← Chapters

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

Vol. 17 Ch. 164

“အကြီးဆုံးတူလေး.. ဒုတိယဦးလေး ရောက်လာပြီ.. လာပြီး ဖက်ပါဦး!”

လင်းဟိုင်က အိမ်ထဲကိုဝင်လာပြီးတာနဲ့ ကလေးကို အရင်ဆုံးပွေ့ဖက်ခဲ့တယ်။ အရင်တုန်းက ယောကျာ်းလေးဖြစ်နေလို့  သိပ်မကြိုက်ပေမယ့်  နှစ်လလောက်ကြာတဲ့အချိန်မှာတော့  သူ့အပေါ် သည်းသည်းလှုပ်လာခဲ့တယ်။

ရှင်းရာက သူ့ပစ္စည်းနှင့်လင်းဟိုင်ရဲ့ပစ္စည်းတွေကို စားပွဲပေါ်သို့တင်လိုက်တယ်။

“ဒါက ကျန့်ကျန့်အတွက် ကျွန်မ ချုပ်ထားတဲ့ အဝတ်လေးတွေ.. ချည်သားနဲ့လုပ်ထားတာဆိုတော့  ဆောင်းရာသီမှာ အိမ်မှာနေရင်းဝတ်လို့ရတယ်”

“အင်း”

လင်းချွမ်က ဆုဆုကို လှမ်းခေါ်လိုက်တယ်။

လူတွေများနေတဲ့အချိန်မျိုးမှာသူက စကားပြောချင်စိတ်မရှိဘူး။ ဒါကြောင့် အတွင်းသို့ဝင်ကာ ချက်ပြုတ်ဖို့နဲ့ စားပွဲကိုရှင်းဖို့ တာဝန်ယူလိုက်တယ်။

ဆုဆုက ရှင်းရာကို ကျေးဇူးတင်လိုက်တယ်။ သူမက လင်းဟိုင် ထုတ်ယူလာတဲ့ ဒိုက်ဘာဘောင်းဘီလေးကို ကြည့်ပြီး မေးလိုက်တယ်။

  “ဒီပစ္စည်းက ရောင်းရလွယ်လား”

“အင်း.. အခု မြို့ထဲကိုယူလာတော့  ဒါဇင်ထုပ်တွေ အကုန်လုံး ရောင်းကုန်သွားပြီ”

“ဒီအတိုင်း  ရောင်းချနေရုံနဲ့ မလုံလောက်ဘူး၊  နွေရာသီအတွင်းမှာကလေးကိုဝတ်ပေးပြီး လမ်းလျှောက်ထွက်တဲ့ကလေးတွေရှိမယ်ဆိုရင်  အခုထက် ရောင်းအားက ပိုကောင်းလာမှာ သေချာတယ်”

ဆုဆု သူ့သားကို ဝတ်ပေးပြီး စောင်ကို ခုံပေါ်မှာ တင်ထားလိုက်တယ်။

အခုချိန်မှာ အခန်းက အလွန်ပူပြင်းပြီး ကိုယ်လုံးတီးနီးပါးဖြစ်နေရင်တောင် အအေးဒဏ်ကို ခံစားရမှာ မဟုတ်ဘူး။

ဒါပေမယ့် ကလေးက အခုချိန်မှာ သူ့ရဲ့ ခြေထောက်ကို အားပြုပြီး လှုပ်ရှားချင်နေပြီဖြစ်ကာ ကိုယ်ကို လှည့်ကြည့်တတ်တယ်။ သူက မလှည့်နိုင်တဲ့အချိန်တွေမှာဆိုရင် သူ့ကိုယ်သူ နှစ်ခါလောက်အော်ဟစ်ပြီး အားပေးလေ့ရှိတယ်။

ရှင်းရာက ဒါကိုမြင်တော့ ရယ်ချင်သွားရတယ်။ သူတို့က ကလေးကို ကြည့်ပေးနေတာကိုမြင်တော့ ဆုဆု အနောက်ဘက်ကိုဝင်သွားပြီး ညစာစားပွဲ ပြင်ဆင်တဲ့နေရာမှ ကူညီလိုက်တယ်။ ဒါပေမယ့် မျှော်လင့်ဘဲညစာစားချိန်မှာတော့ ရှင်းရာက ပြောလာတယ်။

“ယောက်မ၊ ကျွန်မ အခု စားသောက်ကုန်စက်ရုံက အလုပ်ထွက်ပြီး လငးဟိုင်ရဲ့ စက်ရုံမှာ အလုပ်သွားလုပ်ချင်တယ်၊ အိုး .. အဲဒါက တခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး၊ ယောက်မတို့ရဲ့ စက်ရုံက အတော်လေးဖွံ့ဖြိုးနေတယ်လို့ထင်လို့ပါ..  ကျွန်မ အခုလုပ်နေတဲ့ စက်ရုံက အစိုးရပိုင်ဆိုပေမယ့် တစ်ခါတလေ လစာ အချိန်မှန်မပေးနိုင်ဘူး”

လူတိုင်းက နိုင်ငံပိုင် စက်ရုံတွေကသာ အရေးကြီးတယ်လို့ ထင်တတ်ပေမဲ့ အခက်အခဲတွေ ရှိနေခဲ့တယ်။ သူမ လင်းဟိုင်နှင့် ဆွေးနွေးပြီးနောက် သူက သဘောတူခဲ့ပေမဲ့ သူ့ရဲ့မရီးကို မေးဖို့လိုအပ်ပြီး သူမ သဘောတူမှဖြစ်လိမ့်မယ်လို့ပြောခဲ့တယ်။

“ကောင်းပြီ၊ ငါတို့စက်ရုံက ပေါ့ပါးတဲ့ပစ္စည်းတွေကို ထုပ်လုပ်တဲ့ စက်ရူဆိုတော့  မင်းမပင်ပန်းလောက်ဘူး၊ မင်းတို့နှစ်ယောက် အရည်အချင်းတချို့ကို သင်ယူပြီးရင် စက်ရုံခွဲတစ်ခုဖွင့်နိုင်တယ်၊ ဒီလိုနည်းနဲ့ဆိုရင် မင်းတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းကို လုပ်ပြီး တခြားသူတွေရဲ့မျက်နှာကို မကြည့်ဘဲ နေနိုင်လိမ့်မယ်”

ဆုဆု အတော်လေး တွေးတောထားခဲ့တယ်။ ကောင်းပြီ၊ မကြာခင်မှာ ဒီစက်ရုံတွေက လုပ်ငန်းတွေကို ချဲ့ထွင်တော့မှာ ဖြစ်ပြီး စက်ရုံခွဲတစ်ခု ထူထောင်တော့မှာဆိုတော့ သူတို့ရဲ့ မောင်ဖြစ်သူကိုလည်း နစ်နာစေလို့မဖြစ်ဘူး။

ရှယ်ယာရှင်တစ်ဦးအနေဖြင့် တချို့သောအရာတွေကို သူမ ဆုံးဖြတ်နိုင်တုန်းပဲ။

ထိုစကားကိုကြားတော့ လင်းဟိုင်ရဲ့ မျက်လုံးတွေက ပြူးကျယ်လာခဲ့တယ်။

“ဟုတ်သားပဲ  မရီး.. ကျွန်တော် ဒါကို ဘာလို့ မတွေးခဲ့တာလဲ၊ နောက်ပိုင်းကျရင် စက်ရုံခွဲတစ်ခုလောက် ကျွန်တော်တို့မြို့မှာ ပြန်သွားပြီးတည်ဆောက်လို့ရတယ်လေ”

“ဟုတ်တယ်၊ ဒါပေမယ့် မင်း ဒီထုတ်ကုန်ကို အရင်ကြော်ငြာရလိမ့်မယ်”

“အားရာက စက်ရုံကို စီမံခန့်ခွဲနိုင်ရင် ကျွန်တော်က အပြင်ကိုထွက်ပြီး အရောင်းတိုးပွားဖို့အတွက်  လုပ်ချင်တယ်၊ ဒါမှ ကျွန်တော့်ရဲ့ နယ်ပယ်တွေလည်း ပိုကျယ်ပြန့်ပြီး လူပိုသိလာလိမ့်မယ်”

လင်းဟိုင်ပြောပြီးသည်နှင့် ဆုဆုသဘောမတူမှာကို စိုးရိမ်တာကြောင့် လှမ်းကြည့်လာတယ်။

ဆုဆု ခေါင်းညိတ်ပြီးပြောလိုက်တယ်။

“အရင်တုန်းက၊ ငါတို့မိသားစုက အဓိကရှယ်ယာရှင်ဖြစ်လို့ မင်းကို စက်ရုံအတွင်းမှာ ထုတ်လုပ်မှုကို ထိန်းချုပ်ခိုင်းခဲ့တာ.. စက်ရုံမှာ လူတစ်ယောက်တည်းပဲ ကြီးကြပ်နေမယ်ဆိုရင်  ပြဿနာအများကြီး ဖြစ်လာနိုင်တယ်လေ..  ဒါပေမယ့် ရှင်းရာက သွားတော့မှာဆိုတော့ မင်း အရောင်းဌာနဘက်ကို သွားချင်ရင်လည်း အဆင်ပြေတယ်”

စေ့စပ်ညှိနှိုင်းပြီးနောက် ဆုဆုနှင့် သူတို့တွေ စက်ရုံသို့ မနက်အစောကြီးရောက်လာခဲ့ပြီး ရှင်းရန်အတွက် အလုပ်ဝင်ဖို့ စီစဉ်ပေးခဲ့တယ်။

လင်းတုံဟဲက စက်ရုံမန်နေဂျာပဲ။ အိုး မဟုတ်သေးဘူး။ အခုသူက လုပ်ငန်းရဲ့မန်နေဂျာဖြစ်ပြီး လင်းဟိုင်က စက်ရုံမန်နေဂျာပဲ။

သူက မန်နေဂျာတစ်ဦးအနေနှင့် ရက်ပေါင်းများစွာ ဆက်တိုက် ခရီးထွက်ခဲ့ပြီး တချို့သော စျေးကွက်တွေကို ဖွင့်လှစ်ခဲ့တယ်။ ဒါပေမယ့် နည်းနည်းလောက်တော့ ပင်ပန်းလိမ့်မယ်။ နေရာတိုင်းမှာ  အရောင်းကိုယ်စားလှယ်ဝန်ထမ်း ရှာရတာက  ပေါ့ပါးတဲ့ အလုပ်တော့ မဟုတ်ဘူးလေ။

ဆုဆုက သူ အရမ်းပင်ပန်းနေတာကိုတွေ့တော့ မေးလိုက်တယ်။

“ရှင်  ဘာလို့ဒီလိုမလုပ်တာလဲ .. ကျွန်မ လင်းချွမ်ကို တပ်ထဲကထွက်ထားတဲ့ သူ့ရဲ့ညီအစ်ကိုတွေကို အကူအညီတောင်းခိုင်းလိုက်မယ်လေ၊ တကယ်လို့ အမျိုးသားတွေ အဆင်မပြေရင် သူတို့ရဲ့ဇနီးသည်တွေကို အရောင်းဝန်ထမ်းအဖြစ် သွားခိုင်းကြတာပေါ့”

“ကောင်းပြီ၊ စစ်တပ်ထဲက နှုတ်ထွက်ထားတဲ့ စစ်သားဟောင်းတွေ နှစ်တိုင်းအများကြီး ရှိတာဆိုတော့ ဒါက နည်းလမ်းကောင်းပဲ၊ ဒါပေမယ့် ဒါက အမျိုးသမီးသုံးပစ္စည်းဆိုတော့ ငါကြောက်တာက...”

အမျိုးကောင်းသားတစ်စုက ရှက်ရွံ့နေပြီး မပြောရဲကြမှာစိုးရတယ်။

“လင်းချွမ်တော့ သေချာပေါက် ထုတ်ပြောနိုင်လိမ့်မယ်၊  နောက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်ကဇနီးသည်တွေနဲ့လည်း ပြောဆိုလို့ရတယ်..  သူတို့ကိုယ်တိုင် သုံးဖို့ စည်းရုံးနိုင်ရင်လည်း အဆင်ပြေတယ်လေ”

ဒီအချိန်မှာ အမျိုးသမီးအများစုက စစ်တပ်ထဲမှာ ရှိနေကြတုန်းပဲ။  အိမ်သာသုံးစက္ကူကိုအသုံးပြုမဲ့အစား ဒီအမျိုးသမီးသုံးပစ္စည်းတွေကို အသုံးပြုရင် ရရှိမဲ့ အကျိုးကျေးဇူးတြေကို ရှင်းပြလိုက်သရွေ့ သူတို့က သေချာပေါက် အသုံးပြုကြမှာဖြစ်ပြီး ပိုလို့ လူသိများလာလိမ့်မယ်။

လင်းတုံဟဲ ခေါင်းညိတ်လိုက်တယ်။ ခုအရေးကြီးဆုံးအချက်က လူတွေပိုပြီး သိလာစေဖို့ပဲ။  သို့ပေမဲ့ ဒီသန့်ရှင်းရေးသုံးပစ္စည်းတွေက အနည်းငယ် ထိလွယ်ရှလွယ်နိုင်တဲ့ပစ္စည်းဖြစ်ပြီး တခြားသော ကြော်ငြာအသေးစားတွေလိုမျိုး နံရံတွေမှာ လိုက်ကပ်လို့မရဘူး။  ဒါကြောင့် လူတစ်ဦးမှ တစ်ဦးသို့ သတင်းကူးတဲ့အဆင့်သာ တတ်နိုင်လိမ့်မယ်။

တကယ်တမ်းမှာ ဆုဆုတွေးတောပြီးလုပ်ကိုင်တာတွေက အတော်လေးကောင်းမွန်တယ်။ သူမက အလုပ်မှာ

အချိန်များများမရှိတာကို မကြည့်သင့်ဘူး။  အခုဆိုရင် အရှေ့ပိုင်းX တက္ကသိုလ်မှ ဆရာမတွေနဲ့ အမျိုးသမီး ကျောင်းသူ အတော်များများက  သူတို့ရဲ့ စက်ရုံက ထုတ်ကုန်တွေကို သုံးနေကြပြီ။ ဒါပေမယ့် တချို့က ဝယ်ဖို့ကို ရှက်လွန်းနေတာကြောင့် ဆုဆု ကူညီပေးလေ့ရှိတယ်။

ဒီဘက်မှာကိစ္စတွေပြီးသွားတဲ့နောက်မှာ ဆုဆုက အလုပ်ကို ဆက်သွားခဲ့ပြီး နေ့လည်ပိုင်းမှာ ပိုင်လင်းလင်း သူမဆီကို ဖုန်းဆက်ပြီး ကော်ဖီသွားသောက်ရင်း စကားပြောဖို့ ပြောလာတယ်။

ဆုဆုက နေ့လည်ပိုင်းမှာ ဘာမှလုပ်စရာမရှိတဲ့အတွက်  နေ့လည်မှာ သူမနဲ့အတူလိုက်သွားပြီး နှစ်ယောက်သား အသစ်ဖွင့်လာတဲ့ အနောက်တိုင်းအစားအစာတွေကို စမ်းကြည့်ဖို့ ဆန္ဒရှိနေခဲ့ကြတယ်။

အဲဒီနောက်မှာတော့ ပိုင်လင်းလင်းက သစ်သီးတစ်ခွက်သာ မှာယူခဲ့ပြီးတော့ သူမရဲ့ပါးပြင်တွေက နီရဲနေခဲ့တယ်။

“နင်..  ဟုန်ရှင်း နဲ့ နံရံကိုကျော်ထွက်ဖို့ စီစဉ်နေတာလား နင့်မျက်နှာက အရမ်းနီနေတယ်”

ဆုဆု သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။

ရလဒ်အနေနဲ့ ပိုင်လင်းလင်းက သူမကို ရိုက်နှက်လာပြီး :

“နင်ဘာတွေပြောနေတာလဲ၊ ငါ အခု ကိုယ်ဝန်ရှိနေပြီ၊ ကိုယ်ဝန်ရှိနေတယ်”

“မြန်လွန်းတယ်”

ဆုဆု အံ့သြစွာပြောလိုက်တယ်။

“နင့်တုန်းက  မဟုတ်သလိုပြောနေတာပဲ”

“ငါက အိမ်ထောင်ကျပြီး လတော်တော်လေးကြာမှ ကိုယ်ဝန်ရသွားတာ”

“နင် သူနဲ့ မတွေ့ဘဲ လအတော်ကြာအောင်ရှိနေလို့ မလား”

“... နင်ထင်တာမှန်တယ်”

“ပြောစမ်းပါ သူတို့က ဘာလို့ အတိုင်းအတာကို မစဉ်းစားကြတာလဲ ..အခု ငါ ကိုယ်ဝန် အစောကြီးရနေလို့ အတန်းတောင် မတက်နိုင်တော့ဘူး”

ပိုင်လင်းလင်း သက်ပြင်းချလိုက်တယ်။

“အင်း ..ငါလည်း အတူတူပဲ”

သူမရဲ့ အိတ်ထဲမှာ  TT တစ်ခုရှိနေတယ်ဆိုတာကို သိခဲ့မယ်ဆိုရင် လင်းချွမ်ကိုသေချာပေါက် အသုံးပြုခိုင်းလိုက်မှာ။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူမ မရှာကြည့်ခဲ့ဘူးလေ။ သေချာတာပေါ့။ သူမ ရွာမှာရှိနေတုန်းက ကျောပိုးအိတ်က  သိပ်မလိုတာကြောင့် ထုတ်ယူကြည့်တာလည်း ရှားခဲ့တယ်။

“ဒါဆို နင်အခု ဘာလုပ်မှာလဲ”

“ဟမ်း.. ငါဘာလုပ်လို့ရမလဲ”

ပိုင်လင်းလင်းက အကြောင်းအရာတွေ အများကြီးကို သိနေတာကြောင့် စကားပြောရတာ လွယ်ကူတယ်။

“သားကြောဖြတ်တယ်လို့ခေါ်တဲ့  နည်းပညာတစ်ခု ရှိတယ်လို့ ပြောကြတယ်၊ အဲဒါက...”

ပိုင်လင်းလင်းက ရှင်းပြလာတယ်။

“ဒါပေမယ့် ငါတို့ ဆေးရုံမှာတော့ မရှိသေးဘူး၊ အချိန်ခဏလောက် ကြာနိုင်တယ်၊ တကယ်လို့ ကလေးမွေးပြီးတဲ့အထိ မရသေးရင် မြို့ကြီးမှာ သွားလုပ်မလားလို့”

“အတူတူသွားရအောင်”

သူမမှာ TT ရှိပြီး TT ရဲ့ အရည်အသွေးက ကောင်းမွန်ပေမဲ့လည်း လင်းချွမ်က ပေါ့ပေါ့ပါးပါး ခရီးသွားရခြင်းကို နှစ်သက်နေတုန်းပဲ။

သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက ဘယ်အချိန်မှာ ပြန်ထွက်လာမလဲဆိုတာကို   မပြောနိုင်တာကြောင့် သူမ ကိုယ်ဝန်ထပ်ရလာမှကို စိုးရိမ်နေသေးတယ်။

ကလေးတစ်ယောက်နဲ့ လုံလောက်ပြီ။ နောက်တစ်ယောက်ဆိုရင် သူမ မထိန်းနိုင်လောက်ဘူးလို့ ထင်မိတယ်။

သူတို့နှစ်ယောက် စကားပြောနေတဲ့အချိန်မှာ အထဲကိုဝင်လာတဲ့ ဧည့်သည်နှစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒီအချိန်မှာ ဧည်သည်တွေက ကျဲပြီး  အထူးသဖြင့် ဧည့်သည်အသစ်တွေက အတော်လေးရင်းနှီးလွန်းနေတယ်။ ဒါကြောင့် ဆုဆု စုန့်လော်စန်းကို ချက်ချင်းမှတ်မိခဲ့ပြီး သူ့နောက်လိုက်တဲ့ အမျိုးသမီးကချင်ယွဲ့ယွဲ့ဖြစ်နေတာကို မြင်လိုက်ရတယ်။

သူတို့ နှစ်ယောက် ဘယ်တုန်းက တွေ့ခဲ့ကြတာလဲ။ ဒါဆို စုန့်လော်စန်းရဲ့ရည်းစားက ချင်ယွဲ့ယွဲ့လား။

ပလော့ရဲ့ရိုးသားမှုက သူမကို မလှည့်စားခဲ့ဘူး။ သူတို့နှစ်ယောက်လုံး အဆင်ပြေသွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အခုလိုပေါင်းစည်းသွားဖို့ကိုတော့ မမျှော်လင့်ထားခဲ့ဘူး။

သူမ တွေးတောနေတုန်းမှာ စုန့်လော်စန်းက အနားကိုလာပြီး နှုတ်ဆက်ခဲ့တယ်။

“မစ္စဆု၊ မင်းလည်းဒီမှာရောက်နေတာပဲ..  ယွဲ့ယွဲ့.. လာလေ မစ္စဆုကိုနှုတ်ဆက်လိုက်ဦး”

ချင်ယွဲ့ယွဲ့က နာခံစွာ နဲ့ အနားကိုလာပြီးနှုတ်ဆက်ခဲ့တယ်။ သူမရဲ့ သဘောထားက အရင်တုန်းကနဲ့ အလွန်အမင်း ကွာခြားနေခဲ့တာကြောင်း ဆုဆုက သူမဘယ်သူလဲဆိုတာကို မမှတ်မိလုနီးပါးပဲ။

ဒါပေမယ့် ဒါက အရင်ကထက်တော့ ပိုပြီးကြည့်ကောင်းလာခဲ့တယ်။

“ ဟဲလို.. ကျွန်မက သူငယ်ချင်းနှင့် ခဏလောက် စကားလာပြောတာလေ.. ညစာလာစားကြတာလား .. သွားစားကြလေ”

ဆုဆု ယဥ်ကျေးစွာပြန်ပြောခဲ့တယ်။

စုန့်လော်စန်းက ချင်ယွဲ့ယွဲ့ကို ညစာစားရန် ခေါ်သွားခဲ့တယ်။ သူတို့ကြားက လေထုက အတော်လေးကောင်းမွန်တာကိုမြင်နိုင်တယ်။  ချင်ယွဲ့ယွဲ့က လင်းတုံဟဲနဲ့တုန်းကလိုမျိုး ဂုဏ်မောက်နေခြင်းမရှိခဲ့ဘဲ စုန့်လော်စန်းကို ဟင်းထည့်ပေးတာတွေ တခြားအရာတွေ ကူညီစာတွေလုပ်ပေးနေခဲ့တယ်။

ဒါပေမယ့် ဆုဆုရဲ့အမြင်အရတော့ သိပ်ပြီး အဆင်မပြေလှဘူး။ သူမက ဒီအလုပ်တွေကို တကယ်ကြိုက်လို့ လုပ်နေတာလား ဒါမှမဟုတ် တခြားအကြောင်းပြချက်ရှိနေလို့လား။

All Chapters