← Chapters

အခန်း (၁၆၂)

Vol. 17 Ch. 162

အခန်း (၁၆၂)

Vol. 17 Ch. 162

မကြာသေးခင်အချိန်ကစပြီး အနှီးတွေကို ထုတ်လုပ်ဖို့အတွက် စတင်နေခဲ့ပြီး လင်းဟိုင်က စက်ရုံရဲ့ နည်းပညာရှင်တစ်ယောက်အဖြစ် အလုပ်များနေခဲ့တယ်။

ဆုဆုကလည်း ရေသာခိုမနေခဲ့ဘူး။ သူမက အလုပ်နဲ့ စက်ရုံကို လှည့်ပတ်သွားလာနေခဲ့တယ်။

တစ်နေ့မှာတော့ ကျောင်းရုံးခန်းထဲသို့  ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်ချိန်မှာစုန့်လော်စန်းဖြစ်နေခဲ့တယ်။

သူက  စက်ဘီးတွေ အကုန်လုံးကို ရောင်းချနိုင်ခဲ့ကြောင်းပြောကာ အလွန်စိတ်လှုပ်ရှားနေပုံရတယ်။  သူရှုံးထားတဲ့ ပိုက်ဆံတွေကို  ပြန်မရနိုင်ခဲ့ပေမဲ့ ကောင်းကောင်းရောင်းချနိုင်ခဲ့တာကြောင့် အနည်းဆုံးတော့ ပိုက်ဆံပြန်ရှာနိုင်ခဲ့တယ်။

သို့ပေမယ့် သူက ဆုဆုဆီကို ပိုက်ဆံပြန်ပေးဖို့ အလျင်လိုနေခဲ့လေတယ်။ ဆုဆုက သူ့ကို နောက်ထပ်ဘယ်လိုအစီအစဥ်ရှိလဲလို့ မေးမြန်းခဲ့တယ်။

“ကျွန်တော်က အဲလိုလုပ်ငန်းဆက်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူး၊ အခု ကျွန်တော် စက်ရုံဖွင့်ချင်နေတယ်၊  စက်ရုံဖွင့်ဖို့ ပိုက်ဆံစုဖို့  တွေးနေတာ”

စုန့်လော်စန်းက ပိုက်ဆံအများကြီးသုံးနိုင်တဲ့ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်ဖို့အတွက် အမြော်အမြင်ရှိသူဖြစ်လိမ့်မယ်လို့ ယူဆခဲ့တယ်။ ဒါကြောင့် သူမနဲ့ ဘယ်လိုကိစ္စမဆို ဆွေးနွေးလို့ရလိမ့်မယ်လို့ ခံစားမိတယ်။

ဆုဆု:  “ရှင်  ဘယ်လိုစက်ရုံမျိုး ဆောက်ချင်တာလဲ”

“ကျွန်တော် အထည်ချုပ်စက်ရုံတစ်ခု ထူထောင်ချင်နေတာ.. လက်တလောမှာ အစိုးရပိုင် အထည်ချုပ် စက်ရုံတစ်ရုံက အဝါရောင်ပြောင်းသွားတယ်လေ၊ ဒါကြောင့်  ရောင်းချဖို့ စိတ်ကူးနေတာတဲ့.. စက်ပစ္စည်းတွေက အသစ်မဟုတ်တဲ့အတွက် ယွမ်ထောင်ဂဏန်းလောက်ပဲ ကုန်ကျလိမ့်မယ်”

သူ ထိုကိစ္စအပေါ် တာဝန်ယူနိုင်ပေမယ့် ဘယ်လိုထုတ်ကုန်မျိုး တီထွင်ရမလဲဆိုတာကိုတော့ မသိသေးဘူး။

“အင်း အလုပ်ဆင်းချိန်ရောက်ရင် တွေ့ကြရအောင် .. ကျွန်မရှင်နဲ့ ကုန်ပစ္စည်းတစ်ခုအကြောင်း ဆွေးနွေးစရာရှိတယ်”

“ကောင်းပြီ”

တကယ်တော့ ဆုဆုက တခြားလူတွေနဲ့ အတွင်းခံစက်ရုံတစ်ခုကို တည်ထောင်ချင်နေတာ ကြာပြီ။ အခု ပြည်မကြီးမှာ ထိုပစ္စည်းတွေ ရှိနေပေမယ့် နည်းပါးလွန်းတယ်။

ဒါကြောင့် အခုခေတ်မှာ ထိုအဝတ်အစားမျိုးက ခေတ်မစားသေးဘဲ အမျိုးသမီးအများစုက အိမ်မှာချုပ်လုပ်ထားတဲ့ အ၀တ်အထည်လေးတွေကိုပဲ ဝတ်ဆင်နေကြတုန်းပဲ။

ပြောရရင် ဒါက ကျန်းမာရေးနဲ့ မညီညွတ်သလို ရင်ဘတ်ကိုလည်းလှပမှုလည်းလုံးဝမရှိစေဘဲ သေးငယ်အောင် ထိန်းချုပ်ထားတာပဲ ဖြစ်လေတယ်။

ဒီလိုနဲ့ ဆုဆု အလုပ်က ဆင်းလာပြီးနောက်မှာ အိမ်ကိုပြန်ပြီး ကျောပိုးအိတ်ထဲမှ ဘရာစီယာကို ထုတ်ယူပြီး အဝတ်အိတ်ထဲသို့ ထည့်လိုက်တယ်။ အခုခေတ်လူတွေက ရှေးရိုးဆန်လွန်းလို့ ဒါကို ပေါ်တင်ယူသွားဖို့ မဖြစ်နိုင်ဘူး။

သူမ စားသောက်ဆိုင်ကိုရောက်တော့ စုန့်လော်စန်းက သူမကိုစောင့်နေပြီဆိုတာကို တွေ့လိုက်ရပြီး သီးသန့်ခန်းတစ်ခုကို မှာယူကာ အထဲသို့ လမ်းလျှောက်ပြီး ဝင်လာခဲ့ကြတယ်။

ပိုက်ဆံကိစ္စတွေ ပါဝင်တာကြောင့် သူတို့နှစ်ယောက် လုပ်ငန်းကိစ္စအကြောင်းကိုမပြောခင်ခင် စားပွဲထိုး အပြင်သို့ ထွက်သွားတဲ့အထိ စောင့်နေခဲ့ကြတယ်။

စုန့်လော်စန်းက ဆုဆုဆီကို ပိုက်ဆံပြန်ပေးပြီး ပြောလာတယ်။

“ကျေးဇူးအများကြီးတင်ပါတယ်..  မင်းရဲ့ အကူအညီသာမရှိရင် ငါတော့ ခက်ရင်းခွတွေနဲ့ ဘောင်းဘီတွေတောင် ရောင်းနေရမှာကို ကြောက်ရတယ်.. အာ.. ယဉ်ကျေးမှုရှိတဲ့လူတွေရှေ့မှာ ဒီလိုစကားမျိုး မပြောသင့်ဘူးပါ”

ဆုဆု “ဟုတ်တယ်၊ အဲဒီအကြောင်းကို မပြောနဲ့တော့.. ရှင် ကျွန်မကို ပိုက်ဆံ ပြန်ပေးစရာ မလိုသေးဘူး၊  ကျွမ်မ ရှင့်ကို အကြံဥာဏ်တစ်ခုပေးဖို့ ဒီကိုရောက်နေတာ”

“ပြောပါ မင်းရဲ့စိတ်ကူးကဘာများလဲ”

စုန့်လော်စန်း လေးနက်စွာပြောလာတယ်။

ဆုဆု အိတ်ထဲက ပစ္စည်းကို ထုတ်ယူပြီး စုန့်လော်စန်းကို ပေးလိုက်တယ်။

“ရှင်  ဒါကို သိလား”

“သိတယ်၊ သိတယ် တောင်ပိုင်းမှာတုန်းက တစ်ယောက်ယောက်ရောင်းတာကိုတွေ့ဖူးတယ်”

လူငယ်တစ်ယောက်အနေနဲ့ ဒါကိုမြင်တော့ အနည်းငယ် ရှက်သွားရတယ်။

ဆုဆု : “ကျွန်မရဲ့ သူငယ်ချင်းက နိုင်ငံခြားကနေ ပြန်ယူလာခဲ့တာ၊ ရှင် ဒါကို လုပ်ဖို့အတွက် တစ်ယောက်ယောက်ကို ရှာနိုင်မယ်ဆိုရင် ရောင်းချနိုင်လိမ့်မယ်”

“တကယ်လို့ ဒါက ဈေးသက်သာရင် အမျိုးသမီးတွေ ဝယ်လောက်မယ်”

စုန့်လော်စန်းက ဆုဆုကို ရှက်ရွံ့နေခြင်းမရှိသလို သူမအပေါ်မှာ မရိုးရှင်းတဲ့ အတွေးမျိုးလည်းမရှိခဲ့ဘူး။ ဒါကြောင့် သူက လေးလေးနက်နက်ပြောလိုက်တယ်။

“ကောင်းပြီ၊ ဒါဆို ကျွန်တော် ဒါကိုပြန်ယူသွားလိုက်ပြီး ဆရာတစ်ယောက်ယောက်ကို လေ့လာခွင့်ပေးလိုက်မယ် ပိုက်ဆံက...”

“ ဒါဆို ကျွန်မရဲ့ပိုက်ဆံကို ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ သတ်မှတ်လို့ရတယ်”

“ကောင်းပြီ၊ မင်း ငါ့ကိုယုံသရွေ့ပေါ့.. စုန့်လော်စန်းဆိုတဲ့ ငါက ငါ့ညီမကို ခွင့်မပြုနိုင်...  မစ္စဆုကို ပိုက်ဆံဖြုန်းတီးတာမျိုး ဖြစ်စေမှာမဟုတ်ဘူး”

စုန့်လော်စန်းက အလွန်ပျော်ရွှင်နေပြီး  သူ့အတွက် ဝိုင်အနည်းငယ်လောင်းထည့်လိုက်တယ်။

“မင်းသာ လုပ်နိုင်ရင် မင်းရဲ့ဝေစုကို သေချာပေါက်ရစေရမယ်”

“သေချာပေါက်  ဖြစ်နိုင်တာပေါ့”

ဆုဆုက သူနှင့်အတူ မသောက်ခဲ့ဘဲ ထမင်းအတူစားသောက်ပြီးနောက် အိမ်ကိုပြန်ဖို့လုပ်ခဲ့တယ်။

“မစ္စဆု ခဏလောက် စကားပြောရအောင်လေ”

စုန့်လော်စန်းက သောက်တာ အနည်းငယ် များသွားခဲ့တယ်။ သူအနေနဲ့ အခက်အခဲတွေ အများကြီးကို အချိန်အတော်ကြာအောင် ဖြတ်သန်းခဲ့ရပြီးနောက် ရင်ဖွင့်စကားပြောရန် တစ်စုံတစ်ဦးကို အမြဲရှာဖွေချင်ခဲ့တယ်။ သူ့အတွက်တော့ ဆုဆုက အသင့်တော်ဆုံး နားထောင်ပေးမဲ့ပရိသတ်ဖြစ်နိုင်တယ်။

သို့ပေမဲ့ ဆုဆုကတော့  ဒီနေရာမှာ ထပ်ပြီး မနေနိုင်တော့ဘဲ ကလေးကို နို့တိုက်ဖို့အတွက် ပြန်ရန် လိုအပ်နေခဲ့တယ်။

ဒါကြောင့် သူမ ပြုံးပြီး ပြန်ပြောလိုက်တယ်။

“တောင်းပန်ပါတယ်၊ နောက်တစ်နေ့ကျမှ ထပ်ပြောကြတာပေါ့.. ကျွန်မ ကလေးကို ပြန်ကြည့်ရဦး

မယ်”

“ကလေးလား အိုး ဟုတ်သားပဲ..  မင်းက လင်းချွမ်နှင့် အိမ်ထောင်ကျပြီးပြီဆိုတော့ ကလေးရှိနေလောက်မှာပဲ..  ဒါဆို မင်းအရင် ပြန်သွားလိုက်လေ.. ဒီမှာ မနေနဲ့တော့”

စုန့်လော်စန်းက သူမကို အပြင်သို့ လိုက်ပို့ပေးခဲ့ပြီး စက်ဘီးနှင့်ထွက်သွားတဲ့သူကို မတွေ့ရတော့မှ အထဲကို ပြန်ဝင်ပြီး ဆက်သောက်ဖို့ လုပ်ခဲ့တယ်။ သူ အခုလို စိတ်အေးလက်အေးမရှိရတာ  အချိန်အတော်ကြာနေပြီ။

ထိုအခိုက်မှာပဲ ရုတ်တရက် လူတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်။

“အစ်ကိုစုန့် .. ရှင် ဘာလို့ဒီကိုရောက်နေတာလဲ”

သူ ပြန်လှည့်ကြည့်လိုက်တော့ ချင်ယွဲ့ယွဲ့ကို တွေ့လိုက်ရတယ်။ ရွာမှာရှိနေတုန်းက သူ  ဒီမိန်းကလေးအပေါ် အမြင်ကောင်းတွေရှိခဲ့တယ်။  နောက်ဆုံးတော့ သူမက သူ့ကို ကူညီပေးခဲ့တယ်လေ။ ဒါကြောင့် သူ ပြန်နှုတ်ဆက်လိုက်တယ်။

“မစ္စချင် မင်း ဒီမှာဘာလုပ်နေတာလဲ”

“အိုး ကျွန်မ ဟင်းချက်ဖို့ လာဝယ်တာလေ”

“မချက်နဲ့တော့  ..  အတူတူစားရအောင်၊ ငါ အဆင်သင့် မှာထားတာရှိတယ်”

ချင်ယွဲ့ယွဲ့က အသိမိတ်ဆွေတစ်ယောက်နှင့်တွေ့ဆုံခဲ့ရပြီး သူနှင့် ရင်းနှီးချင်ခဲ့တာကြောင့် အထဲကို ဝင်လာခဲ့တယ်။

ဆုဆုက ဒီအကြောင်းတွေကို ဘာမှမသိခဲ့ဘဲ စုန့်လော်စန်းဆီမှ သတင်းကို စောင့်နေခဲ့တယ်။ ငါးရက်မပြည့်သေးခင်မှာ တစ်ဖက်လူက ဖုန်းဆက်လာပြီး ကျွမ်းကျင်သူတစ်ယောက် လုပ်ပေးထားတဲ့ ကုန်ချောကို  ဆုဆုဆီသို့ လွှဲပြောင်းပေးလာခဲ့တယ်။

ဆုဆုအတွက်တော့ ဒီပစ္စည်းက အပြင်ပိုင်းမှာ တူညီပေမဲ့ အတွင်းထဲမှ ဂွမ်းကတော့ သိပ်မကောင်းဘဲ ညှစ်လိုက်တာနဲ့ ပျော့သွားတာကို တွေ့နိုင်တယ်။ သို့ပေမဲ့လည်း စုန့်လော်စန်းရဲ့ စကားအရ တောင်ဘက်ပိုင်းမှ ထုတ်ကုန်တွေကလည်း ဒီလိုပုံစံမျိုးတွေပဲ။

“ဒါဆို ဒါတွေကို ပုံသွင်းဖို့ နည်းလမ်းရှိလား”

“ နည်းလမ်းတစ်ခုလောက် စဉ်းစားကြည့်လိုက်မယ် ဒါပေမယ့် ဒီပစ္စည်းကို ထုတ်လုပ်ရေးထဲမှာ ထည့်သင့်တယ်၊ အမျိုးသမီး အတွင်းခံအင်္ကျီနှင့်ဘောင်းဘီတွေနဲ့ တွဲပြီးတော့ အတွင်းခံ စက်ရုံတစ်ခု ထူထောင်ပြီး ဒီထုတ်ကုန်တွေ များများထုတ်လုပ်မယ်ဆိုရင် ဖြစ်နိုင်လောက်မယ်ထင်တယ်”

စုန့်လော်စန်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတယ်။ ဒါက အထည်ချုပ်စက်ရုံထက်ပိုပြီး လုပ်ရတာ ပိုလွယ်တယ်။ ဒါ့အပြင် သူက ငွေအများကြီးကို တစ်ကြိမ်တည်းနှင့် ရရှိနိုင်ဖို့ မတွေးထားဘူး။ အရင်ဆုံး  သူ့ကိုယ်သူ ပထမဆုံး ထောက်ပံ့နိုင်စေရန် ပြင်ဆင်ဖို့ လိုအပ်သေးတယ်။

ဆုဆုကတော့ ဒါကလည်း အဆင်ပြေလောက်မယ်လို့ ထင်နေတုန်းပဲ။  သူမယူလာတဲ့ ထုတ်ကုန်တွေက အနည်းဆုံး ငါးနှစ်ကနေ ဆယ်နှစ်တာကာလလောက်အတွင်းမှာ အဆင်ဆင့် တိုးတက်လာခဲ့တာတွေပဲ။ သူတို့အတွက် အခု ကတည်းက ထပ်တူညီတဲ့ ပစ္စည်းကိုရရှိဖို့အတွက် အလွန်ခက်ခဲနေလိမ့်မယ်။ အရာရာတိုင်းကို တစ်ဆင့်ချင်းစီပဲလုပ်ဆောင်တာ ပိုကောင်းလိမ့်မယ်။

ဥပမာအားဖြင့်၊ လက်ရှိထုတ်လုပ်နေတဲ့ အမျိုးသမီး သန့်ရှင်းရေးသုံးပစ္စည်းကလည်း ဆေးဘက်ဆိုင်ရာသုံး ပိတ်စတွေပဲ မဟုတ်ဘဲ ချည်သားစစ်စစ်အဖြစ် ပြောင်းလဲလာခဲ့ပြီ။ ဒါကြောင့် ကုန်ကျစရိတ်တွေက ပိုမိုကျဆင်းလာတဲ့အတွက် လူတွေကလည်း ပိုပြီး ဝယ်လာခဲ့ကြတယ်။

ဘရာစီယာအတွက်လည်း အတူတူပဲ။  အစပိုင်းမှာ ဒါကို ရိုးရှင်းတဲ့ပုံသဏ္ဍာန်နှင့် လုပ်ဆောင်မှုတစ်ခုလောက်ပဲ ဖြစ်နိုင်ပေမဲ့လည်း  အနာဂတ်မှာ ပိုပြီးကောင်းလာနိုင်လိမ့်မယ်။

အနည်းဆုံးတော့ စုန့်လော်စန်းသာ အလေးအနက်ထားပြီး လုပ်နေသရွေ့   ဖွံ့ဖြိုးတိုးတက်လာမှာ သေချာတယ်။

သူက စာအုပ်ထဲမှာ ဘေ့စ်အကြီးစားဖြစ်တဲ့အတွက် ဆုဆုက သူ့ကို အထင်မသေးဘူး။

ဆုဆု စုန့်လော်စန်းနှင့် တွေ့ပြီးနောက် အိမ်ကို ပြန်လာခဲ့တယ်။ သူမအနေနဲ့ သူမဆီမှာ  အလွန်အစွမ်းထက်တဲ့ အိမ်နီးနားချင်း အန်တီတချို့ရှိနေခဲ့ပြီး သူတို့တွေက မြေအောက်လုပ်သားတွေလိုမျိုး လုပ်နိုင်စွမ်းရှိနေတဲ့အကြောင်းကို လုံးဝမသိခဲ့ဘူး။

သူတို့က ဘာတွေကိုမြင်တွေ့ပြီး ဘယ်လိုမျိုး ဖန်တီးတွေးမြင်ထားတာလဲဆိုတာကိုတော့ မသိပေမဲ့ လင်းချွမ်တစ်ယောက်  လက်ထဲမှာ ငါးတွေပိုကိုင်ဆွဲပြီး စစ်တပ်မှ ပြန်လာတဲ့အချိန်မှာ သူတို့တွေက သူ့ကို တားဆီးကာ တိုင်တမ်းခဲ့ကြလေတယ်။

သူတို့တွေက လင်းချွမ်ဆီမှာ သူ့ရဲ့အမျိုးသမီးက စစ်သားတစ်ယောက်ရဲ့ဇနီးဖြစ်နေပေမဲ့ အပြင်ဘက်မှာ ယောက်ျားတွေနှင့် စကားပြောဆိုနေခဲ့ပြီး အလွန်အမင်း တရင်းတနီးရှိနေခဲ့ကာ တွေ့မြင်နေရတာ အတော်လေး  ဒွိဟဖြစ်စေကြောင်း ပြောခဲ့ပြတယ်။   ဒါကြောင့် သူ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ ဦးထုပ်စိမ်း အဆောင်းမခံရစေဖို့ ရှင်းရှင်းလင်းလင်းလုပ်သင့်ကြောင်း ပြောလာကြတယ်။

လင်းချွမ်က အလွန်အေးစက်တဲ့မျက်နှာနဲ့ ပြောလိုက်တယ်။

“အန်တီတို့..ခင်ဗျားတို့ ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် .. ဒါပေမယ့် ကျွန်တော့်ရဲ့ဇနီးက ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး စစ်တပ်ထဲက စစ်သားတွေကို ကယ်တင်ဖို့အတွက် သူမရဲ့အသက်ကိုတောင် ရင်းရဲခဲ့တဲ့သူပဲ..

သူမ ဘယ်လို ပြုမူနေထိုင်တယ်ဆိုတာ  ကျွန်တော် ကောင်းကောင်းသိတယ်၊ သူမက လူတွေကို ကူညီရတာကို သဘောကျတယ်၊ တစ်ဖက်လူက  ကျွန်တော့်ရဲ့ ညီလည်း ဖြစ်နိုင်တယ်၊ စက်ရုံက ဝန်ထမ်းတစ်ယောက်ယောက်လည်း ဖြစ်နိုင်တယ်၊ တခြားသူတွေကို နောက်ကွယ်မှာ မဝေဖန်ပါနဲ့”

သူက စကားပြောပြီးနောက် လှည့်ထွက်လာခဲ့တယ်။

ထိုအန်တီကြီးတွေက လင်းချွမ်ကို  ကျားတစ်ကောင်လိုပဲလို့ တွေးလိုက်မိကြတယ်။ တစ်ကယ်လို့ တစ်ခြားလူတစ်ယောက်သာဆိုရင် သူ့ရဲ့ဇနီးသည်က အချစ်ရေးကိစ္စရှိနေတယ်ဆိုတဲ့စကားကို ကြားတာနဲ့ အလွန်အမင်း ရှက်ရွံ့သွားမှာဖြစ်ပြီး သူ့ရဲ့မိန်းမနဲ့ ရန်ဖြစ်စကားများဖို့ အလောတကြီးထွက်သွားလိမ့်မယ်။

ဒါပေမယ့် ဒီတစ်ယောက်ကတော့ သူ့ရဲ့မိန်းမအတွက် သန့်ရှင်းအောင်လုပ်ဖို့ အချိန်ရှိနေတုန်းဘဲ။ သို့ပေမယ့်လည်း သူ့ရဲ့ဇနီးသည်က စစ်တပ်ထဲက စစ်သားတွေကိုတောင် ကယ်ခဲ့တယ်ဆိုတော့ လူတွေက သူတို့နဲ့ သွားမရှုပ်တာ ပိုကောင်းလိမ့်မယ်လို့ တွေးလိုက်ကြကာ လူချင်း ခွဲသွားကြတော့တယ်။

All Chapters