အခန်း (၁၅၀)
Vol. 15 Ch. 150
ချင်အမေနဲ့ အမေတို့က အခုအချိန်မှာ အလွန်အံ့အားသင့်နေကြတယ်။
ဒါကြောင့် သူတို့က ချင်ယွဲ့ယွဲ့ကိုရှာဖို့အတွက်သာ ကျောင်းကိုသွားနိုင်ခဲ့ကြတယ်။ သူတို့တွေက အလွန်အမင်း စိတ်မရှည်နိုင်ဖြစ်နေခဲ့ကြတဲ့အတွက်ကျောင်းတံခါးပေါက်နားမှာပဲ သူမကို အော်ဟစ်ခဲ့ကြတယ်။
သူတို့က သူမကို ယောက်ျားတစ်ယောက်ရဲ့စိတ်နှလုံးကိုတောင်မှ မချည်နှောင်နိုင်တဲ့အပေါ် အပြစ်တင်ခဲ့ကြပြီး တစ်ဖက်လူက အခု ကွာရှင်းချင်နေတဲ့အတွက် သူမကို ရှုံ့ချအော်ဟစ်ခဲ့ကြတယ်။
ဒီလိုနဲ့ ကျောင်းတစ်ခုလုံးက ချင်ယွဲ့ယွဲ့ ကွာရှင်းခံရတော့မဲ့အကြောင်းကိုသိရှိသွားခဲ့ကြတော့တယ်။
ချင်ယွဲ့ယွဲ့သည်လည်း ရူးသွပ်လုနီးပါးဖြစ်နေခဲ့ရတယ်။ နောက်ဆုံးတစ်ကြိမ်တုန်းလည်း လင်းတုံဟဲက ကွာရှင်းချင်တယ်လို့ ပြောခဲ့တယ်။ သို့ပေမယ့် သူမက သူမဆီမှာကျန်ရှိနေတဲ့အရာအပေါ် အခွင့်ကောင်းယူပြီး အခွင့်အရေးတစ်ကြိမ်ရစေခဲ့တယ်။ သို့ပေမယ့် ဒီအချိန်ကျမှ အမှန်တကယ် ကွာရှင်းလိုလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားစေနိုင်မှာလဲ။ တကယ်လို့သူသာ သူမကိုထားခဲ့မယ်ဆိုရင် သူမဆီမှာ ဘာမှမကျန်တော့ဘူး။ ဒါကြောင့် သူမက သူမရဲ့မိဘတွေကို ဂရုစိုက်မနေတော့ဘဲ အိမ်ကို အလျှင်အမြန်ပြေးသွားခဲ့တယ်။
သူမအနေနဲ့ လင်းတုံဟဲက ရွာကိုပြန်ဖို့အတွက် အိမ်ကိုအဝတ်အစားတွေထုတ်ပိုးဖို့ လာလိမ့်မယ်လို့ ထင်ခဲ့ပြီး ထိုအခွင့်အရေးကို ဆုတ်ကိုင်ဖို့ တွေးထားခဲ့တယ်။ သို့ပေမဲ့ လင်းတုံဟဲက သူ့ရဲ့ စိတ်ကို အမှန်တကယ် ပြင်ဆင်ထားပြီးနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက အိမ်ကနေ ဘာတစ်ခုမှ လာယူခြင်းမရှိဘဲ တိုက်ရိုက်ထွက်ခွာသွားခဲ့တယ်လေ။
သူမ ခြံထဲမှာ တစ်ယောက်တည်းထိုင်ပြီး လင်းတုံဟဲက ရုတ်တရက်ဘာကြောင့် ကွာရှင်းချင်ရတာလဲဆိုတာကို စဉ်းစားမိတယ်။ သူမရဲ့ မိဘတွေက တစ်ခုခုလုပ်ခဲ့ကြလို့များလား။
ဒါကြောင့် အဖေချင်နှင့် အမေချင်တို့ ပြန်လာပြီးတဲ့နောက်မှာ သူမကထိုမေးခွန်းကို မေးခဲ့တယ်။ ထို့နောက်မှာတော့ အမေချင်က သမီးဖြစ်သူရဲ့ ခံစားချက်တွေ မှားယွင်းနေမှုကိုမမြင်မိဘဲ ပိုက်ဆံတောင်းဖို့အတွက် လင်းမိသားစုဆီကို သွားခဲ့ကြောင်း ပြောခဲ့တယ်။
အံ့သြစရာ မဟုတ်တော့ဘူး။ ချင်ယွဲ့ယွဲ့က ထိုစကားတွေကို လျင်မြန်စွာပြောခဲ့မိတဲ့အတွက် နောင်တရနေခဲ့တယ်။ သူမက ထိုကိစ္စအပေါ် နစ်နာသလိုခံစားခဲ့ရတာကြောင့် ထိုစကားတွေကို ပြောဖို့ တစ်စုံတစ်ယောက်ကို ရှာခဲ့ချင်ရုံပဲ။
သူမရဲ့မိဘတွေက သူမနှင့်အနီးဆုံးပုဂ္ဂိုလ်တွေမဟုတ်ဘူးလား။ သို့ပေမယ့် မမျှော်လင့်ဘဲ သူတို့တွေက စက်ရုံသို့သွားပြီး ပြသနာရှာကြခဲ့ကြတယ်။
ထိုစက်ရုံက လင်းတုံဟဲ အတွက်အလွန်အရေးကြီးတဲ့အရာပဲ။ ဒါပေမယ့် သူတို့တွေက စက်ရုံကိုတောင် ဖျက်စီးဖို့ ကြိုးစားခဲ့ကြတယ်။
“အမေနဲ့အဖေ.. ဒါမျိုးကို ဘယ်လိုလုပ်ပြီး လုပ်နိုင်တာလဲ.. အမေနဲ့အဖေတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ကျေးလက်ဒေသမှာရှိတဲ့ ကြွက်စုပ်လိုလူတွေရဲ့လုပ်ဝပ်တွေနဲ့ ဘာများ ကွာခြားနေလို့လဲ..
ဒီစက်ရုံက အစပိုင်းမှာ ဆုဆုနဲ့ လင်းတုံဟဲတို့တွေ အတူတည်ဆောက်ခဲ့ကြတာ.. ဒါကြောင့် ရုတ်တရက်ကြီး ဆုဆုနဲ့ တခြားလူတွေနဲ့ ခွဲထွက်လို့ မရသေးဘူး.. အဲလိုလုပ်ခဲ့ရင် သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ပေးရလိမ့်မယ်.. သူ့မှာ ကုန်ပစ္စည်းတွေအားလုံးအတွက် ပိုက်ဆံမရှိဘူး”
“ဒါဆိုလည်း ချေးငှားလိုက်လေ.. ဒီလောက်ထိ ကြီးမားတဲ့စက်ရုံက ပိုက်ဆံတွေ မချေးနိုင်ဘူးလား? သူသာ ကွမ်းမိသားစုအိမ်ကိုပြန်သွားရင် အဲဒီ ပိုက်ဆံလောက်ကို မရဘဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူး”
အမေချင်က အလေးအနက်မထားဘဲပြောခဲ့တယ်။
“ဘာပဲဖြစ်ဖြစ် ဒီအိမ်ထောင်ရေးကသူ့ကို ဆွဲမထားနိုင်တော့ဘူးဆိုရင်လည်း ဒုတိယအကြိမ်လက်ထပ်လိုက်ပေါ့.. မင်း ချမ်းသာတဲ့လူ တစ်ယောက်ယောက်ကို ထပ်ပြီးမရှာနိုင်ဘူးလား”
သူမက အရင်တုန်းကလည်း ဘာလို့ကောလိပ်ကျောင်းသားတစ်ယောက်မရှာနိုင်ဘဲနဲ့ လင်းတုံဟဲကိုမှ ဘာလို့ ကြည့်ခဲ့တာလဲလို့ ပြောခဲ့တယ်။ အခုလည်း သူမကို ထပ်မံပြီး ရှာခိုင်းနေခဲ့ပြန်တယ်။
တကယ်တမ်းမှာ ချင်ယွဲ့ယွဲ့အနေနဲ့ သူမက ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ရင်တောင်မှလူ့အဖွဲ့အစည်းမှာရှိနေတဲ့ လူတချို့က သူမကိုမထီမဲ့မြင်ပြုပြီး အထင်သေးကြဦးမယ်ဆိုတာကို သိရှိပြီးနေပြီ။
လူတိုင်းက မှန်ကန်တဲ့တွဲဖက်ကိုသာ အာရုံစိုက်ကြတယ်။ သူမ ကောလိပ်မှာ အဆင့်ကောင်းကောင်းရနိုင်ရင်တောင် သူမနဲ့အမှန်တကယ်နီးစပ်တဲ့လူတွေက ဆင်းရဲသားတွေပဲရှိတယ်။
သူတို့တွေလည်းက သူမအတွက် လုပ်ရဲကိုင်ရဲတဲ့သတ္တိရှိတယ်လို့ ထင်မြင်ကြပေမဲ့ ထိုအရာက သူမကို လုံခြုံတယ်ဆိုတဲ့ ခံစားချက်မျိုး အနည်းငယ်လောက်တောင် မပေးနိုင်ခဲ့ဘူး။
ကိုယ်ဝန်ဖျက်ချမှုပြီးသွားတဲ့အချိန်မှသာ သူမက စိတ်လိုက်မာန်ပါလုပ်ဆောင်ခဲ့တာ ဘယ်လောက်ထိမှားယွင်းခဲ့သလဲဆိုတာကို သိရှိခဲ့တယ်။
ဒါကြောင့် လင်းတုံဟဲ အောင်မြင်လာတဲ့အချိန်ကိုစောင့်ဆိုင်းပြီးနောက် သူမရဲ့စိတ်ထဲမှာ လုံခြုံသလို ခံစားရတဲ့အချိန်မှာ သူနဲ့အတူနေပြီး ကလေးလိုချင်ခဲ့တယ်။ ဒါပေမယ့် အရာအားလုံးက အခုလိုမျိုး အလှည့်အပြောင်းဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ သူမတွေးထားခဲ့သမျှက ပူဖောင်းတစ်ခုလို ပေါက်ထွက်သွားခဲ့ပြီ။
အဖေချင်: “တကယ်လို့ မင်း မကွာရှင်းချင်ဘူးဆိုရင် ကွမ်းမိသားစုအိမ်ကိုသွားပြီး ငိုယိုပြီး ပြသနာရှာလိုက်ပေါ့”
ချင်ယွဲ့ယွဲ့ : “ကောင်းပြီ .. ကျွန်မ သေချာပေါက် သူ့ကိုကွာရှင်းပေးမှာမဟုတ်ဘူး.. ဒါပေမယ့် ကွမ်းမိသားစုက ကျွန်မကိုမကြိုက်ဘူး.. ဒီတော့ ကျွန်မ ပြသနာရှာမယ်လိုရင်တောင် ဘယ်သူမှ ဂရုမစိုက်မှာကို ကြောက်တယ်”
အမေလင်းက ဝင်ပြောလာပြန်တယ်။
“မင်း ဒါကိုမသိသေးဘူး.. အဲဒီလိုလူတွေက တခြားသူတွေ ပြသနာလာရှာမှာကို အရမ်းကြောက်ကြတယ်.. သူတို့ရဲ့ ဂုဏ်သတင်းဆိုးရွားသွားမှာကို အကြောက်ဆုံးပဲ.. ငါတို့တွေ အဲဒါကိုနင်းပြီး လုပ်သရွေ့ ဘာကိုမှ ကြောက်စရာမလိုတော့ဘူး”
ချင်ယွဲ့ယွဲ့ကတော့ သူ့အမေလောက် ရိုးရိုးရှင်းရှင်းမတွေးဘူး။
“အမေ.. ကျွန်မတို့ လုပ်စရာမလိုအပ်ရင် ပြသနာမရှာတာပိုကောင်းမယ်.. ကျွန်မတို့တွေ တရားဥပဒေနဲ့ အရေးယူခံရတာ ဖြစ်သွားနိုင်တယ်.. အဲဒီမိသားစုက အနိုင်ကျင့်ရ လွယ်ကူတာမဟုတ်ဘူး”
သူမသာ လင်းတုံဟဲနဲ့မကွာရှင်းပဲ အတူ ဆက်ရှိနေချင်တယ် လင်းတုံဟဲက သူမအပေါ် ချစ်စိတ်အနည်းငယ်လောက် ကျန်ရှိနေမှသာ ဖြစ်နိုင်တော့မယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ သူမရဲ့မိဘတွေကို ပထမဆုံး ပြန်ခိုင်းရလိမ့်မယ်။
ဒီတစ်ကြိမ်မှာ အပြစ်ပြောစရာအဖြစ်ဆုံးလူတွေက သူမရဲ့မိဘတွေဖြစ်ပြီး သူတို့တွေက အလျင်စလိုလုပ်လွန်းတယ်။ သေချာတာပေါ့။ ဒါကလည်း သူမရဲ့ ကောင်းကျိုးအတွက်ဖြစ်လေတယ်။
ဒါပေမယ့် သူမပြောတာကို ကြားပြီးတဲ့နောက်မှာ အဖေချင်နဲ့ အမေချင်တို့က ပိုပြီး စိုးရိမ်တကြီး ပြောလာခဲ့ကြတယ်။
“မင်းက အခု ကွာရှင်းခံရတော့မှာလေ.. ငါတို့က ဘာလို့ ပြန်သွားနိုင်ရမှာလဲ.. အဲဒီလင်းတုံဟဲက မင်းကို ကွာရှင်းဖို့လုပ်တဲ့အချိန်မှာ ငါတို့က မင်းရဲ့အနားမှာရှိနေမှဖြစ်မယ်.. ငါတို့ သူ့ကို ခံစားလို့ကောင်းအောင် လွှတ်ထားမှာမဟုတ်ဘူး”
ချင်ယွဲ့ယွဲ့က သူမရဲ့မိဘတွေပြောလာတဲ့ စကားကို ကြားတော့ အနည်းငယ်ပိုပြီး သက်သောင့်သက်သာဖြစ်လာရတယ်။ အဆုံးမှာ သူတို့က သူမရဲ့ မိဘတွဖြစ်ပြီး သူမအပေါ်မှာ အလွန်ချစ်နေကြတုန်းပဲလေ။
သို့ပေမဲ့ သူမက သူတို့တွေ အာရုံမစိုက်တဲ့အရှိမှာ ကွန်မြူနတီဆီသို့ ဖုန်းခေါ်လိုက်တုန်းပဲဖြစ်ပြီး လင်းတုံဟဲဆီကို ဒေါသထွက်နေတာကို ရပ်တန့်လိုက်ဖို့၊ အိမ်ကိုပြန်လာဖို့နှင့် ပြသနာတွေကို သူမဖြေရှင်းမှာဖြစ်ကြောင်းတို့ကို အကြမ်းဖြင်း ပြောပြီး သတင်းပို့ခိုင်းခဲ့တယ်။
သို့ပေမဲ့ လင်းတုံဟဲက ဖုန်းလုံးဝပြန်မခေါ်ခဲ့ဘူး။ ဒါက ချင်ယွဲ့ယွဲ့ကို အနည်းငယ် ပူပန်စေခဲ့တယ်။ သူမအနေနဲ့ လင်းတုံဟဲက ဒီတစ်ကြိမ်မှာ အမှန်တကယ်လုပ်ချင်နေတာများလားလို့ စတင်ပြီး ခံစားရလာတယ်။
သို့ပေမဲ့လည်း လူအများစုက သူ့ကိုဖြောင့်ဖြအောင်လုပ်ဖို့ သူမမှာ နည်းလမ်းမရှိဘူး။ ဒါပေမဲ့ ဆုဆုနဲ့ လင်းချွမ်တို့ကတော့ ကွာရှင်းဖို့ကို တားဆီးလိမ့်မယ်လို့ အနည်းငယ်ယုံကြည့်နေခဲ့တယ်။
လင်းတုံဟဲကသာ လက်ခံသရွေ့ သူမက သူမရဲ့မိဘတွေကို အနာဂတ်မှာ ပိုက်ဆံလာတောင်းဖို့အတွက် မလာခိုင်းတော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပိုက်ဆံတွေကို သူမဘာသာ စုဆောင်းပြီး သူတို့ဆီကို ပြန်ပို့လိုက်မယ်။
သို့သော်လည်း အရာအားလုံးက သူမ မျှော်လင့်သလိုမျိုး ဖြစ်မလာခဲ့ဘူး။
လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သူမက သူမရဲ့မိဘတွေကို အတတ်နိုင်ဆုံး ကောင်းမွန်စွာစားသောက်နိုင်ရန် ကြိုးစားပေးခဲ့တယ်။
သူမက ကျောင်းမှာရှိတဲ့ ကန်တင်းမှာသာ စားသောက်ခဲ့ပေမဲ့ သူမရဲ့ မိဘတွေကိုတော့ အရသာရှိတဲ့ ဟင်းတွေကို အိမ်မှာ ချက်စားစေခဲ့တယ်။
ဒါပေမယ့် သူတို့တွေက သုံးရက်မပြည့်သေးခင်မှာပဲ ယွမ်နှစ်ဆယ်ကုန်အောင် သုံးစွဲခဲ့ကြလေတယ်။
သိတဲ့အတိုင်း ယွမ်နှစ်ဆယ်ဆိုတာက ချင်ယွဲ့ယွဲ့အတွက်တော့ တစ်လလုံးသုံးစွဲနိုင်တဲ့ပမာဏပဲ။ နောက်ပြီး ဒီအခြေအနေအောက်မှာဆိုရင် သူမစားချင်တာမှန်သမျှကိုတောင် စားနေလို့ရတယ်။
ချင်ယွဲ့ယွဲ့အနေနဲ့ သူမရဲ့မိဘတွေက အကြာကြီးနေမှ နောက်ဆုံးမှာ အချိန်ခဏတာလောက် ရောက်လာတာပဲဆိုပြီး သူတို့ကို တချို့လောက်ထောက်ပံ့ပေးသင့်တယ်၊ အရသာရှိတဲ့အစားအသောက်တွေနဲ့ ပျော်စရာတချို့တို့ရဲ့ အတွေ့အကြုံကို ပေးသင့်တယ်လို့ ခံစားခဲ့ရပေမဲ့လည်း...
သူမရဲ့ မိသားစုက မြို့တော်မှာနေထိုင်တယ်ဆိုပေမဲ့ မြို့တော်အသေးလေးသာဖြစ်ပြီး Xမြို့တော်လိုမျိုး ကြွယ်ဝပေါများဖို့တော့ အဝေးကြီးလိုသေးတယ်ဆိုပေမဲ့လည်း..
သူမရဲ့မိဘတွေက သူမရဲ့ပိုက်ဆံတွေကို ဒီလောက်အများကြီးသုံးဖြုန်းလိုက်လိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့ဘူး။ တကယ်လို့ လင်းတုံဟဲသာ ပြန်မလာဘူးဆိုရင် သူမရဲ့လက်ထဲမှာ ပိုက်ဆံတွေကျန်ရှိတော့မှာမဟုတ်ဘူး။
လင်းတုံဟဲက စီးပွားရေးအဆင်ပြေလာပြီး အိမ်တစ်လုံးဝယ်ယူပြီးကတည်းက ချင်ယွဲ့ယွဲ့က လူချမ်းသာလက်သစ်တစ်ယောက်လိုမျိုး ပစ္စည်းတွေ ဝယ်ယူရတာက ဘယ်လောက်ထိကောင်းလဲဆိုတာကို သိလာခဲ့ပြီး သုံးဖြုန်းခဲ့တာကြောင့် သူမရဲ့လက်ထဲမှာ ပိုက်ဆံတွေ စုဆောင်းထားခြင်း မရှိဘူး။ ဒါကြောင့် အခုချိန်မှာ ပိုက်ဆံမရှိဘဲ ဘာလုပ်နိုင်မလဲဆိုတာကို သူမ အမှန်တကယ် မသိခဲ့ဘူး။
သူမ အနည်းငယ် ကြောက်ရွံ့ထိတ်လန့်လာခဲ့တယ်။ ဒီအချိန်ကျမှ ကောင်းမွန်တဲ့ဘဝဆိုတာက အမျိုးသားတွေကြောင့်ပဲဆိုတဲ့ စကားကို သူမ နားလည်လာရတယာ။
ထိုလူသာ ထွက်ခွာသွားမယ်ဆိုရင် သူမဆီမှာ ဘာတစ်ခုမှ မကျန်ရှိတော့ဘူး။
ထို့နောက်မှာတော့ သူမရဲ့မိဘတွေကသူမကို ဆွဲဖမ်းပြီး ကွမ်းမိသားစုဆီကနေ ပိုက်ဆံတွေ သွားတောင်းဖို့ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ သုံးဖြုန်းစရာ ပိုက်ဆံမကျန်ရှိတော့ဘူး။
ဒါပေမယ့် ဝယ်ယူချင်တဲ့ အဝတ်အစားတွေ အများကြီး ရှိနေသေးတယ်။ အဆုံးမှာ သူတို့ရဲ့သားမက်က စက်ရုံပိုင်ရှင်ဖြစ်တာကြောင့် ထိုအာဏာကိုအသုံးပြုပြီး ချေးယူနိုင်လိမ့်မယ်။
ချင်ယွဲ့ယွဲ့က ကွမ်းမုသားစုအိမ်သို့ မသွားလိုတာကြောင့် သူတို့တွေက သူမကို အထင်အမြင်သေးစွာ ပြောဆိုခဲ့ကြတယ်။ သူတို့က အထင်သေးရုံတင်မကဘဲ သူမကို အတင်းအကြပ် တွန်းပို့ချင်ခဲ့ကြတယ်။
ချင်ယွဲ့ယွဲ့က ငြင်းဆန်ခဲ့တော့ သူမရဲ့ မိဘတွေက ဖိအားပေးပြီး ကြိမ်းမောင်းပြောဆိုကာ သူမကို အိမ်ထဲမှ တွန်းထုတ်ခဲ့ကြတယ်။ သူတို့တွေက သူမကို တစ်ယောက်ယောက်ဆီကနေ ပိုက်ဆံတောင်းယူလာခဲ့ဖို့ ပြောကာ ပိုက်ဆံမရပါက အိမ်ကိုပြန်မလာဖို့ ပြောခဲ့ကြတယ်။
ဒီအချိန်ကျမှ ချင်ယွဲ့ယွဲ့က မိသားစုဆက်ဆံရေးဆိုတာက ပိုက်ဆံလောက် မကောင်းကြောင်း ရုတ်တရက်သဘောပေါက်သွားခဲ့တယ်။
သူတို့က သူမကိုသမီးတစ်ယောက်အနေနဲ့မဆက်ဆံခဲ့ကြဘူး။ သူတို့ လိုတဲ့အချိန်တိုင်း ပိုက်ဆံထုတ်ပေးနိုင်တဲ့ ငွေရှာနွားအဖြစ်သာတွေးခဲ့ကြတယ်။
မဟုတ်ဘူး သူမ လင်းတုံဟဲကို ဆုံးရှုံးသွားလို့မရဘူး။ သူသာ မရှိရင် သူမဆီမှာ ဘာတစ်ခုမှ မကျန်ရစ်တော့ဘူး။