← Chapters

အခန်း (၁၆၇)

Vol. 17 Ch. 167

အခန်း (၁၆၇)

Vol. 17 Ch. 167

လင်းတုံဟဲက တကယ်ကို အမျိုးသားဇာတ်လိုက် ပီသလွန်းတာပဲ။

နောက်ပိုင်းမှာ သူက အမျိုးသမီးဇာတ်လိုက်ကို အနည်းငယ်လျစ်လျူရှုပြီး နေရာတိုင်းမှာ ဒွိဟဖြစ်နေတဲ့ သဘောထားကို အောင်မြင်စွာ စွန့်လွှတ်နိုင်ခဲ့ပေမဲ့  အမျိုးသမီး ဇာတ်လိုက်ရဲ့ အနားမှာ ယောက်ျားတစ်ယောက်ရှိနေသရွေ့  အလွန်အမင်းမနာလိုဖြစ်လာလိမ့်မယ်။

အခုအချိန်မှာလိုမျိုး။ ဆုဆုအနေနဲ့  သူတို့ရဲ့ ကံကြမ္မာက ပျက်ပြားသွားလောက်ပြီလို့ ထင်မိပေမယ့်  ဇာတ်လိုက်မဘက်က စတင် လက်ထပ်ဖို့ လှုပ်ရှားခဲ့တာနဲ့ သူ့ဘက်ကတော့ ပလော့ကို ပြန်လည်အသက်သွင်းလာလိမ့်မယ်လို့  မထင်ထားခဲ့ဘူး။

ဆုဆု  အမှန်တကယ်ကို လျစ်လျူရှုပြီး လင်းချွမ်ကို အဝေးသို့ ခေါ်ထုတ်သွားချင်ခဲ့ပေမဲ့ အခုတော့ မတတ်သာစွာနဲ့ ရန်ပွဲမှာ ဖြေင်းဖြဖို့ ဝင်ပါလိုက်ရတယ်။

သူမ အမှန်အတိုင်းပြောပြီးနောက်  လင်းတုံဟဲက ချင်ယွဲ့ယွဲ့ဘက်ကို  ခေါင်းလှည့်ပြီး မေးလာတယ်။

“မင်း ဘာလို့ဒီလိုလူနဲ့လက်ထပ်ချင်တာလဲ၊ သူက လူမိုက်တစ်ယောက်ပဲ၊ မင်းက  ယောက်ျားမရှိရင် မနေနိုင်တော့ဘူး၊ မင်းမနေနိုင်ရင်လည်း ငါကိုပြောလို့ရတယ်လေ .. ငါ အချိန်မရွေးပြန်လာနိုင်တယ်”

“...”

ဆုဆုကတော့ လင်းချွမ်သာ သူမကို ဒီလိုစကားမျိုးပြောရဲရင် သူမ သူ့ကို ကုတ်ခြစ်ပြီး လျစ်လျူရှုလိုက်တော့မယ်လို့ ခံစားလိုက်တယ်။

ဒါပေမယ့်  ဇာတ်လိုက်မကတော့ မတူဘူး။

“ရှင်က  ကျွန်မကို မလိုချင်တော့ဘူးမလား၊ ကျွန်မတို့က ကွာရှင်းပြီးပြီလေ၊ ရှင် ဘာတွေပြောနေတာလဲ၊ ကျွန်မလည်း မိန်းမတစ်ယောက်ပဲ၊ အားကိုးအားထားပြုနိုင်မယ့်လူကို ရှာချင်တာပေါ့”

အားကိုးအားထား = စုန့်လော်စန်း ?

ဆုဆု စုန့်လော်စန်းဘက်ကို လှမ်းကြည့်ကာ တိတ်တိတ်လေး စာနာတဲ့ မျက်ရည်တစ်စက် ကျပေးလိုက်တယ်။

ဒီလိုဝမ်းနည်းစရာကောင်းပြီး ပျက်စီးသွားရတဲ့ အပိုဘီးလေး။ လုံးဝ ကွဲကြေသွားရမှာကို ကြောက်မိတယ်။

တခြားသူတွေက အပိုဘီးတစ်လုံးအဖြစ် တိတ်တဆိတ် ရှိနေနိုင်ခဲ့ပေမဲ့ သူကတော့ မျက်လုံးရှေ့မှာ မြင်တွေ့ခဲ့ရတယ်။

စုန့်လော်စန်းက တကယ်ကို မွန်းကြပ်နေခဲ့ပြီး ပြန်ပြောခဲ့တယ်။

  “ငါ .. ငါက ချင်ယွဲ့ယွဲ့ကို တကယ်ကြိုက်တာ.. သူမကို တစ်သက်လုံး စောင့်ရှောက်ပေးသွားမှာ”

ဒါပေမယ့် ဒီအချိန်မှာ အမျိုးသား ဇာတ်လိုက်ရဲ့ လက္ခဏာက ပလော့ရဲ့ bug တွေဝင်နေခဲ့ပြီ။

“မင်းက  သူမနှင့်ထိုက်တန်တယ်ထင်နေလို့လား၊  မင်းလို ကလေကချေကောင်က ကောလိပ်ကျောင်းသူနဲ့ လက်ထပ်ချင်နေတာလား၊ မင်းက စိတ်ကူးယဥ်နေတာပဲ”

“ငါတို့က မကြာခင် လက်ထပ်တော့မယ်လို့ ပြောခဲ့တယ်လေ!  မင်းနဲ့ ဘာမှမဆိုင်ဘူး”

စုန့်လော်စန်း ဒေါသတကြီးနှင့် အံကြိတ်လိုက်တယ်။

ချင်ယွဲ့ယွဲ့က လင်းတုံဟဲကို ကြည့်ပြီး ရုတ်တရက် ပြောလာတယ်။

“ရှင် ဘာလို့ ကျွန်မကို ဒီလောက် နှိမ့်ချနေရတာလဲ.. ကျွန်မ ရှင့်ကို ဘာတွေ အပြစ်ထပ်လုပ်ခဲ့လို့လဲ? ကျွန်မတို့  ကွာရှင်းပြီးပြီ၊ ဒါပေမယ့် ရှင်က ကျွန်မကို ကြိမ်းမောင်းဖို့ အတွက် ကျွန်မအိမ်ကို လာနေတုန်းပဲ.. ရှင်က ကျွန်မကို ငြိမ်းငြိမ်းချမ်းချမ်းမနေစေချင်တာလား? ဒီလိုဆိုမှတော့ ကျွန်မ သေလိုက်တော့မယ်”

သူမက ပြောပြီးတာနဲ့ အမြန်ထွက်ပြေးသွားပြီး ညအမှောင်ထဲကို ပျောက်ကွယ်သွားခဲ့တယ်။

“ယွဲ့ယွဲ့...”

စုန့်လော်စန်းက သူမကို တကယ် ဂရုစိုက်ခဲ့တယ်။ သူကလည်း အစွဲအလမ်းကြီးတဲ့ ယောကျာ်းဖြစ်နေတာကြောင့် ချက်ချင်းပဲ လိုက်သွားဖို့ လုပ်ခဲ့တယ်။

ဒါပေမယ့် လင်းတုံဟဲက ဘယ်လိုလုပ်ပြီး စုန့်လော်စန်းကို လိုက်သွားခိုင်းမှာတဲ့လဲ။  သူက အမြန်ပြေးသွားခဲ့ပြီး သူ့ကို မြေပြင်ပေါ်သို့ပြုတ်ကျတဲ့အထိ ကန်ခဲ့တယ်။

လင်းချွမ်က မနေနိုင်စွာနှင့် သူတို့နှစ်ယောက်ကို လှမ်းဆွဲရပြန်တယ်။

“မင်းတို့တွေ  နောက်ကလိုက်ပြီး ဘာဖြစ်နေပြီလဲဆိုတာ သွားကြည့်လေ၊ ဒီနေရာမှာ မင်းတို့နှစ်ယောက်ကို ရန်ဖြစ်နေတာ ဘာအသုံးဝင်လို့လဲ၊ မင်းတို့နှစ်ယောက်ထဲက တစ်ယောက် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

လင်းတုံဟဲက စုန့်လော်စန်းကို နှစ်ကြိမ်တိုင်တိုင် ကန်ကျောက်ခဲ့သေးပြီး  အခိုင်အမာပြောပြီးမှ ပြေးထွက်သွားခဲ့တယ်။

“သူမက  ငါ့အပိုင်ပဲ.. မင်း သူမကို လက်ထပ်ဖို့ မဖြစ်နိုင်ဘူး”

လင်းချွမ်က ပြန်လှည့်ကြည့်ပြီး မေးလာတယ်။

“ဇနီးလေး  ကလေးကို ကြောက်သွားသေးလား၊ အဆင်ပြေလား”

ကလေးဆိုတာက ထိတ်လန့်လွယ်တတ်တယ်လေ။

ဆုဆု ခေါင်းခါလိုက်တယ်။

“အဆင်ပြေတယ်၊ ကလေးက အိပ်ပျော်တော့မှာ၊ ဒါပေမယ့် အိမ်ပြန်ကြရအောင်၊ သူများကိစ္စကို ဂရုမစိုက်ချင်တော့ဘူး”

သူတို့ဖြောင်းဖြပေးခဲ့ပေမဲ့ ဘာအသုံးဝင်လို့လဲ။

ချင်ယွဲ့ယွဲ့က မျက်လုံးဖြူဝံပုလွေပဲ။  သူမရဲ့အသက်ကို ကယ်တင်ခဲ့တဲ့သူကိုတောင် ကျေးဇူးတင်ရမှန်း မသိဘူး။ တွက်ချက်မှုအမျိုးမျိုးက သူမရဲ့ခေါင်းထဲမှာရှိနေတာ။ ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့လူမျိုးက  နှလုံးသားထဲမှစစ်မှန်တဲ့ ဆက်ဆံရေးရှိမှာမဟုတ်ဘူး။

ဥပမာအားဖြင့်၊ ဒီတစ်ကြိမ်မှာ သူမက စုန့်လော်စန်းနှင့်လက်ထပ်တောမှာဖြစ်ပြီး စုန့်လော်စန်းကိုကြိုက်ကြောင်းပြောခဲ့ရင် လင်းတုံဟဲက စိတ်ဆိုးရင်တောင် ဘာမှ ဝင်ပါနိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် သူမက ထိုသို့ မလုပ်ခဲ့ဘဲ ကွာရှင်းပြတ်စဲခံရခြင်းအကြောင်းတွေကို ငိုကြွေးပြီးပြောနေခဲ့ကာ  သနားစရာကောင်းပြီး အားကိုးရာမဲ့ဖြစ်နေရတဲ့အပေါ် သူများကို အပြစ်တင်ခဲ့တယ်။

အဆုံးသတ်မှာ သူမက အဖြေကိုမဆုံးဖြတ်ခဲ့ပဲ ထွက်ပြေးသွားခဲ့သေးတယ်။  သူမ ဘာတွေတွေးနေတာလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။

ဆုဆုရဲ့မျက်လုံးထဲမှာတော့ ဇာတ်လိုက်နှင့် ဇာတ်လိုက်မရဲ့ကြားက  ကံကြမ္မာသာဖြစ်ပြီး သူတို့တွေ ဆက်လက် လက်တွဲဖို့ဖြစ်လာတဲ့ တစ်ယောက်ကိုတစ်ယောက် အနိုင်ကျင့်မှုမျိုးပဲ။

ဒါကြောင့် သူမရဲ့ တုံ့ပြန်မှုက လျစ်လျူရှုထားမှုသာဖြစ်ပြီး ဝေးဝေးမှာသာနေလိုခဲ့တယ်။

ဒါပေမယ့် အပြင်လူတွေရဲ့အမြင်မှာတော့ ချင်ယွဲ့ယွဲ့ရဲ့  အပြုအမူဟာ အနည်းငယ် ရှုပ်ထွေးနေလိမ့်မယ်။ ဒါကြောင့် လင်းချွမ်က လမ်းလျှောက်ရင်း ပြောလာတယ်။

“ဒီချင်ယွဲ့ယွဲ့က ဘာတွေ တွေးနေတာလဲ၊ သူမက စုန့်လော်စန်းကို လက်ထပ်ချင်တာလား ဒါမှမဟုတ် စုန့်လော်စန်းကို သတ်ချင်နေတာလား”

သူက ကြမ်းတမ်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး တခြားလူတွေကို  မကောင်းပြောတတ်သူမျိုး မဟုတ်ဘူး။ ဒါပေမယ့် ယခုတစ်ကြိမ်မှာတော့  အမှန်တကယ် ဒေါသထွက်နေခဲ့တယ်။

ဆုဆု:  “သူမ ဘာတွေတွေးနေလဲ မသိဘူး ဒါပေမယ့် ဒီလူနှစ်ယောက် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

“သူတို့  ရွေးချယ်တဲ့လမ်းပဲ”

ဆုဆု သက်ပြင်းချလိုက်တယ်။

“ကျွန်မထည့်ထားတဲ့ ပိုက်ဆံ ဆုံးရှုံးသွားမှာကို ကြောက်တယ် ၊ သူတို့က အချစ်အကြောင်းပဲတွေးနေပြီး အလုပ်ကောင်းကောင်းမလုပ်ရင် ကျွန်မရဲ့ပိုက်ဆံတွေအကုန်လုံး ဖြုန်းတီးသလိုဖြစ်သွားမှာ မဟုတ်ဘူးလား”

လင်းချွမ်က သူမကို ရယ်မောလုနီးပါပဲ။

“မင်းကတော့  တကယ်ကို..  ကလေးကို ကောင်းကောင်းဂရုစိုက်ဖို့  စဉ်းစားနေတာပဲ”

ဆုဆု သူ့ကို စိုက်ကြည့်လိုက်ပေမယ့် နှစ်ယောက်လုံးက တခြားလူတွေရဲ့ ကိစ္စတွေကို သိပ်ဂရုမစိုက်ခဲ့ကြဘဲ အိမ်ကိုပြန်ခဲ့ကြတယ်။

ဒီနေ့က တနင်္ဂနွေနေ့မဟုတ်တာကြောင့် လင်းချွမ်တို့က ခွင့်ရက်တစ်ဝက်အားလပ်ရက်ယူပြီး ပြန်လာကြတာ။ ဒါကြောင့် သူတို့က စောစောအနားယူပြီး စောစောအိပ်ယာကထပြန်ဖို့ တွေးထားခဲ့တယ်။

ဒါပေမယ့် အိမ်ကိုပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က တံခါးလာခေါက်ခဲ့တယ်။

ချန်ယွဲ့ကျင်းနှင့် ပိုင်လင်းလင်းတို့  အတူရောက်လာတာပဲ။

ပိုင်လင်းလင်းမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရတာကြောင့် ချန်ယွဲ့ကျင်းက  အလွန်ပျော်သွားပြီး လင်းချွမ်ကို  အရက်တိုက်ဖို့ လာရှာတာဖြစ်လေတယ်။ ဆုဆုက သူတို့ကို မိတ်ဆက်ပေးဖို့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်သင့်တယ်။

ဆုဆု:  “ရှင်တို့တွေ သောက်ချင်ရင် ဟင်းနှစ်မျိုး ချက်ပေးမယ်၊ အိမ်မှာသောက်ကြလေ၊ အပြင်ကို မထွက်နဲ့”

“အိမ်မှာ ကလေးတွေရှိသေးတယ်”

လင်းချွမ်သာ အိမ်မှာရှိနေရင် သူက ဝိုင်အနည်းငယ်လောက်ကိုသာသောက်မှာဖြစ်ကြောင်း ချန်ယွဲ့ကျင်း သိထားတယ်။ သူက ဒီနေ့ အရမ်းပျော်လွန်းနေတာကြောင် အပြင်ထွက်ပြီး သောက်ချင်နေခဲ့တယ်။

ဆုဆု:  “ဒါဆို ရှင်တို့ နှစ်ယောက်တည်း အပြင်သွားကြလေ၊ ပိုင်လင်းလင်းနှင့် ကျွန်မ ကလေးကိုကြည့်ဖို့ အိမ်မှာနေလိုက်မယ်၊ ကျွန်မတို့ စကားပြောချင်သေးတယ်”

နေ့ခင်းဘက်မှာ ဆေးရုံမှာ တစ်ရက်လုံးနေခဲ့ရပြီးတာကြောင့် သူမ ညဘက်မှာ  အနားယူချင်နေခဲ့တယ်။  အပြင်ထွက်ပြီး စားသောက်ဖို့ မလိုက်ချင်တော့ဘူး။

ဒီတော့ ချန်ယွဲ့ကျင်းလည်း လင်းချွမ်ကိုပဲခေါ်ကာ အပြင်ထွက်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။  အမျိုးသားတွေမှာ ကိစ္စတစ်ခုခုရှိလာရင် အတူတူသောက်လေ့ရှိကြတယ်။

ပိုင်လင်းလင်းကတော့ ကလေးကို ခဏကြည့်ပြီး ဒီလတွေမှာ ဘာကိုဂရုပြုသင့်လဲဆိုတာကို မေးမြန်းခဲ့တယ်။

သူမက သူနာပြုတစ်ဦးဖြစ်ပေမဲ့  စီနီယာတွေရဲ့စကားတွေကလည်း အလွန်အသုံးဝင်တတ်တယ်လေ။

သူမက ဆုဆုရဲ့ မိသားစုမှ ကလေးမွေးကင်းစအရွယ်သုံးခဲ့တဲ့  အဝတ်အထည်လေးတွေနဲ့ စောင်တွေကိုလည်း တောင်းယူဖို့ ကြိုပြောခဲ့တယ်။

ဆုဆုကတော့ သေချာပေါက် သဘောတူခဲ့တယ်။ ဒါတွေက အသုံးပြုပြီးသားတွေကို ပြန်ပေးလိုက်တာပဲလေ။ အခုခေတ်ကာလက နောက်ပိုင်းမှာလို ပစ္စည်းတွေ ပေါများနေတာမဟုတ်ဘူး။

အထူးသဖြင့် ယောင်္ကျားလေးတွေမွေးကာစမှာသုံးတဲ့ ပစ္စည်းတွေက အရမ်းကောင်းတယ်လို့ ပြောကြပြီး လူတော်တော်များများက သူတို့အတွက် ငှားကြလေ့ရှိတယ်။ ထိုပစ္စည်းတွေကို အိမ်မှာကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အနာဂတ်မှာ သူတို့မွေးတဲ့ကလေးတွေကလည်း ယောက်ျားလေးတွေဖြစ်လာလိမ့်မယ်လို့ အယူရှိကြတယ်။

ဒါတွေက တကယ်ကို အယူသီးတာပဲ။

“ငါ့အိမ်မှာ မိန်းကလေးပစ္စည်းတွေနဲ့ပြည့်နေပေမဲ့ ​​ရလဒ်က ယောက်ျားလေးမွေးလာတာပဲ”

နံဘေးရှိ အဒေါ်ယဲ့က ဝင်ပြောလာတယ်။

“လင်းဟိုင်က  ဘာလို့ကလေးကို သမီးလေးဖြစ်စေချင်ရတာလဲ ..  ငါတို့က ယောက်ျားလေးလိုချင်တယ်လို့ ပြောခဲ့တာကို သူက မိန်းကလေးတွေက ပိုကောင်းတယ်၊ သူ့မှာ သမီးမွေးကိုမွေးရမယ်လို့ ပြောနေတာ တကယ်ကိုခေါင်းမာလွန်းတယ်”

“လင်းမိသားစုရဲ့ ညီအစ်ကိုတွေ အားလုံး အတူတူဖြစ်လောက်မယ်၊ လေးယောက်လုံးက ကျွန်မကို သူတို့တူမလေးမွေးပေးရမယ်ဆိုပြီး တောင်းဖို့ နေ့တိုင်း ကျွန်မအိမ်ကို ပြေးလာနေကြတာ”

သူမ ပြောပြီးတာနဲ့ ဘေးမှ အမျိုးသမီး နှစ်ယောက်လုံးက ရယ်မောလာကြတယ်။

ထိုအချိန်မှာဘဲ  အပြင်မှ တစ်စုံတစ်ယောက်က တံခါးကို ကျယ်လောင်စွာ ခေါက်လာခဲ့တာကြောင့် အိပ်ပျော်နေတဲ့ ကျန့်ကျန့်လေးက ရုတ်တရက် နိုးလာပြီး မျက်ရည်တွေ ဝဲတက်လာခဲ့တယ်။

ဆုဆု အမြန်ထပြီး တံခါးကိုဖွင့်လိုက်တော့ လင်းတုံဟဲက ရင်ခွင်ထဲမှာ ချင်ယွဲ့ယွဲ့ကို ပြေးချီပြီး ဝင်လာတာကို တွေ့လိုက်ရတယ်။ နောက်ဘက်မှတော့ စုန့်လော်စန်းက ငြိမ်သက်စွာရပ်နေခဲ့တယ်။

လင်းတုံဟဲ: “မြန်မြန်လေး ရဲဘော်ပိုင်၊ မြန်မြန်လေး ကယ်ပေးပါဦး..  သူမက အသက်ရှူမဝတော့သလိုပဲ”

ပိုင်လင်းလင်းက သူနာပြုတစ်ယောက်ဖြစ်နေတာကြောင့် အမြန်ပြေးဆင်းလာကာ ရှေးဦးသူနာပြုစုခြင်းကို လုပ်ဆောင်ခဲ့တယ်။

ခဏအကြာမှာတော့ ချင်ယွဲ့ယွဲ့ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ပိုင်လင်းလင်းကတော့ မောပန်းနွမ်းနယ်စွာနှင့် မြေပြင်ပေါ်မှာ တိုက်ရိုက်ထိုင်ချလိုက်မိကာ ခဏအကြာမှာ ထရပ်ပြီး အော့အန်တော့တယ်။

ထိုအချိန်မှာ ချင်ယွဲ့ယွဲ့က နိုးလာခဲ့ပြီး လင်းတုံဟဲက သူမနိုးလာတာကိုမြင်တော့ ချက်ချင်းပဲ ပွေ့ဖက်ပြီး ငိုကျွေးလာတယ်။

  “မင်းဘာလို့ ဒီလောက်တောင် ရူးမိုက်နေရတာလဲ”

ဆုဆု သည်းမခံနိုင်တော့ဘူး။

“သူ  ဘာလို့ ရူးမိုက်တဲ့ အရာကို လုပ်ခဲ့တာလဲဆိုတာ ရှင်တကယ်မသိဘူးလား”

ထို့နောက် သူမက ကောင်းကင်ကိုမော့ကြည့်ရင်း ဆက်ပြောလိုက်တယ်။

“ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင် ဒီကနေ ထွက်သွားပေးပါ.. ကျေးဇူးတင်ပါတယ်”

**

All Chapters