ဆွဲယူလိုက်တယ်။

“ဒါက ကျွန်တော်ရဲ့စက်ရုံ.. ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

“မင်း  ဘာတွေပြောနေတာလဲ တုံဟဲ.. ငါတို့က မင်းရဲ့ ယောက္ခမ(ထီး)နှင့်ယောက္ခမလေ..  သူတို့က မင်းရဲ့ရိုးသားမှုတွေကို အနိုင်ကျင့်နေကြတာ..  ဒါပေမယ့် ငါတို့က ဒီအတိုင်း မကြည့်နိုင်ဘူး.. အနည်းဆုံး အဲဒီ မျိုးရိုးနာမည်ဆုနဲ့ မိန်းမကို ဘာမှမဟုတ်ဘဲ မင်းရဲ့ပိုက်ဆံ ယွမ် 500 ကျော် မပေးလိုက်နိုင်ဘူး”

အမေချင်က သူမရဲ့တင်ပါးပေါ်မှာ လက်ကိုထောက်ပြီး လမ်းပေါ်ကနေ အော်ပြောလာတယ်။

“နောက်ထပ်  မဟုတ်တော့ပါဘူး”

“ဘာလဲ?”

“ခင်ဗျားတို့နှစ်ယောက်က  အခုကစပြီး ကျွန်တော့်ရဲ့ ယောက္ခမ(ထီး)နှင့်ယောက္ခမ မဟုတ်တော့ဘူး.. လင်းဟိုင်  စက်ရုံအစောင့်ကို  ရဲစခန်းကို သွားခိုင်းလိုက်..  ငါတို့စက်ရုံကို ပြသနာရှာဖို့ လူတွေရောက်နေတယ်လို့ ပြောပြီး တိုင်ခဲ့ဖို့ခိုင်းလိုက်..

နောက်ပြီး ဒီနေ့ကစပြီး စက်ရုံရဲ့ စီမံခန့်ခွဲဖို့ကိစ္စတွေကို မင်း တာဝန်ယူထားပေးဦး.. ငါ မွေးရပ်မြေရွာကိုပြန်ပြီး  ကွာရှင်းလက်မှတ်ထုတ်ပေးဖို့ သွားပြီး တောင်းလိုက်ဦးမယ်”

လင်းတုံဟဲက ဒီအချိန်မှာတော့ လုံးဝ မတွန့်ဆုတ်နေခဲ့တော့ဘူး။ သူကနောက်ကိုလှည့်ပြီး ထပ်မံမစဉ်းစားတော့ဘဲ ထွက်သွားခဲ့တယ်။  ဘာပဲဖြစ်ဖြစ် ရဲတွေရောက်လာပြီးသွားရင်  စက်ရုံက ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်။ နောက်ပြီး လင်းဟိုင်က စက်ရုံရဲ့ထုတ်လုပ်မှုကိစ္စရပ်တွေကိုကိုင်တွယ်နိုင်တယ်။

ဒီကွာရှင်းဖို့ ကိစ္စက ဘယ်ကနေ ရောက်လာရတာလဲ?

အဖေလင်းနဲ့ အမေလင်းတို့က ထိတ်လန့်သွားကြတယ်။ အထူးသဖြင့် လင်းဟိုင်က အမှန်တကယ် စက်ရုံအစောင့်ကို ရဲစခန်းဆီသို့ သွားဖို့ ပြောနေခဲ့တဲ့အချိန်မှာပဲ။ သူတို့တွေက တကယ်ကို ကြောက်လန့်နေကြပြီး အလျှင်အမြန်ပဲ ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်။

သေချာတာပေါ့။  သူတို့က လင်းတုံဟဲရဲ့နောက်ကို လိုက်သွားခဲ့တာ။   ဒါပေမဲ့ သူတို့တွေ လင်းတုံဟဲကတကယ်ကို စိတ်ပိုင်းဖြတ်ထားပြီးဘတ်စ်ကားနဲ့ ရထားဘူတာရုံသို့ သွားကာ လက်မှတ်ဖြတ်ပြီး တိုက်ရိုက်ပဲ ထွက်ခွာသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

**

All Chapters