← Chapters

အခန်း (၁၅၃)

Vol. 16 Ch. 153

အခန်း (၁၅၃)

Vol. 16 Ch. 153

တံခါးအပြင်ဘက်က အမေချင်က ပြောလာတယ်။

“သူ့ကို ကယ်ပေးဖို့ လာပြီးတောင်းဆိုတာ မဟုတ်ပါဘူး၊ သူ့ကို ရိုက်နှက်လိုက်တဲ့သူက ငါ့ရဲ့ သမီး ချင်ယွဲ့ယွဲ့ဆိုတာကို သိစေချင်လို့ပါ..

သူက သူ့ယောက်ျား ကွာချင်ပြီးထားချင်တာကို မလိုချင်လို့ ဆွဲရင်းနဲ့ ရိုက်လိုက်မိတာ၊  ဒါက ငါတို့နဲ့ ဘာမှမသက်ဆိုင်ဘူး၊ မင်း ဒါကို ပြည်သူ့လုံခြုံရေး ဗျူရိုမှာ သက်သေထွက်ဆို ပေးသင့်တယ်”

“ပထမအချက်.. လင်းတုံဟဲကို ဘယ်သူ လုပ်ကြံတာလည်းဆိုတာကို ကျွန်တော့်ရဲ မျက်စိနဲ့ မမြင်ခဲ့ဘူး၊ မြင်တွေ့ခဲ့တဲ့သူက ကျွန်တော့်ရဲ့ညီပဲ၊ ကျွန်တော့်ရဲ့ညီက သူ့မျက်လုံးနဲ့ မြင်ခဲ့တာတွေကို အမှန်အတိုင်းပဲ သက်သေထွက်ဆိုပေးလိမ့်မယ်၊

ဒုတိယအချက် ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ညီပြောခဲ့သမျှက အမှန်တရားတွေပဲဆိုတာကို ယုံကြည်တဲ့အတွက် ပြည်သူ့လုံခြုံရေးဗျူရိုကို သွားပြီး မဟုတ်မမှန်တဲ့စကားတွေကို သွားရောက်ထွက်ဆိုပေးမှာမဟုတ်ဘူး၊

လင်းတုံဟဲကို ဘယ်သူ ရိုက်နှက်ခဲ့တာလဲဆိုတာကို လူတိုင်းသိတယ်၊ ဒါ့အပြင်  ရဲဘော် ချင်ယွဲ့ယွဲ့ဆီမှာ မျက်မြင်သက်သေအထောက်အထားတွေရှိနေတယ်၊

တတိယအချက်.. ခင်ဗျား နေရာမှားပြီး လာရှာနေတာပဲ.. ကျွန်တော်တို့မိသားစုနှစ်ခုက ဆွေမျိုးတော်စပ်မှုမရှိဘူး၊ ဒီတော့ ကျွန်တော်က ခင်ဗျားဆီကနေ ဘာကြောင့်အခုလို အရိုအသေပြုတာကို လက်ခံရမှာလဲ”

သူက စကားတစ်ခွန်းချင်းစီတိုင်းကို ရှင်းလင်းပြတ်သားစွာ ပြောခဲ့ပြီး အနီးအနားမှ လူတွေဆီကို လှမ်းကြည့်လိုက်ပြန်တယ်။

“ဒီအမျိုးသမီးက ကျွန်တော်တို့မိသားစုနဲ့ ဘာမှမသက်ဆိုင်ပါဘူး၊ ဒါပေမယ့် သူမရဲ့ ခင်ပွန်းသည်က ကျွန်တော့်ရဲ့ ဝမ်းကွဲညီကို ရိုက်နှက်ခဲ့ပြီး အခု သူမက ကျွန်တော်တို့အိမ်တံခါးရှေ့မှာ အခုလို ဒူးထောက်ပြီး တောင်းပန်နေတယ်..

သူမက တံခါးရှေ့မှာ သေတဲ့အထိ အရိုအသေပြုနေတာပဲဖြစ်ဖြစ်  ဒါမှမဟုတ် ကျွန်တော်တို့ကို တမင်တကာ ပြသနာလာရှာနေတာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဂရုစိုက်မှာမဟုတ်ဘူး”

သူက ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားခဲ့တယ်။

“မသွားပါနဲ့..  ငါ့သမီး အရင်တုန်းက မင်းနဲ့ လက်ထပ်ဖို့ သဘောတူညီမှုရှိခဲ့တယ်လေ...”

“မင်းက စကားကိုရှေ့နောက်မညီပြောနေတာပဲ..   တစ်ယောက်ယောက်က မင်းရဲ့သမီးနဲ့ စေ့စပ်ထားလို့ဆိုပြီး မင်းရဲ့သမီးကို လူရိုက်မှုနဲ့ တိုင်ကြားဖို့ ခိုင်းနေတာလား”

ဖြတ်သွားဖြတ်လာ တစ်ယောက်ကပြောလာတယ်။

လင်းချွမ်က ချက်ချင်းပဲ ပြောလိုက်တယ်။

“ခင်ဗျားရဲ့ သမီး အဲဒီအချိန်တုန်းက လက်ထပ်ပွဲကို ပယ်ဖျက်လိုက်ကတည်းက ကျွန်တော်တို့ကြားမှာ ဘာမှ မသက်ဆိုင်တော့ဘူး၊ နောက်ပြီး အခု ကျွန်တော်က အိမ်ထောင်ကျပြီးပြီ၊ ဒီလိုအထင်လွဲစရာစကားမျိုးကို ဒီနေရာမှာ လာပြောနေတာက ခင်ဗျား ဘာကို ဆိုလိုတာလဲ”

“ဒါဆို မင်းက  ငါ့ကို ဘာလုပ်စေချင်တာလဲ .. ငါတို့မိသားစု နှစ်စုက သူငယ်ချင်းတွေ...”

“ဟင့်အင်း၊ ကျွန်တော်တို့ဆီမှာ ဘယ်လိုခင်မင်ရင်းနှီးမှုမှ မရှိဘူး၊ ခင်ဗျားတို့က မြို့ထဲမှာ သွားနေနိုင်ဖို့အတွက် ခင်ဗျားတို့ရဲ့သမီးနဲ့ အလဲအလှယ်လုပ်ခဲ့တာလေ”

လင်းချွမ်က ရယ်မောလိုက်ပြီး အရာအားလုံးကို ရှင်းပြပြီးသွားပြီဖြစ်လို့ တံခါးကို ပိတ်လိုက်တယ်။

အမေချင်:  “မင်းငါ့ကိုမကူညီဘူးဆိုရင် ငါ မင်းရဲ့ အိမ်တံခါးရှေမှာ ဆက်ပြီးနေမှာ”

လင်းချွမ်:  “ခင်ဗျားဘက်က ကျိုးကြောင်းမညီညွတ်ဘုးဆိုမှတော့ ကျွန်တော့်အနေနဲ့ ရဲစခန်းကိုပဲ သွားရတော့မှာပဲ”

  လင်းချွမ်က သူ့ရဲ့ဇနီးသည် ကြောက်လန့်နေမှာကို စိတ်ပူတာကြောသ့် ခြံတံခါးကို သော့ခတ်လိုက်ပြီး အပြင်ကို ထွက်လာခဲ့တယ်။

အမေချင်က  သူ တံခါးပိတ်ပြီး အိမ်ထဲမှထွက်လာတာကိုမြင်တော့ စိတ်ပြောင်းသွားလောက်ပြီလို့ ထင်ခဲ့တယ်။ သို့ပေမယ့် လင်းဟိုင်က ရဲကိုတိုင်ကြားဖို့ သွားတုန်းကလည်း ထိုနေရာဘက်ဆီကို သွားခဲ့တာဖြစ်ကြောင်းကို သတိရသွားခဲ့တယ်။

“မင်း  ဘယ်ကိုသွားနေတာလဲ?”

သူမက အလွန်ထိတ်လန့်သွားခဲ့ပြီး နောက်ကနေ အလျင်အမြန် လိုက်သွားခဲ့တယ်။

“ခင်ဗျားက  ကျွန်တော်တို့ကို  တံခါးပေါက်နားအထိ လာပြီးခြိမ်းခြောက်နေတဲ့အတွက် ကျွန်တော့်ဘက်ကလည်း ရဲကို ခေါ်လို့ရတယ်”

စစ်သားတစ်ယောက်အနေနှင့် လင်းချွမ်က အခုလိုအချိန်မျိုးမှာ သူကိုယ်တိုင်မဖြေရှင်းတာအကောင်းဆုံးဖြစ်ကြောင်းကိုသိထားတယ်။  တစ်ပါးသူရဲ့အာဏာတွေကို ချေးယူသုံးတာက အကောင်းဆုံးဖြစ်လိမ့်မယ်။

နောက်ပြီး ဒီလိုမျိုး ကျိုးကြောင်းမသင့်လျော်တဲ့လူမျိုးက ရိုးရှင်းပြီး ကြမ်းတမ်းတဲ့နည်းကသာ အကောင်းဖြစ်လိမ့်မယ်။

လင်းချွမ်က ဆက်သွားနေတာကိုမြင်တော့ အမေချင်က ထွက်ပြေးချင်ခဲ့ပေမဲ့ လင်းချွမ်က ဘေးနားမှလူတွေကို အကူအညီတောင်းခဲ့တယ်။

“ကျေးဇူးပြုပြီး သူမကို တားထားပေးပါဦး..  ရဲတွေက ချက်ချင်းရောက်လာလိမ့်မယ်”

“ဟင့်အင်း .. မတားနဲ့ ငါ ငါ့ရဲ့သမီးကို လိုက်ရှာရမယ်”

သူမက နည်းလမ်းရှာဖို့အတွက် ချင်ယွဲ့ယွဲ့ကို သွားရှာချင်ခဲ့တယ်။ အဆုံးမှာ သူမက ကောလိပ်ကျောင်းသူတစ်ယောက်ပဲလေ။ သို့ပေမယ့် သူမ တွန်းရင်း ဆွဲရင်းနဲ့ ချင်ယွဲ့ယွဲ့ရဲ့ အိမ်ကို ရောက်တော့ သော့ခတ်ထားတာကို တွေ့ခဲ့ရတယ်။ သူမရဲ့သမီးက အိမ်မှာ ရှိနေပေမယ့် သူမကို အဝင်မခံခဲ့ဘူး။

အမေချင်က အပေါက်ဝကနေ အော်ဟစ်ခဲ့တယ်။

“ချင်ယွဲ့ယွဲ့၊ မင်းက ပိုက်ဆံတွေဆုံးရှုံးသွားရလို့ စိတ်လွတ်သွားတာလား.. မင်းက မင်းရဲ့အဖေကို မကူညီဘဲ အိမ်ထဲမှာပုန်းနေသေးတယ်! အပြင်ကို မထွက်လာနိုင်ဘူးလား! တံခါးကိုချက်ချင်းဖွင့်လိုက်!  ဒါမှမဟုတ်ရင် ငါ မင်းရဲ့ကျောင်းကိုသွားပြီးတော့ မင်းကို ဝတ္တရားမကျေပွန်မှုနဲ့တိုင်တမ်းလိုက်မယ်!”

ချင်ယွဲ့ယွဲ့က အိမ်ထဲမှ လှမ်းပြောလာတယ်။

“သွား.. အမေတို့က ကျွန်မဆီက  တစ်ချိန်လုံး ပိုက်ဆံတောင်းဖို့ပဲ တွေးနေခဲ့ကြတာမဟုတ်ဘူးလား..  ကျွန်မတို့ အဆင်ပြေတဲ့အချိန်တုန်းကတော့  ရှင်တို့က ပြသနာတွေဖြစ်လာတဲ့အထိ ကျွန်မရဲ့ခင်ပွန်းသည်ကို ရှင်တို့အတွက် အိမ်ဝယ်ခိုင်းတယ်.. အရွယ်မရောက်သေးတဲ့ မောင်လေးနှစ်ယောက်အတွက်တောင် အိမ်တစ်လုံးစီ ဝယ်ခိုင်းခဲ့တယ်..

အခု ကျွန်မရဲ့ ခင်ပွန်းသည်က ရှင်တို့ကြောင် ဒေါသထွက်သွားလို့ ကျွန်မကိုကွာရှင်းချင်နေပြီ.. ဒီအချိန်ကျတော့ ရှင်တို့က သူ့ရဲ့ခေါင်းကို ရိုက်ခဲ့ကြတယ်..

အခု ကျွန်မတို့ကွာရှင်းလိုက်ရပြီ.. ရှင် အခုကျေနပ်သွားပြီလား..  မဟုတ်ဘူး၊ ရှင်တို့တွေ မကျေနပ်ချင်သေးဘူး .. ကျွန်မကို ထောင်ထဲကိုရောက်တဲ့အထိ ပို့ချင်နေကြတယ်..  ကျွန်မလည်း လူသားတစ်ယောက်ပဲ၊ ကျွန်မမှာလည်း နှလုံးသားရှိပါတယ်”

ချင်ယွဲ့ယွဲ့က အလွန်ထက်မြက်တယ်လို့ ဆိုနိုင်တယ်။  သူမက သူမကိုယ်သူမ အလွန်ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပုံရိပ်ကို ချက်ချင်းဖန်တီးခဲ့တယ်။

သူမက သူမရဲ့မိဘတွေအတွက် အကောင်းဆုံးလုပ်ပေးခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့မိဘတွေက သူမရဲ့ဘဝကို ပျက်စီးသွားစေခြင်းနှင့်သာ အဆုံးသတ်သွားခဲ့တယ်။

လူတိုင်း  သူမရဲ့ စကားတွေကိုကြားပြီးနောက် သူမကို သနားစပြုလာကြတယ်။

လင်းချွမ်က လမ်းဘေးတစ်ဖက်မှာရပ်ပြီး ဆေးလိပ်သောက်ရင်းနှင့် ခွေးတွေလို အချင်းချင်းကိုက်ခဲမှုကြောင့်  ဆူးပေါ်မှာထိုင်နေရသလိုဖြစ်နေတဲ့ အမေချင်ဘက်သို့ စိုက်ကြည့်နေခဲ့တယ်။

“တံခါးကို မြန်မြန်ဖွင့်လိုက်စမ်း! မင်း ငါ့ရဲ့မျက်နှာကို ဂရုမစိုက်ဘူးဆိုရင်တောင် မင်းရဲ့မောင်လေးနှစ်ယောက်ကို ကြည့်ပေးသင့်တယ်”

“ကျွန်မက ငယ်ငယ်လေးကတည်းက သူတို့အတွက် အရာအားလုံးကိုပေးခဲ့ရတယ်.. သူတို့အတွက်ကြောင့်အထက်တန်းကိုတောင် ဆက်မထားနိုင်တော့ဘူးဆိုလို့ ကောလိပ်ကိုရောက်တဲ့အထိ ကိုယ့်ဘာသာကိုယ်ကြိုးစားပြီး တက်ခဲ့ရတယ်..

ကျွန်မ ကောလိပ်ကိုဝင်ခွင့်ရလို့ အိမ်ကိုပြန်ရောက်လာတဲ့အချိန်တုန်းက ရှင်တို့ ပထမဆုံးပြောခဲ့တဲ့ စကားက  ဘာလဲဆိုတာကို မှတ်မိသေးရဲ့လား?

ကျွန်မရဲ့ ကောလိပ်ဝင်ခွင့်ကို အကြီးဆုံးမောင်လေးဆီကို ပေးလိုက်တဲ့လေ.. တကယ်လို့ လိင်အမျိုးအစား ကွဲပြားပြီး သူက အသက် ငယ်လွန်းသေးတာကြောင့်သာမဟုတ်ရင် အခုချိန်မှာ ကျွန်မကောလိပ်ရဲ့တံခါးရှေ့ကိုတောင် မရောက်နိုင်ခဲ့မှာကို  ကြောက်မိတယ်”

ချင်ယွဲ့ယွဲ့က ငိုယိုပြီး ပြောနေခဲ့ပေမဲ့ တံခါးကိုမဖွင့်ပေးခဲ့ဘူး။

အမေချင်က  အလွန်ထိတ်လန့်နေပြီဖြစ်ကာ ထွက်ပြေးချင်နေခဲ့တယ်။  သူမအနေနဲ့  X မြို့တော်မှာ ဘယ်သူကိုမှ မသိတာကြောင့် တခြားလူရဲ့အိမ်ထဲသို့လည်းမဝင်နိုင်တဲ့အတွက် ထွက်ပြေးရုံသာတတ်နိုင်လိမ့်မယ်။

သို့ပေမယ့် လင်းချွမ်က ပြောလာတယ်။

“ခင်ဗျားထွက်ပြေးရင် ရာဇ၀တ်မှုကို တိမ်းရှောင်မှုအဖြစ်  သတ်မှတ်မှာဖြစ်ပြီး ရာဇ၀တ်မှုတစ်ခု ထပ်တိုးလာလိမ့်မယ်”

အမေချင်ကတော့ လင်းချွမ်ကို အကူအညီတောင်းဖို့ လာခဲ့မိတဲ့အပေါ်နောင်တရနေပြီ။  သူမက သူ့လိုလူဆီက အကူအညီတောင်းဖို့ တွေးခဲ့မိတာ ရူးနေလို့ပဲဖြစ်ရမယ်!

သို့သော်လည်း လင်းချွမ်ကတော့  ပြည်သူ့လုံခြုံရေးဗျူရိုမှ ရောက်မလာခင်အထိ ဘေးမှာရပ်ပြီး အမေချင်ကို  အေးစက်စွာ စိုက်ကြည့်နေခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ လူကို ဖမ်းခေါ်ထားခြင်းမရှိပေမဲ့ စခန်းသို့ ခေါ်ဆိုသွားကာ မေးခွန်းတွေကိုမေးမြန်းခဲ့ပြီး သတိပေးစကားဆိုခဲ့တယ်။

တခြားလူတွေရဲ့ အိမ်တံခါးကို နောက်တစ်ကြိမ်သွားပြီး ခြိမ်းခြောက်ခဲ့မယ်ဆိုရင် အမှန်တကယ် အချုပ်ခန်းထဲကိုရောက်မဲ့အကြောင်း သတိပေးခဲ့တယ်။

အမေချင်က အရှေ့နဲ့အနောက် အပြန်အလှန် နည်းလမ်းရှာခဲ့ပေမဲ့ ဘာကိုမှမတွေးနိုင်တော့တာကြောင့် သူမက လင်းတုံဟဲဆီမှ ပိုက်ဆံတွေ ပိုပြီးတောင်းဖို့သာ ချင်ယွဲ့ယွဲ့ကို တောင်းဆိုခဲ့တယ်။

သူတို့တွေက ပျော်ရွှင်စရာကောင်းတဲ့ လမ်းခွဲပြတ်ဆဲခြင်း မဖြစ်နိုင်တော့ဘူးဆိုမှတော့ ပိုက်ဆံပိုတောင်းပြီး ဘဝကို ကောင်းကောင်းနေထိုင်ဖို့လုပ်ရမယ်။

လင်းတုံဟဲက ချင်ယွဲ့ယွဲ့ကို ယွမ် 500 ပေးခဲ့ပြီး အိမ်ကိုလည်း သူမဆီကိုပေးခဲ့တယ်။ ဒါက သူမ တစ်ယောက်တည်း ကောလိပ်ကိုပြီးဆုံးတဲ့အထိ ကောင်းမွန်စွာနေထိုင်နိုင်တာထက်ပိုတဲ့ပမာဏပဲ။

တစ်ချိန်တည်းမှာ အသက်ရှင်နေထိုင်ရန် ထောက်ပံ့ကြေးစရိတ်သည်လည်း နည်းပါးခြင်းမရှိဘူး။ ဒါက အတော်လေး  စိတ်ဝင်စားစရာပဲ။

ချင်ယွဲ့ယွဲ့က သူမရဲ့အမေကို ယွမ်တစ်ရာသာပေးခဲ့ကာ မိခင်နှင့်သမီးဆက်ဆံရေးကို ဖြတ်တောက်ခဲ့တယ်။ အနာဂတ်မှာ သူမ အိမ်ကိုပြန်တော့မှာမဟုတ်ဘူး။

အမေချင်က တံခါးဝမှာရပ်ပြီး နှင်ထုတ်ခံလိုက်ရတဲ့အပေါ် ကြိမ်းမောင်းအော်ဟစ်နေခဲ့သော်လည်း နောက်ဆုံးမှာတော့  ဒေါသတကြီးနှင့်သာ ထွက်ခွာသွားခဲ့ရတယ်။

တစ်ဖက်မှာတော့ အဖေချင်က လအနည်းငယ်အတွင်း မှာထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဒဏ်ရာရစေတဲ့ ပြစ်မှုကြောင့် ထောင်ဒဏ်ငါးနှစ်ကျခံရမှာဖြစ်ပြီး ပေါ့ပါးခြင်းမရှိဘူး။

ဆုဆုက ထိုအရာတွေအားလုံးကို လင်းဟိုင်ဆီကနေ ကြားသိခဲ့ရတယ်။

မီးတွင်းမှာ တစ်လပြည့်အောင်နေပြီးတဲ့နောက်မှာတော့ သူမက ရေချိုးပြီး စက်ရုံသို့ သွားပြီး ကြည့်ရှုခဲ့တယ်။  လင်းတုံဟဲက ဆေးရုံက ဆင်းမလာသေးတာကြောင့် စက်ရုံမှာ ဘာတွေဖြစ်နေမလဲဆိုတာ မသိရဘူးလေ။

သို့ပေမယ့် သူမရောက်သွားချိန်မှာ အလွန်စနစ်တကျရှိနေတာကို တွေ့ခဲ့ရတယ်။ စီမံခန့်ခွဲမှုပညာကို တစ်ခါမှမသင်ယူခဲ့ဖူးသလို မြင့်မားတဲ့ပညာရေးအဆင့်လည်း မရှိခဲ့တဲ့ လင်းဟိုင်က စက်ရုံကို အမှန်တကယ် စီမံအုပ်ချုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ အသက်က သိပ်ပြီး မကြီးသေးဘူး။ သူ့ရဲ့အနာဂတ်က တကယ်ကိုအကန့်အသတ် ကင်းမဲ့နေမှာပဲ။

လင်းဟိုင်က သူ့ရဲ့မရီးရောက်လာတာကို မြင်တာနဲ့ တပြိုင်နက် စက်ရုံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအကြောင်းတွေကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးခဲ့ပြီး ဒီလမီာတော့ ဆုံးရှုံးမှုအချို့ရှိနေခဲ့တဲ့အတွက် အမြတ်အစွန်းမှာ သိပ်ပြီးတည်ငြိမ်လှကြောင်း ပြောလာတယ်။

“မင်း အခြေအနေကို ထိန်းထားနိုင်တာကကို အတော်လေး ကောင်းနေပါပြီ.. လင်းတုံဟဲလည်း မကြာခင် ပြန်လာလောက်မှာပါ”

သူမစကားပြောနေတုန်းမှာပဲ လင်းတုံဟဲက ရောက်ရှိလာခဲ့တယ်။ သူ့ရဲ့ခေါင်းကို ပိတ်စတွေနှင့် စည်းနှောင်ထားဆဲဖြစ်ပြီး ကွမ်းကျန်းတုံက သူကို ကူတွဲပေးထားခဲ့တယ်။ ကွမ်းကျန်းတုံက ဆုဆုကိုမြင်တော့ အပြုံးနဲ့နှုတ်ဆက်လာတယ်။

“အာ.. ဆုလောင်ရှစ် .. လောင်ရှစ်လည်း ရောက်နေတာလား”

သူမက ကိုယ်အလေးချိန်အများကြီးတက်လာပေမယ့် ချစ်စရာကောင်းနေတုန်းပဲ။

ဆုဆု ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး လင်းတုံဟဲကို ပြောလိုက်တယ်။

“စက်ရုံမှာ အခု လင်းဟိုင်ရှိနေသေးတယ်လေ..  ရှင် နောက်ထပ် ရက်နည်းနည်းလောက် အနားယူလို့ရတယ်..   ဘယ်သူကမှ ရှင့်ကို လိုက်ဖမ်းနေမှာမဟုတ်ပါဘူး”

“ရပါတယ်.. လင်းဟိုင်က သူ ထုတ်ကုန်အသစ်တွေ တီထွင်ချင်တယ်လို့ ပြောခဲ့တယ်.. ငါလည်း အိပ်ယာထဲမှာ ဆက်ပြီးမအိပ်နိုင်တော့လို့”

သူ့အနေနဲ့ အိမ်ထောင်ရေးကိစ္စအတွက် အချိန်များစွာကို ဖြုန်းတီးခဲ့တယ်။ အခုကစပြီး စက်ရုံကို စိတ်နှလုံးအပြည့်နှင့် ကိုင်တွယ်နိုင်တော့မယ်။

“ကောင်းပြီ၊ ရှင် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦး.. အဆင်မပြေဘူးလို့ ခံစားရရင်  အနားယူဖို့ မမေ့နဲ့.. လင်းဟိုင် မင်း အလုပ်တွေကို ပိုလုပ်ပေးလိုက်ဦး..  မင်းရဲ့ ဒုတိယအစ်ကို ကို  စိတ်ပူမနေရစေနဲ့”

“ ကောင်းပါပြီ”

All Chapters