← Chapters

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း (၁၇၀)

Vol. 17 Ch. 170

ဆုဆုအတွက်တော့ အခုချိန်မှာခွင့်ယူဖို့ သိပ်ပြီးမလွယ်လှဘူး။ ကံကောင်းထောက်မစွာနှင့် မနှစ်တုန်းက ကျောင်းမှာ နောက်ထပ် အင်္ဂလိပ်စာဆရာတစ်ယောက်ကို ငှားထားခဲ့တာကြောင့် သူမ အရင်လို အလုပ်မရှုပ်တော့ဘူး။

လင်းချွမ်ကလည်း မကြာခင်မှာပဲ ခွင့်ယူဖို့ တောင်းဆိုခဲ့ပြီး ကားယူသွားဖို့ကိုပါ တောင်းဆိုခဲ့တယ်။ သူ့အဆင့်ရာထူးရှိသူတွေက သုံးစွဲရန် ကားပေးထားပြီးသားရှိပြီး ယာဥ်မောင်းတစ်ယောက်လည်းရှိနေတယ်။ 

သို့ပေမဲ့ လင်းချွမ်က ကားကို သိပ်ပြီး ယူစီးလေ့မရှိတာကြောင့် ယာဥ်မောင်းအစောင့်လေးက ငိုကြွေးလုနီးပါးညည်းညူနေလေ့ရှိတယ်။

ဒါကြောင့် ဒီတစ်ကြိမ်မှာ သူက လူကိုပါ ခေါ်လာခဲ့တယ်။ သူကိုယ်တိုင် မောင်းနိုင်တယ်ဆိုပေမဲ့ အိမ်သို့ အလျင်အမြန် မောင်းနှင်မယ်ဆိုရင် အပိုလူမပါဘဲ သွားတာက မကောင်းလှဘူး။  ပြီးခဲ့တဲ့အချိန်က သူ တစ်ယောက်တည်းသွားခဲ့ပြီး အန္တရာယ်များတယ်လို့တွေးမိခဲ့တယ်လေ။

  လူကြီးတွေက ဂရုစိုက်စရာမလိုပေမယ့် ကလေးတွေကိုတော့ ဂရုစိုက်နေရတုန်းပဲ။

ဒါကြောင့် ဒီတစ်ကြိမ်မှာ အစောင့်လေးကို ခေါ်လာခဲ့ပြီး သူတို့နှစ်ယောက် ကားကို တစ်လှည့်စီပြောင်းမောင်းဖို့ စီစဥ်ခဲ့တယ်။ မူလက ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပေမဲ့ လင်းတုံဟဲတို့ နှစ်ယောက်ကလည်းကားထဲကို လိုက်ပါလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။

အဆုံးမှာ ဒါက လင်းဟိုင်ရဲ့ မင်္ဂလာဆောင်ကို သွားမှာဖြစ်လို့ သူတို့ကို ဆွဲထုတ်ပြီး ပြသနာဖြစ်အောင်လုပ်နေလို့မရဘူး။

ဆုဆုက သူတို့နှစ်ယောက်ကို ပြသနာမရှာရင် အတော်လေး ကျေးဇူးတင်မှာဖြစ်ကြောင်း တောင်းပန်ခဲ့ပေမယ့် ကားပေါ်ကိုမတက်ခင်မှာပဲ တစ်ခုခုဖြစ်လာခဲ့တယ်။

စုန့်လော်စန်းက ဘာကြောင့် သူတို့ရဲ့အိမ်ကိုလာတာလဲဆိုတာကိုတော့ မသိဘူး။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ လင်းတုံဟဲက အရှေ့ကို ပြေးထွက်သွားခဲ့တယ်။

“မင်းဘာလုပ်နေတာချင်လဲ”

စုန့်လော်စန်းက မျက်မှောင်ကြုတ်လိုက်တယ်။

“ငါက မင်္ဂလာပွဲအတွက် လက်ဖွဲ့ငွေထည့်ပေးလိုက်ဖို့ ရောက်လာတာ၊ ငါလည်း အဲဒီရွာသားပဲ”

သူက ပြောပြီးတာနဲ့ ဆုဆုဆီကို ယွမ်ငါးဆယ် ထုတ်ပေးလာတယ်။

“မစ္စဆု ငါ့ကိုကူညီပြီး ထည့်ပေးပါဦး”

  သူက ပြောပြီးတာနှင့် လျစ်လျူရှုကာ ထွက်ခွာသွားခဲ့တယ်။

“အစ်ကိုစုန့်..”

ချင်ယွဲ့ယွဲ့ ရုတ်တရက်ပြောလာခဲ့တယ်။

ဆုဆုကတော့ ဒါက နောက်ထပ်ရန်ပွဲတစ်ခုအသစ်စချင်နေတာပဲလို့ ခံစားရတယ်။

သေချာတာပေါ့။ လင်းတုံဟဲက တစ်စုံတစ်ယောက်ကို အလျင်စလိုနှင့် ရိုက်နှက်ဖို့ လုပ်နေခဲ့တယ်။

လင်းချွမ်က သူ့ကို ပိတ်ဆို့လိုက်တယ်။

“ ပြသနာမရှာနဲ့”

ကံကောင်းထောက်မစွာနှင့် ထိုအချိန်မှာ ချင်ယွဲ့ယွဲ့က ဆက်ပြောလာတယ်။

“တောင်းပန်ပါတယ် ကျွမ်မ...”

သူမက လင်းတုံဟဲကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှဆက်မပြောတော့ဘူး။

“ကောင်းပြီ ကားပေါ်တက်လိုက်တော့”

ဆုဆု ပြောပြီး​တာနဲ့ ​ က​လေးကိုယူကာ ​အရှေ့ခန်းထဲမှာ  ဝင်ထိုင်​လိုက်​တယ်။ သူမက အနောက်ဘက်မှာ  အမျိုးသားဇာတ်လိုက်နှင့်၊ အမျိုးသမီး ဇာတ်လိုက်တို့နှစ်ဦးနှင့်အတူထိုင်ဖို့ ဆန္ဒမရှိဘူး။

ဒီလိုနှင့် လင်းချွမ်က နောက်ခန်းထဲမှာ သွားထိုင်ဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး။ ဒါပေမယ့် လင်းတုံဟဲက  အလယ်မှာထိုင်ပြီး ချင်ယွဲ့ယွဲ့က ဘယ်ဘက်အစွန်ဆုံးမှာ ထိုင်ခဲ့တယ်။

အစောင့်လေးက ကားကို စတင်မောင်းနေခဲ့ကာ တစ်ဖွဲ့လုံး တိတ်ဆိတ်နေပြီး ဘယ်သူမှ စကားမပြောလာခဲ့ကြဘူး။

လင်းတုံဟဲတို့က ဒေါသဖြစ်နေတာ ထင်ရှားတဲ့အတွက်ကြောင့် စကားတစ်ခွန်းမှ မပြောခဲ့ကြဘူး။ ဆုဆုကတော့ သူတို့နှစ်ယောက်က ကူလို့ကယ်လို့မရတော့တဲ့အကြောင်း ခံစားမိကာ စကားမပြောချင်တော့ဘူး။

လင်းချွမ်က သူ့ဇနီးလေးအတွက်  စိတ်မကောင်းဖြစ်ပြီး ပြောလာတယ်။

“ဇနီးလေး၊  ကလေးကို ထိန်းရတာ ညောင်းနေလိမ့်မယ်၊ ဘာလို့ ကိုယ့်ကို မပေးတာလဲ”

“ကောင်းပြီ ရှင်ခဏလောက်ချီထားဦး”

သူမ ပင်ပန်းနေပြီ။

လင်းချွမ်က ကလေးကိုယူကာ သူ့ပေါင်ပေါ်မှာ လှဲချလိုက်တယ်။ သို့ပေမယ့် ကောင်ငယ်လေးက အိပ်မပျော်ခဲ့ဘဲ စပ်စုစွာနှင့် လှည့်ပတ်ကြည့်နေခဲ့တယ်။ ဒါကြောင့် လင်းချွမ်က ငှက်ပျောသီးတစ်လုံးကို ထုတ်ပြီး သူ့ကို နှစ်လုပ်ကျွေးလိုက်တယ်။ ဒီကလေးက အလွန်အစားမက်တယ်။ သူ့ကို ငှက်ပြောသီး နှစ်လုပ်ကျွေးသရွေ့ အရမ်းပျော်နေမှာဖြစ်ပြီး ဗိုက်ဝသွားရင် အေးအေးဆေးဆေး အိပ်သွားလိမ့်မယ်။

သူက အမြဲတမ်း ဆော့ကစားနေကျဖြစ်တာကြောင့် ပြင်ပပတ်ဝန်းကျင်ကို လုံးဝမကြောက်ဘဲ ငှက်ပျောသီးစားပြီးနောက်မှာ အိပ်ပျော်သွားခဲ့တယ်။

လင်းချွမ်က သူ့ရဲ့သားကြီးကို ချီထားရင်း စိတ်နှလုံးထဲမှာ ပျော်ရွှင်သက်သာစွာ ခံစားနေရတယ်။ ဇနီးနဲ့သားတစ်ယောက်ရထားတာ တကယ်ကိုပျော်စရာကောင်းတယ်။ တခြားလူတွေလိုမျိုး ဇနီးသည်ကိုတစ်ရက်လုံး လိုက်ကြည့်နေစရာမလိုဘူး။

သူ့ဘေးနားက လူလိုပေါ့။ သူက အလွန်ပျော်ရွှင်ရမယ်လို့ ထင်နေခဲ့ပေမဲ့ သူ့ရဲ့ဇနီးသည်က တခြားယောကျာ်းနဲ့အတူရှိနေမှာကို တစ်ချိန်လုံး စောင့်ကြည့်ရင်း ဒေါသထွက်နေရတယ်။

ကံကောင်းထောက်မစွာနှင့် သူ့ဇနီးလေးကတော့ ထိုသို့မဟုတ်ခဲ့ဘူး။ သူမက အတိုင်းအတာတစ်ခုအထိ တိုးမြင့်နေခဲ့ပေမဲ့ ဘယ်ယောက်ျားကိုမှ လှည့်ကြည့်ခြင်းမရှိဘူး။

နေ့ခင်းဘက်မှာတော့ အစောင့်လေးက မောင်းနှင်ပြီး ညဘက်မှာတော့ လင်းချွမ်ရဲ့အလှည့်ပဲ။ ဘာပဲဖြစ်ဖြစ် ဆုဆုက အရှေ့မှာပဲ ထိုင်နေခဲ့ပြီး မလှုပ်ရှားလာခဲ့ဘူး။

အခုက ဆောင်းရာသီထဲကို မရောက်သေးပေမဲ့လည်း တောင်ပေါ်မှာရှိတဲ့ သစ်ပင်တွေက အဝါရောင်ဖြစ်နေပြီဖြစ်ကာ နွေရာသီလိုမျိုး မစိမ်းလန်းတော့ဘူး။

“တောရိုင်း အသီးအရွက်တွေက ကုန်သွားလောက်ပြီ၊ နောက်ဆုံး အသီးအနှံတွေက စားလိုက်လို့ မကျန်တော့ဘူး”

“ကောင်းပြီ၊ စားချင်ရင် နောက်​နှစ်​မှထပ်စားရအောင်”

“ကောင်းပြီ၊ ဒါပေမယ့် လင်းဟိုင်အတွက်လည်း ထုတ်ပေးရမယ်”

“အမ်”

လင်းချွမ်က အရှေ့မှာ ကားမောင်းနေရင်း ဆုဆုနှင့် တီးတိုးပြောနေခဲ့ပေမယ့် အနောက်မှာရှိနေတဲ့ ချင်ယွဲ့ယွဲ့က ရုတ်တရက် ပြောလာတယ်။

“ကလေးက မငိုဘူးလား?”

“ဘယ်သူကမှ မခြောက်လှန့်ရင် ကလေးက ဘယ်တော့မှ မငိုဘူး”

ဆုဆု တွေးတောင်မတွေးဘဲ ပြန်ပြောခဲ့တယ်။

လင်းတုံဟဲက ချင်ယွဲ့ယွဲ့ကို ကြိမ်းမောင်းလိုစွာကြည့်လိုက်တော့ သူမက ဘာမှ ဆက်မပြောတော့ဘူး။

ဒါပေမယ့် သူမက လင်းတုံဟဲကို ပြောနေခဲ့တယ်။

“တုံဟဲ၊ ရှင် သမီးကိုကြိုက်လား ဒါမှမဟုတ် သားကို ပိုကြိုက်လား”

“အကုန်ကြိုက်တယ်”

“ဒါဆို ကျွန်မ ဘွဲ့ရရင် ရှင့်ကို တစ်ယောက် မွေးပေးမယ်”

“နောက်မှပြောတော့”

ဆုဆု တွေးတောလိုက်မိတယ်။

‘တကယ်ကို လှလှပပတွေးနေတာပဲ၊   တစ်ဖက်လူရဲ့ကလေးကို ဖျက်ပးချပြီး စိတ်နှလုံးထဲထိ နာကျင်စေခဲ့ပြီးမှ ကိုယ်ဝန်ရဖို့ တတ်နိုင်သမျှ အကုန်လုပ်ခဲ့တယ်၊ အခုကျတော့  စောင့်တောင်မစောင့်နိုင်တော့ဘူး’

“ရှင်က က​လေး​တွေကို မကြိုက်​ဘူးထင်​တယ်”

ချင်ယွဲ့ယွဲ့က ပြုံးပြီး ဆက်မေးခဲ့တယ်။

“ကြိုက်တယ်”

လင်းတုံဟဲ ဆုဆုရဲ့ကလေးကို တစ်ချက်ကြည့်လိုက်တယ်။ တကယ်လို့ သူ့ရဲ့ကလေးသာ အသတ်မခံခဲ့ရရင် သူလည်း အရမ်းလိမ္မာနေလောက်မှာဘဲ မလား။

ချင်ယွဲ့ယွဲ့:  “ဘာကိစ္စရှိလို့လဲ၊ ရှင် ဘာတွေတွေးနေတာလဲ”

ဆုဆု ကောင်းကင်ကိုသာ မော့ကြည့်လိုက်မိတယ်။ သူမရဲ့ခင်ပွန်းသည်က အရမ်းရက်ရက်စက်စက်တဲ့ ဖျက်ချခံလိုက်ရတဲ့ ကလေးအကြောင်းကို တွေးနေတာ သေချာတယ်လေ။ လေထုက ထူးဆန်းတယ်လို့ သူမ မထင်ဘူးလား။

ဒါပေမယ့် သူမက ဇာတ်လိုက်မပဲလေ။

“ကျွန်မ နောက်ကျရင် စုန့်လော်စန်းနှင့် ထပ်မဆုံတော့ဘူးလို့ ကတိပေးတယ်၊ ကျွန်မတို့တွေ  ဘဝကို ကောင်းကောင်းဖြတ်သန်းကြရအောင်”

ချင်ယွဲ့ယွဲ့ မှားယွင်းခံနေရသလိုပြောလာတယ်။

“ကောင်းပြီ”

လင်းတုံဟဲက မျက်မှောင်ကြုတ်ထားခဲ့ပေမဲ့လည်း သူမကို ပွေ့ဖက်ထားလိုက်တုန်းပဲ။

ချင်ယွဲ့ယွဲ့: “ဒီကားက တကယ်ကောင်းတယ်၊ နောက်ကျရင် ကျွန်မတို့ ဝယ်လို့ရမလား?”

“ကောင်းပြီ”

လင်းတုံဟဲ ဆက်ပြောလိုက်တယ်။

“ငါ  အိမ်ကို နည်းနည်းပြင်ချင်တယ်၊ ပြီးရင် တီဗီဝယ်ပြီး ကြည့်မယ်”

“ကောင်းပြီ၊ ကျွန်မ မကြာခင် ဘွဲ့ရတော့မှာလေ၊ ပြီးရင် ကျွန်မ အလုပ်ကောင်းကောင်း လုပ်နိုင်မှာပါ”

ချင်ယွဲ့ယွဲ့က အခုအချိန်မှာ  စိတ်ခံစားချက်အတော်ကောင်းနေပုံရပြီး လင်းတုံဟဲနှင့် သူမရဲ့ချစ်ခင်မှုကို လူတွေရှေ့မှာ ပြသနေခဲ့တယ်။

စာအုပ်ထဲမှာ ချင်ယွဲ့ယွဲ့က အမှန်တကယ် အလုပ်တစ်ခု ခန့်အပ်ခံပေမဲ့လည်း သူမကို သန့်ရှင်းရေးအလုပ်ဌာနဘက်မှာ တာဝန်ပေးခဲ့တယ်။ လမ်းမတွေပေါ်မှာ တံမြက်လှည်းဖို့ မသွားရဘူးဆိုပေမယ့်  ရရှိတဲ့ပိုက်ဆံက အလွန်နည်းတယ်လို့ ခံစားမိတဲ့အတွက် သူမက ထိုအလုပ်ကိုလုပ်ပြီးအခကြေးငွေရှာဖို့ မလုပ်ခဲ့ဘဲ အလုပ်ကထွက်ခဲ့တယ်။

လင်းတုံဟဲကလည်း သူမကို ပံ့ပိုးပေးခဲ့တာကြောင့် သူမက ခင်ပွန်းသည်ကို အားကိုးပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်း လုံးဝမရှိဘဲ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်လာခဲ့တယ်။

ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ သူမက အမျိုးသမီးတွေကြားမှာ အရည်အချင်းရှိနေတုန်းပဲ။

အနည်းဆုံးတော့ ဒီဘက်ခေတ်မှာ လုပ်ရဲကိုင်ရဲတဲ့သူတွေက အတော်နည်းပါးတယ်။

ကားရဲ့အရှိန်က ညဘက်မှာ နှေးကွေးပြီး ဆုဆု ခဏလောက်အိပ်ပျော်သွားခဲ့တယ်။ ထို့နောက် သူမရဲ့ကလေး နိုးလာတယ်လို့ ခံစားမိကာ ပြန်နိုးလာခဲ့ပြီး သူဗိုက်ဆာနေလောက်မယ်လို့ ခံစားမိတယ်။

မိခင်တစ်ယောက်အနေနဲ့ သူမရဲ့ နောက်ဘက်မှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုရင်တောင် အဝတ်အစားတွေကို ချွတ်ပြီး ကလေးကို နို့တိုက်ကျွေးနေမှာပဲ။ သို့ပေမယ့် သူမက  ဘေးဘက်တွေကို ကာရန်ပိတ်ဆို့ဖို့ ဘေးနားက အဝတ်အစားတွေကို အသုံးပြုခဲ့တယ်။

လင်းချွမ်က  ဒါကိုနေသားကျနေပြီ။ ကလေးက  ဗိုက်ဆာနေတာကို သူခံစားမိတယ်လေ။ သူတို့အနေနဲ့ ဒီနည်းအတိုင်းပဲ ကျွေးနိုင်တယ်။ မဟုတ်ရင် ပြန်ရောက်တဲ့အထိ စောင့်နေရမှာလား။ ကလေးကိုတော့ စောင့်ခိုင်းလို့ မရနိုင်ဘူး။

နောက်ခန်းမှာရှိနေကြတဲ့ ရဲဘော်နှစ်ယောက်ကလည်း အသိစိတ်ရှိရှိနဲ့ မျက်လုံးတွေကို တစ်ဖက်သို့  လှည့်ကြည့်ကြတယ်။ တကယ်လို့ သူတို့ မြင်ချင်ရင်တောင် မမြင်နိုင်ဘူးဆိုပေမဲ့လည်းပေါ့။

ဒါပေမယ့် ချင်ယွဲ့ယွဲ့က မျက်မှောင်ကြုတ်ပြီး ထပြောလာတယ်။

“ဆုဆု နင်ဘယ်လိုများ ဒီလိုလုပ်နိုင်ရတာလဲ”

“ဘာဖြစ်လို့လဲ?”

ဆုဆုက သူမရဲ့သားဖြစ်သူ ပျော်ရွှင်စွာ စားသောက်နေတာကို မြင်ပြီး ပါးစပ်ကို လက်ကိုင်ပုဝါနှင့် သုတ်ပေးလိုက်တယ်။

ဒါပေမယ့် မမျှော်လင့်ဘဲ ချင်ယွဲ့ယွဲ့က ရုတ်တရက် ပြောလာတာကိုကြားလိုက်ရတယ်။

“နင်က ကလေးကို နို့လှန်တိုက်ဖို့ ရုတ်တရတ်ကြီး ရင်ဘတ်ကိုဖွင့်ပြီး နောက်ကလူတွေကိုပြနေတာလေ ဘယ်လောက်တောင် အရှက်မဲ့တာလဲ”

“ဘာ?”

ဆုဆု ဒေါသထွက်သွားရတယ်။ သူမ ဘယ်တုန်းက နောက်ကလူတွေကိုပြနေလို့လဲ?

ဒါပေမယ့်  လင်းချွမ်က ရုတ်တရက် ကားကိုရပ်လိုက်ပြီး စတီယာရင်ဘီးကို အပြင်းအထန် ပွတ်ဆွဲလိုက်တယ်။

“ လင်းတုံဟဲ ၊ မင်း မင်းရဲ့မိန်းမကို ဆွဲချပြီး လှိမ့်လိုက်တော့၊  နောက်ထပ် ကီလိုမီတာနည်းနည်းမှာ ခရိုင်မြို့ရှိတယ်၊  မင်း အဲဒီကို သွားပြီး ကားနှင့် ပြန်လိုက်၊ ငါ မင်းတို့ကို အလုပ်အကျွေးမပြုနိုင်တော့ဘူး၊ မင်းတို့နှင့် အဓိပ္ပါယ်မရှိတဲ့ စကားတွေကိုလည်း မပြောချင်တော့ဘူး”

လင်းတုံဟဲက အလျှင်အမြန်ပဲ ရှင်းပြလာတယ်။

“မဟုတ်ဘူး၊ သူမမှာ တခြားရည်ရွယ်ချက်မရှိပါဘူး”

“ဒါဆို ဘာကိုဆိုလိုတာလဲ၊ ငါ့ရဲ့ဇနီးက ကလေးကို နို့တိုက်နေတာ ရှက်စရာကောင်းတယ်လို့ ပြောချင်တာလား ဒါမှမဟုတ် မင်းက သူမကို စိုက်ကြည့်နေတာလား”

“ရှက်စရာမဟုတ်ပါဘူး၊ စစ်တပ်ထဲမှာ၊ မရီးတွေက စုဝေးမှုထဲမှာထိုင်ပြီး စကားပြောတဲ့အချိန်တွေမှာ သားသမီးတွေကို ရင်ခွင်ထဲမှာထည့်ပြီး ဒီလိုပဲ ကျွေးမွေးရတာပဲ၊ ဒါကို အကြည့်လွှဲပေးလိုက်ရင် အဆင်ပြေပြီလေ၊

  တချို့ဆို မိသားစုရဲ့ ဇနီးသည်တွေက အပြင်မှာ လယ်ယာလုပ်တဲ့အချိန်တွေမှာ အဲဒီလိုပဲ ကလေးတွေကို ကျွေးလိုက်ရတာလဲ၊ ဒီလိုသာမကျွေးရင်ကလေးက ဘာစားရမှာလဲ”

အစောင့်လေးက ချက်ချင်းဝင်ပြောတယ်။

“ကလေးမရတဲ့ အမျိုးသမီးတွေက ရွံစရာစကားတွေကိုပဲ သိတာပဲ၊ နင့်မှာ ကလေးရတဲ့အချိန်မှ ဒါက ရှက်စရာကောင်းတယ်လို့ လာပြောလိုက်”

ဆုဆုက သူ့ကလေးကို ဆက်ပြီး နို့တိုက်ပေးနေခဲ့တယ်။ ဆုဆုအနေနဲ့ အခုချိန်မှာ မှားယွင်းသလိုခံစားရပြီး စကားများရန်ဖြစ်ချင်ရင်တောင် ကလေးကိုတော့ ဖယ်ထုတ်လို့မရဘူး။ အခုချိန်မှာ ကလေးက လောဘတကြီးသောက်သုံးနေခဲ့ပြီး သူ့ရဲ့စားသောက်စရာကို ဖယ်ထုတ်လိုက်ရင် သေလောက်အောင် အော်ငိုလိမ့်မယ်။

ချင်ယွဲ့ယွဲ့ : “ကျွန်မက ဘာမှ မပြောပါဘူး၊ ဒီမှာ ယောကျာ်းတွေ ရှိနေတာကို  သူမက မမေးမမြန်းဘဲ အဝတ်အစားတွေကို ချွတ်လိုက်တယ်...”

“ထွက်သွား! ငါ မင်းတို့ကို ကားပေါ်ကနေ ကန်ထုတ်ရအောင်မလုပ်နဲ့”

သူက ပြောပြီးတာနဲ့ ကားတံခါးကိုဆွဲဖွင့်လိုက်တယ်။

သူ့ရဲ့ဒေါသကိုသိနေခဲ့တာကြောင့် လင်းတုံဟဲလည်း ဆက်မနေရဲတော့ဘဲ ချင်ယွဲ့ယွဲ့ကိုပါ ကားပေါ်ကနေ ထွက်ခိုင်းကာ အိတ်ကိုယူပြီး ကားထဲမှ ထွက်လိုက်တယ်။

သူ့မျက်နှာက မည်းနက်နေခဲ့ပြီး စကားတစ်ခွန်းမှ မပြောဘဲ အရှေ့သို့ လျှောက်သွားခဲ့တယ်။

လင်းချွမ်က သူတို့ ထွက်သွားတာနဲ့ တံခါးကိုပိတ်ပြီး မောင်းထွက်သွားခဲ့တယ်။

“တုံဟဲ .. ကျွန်မ...”

All Chapters