← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

ချင်ယွဲ့ယွဲ့က ဒီတစ်ကြိမ်မှာ သူမအနေနဲ့ ရွာသားတွေကြားမှာ မတ်မတ်ရပ်နေနိုင်တော့မှာမဟုတ်ဘဲ လူရွှင်တော်တစ်ယောက် ကခုန်နေသလိုမျိုး တစ်ချိန်လုံး လှောင်ပြောင်ခံရတော့မျိုး ဖြစ်လာနိုင်တာကို သိရှိသွားခဲ့တယ်။

သူမက သူမကိုယ်သူမ ကယ်တင်နိုင်ရန်အတွက် သူတပါးကို မထီမဲ့မြင်ပြုရခြင်းကို စွဲလမ်းနေသလိုမျိုး ပြောလာခဲ့တယ်။

“သူမရဲ့ ယောကျာ်းက အာဇာနည်တစ်ယောက်ဆိုမှတော့ သူမက ပိုလို့တောင် စောင့်ထိန်းသင့်တယ်”

“နင်က လင်းတုံဟဲနဲ့ ကွာရှင်းထားတာ တစ်လတောင်မပြည့်သေးပဲ နောက်ထပ်ရည်းစားတစ်ယောက်ထားနေတယ်၊ လင်းတုံဟဲက သေသွားတာတောင်မဟုတ်ဘူး၊ ဒါကို ဘာလို့မစောင့်ထိန်းခဲ့တာလဲ?”

ဆုဆု အေးစက်စွာပြောလိုက်တယ်။

လင်းချွမ်: “ငါတို့က စစ်သားတွေပဲ၊ စစ်သားတွေက သူတို့ရဲ့ အမျိုးသမီးတွေကို ဘယ်တော့မှ စိတ်မချမ်းမသာ မဖြစ်စေချင်ကြဘူး၊ သူတို့သေသွားရင် သူတို့အမျိုးသမီးတွေက ပျော်ရွှင်ရတဲ့ဘဝမှာဆက်နေနိုင်ဖို့ မျှော်လင့်တယ်၊ ‘ငါ့ အတွက် စိတ်မပူပါနဲ့၊ တစ်နေ့နေ့မှာ ငါမရှိတော့ရင် အသက်ရှင်သန်ဖို့အတွက် လူကောင်းတစ်ယောက်ကို ရှာဖွေလိုက်ပါ’ ဒါက ငါ့ရဲ့ သေတမ်းစာပဲ”

သူပြောပြီးတာနှင့် ဆုဆုဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဆုဆုရဲ့မျက်လုံးတွေက နီနေလာတာကိုမြင်တော့ နှစ်သိမ့်ပေးလိုက့တယ်။

“စိတ်မပူပါနဲ့၊ ကိုယ်မင်းကို စိတ်ဆင်းရဲရအောင် မလုပ်ဘူးလို့ ကတိပေးပါတယ်”

လင်းချွမ်က ခိုင်မာပြတ်သားစွာနှင့် ထပ်ပြောခဲ့တယ်။

“ဒီတော့ ချင်ယွဲ့ယွဲ့ ၊ ငါ့အိမ်က ထွက်သွားလိုက်တော့၊ နောင်အနာဂတ်မှာ မင်းကို ငါတို့ ကြိုဆိုမှာ မဟုတ်ဘူး”

ချင်ယွဲ့ယွဲ့က တစ်ခုခု ပြောချင်နေသေးတယ်။ သူမအနေနဲ့ ဒီလောက်ကြီးမားတဲ့ နာကျည်းမှုကို တစ်ခါမှမခံစားခဲ့ဖူးဘူး။ အထူးသဖြင့် လင်းချွမ်က မူလက သူမရဲ့ စေ့စပ်ထားသူပဲ။ ဒါပေမယ့် အခုတော့ သူက သူမကို လုံးဝ အလေးအနက်မထားတော့ဘူး။

ဒါပေမယ့် အဒေါ်လင်းက ရုတ်တရက် ရောက်လာပြီးသူမကို ဆွဲထုတ်ကာ ပြောခဲ့တယ်။

“ဘာလုပ်နေတာလဲ၊ မြန်မြန်ပြန်သွားလိုက်၊ ဒီမှာလာပြီး အိမ်ကို အရှက်ခွဲမနေနဲ့”

လူပေါင်းများစွာက လက်ညိုးထိုး ပြောနေခဲ့ကြပြီး မုဆိုးမချောင်က ပြောလာတယ်။

“ချင်ကျစ်ချင်းက မသေမျိုးတစ်ယောက်ပဲ၊ သူမရဲ့မျက်လုံးထဲမှာ သဲတွေကျောက်တွေအတွက် နေရာမရှိဘူး၊ ငါတို့ကတော့ သေမျိုးတွေဖြစ်နေလို့ သေမျိုးတွေ လုပ်သင့်တဲ့အရာကို လုပ်ရဦးမယ်”

ထို့နောက် သူမက နေရာမှာ ပြန်ထိုင်ပြီး ဆက်စားနေခဲ့တယ်။

လူတိုင်းက ဆက်လက်စားသောက်ကြပြီး တချို့လူတွေက မုဆိုးမလင်းကို ထမင်းစားဖို့ ပြောလာကြတယ်။ ဒါပေမယ့် သူမ ခေါင်းယမ်းပြပြီး ခြေဆွံ့နေတဲ့လူကို ထူမပေးလိုက်တယ်။

“သွားရအောင်”

သူတို့တွေက ဒီနေရာမှာရှိတဲ့ လူတွေကို ယုံကြည်မှု ပျောက်ဆုံးသွားတာဖြစ်နိုင်တယ်။ ဒါကြောင့် ချက်ချင်း ထွက်သွားချင်နေခဲ့ကြတယ်။

ဒါပေမယ့် မထွက်သွားခင်မှာ မုဆိုးမလင်းက လင်းချွမ်ကို ပြန်ကြည့်ပြီး ပြောလာခဲ့တယ်။

“ကျေးဇူးတင်ပါတယ်”

သူက သူမအတွက် သူမ အမျိုးသားရဲ့နာမည်ကို ပြန်လည် သန့်ရှင်းပေးခဲ့တယ်။ အနာဂတ်မှာ သူမအနေနဲ့ နောက်ကျောကိုဖြောင့်ဖြောင့်ထားနိုင်တဲ့လူဖြစ်လာလိမ့်မယ်။

“ကောင်းကောင်းနေပါ”

သူ့ရဲ့ ရဲဘော်က ဒီအမျိုးသမီးကို ကောင်းကောင်းနေသွားစေချင်တယ်ဆိုတာ သူသိတယ်။

အခုကစပြီး လင်းချွမ်ကိုရော လင်းမိသားစုကိုပါ အခွင့်ကောင်းယူမဲ့သူမရှိတော့ဘူး။ အိမ်မှာလည်း လင်းရှန်နှင့် လင်းကျန်းတို့သာ ကျန်တော့တယ်။

ပြီးသွားတဲ့နောက် ဆုဆုက လင်းရှန်ကို ဘယ်တက္ကသိုလ်ကိုတက်ဖို့ စီစဉ်ထားလဲလို့ မေးခဲ့တယ်။

လင်းရှန် “ကျွန်တော် အရှေ့ပိုင်းXတက္ကသိုလ် မှာ စာမေးပွဲ ဖြေချင်တယ်၊ အဆင်ပြေမယ်လို့ထင်လား”

“ကောင်းတယ်၊ ဒါပေမယ့် ဒီနှစ် X တက္ကသိုလ်မှာ နေရာတွေ များများစားစား မရှိဘူး၊ ရမှတ်လိုင်းက အရင်နှစ်တွေထက် ပိုမြင့်တယ်”

လင်းရှန်ရဲ့ စာလေ့လာမှုက ရှေ့တန်းမှာရှိပေမဲ့ နိုင်ငံရဲ့ထိပ်တန်းမှာတော့ မရှိဘူး။ လင်း မိသားစုက ဦးနှောက်ကောင်းပေမဲ့လည်း X တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခြင်းက ဒီခေတ်မှာ အတော်လေး ကောင်းမွန်တယ်ဟု ယူဆနိုင်တယ်။

လင်းရှန်: “ကျွန်တော် ကြိုးစားကြည့်ချင်တယ်”

“ ဒါဆို ကြိုးစားလိုက်၊ ငါပြန်သွားရင် စာတိုက်က လေ့လာသင့်တဲ့စာအုပ်တွေပို့လိုက်မယ်၊ တစ်ခါတည်း စာမေးပွဲမအောင်ရင်လည်း ကိစ္စမရှိပါဘူး၊ နောက်နှစ် စာမေးပွဲထပ်ဖြေလို့ရတယ်”

ဆုဆုရဲ့ စကားကြောင့် လင်းရှန်ရဲ့စိတ်ထဲမှ ဖိအားတွေ အများကြီး လျော့ကျသွားခဲ့တယ်။ မကြာသေးခင်တုန်းက သူ့အနေနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအကြောင်းကို စဉ်းစားရင်း ကျောင်းကောင်းကောင်းမှာတက်ရောက်နိုင်ဖို့ ဖိအားတွေ အရမ်းများနေခဲ့ပြီး အသက်ရှုလို့တောင်မဝလုနီးပါး ဖြစ်နေခဲ့တာ။

သို့ပေမဲ့ ကောလိပ်ဆရာမတစ်ယောက်ဖြစ်တဲ့ မရီးဖြစ်သူက ဒီနှစ်မရရင်တောင် နောက်နှစ်မှာဖြေလို့ရကြောင်း ပြောခဲ့တယ်။ သေချာတာပေါ့။ ဒါက စိတ်သက်သာရာရဖို့ နည်းလမ်းရှာရုံပဲ။ တကယ်ကြီး နောက်တစ်နှစ် စာမေးပွဲမဖြေချင်ဘူး။

ဆုဆုက ပေါ့ပေါ့ပါးပါးနဲ့ ပြောခဲ့တယ်။

“မင်း တက္ကသိုလ်တက်တဲ့အချိန်ကျရင် မင်းရဲ့မရီးက မြို့ထဲမှာ မိသားစုတွေနေဖို့ အိမ်တစ်လုံးဝယ်လိုက်မယ်၊ လူတိုင်း အဲဒီကို အိမ်ပြောင်းလို့ရပြီ”

အဖေလင်းက ချက်ချင်းပဲလက်ကိုဝှေ့ရမ်းလာတယ်။

“ငါတို့တွေ အဲဒီမှာလုပ်စရာ အလုပ်လည်းမရှိဘူး၊ အလုပ်မှတ်လည်း မရနိုင်ရင် ငါတို့ငတ်သေလိမ့်မယ်”

“ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ အခုခေတ်မှာ ကုန်စုံဆိုင်ဖွင့်တာက ခေတ်စားနေတယ်၊ အဖေတို့ဖွင့်ဖို့ ဆိုင်တစ်ဆိုင် ရှာလိုက်မယ်၊ ပြီးရင် အဲဒါက မိသားစုစရိတ်အတွက် လုံလုံလောက်လောက်ရလာလိမ့်မယ်။”

ဆုဆုက စနောက်နေတာ မဟုတ်ဘူး။ သူမ ဒါကို တွေးထားပြီးပြီ။

လင်းချွမ် မျက်လုံးပြူးသွားပြီး ဝင်ပြောလာတယ်။

“ဒါက အကြံကောင်းပဲ”

အဲဒီ အချိန်ကိုရောက်ရင် အိမ်က အနီးမှာပဲရှိနေလို့ အိမ်ကိုပြန်ရတာ ပိုအဆင်ပြေသွားလိမ့်မယ်။ အထူးသဖြင့် သူ့မိဘတွေက အရမ်းအသက်ကြီးနေပြီး အလုပ်တွေမလုပ်နိုင်တော့တဲ့အတွက်ကြောင့် မြို့ကို ရွှေ့တာက ပိုကောင်းတယ်။

အရေးကြီးဆုံးကတော့ သူ့ရဲ့ ဇနီးက ဒီအတွက်အရည်အချင်းရှိပြီး ကူညီပေးနိုင်တယ်။

အမေလင်း: “ငါတို့တွေ မင်းတို့ကို မနှောင့်ယှက်ချင်ပါဘူး”

ကလေးတွေရဲ့စိတ်ရင်းအတွက် သူမ အလွန်ကျေးဇူးတင်မိပေမဲ့လည်း သူမနှင့် သူမရဲ့အဖိုးကြီးသာ သွားခဲ့ရင်ကလေးတွေကို ဖိအားဖြစ်စေလိမ့်မယ်။

ဆုဆု “ဒါက ဘယ်လိုလုပ်ပြီး အနှောင့်အယှက်ဖြစ်မှာလဲ၊ အစကတည်းက ကျွန်မတို့လိုသားသမီးတွေက အမေတို့ကို ပြုစုလုပ်ကျွေးရမှာပဲလေ၊ ဒါပေမဲ့ ကျွန်မတို့က အလုပ်ကိစ္စကြောင့် အဲဒီမှာပဲ နေနေရတာ၊ ကျွန်မတို့တွေ အမေတို့ကို လွမ်းနေတုန်းပဲ၊ အမေတို့ အဲဒီကိုလာခဲ့ရင် မကြာခဏတွေ့နိုင်သလို ပြုစုလုပ်ကျွေးဖို့လည်း အဆင်ပြေသွားလိမ့်မယ်”

အမေလင်းက သူမရဲ့ချွေးမပြောတာ မှန်တယ်လို့ ခံစားရတယ်။ နောက်ဆုံးအကြိမ် သူ့မရဲ့ခင်ပွန်းသည် ရုတ်တရက်ဖျားသွားတော့ လင်းချွမ်က သူ့ကို ညတွင်းချင်း မခေါ်သွားခဲ့ဘူးဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးလေ။

လင်းချွမ်က သူ့ဇနီးလေးရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး ကျေးဇူးတင်ကြောင်း တိတ်တဆိတ်ဖော်ပြခဲ့တယ်။

ညစာစားဖို့ အနောက်ဘက်မှ လူငယ်စုံတွဲကို ခေါ်ခဲ့ချိန်မှာ သူတို့နှစ်ယောက်ရဲ့ အမူအရာတွေက အတော်လေးကို အနေခက်နေသလိုဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ သတို့သမီးအခန်းကို ဝင်ရောက်ပြီးရင် ဆက်ဆံရေးက ပိုပြီးတော့ တိုးလာမှာ သေချာပေါက်ပဲ။

ညစာစားပြီးနောက် သူတို့အားလုံး အနားယူခဲ့ကြတယ်။ သတို့သမီးအခန်းအကြောင်းကိုတော့ ဘယ်သူကမှ မမေးခဲ့ကြဘူး။

အိမ်ခန်းထဲကိုဝင်ပြီးနောက့ လင်းချွမ်က မေးလာတယ်။

“ဇနီးလေး မင်းတကယ် အဲလိုတွေးထားတာလား”

“ဟုတ်တယ်၊ ကျွန်မတို့ရဲ့မိဘတွေက ဒီနေရာမှာ ပင်ပင်ပန်းပန်းလယ်လုပ်နေရတာကိုသိတော့ ကျွန်တို့လည်း မပျော်နိုင်ဘူးလေ၊ တခြားလူတွေကလည်း ကျွန်မတို့ကို ဝတ္တရားမကျေပွန်ဘူးလို့ ပြောကြလိမ့်မယ်၊ နောက်ပြီး လင်းဟိုင် အိမ်ထောင်ကျပြီးရင် သူတို့နှစ်ယောက်ရဲ့ လစာကလည်း မနည်းဘူး

ရှင်နှင့်ကျွန်မမှာလည်း လစာတွေ အများကြီးရှိတယ်၊ တစ်ယောက်ကို နည်းနည်းလောက် ပေးရင် ဘာမှမဖြစ်သွားဘူး၊ အရေးကြီးဆုံးက သူတို့ကို ကုန်စုံဆိုင်ဖွင့်လိုက်ရင် ဝင်ငွေရှိလာမှာပဲ၊ ဒါဆိုရင် သေချာပေါက် ဖူလုံနေနိုင်တယ်”

ကုန်စုံဆိုင်တွေက ခေတ်မီစူပါမားကတ်အသေးစားတွေထက် အရင်းသက်သာတယ်။ ဒါပေမယ့် ဖုန်းဆိုင်၊ စီးကရက်နှင့် မုန့်လေးတွေက အမြတ်တွေပြန်ရပြီး လုံလောက်အောင်ရှာနိုင်တယ်။

“ကောင်းပြီ မင်းကြိုက်သလို စီမံလို့ရတယ်”

လင်းချွမ်က သူ့ဇနီးရဲ့ အစီအစဥ်တွေက အမြန်တမ်းကောင်းမွန်တတ်ကြောင်း ခံစားခဲ့ရပြီး လုံးဝစိုးရိမ်နေခြင်းမရှိဘူး။ သူက စစ်တပ်ထဲမှာ နောက်ဆုံး ဆုံးဖြတ်တဲ့သူဖြစ်ပေမဲ့ အိမ်မှာတော့ ဇနီးသည်ကသာ နောက်ဆုံး ဆုံးဖြတ်နိုင်တဲ့သူပဲ။

ဇနီးသည်ရဲ့စကားကိုနားထောင်ရင် ဘဝကောင်းကောင်းကို ရလိမ့်မယ်။ ဇနီးသည်ရဲ့စကားကိုနားမထောင်ရင် ခဲယဉ်းတဲ့ ဘဝကို ရလိမ့်မယ်။

မှောင်လာတဲ့အချိန်မှာ အကြီးဆုံးအဒေါ်က အလည်လာခဲ့တယ်။ နောက်ဆုံးမှာတော့ နေ့ခင်းဘက်မှာတုန်းက သူမရဲ့ချွေးမလုပ်ခဲ့တာတွေက အလွန် တရားလွန်ခဲ့ပြီး လင်းဟိုင်ရဲ့ မင်္ဂလာပွဲကို ပြဿနာဖြစ်စေဖို့ လူတွေကို မခေါ်လာခဲ့သင့်ဘူး။

အမေလင်း : “အစ်မရဲ့ချွေးမက အချိန်မရွေး မျက်နှာကို မော်ကြွားပြီး လူတိုင်းထက်သာသလို လုပ်ပြချင်နေတာ၊ အခု သူမက ပျားအုံကို ဓားနဲ့ ထိုးလိုက်တာပဲ၊  ကျွန်မသားက မျက်နှာတွေကို ထောက်ထားတတ်တဲ့လူဖြစ်လးနေလို့သာပေါ့၊  တခြား စစ်သားတွေသာ ဒီလိုစကားကိုကြားခဲ့ရရင် သူမကို ကန်ထုတ်ပစ်မှာသေချာတယ်၊

စစ်သားတွေက တစ်နှစ်ပတ်လုံး အိမ်မှာမရှိတာကိုပဲ မကြည့်နဲ့၊ သူတို့က  သူတို့ရဲ့မိသားစုကို အရမ်းဂရုစိုက်ပြီး သူတို့ ညီအစ်ကိုတွေရဲ့ မိသားစုဝင်တွေကိုလည်း ဂရုစိုက်ပေးတတ်တယ်၊ အစ်မရဲ့ ချွေးမကတော့ ...”

“ တုံ့ဟဲဇီက ဘာလို့ သူမကိုလက်ထပ်ဖို့အတွက် ခေါင်းမာနေခဲ့တာလဲ မသိဘူး၊ သူမကို လက်ထပ်ဖို့အတွက် ငါ့ရဲ့မြေးအကြီးဆုံးကိုတောင်သတ်လိုက်သေးတယ်၊ သူသာ သူမကို လက်မထပ်ခဲ့ရင် သူမက မင်းတို့အိမ်မှာ ဒီလိုပြောဖို့ မျက်နှာမျိုးရှိလာလိမ့်မှာမဟုတ်ဘူး”

“ကျီးကန်းက ဝက်ခြံပေါ်ကို ပြုတ်ကျပြီး ကိုယ်မည်းနေတာကိုမမြင်ဘဲ တခြားသူတွေကိ မည်းနေတယ်လို့ ရှုံ့ချနေတယ်၊ အစ်မရဲ့သားက သူမကြောင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရလို့  အသက်ဆုံးရှုံးလုနီးပါးဖြစ်သွားသေးတယ်”

“အကျင့်သီလကောင်းမွန်တဲ့ ဇနီးသည်ရဲ့ ခင်ပွန်းက ကံဆိုးမှုတွေ နည်းပါးတယ်လု့ပြောကြတယ်၊ ငါကတော့ သူမမှာ ဘယ်လုသီလမှရှိတယ်လို့မထင်ဘူး၊ မင်းတို့ မိသားစုရဲ့ ဆုဆု တကယ်ကိုကောင်းတယ်၊ မနာလိုစရာပဲ”

“ဆုဆုလား၊ သူမက အကုန်လုံးအဆင်ပြေပါတယ်၊ ဒါပေမယ့် အိမ်ကအဘိုးကြီးနဲ့ ကျွန်မကို မြို့ကို ရွှေ့ခိုင်းနေတယ်လေ၊ သူမက အိမ်ဝယ်ပေးပြီး ဆိုင်ဖွင့်ပေးမယ်လို့တောင် ပြောခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်က ဘယ်လိုလုပ် လိုက်လျောညီထွေဖြစ်အောင်နေနိုင်မှာလဲ၊ ကျွမ်မတို့ ဒီမှာနေလာတာ ဘယ်နှစ်နှစ်တောင်ရှိနေပြီလဲ။”

သူမင ညည်းညူနေရင်း တိတ်တဆိတ် ချီးကျူးနေခဲ့တယ်။

“

“

“မင်းရဲ့ချွေးမမှာ ဒီအတွေးရှိရင် အဲဒီကို သွားလိုက်လေ၊ ဒီရွာမှာ ဘာများနေစရာကောင်းလဲ၊ နွေဦးရောက်ရင် ရွှံ့နွံတွေနဲ့ သွားရလာရမကောင်းဘူး၊  လမ်းလျှောက်ချင်ရင်တောင် အပြင်ထွက်လို့ မရဘူး၊ ဆောင်းရာသီကျရင်လည်း အေးလွန်းနေတယ်၊

မင်းရဲ့ သားတွေကလည်း စောင့်ရှောက်ပေးဖို့ ရှိနေတယ်၊ ငါတို့မှာက အဲလို ကံမရှိဘူး၊ ငါတို့ချွေးမက ငါတို့နဲ့ ကွဲကွာသင့်ပြီလို့တောင်  စိတ်ထဲမှာ တွေးမိနေလောက်တယ်၊ ကွမ်းမိသားစုက အတော်လေးကောင်းပေမဲ့ ငါ့ဘဝမှာ အဲလိုကောင်းချီးတွေကို ခံစားနိုင်မှာမဟုတ်လောက်ဘူးထင်ပါတယ်”

အန်တီက သက်ပြင်းချလိုက်တယ်။

**

All Chapters