← Chapters

အခန်း (၁၆၃)

Vol. 17 Ch. 163

အခန်း (၁၆၃)

Vol. 17 Ch. 163

လင်းချွမ်က တံခါးကိုဖွင့်ပြီး အိမ်ထဲသို့ ဝင်လိုက်ကာ သူ့ရဲ့ဇနီးလေးကို စကားအနည်းငယ်လောက်မေးဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ထိုအမျိုးသမီးကြီးတွေက အဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောနေတာဖြစ်ပြီး စိတ်ထဲကို မထည့်သင့်ဘူးဆိုတာကို သိပေမဲ့ သူတို့အနေနဲ့ အာရုံစိုက်သင့်နေတုန်းပဲလေ။ ပြောရရင် တခြားလူတွေကို သူတို့ရဲ့ဘဝထဲသို့ မွှေနှောက်ဖို့အတွက် ခွင့်မပြုနိုင်ဘူး။

သို့ပေမယ့် သူ ဝင်လာတာနဲ့ သူ့ရဲ့ဇနီးသည်က အမြောက်ကျည်ဆံလေးကို သယ်လာသလိုမျိုး ကျန့်ကျန့်ကို သူ့လက်ထဲသို့ ထည့်ပေးလာလိမ့်မယ်လို့  ဘယ်သူကသိနေမှာလဲ။

“ရှင့်ရဲ့သားကို ကြည့်ထားပေးဦး.. ကျွန်မ ရေချိုးခန်းထဲကို သွားပြီး ရေသွားချိုးလိုက်ဦးမယ်.. ဒီကလေးက ကျွန်မပေါ်မှာ ဆီးသွားလိုက်ပြန်ပြီ”

သူမက အလုပ်များလွန်းတာကြောင့် တခြားအရာတွေကို အာရုံစိုက်ဖို့  အချိန်မရှိပေမဲ့  သူကို သတိပေးဖို့တော့ မမေ့ခဲ့ဘူး။

သူ့ရဲ့ ဇနီးသည် ရေချိုးဖို့ ထွက်သွားတော့  လင်းချွမ်တစ်ယောက် သူ့ရဲ့လက်တစ်ဖက်မှာ ကလေးကိုပွေ့ချီထားရင်း ချက်ပြုတ်ဖို့ လုပ်ခဲ့ရတယ်။  ကလေးက သူ့ရဲ့လက်ထဲကို ရောက်သွားချိန်မှာ တိတ်တိတ်ဆိတ်ဆိတ်ရှိနေခဲ့ပြီး အလွန်ရိုးသားကာ ချော့မော့ရလွယ်ကူတယ်။

လင်းချွမ်က သူ့ကို ကုလားထိုင်ပေါ်မှာ ချလိုကာကာ စောင်နှင့် ရစ်ပတ်ပေးလိုက်တယ်။

“ ဒီမှာခဏလောက်နေဦး.. လျှောက်မသွားနဲ့”

ထို့နောက်မှာ တစ်ဖက်မှ ကလေးလေးကလည်း အမှန်တကယ်ကို မလှုပ်လာခဲ့တော့ဘူး။ သို့ပေမယ့် သူ့အမေ ပြန်လာတာကို မြင်လိုက်ရတာနဲ့ ချက်ချင်းပဲ မျက်နှာအမူအရာပြောင်းလဲသွားခဲ့ပြီး ရေတွေဝိုင်းနေတဲ့ မျက်လုံးကြီးတွေနှင့် ပြည့်လာကာ ငိုချတော့မယ့်ပုံဖြစ်နေခဲ့တယ်။

ဆုဆုက သူ့ကို စိုက်ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်ကာ စားပွဲမှာ သွားထိုင်လိုက်တယ်။

တကယ်လို့ ထငိုတိုင်း အလိုလိုက်နေဦးမယ်ဆိုရင် နေသားကျနိုင်မှာ မဟုတ်တော့ဘူး။

လင်းချွမ် သူ့ရဲ့သားကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး လျစ်လျူရှုခံရလုနီးပါးဖြစ်နေတာကြောင့် အတော်လေး သနားစရာကောင်းတယ်လို့ တွေးတောလိုက်မိတယ်။ သူက ကလေးကို ကောက်ယူပွေ့ချီလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ကိုယူကာ စားပွဲဆီသို့ လျှောက်သွားလိုက်တယ်။

စားပွဲပေါ်မှာရှိနေတာက အတွင်းပိုင်းမှာ ဝတ်လေ့ရှိတဲ့ အဝတ်အစားမဟုတ်ဘူးလား။ နောက်ပြီး သူ့ရဲ့ ဇနီးသည်က လူသားပုံသဏ္ဍာန်၊ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ကိုလည်း ဆွဲနေသလိုပဲ။

လောကကြီးကို မမြင်ဖူးတဲ့ ရိုးသားသူတစ်ဦးအနေနှင့် လင်းချွမ်တစ်ယောက် ချက်ချင်းပဲ ခေါင်းကို ပြန်လှည့်လိုက်တယ်။

“မင်းဘာပုံဆွဲနေတာလဲ?”

“ကောင်းတဲ့အရာလေ.. ဒါက ပိုက်ဆံရလာလိမ့်မယ်”

“ဟမ်.. ဒါကိုပုံဆွဲတာက ... မဟုတ်ဘူး၊ မင်း ပိုက်ဆံရှာဖို့အတွက် တစ်ခုခုဆွဲလို့ရပေမဲ့ ဒါမျိုးကိုတော့ ဆွဲလို့မရဘူးလေ”

သူ့ရဲ့ဇနီးသည်က ဆိုးရွားတာတစ်ခုခုကို စပြီး သင်ယူနေပြီ။ သူ ဘာလုပ်သင့်လဲ?

ဆုဆု လင်းချွမ်ကို အံ့အားသင့်စွာကြည့်လိုက်မိပြီး သူမရဲ့ ပန်းချီစာအုပ်ကို ကောက်ယူကာ သူ့ရဲ့ မျက်နှာကို ရိုက်နှက်မိလုနီးပါးပဲ။

“ရှင်  အဲဒါကို မြင်ဖူးတယ်ပေါ့ .. မြင်ဖူးတယ်မလား၊ ယုံချင်ယုံ၊  မယုံချင်ချင်၊ ကျွန်မ အခုချက်ချင်းယောက်ျားနဲ့ မိန်းမ အတူတူနေတဲ့ ပုံကို ဆွဲပြီး ရှင့်ကို ပြလိုက်မယ်!”

လင်းချွမ်က ခဏလောက် တုံ့ဆိုင်းသွားခဲ့ပေမဲ့လည်း ချက်ချင်းပဲ  ပြောလာခဲ့တယ်။

“မရဘူး၊ မင်း အဲဒါတွေကို ဆွဲလို့မရဘူး၊ မင်း ဆိုးရွားတဲ့အရာတွေ သင်ယူလို့မရဘူး”

“ကျစ်၊ ရှင်ကိုယ်တိုင်လုပ်တဲ့အချိန်ကျတော့ ရပ်တော့ ရပ်တော့လို့ ပြောနေတာတောင် ရှင်က ကိုယ်ဟန်အနေအထားအမျိုးမျိုးနှင့် ... အွမ့်..”

လင်းချွမ်က သူမရဲ့ပါးစပ်ကို အလျှင်အမြန်ပိတ်လာခဲ့တယ်။

“ကလေး ရှိနေတယ်လေ”

လင်းချွမ်ရဲ့ နားရွက်တွေက သွေးထွက်လုမတတ်နီရဲနေခဲ့တယ်။ သူလုပ်နိုင်ပေမယ့် ပါးစပ်ကပြောတဲ့အချိန်မှာတော့ အလွန်အမင်း ရှက်နေလိမ့်မယ်။

ဆုဆု မျက်လုံးလှန်ပြလိုက်တယ်။

“ကျွန်မက အဲဒါတွေကို ဆွဲပြီး  ပိုက်ဆံရှာဖို့ လုပ်နေတာမဟုတ်ဘူး၊  ရင်ဘတ်အတွက် အတွင်းခံ လုပ်ဖို့ စက်ရုံဖွင့်ချင်လို့ ဒီဇိုင်းဆွဲနေတာ၊ ဒါကိုကြည့်ပြီး အလုပ်သမားတွေကို ချုပ်ခိုင်းမလို့”

“မင်း စက်ရုံထပ်ဖွင့်ဦးမလို့လား”

“အမ်”

“ဘာလို့ စက်ရုံတွေ အများကြီးဖွင့်နေတာလဲ”

“ကျွန်မရဲ့ သား ကြီးလာရင် ဇနီးတစ်ယောက်ရှာရလွယ်အောင်လို့.. သူ့အတွက် အိမ်ဝယ်ပေးရမယ်”

နောက်မျိုးဆက်တွေကိုရောက်ရင် ချွေးမအကြောင်းကို ပြောဖို့ သောင်းနဲ့ချီပြီး ကုန်ကျနိုင်တယ်။ ဒီအချိန်မှာ တွေးတောင်မတွေးနိုင်လောက်သေးဘူး။

ဒါပေမယ့် ဆုဆုက သူမရဲ့ စက်ရုံမှ တစ်နှစ်ကို ယွမ် (၁၀၀၀၀) လောက်  ရနိုင်မယ်လို့ တွေးမိတယ်။ ဒါကြောင့် သုံးစွဲဖို့ တတ်နိုင်သေးတယ်။ သူမရဲ့သားဖြစ်သူက လက်ထပ်မဲ့အကြောင်းကို မပြောခင် ဘယ်လောက်ကြာအောင် စုဆောင်းထားရမလဲ။

“မင်း တွေးတာ နည်းနည်း​လောက် ဝေးလွန်းနေတာပဲ”

“ရှင်တို့ကသာ ခန္ဓာကိုယ်အောက်ပိုင်းကလွဲလို့ ဘာမှ မတွေးချင်ကြတာလေ”

လင်းချွမ်တစ်ယောက် ဆွံ့အသွားရပြန်တယ်။  ထို့နောက် ရုတ်တရက် တွေးတောမိပြီး ပြန်မေးလိုက်တယ်။

“လွန်ခဲ့တဲ့ နှစ်ရက်က စားသောက်ဆိုင်တံခါးမှာ လူတစ်ယောက်က မင်းနဲ့ စကားပြောနေတယ်ဆိုတာ.. အဲဒီလူက ဒီစက်ရုံနဲ့ ပတ်သက်နေတာလား”

“ဟုတ်တယ်၊ အဲဒါက စုန့်လော်စန်းလေ.. ကျွန်မ မြို့ထဲမှာ တစ်ခါတွေ့ဖူးတယ်လို့ ရှင့်ကိုပြောဖူးတယ်မဟုတ်လား ..လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က သူပစ္စည်းတွေဝယ်ရင်း  မတော်တဆမှုတစ်ခုကြုံခဲ့ရတယ်တဲ့.. ဒါကြောင့် ကျွန်မ သူ့ကို ယွမ်တစ်ထောင်ကျော်ချေးပေးခဲ့တယ်လေ.. အခု သူက စက်ရုံဖွင့်ဖို့ လုပ်နေတယ်ဆိုလို့ ကျွန်မအဲဒီပိုက်ဆံကို ရင်းနှီးမြှပ်နှံဖို့ထည့်ခဲ့တယ်”

“အိုး၊ အဲဒါ သူကိုး”

လင်းချွမ်က ဘာမှဆက်မပြောခဲ့ဘူး။

ဆုဆု: “ရှင် သူ့ကို တကယ်မမုန်းဘူးလား၊ ရှင်အရင်တုန်းက သူ့ကို ရိုက်ဖူးတယ်လေ”

“သူက  မင်းကို  ထိကပါးရိကပါးပြောဆိုနေလို့ ရိုက်ခဲ့တာ..  ဒါပေမယ့် သူ့ရဲ့ဘဝက အတော်လေး ခါးသီးစရာပါပဲ”

“အဲလိုလား?”

သူမ ခင်ပွန်းသည်ရဲ့ အမြင်သုံးခုက အပြုသဘောဆောင်ပြီး ပိုက်ဆံကို ဖွုန်းတီးတယ်ဆိုပြီးတော့လည်း   သူမကို အပြစ်မတင်ခဲ့ဘူး။

“ထမင်းစားရအောင်လေ”

စကားပြောပြီးနောက် လင်းချွမ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေက ပြန်ရလာခဲ့ပြီး စားသောက်ဖို့အကြောင်းကို တွေးတောလာခဲ့တယ်။

“စကားမစပ် လင်းချွမ်၊ ကျွန်မ ပိုက်ဆံဆုံးရှုံးမှာကို ရှင်မကြောက်ဘူးလား”

“ရပါတယ်၊ ကိုယ့်မှာ တည်ငြိမ်တဲ့ အလုပ်တစ်ခုရှိပြီး မင်းကို ထောက်ပံ့ပေးနိုင်တယ်”

“…”

ဒါက သူမကို စိတ်သက်သာရာရစေတယ်။

“ဒါဆို ရှင့်ရဲ့ လစာကို သပ်သပ်ဖယ်ပြီးစုထားသင့်လား”

“မင်း ကြိုက်သလို စီစဉ်လို့ရတယ်”

ဆုဆုအနေနဲ့ သူမမှာ ကျောပိုးအိတ်ကြီးတစ်လုံးရှိရင် တခြားပြဿနာတွေအတွက် စိတ်ပူစရာ မလိုဘူးလို့ ခံစားရပေမယ့် တစ်နေ့မှာ ကျောပိုးအိတ်ကြီးသာ ရုတ်တရက်ပျောက်သွားရင် အကြောင်းအရာတွေက ဘယ်လိုဖြစ်လာနိုင်မလဲမသိနိုင်ဘူး။

အနာဂတ်အတွက် အမှန်တကယ် အစီအစဉ်ဆွဲထားသင့်တယ်။

ဆုဆု: “ကျွန်မ ရှင့်အတွက် ငွေစာရင်းတစ်ခုဖွင့်ပေးမယ်၊ လစဉ်လတိုင်း ရှင် လစာထုတ်ပြီးရင် လိုအပ်သလောက် ထုတ်ပြီး ပိုတာကို ကိုယ်တိုင် သိမ်းထားလိုက်လေ”

“ဘာလို့လဲ.. မင်းပဲ အမြဲတမ်း မိသားစုရဲ့ ပိုက်ဆံကို တာဝန်ယူထားတာမဟုတ်ဘူးလား’

အကြောင်းရင်းတစ်ခုခုကြောင့် လင်းချွမ်က သူ့ဇနီးသည်က သူ့ရဲ့ပိုက်ဆံကို မလိုချင်တော့တဲ့အတွက် သိမ်းဆည်းမထားချင်တာလို့ ခံစားမိရတယ်။

ဆုဆု သူ့ကို စိုက်ကြည့်လိုက်တယ်။

“ ကျွန်မက ကျွန်မရဲ့လက်ထဲမှာပိုက်ဆံရှိရင် သုံးမိမှာစိုးလို့ ရှင့်ကို ဂရုစိုက်ခွင့်ပေးလိုက်တာ ၊ ရှင့်သားရဲ့လက်ထပ်ပွဲအတွက် ပိုက်ဆံကို ရှင်သိမ်းထားသင့်တယ် “

“အဆင်ပြေပါတယ် ဒါပေမယ့် ကိုယ် ပိုက်ဆံကို အိမ်မှာဘဲထားမယ်”

ဒါက တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတယ်။

“ကောင်းပါပြီ၊ ရှင့် သဘောအတိုင်းပဲ”

တခြားသူတွေက ပိုက်ဆံလက်ထဲမှာရှိတဲ့အချိန်  ပျော်နေပေမယ့် ဒီလူကတော့ သူ့လက်ထဲမှာ ဗုံးတစ်လုံးရှိနေသလိုမျိုး ဖယ်ရှားပစ်ချင်နေပုံရတယ်။

ဆုဆု ပုံဆွဲပြီးတဲ့နောက်မှာ သူမက စာအုပ်ကိုယူပြီး စုန့်လော်စန်းရဲ့ စက်ရုံသို့ စက်ဘီးနှင့် သွားခဲ့ပေမဲ့ တစ်ဖက်လူက စက်ရုံတွင် မရှိခဲ့ဘူး။

စက်ရုံကိုစောင့်တဲ့ဦးလေးက ပြောလာတယ်။

“မိန်းကလေး၊ မင်းက ဘယ်သူလဲ၊ ငါတို့စက်ရုံမန်နေဂျာက ရည်းစားရှိတယ်နော်.. သူက အခုလေးတင် သူ့ကောင်မလေးနဲ့ တွေ့ဖို့ထွက်သွားခဲ့တယ်”

“ဟင်?”

ရည်းစားရှိတာလား။ စာအုပ်ထဲမှာ ဒီလုပ်ငန်းရှင်သူဌေးကြီးက ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘဲ သူ့နှလုံးသားထဲမှာ ဇာတ်လိုက်မ ချင်ယွဲ့ယွဲ့ အကြောင်းကိုသာ အမြဲတွေးနေခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို မင်းသမီးကို ပေးခဲ့တယ်လေ။

သူက ဘယ်လိုလုပ်ပြီး ချစ်မိသွားတာလဲ။

ဘာပဲ​ဖြစ်ဖြစ် ချစ်မိသွားတာကောင်းပါတယ်။ သူက ဇာတ်လိုက်မအတွက်  သေစရာမလိုတော့ဘူးပေါ့။

ဆုဆုရဲ့ အမေအိုကြီးလို စိတ်တွေက သက်သာရာရသွားတယ်။

“တကယ်လား။ ကောင်းတာပေါ့၊  ဒါပဲ၊ ကျွန်မ ဒါကို  ရှင့်ရဲ့စက်ရုံမန်နေဂျာအတွက် ထားခဲ့မယ်၊  သူ့ကို ပေးဖို့ မမေ့နဲ့နော်၊ ဆရာမဆု လာပေးသွားတယ်လို့ ပြောလိုက်ရင်ရတယ်”

“နားလည်ပါပြီ၊ ဒါက ဆရာမဆုဖြစ်နေတာကိုး”

အဖိုးအိုက သဘောတူပြီး ဆုဆုပေးတဲ့အိတ်ကို လှမ်းယူလိုက်တယ်။

ဆုဆုက ဒီအကြောင်းကို သိပ်ပြီးစိတ်မ၀င်စားနေခဲ့ဘဲ စက်ဘီးနဲ့ အိမ်ကိုပြန်လာခဲ့တယ်။

ဒီနေ့မှာ လင်းဟိုင်နှင့် ရှင်းရာတို့က ညစာစားဖို့ ရောက်လာကြလိမ့်မယ်။ဒါကြောင့် နေ့လည်စာစားပြီးနောက်မှာ အိမ်သန့်ရှင်းရေးလုပ်ကြပြီး လင်းချွမ်က စျေးကို ပြန်ထွက်သွားခဲ့ကာသူမကို ကလေးကိုကြည့်ဖို့ အိမ်မှာပဲနေခိုင်းခဲ့တယ်။

သူက ကြော်စားလို့ရတဲ့ နှစ်ကတ်တီလောက်ရှိတဲ့ ငါး နှစ်ကောင်ဝယ်လာခဲ့တယ်။ နောက်ပြီး ဟင်းချက်ဖို့အတွက် အသားတွေလည်းဝယ်လာခဲ့တယ်။ သူတို့က မိသားစုတွေဖြစ်နေတာကြောင့် ဟင်းနှစ်မျိုးပဲ ချက်ပြုတ်လိမ့်မယ်။

အခုချိန်မှာ ကလေးက အတော်လေး ဆိုးသွမ်းနေပြီ။ သူက အမြဲတမ်း မတ်တပ်ရပ်ချင်နေခဲ့ပြီး လူကြီးတွေရဲ့ ရင်ခွင်ထဲကို ပြေးတက်လာတတ်တယ်။

ဒါကြောင့် ဆုဆုက သူမမှာရှိတဲ့ အားအနည်းငယ်လောက်နဲ့ အပေါ်ကို မျောက်လေးတစ်ကောင်လို မြှောက်တင်ပေးရလေ့ရှိတယ်။

ဒီလိုမျိုး အဆုံးမရှိလုပ်ခိုင်းနေတာက လူတွေကို ပင်ပန်းစေတယ်။

ဟင်းချက်တာကမှ ပိုပြီး သက်သာလိမ့်မယ်။ ဒီတော့ သူမက ကလေးကို လင်းချွမ်ဆီမှာထားကာ စတူးဟင်းတစ်အိုးနဲ့ အကြော်ဟင်းနှစ်မျိုးချက်လိုက်တယ်။

“စကားမစပ်  လင်းချွမ်.. စျေးဝယ်စင်တာမှာ လျှပ်စစ်ထမင်းပေါင်းအိုးရှိနေတာကိုတွေ့ခဲ့တယ်.. ကျွန်မ အဲဒါဝယ်ချင်လို့.. ချက်ပြုတ်တဲ့အချိန် အဲဒါက အတော်လေး သက်သာစေလိမ့်မယ်”

“ကောင်းပြီ၊ မင်းဝယ်လိုက်လေ..  ဒါပေမယ့် အဲဒါက သုံးရတာ လွယ်လို့လား”

သူ တခြားဘယ်သူမှ သုံးတာကို မကြားဖူးသေးဘူး။

“သုံးရတာ လွယ်ပါတယ်”

ဘာပဲဖြစ်ဖြစ် သူမ သုံးနေကျပဲလေ။

“ဒါဆို ဝယ်လိုက်လေ၊ မင်း ငြိမ်ငြိမ်လေးမနေနိုင်ဘူးလား..  စားပွဲပေါ်က ပြုတ်ကျတော့မယ်”

“ရှင်နဲ့တူတာဖြစ်မယ်.. ကျွန်မက  ငယ်ငယ်ကတည်းက ငြိမ်တယ်”

ဆုဆု ထိုသားအဖနှစ်ယောက်ကိုကြည့်ပြီး ပြန်ပြောလိုက်တယ်။

“…”

လင်းချွမ် တိတ်ဆိတ်နေရတယ်။  ဘာပဲဖြစ်ဖြစ် ဆုဆုနှင့် မတူဘူးဆိုရင်တော့ သူနဲ့ တူမှာပဲလေ။

**

All Chapters