← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

ဆုဆု  တဲထဲကနေ အမေလင်းတို့ပြောနေတာတွေကို နားထောင်နေခဲ့တယ်။ လင်းတုံဟဲက အဒေါ်လင်းကို မြို့ဆီသို့  မခေါ်ခဲ့ပေမဲ့ ရွာမှာ ကောင်းမွန်စွာနေထိုင်နေအောင် ထားနေတုန်းပဲ။ အနည်းဆုံး သူများတွေထက်တော့ပိုကောင်းသေးတယ်လေ။

ဆုဆု အိပ်ပျော်သွားခဲ့ပြီး သားဖြစ်သူရဲ့ ငိုသံနဲ့နိုးလာခဲ့တယ်။

လင်းချွမ်က မီးကိုဖွင့်လိုက်ကာ သူတို့နှစ်ယောက် ကလေးရဲ့ အနှီးကို လဲပေးကာ နို့ထပ်တိုက်လိုက်တယ်။  ကလေး အိပ်ပျော်သွားတော့ ဆုဆု လင်းချွမ်ကို လှမ်းပြောခဲ့တယ်။

“ကျွန်မတို့ပြန်သွားရင်  လင်းတုံဟဲတို့ကိုမခေါ်နဲ့တော့၊  ကလေးကို နို့တိုက်ရင် ကျွန်မကို အရှက်မရှိဘူးလို့ ပြောနေဦးမယ်”

“အင်း”

ဇနီးသည်စကားကိုနားထောင်ရမယ်။

ဒါပေမယ့် အပြန်မှာ သူတို့ထိုင်ဖို့လည်း နေရာမရှိတော့ပါဘူး။

အမေလင်းက သူတို့ ပြန်တော့မယ်ဆိုတာကိုကြားတော့  ရုတ်တရက် ဝမ်းနည်းသွားခဲ့တယ်။ သားနှစ်​​ယောက်​​က ထွက်သွားပြီဖြစ်ကာ ကျန်​သားတစ်​​ယောက်​ကလည်း မကြာခင် X မြို့တော်ကို မကြာခင်​​သွားတော့မယ်​။ သူတို့မိသားစုမှာ သုံးယောက်ပဲ ကျန်တော့မှာဖြစ်ပြီး  တကယ်ကို ခြောက်ကပ်နေတော့မှာပဲ။

သူမ မြို့ကို လိုက်သွားနိုင်ရင် ပိုကောင်းလိမ့်မယ်။  အနည်းဆုံး အဘိုးကြီးကလည်း ပင်ပန်းတဲ့ အလုပ်တွေကို မလုပ်နိုင်တော့ဘူး။ သူ့အလုပ် တစ်ခုတည်းက ညီအစ်ကို နှစ်ယောက် ပို့တဲ့ ပိုက်ဆံလောက်တောင် မများဘူး။ ဒါကြောင့် သူမ ဒီကိစ္စကို လေးလေးနက်နက် တွေးတောကာ ကလေးတွေ ထွက်ခွာသွားပြီးရင် သူမ မိသားစုရှိ အမျိုးသားနှင့် ဆွေးနွေးရန် စဉ်းစားခဲ့တယ်။

မွေးစားသမီးအတွက်ကတော့ သူမ  အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ။ တခါတရံမှာ အမျိုးသမီးတစ်ယောက်ဖြစ်ရတာက အထစ်အငေါ့ရှိနိုင်ပေမယ့် အရမ်းလည်း သူရဲဘောကြောင်လို့မရဘူး။

နောက်နေ့မနက်စောစောမှာ အငယ်ဆုံးချွေးမ ရှင်းရာက မနက်အစောကြီးထမင်းချက်ဖို့ ရောက်လာခဲ့တယ်။ အမေလင်းက ဘယ်လိုလုပ်ပြီး သူမတစ်ယောက်တည်းကို ချက်ဖို့ခွင့်ပြုနိုင်မှာလဲ။ သူမကိုယ်တိုင် ဝင်ကူခဲ့ပြီး အစားအသောက်တွေကို စားပွဲပေါ်ကို သယ်လာခဲ့တယ်။

သို့ပေမဲ့ လူများလွန်းတာကြောင့် စားပွဲနှစ်လုံးချထားခဲ့ရပြီး မနက်စာစားရတာက အလွန်အသက်ဝင်လွန်းတယ်။

ဆုဆုကတော့ ကလေးတစ်ယောက်နဲ့ ရှိနေပြီး ထမင်းစားတဲ့အချိန်မှာ စစ်တိုက်နေသလို ခံစားရတယ်။ ကံကောင်းထောက်မစွာနှင့် လင်းချွမ်က ကလေးကို ခေါ်သွားတာကြောင့် ထိုအချိန်မှသာ စားသောက်နိုင်ခဲ့တယ်။

ထမင်းစားပြီးတဲ့နောက် ပြန်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်။

လင်းဟိုင်က ခေါင်းညိတ်ပြီး ဇနီးသည်ကိုမေးခဲ့တယ်။

“အားရာရော ဘယ်လိုထင်လဲ”

ဇနီးသည်တွေကို ကြောက်တတ်တဲ့ လင်းမိသားစုမှာ ခါးကို ဖြောင့်အောင် ထားနိုင်တဲ့လူ မရှိဘူး။ အငယ်နှစ်ကောင်သည်လည်း နားမလည်သေးပေမဲ့ အနှေးနှင့်အမြန်ဆိုသလို သင်ယူလာကြလိမ့်မယ်။

ထိုအခိုက်မှာပဲ လင်းကျင်းကမေးလာတယ်။

“ဒုတိယမရီး၊  ပထမ မရီးက တူမလေးကို မမွေးပေးဘူး၊ ဒုတိယမရီး မွေးပေးပါလား”

အမေလင်းက ထမင်းစားပွဲပေါ်ကို ရိုက်ချလိုက်တယ်။

“အားရာ၊ သူ့စကားကို နားမထောင်နဲ့”

  လက်ထပ်ပြီးစ ပထမနေ့မှာ ဘယ်လိုလုပ်ပြီး တူမလေးကို တောင်းနေရတာလဲ။

ဒါပေမယ့် ဆုဆုကတော့ ရုတ်တရက် ရယ်မောလာခဲ့တယ်။  နောက်ဆုံးတော့ သူမလိုမျိုး တူမလေးကို မွေးဖွားပေးဖို့ အတောင်းခံရတဲ့သူ ရှိလာတာကြောင့် ပျော်ရွှင်နေခဲ့လေတယ်။

အခုချိန်မှာတော့ လင်းဟိုင်က သိတတ်နေပြီ။  သူက ရှင်းရာဆီမှာ သမီးတစ်ယောက်အတွက် မတောင်းဆိုရဲတော့ဘဲ ပြောလာတယ်။

“ယောက်ျားလေးဖြစ်ဖြစ်၊  မိန်းကလေးဖြစ်ဖြစ် အဆင်ပြေပါတယ်။

“ဒါဆို ကိုယ့်ဘာသာကိုယ်မွေးလိုက်လေ”

ရှင်းရာ ရှက်ရွံ့နေတဲ့ မျက်နှာနှင့် ပြောလိုက်သည်။

“ဟုတ်တယ်၊ မင်းတို့ရဲ့တူမလေးကို မင်းတို့ရဲ့ ဒုတိယအစ်ကိုကို မွေးခိုင်းကြ”

ဆုဆုကလည်း ရှင်းရာရဲ့ စကားကိုထောက်ခံခဲ့တယ်။

“ကျွန်တော်  ဒုတိယအစ်ကိုကို မေးခဲ့ပြီးပြီ၊အစ်ကိုကြီးတုန်းကသာ .. မမေးရဲခဲ့တာ”

လင်းကျင်းက အခု ပိုပြီးသွက်လာပြီ။  အဓိက ကတော့ သူ့ရဲ့မရီးတွေက ချင်ယွဲ့ယွဲ့လိုမဟုတ်ဘဲ ကောင်းမွန်ကြောင်းကို သူသိနေခဲ့လို့ပဲ။

ဒါကြောင့်  စကားပြောတဲ့အချိန်မှာ သိမ်ငယ်စိတ်မရှိတော့ဘူး။

“အစားအသောက်ကတောင်  မင်းပါးစပ်ကို မပိတ်နိုင်ဘူးလား”

လင်းချွမ်ရဲ့စကားကိုကြားတော့ ညီငယ်နှစ်ယောက် ငြိမ်သက်သွားပြီး အစားကိုပဲ အာရုံစိုက်ကြတော့တယ်။

စားပြီးတဲ့နောက်မှာ အိမ်ပြန်ဖို့အတွက် ထုပ်ပိုးခဲ့ကြတယ်။

ဒီတစ်ကြိမ်မှာတော့ စကားသိပ်မပြောဖြစ်ခဲ့တော့ဘူး။ အစောင့်လေးက ကားကို မောင်းလာခဲ့ပြီး လင်းချွမ်က သူ့ဘေးမှာ ဝင်ထိုင်ခဲ့တယ်။ ဆုဆုက ကလေးကို ပွေ့ချီကာ နောက်ဘက်တွင် ထိုင်ပြီး တစ်ခါတရံ သူမ ပင်ပန်းလာရင် ရှင်းရာနှင့် လင်းဟိုင်တို့နှစ်ယောက်လုံးက ကူညီပြီး ကြည့်ပေးခဲ့တယ်။

လူများထွက်သွားပြီးနောက် အမေလင်းက ပြောခဲ့တယ်။

“ဒါမှမဟုတ် အဘိုးကြီး..  ဟိုမှာ အဆင်သင့်ဖြစ်ရင် ကျွန်မတို့ သွားကြမလား”

“ကျွန်တော်က X တက္ကသိုလ်မှာ သေချာပေါက် ဝင်ခွင့်ရမှာ၊ ပြီးရင် ကျွန်တော်တို့ မိသားစုက မြို့မှာနေဖို့ ပြောင်းရွှေ့ကြမယ်”

လင်းရှန်က သဘောတူစွာပြောလာတယ်။

လင်းကျင်း :”ကောင်းတာပေါ့”

အဖေလင်းက အနည်းငယ်ဝေဝါးစွာပြောလာခဲ့တယ်။

“အခြေအနေအပေါ် ကြည့်ရအောင်”

   သူ့ခန္ဓာကိုယ်က ပင်ပန်းတဲ့အလုပ်တွေကို မလုပ်နိုင်ဘူး။ လင်းကျင်းနှင့် လင်းရှန် နှစ်ယောက်လုံးက ပညာသင်ကြားနေကြပြီး သူတို့ရဲ့ ပညာရေးအဆင့်တွေက ကောင်းမွန်တယ်။ သူတို့ကို လယ်ကွင်းထဲသို့ မသွားစေချင်ဘူး။

မိသားစုက စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်ရှိနေခဲ့တယ်။

ခဏအကြာမှာ လင်းတုံဟဲကလည်း ချင်ယွဲ့ယွဲ့နှင့် ပြန်သွားဖို့ လုပ်ခဲ့တယ်။ သူတို့ရှေ့က မြည်းလှည်းနှစ်စီးက ဖြတ်သွားခဲ့ပေမဲ့ ရပ်မပေးခဲ့ဘူး။

လှည်းပေါ်မှာ လူတွေအများကြီးရှိပေမယ့် လူနှစ်ယောက်ကို ထပ်တင်ဖို့က ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် မုဆိုးမချောင်က လှည်းထဲကနေ ပြောလာတယ်။

  “အိုး၊ ဒါက မသေမျိုး,ချင် မဟုတ်ဘူးလား၊  ငါတို့အားလုံးက မင်းနဲ့အတူ လှည်းတစ်စီးတည်းစီးဖို့ မထိုက်တန်တဲ့ သာမန်လူတွေပဲ၊ ဒီတော့ နောက်တစ်စီးလာတာကိုပဲ စောင့်လိုက်ပါဦး”

ထို့နောက် လှည်းကိုဆက်မောင်းသွားခဲ့တယ်။

လင်းတုံဟဲ ချင်ယွဲ့ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေးတောမိတယ်။

သူက သာမန်လူဖြစ်ပြီး ချင်ယွဲ့ယွဲ့ကတော့ မြင့်မြတ်တဲ့နတ်သမီးဖြစ်ပုံပဲ။  သူဘယ်လောက်ဘဲပြောင်းသွားပါစေ ဒီအချက်ကို မပြောင်းလဲနိုင်ဘူးလို့ ထင်ရတယ်။

သူ့ရဲ့နောက်ခံက ပြောင်းလဲသွားပြီ၊ သူ့ရဲ့ချမ်းသာကြွယ်ဝမှုက ပြောင်းလဲသွားပြီ၊ ဒါဆို သူမနှင့် ဘာလို့ မထိုက်တန်သေးတာလဲ?  သူ့ရဲ့မိဘတွေက နေရောင်အောက်မှာ အလုပ်လုပ်နေခဲ့ရတဲ့ ကျေးလက်ကလူတွေဖြစ်နေလို့လား? 

လုံးဝမဟုတ်ခဲ့ဘူး။ ဒါတွေအားလုံးက သူမရဲ့ကိုယ်ပိုင် စရိုက်လက္ခဏာတွေကြောင့်ပဲ။

သူမက တခြားလူတွေရဲ့ ကောင်းကွက်ကို မမြင်နိုင်ဘူး။ အထူးသဖြင့် ဆုဆုက ဘယ်လောက်ကောင်းလဲဆိုတာကို ပိုလို့တောင် မမြင်နိုင်ဘူး။

ဘာလို့လည်းဆိုတော့ ဆုဆုနှင့်သူမရဲ့အတွေးအခေါ်တွေက  ဆန့်ကျင်ဘက်ဖြစ်နေလို့ပဲ။

သူ အရင်တုန်းက သူတို့နှစ်ယောက်လုံးကို စိတ်ဓာတ်တက်ကြွတဲ့ အမျိုးသမီးတွေလို့ မှတ်ယူခဲ့တယ်။ သူ ချင်ယွဲ့ယွဲ့ကို အစတုန်းက ထိုကဲ့သို့ထင်ခဲ့ဖူးတယ်။

“ယွဲ့ယွဲ့ ငါ ရုတ်တရက် ဟိုးအစကိုပြန်သွားချင်မိတယ်၊ အဲဒီတုန်းက မင်းက အရမ်းကောင်းခဲ့တယ်”

“ဘာလို့ ဒီလိုပြောရတာလဲ၊ လူတွေက အမြဲတမ်း ပြောင်းလဲနေမှာပဲလေ”

“ဒါပေမယ့် လင်းချွမ်က မပြောင်းလဲဘူး၊ ဆုဆုကလည်း မပြောင်းလဲဘူး၊ မင်းတစ်ယောက်တည်းပဲ ပြောင်းလဲသွားခဲ့တယ်၊ ငါလည်းပဲ ပြောင်းလဲသွားခဲ့တယ်”

သူ အစတုန်းက သူမကို အရမ်းချစ်တယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ အဲလောက်ထိ ချစ်တာမဟုတ်ဘူးဆိုတာကို သိလာပြီ။

ချင်ယွဲ့ယွဲ့ : “ကျွမ်မက  မပြောင်းလဲဘူး၊ ကျွန်မက အမြဲတမ်းဒီလိုပဲ ရှိနေခဲ့တာ”

လင်းတုံဟဲ ဘာစကားမှ မပြောတော့ဘူး ။ သူ ကွန်မြူနတီကို ဘယ်လိုသွားရမလဲဆိုတာကိုပဲ တွေးတောနေတော့တယ်။

ဆုဆုတို့ကတော့ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားလုပ်ကိုင်ခဲ့တယ်။

သို့ပေမယ့် သူမ ရင်းနှီးမြုပ်နှံထားတဲ့ စက်ရုံနှစ်ရုံက အလွန်ကောင်းမွန်လာပုံရပြီး စက်ရုံတွေက တစ်ခုက တခြားတစ်ခုထက်ပိုပြီး ကောင်းမွန်လာပုံရတယ်။  သူမရဲ့ အမြတ်ဝေစုက ပိုမိုများပြားလာခဲ့လေတယ်။

အမေလင်းနှင့် အဖေလင်းအတွက် မြို့ပေါ်မှာ  အိမ်ဝယ်ခြင်းက ပြဿနာအသေးလေးသာဖြစ်လာခဲ့ကာ တစ်လကို အမြတ်ဝေစုအနည်းငယ် စုဆောင်းခြင်းနှင့် ဖြေရှင်းနိုင်ခဲ့တယ်။ မူလက ရိုးရိုးအိမ်တစ်လုံးပဲ ဝယ်ဖို့တွေးခဲ့ပေမယ့် အခုတော့ ကောင်းမွန်တဲ့အိမ်ကိုဝယ်နိုင်နိုင်ခဲ့ပြီ။

  သူမက အလွန်ရည်မှန်းချက်ကြီးပြီး အမေလင်းနှင့် အဖေလင်း  ခြံဝန်းကျယ်တစ်ခုဝယ်ကာ စတိုးဆိုင်တစ်ခုဖွင့်ပေးဖို့ လုပ်ခဲ့တယ်။

အခုချိန်က အိမ်တစ်လုံးဝယ်ပြီး အိမ်ခြံမြေဂရမ်လိုင်စင်ရရန် လွယ်ကူတယ်။ နောက်နှစ်အနည်းငယ်ကြာရင်တော့  အိမ်ဈေးက အရမ်းတက်သွားမှာ အသေအချာပဲ။ အခုတောင် အတော်လေးမြန်တဲ့ အရှိန်နှင့်တက်လာတယ်။

ဆုဆုက အိမ်ကို တစ်လလုံးလုံး ရွေးချယ်ခဲ့တယ်။ လင်းဟိုင်ကလည်း ထိုအကြောင်းကိုကြားတော့ ကူညီပေးခဲ့တယ်။  သူက အခုလစာနဲ့ ကော်မရှင်ကြေးအဖြစ် တစ်လ ကိုယွမ် (300) ကျော် ရှိပြီး ရှင်းရာက တစ်လကို ယွမ် (100)ကျော်ရနေခဲ့တယ်။

သူတို့ နှစ်ယောက်ဟာ အလွန်ကောင်းမွန်သာယာတဲ့ ဘဝကို ဖြတ်သန်းနေခဲ့ကြတယ်။ တီဗွီ၊ လျှပ်စစ်ပန်ကာ၊ စက်ဘီးနှစ်စီး၊ ပြီးတော့ ဆုဆုလိုမျိုး ထမင်းပေါင်းအိုးလည်းဝယ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့မရီးက အချိန်မရွေး လက်မှတ်တွေ လာယူဖို့ပြောခဲ့တယ်လေ။

ရှင်းရာ ကိုယ်တိုင်ကလည်း မိဘမရှိတာကြောင့် ချွေးမတစ်ယောက် မိသားစုကို တကယ်ဂရုစိုက်ခဲ့တယ်။ ဒါကြောင့် ဆုဆုကလည်း သူတို့တွေ အိမ်ဝယ်ရာမှာ ရာဂဏန်းအနည်းငယ် ပေးဖို့ သဘောတူခဲ့တယ်။

ဒီနည်းအားဖြင့် မိသားစုနှစ်စုရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် နောက်ဆုံးတွင် အိမ်တစ်လုံးကို တွေ့ရှိခဲ့ပြီး နှစ်တစ်နှစ်ကလည်း အမြန်ကုန်ဆုံးသွားခဲ့တယ်။

အိမ်က ယွမ် ၁၀၀၀ ကျော်ကျပြီး ဆုဆုက ၇၀၀ထည့်ကာ  လင်းဟိုင်က  ၄၀၀ ထည့်ခဲ့တယ်။ ပြီးနောက်  အဆောက် အအုံရဲ့ ဘေးမှာ စတိုးဆိုင်အဖြစ် နှစ်ထပ်အဆောက်အအုံကို တည်ဆောက်ခဲ့တယ်။ တစ်ခန်းတည်းသုံးမယ်ဆိုရင် ပိုတာကို ဌားနိုင်ပြီး အကုန် ငှားမယ်ဆိုရင် တစ်နှစ်ကို 100 ကျော်နှင့် ငှားလို့ရလိမ့်ယ်။ ဒါကြောင့် ဒီတစ်ရာကျော်လောက်က လူအိုကြီးနှစ်ယောက်အတွက် လုံလောက်ပါတယ်။

ဒါ့အပြင် အဖေလင်းနှင့်အမေလင်းတို့က အရမ်းလည်း မအိုသေးဘူး။  ကိုယ်တိုင်ရောင်းရင်လည်း ပြဿနာမရှိနိုင်ဘူး။

အိမ်ရဲ့နောက်မှာ နောက်ဖေးတံခါးရှိပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးရန် ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခုလည်းရှိသေး။

အတိုချုပ်ပြောရရင် အပန်းဖြေရန်နေရာ၊ နေထိုင်ရန်နေရာတို့ ပြည့်စုံတယ်လို့ ဆိုနိုင်တယိ။  အပူပေးစက်အနည်းငယ်ကိုဝယ်ပြီးနောက် အနီးနားမှာရှိတဲ့ အထည်အလိပ်စက်ရုံဧရိယာရဲ့ ဘွိုင်လာနှင့် ချိတ်ဆက်ထားသရွေ့ စုပေါင်းအပူပေးနိုင်တယ်။ ဒါကို ပိုင်လင်းလင်းရဲ့အဖေက စကားတစ်ခွန်းတည်းနှင့် ကူညီပေးခဲ့တယ်။

လင်းချွမ်ကလည်း အတော်လေး တော်လွန်းတယ်။ သူရဲ့စစ်တပ်ရာထူးက တဆင့်ထပ်တိုးလာပြီး အခု ဒုတိယတပ်ချုပ်မှုးအဆင့်ဖြစ်လာတယ်။

အဓိကအကြောင်းအရင်းကတော့ အိမ်မှာ နည်းနည်းပဲနေပြီး အလုပ်ကို ဇောက်ချလုပ်ကိုင်တတ်တဲ့အပြင် သူအလုပ်လုပဲတဲ့ပုံစံက ဖြောင့်တန်းလွန်းတယ်။ သူ့ရဲ့မိသားစုအခြေအနေကလည်း ကောင်းမွန်ပြီး တက္ကသိုလ်ပါမောက္ခအဆင့်  ဇနီးတစ်ယောက်ရှိနေတာကြောင့် ရှုထောင့်ကို သုံးသပ်ရာမှာ တခြားလူတွေထက် ပိုမြန်တယ်။

ဇာတ်လမ်းရဲ့ တစ်ဝက်လောက်ရောက်နေပြီဖြစ်ကာ လင်းချွမ်ရဲ့ ဇာတ်ကွက်ကတော့ အဆုံးသတ်ခါနီးနေခဲ့ပြီ။

*

All Chapters