← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

ပိုင်လင်းလင်းက တခြားသူတွေကို မကောင်းပြောတတ်တဲ့သူမျိုးမဟုတ်ပေမယ့် ထိုစုံတွဲကိုတော့ အစစ်အမှန် စုံတွဲနဲ့မတူဘူးလို့ခံစားမိတယ်။ သူမနှင့် ချန်ယွဲ့ကျင်းတို့လည်း ပူးကပ်နေတာမျိုးရှိပေမဲ့ အဲဒါက အပြင်လူတွေဘယ်သူမှမရှိဘဲ နှစ်ယောက်တည်းရှိတဲ့အချိန်မှာပဲလေ။

ဒါ့အပြင် အမျိုးသားကသာ အမျိုးသမီးကို ဂရုစိုက် စောင့်ရှောက်ပေးသင့်တာမဟုတ်ဘူးလား။ ဘာလို့ အမျိုးသမီးက အမျိုးသားကို တစ်ဖက်သတ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပြုစုပေးနေရတာလဲ?

သူတို့နှစ်ယောက် စကားဆက်မပြောဖြစ်ခဲ့ကြဘဲ ခဏလောက်ထိုင်ကာ ထလာခဲ့ကြတယ်။ ဆုဆုက ဆိုင်ထဲမှမထွက်ခင် စုန့်လော်စန်းကို ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့တယ်။ ထိုအချိန်မှာ တစ်ဖက်လူက မတ်တပ်ရပ်ပြီး စိတ်လှုပ်ရှားစွာပြောလာလေတယ်။

“မစ္စဆု၊ ကျွန်တော် လက်ထပ်တော့မယ်၊ မင်းမှာအချိန်ရရင် မင်္ဂလာပွဲကိုလာခဲ့ပါဦး”

“ကောင်းပြီ  ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်”

ဆုဆု အပြုံးနဲ့ ပြန်ပြောလိုက်တယ်။ သူမက စုန့်လော်စန်းကို မျက်နှာသာပေးတာဖြစ်ပြီး ချင်ယွဲ့ယွဲ့ကိုမဟုတ်ဘူး။ သို့ပေမယ့် သူမ တစ်စုံတစ်ခုကိုတော့ စဥ်းစားနေခဲ့တယ်။ သူမ စုန့်လော်စန်းရဲ့စက်ရုံမှာ ဆက်ပြီးရင်းနှီးမြှပ်နှံတာက အဆင်ပြေပါ့မလား? နှုတ်ထွက်လိုက်သင့်ပြီလား။

မတိုင်ခင်တုန်းက လင်းတုံဟဲနှင့်အဖြစ်အပျက်မှာ သူတို့နှစ်ယောက်ကို ကွာရှင်းပြတ်စဲစေခဲ့တယ်။ အခုလည်း သူတို့ကိုပါ ထပ်ပြီးကွာရှင်းစေတာမျိုးဖြစ်လာရင် အရှက်ရစေလိမ့်မယ်။  ဒါ့အပြင် ချင်ယွဲ့ယွဲ့ကလည်း ရွံရှာတဲ့ခံစားချက်တွေ ထပ်ဖြစ်အောင် လုပ်လာဦးမှာစိုးရတယ်။

ဒါမှမဟုတ်ရင် လင်းဟိုင်ကို ကိုယ်တိုင် စက်ရုံတစ်ခု တည်ထောင်ခိုင်းလိုက်ရင်ရော။ ဒါဆိုရင်လည်း သူမက အစုရှယ်ယာတွေ ဝင်ပါလို့ရတယ် မဟုတ်ဘူးလား။

သူမ စိတ်ဓာတ်ကျစွာဖြင့် ကော်ဖီဆိုင်မှ ထွက်ခွာလာပြီးနောက် ပိုင်လင်းလင်းက သူမကို မေးလာခဲ့တယ်။

“အဲဒီလူက မင်းရင်းနှီးမြှပ်နှံချင်တဲ့လူလား”

“ဟုတ်တယ်၊ ပြီးတော့ အမျိုးသားနှစ်ယောက်လုံးက မိန်းမတစ်ယောက်တည်နဲ့ ဆက်ဆံရေးရှိနေကြတယ်၊ ငါတကယ်... နှုတ်ထွက်ချင်နေတာ”

“အမျိုးသမီးတွေက အမျိုးသားတွေရဲ့ အလုပ်ကိစ္စကို ဝင်မပါလောက်ပါဘူး”

ပိုင်လင်းလင်းက အကောင်းမြင်စွာပြောလာတယ်။

သူတို့နှစ်ယောက်လုံးက စစ်သားတွေရဲ့ ဇနီးဖြစ်တဲ့ဘဝမှာ နေသားကျပြီးအတွေ့အကြုံနက်နဲနေပြီ။ ထိုလူတွေရဲ့ပါးစပ်က အရိုးတွေလိုမျိုး မာကျောပြီး စစ်တပ်ကပြန်လာရင် သူတို့ရဲ့အလုပ်ကိစ္စအကြောင်းကို ဘာမှပြောမှာမဟုတ်ဘူး။ သူတို့က တကယ်ကို တင်းကြပ်ကြတယ်။

“ဟား၊ သူတို့စခန်းက ယောက်ျားတွေအားလုံးက စကားပြောရတာ မကြိုက်တာများလား”

“ဖြစ်နိုင်တယ်”

“ငါ နင့်ကို ပြန်ခေါ်သွားပေးမယ် အခုက အန္တရာယ်များတဲ့ အချိန်ပဲ”

“မလိုဘူး  မလိုဘူး၊ ငါအဆင်ပြေပါတယ်၊ ငါကိုယ့်ဟာကိုယ် ပြန်သွားလို့ရတယ်”

ပိုင်လင်းလင်းက သူမရဲ့လက်ကို ဝှေ့ရမ်းပြီး ထွက်သွားခဲ့တယ် ။ သူမက အမှန်တကယ်ကို သန်မာပြီးကြံ့ခိုင်တယ်။ ကိုယ်ဝန်အစောပိုင်းအဆင့်မှာ ရှိနေပေမဲ့လည်း လုံးဝပင်ပန်းနွမ်းနယ်နေပုံမရဘူး။

သို့ပေမဲ့ ခဏကြာပြီးနောက်မှာ သူမ အဆင်မပြေဖြစ်လာတော့မှာကို ဆုဆုသိတယ်။

အခုချိန်မှာ ပိုပြီးစိတ်လက်အေးချမ်းစွာရှိနေသင့်တယ်။ သူမလည်း ​​ကလေးတွေကို ကြည့်ရှုရင်းနှင့် ​​သူငယ်ချင်းတွေနဲ့လည်း အပြင်ထွက်ပြီး လမ်းလျှောက်သင့်တယ်လေ။

ပြန်တွေးကြည့်ရရင် ပိုက်ဆံစုဖို့အတွက် စက်ရုံတစ်ခုတည်းရှိရုံနှင့် သိပ်အဆင်မပြေလောက်ဘူး။

သူမ အိမ်ကိုပြန်ရောက်တာနဲ့ အန်တီဲယဲ့ပြောလာတာကို ကြားလိုက်ရလေတယ်။

“ရှောင်ဆု.. မင်းရဲ့အဖေက လေဖြတ်သွားတယ်လို့ပြောတယ်၊ လင်းချွမ်က သူ့ကို ဆေးရုံတင်ဖို့အတွက် ကားမောင်းပြီး သွားကြိုလာခဲ့တယ်တဲ့.. အဲဒါ သူက ဝင်ခွင့်လုပ်ငန်းစဉ်တွေကို ကြိုပြင်ခိုင်းထားတယ်”

“ကောင်းပြီ ဘယ်တုန်းကဖြစ်တာတဲ့လဲ”

ဆုဆုက သူ့မရဲ့ဖိနပ်ကိုပြန်စီးရင်း မေးလိုက်တယ်။

“မနေ့ညက ဖြစ်ခဲ့တာလို့ပြောတယ်.. သူက ဒီအကြောင်းတွေကိုအကြောင်းကြားပေးဖို့  စစ်တပ်က လူကို လွှတ်လိုက်တာ..  ဟိုက ဆေးရုံမှာကုသလို့မရဘူးတဲ့၊  မင်းအမေကလည်း မလိုက်နိုင်လို့ မင်းပဲ ကူညီနိုင်မယ်လို့ပြောခဲ့တယ်”

“ကျွန်မ သိပြီ”

လင်းချွမ်က သူမကို ကြောက်လန့်နေမှာကို စိုးရိမ်နေလို့ တစ်ယောက်ယောက်ကိုစေလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်တာပဲ။  ဆုဆု ဆေးရုံကို တန်းတန်းမတ်မတ်သွားခဲ့ပြီး ဆေးရုံကို ရောက်တဲ့နောက်မှာတော့ လမ်းလျှောက်လာတဲ့ ပိုင်လင်းလင်းကို သွားခဲ့တယ်။

ထိုအကြောင်းကို သိရှိပြီးနောက် ပိုင်လင်းလင်းက ဆရာဝန်ကို သွားတွေ့ခဲ့ပြီး ၎င်းတို့နှစ်ယောက်က ဆေးရုံတင်ဖို့အတွက် ဝင်ခွင့်လုပ်ငန်းစဉ်တွေကို ချက်ချင်းလုပ်ဆောင်ခဲ့ပြီး လူနာခန်းကိုလည်း ပြင်ဆင်ထားခဲ့တယ်။

ဒီကိစ္စတွေ ပြီးသွားချိန်မှာပဲ လင်းချွမ် ရောက်လာခဲ့တယ်။ သူက အဖေလင်းကို အရေးပေါ်ခန်းထဲသို့ ခေါ်သွားခဲ့ပြီး မောပန်းနွမ်းနယ်စွာနဲ့ ထိုင်ချလာတယ်။

ဆုဆု သူ့အနားကိုပြေးသွားရင်း မေးလိုက်တယ်။

“ ဘာလို့ လေဖြတ်သွားရတာလဲ”

“အိပ်နေတဲ့အချိန်မှာ ပြတင်းပေါက်ပိတ်ဖို့ မေ့သွားတယ်လို့ ပြောတယ်၊  မနက်အိပ်ရာနိုးလာတော့ မျက်နှာကရွဲ့စောင်းသွားတာတဲ့၊ ဟိုဘက်မှာက ကောင်းမွန်တဲ့ ကုသမှုမရနိုင်ဘူး.. အခြေအနေက ပိုဆိုးလာလို့ ဒီကိုခေါ်လာခဲ့တာ”

“အဲလိုလား”

“အမေက  ကလေးနှစ်ယောက်ကို ကြည့်ပေးနေရမှာဆိုတော့ ဒီကိုလာဖို့ အဆင်မပြေဘူး.. ဇနီးလေး.. “

“ကျွန်မ  သိပါတယ်.. ကျွန်မ အဖေကို အိမ်မှာ ပြုစုပေးလိုက်မယ်”

လင်းဟိုင်က လက်မထပ်ရသေးတာကြောင့် သူ့ရဲ့ဇနီးလောင်းကို ပြုစုပေးခိုင်းဖို့ ခက်ခဲတယ်။ သူကိုယ်တိုင်ကလည်း စက်ရုံမှာ တာဝန်ခံပြီးအလုပ်လုပ်ရမှာဖြစ်လို့ တာရှည်မနေနိုင်လောက်ဘူး။

“ကျေးဇူးတင်ပါတယ်၊ ကိုယ်က  သားတစ်ယောက်ဖြစ်ဖို့  မထိုက်တန်ဘူးပဲ”

“ရှင် ဘာတွေစိတ်ဆင်းရဲနေတာလဲ အခုလည်း အဆင်ပြေနေတာပဲလေ”

ခဏအကြာမှာတော့ ဆရာဝန် ထွက်လာခဲ့ပြီး အရေးပေါ်ကုသမှုခံယူရန် လိုအပ်ကြောင်း၊ အပ်စိုက်ကုသရန် လိုအပ်ပြီး ဆေးရုံတင်ထားရမှာဖြစ်ကြောင်းတို့ကိုပြောလာတယ်။

ဆုဆုက ဆေးရုံမှာစောင့်ပေးနေတာကြောင့် လင်းချွမ်က သူ့ရဲ့ စစ်တပ်ထဲသို့ ပြန်ပြေးဖို့ လုပ်ခဲ့ရတယ်။  ကံကောင်းထောက်မစွာနှင့် အဖေလင်းက သူ့ကိုယ်သူ ဂရုစိုက်နိုင်သေးပြီး  စကားကတော့ ကောင်းကောင်းမပြောနိုင်ဖြစ်နေခဲ့တယ်။

လင်းချွမ် ထွက်သွားပြီးနောက် သူက ဆုဆုကိုလည်း လက်ပြပြီး အလုပ်သွားခိုင်းခဲ့တယ်။

“အဖေ၊ အဖေက ကျွန်မကို နှစ်ရက်လောက် အနားယူဖို့ ဆင်ခြေရအောင် လုပ်ပေးလိုက်တာပဲ.. ကျွန်မ အလုပ်ကိုနေ့တိုင်းသွားနေရလို့  ပင်ပန်းနေတာလေ”

ထို့နောက် သူမက အခုလေးတင် ဝယ်လာတဲ့ လက်ကိုင်ပုဝါကို ပေးလိုက်တယ်။ အခုချိန်မှာ သူက ပါးစပ်ကိုမထိန်းချုပ်နိုင်တော့တဲ့အတွက် သူ့ရဲ့နှုတ်ခမ်းထောင့်ကနေ သွားရည်တွေ ကျဆင်နေခဲ့တယ်။

အဖေလင်းက  သူ့ခြေထောက်ကိုအရှိန်ပြင်းပြင်းနဲ့  ပုတ်ပြလာတယ်။ သူ့ကိုယ်သူအသုံးမဝင်ဘူးလို့ ပြောချင်တာဖြစ်လောက်တယ်။

“အဖေ၊ အဖေ့ရဲ့ရောဂါက သက်သာပျောက်ကင်းနိုင်ပါတယ်၊ အဖေ ဒီမှာ ရက်နည်းနည်းလောက် နေသရွေ့ နေကောင်းလာလိမ့်မယ်”

ဆုဆုက စကားပြောနေရင်းနဲ့ ပန်းသီးတစ်လုံး လှီးဖြတ်ပေးလိုက်တယ်။

အဖေလင်းတစ်ယောက် ပန်းသီးကို ဖြည်းဖြည်းချင်း စားရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

ကုသမှုထဲမှာ အပ်စိုက်ကုထုံးသာမကဘဲ ရိုးရာဆေးမီးရှို့တာတွေပါ ပါဝင်တယ်။ ဒါကြောင့် ဆုဆုက ကိစ္စတွေအကုန်ပြီးတဲ့အထိ ဆေးရုံမှာနေပေးခဲ့တယ်။  ပြီးရင်တော့ ညစာစားဖို့ အိမ်ကိုပြန်ရလိမ့်ယ်။ အဆုံးမှာ အိမ်မှာ ကလေးရှိသေးတယ်လေ။

အဖေလင်း ဆေးရုံနဲ့ မရင်းနှီးသေးဘူး။ ဒါကြောင့် ဆုဆုက အိမ်ကိုမပြန်ခင် အစားအသောက်ကျွေးမွေးတာနှင့် အိမ်သာကိုလိုက်ပို့တာတွေ လုပ်ပေးခဲ့တယ်။

အိမ်ကို ပြန်ရောက်တဲ့အချိန်မှာတော့ အချိန်ကမှောင်နေပြီဖြစ်ကာ တစ်ရက်လုံး မိခင်နို့မရသေးတဲ့ ရှောင်ကျန့်ကျန့်က အလျင်လိုနေခဲ့ပြီ။

ဆုဆု သားဖြစ်သူကိုကြည့်ပြီးပြောလိုက်တယ်။

“အဘိုးကို  ပြုစုပြီးရင် ဘိုးဘေးကို ပြုစုဖို့လိုတယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ်”

အန်တီယဲ့က  အခြေအနေတွေကို မေးလာတာကြောင့် ဆုဆု ပြန်ဖြေလိုက်တယ်။

“အကောင်းကြီးတော့ မဟုတ်ဘူး၊ အနည်းဆုံး ဆယ်ရက်နဲ့ တစ်လခွဲလောက် ကြာလောက်မယ်၊ ပြီးရင် ပြန်လည်နလံထူရမှာဆိုတော့ အလျှင်စလိုလုပ်လို့မရဘူး”

“ဒါဆို မင်းဘယ်လိုလုပ်မှာလဲ  လင်းချွမ်က စစ်တပ်မှာ နေရမှာလေ၊  မင်းကလည်း အလုပ်သွားရမှာ”

“အားလပ်ရက်အကြာကြီးယူရမှာပေါ့  .. မဟုတ်ရင် အဆင်မပြေဘူးလေ”

တခြားဘာလုပ်လို့ရမှာလဲ။ လူတွေရဲ့ကျန်းမာရေးက ပိုပြီး အရေးကြီးတယ်။ ဒါ့အပြင် ဆရာအလုပ်ဆိုတာက သူမအတွက် အချိုးအကွေ့တစ်ခုသက်သက်ပဲ။ အခု သူမမှာ ထောက်ပံ့ဖို့ စက်ရုံနှစ်ရုံရှိနေပြီဖြစ်လို့ ဘာကိုကြောက်ရမှာလဲ။

“မင်း ဒီလိုမျိုး ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ဒါပေမယ့် စိတ်မပူပါနဲ့ မင်း ရှင်းရာကိုခေါ်ပြီး အတူ ပြုစုခိုင်းလို့ရတယ်”

“သူတို့က အိမ်ထောင်မပြုသေးဘူးလေ”

“ဒီစေ့စပ်ပွဲနဲ့ အိမ်ထောင်ပြုထားတာနဲ့ အတူတူနီးပါးပါပဲ၊ မင်းမှာက ကလေးကိုလည်း စောင့်ရှောက်ရဦးမှာမလား”

“ဒါက တကယ် မလိုအပ်ပါဘူး၊ ဒါမှမဟုတ် သူမကို တနင်္ဂနွေမှာ ဆေးရုံကို လာကြည့်ဖို့ ခေါ်လိုက်လေ.. အဲဒီနေ့ကျ အန်တီယဲ့က အိမ်ပြန်မှာဆိုတော့ ကျွန်မ ကလေးကို ကြည့်ဖို့ ပြန်လာရမယ်”

“မင်း ဘာတွေပြောနေတာလဲ၊ ဒီလိုအချိန်က တနင်္ဂနွေတွေမှာ အချိန်ပိုအလုပ်လုပ်ရလည်း အဆင်ပြေပါတယ်၊ ​​ငါပြန်မသွားရင်တောင် ဘာမှစိတ်ပူစရာမရှိဘူး”

အန်တီယဲ့က သူတို့အားလုံးက ဆွေမျိုးတွေလို့ ခံစားမိပြီး ဒီလိုကိစ္စမျိုးကိုကူညီသင့်တယ်လို့ တွေးခဲ့တယ်။

ဆုဆုကတော့ ပျော်ရွှင်နေခဲ့တယ်။ ရုန်းကန်ရမှုတွေကြုံတွေ့လာရချိန်မှာ  သူမတစ်ယောက်တည်းမဟုတ်တော့ဘူးလေ။

ဒါပေမယ့် မမျှော်လင့်ထားဘဲ အန်တီယဲ့က ရှင်းရာကို ဘယ်လိုအကြောင်းကြားခဲ့လဲဆိုတာ မသိဘဲ   နောက်နေ့မှာ ရောက်ရှိလာခဲ့လေတယ်။ သူမက ဆုဆုကို အလုပ်သွားခိုင်းပြီး အဖေလင်းကို သူမပြုစုပေးမဲ့အကြောင်းပြောလာတယ်။

ဆုဆု: “မင်း  အဖေဆီကို တစ်ယောက်တည်း သွားရမှာ အဆင်မပြေဘဲနေလိမ့်မယ်.. လောလောဆယ် စက်ရုံကို ပြန်သွားလိုက်လေ၊ ငါက ငါးရက် ခွင့်ယူထားပြီးပြီ.. နောက်ဆုံးနေ့ကျရင် ငါရှိနေတုန်းကို မင်းလာခဲ့လိုက်ပေါ့၊ အဖေ ဆေးရုံတက်ဖို့ လိုသေးရင်တော့ မင်း နောက်ထပ် နှစ်ရက်၊သုံးရက်လောက် ကြည့်ပေးရလိမ့်မယ်”

“ကောင်းပါပြီ အဆင်ပြေပါတယ်”

ရှင်းရာက သူမ အဖေလင်းကိုနောက်ဆုံးတစ်ကြိမ်တွေ့တုန်းက သူ    စိုးရိမ်နေခဲ့တာကို သိနေခဲ့တာကြောင့် ဆုဆုစကားကိုနားထောင်ကာ အဖေလင်း ပြုစုရန် နောက်အပတ်မှာ  ဆေးရုံကိုလာခဲ့မယ်လို့ ကတိပေးခဲ့တယ်။

နောက်တစ်နေ့မှာတော့ အဖေလင်းက စကားလုံးအနည်းငယ်ထစ်နေသေးပေမဲ့ ပိုကောင်းလာခဲ့တယ်။

“​ကလေး...ကြည့်​...မလာနဲ့...”

သူက ဆုဆုကို အိမ်ပြန်ပြီး ကလေးကိုပဲ သွားကြည့်ဖို့နဲ့ ဒီကို မလာတော့ဖို့ ပြောချင်တာပဲ။

“အန်တီယဲ့က ကျွန်မအတွက် ကလေးကို ပြုစုစောင့်ရှောက်ပေးနေတယ်လေ၊ သူမက ခဏလောက်နေရင် အဖေကြည့်လို့ရအောင် အဖေ့ရဲ့အကြီးဆုံးမြေးလေးကိုခေါ်ပြီး လာခဲ့မယ်တဲ့”

ဆုဆုက အဖေလင်းအတွက်  ထမင်းပြင်ဆင်ရင်း ပြောလိုက်တယ်။

အဖေလင်းရဲ့အကြောသေနေတဲ့မျက်နှာမှာ အပြုံးတစ်ခု ချက်ချင်းပေါ်လာပြီး သာမန်မျက်စိနှင့်တောင် မြင်တယ်။ သူက ကျန့်ကျန့်ကို မွေးကတည်းက မမြင်ဖူးခဲ့တာကြောင့် အလွန်တွေ့ချင်နေခဲ့တယ်။

“ဒါဆို အဖေ အရမ်းစိတ်ပူမနေနဲ့တော့လေ.. အဖေသာ သက်သာလာရင် အဖေ့ရဲ့မြေးကို တစ်ရက်ခြား၊ နှစ်ရက်ခြားတစ်ခါလောက် လာတွေ့ခိုင်းလိုက်မယ်”

“အင်း…အမ်း..”

အဖေလင်းက သူ့ရဲ့ မြေးကြီးနှင့် တွေ့ရတော့မှာဖြစ်လို့ အလွန် ပျော်ရွှင်နေခဲ့ပြီး တက်ကြွစွာနှင့် စောင့်မျှော်နေခဲ့တော့တယ်။

**

All Chapters