အခန်း (၁၇၃)
Vol. 18 Ch. 173
ပန်းကန်လုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကျယ်လောင်တဲ့ ကွဲအက်သံထွက်လာတာကြောင့် လူတိုင်းက ရပ်တန့်ကာ သူမကို လှည့်ကြည့်လာကြတယ်။
ဆုဆု: “ရှင်တို့ ဘာလုပ်နေကြတာလဲ”
“ဖောက်ပြန်တဲ့ မုဆိုးမကို ဖမ်းနေတာ၊ ဒီအတွက် စိတ်မပူပါနဲ့ ၊မင်းကမိန်းမကောင်းတစ်ယောက်ပဲ၊ မင်းရဲ့ယောက်ျားကို သူမ ခိုးသွားမှာကို သတိထားသင့်တယ်”
အမျိုးသမီးတစ်ဦးက ပြောလာတယ်။
ဆုဆု လှောင်ရယ်လိုက်တယ်။
“ရှင်က ဘယ်သူလဲ တရားသူကြီးလား? သူတို့နှစ်ယောက် ချစ်ကြိုက်နေတာက ပြစ်မှုပဲလို့ ရှင်ဘာလို့ ဆုံးဖြတ်နေရတာလဲ၊ သူမက မုဆိုးမပဲ၊ ယောက်ျားမရှိဘူး”
“ဒီ မုဆိုးမက ကြိတ်ဆုံနားမှာ လူတစ်ယောက်နဲ့ ခိုးပြီးနမ်းနေတယ်လေ၊ သူမက ဖမ်းဆီးပြီး ရိုက်နှက်ခံရဖို့ ထိုက်တန်တယ်”
အမျိုးသားတစ်ယောက်က ဝင်ပြောတယ်။
ဆုဆု သူတို့ရဲ့ အယူအဆကြောင့် အံ့အားသင့်သွားရတယ်။
“သူတို့က နမ်းနေရုံနှင့် ဖောက်ပြန်မှုအတွက် အဖမ်းဆီးခံလိုက်ရတာလား? ရှင့်မှာ ဒီလိုဖမ်းဆီးဖို့ အခွင့်အရေးမရှိတာကို မပြောနှင့်ဦး၊ ဖမ်းဆီးခွင့်ရှိရင်တောင် ဒီကိစ္စအတွက် တခြားသူတွေကို ဖမ်းပိုင်ခွင့်မရှိဘူး”
“မင်း ဘာလို့နားမလည်နိုင်တာလဲ? ချင်ကျစ်ချင်းက ဒါကို သူမရဲ့မျက်လုံးနဲ့ မြင်ခဲ့လို့ သူမကို ဖမ်းဖို့ တောင်းဆိုတာမဟုတ်ရင် ဒီနှစ်ယောက်က ဘာတွေဆက်လုပ်လာဦးမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ”
“အိုး?”
ဆုဆု ချင်ယွဲ့ယွဲ့ဘက်ကိုကြည့်လိုက်တယ်။ သူမက စေ့စပ်ထားသူရှိနေပေမဲ့ အိမ်ထောင်မပြုခင်မှာ လင်းတုံဟဲနှင့် ဖောက်ပြန်ခဲ့တဲ့သူဆိုပေမဲ့ အခုချိန်မှာတော့ သူမက ကိုယ်ကျင့်တရားရဲ့ အမြင့်ဆုံးနေရာမှာရှိနေသလိုမျိုး တခြားလူတွေကို သတင်းပို့ချင်နေတယ်။
“မစ္စဆု ဒီကိစ္စအတွက် စိတ်မပူပါနဲ့”
တစ်စုံတစ်ယောက်က ဝင်ပြောလာတယ်။
“ကျွန်မက ဂရုမစိုက်ရဘူးလား? ရှင်တို့က လူတွေကို အရှက်ခွဲတာကို လုပ်သင့်တယ်လို့ထင်နေတာလား? တစ်စုံတစ်ယောက်က လွတ်လပ်စွာ ချစ်ကြိုက်လိုက်ရုံနှင့် လက်စားချေခံရမယ်ဆိုရင် ဒီရွာက တကယ်ကို မနေရဲလောက်စရာပဲ”
ဆုဆု စကားပြီးတာနှင့် လင်းချွမ်က အိမ်နောက်ဖေးမှ ပြန်ရောက်လာခဲ့ကာ ဘာဖြစ်နေတာလဲဆိုတာကိုမေးမြန်တော့ တစ်စုံတစ်ယောက်ကရှင်းပြလိုက်တယ်။
သူ့ရဲဘော်ရဲဘက်ရဲ့ ဇနီးသည်ဖြစ်တာကြောင့် သူ့အနေနဲ့ ဂရုစိုက်ပေးရလိမ့်မယ်။ ဒါကြောင့် သူ ပါတီအတွင်းရေးမှူးကိုပြောလိုက်တယ်။
“ကျွန်တော် သူ့ကို မေးစရာရှိတယ်”
အတွင်းရေးမှူး: “မေးလေ”
တကယ်တော့ သူလည်းပဲ ဒီလူတွေက တရားလွန်နေတယ်လိုး ခံစားခဲ့တယ်။ အတွင်းရေးမှူးအနေဖြင့် တခြားလူတစ်ယောက်ကို စုပေါင်းတိုက်ခိုက်ပြီး နာကျင်အောင်ပြုလုပ်တာက ဥပဒေကို ချိုးဖောက်တာပဲဆိုတာ သူသိထားတယ်။
ဟု သူသိသည်။
ထိုအချိန်မှာ လင်းချွမ်က ပြောလာတယ်။
“မင်းရဲ့ခင်ပွန်းသည်က သေသွားပြီဆိုတာကို ငါသိတယ်၊ မင်းရဲ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး သူနဲ့အတူနေဖို့ တကယ်စီစဉ်နေတာလား”
‘သူ’ဆိုတာက ခြေမသန်တဲ့လူကိုပြောချင်တာပဲ။
“ကျွန်မက ကျွန်မရဲ့ တစ်သက်လုံး သူနဲ့ အတူတူ နေဖို့ စီစဉ်နေပေမယ့် သူက သဘောမတူဘူး”
“ဘာလို့ သဘောမတူတာလဲ”
လင်းချွမ်က ခြေဆွံ့တဲ့လူကို ကြည့်ပြီး ထပ်မေးလိုက်တယ်။ သူက မုဆိုးမကို စောင့်ရှောက်ချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ဒီလူက မယုံကြည်ရဘူးပဲ။
“ငါ၊ ငါ့ရဲ့ခန္ဓာကိုယ်က မကောင်းဘူး၊ ငါ့ကြောင့် သူ့ကို လူတွေ စော်ကားမှာကို ငါကြောက်တယ်”
ခြေဆွံ့နေတဲ့လူက ရွာထဲမှာ အမြဲလိုလို နှိမ့်ချခံရပြီး အများအားဖြင့် လူကွယ်ရာမှာသာ ပုန်းနေတတ်ကာ အလုပ်ကိုသာ လုပ်နေလေ့ရှိတယ်။
လင်းချွမ်က ဒီရွာထဲက လူတွေအကြောင်းကို သိနေပေမဲ့လည်း ဆုဆုကတော့ ဒါကို ပထမဆုံးအကြိမ်ကြားဖူးတာပဲ။
ဒီတော့ လင်းချွမ်က ကောင်းမွန်တဲ့ပစ္စည်းဖြစ်လို့ မုဆိုးမလေးက လင်းချွမ်ကို လက်ထပ်ခဲ့တာပဲ။ တခြားလူတွေရယ်မောတာကို ရှောင်ရှားရန် လင်းချွမ်နှင့်အမည်ခံလက်ထပ်ခဲ့ပြီး ထိုခြေမသန်တဲ့လူနှင့်တော့ တိတ်တဆိတ် တွေ့ဆုံခဲ့တယ်။
ဆုဆု ဒေါသထွက်လာရပြီး ရုတ်တရက် ဂရုမစိုက်ချင်တော့ဘူး။
အမျိုးသမီးအားလုံးက ဘာလို့ လင်းချွမ်ကို အသုံးချချင်နေကြတာလဲ။ သူက ဘယ်လောက်တောင် ကံဆိုးနေရတာလဲ။
သနားစရာကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်။
သူမ သူ့အတွက် နားမလည်နိုင်လောက်စရာ ကျောပိုးအိတ်နှင့်ရောက်လာတာ အံ့ဩစရာ မဟုတ်တော့ဘူး။ သူက ဒီဝတ္ထုထဲကအမျိုးသမီးတွေကြောင့် အရမ်းသနားစရာ ကောင်းလွန်းနေတာပဲ။
ချင်ယွဲ့ယွဲ့: “ဒါဆို မင်းက တကယ်ပဲ အဲလိုကိစ္စတွေရှိနေတာပဲ ဟုတ်တယ်မလား၊ ဒီလိုလုပ်တာက ရွာကို သိက္ခာချနေတာပဲ”
ဟား၊ သူမက လက်မထပ်ခင် လိင်ကိစ္စမရှိခဲ့သလိုမျိုးပဲ။
ဆုဆု ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ ချင်ယွဲ့ယွဲ့ ထိုရယ်သံကြောင့် သူမရဲ့ နှလုံးသားကို တစ်နေရာမှာ ဖောက်ထွင်းခံလိုက်ရသလို ခံစားခဲ့ရတယ်။
သူမက အခု ရွာမှာ မွန်မြတ်သူတစ်ယောက်ဖြစ်လိုပြီး ထိုလူတွေက တစ်သက်လုံး သူမကို မျှော်ကြည့်နေစေရတာဖြစ်စေချင်ပေမဲ့ ဆုဆုရှိနေသရွေ့ မအောင်မြင်နိုင်ဘူးလို့ထင်ရတယ်။
သူမရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုက ဆုဆုကြောင့် ခြေထောက်နှင့် နင်းခြေခံလိုက်ရပြီး ထာဝရ နာကျင်နေရတော့မလိုမျိုး။
“နင်ဘာလို့ရယ်နေတာလဲ?”
“ငါဘာလို့ ရယ်နေလဲဆိုတာ နင်မသိဘူးလား ၊ တခြားလူတွေက အချစ်ကိုရှာချင်ရုံပဲလေ၊ ဒါကို ဖောက်ပြန်တယ်လို့ခေါင်းစဥ်တပ်ရအောင် နင့်ခေါင်းထဲမှာ ဘယ်လိုများတွေးနေတာလဲ? နင်က သူတို့ နှစ်ယောက်ကို အနိုင်ကျင့်နေရုံသက်သက်ပဲ”
လင်းချွမ်: “မင်းရဲ့ခန္ဓာကိုယ်က ဘယ်လိုပဲဖြစ်နေပါစေ ဒီမိန်းမက မင်းနောက်ကိုလိုက်ချင်ရင် မင်းတာဝန်ယူရမှာပဲ၊မင်း ယောကျ်ားပီပီသသ မလုပ်နိုင်ဘူးလား”
“ငါ... လုပ်နိုင်တယ်”
ဒုက္ခိတလူက အခုတော့ ရွေးချယ်စရာမရှိတော့ဘူး။ သူတို့ နှစ်ယောက်ကိုမြင်သွားပြီဖြစ်လို့ မလွတ်မြောက်နိုင်တော့ဘူး။ ဒါက ယောကျ်ားတစ်ယောက်ရဲ့ တာဝန်ပဲ။ သူများတွေပြောတာကိုမကြိုက်ရင် ဒဏ်ရာကိုသက်သာအောင် လုပ်ရမယ်။
ခြေဆွံ့နေတဲ့လူရဲ့ စကားကိုကြားတော့ လင်းချွမ် ဆက်ပြောလိုက်တယ်။
“ကောင်းပြီ၊ လူတွေကို လွှတ်လိုက်တော့၊ မင်းတို့နှင့် ဘာမှမဆိုင်တော့ဘူး”
အမျိုးသားတွေက လင်းချွမ်ရဲ့ စကားကို နားထောင်ကြတယ်။ ဒါ့အပြင် ထိုနှစ်ယောက်က တစ်ယောက်က လက်ထပ်ဖို့ သဘောတူပြီး နောက်တစ်ယောက်က လက်ထပ်ဖို့ဆန္ဒရှိတယ်လေ။ သူတို့နှင့် မဆိုင်တော့ဘူး။
ဒါပေမယ့် တစ်ဖက်က ချင်ယွဲ့ယွဲ့ကပြောလာတယ်။
“သူတို့ နှစ်ယောက်က ငါတို့ရွာရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်၊ ဘာလို့ သူတို့ကို အပြစ်မပေးဘဲ လွှတ်လိုက်ရမှာလဲ? ငါတို့ရွာကို လာတဲ့သူတွေက သူတို့ကိုတွေ့သွားရင် ဘယ်လိုလုပ်မလဲ”
ဆုဆု ပြုံးပြီးပြောလိုက်တယ်။
“လူနှစ်ယောက်က အချင်းချင်း ချစ်ကြိုက်ပြီးနမ်းခဲ့တယ်၊ ဘယ်သူကမှ အော်မပြောရင် ဘယ်သူကသိနေမှာလဲ? နင်နှင့် နင့်ရဲ့ယောက်ျားကရော မနမ်းဘူးလား? သူတို့က ငါတို့ရွာရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ပြောမယ်ဆိုရင် .. နင်ကရော?”
“နင်... ငါတို့ကလက်ထပ်ပြီးပြီ”
“နင်တို့တွေ လက်မထပ်ခင်မှာလည်း နမ်းနေမလားဆိုတာ ဘယ်သူက သိမှာလဲ ၊ ဘယ်သူကမှ မမြင်လို့ မထိခိုက်စေဘူး၊ တစ်ယောက်ယောက်က မြင်ရင် အပြစ်ပေးခံရလိမ့်မယ်၊ အဲလိုလား? နင်က လူတွေကို အနိုင်ကျင့်နေတာ”
ချင်ယွဲ့ယွဲ့: “သူတို့က မုဆိုးမနဲ့ ခြေမသန်တဲ့ အာ့လျို့ဇီ(လက်ကြောမတင်း၊အလုပ်မလုပ်တဲ့လူ)ပဲ! လူကောင်းတွေ မဟုတ်ဘူး”
ဆုဆုအနေနဲ့ အစပိုင်းက ဝင်မပါချင်တော့ပေမဲ့ ချင်ယွဲ့ယွဲ့ရဲ့ တခြားလူတွေကို ကိုယ်ကျင့်တရား ပြန်ပေးဆွဲတဲ့နည်းလမ်းကို မြင်လိုက်ရတော့ စိတ်အနှောက်အယှက်ဖြစ်လာခဲ့ကာ အေးစက်စွာပြောလိုက်တယ်။
“နင့်ကိုနင် အရမ်းမြင့်မြတ်တဲ့ပုံစံမျိုးနဲ့ လာမပြောနေစမ်းနဲ့၊ တစ်ခါလာလည်း မုဆိုးမ၊ တစ်ခါလာလည်းမုဆိုးမ၊ သူမက မုဆိုးမပဲ၊ အဲဒါ ဘာမှားနေလို့လဲ၊ သူတို့ ဘယ်လောက်ဒုက္ခခံပြီး ဘယ်လောက်ထိ စိတ်သောကရောက်နေခဲ့ရလဲဆိုတာ နင်သိရဲ့လား၊
သူတို့ကရော သူတို့ရဲ့ခင်ပွန်းသည်တွေကို သေစေချင်မှာတဲ့လား? နောက်ပြီး သူ့ရဲ့ခြေထောက်က မသန်တာနှင့် အားလျို့ဇီနှင့် နှိုင်းတယ်ပေါ့? သူက အာ့လျို့ဇီတစ်ယောက်ဆိုရင်တောင် ဘယ်သူက ထိခိုက်စေခဲ့လို့လဲ ၊
နင်က ထင်ရာမြင်ရာကိုစွပ်စွဲပြီး လူတိုင်းကို ဖိနှိပ်အာဏာပြချင်နေတာပဲ၊ ဒီလိုလူမျိုးက ရှက်စရာအကောင်းဆုံးပဲ၊ သူတို့ကိုယ်သူတို့ အဆင့်အတန်းမြင့်တယ်လို့ ထင်ပြီး လူတိုင်းရဲ့ဘဝတွေကိုဆုံးဖြတ်ချင်နေတာ? တကယ့် အရှင်းရှင်လိုလူမျိုးပဲ”
ဒီဘက်ခေတ်မှာ အရင်းရှင်စနစ်ရဲ့ အရိပ်ဆိုးတွေ ကျန်ရှိနေဆဲဖြစ်လို့ ထိုဦးထုပ်ကြီးတစ်လုံးနှင့် စွပ်ပေးခံလိုက်ရတာနှင့် ချင်ယွဲ့ယွဲ့ရဲ့ မျက်လုံးတွေက နီရဲလာခဲ့တယ်။
“ငါက ဒီရွာအတွက် ကောင်းစေချင်လို့ပြောနေတာ! တကယ့်အရင်းရှင်လိုလူက ဒီဒုက္ခိတပဲ!”
“ဟား၊ ခြေဆွံ့နေတဲ့လူက အရင်က မင်းကို ဂျုံခုတ်ဖို့ကူညီပေးခဲ့တယ်၊ အဲဒီတုန်းကတော့ မင်း ငိုယိုပြီး ကျေးဇူးတင်ပါတယ် အစ်ကိုတာ့ကျူးဆို၊ အခုကျတော့ ဒုက္ခိတတဲ့လား?
မစ္စဆု အခုပြောသွားသလိုပဲ၊ ငါကရော မုဆိုးမဖြစ်ချင်တယ်လို့ မင်းထင်နေတာလား၊ ငါ့ရဲ့ခင်ပွန်းသည် သေတာက ငါ့အတွက်ကောင်းတယ်လို့ထင်နေတာလား?
ဒါပေမယ့် ငါက ဘာတတ်နိုင်မှာလဲ၊ သူက အဖေမဲ့သားတစ်ယောက်နှင့် မုဆိုးမတစ်ယောက်ကို ထားခဲ့ပြီး ထွက်သွားပြီ၊ ငါ့မှာသာ ရွေးချယ်ခွင့်ရှိရင် ငါလည်း သူနှင့်ဘဲ ကျန်ရှိနေတဲ့ တစ်ဘဝလုံးအတူရှိချင်တာပေါ့၊
ဘယ်လောက်ပဲ ခက်လဲကြမ်းတမ်းနေပါစေ၊ ငါက သူနှင့်ဆက်နေလို့မရတော့ဘူး၊ ငါ့မှာက သားတစ်ယောက်ရှိနေသေးလို့ ဖြေသာစရာရှိသေးတယ်၊ မုဆိုးမလင်းက တစ်ကောင်ကျွတ်တစ်ယောက်တည်းပဲ ကျန်ခဲ့ရှာတာ၊
မုဆိုးမလင်းရဲ့ ခင်ပွန်းသည်ဆုံးလို့ နောက်တစ်နေ့မှာပဲ သူမကို လက်ထပ်ချင်တဲ့သူရှိတာကို ငါကြားခဲ့တယ်၊ ဒါပေမယ့် သူမက တစ်ယောက်တည်းပဲနေတယ်ဆိုတာ လူတိုင်းသိတယ်၊
တစ်ချို့လူတွေက တစ်နေ့လုံး လူတွေကို အနိုင်ကျင့်ဖို့ပဲတွေးနေတာပဲ၊ ငါ, မုဆိုးမချောင်က လူကောင်းမဟုတ်ပေမဲ့၊ ဒါပေမယ့် ဒီလိုကိစ္စမျိုးကိုတော့ လက်မခံနိုင်ဘူး”
အစပိုင်းမှာတော့ လူတိုင်းက ဘာမှ မပြောကြပေမဲ့ မုဆိုးမချောင်ရဲ့စကားကိုကြားတော့ အမှန်ပဲလို့ တွေးမိလာကြတယ်။
ချင်ယွဲ့ယွဲ့ အေးစက်စွာ နှာမှုတ်လာတယ်။
“ငါ့အလုပ်မှာ ကူညီပေးခဲ့တဲ့အတွက် သူ့ကိုကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီမုဆိုးမလင်းက ယောက်ျားတွေကို ကောင်းကောင်းမစီမံနိုင်ဘူး၊ သူ့ရဲ့ အရင်ယောကျာ်းကလည်း ကလေကချေဖြစ်ပြီး လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတာ၊
ဒီလိုလုပ်ရပ်တွေက မမှန်ဘူး၊ ငါသာဆိုရင် အဲဒီလူကို သေသေချာချာစောင့်ကြည့်နေမှာ၊ ဒါဆိုရင် အခုလိုမျိုး ခွေးလိုဝက်လို သင်္ဂြိုဟ်စရာအလောင်းတောင်မရှိဘဲ သေမှာမဟုတ်ဘူး”
ဘန်း..
လင်းချွမ်က သူ့ရဲ့ရှေ့မှ စားပွဲကို လက်သီးနဲ့ ထိုးလိုက်တယ်။
သူ့ရဲ့ မျက်လုံးတွေကနီရဲပြီး ပြောလာတယ်။
“မင်း ဒီစကားကို ထပ်ပြောရဲရင် ပြောကြည့်လိုက်စမ်း၊ မင်းဘာကိုမှ မသိထားဘဲ လင်းတာ့ယွင်က သင်္ဂြိုဟ်ဖို့ နေရာမရှိဘဲသေသွားတဲ့အကြောင်းကို စကားဟမနေနဲ့!
သူက သူရဲကောင်း အာဇာနည်တစ်ယောက်ပဲဆိုတာ မင်းသိရဲ့လား? သူက အာဇာနည်တစ်ယောက်ပဲ!
လက်ထပ်ပြီးတဲ့ နောက်တစ်ရက်မှာ သူ ထွက်သွားချင်ခဲ့တယ်လို့ မင်းထင်နေလား ၊ တိုင်းပြည်အတွက် လိုအပ်လို့ သူ ထွက်သွားခဲ့ရတာ ၊ သူ ... လူဆိုးဂိုဏ်းကကောင်တွေက သူ့ကိုဓားနဲ့ထိုးပြီး မီးရှို့သတ်ပစ်လိုက်တယ်၊ သူ့ရဲ့ ခန္ဓာကိုယ်ကိုတောင်အပြည့်အစုံပြန်မရခဲ့ဘူး၊
သူ့မှာ မြှပ်နှံစရာနေရာတောင် မရှိဘဲ သေခဲ့ရတယ်၊ ဒါတွေအားလုံးက တိုင်းပြည်အတွက်ပဲ၊ အခုချိန်မှာ သူ့ရဲ့ အထောက်အထားကို မဖော်ထုတ်နိုင်သေးတဲ့အတွက် သူရဲ့အကြောင်းကို ထုတ်မပြောနိုင်သေးဘူး၊ ဒါပေမယ့် မကြာခင်မှာ သူ့ရဲ့ရုပ်အလောင်းကို အာဇာနည်ဗိမာန်ဆီကို ရွှေ့သွားတော့မှာ”
ချင်ယွဲ့ယွဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ထိတ်လန့်နေခဲ့တယ်။ ထိုသို့သော အခြေအနေမျိုးကို သူမ မမျှော်လင့်ထားခဲ့ဘူး။
ဇာတ်ကွက်က တခဏချင်းမှာ ပြောင်းပြန်ဖြစ်သွားပြီး တခြားသူတွေကို မထီမဲ့မြင်ပြုချင်တဲ့ မျက်နှာပေါ်မှာ ကိုယ်ချင်းစာတဲ့ မျက်လုံးတွေ ချက်ချင်းပေါ်လာခဲ့တယ်။
မုဆိုးမငယ်လေးက ရုတ်တရက် မျက်ရည်တွေကျလာရတယ်။
“အရင်တုန်းက တစ်ယောက်ယောက်က ပိုက်ဆံတွေလာပေးတာ အံ့သြစရာတော့ မရှိတော့ဘူး၊ ကျွန်မက ပိုက်ဆံတွေကို မရှင်းမလင်းဖြစ်နေတယ်လို့ ထင်တဲ့အတွက် မသုံးရဲခဲ့တာ၊ ဒါပေမယ့် အဲဒါကို ရဖို့အတွက် သူ့ရဲ့အသက်နှင့် လဲခဲ့ရတာပဲ”
သူ့ကို ဖမ်းချုပ်ထားတဲ့လူက လွှတ်ပေးလိုက်တဲ့အတွက် ခြေမသန်တဲ့လူက သူမဆီကို လျှောက်လာပြီး ထိုင်ချလိုက်တယ်။
“မငိုပါနဲ့”
**