အခန်း (၁၆၈)
Vol. 17 Ch. 168
လင်းတုံဟဲကလည်း အခန်းထဲမှ ကလေးငိုသံကိုလည်းကြားလိုက်ရတာကြောင့် ချင်ယွဲ့ယွဲ့ကို ကောက်ယူပွေ့ချီကာ ထွက်သွားခဲ့တယ်။
စုန့်လော်စန်းကတော့ တံခါးရှေ့မှာ တုံးအစွာ ရပ်နေတုန်းပဲ။
“ငါ ဘာလုပ်ရတော့မလဲ”
ချင်ယွဲ့ယွဲ့ အစကနေ အဆုံးထိ သူ့ကိုမကြည့်ခဲ့ဘူး။ သူမရဲ့နှလုံးသားထဲမှာ သူ့အတွက် နေရာမရှိဘူးဆိုတာကို သူသိထားပြီးသားဆိုပေမယ့် ဒီလိုမျိုးအထိ ဘေးဖယ်ခံထားဖို့ကိုတော့ မမျှော်လင့်ထားခဲ့ဘူး။
ဆုဆု သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
“စုန့်လော်စန်း ၊ ရှင်ရည်မှန်းချက်နည်းနည်းလောက် ထားတာကောင်းလိမ့်မယ်.. စက်ရုံကို ကောင်းကောင်းလည်ပတ်နိုင်မှ ရှင့်ကို တခြားလူက မြင်နိုင်လိမ့်မယ်၊ ဒီလိုမှမဟုတ်ရင် ရှင် ဘယ်သူမလို့လဲ”
စုန့်လော်စန်း ထိတ်လန့်သွားပြီး ခေါင်းညိတ်တယ်။
“ငါ သိပြီ”
လင်းတုံဟဲက သူ့ထက်ပိုမိုကြံ့ခိုင်တဲ့အုပ်မြစ်ရှိနေပြီး သူထက် စွမ်းရည်မြင့်နေလို့ ချင်ယွဲ့ယွဲ့က သူ့ကို ဘယ်တော့မှ မမေ့နိုင်ခဲ့တာပဲ။
ဆုဆုပြောတာမှန်တယ်။ အရည်အချင်းမရှိသေးရင် အမျိုးသမီးတွေက သူ့ကိုအထင်သေးမှာပဲ။
ဒါကြောင့် စက်ရုံကို ကောင်းကောင်းလည်ပတ်သင့်တယ်။ ဒါမှသာ သူ လင်းတုံဟဲနှင့် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ်။ မဟုတ်ရင် အခွင့်အရေး လုံးဝ မရှိတော့ဘူး။
“ဒါဆို ငါအရင်သွားလိုက်မယ်”
စုန့်လော်စန်းထွက်သွားတဲ့အချိန်မှာ သူတို့ရဲ့အိမ်ရှေ့မှာ အပျော်တမ်းလာကြည့်နေကြသူတွေ အများကြီး ရှိနေခဲ့ပြီ။
ညဘက်ဆိုပေမယ့်လည်း လူတွေအများကြီးရှိနေတုန်းပဲ။ အခုက စစ်အုပ်ချုပ်ရေးလည်း မရှိသေးသလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း ဖွင့်လှစ်ထားခဲ့တာကြောင့် အပြင်မှာ လမ်းလျှောက်ထွက်နေသူတွေ ရှိနေကြပြီ။
ဆုဆုကတော့ ဆွံ့အ,နေပြီ။
သူက နှိပ်စက်ခံရတာမှာ ကျေနပ်တဲ့သူလား။
သူမ တွေးတောနေစဥ်မှာပဲ တံခါးက တွန်းဖွင့်ခံလိုက်ရတယ်။
လင်းချွမ်ကအထဲကို စိုးရိမ်တကြီးဝင်လာပြီး မေးလာခဲ့တယ်။
“ဘာကိစ္စရှိနေတာလဲ၊ ကိုယ်တို့ ညစာစားနေတုန်းမှာ ကိုယ်တို့ရဲ့မိသားစုက တစ်ခုခုဖြစ်သွားပြီး လူတစ်ယောက်သေသွားတယ်လို့ ကြားလို့”
သူတကယ်ကို အလျင်စလိုပြေးလာခဲ့တာ။ မိသားစုထဲက တစ်ယောက်ယောက် သေဆုံးသွားတယ်လို့ ကြားရင် ဘယ်သူက စိတ်အေးနိုင်မှာလဲ။
ဆုဆု ချက်ချင်းပြောလိုက်တယ်။
“ကျွန်မတို့မိသားစုရဲ့ မတော်တဆမှုမဟုတ်ဘူး၊ ချင်ယွဲ့ယွဲ့က ကိုယ့်ကိုကိုယ်သတ်သေခဲ့တာ၊ သူမက မြစ်ထဲခုန်ချခဲ့ပြီး ကယ်တင်နိုင်ခဲ့ပေမဲ့ သေလုမျောပါးဖြစ်နေတာ.. ပိုင်လင်းလင်းက သူမကို ရှေးဦးသူနာပြုနည်းနဲ့ ကယ်တင်ပေးခဲ့တာ”
“မင်းအဆင်ပြေရဲ့လား လင်းလင်း မင်းမျက်နှာက ဘာလို့ ဒီလောက်ဖျော့တော့နေတာလဲ”
ချန်ယွဲ့ကျင်း ပြေးဝင်လာချိန်မှာ သူ့ရဲ့ဇနီးသည် မသက်မသာဖြစ်နေတာကို မြင်လိုက်ရတယ်။ သူမက နံရံကို မှီပြီး လဲကျလုနီးပါးဖြစ်နေပုံရတယ်။
ပိုင်လင်းလင်းက လက်ကို ဝှေ့ယမ်းပြီး ပြောလာတယ်။
“ဘာမှမဖြစ်ဘူး၊ ကျွန်မ အိမ်ပြန်ပြီး အနားယူချင်တယ်၊ နောက်မှ ရှင်နဲ့ စကားပြောမယ်၊ အခု စကားမပြောချင်သေးဘူး”
ချန်ယွဲ့ကျင်း ချက်ချင်း ခေါင်းညိတ်ပြပြီး အရက်မသောက်နိုင်တော့ဘဲ သူ့ဇနီးသည်ကိုပဲ အိမ်သို့ တိုက်ရိုက်ခေါ်သွားရတော့မယ်။ သို့ပေမယ့် သူက မသွားခင်မှာ နောက်မှ ချိန်းဆိုလိုက်မဲ့အကြောင်း ပြောခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီအစားအသောက်ဝိုင်းက လုပ်ကိုလုပ်ရလိမ့်မယ်။
ဆုဆုက လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်တယ်။
“သွားသွား.. ရှင့်ဇနီးကို အိမ်ပြန်ခေါ်သွားပြီး အနားယူခိုင်းလိုက်တော့ အသုံးမဝင်တာတွေ ပြောမနေနဲ့”
ချန်ယွဲ့ကျင်းတို့ ထွက်ခွာသွားပြီးနောက် လင်းချွမ်က အသေးစိတ်မေးမြန်းခဲ့တယ်။ ဆုဆုက အခုလေးတင် ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြပြီး:
“ အနာဂတ်မှာ ကျွန်မတို့ အိမ်တံခါးကို လော့ချိတ်ထားတော့မယ် .. ဒီလူတွေကို ဝင်ခွင့်မပြုနိုင်ဘူး”
သူမက အန်တီယဲ့ရဲ့ ရင်ခွင်ထဲက ကလေးကို လှမ်းယူပြီး အင်္ကျီကိုဖယ်ကာ နို့တိုက်လိုက်တယ်။
သို့ပေမယ့် ထိုအချိန်ကစပြီး ကလေးက အဆက်မပြတ် ငိုနေခဲ့တယ်။ ငယ်ငယ်ကတည်းက ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့ဘူး။ သူ အတော်လေး ထိတ်လန့်သွားတာဖြစ်လိမ့်မယ်။
လင်းချွမ်က တခြားသူတွေရဲ့ကိစ္စကို ဂရုမစိုက်နိုင်တော့ဘူး။ သူ့ရဲ့ကလေးက အလွန်ငိုနေခဲ့တာကြောင့် တံခါးကိုလုံးဝပိတ်ချလိုက်တယ်။
“ဘယ်လို လုပ်ရမလဲ.. ဆေးရုံကိုခေါ်သွားရမလား”
အန်တီယဲ့: “ကလေးက လန့်သွားတာဖြစ်မယ်၊ ညဘက်ကျရင် အဝတ်လေးတွေကို ဇောက်ထိုးထားပေးရအောင်.. မနက်ဖြန်အထိ အဆင်မပြေရင် ဆေးရုံသွားရမယ်”
“ကောင်းပြီ”
ဆုဆုက ကလေးကို အိပ်ပျာ်သွားစေဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး စောင်လေးကို ခန်ပေါ်မှာတင်ပြီး သူ့အဝတ်အစားလေးတွေကို စောင်ပေါ် မှာ ဇောက်ထိုးတင်ထားပေးလိုက်တယ်။ ဒါက အသုံးဝင်မလားဆိုတာကိုတော့သူမ မသိဘူး။
ထို့နောက် အန်တီယဲ့က မီးကိုပိတ်ပြီး တီးတိုးပြောလာတယ်။
“မင်းတို့ မြန်မြန်အိပ်သင့်တယ်၊ သူ့ကို ထပ်မနိုးလာစေနဲ့”
ဒီလိုနဲ့ ငယ်ရွယ်တဲ့ဇနီးမောင်နှံက သားဖြစ်သူ မထိတ်လန့်စေရန်အတွက် အပေါ်ထပ်သို့ တိတ်တဆိတ် တက်လာခဲ့ကြပြီး စကားကိုတောင် အသံကျယ်ကျယ် မပြောဝံ့ကြဘူး။
သူတို့တွေ အဖေလင်းကို ပြုစုဖို့ ဆေးရုံကို အပြေးအလွှားသွားတဲ့အချိန်မှာ လင်းဟိုင်တို့ ရောက်နေခဲ့ကြလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူနှင့် ရှင်းရာတို့က အဖေလင်းအနားမှာ အလုပ်ရှုပ်နေခဲ့ကြပြီ။
စုန့်လော်စန်းက ရွာမှာရှိတုန်းက ဘာမှမလုပ်ဘူးဆိုပေမယ့် အခု သူက လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီ၊ အနည်းဆုံးတော့ စက်ရုံအသေးစားရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေပြီး ရှင့်ထက်တော့ မနိမ့်ဘူး၊
ဒီလိုဆိုမှတော့ သူ့မှာ ချင်ယွဲ့ယွဲ့ကို လိုက်ဖို့အတွက် ဘာလို့ အစွမ်းအစ မရှိရမှာလဲ၊ နောက်ပြီး ဒါက စုန့်လော်စန်းရဲ့အပြစ်မဟုတ်ဘူး၊ သူတို့နှစ်ယောက်က အချင်းချင်း ချစ်ကြိုက်ခဲ့တာလေ၊
ရှင်သာ အဲလိုမဖြစ်စေချင်ရင် ဘာလို့ ကွာရှင်းခဲ့သေးလဲ? ကွာရှင်းပြီးသားလူတစ်ယောက်ကို လိုက်တာက ပုံမှန်ပဲ
သူ့မှာ တခြားသူတွေကို လိုက်ဖမ်းဖို့ အခွင့်အရေးရှိပြီး ချင်ယွဲ့ယွဲ့ကလည်း သူ့နှင့် ဒုတိယအိမ်ထောင်ပြုဖို့ သဘောတူလိုက်တယ်၊ ဒါကို ဘာလို့ သူ့ကိုပဲ အပြစ်တင်နေတာလဲ၊ စုန့်လော်စန်းတစ်ယောက်တည်းက ဒါတွေအားလုံးကို တာဝန်မယူရသင့်ဘူး”
“ငါသိပါတယ် .. ဒါပေမယ့် သူသာ မရှိရင် ယွဲ့ယွဲ့က တခြားလူနဲ့လက်ထပ်မှာမဟုတ်ဘူး”
“ရှင်တို့က ကွာရှင်းပြီးသွားပြီ၊ သူမက အခုလက်မထပ်ရင်တောင် ဘွဲ့ရပြီးသွားရင် လက်ထပ်မှာပဲ၊
စုန့်လော်စန်း၊ ဒါမှမဟုတ် စုန့်လော်စစ်ဖြစ်ဖြစ်၊ လော်လျို့ဖြစ်ဖြစ် မရှိရင်တောင် ရှင့် မမေ့နဲ့ဦး၊ ချင်ယွဲ့ယွဲ့က မကြာခင် ဘွဲ့ရတော့မှာ၊ ပြီးသွားရင် သူမမှာ ရွေးချယ်စရာတွေ ရှိလာလိမ့်မယ်၊ ရှင် သိပ်ပြီးကြီးစိုးချင်နေလို့မရဘူး၊
ဒီကိစ္စအတွက် ရှင် တခြားလူတွေကို ဒေါသမထွက်သင့်ဘူး၊ ရှင့်ရဲ့ ကိုယ်ပိုင်မိန်းမကိုပဲ စီမံခန့်ခွဲနိုင်အောင်ကြိုးစားသင့်တာ”
အစွမ်းအစရှိရင် သူမကို တခြားလူဆီမှာ ချိတ်တွယ်တာမျိုး မဖြစ်စေနဲ့လေ။
**