← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

အန်တီယဲ့က ဇီဇာကြောင်တဲ့စကားတွေမပြောခဲ့ဘူး။ ဒါကြောင့် လင်းဟိုင်က သူတို့တွေ ရှင်းရာရဲ့ဆုံးဖြတ်ချက်အတိုင်းသာ  အလေးအနက်ယူတာဖြစ်လိမ့်မယ်လို့ တွေးခဲ့တယ်။ သူတို့က ပါဝင်ပတ်သက်ခြင်းမရှိဘဲ သတို့သမီးဘက်မှ ဆွေမျိုးတွေမိသားစုအဖြစ်နှင့်သာ ပျော်ရွှင်နေလိမ့်မယ်။

ဒါကြောင့် စားသောက်ပြီးတဲ့နောက်မှာ လင်းဟိုင်က ရှင်းရာကို သူမနေတို့ အဆောင်သို့ ပြန်လည်လိုက်ပို့ပေးခဲ့တယ်။

လမ်းမှာ ရှင်းရာက စကားစလာတယ်။

“ရဲဘော်လင်းဟိုင်၊ ရှင် ကျွန်မကို အလေးထားပေးတဲ့အပေါ်မှာ ကျွန်မ အရမ်းပျော်ပါတယ် ဒါပေမယ့် ကျွန်မရဲ့မိသားစုကလည်း ကျေးလက်ကပါပဲ.. ကျွန်မ ငယ်ငယ်တုန်းက ကျေးလက်ဒေသမှာ ခဏနေခဲ့ဖူးတယ်၊ ဒါကြောင့် အလုပ်လုပ်တဲ့လူတွေကို အထင်မသေးပါဘူး.. ရှင် ကျွန်မကို အရမ်းမြင့်မြတ်တဲ့လူလိုမျိုး မမြင်ပါနဲ့”

“ဒီနေ့ ကိုယ်မှားသွားခဲ့တာပါ..  ကိုယ်ဝန်ခံပါတယ်”

“ဒီနေ့ ရှင့်ရဲ့မရီး ရှင့်ကို သင်ပြပေးတာ မှန်တယ်လို့ ကျွန်မ ထင်တယ်.. ရှင်ပြန်ရောက်ရင် ရှင့်ရဲ့မရီးနှင့် အစ်ကိုကို တောင်းပန်သင့်တယ်”

“ကောင်းပြီ  .. မင်းပြောတာမှန်​တယ်​ ကိုယ်ပြန်​သွားရင်​​သေချာ​ပေါက်​​တောင်းပန်​လိုက်မယ်​”

ပြီးရင် အရိုက်ခံရလိမ့်မယ်။

ရှင်းရာက အိပ်ဆောင်ထဲသို့ဝင်လိုက်ပြီး သူ့ကို လက်ပြနှုတ်ဆက်ခဲ့တယ်။ 

လင်းဟိုင်ကတော့ ကိုယ့်ကိုယ်ကိုယ် အရွယ်မရောက်သေးတဲ့ ယောက်ျားတစ်ယောက်လိုမျိုး  မိန်းကလေးလောက်တောင် ရင့်ကျင့် တွေးတတ်မှု မရှိဘူးလို့ ခံစားမိခဲ့တယ်။

ဒါကြောင့် အိမ်ကိုပြန်ရောက်တော့ ဆုဆုကို ဂရုတစိုက်နဲ့ ကြည့်လိုက်ပြီး :

“မရီး.. ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် အခုလေးတင် မှားသွားခဲ့တယ်.. အားရာကလည်း ကျွန်တော့်ကို ပညာပေးခဲ့တယ်.. ကျွန်တော်က ရွာကထွက်လာပြီးတာနဲ့ နည်းနည်း ဘဝင်မြင့်သွားတာထင်တယ်”

“မင်း ကိုယ့်ကိုယ်ကိုယ်ဘဝင်မြင့်နေတာကိုတော့ သိသားပဲ..  တစ်နေ့နေ့ မင်းရဲ့မိဘတွေ ဘာမှ မလုပ်နိုင်ဘူးဆိုရင် မင်းဘယ်လိုလုပ်မှာလဲ..  မင်းက ရွာကို တစ်သက်လုံး ပြန်မသွားတော့ဘူးလို့ တွေးထားလား”

လင်းချွမ်က လက်ထဲမှ ရေခွက်ကို ဘေးသို့ပစ်ချကာ သူ့ရဲ့ အင်္ကျီလက်စကို လိပ်တင်လိုက်တယ်။

လင်းဟိုင်တစ်ယောက် စားပွဲတစ်ဖက်သို့ အလျင်အမြန်ရွှေ့ပြီး ကြောက်လန့်စွာ အော်ပြောလိုက်တယ်။

“အစ်ကိုကြီး၊ ပြောစရာရှိရင် ပါးစပ်ကပဲ ကောင်းကောင်းပြောပါ၊ လိမ္မာယဉ်ကျေးတဲ့လူတွေက လက်မပါဘူးလေ”

“လိမ္မာယဉ်ကျေးတဲ့လူက ဘယ်သူလဲ၊ ငါသာ ဒီနေ့ မင်းကို မရိုက်နှက်ရင် မင်းက အနှေးနဲ့အမြန် မင်းရဲ့ဘိုးဘေးတွေက ဘယ်သူလဲဆိုတာကိုတောင် မေ့သွားလိမ့်မယ်”

လင်းချွမ်က သူ့ရဲ့ညီငယ်ကို ဖမ်းမမိသေးဘူး။ ဒါကြောင့် သူက စားပွဲခုံကို လက်တစ်ဖက်နှင့်ထောက်ကာ တစ်ဖက်သို့ လွှားခနဲခုန်ကျော်လိုက်ပြီး တစ်ဖက်လူရဲ့ အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်လိုက်လေတယ်။

ဆုဆုက လင်းချွမ် အမှန်တကယ် တိုက်ခိုက်ချင်နေတယ်လို့ မထင်ထားခဲ့ဘဲ သူစနောက်နေတာလို့သာ တွေးခဲ့မိတယ်။ ကံကောင်းထောက်မစွာပဲ ကလေးက အိမ်ထဲမှာ အိပ်ပျော်သွားခဲ့လို့သာပဲ။ သူက ဒီလို ခုန်ပျံကျော်လွှားနေတဲ့သိုင်းကွက်တွေကို မတွေ့ခဲ့ရဘူး။

သူမ အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး အမြန် အော်ပြောလိုက်တယ်။

“မရိုက်နဲ့လေ”

ထို့နောက်မှာတော့ လင်းချွမ်က သူ့ရဲ့ ညီဖြစ်သူကို လည်ပင်းဂုတ်ပိုးနေရာသို့ ရိုက်ချလိုက်တာကို တွေ့မြင်လိုက်ရတယ်။

တစ်ဖက်မှာတော့ လင်းဟိုင်က လည်ပင်းကို ကျုံ့ဝင်ကာ အော်ပြောလိုက်လေတယ်။

“အစ်ကိုကြီး ကျွန်တော် မလုပ်ရဲတော့ပါဘူး.. ကျွန်တော့်မျက်နှာကို မရိုက်နဲ့တော့”

“.....”

ဒီအချိန်မှာ သူက သူ့ရဲ့မျက်နှာကိုတွေးနေသေးတယ်။ ရှင်းရာမြင်သွားမှာကို ကြောက်နေတာလား?

“မင်းမိဘတွေကိုယ်စား ငါမင်းကိုရိုက်ပေးရမယ်”

လင်းချွမ်က နောက်ထပ် နှစ်ကြိမ်လောက်ရိုက်လိုက်ပေမဲ့ စိတ်ပြေလျော့သွားပုံမရသေးဘူး။

“ဒါဆို အစ်ကိုကြီးကျတော့ မရီးဆေးလိပ်နံ့မခံနိုင်မှာစိုးလို့ ဘာလို့ အဖေ့ကို ဆေးလိပ်မသောက်ခိုင်းတာလဲ”

လင်းဟိုင်က ဘာမှမဟုတ်ဘဲ လိုက်ကြည့်နေခဲ့တာ မဟုတ်တဲ့ပုံပဲ။

ဆုဆု သူတို့ကို ထပ်ပြီး ဂရုမစိုက်ချင်တော့ဘူး။

“ငါက အဖေ့ရဲ့အကျိုးအတွက် လုပ်နေတာ၊ ဆေးလိပ်သောက်တာက ကျန်းမာရေးကို မကောင်းစေဘူးဆိုတာ မင်းမသိဘူးလား”

လင်းချွမ်က ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောလိုက်တယ်။

ဒီညီအကိုနှစ်​​ယောက်​  ရန်​ဖြစ်​​နေတာက ဘာလို့ဒီလောက်တောင် ကြည့်ရခက်နေတာလဲ?

သူမ ထပ်ပြီး မကြည့်နိုင်တော့သလို ခံစားရတာကြောင့် ဆုဆု အခန်းထဲသို့ ပြန်ဝင်သွားပြီး ကလေးသွားကြည့်လိုက်တယ်။ လင်းချွမ်က လင်းဟိုင်ကို သတ်မှာ မဟုတ်သလို လင်းဟိုင်ကလည်း လင်းချွမ်ကို ပြန်တိုက်ဖို့ သတ္တိ မရှိဘူး။

ဆယ်မိနစ်ခန့် အရိုက်ခံရပြီးနောက် လင်းဟိုင်တစ်ယောက် လင်းချွမ်ပြောလာတာကို ကြားလိုက်ရတယ်။

“မင်း ရွာကိုပြန်သွားပြီးရင် မင်းရဲ့မိဘတွေကို ဆိုးဆိုးရွားရွားဆက်ဆံရဲမယ်ဆိုလို့ကတော့ ငါမင်းကို ဒီလိုမျိုးမရိုက်တော့ဘူး”

“ကျွန်တော် မလုပ်ရဲပါဘူး၊ ကျွန်တော် သေချာပေါက် မလုပ်ရဲပါဘူး”

လင်းဟိုင်က ဒီတစ်ကြိမ်မှာ ပိုပြီးနာခံနေခဲ့တယ်။

“ဒါဆို ကျွန်တော် မရီးဆီကို သွားတောင်းပန်လိုက်မယ်” 

“သွားတော့”

လင်းချွမ်အနေနဲ့ လင်းဟိုင်ကို ရှင်းလင်းပြီးနောက် အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့ လိုသေးတယ်။

လင်းဟိုင်က ကလေး ထားတဲ့ အခန်းဆီသို့ တိတ်တဆိတ် သွားကာ တံခါးကို ခေါက်ပြီး ဝင်လိုက်တယ်။

“မရီး ကျွန်တော် အမှားလုပ်ခဲ့မိတယ်..  မရီး ကျွန်တော့်ကို ဘာလို့ မရိုက်တာလဲ”

“ရိုက်နေစရာ မလိုပါဘူး.. ငါ မင်းကို ပြောခဲ့တယ်.. လင်းတုံဟဲက ဒီလို အမှားမျိုး လုပ်ဖူးတဲ့အတွက် သူ့ရဲ့ အိမ်ထောင်ရေးမှာ တန်းတူညီမျှ မဖြစ်ဘဲ အခုလို ဖြစ်သွားရတယ်.. မင်းရှာထားခဲ့တဲ့ မိန်းမက ဘယ်လောက်ပဲ မြင့်မြတ်ပါစေ ၊ ဘယ်လောက်ပဲ အထင်အမြင်သေးနေပါစေ အဲဒါက မင်းရဲ့ အိမ်ပဲ၊ မင်းရဲ့ ကိုယ်ပိုင်အိမ်ကို မင်းကိုယ်တိုင် နိမ့်ကျတယ်လို့မြင်ပြီး အထင်သေးလို့မရဘူး”

“ကျွန်တော်  မှားမှန်းသိပါတယ်၊ အားရာက ကျွန်တော်တို့မိသားစုကို မနှိမ့်ချဘူး”

“ဒါဆို မင်းက တစ်ဖက်ကမိန်းကလေးလောက် ပွင့်ပွင့်လင်းလင်းမမြင်နိုင်ခဲ့ဘူး..  တကယ်လို့ သူမသာ မင်းမိဘတွေကို မကြိုက်နိုင်ဘူးဆိုရင် မင်းကိုရော ကြိုက်နိုင်မယ်လို့ထင်လား”

“အင်း၊ မရီးပြောတာက အဓိပ္ပာယ်ရှိပါတယ်”

လင်းဟိုင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သို့ပေမယ့် တခြားအကြောင်းအရာတစ်ခုကို ပြောချင်နေသေးတာကြောင့် ဆက်မေးလိုက်တယ်။

“မရီး.. မရီး ကျွန်တော့်ကို အိမ်ဝယ်ပေးမယ်လို့ ကြားတယ်.. မရီးမှာ ပိုက်ဆံတွေ အများကြီးရှိလို့လား၊ အခုလေးတင် အိမ်ဝယ်တာမဟုတ်ဘူးလား”

“အိမ်ဝယ်ဖို့အတွက် မင်းရဲ့ပိုက်ဆံကို ငါသုံးနေပါ့မလား? မင်းက ငါ့ကို ဘယ်လိုလူမျိုးလို့ တွေးတောတာလဲ၊ ငါ မင်းရဲ့ ပိုက်ဆံတွေအားလုံးကို စုထားပေးတယ်.. အခုဆို ယွမ်တစ်ထောင်ကျော်လောက် စုဆောင်းထားပြီးပြီ၊ မင်းရဲ့  လက်ထပ်ပွဲအတွက်  ပိုက်ဆံကလွဲရင် ကျန်တာကို မင်းကို ပေးမယ်လို့ စိတ်ကူးထားတယ်.. မင်း  ရာဂဏန်းနည်းနည်းလောက် စျေးရှိမယ့်အိမ်ကို ဝယ်လိုက်လေ.. အရမ်းကြီးတော့ မကောင်းဘူးဆိုပေမဲ့ မင်းပြန်ပြီးမွမ်းမံနိုင်တယ်၊ မင်းရဲ့အစ်ကိုကြီးလည်း ကူညီပေးလိမ့်မယ်”

“မရီး ကျေးဇူးအများကြီးတင်ပါတယ်”

သူ  ရွာမှာရှိနေတုန်းက လက်ထပ်နိုင်ဖို့အတွက်တောင် ခက်ခဲခဲ့တယ်။ အိမ်ဝယ်ဖို့ဆိုတာကတော့ တွေးတောင်မတွေးရဲခဲ့ဘူး။  အခု တစ်နှစ်ကျော်ကျော်လောက် ထွက်လာပြီးနောက်မှာတော့ မြို့ထဲမှာ အိမ်ဝယ်ရုံတင်မကဘဲ ဇနီးတစ်ယောက်လက်ထပ်ဖို့အကြောင်းကိုလည်း ပြောနိုင်ပြီ။  ဒါတွေအားလုံးက သူ့မရီးကို ကျေးဇူးတင်ရလိမ့်ယ်။

သူ့ရဲ့အစ်ကိုကြီးကတော့...

သူက သူ့ရဲ့မိသားစုကို ဂရုမစိုက်တာ မဟုတ်ဘူး၊ ဂရုစိုက်နေဖို့ အချိန်မရှိခဲ့တာပဲ။ သူ့အတွက် အလုပ်ရှာပေးဖို့လည်း မဖြစ်နိုင်ခဲ့ဘူး။ စက်ရုံဖွင့်ဖို့က ပိုဝေးသွားလိမ့်မယ်။ ဒါပေမယ့် အခုတော့ သူ့မှာ အရာအားလုံးကို တစ်ပြိုင်နက် ပိုင်ဆိုင်သွားပုံရတယ်။

“ကျေးဇူးတင်နေစရာမလိုဘူး.. ငါတို့အားလုံးကမိသားစုတွေပဲ..  အိမ်ကတော့ သိပ်ပြီး သေးလို့မဖြစ်လောက်ဘူးလို့ ငါထင်တယ်၊ အနာဂတ်မှာ မိဘတွေရောက်လာရင် မင်းရဲ့အိမ်မှာလည်း လာနေကြလိမ့်မယ်၊ ဒါကြောင့် အခန်းနှစ်ခန်း၊သုံးခန်းလောက်နဲ့ ခြံဝင်းတစ်ခုလိုတယ်၊

မင်းအချိန်ရရင် မင်းကိုယ်တိုင် ရှာကြည့်လို့ရတယ်.. မရနိုင်ရင်တော့ ငါ  ပိုင်လင်းလင်းဆီမှာ အကူအညီတောင်းပေးမယ်.. ဒါမှမဟုတ် ငါအချိန်ရရင် သွားကြည့်ပေးမယ်”

အကြီးဆုံးမရီးဖြစ်တဲ့ ဆုဆုက အလွန်အရည်အချင်းရှိပြီး လင်းမိသားစုကို ပိုမိုကောင်းမွန်လာဖို့အတွက် စိတ်ရင်းနဲ့ မျှော်လင့်ထားတယ်။

လင်းဟိုင်က  ဒီအကြောင်းကို သိတာကြောင့် ဆုဆုကို ဘာမှထပ်မပြောတော့ဘဲ ထွက်ခွာသွားခဲ့တယ်။

လင်းချွမ်က သူထွက်သွားတာကို မြင်တော့ သူက ဆုဆုကို လှမ်းပြောခဲ့တယ်။

“မင်း  သူ ဘာလုပ်နေလဲဆိုတဲ့ကိစ္စတွေအကုန်လုံးကို လိုက်ပြီး ဂရုစိုက်ပေးနေလို့ မရဘူး.. ယောက်ျားတစ်ယောက်က သူ့ကိုယ်တိုင် တိုက်ခိုက်ရမှာ.. မင်း သူ့ကို အရမ်းကြီးအလိုမလိုက်နဲ့.. နောက်ကျရင် ကောင်းကင်က ဘယ်လောက်မြင့်လဲဆိုတာ မသိဘဲဖြစ်လာလိမ့်မယ်”

“လင်းဟိုင်က အဲလိုလူမျိုးလို့ မထင်ပါဘူး၊ အနည်းဆုံးတော့ သူက နားလည်သဘောပေါက်လွယ်ပါတယ်”

လင်းရှန်က သူတို့မိသားစုထဲမှာ စီမံခန့်ခွဲရန် အခက်ဆုံးလူဖြစ်ပေမဲ့လည်း သူ့မိသားစုအတွက်တော့ အလွန်ကောင်းမွန်တုန်းပဲ။ လင်းချွမ်က ဒေါသကြီးတတ်တဲ့လူနှင့်တူနေပေမဲ့ တကယ်တမ်းတော့ သူက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း စီမံခန့်ခွဲနိုင်ပြီး သူလုပ်ချင်တာမှန်သမျှကို လုပ်နိုင်တယ်။

သူ့ရဲ့ခါးက ကောင်းလွန်းတော့ လူတွေကို သည်းမခံစေနိုင်ရုံပဲ။

ကံကောင်းထောက်မစွာနဲ့ သူက  တစ်ပတ်မှာတစ်ကြိမ်ပဲ ပြန်လာနိုင်တယ်။ တစ်ခါတစ်ရံမှာ အလုပ်ကြိုးစားလွန်းပြီး အချိန်ပိုဆင်းနေတာက သိပ်ပြီးမကောင်းလှဘူး။ ဒါက ခါးကိုနာကျင်စေလိမ့်မယ်။ ဒါပေမယ့် ရက်အနည်းငယ်ကြာအောင် ထိန်းသိမ်းနိုင်တဲ့အတွက်တော့ အဆင်ပြေနိုင်သေးတယ်။

ဘဝတစ်သက်တာအတွက် အရေးကြီးတဲ့ပွဲအတွက် လင်းဟိုင်တို့တွေက အမြန်ထွက်ခွာခဲ့ကြတယ်။ သူတို့ နှစ်ယောက်က ဆုဆုနှင့် လင်းချွမ်တို့ ပြင်ဆင်ထားတဲ့ ပစ္စည်းတချို့ ယူသွားခဲ့ပြီး လင်းမိသားစုဆီကို ကြိုတင်ဖုန်းခေါ်က် ရထားပေါ်သို့တက်သွားခဲ့ကြတယ်။

ဒါပေမယ့် သူတို့ကိုမသွားခင်မှာ လက်ဆောင်ပေးဖို့အတွက် လိုအပ်တဲ့အရာတွေ အားလုံးကို ဝယ်သွားခဲ့ကြတယ်။  အဆုံးမှာတော့ ကြွားဝါပြသဖို့အတွက်ပဲလေ။ လင်းမိသားစုက ဘယ်လိုမျိုး ချွေးမကိုရခဲ့တာလဲ ဆိုတာကို ရွာသူရွာသားတွေကို ထုတ်ဖော်ပြသဖို့အတွက်ပဲ။

သူတို့ထွက်သွားချိန်မှာ ဆုဆုက စေ့စပ်ပွဲကျင်းပချိန်အတွင်း အစားအသောက်တွေ မနည်းပါးစေဖို့  ကွန်မြူနတီမှာ အစားအသောက်တွေဝင်ဝယ်သွားဖို့ မှာလိုက်တယ်။  

အခုချိန်မှာ ရွာထဲမှာ ဟင်းသီးဟင်းရွက် မျိုးစုံရှိပေမယ့် အသားနဲ့ ကြက်တွေကတော့ ပြတ်လပ်နေခဲ့လိမ့်မယ်။

လင်းဟိုင်က အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှ မတွေးတောတတ်ခဲ့ဘဲ  ရှင်းရာကလည်း မိသားစုအရေးနှင့် သိပ်ပြီး မရင်းနှီးတာကြောင့် သူမက ကြိုတင်ပြီး ညွှန်ကြားထားခဲ့ရတယ်။   ဒါပေမယ့် သူမနဲ့ လင်းချွမ်တို့ကတော့ ပြန်လိုက်မသွားနိုင်ခဲ့ဘူး။ သူတို့နှစ်ယောက်လုံးမှာ အလုပ်ရှိနေတယ်လေ။

All Chapters