← Chapters

အခန်း (၁၅၁)

Vol. 16 Ch. 151

အခန်း (၁၅၁)

Vol. 16 Ch. 151

လင်းဟိုင် ဆုဆုကို ထိုအကြောင်းတွေကို ပြန်ပြောပြခဲ့တယ်။

“မရီး .. စိတ်မဆိုးနဲ့နော်.. တကယ်လို့ မရီး စိတ်ဆိုးသွားရင် အစ်ကိုကြီးက ကျွန်တော့်ကို ဒေါသထွက်သွားလိမ့်မယ်.. ကြည့်လေ.. အခုတောင် သူက ကျွန်တော့်ကို အပြင်ကနေ စိုက်ကြည့်နေပြီ”

ဒီနေ့က တနင်္ဂနွေနေ့ပဲ။ ဒါကြောင့် လင်းဟိုင်က ဒီနေ့မှာ ကလေးကိုလာကြည့်ဖို့အချိန်ရှိတဲ့အတွက် အိမ်ကိုရောက်လာခဲ့တယ်။

သူက အချိန် ခဏလောက်နေပြီး နေ့လည်စာစားပြီးနောက် ပြန်လည်ထွက်ခွာသွားဖို့ လုပ်နေခဲ့တယ်။ နောက်ဆုံးတော့ လင်းတုံဟဲက နေရာမှာမရှိဘူးလေ။ ဒီတော့ စက်ရုံကို ညွှန်ကြားဦးဆောင်ဖို့အတွက် သူ့ကိုပဲအားကိုးရလိမ့်အယ်။ ဒါ့အပြင် သူက ကုန်ပစ္စည်းတွေကို ပေးပို့ရန်လည်း ရှိသေးတယ်။ ဒါကြောင့် အတော်လေး အလုပ်ရှုပ်နေခဲ့တယ်။

လင်းချွမ်က ငါးတစ်ကောင်ဝယ်လာခဲ့ပြီး အပြင်ဘက်မှာ ငါးရဲ့ အကြေးခွံကိုခြစ်နေခဲ့တယ်။ သူလုပ်ပြီးသွားလို့ ပြန်လာချိန်မှာ လင်းဟိုင်ရဲ့စကားတွေကိုကြားလိုက်ရပြီး ပြန်ပြောလိုက်တယ်။

“တခြားလူတွေရဲ့ အတင်းအဖျင်းတွေကိုပြောမနေနဲ့.. မီးဖိုလိုက်တော့.. ငါ ငါးစတူးချက်လိုက်မယ်”

“ကောင်းပါပြီ အစ်ကိုကြီး.. ဒါနဲ့..  ဒီဆောင်းရာသီ အားလပ်ရက်မှာ ကျွန်တော် အိမ်ပြန်ချင်လို့.. ကျွန်တော် ညီလေးတွေကိုလွမ်းနေပြီ”

လင်းဟိုင်က အိမ်ကိုမပြန်ရတာ အချိန်အတော်ကြာနေပြီဖြစ်လို့ အိမ်အကြောင်းကို အမှန်တကယ် စဥ်းစားနေပြီ။

“အဆင်ပြေသားပဲ.. စက်ရုံက အားလပ်ရက်ရှည်ပေးတဲ့အချိန်ကျရင် မင်းကျောင်းတက်နိုင်တယ်လို့ ငါတွေးထားတာ.. ဒါပေမယ့် ငါတို့ အိမ်က အတော်လေးကြီးတော့ ပိတ်ရက်တွေမှာ သူတို့တွေကိုဒီမှာ ရက်နည်းနည်းလောက်လာနေခိုင်းရင်လည်း အဆင်ပြေတာပဲ..

ဘာပဲဖြစ်ဖြစ် ဆောင်းရာသီက ဘာမှလည်း လုပ်စရာမရှိဘူးလေ..  မိသားစုဝင်တွေရောက်လာရင် အန်တီယဲ့ကိုလည်း အိမ်မှာပြန်နေဖို့ အနားပေးထားလို့ရတယ်.. ရက်နည်းနည်းလောက် နှောင့်နှေးသွားတာက ဘာမှ မဖြစ်ပါဘူး”

ဆုဆု တံခါးဘေးမှာရပ်ရင်း ပြောလိုက်တယ်။

ကလေးက ခန်ပေါ်မှာ အိပ်ပျော်သွားပြီဖြစ်လို့ ဆုဆုက ထိုင်ရာက ထနိုင်ကာ အခန်းတံခါးပေါက်နားမှာ ရပ်ရင်းပြောလာတယ်။ သူမက သူတို့နဲ့ စကားပြောရင်း ကလေးကိုလည်း ချော့သိပ်ခဲ့တာဖြစ်လေတယ်။ ကလေး နိုးလာမယ်ဆိုရင် အခန်းထဲကိုပြန်သွားပြီ နောက်တစ်ခါ ထပ်မံချော့သိပ်ကာ အိပ်ခိုင်းလိမ့်မယ်။

“ကောင်းပြီ၊ ဒါဆိုရင် ကျွန်တော် သူတို့ကို စာအုပ်တွေ၊ အဝတ်အစားတွေဝယ်ဖို့ ခေါ်လာခဲ့လိုက်မယ်၊ အဲဒီကောင်လေးနှစ်ယောက်က တစ်နေ့လုံး စာကျက်ဖို့ကိုပဲသိပြီး တုံးအနေကြပြီ”

“ မင်းလိုပဲလို့ပြောသင့်တယ်.. တောရိုင်းထဲက မျောက်တွေလိုပဲ”

လင်းချွမ်က  မဆိုင်းမတွ သူ့ရဲ့ညီဖြစ်သူကို ထိုးဖောက်လိုက်တယ်။

လင်းဟိုင်က နှုတ်ခမ်းထော်ပြီး ပြောလာတယ်။

“အမေပြောတာတော့၊ အစ်ကိုကြီးက ကျွန်တော့်ထက်တောင် ပိုပြီး တုံးအခဲ့သေးတယ်တဲ့”

“မင်း  ငါးမစားချင်ဘဲပြန်သွားချင်လို့လား”

  လင်းချွမ်က အိုးထဲသို့ ငါးတွေထည့်ရင်း ပြောလာတယ်။

လင်းဟိုင်ကတော့ သူ့ကိုလုံးဝမကြောက်တော့ဘဲ သူ့ရဲ့မရီးရှေ့သို့ ပြေးလာထိုင်ကာ ဖရဲစေ့တွေကို ကောက်ယူစားလိုက်တယ်။

“မရီး.. သူတို့နှစ်ယောက် တကယ်ကွာရှင်းနိုင်မယ်ထင်လား”

“ငါလည်း မသိဘူး”

သူတို့နှစ်ယောက်က အမျိုးသားဇာတ်လိုက်နှင့်၊  အမျိုးသမီး ဇာတ်လိုက်တွေဖြစ်နေတဲ့အတွက် ပြောရခက်တယ်။

“ကျွန်တော်ကတော့ ဖြစ်နိုင်မယ်လို့ထင်တယ်၊ မရီးမသိလို့ .. ချင်ယွဲ့ယွဲ့ရဲ့မိဘတွေက ဒုတိယအစ်ကိုကို ငွေရှာနွားမတစ်ကောင်လို ဆက်ဆံနေကြတာ.. ဒုတိယအစ်ကိုက စက်ရုံကို ဂရုစိုက်နေရမယ်ဆိုတာကို သူတို့မသိဘူး..

ကျွန်တော်တို့ရဲ့ ပစ္စည်းတွေလည်း ရိုက်ခွဲခဲ့သေးတယ်..  နောက်တော့ ကျွန်တော်ရဲကို ခေါ်ဖို့ပြောတာနဲ့  ခြေထောက်နှစ်ချောင်းကိုအမြင့်ဆုံးမြှောက်ပြီး ကြောက်လန့်တကြားထွက်ပြေးသွားကြတယ်.. 

ဒီလို အရှက်မဲ့တဲ့လူတွေကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး..  ကံကောင်းလို့ ကျွန်တော့်ရဲ့အစ်ကိုက သူတို့သမီးနဲ့ လက်မထပ်ခဲ့တာပဲ.. မရီး.. မရီးက ကျွန်တော့်ရဲ့အစ်ကိုကြီးကို ကယ်တင်ဖို့အတွက် ဘုရားသခင်က လွှတ်ပေးလိုက်တာပဲဖြစ်ရမယ်”

လင်းဟိုင်ကရယ်ရယ်မောမောနှင် ပြောလိုက်ပေမယ့် သူ့ရဲ့မရီးကို ခဏလောက် ကြည့်ပြီး ထပ်မံ ပြောလိုက်ပြန်တယ်။

“ကျွန်တော် တကယ်ကြီး အဲလို တွေးမိနေပြီ”

လင်းချွမ်က  မီးဖိုချောင်ထဲမှာ ချက်ပြုတ်ဖို့လုပ်နေရင်းနှင့်သူ့ညီရဲ့စကားကိုကြားတော့ အေးခဲသွားခဲ့တယ်။ တကယ်လို့ သူသာ ဆုဆုကို တောင်ပေါ်ကနေ မကောက်ယူခဲ့မိဘူးဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ?

သူ မသိဘူး။ ဒါပေမယ့် သူ့ရဲ့ ဒီဘဝမှာ ဘယ်တော့မှ ပျော်ရွှင်နိုင်တော့မှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

ထိုအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က တံခါးလာခေါက်သံကို ကြားတာကြောင့် လင်းဟိုင် အပြင်ဘက်သို့ ထွက်သွားပြီး လှမ်းအော်လိုက်တယ်။

“ဘယ်သူလဲ”

တစ်ဖက်မှ အသံမထွက်တာကြောင့် သူ ခြံတံခါးကို သွားဖွင့်လိုက်တယ်။

ထို့နောက်မှာတော့ သူ့ကို အလွန်အမင်း ရွံရှာစက်ဆုပ်သွားစေနိုင်တဲ့ မျက်နှာကို မြင်လိုက်ရလေတယ်။

အရင်တုန်းက သူတို့တွေ ရွာမှာရှိနေစဥ်တုန်းက သူမကို ကူညီပေးရချိန်မှာ သူမက အလွန် အရှက်မဲ့လှကြောင်း ခံစားမိခဲ့တယ်။ သူမက အရာအားလုံးကိုခိုင်းစေပြီး သူတို့လုပ်ပေးသင့်သလို ပြုမူနေတတ်လေ့ရှိတယ်။

သို့ပေမယ့် အဆုံးမှာ သူမက မိသားစုဝင်ဖြစ်လာမဲ့သူဖြစ်ပြီး မြို့ပေါ်မှ လာခဲ့သူတစ်ယောက်ဖြစ်တာကြောင့် အလုပ်မလုပ်နိုင်တာပဲလို့ တွေးခဲ့တယ်။ ဒါကြောင့် သူ မငြင်းဆန်ခဲ့ဘူး။

ဒါပေမယ့် အခု ပြန်တွေးကြည့်လိုက်တော့ သူမက သူ့တို့ကို အခိုင်းအစေလိုမျိုးသာ သဘောထားခဲ့တာဖြစ်တဲ့ပုံပဲ။

“မင်းဘာကိစ္စရှိလို့လဲ?”

“ချွမ်... လင်းချွမ် ဒီမှာ ရှိလား? ငါ သူနဲ့ ပြောစရာတစ်ခု ရှိတယ်”

“သူအခုမရှိဘူး”

“မဖြစ်နိုင်ဘူး”

ချင်ယွဲ့ယွဲ့က ခြံထဲကို အလျင်အမြန်ပြေးဝင်လာခဲ့တယ်။ လင်းဟိုင်အနေနဲ့ တစ်ဖက်က အမျိုးသမီးဖြစ်နေတာကြောင့် အတင်းအကြပ် ဆွဲမထုတ်နိုင်ခဲ့ဘူး။ ဒါကြောင့် သူက နောက်ကနေ အတင်းလိုက်ဝင်လာခဲ့ရုံသာတတ်နိုင်ခဲ့တယ်။ သူက လမ်းလျှောက်လာရင်းနဲ့ ပြောခဲ့တယ်။

“ငါ  မင်းကိုပြောမယ်.. မင်းသာ ငါ့မရီးကို စိတ်ဆိုးအောင် လုပ်ဖို့ သတ္တိရှိရင် ငါ ချက်ချင်း ရဲခေါ်ပြီး မင်းကို ဖမ်းခိုင်းမယ်”

ချင်ယွဲ့ယွဲ့ရဲ့ နှလုံးသားထဲမှာတော့ ချဥ်တူးသွားခဲ့တယ်။  သူမက သူတို့မိသားစုရဲ့ သတို့သမီးလောင်းဖြစ်နေတုန်းက ထိုယောက်ျားလေးအနည်းငယ်က သူမနှင့်နီးစပ်ရန် အတွက် နည်းလမ်းအများကြီးကို သုံးခဲ့ကြတယ်။  ယခုတော့ သူမက သူတို့ရဲ့ ဝမ်းကွဲနှင့် လက်ထပ်လိုက်တာကြောင့် ဆက်ဆံမှုပုံစံက လုံးဝကွဲပြားသွားခဲ့ပြီ။

သူမ အခန်းထဲကို ဝင်လိုက်တော့ လင်းချွမ်က မီးဖိုခန်းထဲက ထွက်လာပြီး ဆုဆုကတော့ အခန်းဝနားမှာ မတ်တပ်ရပ်ကာ အေးစက်စွာစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။  နှုတ်ဆက်စကားတောင် မပြောနိုင်ခဲ့ကြဘူး။

သူမက ချင်ယွဲ့ယွဲ့ ဝင်လာနေတာကို တွေ့တော့ ကုလားထိုင်ကို ရွှေ့ပြီး အခန်းတံခါးပေါက်ရှေ့မှာ ထိုင်လိုက်တယ်။ သို့ပေမဲ့ လင်းဟိုင်က သူမကို မြန်မြန်ဆန်ဆန် ကူညီပြီး ထိုင်ခုံရွှေ့ပေးခဲ့တယ်။ သူ့ရဲ့ ချင်ယွဲ့ယွဲ့အပေါ်သဘောထားကလည်း သိပ်ပြီး  မကောင်းလှဘူး။

“ရဲဘော် လင်းချွမ်၊ ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာရှိတယ်”

ချင်ယွဲ့ယွဲ့ပြောလိုက်တယ်။

“မင်းမှာ ပြောစရာရှိရင် မြန်မြန်ပြော”

လင်းချွမ်က သူမနဲ့ စကားမပြောချင်ပေမယ့် သူ့ရဲ့ဇနီးသည် ဒေါသထွက်သွားမှာကို ကြောက်တာကြောင့် အချိန်ခဏလောက် ထိန်းထားခဲ့တယ်။

ချင်ယွဲ့ယွဲ့: “တုံဟဲက ကျွန်မကို ကွာရှင်းချင်နေတယ်၊ သူက အခု ရွာကနေ အတည်ပြုစာကို ယူလာပြီး ကျောင်းကို လွှဲပေးမယ်လို့ ပြောနေတယ်”

“အရမ်းကောင်းတယ်.. အဲလိုဖြစ်နေရမယ်”

လင်းချွမ်က ခေါင်းညိတ်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ဝမ်းကွဲညီရဲ့ လုပ်ရပ်တွေက သိပ်ပြီးစိတ်ပျက်စရာမကောင်းကြောင်း ခံစားလိုက်ရတယ်။

ချင်ယွဲ့ယွဲ့ရဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းသွားခဲ့ရတယ်။ သူမက ပါးစပ်ကို ဖွင့်ပြီး  လင်းချွမ်ကို ပြန်လည်ဖြောင်းဖြခိုင်းဖို့ ပြောမဲ့စကားတွေက မပြောရလိုက်ရဘဲ ရပ်တန့်ခံလိုက်ရတယ်။

တစ်ဖက်မှာတော့ ကစားပွဲကြည့်ဖို့ ပြင်ဆင်နေတဲ့ ဆုဆုတစ်ယောက် ရယ်မောလိုက်မိတယ် ။ သူမရဲ့ယောက်ျားက ဒီလောက်ထိရက်စက်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။ မဟုတ်သေးဘူး။ သူက ရိုးသားလွန်းတာပဲ။  တကယ်ကို ဖြောင့်ဖြောင့်တန်းတန်းပဲပြောတတ်တယ်။

ချင်ယွဲ့ယွဲ့က ခေါင်းကိုလှည့်ပြီး ဆုဆုကို မကျေမနပ် စိုက်ကြည့်လိုက်တယ်။

“သူက အခု သွေးဆူပြီး လုပ်နေတာဆိုတော့ သူ့ကို စိတ်အေးအေးထားပြီး ကွာရှင်းတာကိုရုတ်သိမ်းဖို့အတွက် ဖြောင်းဖြေပေးဖို့ လူတွေလိုနေတယ်..  ကျွန်မက ရှင်တို့တွေ လင်းတုံဟဲကို ကူပြီး ဖြောင်းဖြပေးလိမ့်မယ်လို့ မျှော်လင့်မိတယ်..

ဟိုတုန်းက ကျွန်မ သူ့အပေါ် အတော်လေး တုံးအမိုက်မဲတဲ့အရာတွေ အများကြီးလုပ်ခဲ့မိတယ်... ကျွန်မ  ကိုယ့်ကိုယ်ကိုယ် သတ်သေမိလုနီးပါးပဲ..  ကျွန်မက အခု သူနဲ့ လက်ထပ်ထားပြီးသားဖြစ်နေပြီလေ.. ဒါကြောင့် သူသာ အခုချိန်မှာကျမှ ကျွန်မကို မလိုချင်တော့ဘူးဆိုရင် လင်းမိသားစုရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်သွားစေမှာပဲ.. ဟုတ်တယ်မလား”

“မထိခိုက်ပါဘူး .. လင်းတုံဟဲတစ်ယောက်ပဲ မင်းကို စိတ်ဝင်စားတာ”

လင်းချွမ်က ထိုသို့ပြောပြီးတာနဲ့  မီးဖိုချောင်ထဲသို့ဝင်ကာ ဟင်းကို  ပန်းကန်ထဲသို့ ထည့်ပြီး သူမကို နှင်ထုတ်ရန် အသင့်ဖြစ်နေပြီ။

ချင်ယွဲ့ယွဲ့က  ဒီအခွင့်အရေးကိုယူပြီး ဆုဆုကို လှမ်းပြောခဲ့တယ်။

“ ဆုဆု နင်ငါ့ကို နားလည်မှုလွဲတာတွေ ရှိနေတယ်ဆိုတာ ငါသိပါတယ်၊ အတိတ်ကို မေ့လိုက်ကြရအောင်၊  ဒါပေမယ့် အခုငါနဲ့...”

“ဘာလို့ မေ့လိုက်ရမှာလဲ? ဘာတွေကို မေ့ထားလိုက်ရမှာလဲ? နင် ငါ့ကို ဘယ်လိုတောင်မှ လာပြီး တောင်းဆိုရဲနေတာလဲ? နင် အရင်တုန်းက ကွမ်း မိသားစုရဲ့ ချွေးမအဖြစ်နဲ့ ငါ့ကို ဖိနှိပ်ခဲ့ဖူးတာကို မေ့ပစ်လိုက်ရမှာလား?

ငါကတော့ နင်တို့ကွာရှင်းလိုက်တာကို မြင်ချင်နေတာ..  ဒီလိုဆိုရင် နင်က ခေါင်းဆောင်ကွမ်းရဲ့ချွေးမဆိုပြီး ငါ့ကိုဖိနှိပ်ပြီး အထင်သေးနေလို့ရတော့မှာ မဟုတ်ဘူးလေ.. 

ငါက ဒီကမ္ဘာကြီးတစ်ခုလုံးကို လိုက်ပြီး ထောက်ပံ့ကူညီမနေနိုင်ဘူး.. ငါ့ရဲ့ဘဝကိုပဲ ကောင်းကောင်းမွန်မွန်နေမှာ”

သူမရဲ့ ခင်ပွန်းသည်က မယဉ်ကျေးခဲ့တာကြောင့် သူမကလည်း စကားပြောဖို့ စိတ်အားထက်သန်မနေခဲ့ဘူး.

ဒါ့အပြင် သူမအနေနဲ့ ချင်ယွဲ့ယွဲ့ရဲ့ အရှက်မရှိမှုကို တကယ်ပဲ နားမလည်ဘူး။

“နင်  ဘယ်လိုလုပ်ပြီး ဒီလိုစကားတွေပြောနေနိုင်တာလဲ၊ အချိန်တိုင်းမှာ ဘာလို့  စိတ်ငြိမ်းငြိမ်းချမ်းချမ်းမရှိနိုင်ရတာလဲ”

“နင်က သူများတွေကို အပြစ်တင်နေတုန်းပဲ..  နင်ဘာလို့ ငါ့ရဲ့နောက်ကွယ်မှာ နင်လုပ်ခဲ့တဲ့အကြောင်းတွေကို  မစဉ်းစားရတာလဲ.. ငါက စကားကောင်းကောင်း မပြောတတ်ပေမယ့် နင့်လိုတော့ ယုတ်မာတဲ့အလုပ်တွေမလုပ်ဘူး”

“နင်! ငါက ဒီနေ့ နင်တို့ရဲ့အကူအညီတောင်းဖို့ ရောက်လာတာ..ဒါပေမယ့် နင်က  ​ငါ့ကို လင်းတုံဟဲနဲ့ ဒီလောက်တောင် ကွာရှင်းစေချင်နေတာလား”

ချင်ယွဲ့ယွဲ့ ငိုကြွေးပြီးပြောလာတယ်။

“ဒါပေါ့  ငါကမျှော်လင့်နေတာလေ.. တကယ်လို့ နင် လင်းချွမ်ကို  လွှတ်လိုက်ရင်တောင် သူ့ကို ဘယ်တော့မှ ဖြောင်းဖြပေးမှာ မဟုတ်ဘူး၊  လင်းတုံဟဲကို ချက်ချင်း လုပ်ဖို့သာ ပြောလိုက်လိမ့်မယ်လို့ ငါယုံကြည်တယ်”

ဆုဆု ပြောပြီးနောက် လင်းဟိုင်ကလည်း ဝင်ပြောလာတယ်။

“အစ်ကိုကြီးက  ဘာလို့ သွားနေစရာလိုမှာလဲ.. သူ့ကို အိမ်မှာပဲ စောင့်နေခိုင်းလိုက်..  ဒုတိယအစ်ကိုကို ကျွန်တော်သွားပြောလိုက်မယ်”

သူက ပြောပြီးတာနဲ့ထွက်ခွာသွားတာကြောင့် ချင်ယွဲ့ယွဲ့ထိပ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ သူ့နောက်ကို လိုက်သွားခဲ့တယ်။

တကယ်လို့ တခြားကိစ္စတွေမရှိဘူးဆိုရင် သူ့ရဲ့ မိဘတွေက လင်းတုံဟဲကို အိမ်ထဲမှာ တားဆီးပိတ်ဆို့ပြီး ကွာရှင်းတာကို မလုပ်ဖို့ ဖြောင်းဖြနေလိမ့်မယ်။  လင်းဟိုင်သာ အိမ်ကို သွားခဲ့မယ်ဆိုရင် မီးထဲသို့ လောင်စာထည့်သလိုသာ ဖြစ်သွားလိမ့်မယ်။

ဒါပေမယ့် လင်းဟိုင်ရဲ့ ခြေလှမ်းကို သူမ ဘယ်လိုလုပ်ပြီး အမှီလိုက်နိုင်မှာလဲ။ 

သူမ လင်းမိသားစုအိမ်တံခါးကနေ ထွက်လိုက်တာနဲ့  တံခါးပိတ်သံကို ကြားလိုက်ရပြီး အထဲမှာ တံခါးကိသော့ခတ်လိုက်တဲ့အသံကိုပါးကြားခဲ့ရတယ်။

သူမကို ဒီလောက်တောင် မကြိုဆိုနိုင်ဖြစ်နေခဲ့တာလား?

သူမ ခဏလောက် တုံ့ဆိုင်းနေတဲ့ အခိုက်အတန့်အတွင်းမှာ  လင်းဟိုင်က သူမရဲ့အိမ်သို့ရောက်ရှိသွားခဲ့ပြီ။ တံခါးကို အပြင်ဘက်မှသော့ခတ်ထားခဲ့တယ်။

လင်းဟိုင် လှောင်မရယ်ဘဲ မနေနိုင်ဘူး။ သူတို့တွေက လင်းတုံဟဲနဲ့ မကွာရှင်းရစေဖို့ ဘယ်လောက်တောင် ကြိုးစားနေလိုက်ကြသလဲ။

ဒါပေမယ့် သူ မြေသားနိမ့်တဲ့နံရံဘက်ကနေ ခြံဝင်းထဲကို ခုန်ဆင်းလိုက်ချိန်မှာတော့ ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို တွေ့လိုက်ရလေတယ်။ လင်းတုံဟဲက သွေးတွေနှင့် ဖုံးလွှမ်းနေခဲ့ပြီး ခြံဝန်းရဲ့အလယ်မှာ လဲလျောင်းနေခဲ့တယ်။ အဖေချင်ကတော့ လက်ထဲတွင် တုတ်တစ်ချောင်းကို ကိုင်ထားကာ ထိတ်လန့်နေပုံရတယ်။

“ခင်ဗျား.. ခင်ဗျား...”

လင်းဟိုင်က အရှေ့ကို ငုံ့မကြည့်ရဲခဲ့ဘူး။ သူက နံရံပေါ်မှ  အပြင်ဘက်သို့  ပြန်လည် ခုန်ဆင်းလိုက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်တယ်။

“လူသတ်လိုက်ပြီ!”

ထို့နောက် ရဲစခန်းသို့ ဖုန်းဆက်ရန်အတွက် ရပ်ကွက် ကော်မတီရုံးသို့ ပြေးသွားခဲ့လေတယ်။

**

All Chapters