အခန်း (၁၇၁)
Vol. 18 Ch. 171
“မင်း ဘယ်အချိန်ထိ ဆုဆုကို ပစ်မှတ်ထားနေမှာလဲ၊ သူမက မင်းကို ဘာတွေများ အပြစ်လုပ်ထားမိလို့လဲ? မင်းသာ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ငါ မင်းကို တကယ် စိတ်သဘောထားကျဉ်းမြောင်းတယ်လို့ ထင်မိတော့မယ်၊ မင်းက စိတ်ထဲမှာ အလိုမကျတာနည်းနည်းလောက်ရှိရုံနှင့် အဆုံးမရှိလိုက်ပြီး ဂရုစိုက်နေတာပဲ”
“ကျွန်မ သူမကို ဂရုမစိုက်ပါဘူး၊ သူမကသာ ကျွန်မတို့ကို ဂရုစိုက်တဲ့လူပဲ၊ အခုချိန်ထိ ကျွန်မတို့ရဲ့ စကားပြောမှတ်တမ်းတွေက သူမနဲ့ အတူရှိနေတုန်းပဲ၊ ကျွန်မတို့တွေက ဆွေမျိုးတွေပဲလေ ဒါကို ဖျက်ပေးလို့မရဘူးလား”
“ငါတို့နှစ်ယောက် လက်ထပ်ထားပြီးပြီ၊ မင်းဘာကို ဂရုစိုက်နေသေးတာလဲ”
“ဒါပေမယ့် သူမလုပ်နေတာက အမှားတွေပဲလေ၊ နောက်ပြီး သူမကြောင့်ကျွန်မ ကျောင်းမှာ အရမ်းကိုခက်ခဲနေရတယ်”
“ဆုဆုအကြောင်းကို ငါသိတယ်၊ မင်းသာ သူမကို ရန်မစဘူးဆိုရင် သူမက မင်းကို ဘယ်တော့မှ အကြောင်းပြချက်မရှိဘဲ လက်တုံ့ပြန်မှာမဟုတ်ဘူး”
“ရှင် ဘာကိုဆိုလိုတာလဲ၊ ရှင်က သူမကို ဘယ်တုန်းက ကောင်းကောင်းသိသွားခဲ့တာလဲ၊ သူမက ရှင့်ရဲ့ မိန်းမလား၊ ကျွန်မက ရှင့်ရဲ့မိန်းမလား”
“ချင်ယွဲ့ယွဲ့ မင်းပိုပိုပြီး စိတ်ပျက်စရာကောင်းတာတွေလုပ်မလာနဲ့၊ သူမက မင်းရဲ့ရန်သူမဟုတ်ဘူး၊ မင်းရဲ့အသက်ကို ကယ်တင်ထားတဲ့လူပဲ၊
တကယ်လို့ သူမက မင်းရဲ့အသက်ကို မကယ်တင်ခဲ့ဘူးဆိုရင်တောင် ငါသူမကို အထင်ကြီးတယ်”
ချင်ယွဲ့ယွဲ့က သူမဘာပဲပြောပြော အသုံးမဝင်တော့မှန်း သိနေပေမယ့် စိတ်ထဲမှာတော့ ကျော်လွှားပေးလိုက်ဖို့ မဖြစ်နိုင်ဘူး။ လင်းတုံဟဲက ဆုဆုနှင့် တစ်ခုခု ပတ်သက်နေတယ်လို့တောင် သံသယဖြစ်လာခဲ့တယ်။ ဒီလိုသာ မဟုတ်ရင် သူကဘာလို့ အဲဒီမိန်းမ ဘက်ကနေ အမြဲတမ်းပြောပေးနေမှာလဲ။
သူမ အသက်ကိုပြင်းပြင်းရှူပြီး ပြောလိုက်တယ်။
“ကောင်းပြီ၊ ကျွန်မ အနာဂတ်မှာ သူမကို ရန်မစမိဖို့ ကြိုးစားပါ့မယ်”
လင်းတုံဟဲ: “ငါမင်းကို နောက်တစ်ကြိမ်ယုံပေးလိုက်မယ်”
ထို့နောက်မှာတော့ ၎င်းတို့နှစ်ယောက်က ခရိုင်ရုံးသို့ လမ်းလျှောက်သွားခဲ့ကြရပပြီး နောက်တစ်နေ့ မနက်မှာ ကွန်မြူနတီသို့ ကားဖြင့်ပြန်ကာ ရွာကို လှည်းနှင့် ဆက်သွားခဲ့ကြတယ်။
လင်းချွမ်ကတော့ ထိုနေ့ညကကတည်းက ရွာကို ပြန်ရောက်လာခဲ့တယ်။ မူလတုန်းကတော့ အိမ်က ပြင်ဆင်နေဆဲဖြစ်နေလောက်ပြီး သူတို့တွေ တခြားနေရာမှာနေဖို့ တစ်ယေောက်ယောက်ကို အကူအညီတောင်းရမယ်လို့ ထင်ထားခဲ့ပေမဲ့ အရှေ့ဘက်က အိမ်ဟောင်းကို အသစ်ပြန်ဆောက်ပြီးသွားပြီဖြစ်ကာ အပြင်ဘက်ခြံတံတိုင်းကိုလည်း ပြင်ပြီးနေတာကို တွေ့ခဲ့ရတယ်။
အခုက လုံးဝ အသစ်ဖြစ်သွားခဲ့သလိုပဲ။
သူတို့ရောက်ရှိချိန်မှာ အမေလင်းနှင့် အဖေလင်းတို့နှစ်ယောက်လုံး အိမ်ထဲကထွက်လာကြပြီး မိသားစုဝင်အားလုံးက သူတို့အနားကိုလာကာ အိမ်ထဲသို့ ဝင်ခိုင်းခဲ့ကြတယ်။ သူတို့ရဲ့မျက်လုံးတွေကတော့ ကလေးကိုသာ အာရုံစိုက်နေခဲ့ကြတယ်။
ဆုဆုက ဒီအချိန်ထိ ဒေါသ မလျော့ပါးသေးဘူး။ အမေလင်းက ဒါကို မြင်တော့ မေးလာခဲ့ကာ ဆုဆုကလည်း ဘာတစ်ခုကိုမှ ဖုံးကွယ်မထားဘဲ ပြောပြခဲ့တယ်။
ဒါကရှက်စရာလည်း မဟုတ်ဘူးလေ။ ကိုယ့်ရဲ့ကလေးကို နို့တိုက်ကျွေးတာက မှားတယ်လို့ ခံစားရနေစရာမလိုအပ်ဘူး။ ဒါ့အပြင် သူမက ချင်ယွဲ့ယွဲ့ကို အေးစက်စွာဆက်ဆံဖို့ မဟာမိတ်ကို ဆွဲထုတ်ချင်ခဲ့တယ်။
သူမရဲ့စကားတွေကို ကြားတာနဲ့တပြိုင်နက်အမေလင်းက ဒေါသတကြီးပြောလာတယ်။
“ ဘာလဲ? ချင်ယွဲ့ယွဲ့က ကလေးမလိုချင်တော့တာလား? နောက်ပိုင်း သူမရဲ့ ကလေးတွေကို နို့မတိုက်ဘဲနေမလို့လား? ဒီရွာက ဘယ်အမျိုးသမီးတွေက သားသမီးတွေ အစာမစားနိုင်ခင် နို့တိုက်ရတာပဲ! အဲလိုသာမဟုတ်ရင် သားသမီးတွေ ငတ်သေသွားမှာပေါ့
နောက်ပြီး ဘာပဲလုပ်နေပါစေ၊ ဘယ်နေရာမှာပဲ ရှိနေပါစေ ကလေးကသာ ဗိုက်ဆာလာရင် ကျွေးမွေးရမှာပဲလေ၊ ဒီအချိန်မှာ ကလေးကို နို့တိုက်ဖို့လိုနေတယ်ဆိုတာ လူတိုင်းသိနေတာပဲ၊ ဘယ်သူတွေက စိုက်ကြည့်နေမှာလဲ”
ဆုဆုက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
“ကျွန်မတို့ကျောင်းက ဆရာမတစ်ယောက်ကလည်း ကလေးကို အလုပ်ပိုခေါ်လာပြီး ဒီလိုပဲနို့တိုက်ကျွေးရတာပဲ၊ ကားထဲမှာက နို့မှုန့်ဖျော်စရာမရှိဘူးလေ၊ ကျွန်မဒီလိုမတိုက်လို့မရဘူး”
“ဟုတ်တယ်၊ သူမရဲ့စကားကိုနားမထောင်နဲ့၊ သူမက မိခင်တစ်ယောက်မဟုတ်သလို၊ သူ့ရဲ့သားသမီးတွေကိုတောင် သတ်ရဲတဲ့သူပဲ၊ဒါကြောင့် ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက် စိတ်ရှည်သည်းခံမှုမရှိဘူး၊
ဒါပေမယ့် ချင်ယွဲ့ယွဲ့လည်း အမေတစ်ယောက်ဖြစ်လာရမယ့်အချိန်တွေ အမြဲဦးရှိမှာပါ .. အဲဒီအချိန်ကျရင် ငါ သူမကိုစောင့်ကြည့်ပြီး ပြောလိုက်ဦးမယ်”
အမေလင်းက ကျယ်လောင်စွာပြောခဲ့တယ်။
ဒါပေမယ့် တံခါးဝကို ရောက်နေတဲ့ လူတစ်ယောက်က ထိုစကားတွေကိုကြားသွားပြီး မေးလာခဲ့တယ်။
“မင်းဘာပြောတာလဲ၊ ဘယ်သူက ကလေးကိုဖျက်ချခဲ့တာလဲ”
အဒေါ်လင်းက အိမ်ထဲကို ဝင်လာပြီး ထိတ်လန့်တကြားနဲ့ မေးလာတယ်။ လင်းတုံဟဲက သူ့ရဲ့ကိုယ်ပိုင်မိသားစုအိမ်ကိုရှာတွေ့ခဲ့ပြီဆိုပေမဲ့လည်း သူမက သူ့ကို သားတစ်ယောက်လို ဆက်ဆံနေဆဲပဲ။ အဆုံးမှာ သူမက သူ့ကို အနှစ် ၂၀ ကျော် ပြုစုပျိုးထောင်ပေးခဲ့တာလေ။
သူမ မျှော်လင့်နေခဲ့တဲ့ မြေးလေးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရတဲ့အကြောင်းကို ကြားသိလိုက်ရချိန်မှာ ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။
သူမက ထိုစကားကိုကြားခဲ့ရချိန်မှာ မထိန်းချုပ်နိုင်တော့ဘဲ အပြေးအလွှားဝင်လာပြီး မေးခဲ့တယ်။ တကယ်တမ်းမှာ ချင်ယွဲ့ယွဲ့က ကောလိပ်တက်နေစဥ်ကာလမှာ သူ့သားအတွက် ကလေးမမွေးပေးချင်ခဲ့ဘူးဆိုတာ သေချာပေါက် နားလည်ထားခဲ့တယ်။ ဒါပေမယ့် ကလေးက ကောလိပ်မတက်ခင်မှာ မမွေးလိုက်ရဘဲ ဖျက်ချခံလိုက်ရမှန်းကို မသိခဲ့ဘူး။
အမေလင်းက တခြားလူရဲ့နောက်ကွယ်မှာ မကောင်းကြောင်းမပြောချင်ဘူး။ ဒါကြောင့် ထိုမေးခွန်းကိုကြားတော့ အနည်းငယ်ရှက်သွားပြီး ပြန်ပြောခဲ့တယ်။
“ကျွန်မက အဓိပ္ပါယ်မရှိတာတွေ ပြောမိနေတာပါ”
“ဘာကို အဓိပ္ပါယ်မရှိတာလဲ၊ အမှန်တရားကို ငါကြားခဲ့ပြီးပြီ၊ ငါ့မြေးအကြီးဆုံးကို ချင်ယွဲ့ယွဲ့က ဖျက်ချ ပစ်ခဲ့တာလား၊ သူမက ငါ့ရဲ့မြေးအကြီးဆုံးကိုဖျက်ချရဲတယ်။ ဘယ်လောက်တောင် ရက်စက်လိုက်သလဲ!”
အဒေါ်လင်းက ဒေါသတကြီးနဲ့ ခေါင်းကိုလှည့်ပြီး ထွက်သွားဖို့ပြင်တယ်။
“သူတို့ ပြန်လာပါစေဦး.. သူတို့တွေရော?”
သူတို့လည်း ကားနဲ့အတူ ပြန်လာဖို့ မပြောခဲ့ဘူးလား? ဒါကြောင့်ပဲ အိမ်ကိုအလောတကြီးပြန်လာခဲ့ပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ရဖို့ မမျှော်လင့်ထားခဲ့ဘူး။
အမေလင်းက ဆုဆုကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်လေတယ်။
ဒါကြောင့် လင်းချွမ်က ဝင်ပြောခဲ့တယ်
“ကျွန်တော် သူတို့ကို ကားထဲက မောင်းထုတ်လိုက်တာ”
“ဘာလို့လဲ?”
အဒေါ်လင်းက ထူးဆန်းသလိုခံစားရတယ်။
ဒါကိုမြင်တော့ အမေလင်းက ဝင်ပြောခဲ့တယ်။
“အဲဒါ အစ်မရဲ့ချွေးမ ချင်ယွဲ့ယွဲ့ကြောင့်ပဲ”
ထို့နောက် သူမက ဆုဆုပြောတဲ့ စကားကို ပြန်ပြောပြခဲ့တယ်။
အဒေါ်လင်းက ထိုစကားကိုကြားပြီးနောက် အလွန်ဒေါသထွက်သွားတယ်။
“သူမရဲ့ ဦးနှောက်က ဘယ်လိုမျိုးကြီးထွားလာတာလဲဆိုတာ ငါတကယ် နားမလည်တော့ဘူး၊ အရင်ကတုန်းကမှ ဟုတ်သေးတယ်၊ အခု ဘာလို့ ပိုပိုပြီးဆိုးရွားလာရတာလဲ?”
ဆုဆု အံ့သြသွားရတယ် ။ သူမရောက်လာကတည်းက ဇာတ်လိုက်မက တကယ်ကို အများကြီး ပြောင်းလဲသွားခဲ့တယ်။
သူမရဲ့ ဝင်ရောက်လာမှုကြောင့် ဇာတ်လိုက်မရဲ့သဘောထားစရိုက်တချို့ ပေါ်ထွက်လာခဲ့တာလား? သူမကို လူတိုင်းက ခွင့်လွှတ်ပြီး သဘောကျသင့်ပေမယ့် သူမရောက်လာကတည်းက စည်းချက်တချို့က နှောင့်ယှက်ခံလိုက်ရသလိုပဲ။
ပထမဆုံးအနေနဲ့ သူမက လင်းချွမ်ကို အခွင့်ကောင်းယူခဲ့ပြီး သူမကို ပျက်စီးစေခဲ့သလို ပြုမူခဲ့ကာ လင်းတုံဟဲနှင့်လက်ထပ်ဖို့ သွယ်ဝိုက်ပြီး ဖိအားပေးခဲ့ပါတယ်။ ကလေးကိုဖျက်ချခဲ့တာကိုလည်း လင်းချွမ်ကို အပြစ်ပုံချခဲ့တယ်။ ဒီလိုနည်းနဲ့ သူမပိုယ်သူမဖြူစင်စေခဲ့တယ်။
ဒါဆို အခု သူမရဲ့အခြေအနေက အများကြီး ပြောင်းလဲသွားပြီပဲ။
အဒေါ်လင်းက မူလက ဆုဆုတို့ရဲ့ ကလေးကို တွေ့ဖို့လာခဲ့ပေမဲ့ အဆုံးမှာ ဒေါသနှင့်သာ ပြန်သွားခဲ့ရတယ်။
လင်းဟိုင်ရဲ့လက်ထပ်ပွဲကို သဘက်ခါမှာကျင်းပဖို့ စီစဥ်ထားတာကြောင့် လင်းချွမ်နှင့်ဆုဆုတို့က သူတို့ရဲ့ ကိုယ်ပိုင်အိမ်မှာ ပြန်လည်နေထိုင်ကြပြီး ရှင်းရာကတော့ သူတို့အိမ်ထဲမှ တခြားသော အိမ်ခန်းလေးမှာနေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ဆုဆုက ကျောပိုးအိတ်ကြီးကို ပြန်သယ်မလာပေမယ့် TT ကိုတော့ ယူလာတုန်းပဲ။ လင်းချွမ်က ထိုကိစ္စကို လုပ်ချင်လာမလားဆိုတာ ဘယ်သူမသိနိုင်မှာလဲ။
သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ အခွင့်အရေးမရှိခဲ့ဘူး။ သူ့ရဲ့ခယ်မက ဘေးဘက်မှအိမ်မှ ရှိနေခဲ့တာကြောင့် အရှုပ်အထွေးတွေမလုပ်ရဲခဲ့ဘူးလေ။
ဒီလိုဆိုရင်တောင် သူက သူမကို ကြည့်ပြီး ပွေ့ဖက်လိုက် ၊နမ်းရှိုက်လိုက်လုပ်နေခဲ့ကာ လှုပ်ရှားရဲခြင်းမရှိဘဲ အနည်းငယ်ရယ်စရာကောင်းနေခဲ့တယ်။
အဆုံးမှာတော့ ဆုဆုက သူ့ကို ကြိမ်းမောင်းလိုက်တော့တယ်။
“ ရိုးရိုးသားသား အိပ်လိုက်တော့၊ မနက်ဖြန်မှာလုပ်စရာတွေအများကြီးရှိတယ်”
“ကိုယ်သိပါတယ်၊ ဒါပေမယ့် နည်းနည်းလောက်ထပ်ပြီး ထိတွေ့ပါရစေဦး”
“ကောင်းပြီ၊ ဒါပေမယ့် ရှင် အိမ်သာကို သွားမယ်ဆိုရင်လည်း တခြားသူတွေမကြားအောင် ဂရုစိုက်ရလိမ့်မယ်”
“…”
လင်းချွမ်တစ်ယောက် ထပ်ပြီး မလှုပ်ရှားရဲတော့ဘူး။
မင်္ဂလာပွဲအတွက် ပြင်ဆင်စရာတွေ အများကြီးလုပ်ဖို့လိုအပ်တယ်။ အထူးသဖြင့် လင်းမိသားစုမှာ ပိုက်ဆံရှိနေတာကြောင့် ပိုပြီးလုပ်နေခဲ့တာ သဘာဝကျပါတယ်။
ဒီအချိန်မှာတော့ လုပ်စရာအလုပ်တွေ သိပ်မရှိတော့တာကြောင့် လူတိုင်းက အားလပ်နေခဲ့ပြီး လာရောက်ကူညီနေကာ သက်ဝင်လှုပ်ရှားနေခဲ့တယ်။
ဆုဆုရဲ့တာဝန်ကတော့ ကလေးကို ပြုစုစောင့်ရှောက်ဖို့သာဖြစ်ပြီး အလွန်ရိုးရှင်းလေတယ်။ ဆုဆုကကလေးကို အိမ်ရှေ့က ခန်ပေါ်မှာ တစ်ရက်လောက် ထားပေးခဲ့တယ်။ အဲဒီနောက်မှာတော့ အပြင်မှာ ဘယ်လောက်ပဲ ဆူညံနေပါစေ သူက မလန့်တော့ဘူး။
ဆန့်ကျင်ဘက်အားဖြင့် လူတွေအများကြီးက ကလေးကို လာကြည့်ကြတယ်။ ဒါပေမဲ့ အများစုကတော့ ခဏလောက်ကြည့်ပြီး ပြန်သွားခဲ့ကြတယ်။
လင်းရှို့မေ့က ဒီတစ်ကြိမ်မှာ တစ်ယောက်တည်း ရောက်လာခဲ့ပြီး သားသမီးတွေကိုတောင် မခေါ်ခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်တွေမှာ သူမရဲ့မိသားစုထဲက ဘယ်သူကမှ သူမကို ဂရုမစိုက်ခဲ့ကြဘူး။
မူလတုန်းက သူမ လင်းမိသားစုကို ရောက်လာတိုင်း တစ်ခုခုကို ပြန်ယူသွားတတ်တာကြောင့် ခင်ပွန်းဖြစ်သူရဲ့ မိသားစုက သူမကို အလွန်အမင်း အနိုင်ကျင့်လေ့မရှိဘူး။
သို့ပေမဲ့ သူမ နောက်ဆုံးတစ်ကြိမ်ကကြိမ် ဆုဆုကိုရန်စလိုက်ပြီးကတည်းက သူမကို မိဘတွေက ငြင်းဆိုခဲ့ပြီး သူမကို ဘယ်သူကမှ ဂရုမစိုက်ကြတော့ဘဲ သူမကိုတောင် နှင်ထုတ်ခဲ့ကြတယ်။
ဒါ့အပြင် နေအိမ်ကလည်း မီးလောင်သွားတာကြောင့် ခက်ခက်ခဲခဲ ပြုပြင်နိုင်ခဲ့ပေမဲ့လည်း အိမ်မှာ ပိုက်ဆံတွေ အများကြီး မကျန်တော့ဘူး။
ဒီတစ်ကြိမ်မှာလည်း လက်ဖွဲ့အတွက် ပိုက်ဆံကို ချေးယူလာခဲ့ရတာဖြစ်ပြီး သူမရဲ့ခင်ပွန်းသည်က ဒီတစ်ခေါက် ပိုက်ဆံမချေးနိုင်ရင် ကွာရှင်းတော့မယ်လို့ ပြောခဲ့တယ်။
ဒါကြောင့် သူမအနေနဲ့ ပြန်လာဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘဲ အမေလင်းကို တိတ်တဆိတ်ပြောပြခဲ့တယ်။ အမေလင်းလည်း ကူကယ်ရာမဲ့နေခဲ့ပြီး သူမကို ယွမ်ငါးဆယ်ပေးလိုက်ရုံသာတတ်နိုင်ခဲ့တယ်။
ထို့နောက်မှာတော့ လင်းရှို့မေ့က အလွန်ကျေနပ်သွားပြီး နောက်ဆုံးမှာ အဒေါ်တစ်ယောက်လိုအျိုး သူမရဲ့အလုပ်ကို စတင်ကူညီပေးခဲ့ပြီး စိတ်အနှောက်အယှက်ဖြစ်စရာ ဘာမှမလုပ်ခဲ့တော့ဘူး။
ဆုဆုလည်း သူမ ပြသနာမရှာတဲ့အတွက် စိတ်သက်သာရာရနေခဲ့တယ်။
**