အခန်း (၁၅၅)
Vol. 16 Ch. 155
အန်တီယဲ့ကတော့ ဒီမိသားစုရဲ့ကောင်းမွန်စွာ နေထိုင်မှုကိုကြည့်ရင်း အံ့သြနေခဲ့တယ်။ ဒီလောက်ထိ ကြီးမားတဲ့ အိမ်ကြီးမှာနေထိုင်တဲ့ ဇနီးမောင်နှံက သေချာပေါက် အရှုံးသမားမဟုတ်ဘူး။ သူတို့တွေက အကောင်းဆုံးတွေကိုသာ သုံးကြတာပဲ။ ဒီနေ့တောင်မှ ဝက်နံရိုးတွေ ချက်စားနေပြီ။
သို့သော်လည်း သူမက စကားများများပြောတတ်သူမဟုတ်ဘူး။ ဆုဆုက အလွန် အရည်အချင်းရှိတဲ့သူဖြစ်ကြောင်းကိုလည်း သူမသိထားခဲ့တယ်။ သူမက အပြင်ဘက်မှာ တရားဝင်အလုပ်ရှိနေရုံသာသာမကဘဲ စက်ရုံတစ်ခုကိုလည်း လည်ပတ်ထားနိုင်တယ်။ သူမအနေနဲ့ အရင်တုန်းက စက်ရုံတစ်ရုံက ပိုက်ဆံတွေအများကြီး ရရှိနိုင်တာကိုမသိခဲ့ဘူး။
ဆုဆုက ထမင်းစားပြီးနောက် သားဖြစ်သူကို နို့တိုက်ကျွေးပြီး ခဏတာလောက် ကစားပေးခဲ့တယ်။ သူတို့တွေ အိပ်ပျော်သွားတာကိုမြင်တော့ အန်တီယဲ့က အဝတ်အစားတွေ သွားလျှော်ပြီး ကျန်ရှိတဲ့အလုပ်တွေကို ဆက်လုပ်ခဲ့တယ်။
*
လင်းဟိုင်တစ်ယောက် ထိပ်ပြောင်ခါနီးဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ဆုဆုပြောပြခဲ့တဲ့ ဒိုက်ဘာဘောင်းဘီကို အချောသတ်လာနိုင်ခဲ့ပြီး ဆုဆုဆီသို့ လာပြလေတယ်။
“ကြည့်လိုက်၊ မရီး.. ကျွန်တော် အောင်မြင်သွားပြီ”
ဆုဆု ထိုဒိုက်ဘာကို ကြည့်လိုက်တယ်။ ဒါက ခေတ်မီဒိုက်ဘာအမျိုးအစားတွေနှင့် အလွန်ဝေးကွာနေသေးသော်လည်း အခြေခံအားဖြင့် ပုံပေါ်လာခဲ့ပြီဖြစ်ကာ အထူးသဖြင့် အသားက နူးညံ့ပျော့ပျောင်းတယ်။
သူမ သားဖြစ်သူကို တိုက်ရိုက်ဝတ်ဆင်ပေးကြည့်လိုက်ပြီး ခါးက အနည်းငယ် ပွနေတာကြောင့် ပြန်ပြောလိုက်တယ်။
“ကလေးအတွက်ဆိုတော့ ပိုပြီးသေးငယ်တဲ့ အရွယ်အစား ဖြစ်သင့်တယ်၊ တကယ်တော့ ခါးနေရာကို အလျော့အတင်းလုပ်နိုင်တာမျိုးဆိုရင် အကောင်းဆုံးပဲ.. ဒါက နည်းနည်းကြီးနေတော့ ဆီးသွားလိုက်ရင် လျောကျသွားလိမ့်မယ်”
“ကျွန်တော်လည်း ဒါကိုတွေ့ထားတယ်၊ အခု မျှော့ကြိုးနေရာက ပြဿနာဖြစ်နေတာ.. အတွင်းပိုင်းကို သားရေကြိုး သုံးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ မျော့ကြိုးတွေပဲ တစ်ခုလုံးကို အသုံးပြုထားမယ်ဆိုရင် ကလေးရဲ့ခါးက ခံနိုင်ရည်ရှိမှာမဟုတ်လောက်ဘူး”
“အင်း.. လင်းဟိုင် မင်းက တကယ်ကို ထက်မြက်တာပဲ .. ကြိုးစားကြည့်လိုက်ပေါ့.. မင်းပြောသလိုပဲ ကုန်ချောထုတ်လုပ်မှုကို လျှော့ချရမယ်ဆိုရင်တောင့ ထုတ်ကုန်ရဲ့ အရည်အသွေးကတော့ မနိမ့်စေရဘူး”
“ကောင်းပြီ မရီး.. ကျွန်တော် ဒါရဲ့အကျိုးသက်ရောက်မှုကို ပိုပြီးကြည့်လိုက်ဦးမယ်…”
သူ ပြောနေချိန်မှာပဲ သူ့ရဲ့ အကြီးဆုံး တူဖြစ်သူက ပေါင်ပေါ်မှာ ဆီးသွားခဲ့လေတယ်။ ထို့နောက်မှာ ဒိုက်ဘာက လျောကျလာခဲ့ပြီး ဆီးက ပေါင်နှစ်ဖက်လုံးကနေ ထွက်လာခဲ့တယ်။
လင်းဟိုင် : “ သေချာတယ်.. ကျွန်တော့်အတွက်တော့ တူမလေးဖြစ်တာက ပိုကောင်းလိမ့်တယ်”
သူ့ရဲ့ဘောင်းဘီက သူဆီးသွားသလိုမျိုး စိုချွဲသွားရပြီ။
ဆုဆု: “တကယ်ကို ချောင်နေတာပဲ.. နည်းနည်းလောက် ပိုတင်းကျပ်ရင် ပိုကောင်းလိမ့်မယ်”
“ကျွန်တော်အခု ဘယ်လိုပြောင်းရမလဲဆိုတာ သိသွားပြီ.. အခု ပြန်သွားပြီးလေ့လာလိုက်မယ်”
“ဒါမှမဟုတ် မင်းအစ်ကိုရဲ့ ဘောင်းဘီကို ယူဝတ်သွားလိုက်လေ.. ဒီလိုပုံနဲ့ လျှောက်သွားနေရင် ကြည့်လို့မကောင်းဘူး”
“ကောင်းပါပြီ”
လင်းဟိုင်လည်း အတော်လေး ဆွံ့အနေရတယ်။ အချိန်အတော်ကြာအောင် ပွေ့ချီထိန်းကျောင်းပြီးသွားတဲ့နောက်မှာ သူ့ရဲ့တူလေးက သူ့ဘောင်းဘီပေါ်ကို ဆီးသွားခဲ့တယ်လေ။ တကယ်ကို ပင်ပန်းစေတာပဲ။
သို့ပေမဲ့ ထိုဆီးသွားမှုက သူ့အတွက် ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးဖွင့်ပေးခဲ့ပြီး နောက်ဆုံးမှာ ဘေးဘက်မှ ထွက်လာမှုကို ဘယ်လိုတားဆီးရမလဲဆိုတာကို သိရှိခဲ့တယ်။
လင်းဟိုင် အလျင်စလို ပြန်ထွက်သွားတာကို စောင့်ပြီးမှ အန်တီယဲ့က ပြောလာတယ်။
“ဒီကလေးက ဘာလို့ ဒီလောက်တောင် အလျင်လိုနေတာလဲ၊ သူ အတော်လေး အလုပ်များနေတဲ့ပုံပဲ”
“ဟုတ်တယ်၊ သူက သူ့ရဲ့အကြီးတူလေးအတွက် အနှီးဒီဇိုင်းလုပ်ဖို့ ပြန်သွားခဲ့တာလေ.. အဲဒါပြီးသွားရင် အနှီးကို တစ်ချိန်လုံး ပြောင်းလဲပေးနေစရာ မလိုတော့ဘူး.. အရမ်းအဆင်ပြေသွားလိမ့်မယ်”
“ဟုတ်လား .. ဒီကလေးက အရမ်းဉာဏ်ကောင်းတာပဲ”
“ဟုတ်တယ်၊ သူက ညကျောင်းလည်း တက်နေပြီလေ.. စာကောင်းကောင်းဖတ်နိုင်သွားရင် အခုထက် ပိုပြီးအောင်မြင်လာလောက်မယ်”
လင်းမိသားစုတ်ခုလုံးက တုံးအတဲ့လူတွေ ဖြစ်ပုံမရဘူး။ ဥပမာ လင်းချွမ်၊ သူက ဘယ်လိုအလုပ်ကိုမဆို လုပ်နိုင်တယ်။ အိမ်ဆောက်တာပဲဖြစ်ဖြစ်၊ ခန်တည်ဆောက်တာပဲဖြစ်ဖြစ်၊ အသေးအမွှားကိစ္စ မျိုးစုံလုပ်ဖို့အတွက် ဘယ်သူကိုမှ အကူအညီတောင်းစရာ မလိုဘူး။ သူ့ရဲ့ခါးက လိုတာထက်ပိုပြီး ကောင်းလွန်းနေတာကလွဲရင် ဘာတစ်ခုမှ အပြစ်ဆိုစရာမရှိဘူး။
အန်တီယဲ့က ခေါင်းညိတ်လိုက်တယ်။
“သူ့မှာ ကြင်ဖက်ရှိနေပြီလား”
“မရှိသေးပါဘူး”
ဘာကိစ္စရှိလို့လဲ၊ ထိုအကြောင်းတွေကို ကြားပြီးသွားတော့ သူ့အတွက် မိတ်ဆက်ပေးချင်တာလား။
သေချာတာပေါ့။ အန်တီယဲ့က ဆက်ပြောလာတယ်။
“ကျွန်မရဲ့ အမျိုးသားမှာ အသက် နှစ်ဆယ်အရွယ် တူမလေး တစ်ယောက် ရှိတယ်လေ၊ သူမက စည်သွပ်ဘူးစက်ရုံမှာ တရားဝင်(အစိုးရ)ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတာ.. အထက်တန်းလည်း အောင်ထားတယ်၊
ရုပ်ရည်က သာမာန်လောက်လို့ဆိုနိုင်ပေမဲ့ အတော်လေး ဆွဲဆောင်မှု ရှိတယ်၊ သူမရဲ့ မိသားစုကတော့... မရှိကြတော့ဘူး၊ စစ်ပွဲအတွင်းမှာ ရန်သူတွေဆီကနေ အသတ်ခံလိုက်ရတာကြောင့် ဆုံးပါးသွားကြတာ..
ဒါကြောင့် ကျွန်မရဲ့ ခင်ပွန်းသည်နှင့် ဆွေမျိုးတွေက သူမကိုအလှည့်ကျစီ ပျိုးထောင်ပေးခဲ့ပြီး အလုပ်ရှာပေးခဲ့ကြတာ.. ဒါပေမယ့် အခုတော့ သူမက အရွယ်ရောက်လာပြီဆိုတော့ လူတိုင်းက လက်တွဲဖော်ရှာခိုင်းနေကြတယ်..
အဲဒီမိန်းကလေးက အတော်လေး အမှီအခိုကင်းမဲ့တယ်.. နောက်ပြီး သူမက အမှီအခိုကင်းမဲ့တော့ လူကြီးတွေ(မိဘ)ပြောစကားအတိုင်း လိုက်လုပ်နေစရာမလိုတော့ဘဲ ကိစ္စတွေကို သူမဘာသာ ဆုံးဖြတ်နိုင်တယ်လေ”
“ဒါက တရားဝင်ဝန်ထမ်းလား.. ဒါဆို သူမက လင်းဟိုင်ကို အထင်ကြီးနိုင်ပါ့မလား”
လက်ရှိခေတ်ကာလမှာ လက်တွဲဖော်ရှာနေတဲ့လူတိုင်းက တရားဝင်အလုပ်ရှိသူကို ရှာဖွေရန် နှစ်သက်ကြပြီး ဆုဆုသည်လည်း ထိုသို့အလုပ်မျိုးကိုကောင်းတယ်လို့ ထင်မိတယ်။ နောက်ပြီး တစ်ဖက်မှ မိန်းကလေးမှာ အဖေ၊ အမေမရှိတော့ဘူးဆိုရင် ခင်ပွန်းသည်အပေါ်မှာ သစ္စာရှိမှာ သေချာပြီး လင်းဟိုင်ကိုလည်း ပိုမိုအားကိုးပြီးချစ်လာလိမ့်မယ်။
အန်တီယဲ့: “သူမက ဒါတွေကို ဂရုမစိုက်ပါဘူး.. သူမရဲ့ လစာကမြင့်တယ်လေ.. တစ်လကို ၄၀ ကျော်လောက် ရှိပြီး သူ့ဘာသာသူ ကျွေးမွေးနိုင်တယ်..
သူမက တခြားဘာမှ မမျှော်လင့်ဘဲ လူကောင်းတစ်ယောက်နှင့် တွေ့ဖို့ကိုပဲ မျှော်လင့်နေခဲ့တာ.. မင်းရဲ့ ခင်ပွန်းသည်ရဲ့ အမူအကျင့်တွေကိုမြင်တော့ ဒီလူငယ်လေး လင်းဟိုင်ကလည်း လူတွေကို ကြင်နာတတ်လိမ့်မယ်လို့ ထင်မိလို့.. ဒါကြောင့် သူ့ကို ဒီကိစ္စအတွက် တွေးမိသွားတာ”
“ကောင်မလေးက ဂရုမစိုက်သရွေ့ အဆင်ပြေပါတယ်.. ကျွန်မရဲ့မတ်လေးကလည်း စိတ်ထားကောင်းပြီး တချို့အရာတွေကို တွေးတောရတာကို နှစ်သက်တယ်.. အခု သူက စက်ရုံမှာ နည်းပညာရှင်အဖြစ် တာဝန်ယူထားတာ..
သူက စက်ရုံမှာ လူပေါင်းတစ်ဒါဇင်ကျော်လောက်ကိုလည်း စီမံခန့်ခွဲနိုင်စွမ်း ရှိတယ်.. လစာကလည်း များတယ်၊ သူက တစ်လကို ယွမ် ၂၀၀ လောက်ရတယ်.. တခြား ကော်မရှင်ကြေးတွေလည်း ကျန်သေးတယ်”
“ဘာလဲ? အဲလောက်တောင်များတာလား?”
“အင်း၊ အဲဒီကောင်စုတ်လေးက အဲဒီအကြောင်းတွေကို မသိထားဘူး၊ သူက သူ့အတွက် တစ်လကို ဆယ်ယွမ်ချန်ထားပြီး ကျန်တဲ့ပိုက်ဆံကို စက်ရုံကနေ ကျွန်မဆီကို တိုက်ရိုက်လွှဲယူဖို့ပြောထားတာ.. သူက သူ့အတွက်ဇနီးတစ်ယောက်နဲ့ လက်ထပ်ဖို့ ပိုက်ဆံစုနေတာတဲ့လေ”
ဆုဆုရယ်မောလိုက်တယ်။
အန်တီယဲ့က ဒီလူငယ်လေးကို အလွန် အရည်အချင်းရှိလွန်းတယ်လို့ တွေးမိနေခဲ့ပြီး သူ ပိုပိုပြီး သဘောကျလာခဲ့တယ်လို့ထင်လာခဲ့တယ်။
ဒါ့အပြင် လင်းချွမ်ဆိုရင်လည်း အိမ်ကို တစ်ရက် ပြန်လာတဲ့အချိန်တိုင်း အရာအားလုံးကို လုပ်ဆောင်လေ့ရှိတယ်။ ပုံမှန်အားဖြင့်၊ တစ်ပတ်အတွက်လိုအပ်တဲ့ ထင်းခုတ်တာနဲ့ အခြေခံလိုအပ်တဲ့ပစ္စည်းတွေကို အဆင်သင့်လုပ်ဆောင်ပေးခဲ့တာကြောင့် ဆုဆုအတွက် စိတ်ပူစရာမလိုအပ်ခဲ့ဘူး။
အရေးကြီးဆုံးအချက်ကတော့ သူ တို့ကမြို့ထဲမှာရှိနေခဲ့ပေမဲ့ တစ်အိမ်လုံးကို စုပေါင်းအပူပေးရဖို့ ထင်းတွေကို ရှာဖွေနိုင်နေတုန်းပဲ။ သူက ဆောင်းရာသီမှာ ခန်ကိုလုံလုံလောက်လောက်အပူပေးနိုင်ပြီး အေးစက်တဲ့ရေတွေကို အသုံးမပြုရအောင် ပြင်ဆင်ပေးထားခဲ့တယ်။
မိသားစုကို ဂရုစိုက်တတ်တဲ့ ယောက်ျားကောင်းတွေက အနည်းငယ်လောက်သာရှိတယ်။ ဒါကြောင့် တနင်္ဂနွေမှာ အိမ်ကိုပြန်ရောက်ရင် ထိုကောင်မလေးကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။
ဆုဆုသည်လည်း လင်းဟိုင်ကိုလက်ထပ်ပြီး မိသားစုတစ်ခု အမြန်ဆုံးထူထောင်နိုင်ဖို့ မျှော်လင့်မိခဲ့တယ်။ ဒါဆိုရင် မိသားစုနှစ်စုက အိမ်မှာ ကလေးနှစ်ယောက်ကို အတူဆော့ကစားဖို့ လွှတ်ထားနိုင်လိမ့်မယ်။ ကျောင်းတက်တဲ့အချိန်မှာလည်း ကျောင်းကို အတူသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်။
ကလေးနှစ်ယောက်က ကျောင်းမှာ အခြေကျပြီးသွားရင် ဒီမှာ အိမ်တစ်လုံးထပ်ဝယ်ပြီး သူတို့အတွက် ထားလို့ရတယ်လေ။ စက်ရုံကို ချဲ့ထွင်ပြီးရင် အိမ်ဝယ်ဖို့အတွက်လည်း သေချာပေါက် အဆင်ပြေနေမှာပဲ။
သေချာတာပေါ့။ အခုက လက်ရှိအိမ်ရဲ့ ကျန်ရှိတဲ့ပိုက်ဆံကို ပေးချေဖို့ စဉ်းစားတာက အရေးကြီးဆုံးပဲ။
ဒါတွေကို တွေးတောဖို့အတွက် စောလွန်းနေသေးတယ်။ ဘာပဲဖြစ်ဖြစ် သူမက အခုဆိုရင် တစ်ထောင်ကျော်လောက် ထုတ်ယူနိုင်ပြီ။ ပိုက်ဆံအိတ်ထဲမှ လက်မှတ်တွေကို အသုံးပြုရမဲ့ အရာတွေ နည်းပါးလာတာကြောင့် လက်မှတ်တွေက သိသိသာသာ လျော့နည်းလာပြီး ထိုနေရာမှာ ပိုက်ဆံတွေက သိသိသာသာ တိုးလာတယ။
လက်မှတ်တွေ အကုန်ပျောက်သွားတဲ့ရင် သူမရဲ့ပိုက်ဆံတွေကို မူရင်းအတိုင်း ယွမ် ၂,၀၀၀ စီ ပြန်ရလိမ့်မယ်လို့ခံစားရတယ်။ ဒါဆိုရင် သူမမှာ အလုပ်မရှိခဲ့ရင်တောင် အသက်ဆက်ရှင်နိုင်လိမ့်မယ်။
1980 နှင့် 1990 ခုနှစ်တွေကို မပြောနှင့်။ သူမ လာခဲ့တဲ့ ခေတ်မှာတောင် တစ်လကို 2,000 က သေးငယ်သောပမာဏမဟုတ်ဘူး။
ဒါက လစဉ်လစာနှင့် တူညီတဲ့ နှုန်းထားပဲ။
အခုအချိန်ကာလမှာတော့ အမြင့်ဆုံးလစာမှာ ရာဂဏန်းမျှသာရှိပြီး တစ်ထောင်အထိ ဘယ်သူမှမရရှိနိုင်ဘူး။ ဒါကြောင့် သူမက အတော်လေး အစွမ်းထက်တယ်လို့ဆိုနိုင်တယ်။
အခုလို အခြေခံကောင်းနေတဲ့အတွက် သူမက အနာဂတ်မှာ တခြားလူတွေထက် အနည်းငယ်ပိုပြီး ချမ်းသာစွာ နေထိုင်နိုင်မှာဖြစ်ပြီး ပိုက်ဆံကိုလည်း ထပ်မံရှာဖွေနိုင်လိမ့်မယ်။
အခုအချိန်မှာ သူမမှာ စက်ရုံတစ်ရုံရှိနေပြီ။ အနာဂတ်မှာလည်း အခွင့်အရေးရရင် နောက်ထပ် ပိုက်ဆံအနည်းငယ်စုဆောင်းပြီး ရင်းနှီးမြုပ်နှံဖို့ လုပ်ရမယ်။
ကုမ္ပဏီ သုံးခု၊ လေးခုလောက်မှာ ရင်းနှီးမြုပ်နှံနေသရွေ့ သူမအနေနဲ့ ထိုင်ပြီး ပိုက်ဆံတွေကို သိမ်းယူနိုင်လိမ့်မယ်။
သူမအနေနဲ့ သူမကိုယ်တိုင် စက်ရုံတစ်ရုံတည်ဆောက်ပြီး အလုပ်ကြိုးစားရန်အတွက်ကတော့ အလွန်ပျင်းရိလွန်းတယ်။ အဆင်ပြေလာရင်တော့ နောက်ထပ်အိမ်ခြံမြေအချို့ကို ဝယ်ယူထားရမယ်။ ဒါဆိုရင် ဒုတိယမျိုးဆက်ဖြစ်တဲ့ သူမရဲ့သားသမီးတွေက ဖြိုဖျက်မှုအတွက် အခကြေးငွေတွေ ရရှိနိုင်လိမ့်မယ်။
ဘာပဲဖြစ်ဖြစ် သူမက ဒီလိုဘာမှမသိတတ်သေးတဲ့ကလေးအတွက် အများကြီးတွေးတောစဥ်းစားနေခဲ့မိတယ်။ ဒီကလေးက လမ်းတောင်မလျှောက်နိုင်သေးဘူး။ သူမက သူ ဘယ်လိုဇနီးကို လက်ထပ်မှာလဲလို့တောင် တွေးမိနေပြီ။
သို့သော်လည်း အန်တီယဲ့က ညဘက်မှာ ကလေးကို ပြုစုစောင့်ရှောက်ပေးခဲ့တာကြောင့် သူမ အိမ်အပေါ်ထပ်မှာ ကောင်းကောင်းအိပ်ပျော်နိုင်ခဲ့တယ်။
သူမက မနက်ပိုင်း အိမ်မှ မထွက်ခင် နို့တိုက်ကျွေးခဲ့ပြီး အလုပ်ကိုသွားကာ၊ နေ့လယ်ပိုင်းလည်း ပြန်လာစရာ မလိုတာကြောင့် အတော်လေး အားလပ်နေခဲ့တယ်။
နောက်ဆုံးတော့ လင်းတုံဟဲဆီမှ လစဥ်အမြတ်ငွေပို့လာပြီးတဲ့နောက်မှာ သူမက ပိုင်လင်းလင်းဆီသို့ ထိုပိုက်ဆံကို ချက်ချင်းပေးခဲ့တယ်။
သူမက မြို့ထဲမှာသွားလာရ အဆင်ပြေဖို့အတွက် တစ်ပတ်ရစ်စက်ဘီးတစ်စီးကိုလည်း ဝယ်ခဲ့တယ်။ ဘတ်စ်ကားစီးရတာက သိပ်ပြီးအဆင်မပြေလှဘူးလေ။
ရှစ်ဆယ်ခုနှစ်နောက်ပိုင်းလောက်မှာဆိုရင်တော့ နိုင်ငံက စက်ဘီးပင်လယ်ပြင်ဖြစ်သွားတော့မှာဖြစ်ပြီး လူတိုင်းနီးပါးက အလုပ်သွားဖို့အတွက် စက်ဘီးတစ်စီးစီ ရှိလာလိမ့်မယ်။
**