← Chapters

အခန်း (၁၅၄)

Vol. 16 Ch. 154

အခန်း (၁၅၄)

Vol. 16 Ch. 154

စက်ရုံအတွင်းမှာ ထုတ်ကုန်အသစ်တွေ ဖန်တီးဖို့ ပြင်ဆင်နေခဲ့ကြတယ်။  

အခုချိန်မှာ သန့်ရှင်းရေးလစဥ်သုံးပစ္စည်းတွေအတွက် စျေးကွက်က တည်ငြိမ်နေပြီ။ သို့ပေမယ့် ဆုဆုအနေနဲ့ မြို့ထဲမှာ တည်ငြိမ်ပေမယ့် သိပ်ပြီး မဖွံ့ဖြိုးသေးဘူးလို့ ခံစားရတယ်။ အဆုံးမှာ တခြားနေရာတွေကိုလည်း ချဲ့ထွင်သင့်တယ်လေ။

ထုတ်ကုန်တွေက နိုင်ငံအတွင်းမှ ပြည်နယ်တိုင်းကို ဖြန့်ချီလာနိုင်တော့မယ်ဆိုရင် စက်ရုံက ပိုမိုကြီးမားလာပြီး ကောင်းမွန်လာနိုင်လိမ့်မယ်။

သူမ ထိုအကြောင်းကိုပြောတော့ လင်းတုံဟဲက သလောတူခဲ့ပေမဲ့ မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။

“ဒါပေမယ့် ငါ ငါ့ဘာသာ မြို့ပြင်ကို ထွက်သွားဖို့က အဆင်မပြောလောက်ဘူးမလား.. ဒီမှာလည်း ကြီးကြပ်ဖို့ လူလိုနေသေးတယ်လေ”

ဆုဆု:  “ဒါဆို  အရောင်းစာရေးတစ်ယောက်ကို ရှာလိုက်လို့ရတယ်လေ.. ကျွန်မတို့တွေ သူ့ကို ပစ္စည်းတွေရောင်းဖို့ ပိုက်ဆံပေးလို့ရတယ်.. ဥပမာ အထုပ်တစ်ရာ ရောင်းနိုင်ရာ တစ်ယွမ်ပေးလို့ရတယ်”

“ဒါက  အကြံကောင်းပဲ၊ ငါဘာလို့ ဒါကိုမစဉ်းစားခဲ့မိတာလဲ”

လင်းတုံဟဲ ချက်ချင်းထရပ်လိုက်တယ်။

လင်းဟိုင်:  “ကျွန်တော်လည်း သွားရှာကြည့်လို့ရတယ်”

“မင်းက ပစ္စည်းအသစ်ကို တီထွင်စမ်းသပ်တာနှင့် စီမံခန့်ခွဲဖို့ကိုပဲ အာရုံစိုက်လိုက်ဦး..  မင်းသွားလို့မရဘူး”

လင်းဟိုင်က တီထွင်ထုတ်လုပ်မှု နည်းပညာမှာ အလွန်တော်တယ်လို့ ဆုဆု ခံစားမိတယ်။  သူသာ စက်ရုံအတွင်းမှာ နည်းပညာရှင်တစ်ဦးဖြစ်ပြီး စီမံခန့်ခွဲသူဖြစ်နေသရွေ့သူက ပိုမိုအောင်မြင်ပြီး ဖွဲ့ဖြိုးလာလိမ့်မယ်။

လင်းဟိုင်က ဆုဆုရဲ့စကားကိုကြားတော့ ခေါင်းညိတ်လိုက်တယ်။

“မရီး.. ကျွန်တော် မရီးပြောတဲ့ ဒိုက်ဘာဘောင်းဘီတွေကို မကြာခင် လေ့လာနိုင်လောက်တယ်.. ဒါပေမယ့် စက်ရုံက လောလောဆယ်မှာ ဒိုက်ဘာအခံလေးတွေပဲ ထုတ်နိုင်သေးတယ်”

“ကောင်းပြီ”

တကယ်လို့ သူတို့စက်ရုံကသာ အနာဂတ်မှာ ဒိုက်ဘာတွေကို ထုတ်လုပ်လာနိုင်မယ်ဆိုရင် ဒါကမိသားစုတိုင်းအတွက် လက်တွေ့ကျပြီး အလွန်အရေးကြီးတဲ့ လူသုံးကုန်ပစ္စည်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ဆုဆု တွေးမိတယ်

သူတို့သုံးယောက် ထိုကိစ္စတွေကို ဆွေးနွေးပြီးတဲ့နောက်

ဆုဆု အိမ်ကိုပြန်လာခဲ့တယ်။ လင်းချွမ်က ကလေးကို ကြည့်ပေးနေခဲ့ပြီး ဆုဆုထမင်းစားပြီးသွားရင်ပိုင်လင်းလင်းရဲ့ အိမ်အသစ်သို့သွားကြည့်ဖို့ တွေးတောလိုက်တယ်။

အဆုံးမှာ သူမက မီးတွင်းကာလမှာ ပိတ်မိနေခဲ့ပြီး ခုချိန်ထိ သွားမကြည့်ရသေးဘူးလေ။ ပိုင်လင်းလင်းက  သူမတို့ကို အများကြီး ကူညီပေးထားခဲ့တယ်။

လင်းချွမ်ကတော့ အလွန်စိတ်ဓာတ်ကျနေပြီ။ သူ့ရဲ့ဇနီးလေးက မီးတွင်းကာလပြီးသွားတာနဲ့ လုပ်စရာတွေ အဆက်လိုက် ရှိနေခဲ့တယ်။ သူက သူမရဲ့အနားကိုကပ်ချင်နေတာတောင် ကပ်ဖို့ အချိန်မရှိခဲ့ဘူး။ သူမက စက်ရုံသွားလိုက် ၊  သူငယ်ချင်းရဲ့အိမ်ကို သွားကြည့်လိုက်နဲ့ အရပ်အနားမရှိခဲ့ဘူး။

“ညဘက်မှ သွားလို့မရဘူးလား”

“ဘာပဲဖြစ်ဖြစ် .. ကျွန်မတို့မိသားစုက တစ်လပြည့်ဝိုင်စားပွဲလည်း လုပ်မှာမဟုတ်ဘူးလေ.. ဒီတော့ ဘာမှ လုပ်စရာမှ မရှိဘူး.. ဘာလို ညဘက်အထိ စောင့်နေရမှာလဲ.. အခုသွားတာကပိုမကောင်းဘူးလား”

ဆုဆုက ပြောပြီးတာနဲ့  ချက်ချင်းစားသောက်ခဲ့ပြီး ထုပ်ပိုးကာ ပိုင်လင်းလင်းရဲ့အိမ်ကိုသွားခဲ့တယ်။

ကံမကောင်းစွာနဲ့ပဲ ပိုင်လင်းလင်းတို့ မိသားစုရဲ့ အိမ်အသစ်က သန့်ရှင်းရေးလုပ်ပြီးသွားခဲ့ပြီ။ တံခါးဝမှာ ပျော်ရွှင်စရာကောင်းတဲ့ စာတန်းတွေချိတ်ဆွဲထားခဲ့ပေမဲ့ လက်ထပ်ပွဲက ပိုင်လင်းလင်းတို့ မိဘအိမ်မှာ လုပ်မှာဖြစ်လို့ မကြာခင်အတောအတွင်း ဘယ်သူကမှ ဒီအိမ်ကို မလာလောက်တော့ဘူးလို့ ထင်ရတယ်။

ဒါကြောင့် ပိုင်လင်းလင်းရဲ့မိဘတွေအိမ်ကို အလည်သွားဖို့ မင်္ဂလာဆောင်တဲ့နေ့အထိ စောင့်ဆိုင်းရလိမ့်မယ်။ ကံကောင်းစွာနဲ့ လင်းချွမ်က လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း တနင်္ဂနွေနေ့မှာ သွားရောက်ကူညီပေးထားခဲ့လို့သာပေါ့။ မဟုတ်ရင် သူမက အတော်လေး မျက်နှာပူနေရမှာ။

သူမ အိမ်ကိုပြန်ရောက်ပြီးနောက် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်တယ်။

“ပိုင်လင်းလင်းတို့တွေ အိမ်မှာမရှိဘူး.. ကျွန်မတော့ အလကားသက်သက်သွားလိုက်မိတာပဲ”

ထို့နောက်မှာ ခန်ပေါ်မှာထိုင်ရင်း လင်းချွမ်ရဲ့ဘောင်းဘီက စိုနေတာကိုမြင်တော့ ရယ်မောလိုက်မိတယ်။

“သူ ရှင့်အပေါ်မှာ ရှူးပေါက်ချလိုက်တာလား.. ချွတ်ပြီး သွားလျှော်လိုက်လေ.. ဘောင်းဘီရှည်နောက် တစ်ထည်ကို ပြောင်းဝတ်လာခဲ့”

“ကောင်းပြီ”

“ ရေတစ်ခါတည်း ချိုးလိုက်တော့နော်..  မဟုတ်ရင် ကလေးဆီက အနံ့တွေ စွဲနေလိမ့်မယ်”

“အမ်”

အိမ်ရဲ့ ရေချိုးခန်းက အတော်လေးကျယ်ပြီး ရေချိုးကန်ကြီးလည်း ရှိတယ်။ ရေနွေးလည်း တည်လို့ရတာကြောင့် တကယ်ကို အဆင်ပြေတယ်။

ဘာပဲဖြစ်ဖြစ် ဆုဆုကတော့ ဒီနေ့အိပ်မပျော်ခင်မှာ ရေစိမ်ပြီး ချိုးဖို့ တွေးထားခဲ့တယ်။

သူမအနေနဲ့  ကိုယ်လက်တိုက်ရုံသာလုပ်နိုင်ခဲ့ပြီး ရေမချိုးရတာအတော်ကြာနေပြီ။ ဒါကြောင့် အတော်လေး နှုန်းနေသလို ခံစားရတယ်။

လင်းချွမ်က ရေချိုးပြီးနောက် အတွင်းဘက်မှာဘဲ ဘောင်းဘီကို လျှော်ဖွတ်ခဲ့တယ်။ သူ ရေချိုးခန်းထဲက ထွက်လာပြီးနောက် နောက်ဆုံးတစ်ကြိမ်တုန်းက သူ့ရဲ့ ဇနီးသည်ထုတ်ယူခဲ့တဲ့ TTအကြောင်းကို ရုတ်တရက်တွေးမိသွားရတယ်။ အဲဒါတွေက ရေချိုးခန်းထဲမှ အံဆွဲငယ်လေးထဲမှာ ထည့်ထားတဲ့ပုံပဲ။

လင်းချွမ် သူ့ရဲ့လက်ကို ဆန့်တန်းပြီး ထိုအံဆွဲကို ဆွဲလိုက်မိတော့ အထဲမှာ ပစ္စည်းအသေးလေးဆယ်ခုကျော်လောက်ရှိနေတာကို တွေ့လိုက်ရတယ်။ ထိုပစ္စည်းလေးတွေက သပ်ရပ်စွာစီထားခံရပြီး အသုံးပြုခံရဖို့ကို စောင့်ဆိုင်းနေကြသလိုပဲ။

လင်းချွမ်ရဲ့ ခန္ဓာကိုယ်က ရုတ်တရတ်  ပူလောင်လာခဲ့တယ်။ အချိန်အကြာကြီး  သက်သတ်လွတ်စားခဲ့ရပြီးတဲ့နောက်မှာ  ဒီနေ့တော့ အသားကို ပြန်ဖွင့်နိုင်တော့မယ်။

ထိုအကြောင်းကို တွေးတောမိတော့  သူ့ရဲ့နှလုံးခုန်သံတွေက ပိုလို့ မြန်လာရတယ်။ သူ့အနေနဲ့ ပထမတစ်ကြိမ်တုန်းကထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေခဲ့သလိုပဲ။

သို့ပေမယ့် သူ အပြင်သို့ ထွက်လာပြီးတဲ့ နောက်မှာတော့ မိသားစုထဲမှ  ကလေးလေးက ငိုကြွေးနေတာကို တွေ့လိုက်ရတာကြောင့် ချက်ချင်းပဲ  အပြင်ဘက်ကို ပစ်ထုတ်ချင်သွားရတယ်။

ကံကောင်းစွာနဲ့ ဆုဆုက သူမကို အချိန်ခဏအတွင်းမှာ ချော့မြူပြီး ချော့သိပ်နိုင်ခဲ့တယ်။ ကလေးအိပ်ပျော်နေပြီး သူ့ရဲ့ဇနီးသည်က အင်္ကျီအသေးလေးကို ပြန်ဆွဲချနေတာကိုမြင်တော့ လင်းချွမ် ထပ်ပြီးတောင့်မခံနိုင်တော့ဘဲ သူမကို ဆွဲလှဲချလိုက်တော့တယ်။

“ဟေး မလုပ်နဲ့လေ..  ကလေးက အနားမှာရှိသေးတယ်”

“ဒါဆို ကိုယ် သူ့ကို အခန်းပြင်ဘက်ကို ထုတ်ထားလိုက်ရမလား”

“မရဘူး.. သူငိုနေရင် ဘယ်လိုလုပ်မလဲ ..နောက်ပြီး မမှောင်သေးဘူး”

“အခု မှောင်နေလား မမှောင်ဘူးလားဆိုတာကို ကိုယ်မထိန်းချုပ်နိုင်ဘူးလေ.. ဘာပဲ​ဖြစ်ဖြစ်  တံခါးကို ပိတ်ထားပြီးပြီ..  ဘယ်သူမှ ဝင်လာမှာ မဟုတ်ဘူး”

ဒါ့အပြင် သူမက သူ့ရဲ့ ဇနီးသည်ဖြစ်ပြီး ဘယ်သူကမှ သူ့ကို တရားစွဲလို့မရဘူး။

လင်းချွမ်က အစီအစဥ်တွေ လုပ်ထားပြီးသားဖြစ်တာကြောင့် ဆုဆု အနေနဲ့ ဘာမှ မလုပ်နိုင်တော့ဘဲ တိုက်ရိုက်ဘဲ လက်ခံလိုက်ရတယ်။  သို့ပေမယ့် အဆုံးမှာတော့ ကလေးက အိပ်ပျော်နေတာကြောင့် အသံကျယ်ကျယ်မထွက်ရဲခဲ့ဘူး။

ပြီးသွားချိန်မှာ  လင်းချွမ်က TT ရဲ့အသုံးဝင်မှုကို ချီးကျူးခဲ့ပြီး လွန်အားနည်းနေကာ သူ့ကို ဂရုမစိုက်နိုင်တော့တဲ့ ဇနီးသည်ကို ပြောလိုက်တယ်။

  “ကိုယ်သူ့အတွက် နောက်တစ်ပတ်ကျရင်  ပုခက်လုပ်လာခဲ့တယ်.. ကိုယ်တို့ ကိစ္စတွေလုပ်တဲ့အချိန်ကျရင် သူ့ကို ပုခက်ထဲမှာထည့်ထားလို့ရတာပေါ့”

“​နောက်​တစ်​ပတ်​ ပြန်​မလာခဲ့နဲ့ ​ကျေးဇူးပဲ”

သူမရဲ့ ကျေးဇူးတင်စကားက လင်းချွမ်ကို  တိုက်ရိုက်ပဲ ရယ်မောမိစေခဲ့တယ်။ ထို့နောက် စိတ်လိုလက်ရနဲ့ စနောက်လာတယ်။

“အပြင်မှာ စောနေသေးတဲ့ပုံပဲ.. ကိုယ်တို့တွေ ထပ်ပြီး စလို့ရသေးမယ်ထင်တယ်”

“ထွက်သွား၊ ထွက်သွား၊ ထွက်သွား၊ ရှင် ကျွန်မကို  ထပ်ပြီးထိဦးမယ်ဆိုရင်ကျွန်မ ရှင်ကို ကန်ထုတ်လိုက်မှာနော်.. ယုံလား”

“အင်း ..ဒါဆို အိပ်လိုက်တော့လေ”

လင်းချွမ်က သေချာပေါက် ယုံတာပေါ့။ သူမရဲ့မျက်နှာပေါ်မှ တွန့်ဆုတ်မှုတွေအားလုံးကို မြင်နေရတယ်လေ။

သို့သော်လည်း အချိန်အတော်ကြာပြီးတဲ့နောက်မှာ ပြန်လည်ထိတွေ့ခဲ့ရမှုကြောင့် လင်းချွမ်က အလွန်သက်တောင့်သက်သာရှိစွာ ခံစားနေခဲ့ရပြီး သူ့ရဲ့ ဇနီးသည် ဘေးမှာလှဲကာ တိုက်ရိုက်ဘဲ အိပ်ပျော်သွားခဲ့တယ်။

သို့ပေမယ့် သူ တစ်ဝက်လောက်အိပ်ပျော်သွားချိန်မှာ သူ့ဘေးနားမှ ကောင်လေးက အော်ငိုလာတာက စိတ်မကောင်းစရာပဲ။

ငယ်ရွယ်တဲ့ဇနီးမောင်နှံနှစ်ယောက်က သူ့ကို ချော့မော့ပြီး နို့တိုက်ရန်၊ အနှီးတွေလဲပေးရန် ပြန်ထရပြန်တယ်။ နောက်ဆုံးတော့ သူတို့တွေ သန့်စင်ပြီး ပြန်အိပ်လိုက်ကြပေမဲ့ ခဏအတွင်းမှာ နေထွက်လာသလို ခံစားနေကြရတယ်။

ဒီညမှာတော့ တကယ်ကို ပင်ပန်းခဲ့တယ်။ ဆုဆု မနက်နိုးလာပြီးနောက်   ကျောင်းကိုသွားဖို့ ပြင်ဆင်ရတယ်။ ပြင်းထန်တဲ့အလုပ်တွေကို  လုပ်နိုင်ဦးမလားဆိုတာကိုတော့ သူမ မသိဘူး။ ဒါတွေအားလုံး  လင်းချွမ်ရဲ့ အပြစ်တွေချည်းပဲ။ ဒါပေမယ့် ထိုအမျိုးသားကတော့ စိတ်ပျော်ရွှင်စွာနဲ့ ထွက်သွားတယ်လေ။

အန်တီယဲ့ ရောက်လာပြီးတဲ့နောက်မှာတော့ ဆုဆု ကျောင်းကို ထွက်လာခဲ့တယ်။ အခုချိန်မှာတော့ သူမအနေနဲ့အစားအသောက်ကို အလွန်အမင်းရှောင်နေစရာမလိုတော့ဘူး။  အခြေခံအစားအသောက်တွေအားလုံးကို စားသောက်နိုင်ပြီဖြစ်လို့  အလွန်အမင်း သတိထားဖို့ မလိုတော့သလို အချိန်မရှိရင် နေ့လည်စာကိုပြန်လာစားဖို့ မလိုတော့ဘူး။

သို့ပေမယ့် ပထမနေ့မှာတော့ အနည်းငယ်လောက် စိတ်ပူနေသေးပြီး  အလုပ်များရင်တောင် ပြန်လာကြည့်ချင်တုန်းပဲ။

သူမ ကျောင်းကို ရောက်တော့ သင်ယူတဲ့လေထုက အလွန်သန်မာန်နေခဲ့ပြီး သူမရဲ့အလုပ်တွေကလည်း စုပုံနေကြောင်းကို တွေ့ရှိရလေတယ်။

နေ့လယ်ဘက် အလုပ်ပြန်ဆင်းဖို့ကို မဆိုထားနဲ့  ထမင်းသွားစားဖို့တောင် အချိန်မရှိခဲ့ဘူး။ ရုံးကို အစားအသောက် ယူလာပေးခဲ့တဲ့ ဆရာမတွေ ရှိနေတာကြောင့် သူမ ရုံးခန်းမှာပဲ ထမင်းစားပြီး အလုပ်လုပ်ခဲ့ရတယ်။ ညနေဘက် အိမ်ကိုပြန်တဲ့အချိန်မှာတောင် အလုပ်တွေ ယူသွားနေရတုန်းပဲ။

သူမကိုရှာနေတဲ့ သနားစရာကောင်းတဲ့သားလေးကိုကြည့်ရင်း ဆုဆု ပြောလိုက်ရတယ်။

“အမေက အလုပ်များနေသေးတယ်..  ပြီးသွားမှ  မင်းနဲ့ကစားပေးမယ်နော်”

“ဝါး…”

ကလေးက သူမရဲ့စကားကို နားမလည်ဘဲ ဆက်ငိုနေခဲ့တယ်။

“အန်တီ သူ့ကို အပြင်ကိုခေါ်သွားပြီး  လမ်းခဏလောက်လျှောက်လိုက်မယ် လေ.. မင်းလည်း အလုပ်ကို အေးအေးဆေးဆေးလုပ်လို့ရတာပေါ့..  ​​အခုက ရာသီဥတု သာယာတော့  သူ့ကို ခေါ်သွားရင်တောင် ဘာပြဿနာမှ မရှိလောက်ဘူး”

“ကျေးဇူးတင်ပါတယ် အန်တီ”

သူမ  အလုပ်တွေကို စပြီးလုပ်ခဲ့တယ်။ ပြီးသွားတော့ သူမအတွက် အစားအသောက်ကို ကိုယ်တိုင် ချက်ပြုတ်ခဲ့တယ်။ သူမက ဝက်နံရိုးကို အမှန်တကယ်စားချင်နေခဲ့တာကြောင့် နံရိုးနဲ့ အာလူးကို စတူးချက်ပြီး ဆန်နဲ့ငါးကိုရောကာ ဆန်ပြုတ်ချက်ခဲ့တယ်။

ကံကောင်းစွာနဲ့ မီးဖိုကနှစ်ခုရှိနေခဲ့ပေမဲ့လည်း မီးဖိုဖို့အတွက် အနည်းငယ်အခက်အခဲရှိနေတယ်။ ထမင်းပေါင်းအိုးသာရှိရင် ပိုပြီး အဆင်ပြေမှာပဲ။

ဒီလိုအချိန်မျိုးမှာ ထမင်းပေါင်းအိုးနဲ့ တူတဲ့ အရာတစ်ခုခုရှိလောက်မလား။ သူမ အချိန်ရရင် ရှော့ပင်းမောလ်ကို သွားကြည့်ရမယ်။ ထိုကဲ့သို့ ပစ္စည်းတွေက 1980 ခုနှစ်တွေအတွင်းမှာ စတင်ပေါ်ထွက်လာတာပဲလေ။ တူညီတဲ့ အရာတွေ ရှိချင်ရှိနေလောက်တာပဲ။ ဒါပေမယ့် ရှိရင်တောင် စျေးကြီးဦးမှာပဲ။

နောက်လမှာ သူတို့ရဲ့အိမ်အတွက် ပေးချေဖို့ အတွက် ပိုက်ဆံတွေ ထုတ်ရဦးမှာဖြစ်လို့ နောက်ထပ်တစ်လကိုရောက်မှ လွတ်လွတ်လပ်လပ် စုဆောင်းရမှာပဲ။

**

All Chapters