← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

ဒီနေ့မှာတော့  ဆုဆုက လင်းဟိုင်အတွက် အိမ်ရှာဖို့အတွက် ထွက်လာခဲ့တယ်။ သူမက နေ့တစ်ဝက် အားလပ်ရက်ကို သုံးပြီး စက်ဘီးကို ဆွဲထုတ်ကာ လမ်းမတွေပေါ်ကို လိုက်လံရှာကြည့်ခဲ့တယ်။

အဆုံးမှာ လင်းဟိုင်တို့ နှစ်ယောက်က ဒီဘက်ခေတ်ကာလမှာ အိမ်ထောင်ပြုဖို့အတွက် အသက်ကြီးလွန်းနေပြီလို့ဆိုနိုင်ပြီး ရွာမှာဆိုရင် အိမ်ထောင်ကျပြီးတာ ကြာလောက်ပြီ။

သို့ပေမယ့် သူမက အိမ်ကိုတော့ ရှာလို့မတွေ့ပေမယ့် လိပ်ပြာရှပ်အင်္ကျီဝတ်ထားတဲ့ အမျိုးသားတစ်ဦးကိုတော့ နံရံထောင့်မှာ စီးကရက်သောက်နေတာကို မြင်လိုက်ရတယ်။ သူ့ကိုကြည့်ရတာ အတော်လေး စိတ်ဒုက္ခရောက်နေသလိုပဲ။

ထိုလူကတော့ ရွာမှာတုန်းက သူမနှင့်ရင်းနှီးခဲ့တဲ့ စုန့်လော်စန်းပဲ။

သူ့ကို အရင်တစ်ခေါက်တုန်းက တွေ့ခဲ့ရချိန်မှာ စကားပြောဖို့အတွက် အချိန်မရှိခဲ့ဘူး။ ဆုဆုအနေနဲ့ အနာဂတ်မှ ဘော့စ်ကြီးက ဘာလို့ ဒီနေရာမှာ ဆောင့်ကြောင့်ထိုင်ပြီး ဆေးလိပ်သောက်နေတာလဲဆိုတာကို နားမလည်နိုင်ဘူး။ ကြည့်ရတာ ကိစ္စတစ်ခုခုအပေါ် စိုးရိမ်သောကရောက်နေရသလိုပဲ။

သူမက စက်ဘီးကိုတွန်းပြီး ထိုနေရာကို သွားလိုက်တယ်။

“စုန့်လော်စန်းလား”

တစ်ဖက်မှ ခေါင်းငုံ့ထားတာကြောင့် သူ့ရဲ့မျက်နှာကို သေသေချာချာ မမြင်ရဘူး။

စုန့်လော်စန်းက တစ်ယောက်ယောက် သူ့ကိုခေါ်လာတာကိုကြားလိုက်ရတာကြောင့် ခေါင်းကို အမြန်မော့ကြည့်လိုက်တော့ ဆုဆုကို မြင်လိုက်ရတာကြောင့် သူက စီးကရက်ဖင်ကိုအလျင်အမြန်  လွှင့်ပစ်လိုက်ပြီး ရှက်ရွံ့စွာပြုံးကာ နှုတ်ဆက်လာခဲ့တယ်။

“ မစ္စဆုကိုး.. ဒီကို ဘာလာလုပ်နေလဲ နေကောင်းရဲ့လား”

“အိုး ကျွန်မ နေကောင်းပါတယ်၊ ကျွန်မ စျေးဝယ်ထွက်ဖို့ရောက်လာတာလေ.. ရှင်ရော ဘာကိစ္စရှိလို့လဲ၊ ဒီမှာ ဘာလုပ်နေတာလဲ”

“အဆင်ပြေပါတယ်…”

သူ ပြောနေချိန်မှာပဲ သူ့ရဲ့ ဗိုက်က အသံမြည်လာခဲ့တာကြောင့် စုန့်လော်စန်းက သူ့ရဲ့ဗိုက်ကို လက်နဲ့အုပ်ကာ ရှက်ရွံ့စွာ ပြုံးပြလာတယ်။

ဆုဆု ပြုံးပြီး ပြောလိုက်တယ်။

“ဒါဆို ရှင်သွားစားလိုက်ဦးလေ.. ကျွန်မ အိမ်ကိုအရင်ပြန်လိုက်မယ်”

“မစ္စဆု.. မင်း ကျွန်တော့်ကို ကျေးဇူးပြုပြီး တစ်ခုလောက်ကူညီပေးနိုင်မလား၊ ကျွန်တော့်ကို နှစ်ယွမ် ချေးပေးပါဦး..  ကျွန်တော် တစ်ရက်လုံး ဘာမှ မစားရသေးဘူး၊ အရင်တုန်းက ချေးထားတဲ့ ပိုက်ဆံကိုလည်း ပြန်ဆပ်ဖို့ နည်းလမ်းရှာလိုက်ပါ့မယ် ……”

“အာ? ဒါဆို ရှင် ကျွန်မနဲ့ အရှေ့မှာရှိတဲ့ စားသောက်ဆိုင်ကိုသွားကြမယ်လေ”

စီးပွားရေးလုပ်ငန်းရှင်ကြီးက ဘာတွေများ အရှုပ်အထွေးတွေဖြစ်ခဲ့လို့ ထမင်းတောင် မစားနိုင်ခဲ့တာလဲ?

ဆုဆုက ပိုမိုသိချင်လာခဲ့ရတယ်။ ဒါ့အပြင် သူတို့ နှစ်ယောက်က တစ်မြို့တည်းကပဲဖြစ်နေတာကြောင့် သူ့ကို အရှေ့မှ စားသောက်ဆိုင်ကို ခေါ်သွားခဲ့ပြီး အစားအသောက်နှစ်ပွဲ မှာယူကာ စားသောက်ဖို့ ဝင်ထိုင်ခဲ့ကြတယ်။

ဒီ​နေ့​မှာ  သူမရဲ့ကျောင်းက နေ့တစ်ဝက်ပိတ်တာကြောင့် သူမက  အလုပ်​ပြီးတာနဲ့ အပြင်ကို ထွက်​လာခဲ့တာဖြစ်ပြီး နေ့လည်စာ မစားရသေးဘူး။

ဆုဆုက ဘာတွေဖြစ်နတာလဲလို့ မေးလာတာကို စောင့်နေပြီးမှ ဆုလော်စန်းက သက်ပြင်းချပြီး ပြောလာတယ်။

“ပြောမနေပါနဲ့၊ ကျွန်တော်က အစတုန်းက ကျွန်တော်က ကုန်ပစ္စည်းတွေကိုထုပ်ပိုးပြီး စျေးမှာရောင်းချင်တာလေ၊ ရလဒ်ကတော့ ပစ္စည်းတွေ တစ်ဝက်လောက်ရောက်တဲ့အချိန်မှာ ကျွန်တော်ရဲ့ သူငယ်ချင်းကို ပိုက်ဆံသွားတောင်းဖို့ ခိုင်းလိုက်ပေမဲ့ သူက ပေးချေလိုက်တဲ့ပိုက်ဆံတွေကိုယူပြီး  ထွက်ပြေးသွားတယ်၊ အခု ပစ္စည်းတွေ ရောက်ပြီး ဟိုဘက်ကမ်းမှာ ကားရပ်ထားရပေမဲ့ ကျွန်တော့်မှာ ပို့လာတဲ့ပစ္စည်းခကို ပေးချေဖို့အတွက် ဘာမှ မကျန်တော့ဘူး”

“ဘယ်လောက်တောင်  တုံးအရတာလဲ.. ဒီတော့ ရှင်က ဘယ်လိုပစ္စည်းတွေ ပို့နေတာလဲ”

ဆုဆုကတော့  ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးတောင် ဒီလိုကံဆိုးတဲ့ ကိစ္စတွေကို ကြုံတွေ့ခဲ့ရတာပဲလို့ တွေ့နေမိတယ်။

“အဲဒါက စက်ဘီးတွေပါ..  လက်ကျန်ငွေကို ပေးချေဖို့ ပိုက်ဆံမရှာနိုင်ရင် အဲဒီစက်ဘီးတွေကို ပြန်ပေးလိုက်ရလိမ့်မယ်၊ ကျွန်တော်က အလုပ်လုပ်ဖို့အတွက် စုဆောင်းထားတာအားလုံးကို  ဒီနေရာမှာသုံးလိုက်တာ အခု ဘာမှမကျန်တော့ဘူး”

စုန့်လော်စန်း သက်ပြင်းချလိုက်တယ်။ သူ့အနေနဲ့ လူဟောင်းတွေနဲ့ထပ်တွေ့ဖို့အတွက် မျက်နှာတောင်မရှိတော့သလိုပဲ။  အထူးသဖြင့် ဆုဆုဆီမှာ သူ အရင်အကြွေးတောင် မဆပ်ရသေးဘူးလေ။

“ရှင့်မှာ  ဘယ်လောက်လိုအပ်နေတာလဲ?”

“တစ်ထောင်ကျော်လောက်ပဲ”

ဒီတစ်ထောင်ကို လျှော့တွက်လို့မရဘူး။ ဒီအချိန်တစ်ထောင်ကျော်က နောက်ပိုင်းကာလမှာ တစ်သိန်း ဒါမှမဟုတ် ငါးသိန်းလောက် တန်ကြေးရှိနေလိမ့်မယ်။

ဘာလို့လဲဆိုတော့ လူတိုင်းမှာ ပိုက်ဆံတွေအများကြီးမရှိကြလို့ပဲ။

တစ်ထောင်ကျော်?

ဆုဆု ချက်ချင်း ပြန်ပြောလိုက်တယ်။

“ခဏစောင့်ဦး၊ ကျွန်မမှာရှိတယ်”

လောလောဆယ်အချိန်အတွင်း သူမရဲ့ ကျောပိုးအိတ်ထဲမှာ ယွမ်တစ်ထောင်ကျော်ကို ပြန်လည်ထုတ်ယူနိုင်နေပြီဖြစ်ကာ ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ် မှတ်ယူထားနိုင်တယ်။ 

“ဘာလဲ?”

စုန့်လော်စန်းက သူ့နားကြားမှားတာများလားလို့ ထင်လိုက်မိတယ်။

“ကျွန်မ  ပြောချင်တာက ကျွန်မမှာရှိတယ်.. ရှင် စားသောက်ပြီးသွားရင်   ဒီမှာစောင့်နေလိုက်”

ဆုဆုက အစားအစာတွေ ရောက်လာချိန်မှာ အကိုက်အနည်းငယ်လောက်စားပြီး အိမ်ကိုပြန်ကာ ယွမ် ၁၅၀၀ ထုတ်ယူလိုက်တယ်။

စားသောက်ဆိုင်သို့ ပြန်ရောက်ပြီးနောက်၊ သူမက စုန့်လော်စန်းရဲ့ ရှေ့မှာ အဝတ်အိတ်အသေးလေးကို တင်ပေးလိုက်တယ်။

“တစ်ထောင်နှင့်ငါးရာရှိတယ်.. စာရင်းမှတ်ထားပေးပါ”

“ဒါက……”

“ဒါက ကျွန်မရဲ့ ရင်းနှီးမြုပ်နှံမှုပဲ.. ဒီပိုက်ဆံစုဆောင်းနိုင်ရင် ကျွန်မကို ပြန်ပေးပေါ့.. မစုနိုင်ဘူးဆိုရင်လည်း ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ရတယ်”

ဆုဆုအနေနဲ့ အနာဂတ်စီးပွားရေးလုပ်ငန်းရှင်ကြီးကို ပိုက်ဆံချေးတာက ဆုံးရှုံးမှုမရှိလောက်ဘူးလို့ ခံစားရတယ်။ သူက လှည့်ပတ်လိုက်တာနဲ့ ပြန်လည် ရှာဖွေနိုင်မှာပဲ။

စုန့်လော်စန်းက စိတ်လှုပ်ရှားစွာနဲ့ ထရပ်လိုက်တယ်။  သူ့ဆီမှာ အရေးကြီးတဲ့ကိစ္စတွေကို ကိုင်တွယ်စရာ ရှိနေသေးတယ်လေ။

“မစ္စဆု.. မင်းက ကျွန်တော့်ရဲ့ ဒုတိယ မိဘပါပဲ.. မင်းနေတဲ့နေရာကို ပြောပြပေးနိုင်မလား၊ ကျွန်တော်  မင်းဆီကို ဖုန်းခေါ်လိုက်ပါ့မယ်”

ဆုဆုက သူမရဲ့ လိပ်စာ နှင့် ဖုန်းနံပါတ်ကို ပြောခဲ့ပြီး စုန့်လော်စန်းက  မှတ်စုမှာ ရေးသားခဲ့တယ်။

စုန့်လော်စန်းက ဆုဆုကို နှုတ်ဆက်ပြီး အလျှင်အမြန် ပြန်သွားကာ ဆုဆုကလည်း ကလေးရှိသေးတာကြောင့် အိမ်ကိုပြန်လာခဲ့တယ်။

  တနင်္ဂနွေနေ့မှာ လင်းချွမ်က ပြန်ရောက်မလာခဲ့ရင်တော့ အိမ်ရှာဖို့အတွက် ကလေးကိုခေါ်ပြီး လမ်းလျှောက်ရမယ်။

ထို့နောက်မှာတော့ လင်းချွမ်က ဒီတစ်ပတ်မှာ အမှန်တကယ်ပြန်မလာနိုင်ခဲ့ဘူး။ ဒါကြောင့်  သူမက ကလေးကို ခေါ်ရင်း ထွက်လာချိန်မှာ မိသားစုတစ်စု ပြောင်းရွေ့နေထိုင်ဖို့ အိမ်ရောင်းချင်နေတာကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့တယ်။

သူတို့ရဲ့ခြံက အတော်လေးကြီးပေမယ့် အိမ်ကတော့ သေးငယ်တယ်။ နေရာကတော့ ဆုဆုတို့နေတဲ့နေရာနဲ့ လမ်းနှစ်လမ်းလောက်သာဝေးတယ်။

အရေးကြီးတာက သူတို့တွေ အိမ်ပြောင်းရင်း ရောင်းချဖို့ လုပ်နေချုန်မှာ ဆုဆုက အထဲကို ဝင်ကြည့်ခဲ့တယ်။ အိမ်က အခန်းငယ်သုံးခန်းရှိတာကြောင့် ဧည့်သည်တွေ နေထိုင်ရန်အတွက် နေရာသေချာပေါက်ရှိတယ်။ နောက်ပိုင်းမှာ ပိုပြီးကောင်းအောင် ဆောက်မယ်ဆိုရင်လည်း အိမ်ဟောင်းတွေကို ဖယ်ထုတ်ပြီး အနည်းဆုံး အိမ်ငါးလုံးလောက်ဆောက်နိုင်လိမ့်တယ်။

သူမသည် ထိုခြံကို သဘောကျနေခဲ့တယ်။ အိမ်က အသစ်မဟုတ်တာကြောင့် ဈေးပေါပေါဖြင့် ရောင်းချလောက်တယ်။

ဒါကြောင့် သူမ စျေးမေးကြည့်တော့ တစ်ဖက်မှ ယွမ်ငါးရာ တောင်းလာခဲ့တယ်။

ယွမ်ငါးရာက ဈေးမများပေမယ့် ဆုဆုက သူမမှာ လေးရာခြောက်ဆယ်ပဲ ရှိတဲ့အကြောင်းပြောခဲ့ပြီး နှစ်ရာကို အရင်ပေးချေခဲ့ကာ ကျန်ရှိတဲ့ ငွေပမာဏကိုတော့ တိုက်ရိုက်မပေးချေခဲ့ဘူး။

အခု ယောက်မတစ်ယောက်ရှိနေပြီဖြစ်လို့ သူမ ပြန်လာတာကို စောင့်ကြတာပေါ့။

ဒါပေမယ့် ဒီအိမ်မှာ ဘာပြဿနာမှမရှိဘူးလို့ သူမ ခံစားမိတယ်။ 

သူမ အိမ်ကိုပြန်လာပြီး သန့်ရှင်းရေးလုပ်ဖို့ တွေးနေတဲ့အချိန်မှာ တံခါးလာခေါက်တဲ့အသံကိုကြားလိုက်ရတာကြောင့် တံခါး သွားဖွင့်ကြည့်လိုက်တော့ လင်းဟိုင်တို့ စုံတွဲနှစ်ယောက် ပြန်လာတာကို တွေ့လိုက်ရတယ်။

“လာခဲ့လေ မင်းတို့ပင်ပန်းနေကြပြီလား .. ပြန်လာမဲ့အချိန် ဘာလို့ ကြိုမခေါ်ခဲ့တာလဲ”

ဆုဆုက သူတို့ကို ဝင်ခွင့်ပြုလိုက်တယ်။

လင်းဟိုင်: “ဘာမှ လုပ်စရာမရှိလို့ ဖုန်းမခေါ်ခဲ့တော့တာ.. မရီး ဒါ အမေပေးလိုက်တဲ့ ပြောင်းဖူးတွေ ၊ အကုန် လုပ်ပြီးသားဖြစ်လို့ စားရုံပဲတဲ့”

“အိုး၊ အဆင်ပြေတာပေါ့”

အရင်တုန်းက  ကလေးတွေအတွက် အစားအသောက်တွေ သိပ်ပြီးမရှိတာကြောင့် ပြောင်းဖူးအနှစ်ကြိုပြီး လို့ ကျိုပြီးကျွေးကြလေ့ရှိတယ်။  ဒါပေမယ့် အခုချိန်မှာတော့ နို့မှုန့်တွေလည်း ရရှိနေပြီဖြစ်လို့ အစားအသောက်မခက်ခဲတော့ဘူး။ အခုချိန်မှာ နို့မှုန့်လက်မှတ်ရဖို့ နည်းနည်းခက်ပေမယ့် သူမမှာရှိတယ်လေ။ 

ဆုဆုက သူမရဲ့ ယောက္ခမက နို့မှုန့်ကို ခွဲတမ်းလောက်သာ ရနေလောက်မယ်လို့ ထင်မှတ်နေလောက်တယ်။

ဆုဆုက သူမ ယောက္ခမရဲ့ အပြုအမူကို တွေးတောနေရင်း ဘေးမှာ ရပ်နေတဲ့ ယောက်မဖြစ်သူကို ကြည့်ကာ အကြောင်းပြချက်က ဒုတိယချွေးမ ကြောင့်ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့တယ်။ သူမက တစ်ဖက်လူတွေ တွက်ကပ်နေမှာကို စိုးရိမ်လို့ ဒီလိုပြောခဲ့တာပဲ။

ကလေးတွေအတွက် စားစရာကိုတော့ ဘယ်သူကမှ တွက်ကပ်နေမှာ မဟုတ်ဘူးလေ။

သေချာတာပေါ့။ အမေလင်းက ရေကို ယိုစိမ့်ခြင်း(ဘက်လိုက်တာမျိုး) မရှိစေချင်ခဲ့ဘူး။အနာဂတ်မှာလည်း ယောက်မနှစ်ယောက် ထပ်ရလာလိမ့်မယ်။ ဒီအချိန်ကျရင် ရေခွက်ကို ညီအောင်ထားဖို့ ပိုပြီး ခက်ခဲလာလိမ့်မယ်။

ဒါပေမယ့် ဒီလိုမျိုး လုပ်နိုင်တာကကို အတော်လေး ကောင်းတယ်လို့ သူမခံစားရတယ်။

ထို့နောက် ဆုဆုက အိမ်အကြောင်းကို ပြောပြပြီး လင်းဟိုင်ကို ချက်ချင်းကြည့်ခိုင်းခဲ့တယ်။

“အရှေ့က လမ်းနှစ်လမ်းပဲကွာတော့ လမ်းလျှောက်သွားရင်ရင် မြင်နိုင်တယ်၊ သူတို့အိမ်တံခါးက သော့မပိတ်ထားဘူး၊  အိမ်အတွင်းက မှန်ချပ်တွေကိုမြင်နိုင်တယ်”

သူမက ကြိုတင် ပေးချေပြီးပြီလို့ မပြောခဲ့ဘူး။ သူတို့တွေ သဘောကျရင် ယူနိုင်တယ်။ သဘောမကျရင်တော့ ဖိအားပေးမှာမဟုတ်ဘူး။

ဒီလိုနဲ့ လင်းဟိုင်က ရှင်းရာကို ခေါ်သွားကာ ခဏအကြာမှာ ပြန်ခေါ်ပြီး ရောက်လာတယ်။

“မရီး ဒီအိမ်က တော်တော်ကြီးတယ်၊ ဒါပေမယ့် ဈေးကြီးလောက်တယ်မဟုတ်လား”

“သူတို့တွေ ငါးရာလိုချင်တာ.. ငါ လေးရာနဲ့ခြောက်ဆယ်နဲ့ ပြောထားတယ်”

ဆုဆုရဲ့စကားကို ကြားတော့ လူငယ်စုံတွဲတွေ အံ့ဩသွားခဲ့ကြတယ်။

“ဈေးကြီးလွန်းတယ်၊ ဘာလို့ ယွမ် ၂၀၀ ကျော်လောက်ကို မဝယ်တာလဲ”

အခုချိန်မှာ တချို့အိမ်တွေက ယွမ် ၂၀၀ ကျော်ပဲ ရှိတယ်။ ရှင်းရာက စဉ်းစားပြီး ဆက်ပြောလာတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျွမ်မ ယွမ် 100 ကျော် စုဆောင်းနိုင်ခဲ့တယ်၊ အဲဒါ......”

ဆုဆု စိတ်ထဲကနေ ခေါင်းညိတ်လိုက်တယ်။ 

“ပိုက်ဆံက လုံလောက်တယ်၊ ခြံကလည်း ကြီးပြီး တည်နေရာကလည်း ကောင်းတယ် .. မင်းတို့ နောက်ပိုင်းမှာ အိမ်အကြီး ဆောက်လို့ရနိုင်တယ်”

“အဆင်ပြေပါတယ် မရီး၊ မရီးဆုံးဖြတ်ပြီးပြီပဲ.. အိမ်ကလည်းကောင်းတယ်၊ အားရာရဲ့ စက်ရုံနှင့်က နှစ်မှတ်တိုင်လောက်ပဲဝေးတယ်၊ ကျွန်တော်နဲ့လည်း နီးတယ်၊ အရေးကြီးဆုံးက ကျွန်တော် အဲမှာနေရင် အလုပ်ကိုသွားရတာလည်းလွယ်တယ်..  စက်ဘီးစီးရင်လည်း အဆင်ပြေမယ်”

လင်းဟိုင်က ရှင်းရာကို ထိုနေရာကိုသဘောကျနေကြောင်းကို မြင်နိုင်ခဲ့တယ်။ ခြံကလည်း တကယ်ကောင်းတယ်လေ။

“ကောင်းပြီ အဲလိုပဲလုပ်လိုက်ကြတာပေါ့..  မင်းအစ်ကိုကြီးက အိမ်ပြင်ဖို့  တစ်ယောက်ယောက်ကို ရှာပေးလိမ့်မယ်.. မင်းတို့ အချိန်ရွေးပြီးသွားရင် အဲဒီမှာ လက်ထပ်လိုက်ကြပေါ့”

သူတို့တွေက ရွာကို ပြန်မသွားနိုင်တော့ဘူး။ ရွာသူရွာသားတွေနဲ့လည်း တွေ့ပြီးသွားပြီဖြစ်ကာ နှစ်ယောက်စလုံးမှာ အလုပ်မှာ ရှိနေတာကြောင့်  အမြဲတမ်း ခွင့်ယူနေဖို့ အဆင်မပြေဘူး။

“မရီး ပင်ပန်းသွားပြီပဲ”

“ပင်ပန်းသွားပြီ..ငါ မင်းကို ပိုက်ဆံပေးလိုက်မယ်၊ အိမ်ကိစ္စကိုသွားရှင်းလိုက်ကြ.. ပြီးရင် ပြန်လာပြီး ကိုယ့်ဘာသာ ထမင်းချက်လိုက်ကြတော့၊ ငါကလေးကို ချမထားချင်တော့ဘူး”

ဆုဆုက သူတို့နဲ့ သိပ်ပြီး ယဉ်ကျေးမနေတော့ဘူး။ အနာဂတ်မှာလည်း မိသားစုဖြစ်လာမှာပဲလေ။

သူမစကားပြီးနောက် လင်းဟိုင်နဲ့ရှင်းရာတို့ကို ပိုက်ဆံယူပေးလိုက်ကာ သူတို့က စိတ်လှုပ်ရှားစွာ သွားခဲ့ကြတယ်။

လမ်းမှာ ရှင်းရာက စကားစလာတယ်။

“ကျွန်မရဲ့ ယောက်မက အရမ်း မာနကြီးတယ်လို့ ဘာလို့ ထင်ရတာလဲ၊ သူမက အိမ်ဝယ်တာက ကြက်ဥဝယ်သလိုပဲ”

“ကိုယ်တို့ရဲ့အိမ်အကြောင်း မပြောနဲ့ .. မရီး အရင်ဝယ်တဲ့အိမ်က ယွမ် ၃၀၀၀ ကျော် ကုန်ကျတာကိုတောင် ကြက်ဥဝယ်တာနဲ့အတူတူပဲ ဆုံးဖြတ်ချက်ချခဲ့တာ”

“သူမက အတော်လေး အထက်တန်းလွှာဆန်တယ်လို့ထင်တယ်.. ကျွမ်မတို့နဲ့မတူလောက်ဘူး”

“ကိုယ်လည်း အဲလိုပဲထင်တယ်”

သူတို့နှစ်ယောက် အိမ်ဝယ်ပြီးတာနဲ့ ထမင်းချက်ဖို့ ပြန်လာခဲ့ကြကာ စားသောက်ပြီးတာနဲ့ အလုပ်အတွက် စက်ရုံကို ပြန်သွားခဲ့ကြတယ်။

**

All Chapters