← Chapters

အခန်း (၁၇၂)

Vol. 18 Ch. 172

အခန်း (၁၇၂)

Vol. 18 Ch. 172

အဒေါ်လင်းတို့မိသားစုကလည်း လက်ထပ်ပွဲအတွက်  ကူညီပေးဖို့ ရောက်လာခဲ့ပေမဲ့  အဒေါ်လင်းက အနည်းငယ်လောက် စိတ်မချမ်းမသာဖြစ်နေခဲ့တယ်။

ဇာတ်လိုက်မက အိမ်ကိုပြန်ရောက်လာပေမဲ့ အလွန်အမင်း ဖက်ရှင်ကျပြီး ခေတ်ဆန်လွန်းတဲ့ အဝတ်အစားတွေ ၀တ်ထားတာ ပြီး ဆံပင်ကိုလည်း ကောက်ထားခဲ့တယ်။

သူမက လူအများဆီမှာ မနာလိုဖြစ်တာကို ခံနေခဲ့ရတယ်။

လင်းတုံဟဲက မြို့ထဲမှာ စက်ရုံတစ်ခုဖွင့်လှစ်ထားတာကို လူတိုင်းသိထားတယ်လေ။ ဒီတော့ စက်ရုံမန်နေဂျာရဲ့ဇနီးသည်ဖြစ်တဲ့ သူမက သေချာပေါက် အလွန်နာမည်ကြီးနေခဲ့တယ်။  လူတိုင်းက အခွင့်အရေးရချင်ခဲ့ကာ သူမကို အလွန်လေးစားမှုရှိစွာဆက်ဆံခဲ့ကြတယ်။

ချင်ယွဲ့ယွဲ့က ဒီအချိန်မှာ အလွန်ခမ်းနားမြင့်မြတ်တဲ့ အပြုအမူမျိုးရှိနေပြီး လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့သလို  မေးလာတဲ့မေးခွန်းတွေကို ဖြေဖို့အတွက် အရမ်းအလုပ်ရှုပ်နေခဲ့တယ်။

ဆုဆုကတော့ သူမ ရွာသူရွာသားတွေ ကြားမှာ ဖျော်ဖြေမှုကိုကြည့်ပြီး ကလေးကိုသာ ထိန်းနေခဲ့က် ဘာမှပြန်မပြောခဲ့ဘူး။ သူမရဲ့ သရုပ်ဆောင်မှုတွေက အသက်ပါခြင်းမရှိတာကြောင့်  အနှောင့်အယှက်မဖြစ်ခဲ့ဘူး။

ထိုအချိန်မှာ အမျိုးသမီးတစ်ဦး ဝင်လာခဲ့လေတယ်။  သူမက ရုပ်ရည်ချောမောလှပပေမဲ့လည်း သူမ ဝင်လာတာနဲ့ လူတိုင်းက စကားပြောနေတာကို ရပ်တန့်လိုက်ကြတယ်။

သူမက ထိုနေရာမှာ အလွန် တိတ်ဆိတ်စွာထိုင်နေခဲ့ပေမဲ့ သူမရဲ့ အပြုံးကတော့ အတော်လေးလှပတယ်။

ဆုဆု သူမကို လှမ်းကြည့်လိုက်ချိန်မှာ ဘေးနားက အမျိုးသမီးတစ်ယောက်က စကားစလာတယ်။

“အိုး၊ ဒါက မုဆိုးမလင်း မဟုတ်ဘူးလား၊ မင်းလည်း မင်္ဂလာဆောင်ကို ကူညီဖို့ ရောက်နေတာလား၊ မင်းယောက်ျားက  နှစ်မကုန်ခင်ကမှ ဆုံးသွားတာလေ၊  ဒီလိုပျော်ရွှင်စရာကောင်းတဲ့ပွဲကိုလာရတာ နည်းနည်းလောက်မှားနေတယ်လို့ မထင်ဘူးလား”

မုဆိုးမလင်း?

ဒါက စာအုပ်ထဲမှာ လင်းချွမ် နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးမဟုတ်ဘူးလား? သူမက အလွန်စာရိတ္တပျက်ပြားပြီး တစ်ရွာတည်းနေ ခြေဆွံ့နေတဲ့လူနှင့် မကြာခဏ ဆက်ဆံရေးရှိတယ်လို့ပြောကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်ထဲမှာတော့ ဒီမုဆိုးမလေးကို မိန်းမပျက်တစ်ယောက်အဖြစ် ဖော်ပြခဲ့တယ်။ ဒါပေမယ့် အခုကြည့်ရတာ သူမတို့ မိသားစုနဲ့ လင်းမိသားစုကြားက ဆက်ဆံရေးက ကောင်းနေဆဲပဲဖြစ်ကြောင်း သိမြင်နိုင်တယ်။

အခုမြင်တွေ့ရသလောက်ဆိုရင် သူမက အတော်လေးကို ချောမောလှပနေပေမဲ့ အလွန်တိတ်ဆိတ်နေပြီး ယောက်ျားတွေကို ဖြားယောင်းမဲ့အရာမျိုး ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။

သူမရဲ့မျက်လုံးတွေကလည်း အလွန်ဖြောင့်မတ်နေခဲ့တယ်။ ဒါကြောင့် ဆုဆုအနေနဲ့ ဒီမုဆိုးမလေးက စာအုပ်ထဲမှာ ဖော်ပြထားသလို ရှုပ်ပွနေတဲ့သူမျိုးမဟုတ်ဘူးလို့ တွေးမိတယ်။

မင်္ဂလာပွဲရဲ့ ပထမနေ့မှာ လူတိုင်းက ရောက်လာကြပေမဲ့ အစားအသောက်တွေကတော့ အဓိကပွဲမှာကျွေးမွေးသလောက် မကြွယ်ဝသေးဘူး။

မုဆိုးမလေးက  တစ်ဖက်လူပြောတာကိုကြားတော့ ပြန်ပြောခဲ့တယ်။

“ဒါဆို ငါက အိမ်တွင်းမှာပဲအောင်းနေပြီး လူတွေနှင့်တွေ့ဖို့ ထွက်မလာသင့်ဘူးလို့ နင်ပြောချင်တာလား?   ရွာထဲမှာ သေတဲ့လူတွေ အများကြီးရှိတယ်၊ ခင်မွန်းသည် သေထားတဲ့ မိန်းမတွေက မင်္ဂလာပွဲကိုမလာရဘူးလို့ ငါမကြားဖူးပါဘူး၊  နင်က လူတွေကို အနိုင်ကျင့်နေတာ မဟုတ်လား”

ဆုဆု: “လူတိုင်းက လင်းမိသားစုရဲ့ ဧည့်သည်တွေပဲ၊  သူတို့ မင်္ဂလာပွဲကိုလာနေသရွေ့ သူတို့ကို ကြိုဆိုတယ်”

သူမ ဒီလိုပြောလိုက်တော့ တခြားသူတွေက ဘာမှပြန်မပြောနိုင်တော့ဘဲ  ငြိမ်ငြိမ်လေး စားသောက်နေကြတော့တယ်။ သို့ပေမဲ့ ထိုမုဆိုးမလေးက သန့်ရှင်းရေးလုပ်ဖို့ ကျန်ရစ်ခဲ့ပြီး ဆုဆုကို လှမ်းကြည့်ကာ ပြောလာတယ်။

“ကျေးဇူးတင်ပါတယ် အစ်မ”

“ရပါတယ်”

ဆုဆု သူမက တကယ်ပဲ ကောင်းမွန်သူတစ်ယောက်ဖြစ်ကြောင်း ခံစားမိခဲ့ပြီး ပြန်ပြောလိုက်တယ်။

“ဒါက ခက်ခဲတဲ့အရာမဟုတ်ဘူး”

သူမအနေနဲ့ ကလေးကို ပွေ့ချီထားရတာကြောင့် ဘာမှမလုပ်နိုင်ပဲ မျက်လုံးနဲ့သာကြည့်ပေးနေရတယ်။

မုဆိုးမလေးက ပြုံးပြီး ထွက်သွားခဲ့တယ်။

*

အမေလင်း: “မင်း အိမ်ထဲကိုပြန်သွားရင် ပိုကောင်းမယ်၊ညကလေး အိပ်ပျော်နေပြီမလား”

“အခုပဲ အိပ်ပျော်သွားတာ”

ဆုဆုက ကလေးကို ထပ်ပြီးမထိတ်လန့်စေချင်တော့တဲ့အတွက် အိမ်ထဲကိုပြန်သွားဖို့ တွေးနေတုန်းမှာ လင်းချွမ်က အနားကိုလျောက်လာတယ်။

“ဇနီးလေး စားပြီးသွားပြီလား၊ ကိုယ်မင်းကို လမ်းခဏလျှောက်ဖို့ ခေါ်သွားပေးမယ်၊ ကလေးကို ညီလေးတွေ ကြည့်ထားပါစေ”

“အိုး ဘယ်ကိုသွားမလို့လဲ”

ဘာမှလုပ်စရာမရှိလို့ လမ်းလျှောက်ချင်နေတာလား?

“တစ်ယောက်ယောက်ကို  သွားတွေ့မလို့”

သူတို့နှစ်ယောက် လင်းမိသားစုအိမ်ကနေ အတူထွက်ခဲ့ကြတယ်။  အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်မှာ မြေကွင်းပြင်တစ်ခုသို့ရောက်လာခဲ့ပြီးပြီးနောက် မြေမြှုပ်သင်္ချိုင်းကိုတွေ့လိုက်ရကာ လင်းချွမ်က အုတ်ဂူတစ်ခုဆီကိုသွားပြီး ထိုသေဆုံးပြီးသူအတွက် စီးကရက်တစ်လိပ်ကို မီးညှိပေးလိုက်တယ်။

“ဒါဘယ်သူလဲ?”

“ရှောင်လင်းဇီ၊ ကိုယ့်ရဲ့စစ်တပ်ထဲက ရဲဘော်တစ်ယောက်လေ၊ ဒါပေမယ့် လွန်ခဲ့တဲ့တစ်နှစ်မှာ မစ်ရှင်တစ်ခုကို စေလွှတ်ခံခဲ့ရပြီး ဘယ်တော့မှ ပြန်မလာနိုင်ခဲ့တော့ဘူး၊ မကြာသေးခင်ကမှ သူ့အကြောင်းကို ကိုယ်သိခဲ့တာ၊  တခြားသူတွေကတော့ သူ့ကို လူဆိုးတစ်ယောက်လို့ ထင်ကြပေမဲ့ တကယ်တော့ သူ့ကို မစ်ရှင်အတွက် စေလွှတ်ထားခဲ့တာလေ”

“ဒါဆို သူ့မိသားစု မသိဘူးလား”

“ကိုယ်လည်း မသိဘူး၊ ဒါပေမယ့် ဒီတာဝန်ကိစ္စပြီးစီးအောင်မြင်သွားရင်တော့ စစ်တပ်က သူ့အတွက် သက်သေခံပေးမှာပါ၊ အဲလိုဆိုရင်တောင် အခုတော့ သူက ဒီနေရာမှာပဲ လှဲလျောင်းနေခဲ့ရပြီ၊ သူက အပြင်ဘက်ကလူတွေဆီမှာ သေတဲ့အထိ မကောင်းတဲ့လူဆိုပြီး အထင်ခံသွားခဲ့ရတာ”

“…”

တစ်ခါတစ်လေမှာ စစ်သားဖြစ်ရခြင်းက အလွန်အကူအညီမဲ့စေတယ်။ မိသားစုဝင်တွေကတောင်  သူသေဆုံးရတဲ့ အကြောင်းရင်းအမှန်ကို မသိရတာကြောင့် အတော်စိတ်မကောင်းစရာကောင်းလွန်းတယ်။

“ဒါကြောင့် ကိုယ်တို့ သူ့ကို တိတ်တဆိတ်တွေ့ဖို့လာခဲ့တာ”

ထိုအချိန်တုန်းက သူက ရိုင်းစိုင်းတဲ့ပုံစံပြုမူတဲ့နေရာမှာ တော်လွန်းပြီး လေးနက်လွန်းတာကြောင့် သူ့ကို ထိုတာဝန်အတွက် ရွေးချယ်ခဲ့ကြတယ်။ အခုလိုမျိုး ယင်နှင့်ယန်ကြားမှာ နှုတ်ဆက်ခဲ့ရဖို့ မမျှော်လင့်ထားခဲ့ဘူး..

“ခဏလေး၊  သူ့မျိုးရိုးနာမည်က လင်းလို့ ပြောလိုက်တာလား၊ ဒါဆို ကျွန်မတို့ရွာက  မုဆိုးမလင်းက?”

“အဲဒါ သူ့ရဲ့မုဆိုးမလေ”

“အိုး..”

ဒီအကြောင်းတွေကို မရေးထားပေမယ့် လင်းချွမ်က ဒီမုဆိုးမလေးကို ဘာကြောင့်လက်ထပ်ဖို့သဘောတူလိုက်တာလဲဆိုတာကို သူမ ရုတ်တရက် နားလည်သွားခဲ့တယ်။ တကယ်တော့ သူက သူ့ရဲ့ရဲဘော်ကိုယ်စား သူမကို စောင့်ရှောက်ပေးချင်ခဲ့တာပဲ။

မုဆိုးမတစ်ယောက်ရဲ့ဘဝက တကယ်ကို မလွယ်ကူဘူး။  အထူးသဖြင့် ခင်ပွန်းသည်ဖြစ်သူက ဆိုးမိုက်တဲ့ပုံစံနှင့်  ရွာက ထွက်သွားတာကြာနေပြီဖြစ်တဲ့အတွက် တစ်ယောက်တည်းနေဖို့က မလွယ်ကူလှဘူး။

မကြာသေးခင်တုန်းက သူမကို မုဆိုးမလို့ ရွဲ့စောင်းပြီးပြောနေကြတာ  အံ့သြစရာမဟုတ်တော့ဘူး။ သူမရဲ့ ခင်ပွန်းသည်က ရွာကထွက်သွားပြီးနောက်မှာ သေသွားပြီဆိုတဲ့သတင်းကိုသာပြန်ရခဲ့တယ်။

သူတို့နှစ်ယောက် စီးကရက်မီးသေမဲ့အချိန်အထိစောင့်ပြီးမှ ပြန်သွားခဲ့ကြတယ်။

သူတို့ အပြန်လမ်းမှာ တောင်ပေါ်မှ တစ်ယောက်ယောက် စကားပြောနေတာကို ရုတ်တရက် ကြားလိုက်ရပြီး အမျိုးသမီးတစ်ယောက် ငိုနေတာကိုပါ ကြားခဲ့ရတယ်။

လင်းချွမ် ခဏရပ်သွားပြီး အပေါ်ကို ခြေနှစ်လှမ်းလောက် တက်သွားခဲ့တယ်။ ဆုဆုကလည်း သဘာဝကျစွာနှင့် နောက်ကလိုက်သွားခဲ့တယ်။

ထို့နောက် အမှောင်ထဲမှာ ရပ်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရလေတယ်။  တစ်ယောက်က အတော်လေးရိုးသားပုံရတဲ့ သာမန်လူတစ်ယောက်ပဲ။

နောက်တစ်ယောက်ကတော့ မုဆိုးမ လင်းဖြစ်လေတယ်။

သူမ ငိုပြီးပြောနေခဲ့တယ်။

“ကျွန်မကို ဖိအားမပေးပါနဲ့”

“သူ မသေသေးခင်တုန်းက မင်း ငါ့ကို ငြင်းနိုင်ပေမယ့် အခု သူသေသွားပြီလေ၊  မင်းဘာလို့ ခေါင်းမာနေရတာလဲ”

“ကျွန်မ  သိပါတယ်၊ အရင်တုန်းက နှင်းတွေထူထပ်ခဲ့တဲ့အချိန်တုန်းက ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ အိမ်မှာငတ်သေလိမ့်မယ်၊ ဒါပေမယ့်.. ကျွန်မက.. အခုမှ မုဆိုးမဖြစ်လာတာ”

“ဒါဆို ငါ မင်းကို အမြဲတမ်းစောင့်နေမယ်”

အဲဒီလူက စိတ်လှုပ်ရှားနေပုံရပေမယ့် မုဆိုးမလေးကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ ဒါပေမယ့် သူထွက်သွားတဲ့အချိန်မှာ သူ့ရဲ့ခြေထောက်က သိပ်ပြီးမသန်တာကို ဆုဆုမြင်လိုက်ရတယ်။

လင်းချွမ်က အရာအားလုံးကို အေးစက်စွာကြည့်နေခဲ့ပြီး ဆုဆုနှင့်အတူ ပြန်လာခဲ့တယ်။

ဆုဆု: “ရှင် သူမကို အပြစ်တင်နေတာလား”

“မဟုတ်ဘူး”

သူ့ရဲ့ရဲဘော်ကသေသွားပြီ။  မိသားစုထဲက အမျိုးသမီးကို အားကိုးစရာလူထပ်မရှာခိုင်းရင် လူမဆန်ရာရောက်လိမ့်မယ်။

“ရှင် စိတ်ဆိုးသင့်တယ်လို့ မထင်ဘူး”

ကြည့်ရတာမုဆိုးမလေးနှင့် ခြေဆွံ့နေတဲ့အမျိုးသားတို့က အချိန်အတော်ကြာအောင် သိကျွမ်းခဲ့ကြပြီး ဆက်ဆံရေးရှိနေပုံရတယ်။ ဒီတော့ စာအုပ်မှာဖော်ပြထားသလိုမျိုး သူမက ယောကျ်ားပေါင်းစုံနှင့်ရှုပ်ထွေးနေတယ်ဆိုတဲ့ ဖော်ပြချက်က ယုံကြည်စရာမရှိဘူး။

ဒါပေမယ့်  သူမ လင်းချွမ်နှင့်လက်ထပ်ခဲ့တာကတော့ တကယ်ကို မမှန်ဘူး။ ဒီလိုဆိုပေမဲ့ တစ်ဖက်မှ ခြေထောက်မသန်တဲ့လူနှင့် နှိုင်းယှပြီးရွေးချယ်ခဲ့တာဖြစ်လို့ နားလည်နိုင်ပါတယ်။

အိမ်ကို တစ်နှစ်တစ်ကြိမ်တောင် မပြန်ဖို့ လင်းချွမ်ကို ဘယ်သူကပြောခဲ့လို့လဲ။ ကောင်းပြီ။ ဒါက ဖောက်ပြန်ခြင်းအတွက် ပြောလာနိိင်တဲ့အကြောင်းပြချက်တော့မဟုတ်ဘူး။

လင်းချွမ်သာမရှိရင် သူတို့ အတူရှိနေနိုင်မလားဆိုတာ မသိနိုင်ဘူး။

မဟုတ်သေးဘူး။ လင်းချွမ်က သူမကို လက်ထပ်မယ်ဆိုရင်တောင် တစ်နှစ်လောက်ကြာလိမ့်မယ်။

သူတို့ လင်းမိသားစုအိမ်သို့ ပြန်ရောက်တော့ လူတွေအတော်များနေခဲ့ပြီ။  အန်တီလင်းနှင့် သူမရဲ့သားတို့လည်း ရောက်ရှိလာကြပြီး ဆုဆုအနေနဲ့ အတော်လေး ရိုးသားတယ်လို့ထင်ရတဲ့ လင်းချွမ်ရဲ့ ဦးလေးအား ပထမဆုံးအကြိမ် တွေ့လိုက်ရတယ်။

တစ်ဖက်မှ အန်တီလင်းရဲ့သားဖြစ်သူကတော့ ဒီတစ်ကြိမ်မှာ လာမရှုပ်ရဲတော့ဘူး။ ဆုဆုက ကလေးအမေဖြစ်နေပြီဖြစ်ကာ လင်းချွမ်ကလည်း ဘေးနားမှာအစောင့်အကြပ်ရှိနေတာကြောင့် သူမဟုတ်တာလုပ်တာနှင့် မောင်းထုတ်ခံရလိမ့်မယ်။

အမေလင်းက သူတို့နေထိုင်ရန် နေရာရှာပေးခဲ့တယ်။ အိမ်အသစ်က မင်္ဂလာဇနီးမောင်နှံနေမှာဖြစ်ပြီး  ဆုဆုတို့က သူတို့ရဲ့အိမ်မှာနေလိမ့်မယ်။  လူအနည်းငယ်များနေပေမဲ့ အဆုံးမှာကောင်းမွန်စွာစီစဥ်နိုင်ခဲ့တယ်။

လင်းဟိုင်က မင်္ဂလာပွဲကျင်းပခါနီးမှ ရွာကို ပြန်သွားခဲ့ပေမဲ့လည်း  ပြင်ဆင်မှုများမှာ ပြီးပြည့်စုံကာ အဝတ်အစားအားလုံးကလည်း အသစ်တွေပဲ။

ဒီမင်္ဂလာပွဲက ရွာမှာ အကောင်းဆုံးမင်္ဂလာပွဲဖြစ်ခဲ့တယ်။

လူတိုင်း စားပွဲဝိုင်းထဲမှာ ထိုင်နေခဲ့ကြပြီး ဆုဆုကလည်း ဧည့်သည်တွေကို နှတ်ဆက်ဖို့ ကလေးကိုခေါ်ပြီး ထွက်လာခဲ့တယ်။

လူတိုင်းက အစပိုင်းမှာ ကောင်းစွာစားသောက်ကြပေမယ့် ရုတ်တရက် အပြင်လူတစ်ယောက် အော်ဟစ်လာခဲ့တယ်။

“ငါတို့ ဖောက်ပြန်နေတဲ့စုံတွဲကိုဖမ်းမိခဲ့တယ်၊  လူတိုင်းပဲ ခွေးထီးနှင့်ခွေးမစုံတွဲကိုလာကြည့်လိုက်ကြ”

ထို့နောက် အော်ရယ်သံများ ထွက်ပေါ်လာခဲ့တယ်။

ဆုဆု ဆိုးရွားတဲ့ခံစားချက်ကို ရရှိလိုက်တယ််။

ခဏကြာတော့ လူတစ်ချို့က ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဆွဲပြီး ရောက်လာခဲ့တယ်။ သူတို့တွေက  ပိုလို့ အရှက်ခွဲခံနေရပြီး အဝတ်အစားတွေကိုလည်းစုတ်ဖြဲခံထားရပုံပေါ်တယ်။

အမျိုးသမီးက ကြိုးကြိုးစားစား ရုန်းကန်နေခဲ့ရပြီး အမျိုးသားရဲ့ မျက်နှာကတော့ ရိုက်နှက်ခံရမှုကြောင့်  ရောင်ရမ်းနေခဲ့ကာ စကားတောင် မပြောနိုင်ဘူး။ တစ်ဖက်မှာတော့ ချင်ယွဲ့ယွဲ့က အလွန်မြင့်မြတ်တဲ့ပုံနှင့် ဘေးမှာရပ်နေခဲ့တယ်။

စာအုပ်ထဲမှာ ရေးထားသလိုပဲ။ ဒါပေမယ့် ဒါက တစ်နှစ်လောက် ပိုစောနေခဲ့တယ်။ သူတို့က ဘယ်လိုအကြောင်းပြချက်ကြောင့် အဖမ်းခံခဲ့ရတာလဲ?

မုဆိုးမလေးက လင်းချွမ်ရဲ့ ဇနီးမဟုတ်သလို၊ ခြေဆွံ့တဲ့လူကလည်း သူမနဲ့ ပေါင်းသင်းဆက်ဆံမှု လုပ်နေပုံမရဘူး။ ဟုတ်တယ်မလား?

ဒီခြေမသန်တဲ့လူက မိန်းမရှိနေတာများလား?

သူမ တွေးတောနေတုန်းမှာ သူတို့ကို စားပွဲရှေ့သို့ တွန်းပို့ခံလိုက်ရတယ်။  လူတစ်ယောက်က ရှေ့ကို လှမ်းလာပြီး  :

“ချင်ကျစ်ချင်း ၊ မင်းပြောတာမှန်တယ်၊ ငါတို့ မင်းပြောတဲ့နေရာကနေ ဒီဖောက်ပြန်နေတဲ့ နှစ်ယောက်ကိုဖမ်းမိခဲ့တယ်၊  ဒီမုဆိုးလေးရဲ့ ခန္ဓာကိုယ်က အတော်လေးလှသားပဲ၊ ဒီလိုခန္ဓာကိုယ်မျိုး တော်တော်ရှားတယ်”

(ကျစ်ချင်း/ပညာတတ်)

အဲဒီနောက်မှာတော့ မုဆိုးမလေးကို ဆွဲခေါ်ပြီး မြေကြီးပေါ်ကိုပစ်ချလိုက်တယ်။

“သူမ ယောကျာ်းဘယ်နှစ်ယောက်လောက်ကို  ခိုးယူပေါင်းသင်းပြီးပြီလဲ မသိဘူး၊ မင်းက ဘာကို ဖုံးဖိပြီးကာထားလဲ၊ လူတွေက မင်းကို ရှာတွေ့မှာကို ကြောက်နေတာလား”

“ဟုတ်တယ်၊ သူမက အပျက်မတစ်ယောက်နှင့်တူတယ်၊  မင်းရဲ့ခန္ဓာကိုယ်ကို လူတိုင်းကို ချပြသင့်တယ်၊ ဒါမှ အနာဂတ်မှာ မင်းရဲ့ခန္ဓာကိုယ်ကို ပြစားလို့ မရတော့မှာ”

ကိစ္စကြီးတွေဖြစ်လာမှာကို မကြောက်တဲ့ သန်မာတဲ့အမျိုးသမီးတချို့က စိတ်လှုပ်ရှားစွာနဲ့ သူမရဲ့အဝတ်အစားတွေကို ဆွဲဖြဲလာကြတယ်။

ဆုဆု မျက်မှောင်ကြုတ်လိုက်မိကာ  ပန်းကန်တစ်လုံးကိုကောက်ကိုင်ပြီး ရုတ်တရက် ပစ်ခွဲချလိုက်တယ်။

All Chapters