← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

ဆုဆု လင်းချွမ်ရဲ့  အကြောင်းကို တွေးတောနေတုန်းမှာ လင်းချွမ်က မေးလာခဲ့တယ်။

“ဘာတွေတွေးနေတာလဲ”

“အိုး ၊ လင်းချွမ် .. ရှင်  လင်းရှန်က  X တက္ကသိုလ်ကိုရောက်လာနိုင်မယ်လို့ထင်လား၊ အခုဆို X တက္ကသိုလ်က နာမည်ကြီး ကျောင်းတစ်ကျောင်းလို့ ယူဆလို့ ရနိုင်တဲ့အထိ ကျယ်ပြန့်လာပြီ”

ထို့အပြင် စက်ရုံအများအပြားရဲ့ ပံ့ပိုးကူညီမှုကြောင့် X မြို့တော်က အခုချိန်မှာ နိုင်ငံအတွင်း ထင်ရှားကျော်ကြားသော မြို့တွေထဲမှ တစ်ခုဖြစ်လာခဲ့ပြီ။

လင်းတုံဟဲက လက်ရှိ စက်ရုံမှာ အနှီးနှင့် အမျိုးသမီးသုံးပစ္စည်း နှစ်မျိုးလုံးကို ထုတ်လုပ်နေခဲ့တာကြောင့်  စက်ရုံနှစ်ခုဖွင့်ဖို့ပြင်ဆင်နေခဲ့တယ်။ သူက ထုတ်ကုန်နှစ်ခုကို သီးခြားထုတ်လုပ်ဖို့အတွက် အနှီးအတွက်ဌာနခွဲတစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားခဲ့တယ်။

လင်းဟိုင်ကလည်း ဒါကို သဘောတူပြီး ဝင်ရောက်လုပ်ဆောင်ခဲ့တယ်။

ချင်ယွဲ့ယွဲ့ကတော့ ဘွဲ့ရသွားခဲ့ပြီ။  သူမ ပထမဆုံးလုပ်ခဲ့တာကတော့ စာအုပ်ထဲမှာလိုမျိုး အလုပ်စလုပ်ဖို့အတွက် မဟုတ်ဘဲ လင်းတုံဟဲရဲ့ နှလုံးသားကို အနိုင်ယူနိုင်ဖို့အတွက်ကလေးယူဖို့ နည်းလမ်းကို စဉ်းစားဖို့သာဖြစ်ခဲ့တယ်။ 

ကိုယ်ဝန်သည် ပိုင်လင်းလင်းရဲ့ပြောစကားအရ  သူမက ဆေးရုံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လာခဲ့ပြီး ဆေးကိုလည်း အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့တယ်။ ဆရာဝန်တွေနှင့်လည်း အကြိမ်ပေါင်းများစွာ ရက်ချိန်းယူခဲ့ပေမယ့် ဘာအကျိုးသက်ရောက်မှုမှ မရှိသေးဘူး။

အစပိုင်းတုန်းက ကိုယ်ဝန်ဖျက်ချမှုကနေ သွေးဆုံးရှုံးတဲ့အတွက် သူမကို အနည်းငယ်သာ နာကျင်စေခဲ့ပေမဲ့ အခုတော့ ကလေးယူဖို့အတွက် အမှန်တကယ် ခက်ခဲနေခဲ့ပြီ။

ဘာပဲဖြစ်ဖြစ် စာအုပ်ထဲမှာ  သူမ ကလေးရလာလိမ့်မယ်လို့ ရေးထားလို့ သူမ အများကြီး တွေးမနေခဲ့ဘူး။

မျက်စိတစ်မှိတ်အတွင်းမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမဲ့ အချိန်ကို ရောက်လာခဲ့ပြီး နေရာတိုင်းမှာ အထက်တန်းကျောင်းသူကျောင်းသားများပြည့်လာကာ ဆရာဆရာမတွေတောင် အလုပ်ရှုပ်လာခဲ့ကြတယ်။

ဆုဆုက အခု ပါမောက္ခဘွဲ့ကို ရရှိထားခဲ့ပြီ။ သူမက ငယ်ရွယ်ပေမယ့် သူမရဲ့ ပညာ အရည်အချင်းက မနည်းလှဘူးလေ။

အခုချိန်မှာ လူအများစုက သူမကို ပရော်ဖက်ဆာဆုလို့ ပြောင်းလဲပြီး ခေါ်လာခဲ့ကြတယ်။

ပညာအရည်အချင်းကို လေးစားတဲ့ ဒီခေတ်ထဲမှာ လူတိုင်းက သူမကို လေးစားမှုအပြည့်နဲ့ ကြည့်ခဲ့ကြတယ်။ 

ဆုဆုက အခြေအနေအရပ်ရပ်ကို အခွင့်ကောင်းယူပြီး ပညာရေး သတင်းစာနှင့် ပညာရေးဂျာနယ်တွေမှာ ထုတ်ဝေသတဲ့ စာတမ်းတွေအများကြီးကို ထုတ်ဝေခဲ့ပြီး တခြားလူများက ပိုမို  အထင်ကြီးလေးစားခဲ့ကြတယ်။

ပြောရရင် သူမအနေနဲ့ မူလတုန်းက  ဒီအလုပ်ကို ဆက်မလုပ်ချင်ခဲ့ဘူး။ ဒါပေမယ့် ထောက်ထားစရာ မျက်နှာတွေလည်းများသလို မိသားစုထဲမှာ တရားဝင်အလုပ်ရှိရင် ထောက်ခံစာဖွင့်ဖို့ ပိုလွယ်ကူတာကိုတွေ့မိတယ်။

ဒါ့အပြင် သူတို့ရဲ့သားဖြစ်သူအတွက် ကျောင်းသွားဖို့ လွယ်ကူလိမ့်မယ်။

အမျိုးသမီးတစ်ဦးရဲ့ စိတ်အာရုံက ကလေးတွေဆီသို့ ကူးပြောင်းရန်အတွက် လွယ်ကူကြောင်း ဆုဆု တွေ့ရှိခဲ့တယ်။ အရင်တုန်းကတော့ ကစားဖို့နဲ့ ချစ်မြတ်နိုးဖို့တွေကို တွေးနေခဲ့ပေမယ့် အခုချိန်မှာတော့ ကလေးအကြောင်းကိုပဲ အများအားဖြင့် တွေးနေတော့တယ်။

သူတို့က အမေလင်းနဲ့မိသားစုဝင်တွေ ပြောင်းရွှေ့လာဖို့အတွက် လင်းရှန် စာမေးပွဲအောင်မဲ့အချိန်ကိုပဲ စောင့်နေဖို့ လိုတော့တယ်။

သူမရဲ့သားလေးကို သူငယ်တန်းတက်ဖို့ ပို့တဲ့အချိန်မှာ ကလေးကို ကြည့်ပြီး ကူညီပေးဖို့ အမေလင်းရှိနေရင် ပိုလွယ်လိမ့်မယ်။

လင်းရှန်က ဝင်ခွင့်ရပါ့မလား။

လူတိုင်း အလွန်စိုးရိမ်ခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးဆုံးပြီး တစ်လကျော်အကြာမှာ လင်းရှန်တစ်ယောက် ဝင်ခွင့်အကြောင်းကြားစာကိုရရှိခဲ့တယ်။ အဖေလင်းက ဆုဆုဆီသို့ ဖုန်းဆက်အကြောင်းကြားပေးခဲ့ပြီး လူတိုင်းအတူသောက်ဖို့ ပြောလာတယ်။

ရှားရှားပါးပါး ဝမ်းသာစရာကိစ္စဖြစ်ပေမဲ့ လင်းချွမ်က ဒီမှာမရှိနေခဲ့ဘူး။ သူက လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက မစ်ရှင်တစ်ခုကို သွားခဲ့ရတယ်။

လင်းဟိုင်နှင့် ရှင်းရာတို့က စက်ရုံတစ်ရုံကို ကြီးကြပ်နေရတာကြောင့် အလွန်အလုပ်များနေခဲ့ကြပြီး အခုလိုစားသောက်ပွဲလုပ်ဖို့အတွက် ရှားပါးလွန်းတယ်။

လူတိုင်းက စားသောက်ခဲ့ကြပေမဲ့ ရှင်းရာက သောက်ခွင့်မပေးတာကြောင့် လင်းဟိုင်က ဝိုင်မသောက်နိုင်ခဲ့ဘူး။

ရှင်းရာနှင့် ဆုဆုတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေပြီးဖြစ်လို့ ပွင့်လင်းစွာပြောလာတယ်။

“ယောက်မ လင်းဟိုင်နဲ့ ကျွန်မတို့ အိမ်ထောင်ကျတာကြာပြီ၊ ဘာလို့... ဘာသတင်းမှ မကြားရသေးတာလဲမသိဘူး”

“မင်းလက်ထပ်ထားတာ လအနည်းငယ်ပဲရှိသေးတယ်လေ၊ ပိုင်လင်းလင်းတောင် မမွေးသေးဘူးဆိုတော့ စောင့်ပါဦး...”

သူမ ပြောနေတုန်းမှာပဲ ဖုန်းမြည်လာခဲ့တယ်။ လင်းချွမ်က ရွာနှင့်အလွယ်တကူဆက်သွယ်နိုင်ဖို့ အိမ်မှာ ဖုန်းအခြေချထားခဲ့တယ်။

အရေးကြီးဆုံးအချက်ကတော့ လုပ်ငန်းလုပ်ဖို့အတွက်ဆိုရင် အများသုံးဖုန်းနှင့် သုံးရတာ အဆင်မပြေဘူး။ အိမ်မှာ ဖုန်းရှိတာက ပိုအဆင်ပြေတယ်လေ။

ဖုန်းဖြေပြီးနောက် ပိုင်လင်းလင်း မွေးတော့မယ်ဆိုတာ သိလိုက်ရတာကြောင့် သူတို့တွေ မစားသောက်နိုင်တော့ဘဲ ဆေးရုံကို အမြန်သွားခဲ့ရတယ်။

သူမက ဆုဆုထက်တောင် ပိုဆိုးသေးတယ်။ အမျိုးသားဖြစ်သူက မစ်ရှင်ကြောင့် ထွက်သွားခဲ့ရပြီး ပြန်မလာသေးတာကြောင့် သူမရဲ့ မိဘတွေကသာ အဖော်ပြုပြီး လိုက်ပါလာခဲ့ရတယ်။

သူတို့ရောက်တဲ့ အချိန်မှာတော့ ပိုင်လင်းလင်းက ခွဲခန်းထဲကို ဝင်နေခဲ့ပြီ။ မူလတုန်းက ကိုယ်ဝန်အရမ်းရင့်လာပြီဖြစ်လို့ သူမကို အနားယူခိုင်းခဲ့ပေမဲ့ ဒီသူနာပြုအမျိုးသမီးက ရက်အနည်းငယ် အနားယူခြင်းမရှိဘဲ မီးဖွားခါနီးအထိ အချိန်ပိုအလုပ်ဆင်းခဲ့သေးတယ်။

အပြင်ဘက်က နူးညံ့သိမ်မွေ့တာကိုပဲ မကြည့်နှင့် ။ တကယ့်ကို ရွှေရောင် သံမဏိလိုမာကြောလွန်းတယ်။

ဒီမိသားစုက အတော်လေးအင်အားကြီးတာကြောင့် ဒီကလေးက ယောက်ျားလေးဖြစ်လိမ့်မယ်လု့ ဆုဆုတွေးမိခဲ့တယ်။

ဒါပေမယ့် တစ်နာရီကျော်ကြာအောင် စောင့်ပြီးနောက် ဆရာဝန်က မိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့လေတယ်။ ကံကောင်းထောက်မစွာနှင့် ကလေးက ပိုင်လင်းလင်းနှင့်တူနေခဲ့တယ်။

သေချာတာပေါ့။ သူတို့ရဲ့ ဗီဇက ကောင်းတယ်၊ သူတို့က ခင်ပွန်းသည်တွေကို အနိုင်ယူနိုင်တယ်!

သို့ပေမဲ့ ဆုဆုအနေနဲ့ မကြာသေးခင်က  အနည်းငယ်စိုးရိမ်နေခဲ့တယ်။ အကြောင်းကတော့ သူမရဲ့သားက မွေးဖွားကာစတုန်းက သူမနှင့် တူပေမဲ့လည်း မကြာသေးခင်တုန်းကစပြီး လင်းချွမ်နှင့် ပိုပိုပြီး တူလာခဲ့တယ်လေ။

တချို့က သူ့ကို လင်းချွမ်ရဲ့ကိုယ်ပွားလေးလို့တောင် ပြောလာကြတယ်။

တကယ်ကို ထူးဆန်းတာပဲ။ ကလေးတွေရဲ့အသွင်အပြင်က ပြောင်းလဲနိုင်တယ်။

ပိုင်လင်းလင်းလည်း မကြာခင် အပြင်မှာ အပြင်သို့ တွန်းထုတ်ခံလာခဲ့ရတယ်။ သူမ ဆုဆုကို ပထမဆုံးပြောလာတဲ့စကားကတော့ ဒီလိုဖြစ်နေခဲ့တယ်။

“ လင်းချွမ်ကို ပြောပေးဦး၊ ချန်ယွဲ့ကျင်းကို အားနည်းနည်းနှင့် ထိုးပေးပါဦးလို့”

“ကောင်းပြီ၊ ငါသူနှင့် အဆက်အသွယ်ရတဲ့အချိန် သေချာပေါက် ထိုးခိုင်းလိုက်မယ်၊  စိတ်မပူနဲ့”

လင်းချွမ်က ဒီစကားကိုကြားရင် တကယ်ထိုးနိုင်လောက်တယ်။ မကြာခင်မှာပိုင်လင်းလင်းက အိပ်ပျော်သွားခဲ့တယ်။  သူမရဲ့အမေဖြစ်သူနဲ့ အဒေါ်တို့က စောင့်ကြည့်ဖို့ ရောက်လာတာကြောင့် ဆုဆုလည်း  ပြန်သွားခဲ့တယ်။

နောက်တစ်နေ့မှာတော့ လင်းချွမ်က သူမဆီကို တကယ်ကြီး ဖုန်းဆက်လာတယ်။

“ချန်ယွဲ့ကျင်း ရှင့်အနားမှာ ရှိလား”

“အမ်”

“ပိုင်လင်းလင်းက ရှင့်ကို အကူအညီတောင်းထားတယ်၊ ချန်ယွဲ့ကျင်းကို ထိုးလိုက်ပါ ၊ဒါမှမဟုတ် ရိုက်လိုက်တဲ့”

“ဘာဖြစ်လို့လဲ?”

“မနေ့ညတုန်းက သမီးလေးမွေးခဲ့တယ်”

လင်းချွမ်က အံ့သြပျော်ရွှင်စရာသတင်းကြောင့် ခဏ ရပ်သွားပြီး ပြောလာတယ်။

“ခဏစောင့်ဦး”

သူက ဖုန်းမချဘဲ ရုတ်တရက် ပြေးသွားခဲ့ပြီး ချန်ယွဲ့ကျင်းကို လက်သီးနဲ့ထိုးလိုက်ပြီး ဒူးထောက်ကျသွားအောင် ထပ်ပြီးကန်လိုက်တယ်။

ချန်ယွဲ့ကျင်းက အသံကျယ်ကျယ်နဲ့ အော်ဟစ်လာတယ်။

“လင်းချွမ်!  မင်း ဘာလို့ လူတွေကို အနိုင်ကျင့်နေတာလဲ!”

လင်းချွမ်က သူ့ကို လုံးဝ လျစ်လျူရှုထားပြီး ဖုန်းကို ပြန်လည်ကောက်ယူလိုက်တယ်။

“ရပြီ”

“ရှင် တကယ်ရိုက်နေတာလား၊တကယ်လို့ ရှင် သူ့ကို နာကျင်အောင်လုပ်ခဲ့ရင် ပြန်လာတဲ့အချိန် ပိုင်လင်းလင်း  စိတ်ဆင်းရဲနေလိမ့်မယ်”

“လင်ယောက်ျားတစ်ယောက်အနေနဲ့ သူ့ရဲ့တာဝန်တွေကို ကျေပွန်ဖို့ ပျက်ကွက်ခဲ့တဲ့လူက အရိုက်ခံရဖို့ ထိုက်တန်တယ်”

လင်းချွမ်က ထိုစကားကို ပြောလိုက်တာနဲ့ ချန်ယွဲ့ကျင်းက တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပုံရပြီး  ဇနီးဖြစ်သူအတွက် စိတ်ပူပန်စွာ မေးလာတယ်။

“လင်းလင်း တစ်ခုခုဖြစ်သွားတာလား၊ ငါ့ကို မြန်မြန်ပြောပြဦး”

လင်းချွမ်: “ပိုင်လင်းလင်း မနေ့ညက ဆေးရုံမှာ သမီးလေးတစ်ယောက် မွေးခဲ့တယ်တဲ့”

“သူမရော အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ် အခုလောက်ဆို ဆေးရုံကဆင်းလောက်ပြီ”

ကံကောင်းထောက်မစွာနှင့် ခွဲစိတ်ကုသဖို့ မလုပ်ခဲ့ရဘူး။

ဆုဆု တစ်ဖက်က ပြောတာကို ကြားလိုက်ရတာကြောင့်ပြန်ဖြေခဲ့တယ်။

ချန်ယွဲ့ကျင်းက ဒါကိုကြားပြီးနောက် စိတ်လှုပ်ရှားစွာ မေးလာပြန်တယ်။

“သူမ ကျွန်တော်ကို တစ်ခုခု ပြောခဲ့သေးလား”

“ပြောတယ်၊ ရှင့်ကို ရိုက်ခိုင်းဖို့  လင်းချွမ်ကို တောင်းဆိုဖို့ပြောခဲ့တယ်”

ချန်ယွဲ့ကျင်းက ကျယ်လောင်စွာပြောလာပြန်တယ်။

“အရိုက်ခံရတာ တန်ပါတယ်၊ လင်းချွမ်၊ ငါ့ကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ဦး”

လင်းချွမ်:  “ထွက်သွားစမ်း”

သူက ဒီမှာ သူ့ရဲ့ဇနီးလေးနှင့် စကားပြောနေတုန်းပဲ။ ဒါကို ဘေးနားမှာ လာပြီး ကပ်နေတယ်။ သူတကယ်ပြောချင်ရင် သူ့ရဲ့ဇနီးသည်ကို ကိုယ်တိုင်ခေါ်လိုက်လေ။

ဒါပေမဲ့လည်း ဒါက မတတ်နိုင်တဲ့အရာပဲ။ သူ ချန်ယွဲ့ကျင်းကို ရိုက်ခဲ့ကြောင်း ပိုင်လင်းလင်းသိဖို့ လိုတယ်လေ။

စစ်သားတစ်ယောက်အနေနဲ့ သူ့ဇနီး ကလေးမီးဖွားချိန်မှာ အတူရှိမနေနိုင်ဘဲ ဘဝရဲ့ ကြီးမား အခက်အခဲတွေကို တစ်ယောက်တည်းဖြတ်ကျော်ခိုင်းလိုက်ရသလို မွေးဖွားပြီးကာစ ကလေးကိုလည်း မမြင်ခဲ့ရဘူး။

သူက တကယ်အရိုက်ခံရသင့်တယ်။ ဒါပေမယ့် လင်းချွမ်က သူ့ကို အားမပါဘဲသာ ရိုက်ခဲ့ခြင်းဖြစ်ကာ ပိုင်လင်းလင်း သူ့အတွက် စိတ်မကောင်းဖြစ်စေဖို့ ကူညီပေးခဲ့တာပဲ။

ဒီလိုနှင့် ဆုဆုက ပိုင်လင်းလင်းကို သွားတွေ့တဲ့နေ့မှာ ထိုအကြောင်းကို ပြောပြခဲ့လေတယ်။ သားဖွားခန်းထဲက  ထွက်လာတုန့်က သူ့ကို ရိုက်ချင်နေပေမဲ့ အခုအရိုက်ခံခဲ့ရတာကိုကြားတော့ စိတ်အခြေအနေကောင်းသွားခဲ့တယ်။

“ ဘယ်လောက်ပြင်းပြင်းရိုက်လိုက်တာလဲ”

“ပြင်းထန်ပေမဲ့ သိပ်တော့ အားမပြင်းဘူး၊ နှာခေါင်းက သွေးထွက်ရုံလောက်ပဲ”

“...”

ပိုင်လင်းလင်း အနည်းငယ် နောင်တရသွားတယာ။

“ ဒါကရိုက်သင့်တဲ့အချိန်ပဲ”

“သူက  ပြန်မလာဖို့ မရည်ရွယ်ထားခဲ့ပါဘူး”

“သူ ခွင့်ရက်ယူထားသင့်တယ်”

“ဘယ်တော့မွေးမှာလဲဆိုတာ သူ မသိဘူးလေ”

ဆုဆု ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

“ကောင်းပြီ ၊ ကလေးကို နို့တိုက်လိုက်တော့၊ သူ ကြီးပြင်းလာတဲ့အချိန် ငါ့ချွေးမလည်း ဖြစ်လာနိုင်တယ်”

“နင်ကတော့  လှလှပပတွေးနေတာပဲ၊  ဒါပေမယ့် နင့်ရဲ့သားက ရုပ်ချောလို့ အဆင်ပြေတယ်”

ပိုင်လင်းလင်းက ဒါကို လေးလေးနက်နက် စဉ်းစားလိုက်တယ်။

ခဏအကြာမှာ သူတို့နှစ်ယောက်လုံး ရယ်မောလိုက်မိကြတယ်။

All Chapters