← Chapters

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

Vol. 16 Ch. 157

လင်းတုံဟဲတစ်ယောက် စာရင်းတွေကို ဆက်လက်ဖြေရှင်းနေချိန်မှာ လင်းဟိုင်ကတော့ ကျိုးပဲ့နေတဲ့ မှန်တစ်ချပ်ရှေ့မှာ တစ်နာရီလောက်ကြာအောင် ကိုယ့ကိုယ့်ကိုယ် ပြင်ဆင် ခြယ်သနေခဲ့တယ်။

တစ်ဖက်မှာတော့ ဆုဆုက ပိုင်လင်းလင်းအတွင် မင်္ဂလာလက်ဆောင်ပေးရန် ပြင်ဆင်နေခဲ့တယ်။ သူမက လှပတဲ့ အိပ်ယာဝင်ပစ္စည်းလေးမျိုးကို  ပေးရန် ရည်ရွယ်ထားခဲ့တယ်။ အခုအချိန်မှာ အဆင်သင့်လုပ်ထားတဲ့ ပစ္စည်းမျိုးမရှိသေးတာကြောင့် သူမက အထည်တွေကို ရွေးပြီးနောက် တစ်စုံတစ်ဦးကို ပြုလုပ်ခိုင်းခဲ့တယ်။

သူတို့ရဲ့ အိမ်မှအိပ်ယာက 1.8 မီတာကျယ်တဲ့ အိပ်ရာကြီးဖြစ်ပေမဲ့ စောင်ကတော့  တစ်ယောက်ခြုံစောင်တွေဖြစ်လေတယ်။  ချန်ယွဲ့ကျင်းသည်လည်း လင်းချွမ်လိုမျိုး အိမ်နှင့် အမြဲတစေ ဝေးကွာနေတတ်တဲ့သူဖြစ်တာကြောင့် ပုံမှန်အားဖြင့် သီးခြားအိပ်ရန် စောင်နှစ်ခုကို သီးသန့်မှာယူရလိမ့်မယ်။

ဒီနေ့ သူမ ထိုပစ္စည်းတွေကို  သွားယူသွားချိန်မှာတော့ အနီရောင် ဖဲကြိုးနဲ့ ချိတ်ဖို့ သင့်တော်တဲ့ နောက်ထပ် သေတ္တာကြီးတစ်လုံး ရှာတွေ့ခဲ့တယ်။

မင်္ဂလာဆောင်ရက်က တနင်္ဂနွေနေ့ဖြစ်တာကြောင့် လင်းချွမ်ကလည်း ဝင်ရောက်ကူညီဖို့သွားခဲ့တယ်။ စစ်တပ်ထဲမှ စစ်သားတချို့ကလည်း လိုက်သွားကြတယ်။ အဆုံးမှာ သူတို့တွေက အလွန်နီးကပ်ကြတယ်လေ။

ဆုဆု မင်္ဂလာပွဲကို ရောက်သွားတော့  လူတော်တော်များများက သူမ သိတဲ့သူတွေဖြစ်နေခဲ့တယ်။ သူတို့ရဲ့ နာမည်ကို မသိရင်တောင် သူတို့က လင်းချွမ်ရဲ့ စစ်သားတွေဆိုတာကိုတော့ သူမသိတယ်။ သူမကလည်း သူတို့ကို နှုတ်ဆက်ခဲ့တယ်။

လူသိများတဲ့ စစ်တပ်မရီးတစ်ဦးအနေဖြင့် သူမက အလွန်လေးစားခံခဲ့ရပြီး အောင်သွယ်ကြီးထံမှ အနီရောင်ပန်းတစ်ပွင့်ကိုတောင် ရခဲ့သေးတယ်။

တကယ်တော့ သူတို့ နှစ်ယောက်က လွတ်လပ်တဲ့ချစ်ခဲ့ကြတဲ့ သူတွေ ဖြစ်ခဲ့ရင်တောင်မှ သူမက အောင်သွယ်တော် ဖြစ်တယ်ဆိုပြီး အခိုင်အမာ ဆိုခဲ့ကြတာကြောင့် လေကိုအံတုပြီးခံရုံသာတတ်နိုင်ခဲ့တယ်။

စစ်တပ်ခေါင်းဆောင်တစ်ယောက်လည်း ရောက်လာခဲ့ပြီး သူက မင်္ဂလာစကားပြောချိန်မှာ ဆုဆုကိုထည့်ပြောခဲ့တယ်။

“ အောင်သွယ်တော်ကြီး၊ ငါတို့ရဲ့ စစ်တပ်ထဲမှာ လင်းချွမ်နှင့် ချန်ယွဲ့ကျင်းတို့လို ယောက်ျားကောင်းတွေ အများကြီးရှိသေးတယ်နော်.. စစ်တပ်ထဲက ဇနီးသည်တစ်ယောက်အနေနဲ့  မင်း သူတို့ကိုလည်း စောင့်ရှောက်ပေးဦးမယ် မလား.. မိန်းမကောင်းလေးတွေတွေ့ရင် သူတို့ကို မိတ်ဆက်ပေးပါဦး..  ပြီးတော့ မင်းရှာပေးခဲ့တဲ့ မင်းရဲ့စစ်တပ်ယောက်မလေးအတွက်လည်း ငါတို့က ကျေးဇူးတင်ပါတယ်”

စစ်တပ်ရဲ့ မရီး၊ စစ်တပ်ရဲ့ခယ်မ။ စစ်တပ်ရဲ့ ယောက်မ စတဲ့စကားတွေက ဆက်တိုက်လာနေတာကြောင့် ဆုဆု ထပ်ပြီး မစဥ်းစားနိုင်တော့ဘူး။

သူမက အတင်းပြုံးပြီး ပြန်ဖြေခဲ့ရတယ်။

“သေချာတာပေါ့.. အဆင်ပြေပါတယ်”

သူမ ထိုစကားကိုပြောပြီးနောက် ထိုနေရာတွင် ထိုင်နေကြတဲ့ စစ်သားတွေက လက်ခုပ်တီးလာကြတယ်။

သူတို့က သေချာပေါက် ပျော်ရွှင်နေကြတာပေါ့။  တစ်စုံတစ်ယောက်က သူတို့အတွက် မိတ်ဆက်ပေးလာမှာလေ။ လူပျိုတစ်ယောက်ဖြစ်နေရတာက အတော်လေး အဆင်မပြေလှဘူး။ အထူးသဖြင့် တခြားလူရဲ့မင်္ဂလာဆောင်မှာပဲ။

လင်းချွမ်ကတော့ သူ့ရဲ့ဇနီးလေးအတွက် အနည်းငယ်စိတ်မကောင်းဖြစ်နေခဲ့တယ်။  သူမက တစ်နေကုန် အလုပ်များနေတာကြောင့် ထိုနံစော်နေတဲ့ ကောင်လေးတွေအတွက် တစ်စုံတစ်ယောက်ကို မိတ်ဆက်ပေးရန် အချိန်မရှိလောက်ဘူး။

ချန်ယွဲ့ကျင်းကတော့ ဒီနေ့မှာအလွန်ရိုးသားနေရပြီး  ဝိုင်ကိုလည်းလျှော့သောက်လို့ မရခဲ့ဘူး။  ဧည့်သည်တစ်ယောက်အနေနဲ့ လင်းချွမ်က သူ့ကို အရက်အများကြီးမသောက်ဖို့ သတိပေးလုနီးပါးဖြစ်နေခဲ့ပြီး သူက သတို့သားအရံတစ်ယောက်အနေနဲ့ပါ သူ့အတွက် ဝိုင်အရက်ကူညီသောက်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ အသုံးမဝင်ပါဘူး။ ဘယ်သူကများ သူ့(ချန်ယွဲ့ကျင်း)ကို အရက်ကောင်းကောင်းမသောက်နိုင်အောင်လုပ်ခဲ့လို့လဲ။

ဆုဆုက ပိုင်လင်းလင်းရှိတဲ့ အိမ်ထဲကိုဝင်သွားပြီး ပြုံးရင်းပြောလိုက်တယ်။

“ဒီနေ့တော့ နင် အေးအေးဆေးဆေး အိပ်နိုင်ပြီး ကောင်းကောင်း အိပ်နိုင်မဲ့ညကိုရလောက်သေးတယ်”

“ဘာတွေ ပြောနေလဲ”

ပိုင်လင်းလင်းက သူမကို ရှက်ရွံ့စွာတွန်းလိုက်ပေမဲ့လည်း စိတ်သက်သာရာ ရသွားခဲ့တယ်။

ဆုဆုရယ်မောလိုက်တယ်။ ပြောရရင် သတို့သမီးလေးတစ်ယောက်အနေနဲ့ မျှော်လင့်ခြင်းနဲ့ ကြောက်ရွံ့ခြင်းရဲ့ ခံစားချက်ကို သူမ ဘယ်လိုလုပ်ပြီး နားမလည်နိုင်ဘဲနေမှာလဲ။

သို့ပေမဲ့ ပိုင်လင်းလင်းရဲ့ မိသားစုအခြေအနေတွေက တကယ်ကောင်းလွန်းတယ်။ သူမရဲ့ မိဘတွေက သူတို့သမီးကို အလိုလိုက်ပေမဲ့ ဆိုးသွန်းလောက်တဲ့အထိတော့မဟုတ်ဘူး။  အနည်းဆုံးတော့ သူတို့က ကောင်းကောင်းသင်ကြားပေးခဲ့ကြတယ်။

ကြင်စဦးဇနီးမောင်နှံတွေကို မင်္ဂလာအခန်းဆီသို့ လိုက်ပို့ပြီးနောက် လူတိုင်း လူစုခွဲခဲ့ကြတယ်။ တက်ကြွတဲ့ကောင်လေးတွေကတော့ သတို့သမီးအခန်းကိုသွားပြီး သတို့သားကိုနှိပ်စက်ဖို့ ပြင်ဆင်နေကြတုန်းပဲ။ 

ဆုဆုကတော့ ကလေးကို ပြုစုစောင့်ရှောက်ဖို့အတွက် အိမ်ကိုပြန်ရလိမ့်မယ်။ ညနေပိုင်းမှာလည်း လင်းဟိုင်အတွက် ဘလိုင်းဒိတ် တွေ့ဆုံဖို့ ပြင်ဆင်ဦးလိမ့်မယ်လေ။

ဒါပေမယ့် သူတို့ ပြန်သွားတဲ့နောက်မှာ လင်းဟိုင်တစ်ယောက် အလွန် အလုပ်ရှုပ်နေတာကို တွေ့လိုက်ရတယ်။ ကလေးက နိုးနေခဲ့ပြီး လင်းဟိုင်က သူ့ကို ပွေ့ချီကာ ချော့မော့နေခဲ့ပေမဲ့လည်း ကလေးက မျက်နှာမပေးခဲ့ဘူး။ ဒါကြောင့် သူတို့က အချင်းချင်း ဘယ်သူအနိုင်ရမလဲ တိုက်ခိုက်နေခဲ့ရတယ်။

ဆုဆု အိမ်ကိုပြန်ရောက်တာနဲ့ သူမရဲ့သားကို အလျင်အမြန်ပွေ့ချီလိုက်တယ်။

“ဘာလို့ငိုနေတာလဲ၊ ဒုတိယဦးလေးပွေ့ချီထားတာကို မပျော်ဘူးလား”

“ဝူး...”

မပျော်မရွှင်ဖြစ်နေတဲ့ ကျန့်ကျန့်က  သူ့ရဲ့အတွေးများကို တိုက်ရိုက်ဖော်ပြလာတယ်

“ ပြန်လာကြပြီလား..  ကျွန်တော့်ရဲ့နားရွက်တွေတော့ ပေါက်တော့မယ်လို့ ထင်နေပြီ.. တကယ်ပဲ ယောကျ်ားလေးတွေက မိန်းကလေးတွေလောက် မနူးညံ့ဘူး.. ကျွန်တော်တော့ အနာဂတ်မှာ သေချာပေါက် သမီးလေးတစ်ယောက်ပဲ မွေးမှာ”

သားမမွေးဘူး။

“ဒါမျိုးက ကျိန်းသေပြောလို့ရတာမဟုတ်ဘူးလေ”

ဆုဆု စကားပြီးတာနဲ့ ကျန့်ကျန့်ကိုနို့တိုက်ဖို့ အိမ်ထဲသို့ ဝင်သွားခဲ့ပြီး  လင်းဟိုင်ကတော့ ဘလိုင်းဒိတ်အချိန်အတွင်း တစ်ဖက်မှမိန်းကလေးက သူ့ဆီမှ အနံ့ကို ရနေမှာစိုးတာကြောင့် လက်နှင့် မျက်နှာကို ဆပ်ပြာနဲ့ ဆေးကြောနေခဲ့တယ်။

လင်းချွမ်က သူ့ရဲ့ ဇနီးသည် ဝင်သွားတာကြည့်ကာ ညီဖြစ်သူကို  စိတ်ကြီးဝင်စွာ ပြောခဲ့တယ်။

“ မင်း ဘာတွေ ဒီလောက် ပြင်ဆင်နေရတာလဲ.. ငါဆို မင်းရဲ့မရီးနဲ့တုန်းက ဘာမှ လုပ်နေစရာမလိုခဲ့ဘူး”

“အစ်ကိုကြီး၊ မင်းက ကျွန်တော့်ရဲ့အစ်ကိုကြီးမဟုတ်ဘူးမလား”

“မင်း ဘယ်လောက်ထိ ပင်ပန်းနေရလဲဆိုတာ မြင်နေလို့လေ..  တစ်ဖက်မိန်းကလေးက မင်းကို သဘောကျရင် မင်းဘာကို ဂရုစိုက်စို့ လိုနေမှာလဲ”

“အဲဒါက ကျွန်တော့်ရဲ့မရီးက အစ်ကိုကြီးကို သဘောကျခဲ့လို့လေ..  အစ်ကိုသာ သူမကို အရင်မကယ်ခဲ့ရင် သူမက အစ်ကို့ကို သေချာပေါက် မကြိုက်လောက်ဘူး”

“ဒါပေမယ့် ငါကယ်ခဲ့တယ်လေ”

မင်းမှာ အရည်အချင်းရှိရင် အဲဒီလူက မင်းကို တောင်ပေါ်မှာ စောင့်နေလိမ့်မယ်။

ညီအစ်ကိုနှစ်ယောက်ရဲ့ ငြီးငွေ့ဖွယ်ရာအငြင်းအခုန်စကားတွေ ပြီးဆုံးပြီးနောက် လင်းဟိုင်ကလည်း ပြင်ဆင်လို့ပြီးလုနီးပါးဖြစ်နေပြီ။

ဆုဆုက ကလေးကို နို့တိုက်ကျွေးပြီးနောက် သူမက အဝတ်အစားပြန်ဝတ်ပြီး ထွက်လာခဲ့တယ်။

“လင်းချွမ် ကလေးကို ခဏလောက်ကြည့်ထားပေးဦး.. ကျွန်မ လင်းဟိုင်ကို ဘူတာကို လိုက်ပို့ပေးပြီး ပြန်လာခဲ့မယ်”

“မင်း သူ့ကို ဘာလို့ လိုက်ပို့နေဦးမှာလဲ၊ သူက ကလေးမဟုတ်တော့ဘူး.. လမ်းကို ရှာမတွေ့ဘဲ မနေပါဘူး”

“မရီး.. ကျွန်တော်တို့က အချင်းချင်းသိတာမဟုတ်ဘူးလေ..သူ့ကို ဘယ်လို မှတ်မိနိုင်မှာလဲ”

လင်းဟိုင်က သူ့ရဲ့အစ်ကိုကြီးက အမျိုးမဟုတ်ဘဲ သူ့မရီးကသာ သူနဲ့ အမျိုးတော်တယ်လို့ ခံစားနေရတယ်။

“သူမက ဘူတာရုံက ဖြတ်သွားပြီး တတိယပလက်ဖောင်းမှာ အပြာရောင်ရှပ်အင်္ကျီကို ဝတ်ပြီး ပန်းပွင့်တွေပါတဲ့အိတ်ကို လွယ်ပြီးစောင့်နေလိမ့်မယ်..    အဲဒီကိုတက်သွားပြီး ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက် .. ပြီးမှ သူက ဘယ်သူလဲလို့ မေးကြည့်..  ပြီးသွားရင် ဘေးမှာရှိတဲ့  စားသောက်ဆိုင်မှာ သွားစားဖို့ ပြောလိုက်.. မှတ်ထားနော်.. အရမ်းအလွန်အကြွံလိုက်ရှာပြနေရတာမျိုး မဖြစ်စေနဲ့”

ဆုဆုက လင်းဟိုင်ကို အဆင့်ဆင့် သင်ပေးနေခဲ့တယ်။

ဒါပေမယ့် ဘူတာကိုရောက်တဲ့အချိန်မှာတော့ သူမက ဆက်မလိုက်တော့ဘူး။ အဆုံးမှာ သူတို့ရဲ့ဘလိုင်းဒိတ်မှာ သူမကို မီးလုံးအဖြစ် လိုချင်မှာမဟုတ်ဘူး။

လင်းဟိုင်က အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ပေမဲ့လည်း သူ့ရဲ့မရီးကို တစ်ချိန်လုံး သူ့နောက်ကနေ မလိုက်ခိုင်းခဲ့ဘူး။ သူမ ထွက်သွားတာကိုမြင်လိုက်ရတော့ အနည်းငယ်ကူကယ်ရာမဲ့ဖြစ်သွားခဲ့ရပေမဲ့လည်း နောက်ဆုံး  တတိယပလက်ဖောင်းကို ရောက်အောင်သွားခဲ့တယ်။

ဆုဆုကလည်း စိတ်ပူနေခဲ့ပေမယ့် အနောက်ကနေ လိုက်မကြည့်နိုင်ခဲ့ဘူး။ သူမရဲ့ကလေးကို ပြန်ကြည့်ဖို့ကလည်း အရမ်းအရေးကြီးသေးတယ်လေ။ ဒါကြောင့် သူမက တစ်ခါတည်းပြန်လာခဲ့ပြီး ခန်ပေါ်မှာထိုင်ကာ ပြောလိုက်တယ်။

  “ပြောကြည့် တစ်ဖက်ကသဘောမတူရင် ဘာဖြစ်မလဲ”

“အလုပ်မဖြစ်ရင် အလုပ်မဖြစ်ဘူးပေါ့”

“ လင်းဟိုင်က တစ်ဖက်က မိန်းကလေးကို စိတ်မသက်မသာဖြစ်စေမယ့် အမှားတစ်ခုခုလုပ်မိမှာကို ကြောက်လို့.. သူတို့အချင်းချင်း ချစ်မိသွားတာမဟုတ်ရင်တောင် အနည်းဆုံးတော့ အေးအေးဆေးဆေးပဲဆိုရင် လူတွေရဲ့နှလုံးသားကို မထိခိုက်စေဘူးပေါ့”

“မင်း ဘာလို့ ဒီလောက်တောင် တွေးနေရတာလဲ”

“ကျွန်မက အလွန်အကြွံတွေးနေတာ မဟုတ်ပါဘူး.. အဲဒါ ရှင့်ရဲ့ညီလေ.. ရှင်ဘာလို့ ဒီလောက်တောင် ဂရုမစိုက်ရတာလဲ”

ဆုဆု ထိုစကားနည်းလွန်းတဲ့ အမျိုးသားကို ကြက်မွှေးတုတ်နှင့်  ချိန်ရွယ်လိုက်ပေမဲ့ တစ်ဖက်လူက သူမရဲ့ လက်ကို  ဆုပ်ကိုင်ကာ ပြန်ပြောလာတယ်။

“ကိုယ်က မင်းရဲ့အကြောင်းကိုပဲ ဂရုစိုက်တာမဟုတ်ဘူးလား”

ဒါက မမှားပါဘူး။ ဒါပေမယ့် ဘာလို့ အတော်လေး အကျင့်ပျက်နေသလိုမျိုး ခံစားနေရတာလဲ?

အခြေအနေက ဘယ်လိုရှိမလဲဆိုတာ စိတ်ပူနေတာကြောင့် သူတို့နှစ်ယောက် ကလေးကိုကြည့်ရင်း အပြင်ကို လှမ်းကြည့်နေခဲ့ကြတယ်။ 

ဆုဆု: “ကျွန်မတို့စောင့်ရင်း စကားပြောကြရအောင် .. ဒီလိုစောင့်ရတာက အတော်လေး ခက်တယ်”

“ကောင်းပြီ မင်း လိုချင်သလောက်ပေါ့”

ဒီလိုနဲ့ သူတို့တွေ စကားပြောနေခဲ့ကြတယ်။

သူတို့နှစ်ယောက် ကလေးနဲ့အတူ ခန်ပေါ်မှာ ကစားနေတုန်းမှာ  လင်းဟိုင်က ရုတ်တရက် အိမ်ထဲသို့ ပြေးဝင်လာခဲ့တယ်။

“ မရီး .. အားရာက ကျွန်တော်တို့ နှစ်ယောက် မိဘတွေအတူဆုံဖို့ ချိန်းဆိုသင့်တယ်လို့ပြောခဲ့တယ်”

“အင်း၊ မင်းတို့  မိဘတွေနဲ့တွေ့ဆုံဖို့တောင် ပြောခဲ့ကြပြီလားလား”

ဘယ်လိုလုပ်ပြီး  ဒီလို မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာလဲ။ နောက်ပြီး ရဲဘော်လို့တောင်မခေါ်ဘဲ အားရာလို့ခေါ်နေပြီလား။

“အားရာက သူ့ဘာသာသူ ဆုံးဖြတ်ချက်မချနိုင်တဲ့အတွက် လူကြီးမိဘတွေကို ပြန်သွားမေးဖို့ လိုတယ်လို့ပြောတယ်.. တကယ်လို့ သူတို့မိသားစုနှစ်စုတွေ့ပြီးလို့ မိဘတွေက သဘောတူရင် အရင်စေ့စပ်ကြမယ်တဲ့”

“ဒါက ပုံမှန်ပါပဲ.. လက်ဆောင်တွေဘာတွေ လိုသေးလား”

ပုံမှန်လက်ထပ်ပွဲဆိုတာ ဒီလိုပဲမဟုတ်ဘူးလား။ ပိုင်လင်းလင်းနှင့် ချန်ယွဲ့ကျင်းတို့ကတော့ နှစ်ယောက်လုံးက အသက်ကြီးပြီဖြစ်လို့ အဆင့်ဆင့် မလုပ်ခဲ့ကြဘူး။ အဆုံးမှာ ချန်မိသားစုဘက်က မလာနိုင်ခဲ့ဘူးလေ။ ဒါပေမယ့် လင်း မိသားစုမှာတော့ လူတွေ အများကြီးရှိတယ်။

ကြည့်ရတာ တစ်ဖက်မိန်းကလေးက နှလုံးသားထဲမှာ အကြံအစည်ရှိနေပြီးသားဖြစ်နေပုံရပြီး လင်းဟိုင်ကို သဘောကျသွားတာဖြစ်လိမ့်မယ်။

သူမရဲ့ မတ်လေးကို ကြည့်လိုက်လေ။  သူက အရပ် ၁.၈ မီတာရှိပြီး  ရုပ်ရည်ကလည်း တော်တော်လေးချောတယ်။ ဒါ့အပြင်၊ သူက ပိုက်ဆံအမြောက်အမြားရှာနိုင်ပြီး ရိုးရှင်းတဲ့စိတ်ထားရှိသူပဲ။ မြို့ထဲမှ ကလေးမလေးတွေက ဒီလို ပုံစံမျိုးကို ကြိုက်ကြလိမ့်မယ်။

သေချာတာပေါ့။ 1980 ခုနှစ်တွေမှာ ယောက်ျားတွေက လှပအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မသိတဲ့ အချိန်ပဲ။

တစ်ချို့က  လိပ်ပြာရှပ်အင်္ကျီနဲ့ ဘောင်းဘီအသားကတ်တွေကိုဝတ်ကြပြီး လမ်းပေါ်မှာသွားလာနေကာ လူကောင်းတွေလို့ မထင်ရဘူဖြစ်ပုံမပေါ်ဘူး။ လိပ်ပြာအင်္ကျီက နားလည်နိုင်ပေမယ့် ဘောင်းဘီဖင်ကျပ်ကတော့ တော်တော်လေးဆိုးတယ်။  ဘာပဲဖြစ်ဖြစ် ခေတ်သစ်မှလူတစ်ယောက်အနေနဲ့ ဆုဆုကတော့ အထင်သေးခြင်းမရှိဘူး။

အတိုချုပ်ပြောရရင် လူဆိုးလူမိုက်လေးတွေ ကြားထဲမှာ  ပေါ်လာတဲ့ သူမရဲ့မတ်လေးလို လူရိုးလေးက သဘောကျခြင်းခံရတာ အမှားအယွင်းမရှိဘူး။

နောက်ပြီး တစ်ဖက်လူရဲ့ လုပ်ထုံးလုပ်နည်းတွေက မဆိုးလှဘူး။ မိဘမရှိတဲ့ မိန်းကလေးအတွက်၊ သူမက အမှန်တကယ်ကို သတ္တိရှိတယ်။

လင်းဟိုင်ရဲ့ သုတေသနလုပ်မှုတွေကိုပဲ မကြည့်နဲ့။ သူက သူ့ကို လမ်းပြမဲ့သူမရှိရင် ဘယ်လိုသွားရမလဲဆိုတာ မသိတဲ့သူမျိုးပဲ။ ဒါကြောင့် သူ့ကိုလမ်းပြပေမဲ့ အလင်းရောင်က အမှန်တကယ်လိုအပ်တယ်။

All Chapters