အခန်း (၁၆၉)
Vol. 17 Ch. 169
“ကောင်းပြီ ဆုဆု၊ ငါတို့ကလည်း ဆွေမျိုးတွေပဲ၊ အခု မလိုအပ်တာတွေကို မပြောတော့ဘူး၊ စုန့်လော်စန်းရဲ့ စက်ရုံမှာ ရင်းနှီးမြုပ်နှံမှုကို နုတ်ထွက်ပြီး သူ့ကို ဒီမြို့က ထွက်သွားပြီး ပြန်မလာဖို့ ပြောလိုက်ပါ၊ မဟုတ်ရင်ငါ သူ့ကို ညှာတာနေမှာမဟုတ်ဘူး”
ဆုဆု ဒေါသတကြီး ရယ်မောလိတော့မလိုပဲ။
အလယ်ပိုင်းနှင့် နောက်ပိုင်းအဆင့်တွေမှာ လင်းတုံဟဲက အာဏာရှင်တစ်ယောက်ဖြစ်လာဖို့အလားအလာရှိတဲ့ပုံပဲ။ ဘာမှသာဖြစ်မလာဘူးဆိုရင် ကောင်းကင်ဘုံအရှင်ကိုတောင် ဖိနှိပ်လောက်အောင် လုပ်နိုင်လောက်တယ်။
အခုချိန်မှာတော့ သူက စက်ရုံငယ်တစ်ခုရဲ့ မန်နေဂျာအဆင့်သာ ဖြစ်နေသေးပေမဲ့ သူက တခြားစက်ရုံမန်နေဂျာတစ်ယောက်ကို နှင်ထုတ်ချင်နေပြီ။
ဘယ်လို သောက်ကျိုးနည်းလဲ။
“လင်းတုံဟဲ ရှင့်ကိုယ်ရှင် ဘယ်သူလို့ ထင်နေတာလဲ? ရှင်က ဘာလို့ စုန့်လော်စန်းကို မောင်းထုတ်ဖို့ လာပြောနေရတာလဲ၊ သူက ချင်ယွဲ့ယွဲ့ကို ရှင့်ရဲ့အိမ်ထဲက ချင်ယွဲ့ယွဲ့ကို ဆွဲထုတ်ပြီး ရှုပ်ထွေးနေလို့လား?
တကယ်လို့ သူက ချင်ယွဲ့ယွဲ့နှင့် အရှုပ်အထွေးလုပ်ချင်ရင်တောင် ရှင်နှင့် ချင်ယွဲ့ယွဲ့က အကြင်လင်မယားမဟုတ်တော့ဘူး၊ ရောထွေးရင်လည်း ပြဿနာမရှိဘူး၊
ဒါ့အပြင် ရှင်က ဘဝင်မြင့်လွန်းနေတာလား?”
“ငါ... ငါ မနက်ဖြန် ယွဲ့ယွဲ့နှင့် လက်မှတ်သွားယူမှာ၊ ငါတို့အိမ်ထောင်ရေးကို ဘယ်သူကမှ ပြန်လာပြီးနှောင့်ယှက်တာကို မလိုချင်ဘူး”
လင်းတုံဟဲက ဒေါသထွက်ပြီးပြောခဲ့ပေမဲ့ သူပြောတာကို တွေးကြည့်တော့ နည်းနည်းလောက်လွန်သွားမှန်းကို နားလည်သွားတယ်။
“ရှင် လက်မှတ်ရပြီးရင် ရှင်တို့က ဇနီးမောင်နှံဖြစ်သွားပြီ၊ ရှင် စီမံခန့်ခွဲရမဲ့လူက ချင်ယွဲ့ယွဲ့ပဲ၊ စုန့်လော်စန်း မဟုတ်ဘူး၊ သေချာတာပေါ့၊ သူသာ ရှင့်ရဲ့ တံခါးဝရောက်လာခဲ့ရင် ရှင်းရဲ့မိသားစုကို ရှင်ကာကွယ်နိုင်ပေမယ့် အခု သူက ရှင့်ကို ဘာမှ မလုပ်သေးဘူး၊
လင်းတုံဟဲ ၊ ရှင်က ကိစ္စတွေကို အေးဆေး တည်ငြိမ်ပြီး တရားမျှတအောင်ကိုင်တွယ်ခဲ့တဲ့အတွက် ရွာမှာ ကပ္ပတိန်တစ်ယောက်ဖြစ်လာပြီး ဆုံးဖြတ်ချက်တွေ ချခွင့်ပေးထားခဲ့တာနော်၊ ရှင့်ရဲ့လုပ်ရပ်တွေကို ပြန်တွေးသင့်တယ်”
“ငါက ယောက်ျားတစ်ယောက်ပဲ၊ အဲဒီနေ့က သူ ယွဲ့ယွဲ့ နဲ့ အတူတူရှိနေတုန်းက... ငါက ရုတ်တရက် ပေါ်လာခဲ့တာ မဟုတ်ရင်...”
အကျိုးဆက်က တွေးတောင်မတွေးရဲစရာပဲ။
“လင်းတုံဟဲ ၊ ရှင် ဒီကိစ္စကို မုန်းတီးရင် ရှင်ဘာသာရှင် လက်စားချေနိုင်တယ် ဒါပေမယ့် ကျွန်မနှင့်တော့ ဘာမှ မသက်ဆိုင်ဘူး”
“သူက တစ်ရွာတည်းသားဖြစ်လို့ မင်း သူ့ဆီမှာ ရင်းနှီးမြုပ်နှံခဲ့တာ ငါသိပါတယ်၊ ဒါပေမယ့် သူက တကယ်ကို မထိုက်တန်ဘူး၊ သူ့လို ရိုင်းစိုင်းပြီး တွေးတောဥာဏ်မရှိတဲ့လူက ဘာတစ်ခုမှ ကြီးကြီးမားမား မလုပ်နိုင်ဘူး”
“မဟုတ်ဘူး၊ သူ့ရဲ့ စွမ်းရည်တွေက ရှင့်ထက် မဆိုးဘူးလို့ ကျွန်မယုံတယ်”
စာအုပ်ထဲမှာရေးထားတဲ့အတိုင်းဆိုရင် ဇာတ်လိုက်မ ကောလိပ်ကနေ ဘွဲ့ရပြီးတဲ့ အချိန်မှာ စုန့်လော်စန်းက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်နေပြီး အဲဒီအချိန်မှာ အမျိုးသားဇာတ်လိုက်ထက် အများကြီး သာလွန်တယ်။
ဒါကြောင့်၊ စုန့်လော်စန်းရဲ့အောင်မြင်မှုတွေက လင်းတုံဟဲထက် ပိုမိုအားကောင်းလာမယ်ဆိုတာကို သူမသေချာပေါက်သိတယ်။ ချင်ယွဲ့ယွဲ့အတွက်ကြောင့် သေဆုံးသွားရတာမဟုတ်ရင် အနာဂတ်မှာ အမျိုးသားဇာတ်လိုက်ထက် ပိုပြီး မြင့်တက်နေလောက်ဦးမယ်လို့တောင် ထင်ရတယ်။
“ကောင်းပြီ ဒါဆိုလည်း လောင်းကြေးထပ်လိုက်ကြတာပေါ့”
လင်းတုံဟဲ ဒေါသတကြီးနှင့် လှည့်ထွက်သွားခဲ့တယ်။
ဒါပေမယ့် သူက ဆုဆုကို သူငယ်ချင်းတစ်ယောက်အနေနဲ့ အမြဲတမ်း မှတ်ယူထားတာဖြစ်လို့ သူမကို စိတ်မဆိုးဘူး။ ဘယ်သူက ပိုပြီးကောင်းမွန်တာလဲဆိုတာကို သူမကို အသိပေးချင်ရုံပဲ။
ဆုဆာကတော့ ပြောစရာစကားမဲ့နေရတယ်။ သူတို့ရဲ့ စိုးရိမ်စရာကိစ္စတွေထဲမှာ သူမကို ဘာလို့ ဆွဲထည့်နေရတာလဲ? သူမ တွေးတောရင်း ခေါင်းကို ပြန်လှည့်လိုက်ချိန်မှာ သူမရဲ့နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
“စုန့်လော်စန်း?”
“ အစတုန်းက ချင်ယွဲ့ယွဲ့ရဲ့ အတွေးတွေကို မေးချင်လို့ လာခဲ့တာဆိုပေမယ့် အခုတော့ မေးစရာမလိုအပ်တော့ဘူးလို့ ထင်တယ်၊ ဒါပေမယ့် ငါ့ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မင်းအတွက် ငါ ရလဒ်တစ်ခု ဖန်တီးပေးနိုင်ဖို့ ကြိုးစားပါ့မယ်”
စုန့်လော်စန်းသည်လည်း ထွက်ပြေးသွားခဲ့ပြန်တယ်။
ဆုဆု: ? ? ?
ကြည့်ရတာ သူမက သာမန်မဟုတ်တဲ့အရာတစ်ခုကို လုပ်ခဲ့မိပုံရတယ်။ သူမ ရင်းနှီးမြုပ်နှံထားတဲ့ ပိုက်ဆံတွေကတော့ ဖြုန်းတီးရာမရောက်တော့ဘူးလို့ ထင်ရတာပဲ။ ဟုတ်တယ်မလား။
သို့သော်လည်း နောက်တစ်နေ့မှာ လင်းတုံဟဲနှင့် ချင်ယွဲ့ယွဲ့တို့က လက်ထပ်မှတ်ပုံတင်ရခဲ့ပြီး သူမကို မင်္ဂလာအရက်သောက်ဖို့ ဖိတ်ကြားခဲ့တယ်။ ဆုဆုက ကျန့်ကျန့်ကို ဆရာဝန်သွားပြရန် အကြောင်းပြနှင့် မသွားခဲ့ဘူး။
လင်းဟိုင်ကလည်း မသွားခဲ့ဘဲ ဆေးရုံမှာပဲ သူ့အဖေကို ပြုစုစောင့်ရှောက်ချင်တယ်လို့ဆိုခဲ့တယ်။ ရင်းရာတစ်ယောက်တည်းကပဲ တစ်မိသားစုလုံးကိုယ်စားသွားခဲ့ပြီး ပွဲမှာဝင်မထိုင်ဘဲ လက်ဖွဲ့ပိုက်ဆံထည့်ပြီးပြန်လာခဲ့တယ်။
ဆုဆုက အတန်းကိုပြန်သွားခဲ့တယ်။ အခုချိန်မှာ တတိယနှစ် ကျောင်းသားတွေက ဘွဲ့ရဖို့ နီးလာပြီ။ သူတို့က သူတို့ရဲ့အနာဂတ်အတွက် အလွန်စိုးရိမ်နေကြပြီး တစ်ချိန်တည်းမှာပဲ မျှော်လင့်ချက်အပြည့်ရှိနေကြတယ်။
မူရင်း ဇာတ်လမ်းထဲမှာတော့ ဇာတ်လိုက်မက သူမရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်လာမဲ့အချိန်ပဲ။ သူမက နောက်ဆုံးတော့ ကွမ်း မိသားစုဆီမှာ အသိအမှတ်ပြုခံရတော့မယ်။ သေချာတာပေါ့။ သူမမှာ ကလေးလည်း ရလာတော့မှာပဲ။
ဒါပေမယ့် ဆုဆုအတွက်ကတော့ ကလေးက အတော်လေးကြီးလာပြီ။ လင်း မိသားစုကလည်း အလွန်အဆင်ပြေနေခဲ့တယ်။ အဖေလင်းရဲ့ နေမကောင်းမှုကလွဲရင် အရာအားလုံးအဆင်ပြေနေခဲ့တယ်။ အဖေလင်းက ဒီနှစ်ရက်အတွင်း ဆေးရုံက ဆင်းလာလိမ့်မယ်။
အခုက ရွာမှာ ဆောင်းဦးရာသီရိတ်သိမ်းပြီးခါနီးပြီဖြစ်လို့ လင်းဟိုင်ရဲ့ လက်ထပ်ပွဲကလည်း နီးကပ်လာပြီ။
လင်းရှန်ကတော့ ဒီနှစ်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရတော့မယ်။
စာအုပ်ထဲမှာတော့ ချင်ယွဲ့ယွဲ့က ဘွဲ့ရခါနီးမှာ လင်းချွမ်နှင့် လမ်းခွဲခဲ့ပြီး လင်းတုံဟဲနှင့် လက်တွဲခဲ့တယ်။ ငတုံး လင်းချွမ်က တိုက်ရိုက်သဘောတူခဲ့ပြီး အစ်ကိုကြီးဖြစ်လာခဲ့တယ်။ နောက်ပိုင်းတွင် ဒုတိယအိမ်ထောင်ကလည်း ပူပူနွေးနွေး ကုန်ပစ္စည်းမဟုတ်ဘဲ မုဆိုးမလေးတစ်ဦးကိုသာ တွေ့ရှိခဲ့တယ်။
ဒါတွေအားလုံးက စာအုပ်ထဲမှာဆိုရင် မဝေးတဲ့အနာဂတ်မှာ ဖြစ်ပျက်လာတော့မှာဖြစ်ပေမဲ့ ယခုတော့ ဘာတစ်ခုမှဖြစ်လာတော့မှာမဟုတ်ဘူး။
နှစ်ရက်ကြာပြီးနောက် အဖေလင်းက ဆေးရုံမှဆင်းလာခဲ့တယ်။ ဆုဆုက သူ့ကို ရက်ကြာအောင် အိမ်မှာ နားခိုင်းခဲ့တယ်။ အချိန်ကျလာရင် လင်းချွမ်ကို ပြန်ပို့ခိုင်းလိမ့်မယ်။
ထိုအချိန်မှာပဲ လင်းဟိုင်က ဆုဆုကိုပြောလာတယ်။
“မရီး ကျွန်တော်တို့ လက်ထပ်ဖို့ ရွာကိုပြန်ဖို့ စီစဉ်ထားတယ်”
“ဘာလို့လဲ?”
ရွာမှာ စေ့စပ်ပွဲ ကျင်းပပြီးပြီဆိုတော့ မြို့ထဲမှာ လက်ထပ်မှာ မဟုတ်ဘူးလား။
“ကျွန်တော် အိမ်ကိုပြန်ပြီး ပြုပြင်ချင်သေးတယ်၊ အဖေနဲ့ အမေက အဲဒီအိမ်မှာ နေနေတုန်းပဲလေ၊ဒါကြောင့် အိမ်ကိုပြင်ပြင်ပေးရင်း အဲဒီမှာပဲ လက်ထပ်လိုက်ချင်တယ်၊
တကယ်တော့ နောက်လာမဲ့ ဆောင်းရာသီမှာ အဖေ ထပ်ပြီး အအေးမိသွားမှာကို ကြောက်တယ်”
လင်းဟိုင်က ဒါကိုစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာပဲ။
အဆုံးမှာ သူ့ရဲ့မိဘတွေက သူ့သားလေးယောက်လုံးရဲ့ရဲ့ မင်္ဂလာပွဲကို မိဘတွေရဲ့ အိမ်မှာပဲ ကျင်းပစေချင်လိမ့်မယ်လို့ မျှော်လင့်ထားတာကို ပြန်တွေးမိခဲ့တယ်။
သူ့ရဲ့မရီးကလည်း သူ့အတွက်ရည်ရွယ်ချက်ကောင်းရှိပြီး မင်္ဂလာပွဲကို ပိုကြီးကျယ်ခမ်းနားစေချင်တယ်ဆိုတာကို သူသိပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်က လင်းတုံဟဲရဲ့ ထိုမင်္ဂလာပွဲကို ကျင်းပခဲ့ချိန်မှာ သူ့ရဲ့ ဦးလေးနဲ့ အဒေါ်တို့က ရွာထဲ မပြန်ခင်မှာ ငိုကြွေးခဲ့ကြတာကို သူကြားခဲ့တယ်။
သူသာ ဒီမှာ မင်္ဂလာပွဲကျင်းပခဲ့မယ်ဆိုရင် သူ့အဖေက သူ့ကို ကောင်းမွမ်စွာ ကြီးပြင်းလာမှုမရှိဘူးလို့ ခံစားနေမိမှာကို စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် ရွာကိုပြန်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။
ဆုဆုလည်းသဘောတူခဲ့တယ်။ အဖေလင်းရဲ့ ရောဂါက တဖြည်းဖြည်းသက်သာလာဖို့ လိုအပ်တယ်။ သူက အခုချိန်မှာ ပုံမှန်အတိုင်း စကားပြောနေပြီဆိုပေမဲ့ တစ်ချက်တစ်ချက်မှာ စကားထစ်နေတုန်းပဲ။ ဆရာဝန်က အနာဂါတ်မှာ သူ့ရဲ့ သွေးပေါင်ချိန်ကို တည်ငြိမ်အောင်ထားပြီး စိတ်လှုပ်ရှားခြင်း သို့မဟုတ် ဒေါသထွက်ခြင်းတွေ မရှိစေရဘူးလို့ ပြောထားခဲ့တယ်။
“ကောင်းပြီ ဒါဆို ရွာကို ပြန်ပြီးဆောင်ကြတာပေါ့”
အမေလင်းနှင့်အဖေလင်းတို့ရဲ့အိမ်ကို ပြန်ပြင်တာလည်း ကောင်းပါတယ်။ နောက်တစ်ခုက သူမရဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ဖို့အတွက် သုံးနှစ်ကနေ ငါးနှစ်လောက် အချိန်ယူရလိမ့်မယ်။
*
“ဒါဆို မင်း စီစဉ်စရာရှိတာတွေကို စီစဥ်ဖို့ လုပ်တော့လေ၊ ငါတို့လည်း ပြန်သွားဖို့အတွက် ခွင့်ယူကြည့်လိုက်”
“ဒါဆို ကျွန်တော် ရှင်းရာနှင့်အရင် ပြန်လိုက်မယ်၊ အိမ်ပြင်ပြီးရင် မရီးတို့ကိုအကြောင်းကြားလိုက်မယ်လေ”
“ကောင်းပြီ အခု မင်စတို့ပြန်ရင် ငါတို့ရဲ့အိမ်မှာ အရင်နေကြလေ၊ မင်းတို့လက်ထပ်ရင် အရှေ့ဘက်မှာလက်ထပ်ကြပေါ့”
“ကောင်းပါပြီ”
လင်းဟိုင်က ရှင်းရာကို စိုက်ကြည့်ကာ သူမအတွက်မှားယွင်းခံနေရသလိုမျိုး စိတ်ထဲမှာ ခံစားမိပေမဲ့ ထုတ်မပြောနိုင်ခဲ့ဘူး။ မဟုတ်ရင် သူ့အဖေနှင့် မရီးက မကျေမနပ်ဖြစ်နေလိမ့်မယ်။
ရှင်းရာကလည်း ဒါမြင်ပြီး ဆုဆုက ကလေးအဝတ်တွေ လျှော်ဖို့သွားတဲ့အချိန့မှာ ပြောလာတယ်။
“ရှင်ပြောချင်နေတာကို ကျွန်မသိတယ်၊ ဒါပေမယ့် ရှင် ထပ်ပြောရဲရင် ကျွန်မ ရှင့်ကို တကယ်စိတ်ဆိုးရလိမ့်မယ်”
“ကိုယ်သိပြီ ၊ မပြောတော့ပါဘူး”
လင်းဟိုင်က ပြုံးလိုက်ပြီး သူ့အဖေကို ရေချိုးပေးဖို့ စောင့်နေလိုက်တယ်။
အဖေလင်းကတော့ သူ့သားကြီးရဲ့ ဘဝနှင့် ပတ်သက်ပြီး ဘာပြောရမှန်းတောင်မသိတော့ဘူး။ သူ့ရဲ့ဇနီးဖြစ်သူက ရွာကိုပြန်ရောက်ပြီးနောက်မှာ သူ့ရဲ့အကြီးဆုံးချွေးမဖြစ်သူကို ချီးကျူးစကားအထပ်ထပ်ဆိုခဲ့တာ အံ့သြစရာမရှိဘူး။
သူမက တကယ်ကို အရည်အချင်းရှိပြီး မိသားစုပိုင်စီးပွားရေးကြီးကို လုပ်ထာစခဲ့တယ်။
အိမ်သာနဲ့ ရေချိုးတဲ့နေရာမှာတောင်မှ ရေပူတွေရှိတယ်။ တကယ်ကိုနွေးထွေးနေတာပဲ။
သူ့ရဲ့သားဖြစ်သူရဲ့တည်ဆောက်မှုလို့တော့ မထင်ပါဘူး။ သူ့ရဲ့လစာစရိတ်နည်းနည်းနဲ့ ဒီလောက်ကြီးတဲ့အိမ်ကြီးကို ဝယ်ဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ သူ့ရဲ့ချွေးမမှာ နည်းလမ်းရှိနေလို့ပဲဖြစ်လိမ့်မယ်။
ဆေးရုံက ဆင်းပြီးတဲ့ နောက်မှာ သားတွေနဲ့ချွေးမတွေရဲ့ ဘဝကို မြင်ရပြီးချိန်မှာတော့ အဖေလင်းက အလွန် စိတ်သက်သာရာရသွားပြီး သူတို့အတွက် အများကြီးဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ မတွေးတော့ဘူး။
အဖေလင်းက သူတို့ရဲ့အိမ်မှာ ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ပြီး အတော်လေး ပြန်လည်ကောင်းမွန်လာပြီးချိနာမှာ ပထမဆုံးနှင်းတွေက ကျဆင်းလာခဲ့ပြီ။ သူက ဆက်မနေနိုင်တော့ဘဲ အိမ်ကိုပြန်ချင်တယ်လို့ ပြောလာတာကြောင့် လင်းဟိုင်နှင့် ရှင်းရာတို့ကလည်း ခွင့်ယူပြီး နှစ်ယောက်သား မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ အဖေလင်းနှင့်အတူ ပြန်သွားခဲ့ကြတယ်။
ဆုဆုနှင့်လင်းချွမ်တို့အပြင် လင်းတုံဟဲနှင့် ချင်ယွဲ့ယွဲ့တို့ကလည်း အသီးသီးခွင့်ယူခဲ့ကြတယ်။
အဆုံးမှာ လက်ထပ်ပွဲဆိုတာက အရေးကြီးတဲ့ပွဲဖြစ်ပြီး သူတို့ ပြန်သွားရလိမ့်မယ်။
လင်းတုံဟဲက ဒီရက်တွေမှာ မိသားစုမှလူတွေနှင့် တွေ့ဆုံပွဲတွေ လုပ်ခဲ့ရပြီး ခေါင်းစဉ်ကတော့ ချင်ယွဲ့ယွဲ့နှင့် နောက်တစ်ကြိမ်အိမ်ထောင်မပြုသင့်ဘူးဆိုတဲ့အကြောင်းပဲ။
အဓိကကတော့ ချင်ယွဲ့ယွဲ့ရဲ့ မိသားစုက ပြီးခဲ့တဲ့ တစ်ကြိမ်က အလွန် တရားလွန်ခဲ့ပြီး သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူက ဘာကြောင့် သူမနှင့် ထပ်ပြီးအတူရှိနေရတာလဲ?
မတိုင်ခင်ကမှ သူမက တခြားယောက်ျားတစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ ကြားခဲ့ရတယ်။ ဒါပေမယ့် ရုတ်တရက် သူမက လင်းတုံဟဲ နှင့် ပြန်လည် လက်ထပ်လိုက်လိမ့်မယ်လို့ မထင်ထားမိခဲ့ကြဘူး။
သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ လင်းတုံဟဲက အလွန်ကြီးစိုးချယ်လှယ်တဲ့ အမူအရာမျိုးဖြစ်နေခဲ့ကာ ချင်ယွဲ့ယွဲ့ကို သူတို့နှင့်တွေ့ဆုံဖို့ ခေါ်လာရာကနေ လက်ကိုဆွဲပြီး ပြန်လှည့်ထွက်သွားခဲ့တယ်။
**