← Chapters

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း (၁၇၇)

Vol. 18 Ch. 177

ဆုဆု အိမ်ကိုပြန်ရောက်ပြီးနောက်  အိမ်သန့်ရှင်းရေးလုပ်ကာ အန်တီယဲ့နဲ့ စကားပြောနေရင်း ရေချိုးခန်းဘေးက အံဆွဲလေးကို ဖွင့်လိုက်တယ်။

အန်တီယဲ့က အများအားဖြင့်  ဒီနေရာတွေကို သန့်ရှင်းရေးမလုပ်ဘဲ ကြမ်းပြင်ကိုပဲ ဆေးကြောပေးတတ်တယ်။  ရေချိုးခန်းက အလွန်လျှို့ဝှက်ချက်များတဲ့ နေရာဖြစ်လို့  သူမ မထိတတ်ဘူး။

အသုံးပြုပြီးသား TTအခွံကလည်း အံဆွဲထဲမှာပဲ ရှိနေသေးတာကို ဆုဆုတွေ့လိုက့်ပြီး ထိုအခွံမှာ အပေါက်ရာတစ်ခု ရှိနေခဲ့တာကိုပါ တွေ့ရှိခဲ့ရတယ်။

သူမလည်း ဒီအပေါက်ကို နေရောင်အောက်မှာဖြစ်နေလို့သာ မြင်လိုက်ရတာပဲ။ သူမ ကောက်ယူကြည့်လိုက်တော့အပေါက်က တစ်ဖက်အထိ  ပေါက်နေတာကို တွေ့လိုက်တယ်။

ထို့နောက် အံဆွဲရဲ့အစွန်းမှာ သံမှိုချောင်းတစ်ခုရှိနေခဲ့တာကိုတွေ့လိုက်ရပြီး ထိုသံမှိုနှင့် ထိုးမိထားတာ ဖြစ်လိမ့်မယ်။

ဒါပေမယ့် အခုသုံးပြီးသွားပြီ...

နောက်ပြီး အတော်လေး သစ်လွင်နေသေးတယ်။ ဆိုလိုတာ လင်းချွမ် ထွက်သွားခင်ညက သူမနှင့်တွေ့ပြီး  သုံးခဲ့တာပဲ။

ထိုနေ့တုန်းက သူကအလွန် အလျှင်လိုနေခဲ့ပြီး  TT မှာအပေါက်လေးရှိနေတာကို ဂရုမပြုမိခင်ပုံရတယ်။

ဆုဆုတစ်ယောက် ထိတ်လန့်သွားရပြီး မျက်နှာက စိမ်းဖန့်သွားရတယ်။   ပေမယ့် အဲဒါကို တွေးပြီးတဲ့နောက်မှာ ဒီရက်တွေက သူမအတွက် လုံခြုံတဲ့ကာလလို့ သတ်မှတ်လို့ရလောက်တယ်။ အဆုံးမှာ အန်တီပြီးသွားတာက သုံးရက်လောက်ပဲ ရှိသေးတာလေ။

ကိုယ်ဝန်မရှိလောက်ပါဘူး။

သူမ စိတ်သက်သာရာရစွာနှင့် သက်ပြင်းတစ်ချက်ချမိပေမယ့် အဲဒါကိုပဲ အမြဲတွေးနေခဲ့တယ်။

သူမ တွေးနေရင်းနဲ့ လင်းချွမ်ရဲ့ သတိမထားမိခဲ့တဲ့အပေါ်မှာ ကြိမ်းမောင်းနေခဲ့မိတယ်။

ဒါပေမယ့် အခုတော့ တခြားနည်းလမ်းမရှိတော့ဘူး။ လင်းချွမ်ပြန်လာတာကိုစောင့်ပြီးမှ သင်ခန်းစာပေးရမယ်!

ဒါပေမယ့် ဒီတစ်ကြိမ်တာဝန်က   အချိန်အတော်ကြာနေပုံရပြီး လင်းရှန်တောင်မှ အတန်းတက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ သူက  သတင်းပို့ခဲ့ပြီး ဆုဆုရဲ့အိမ်မှာပဲလာနေခဲ့တယ်။

ဆုဆု ဟင်းပွဲတွေ ကောင်းကောင်း ချက်ပြုတ်ပေးခဲ့တယ်။

“အမေနှင့်အဖေတို့ ဘာလို့ လိုက်မလာတာလဲ၊ အိမ်ဆောက်ထားပြီလို့ မပြောခဲ့ဘူးလား”

လင်းရှန်: “အဖေနဲ့အမေက အိမ်မှာရှိတဲ့ဝက်နဲ့ ငန်းတွေကို ရောင်းနေကြသေးတယ်၊ သူတို့တွေက ဒီမှာလည်းမမွေးနိုင်တော့ သယ်လာလို့မရဘူးလေ၊ လင်းကျင်းကလည်း ဒီမှာကျောင်းတက်ရမှာဆိုတော့ ပြောင်းဖို့လုပ်ရမယ်”

“ငါ အကုန်လုံးကို အဆင်သင့်ဖြစ်အောင်လုပ်ထားပြီးပြီ၊ ငါတို့  တက္ကသိုလ် အနားမှာ အလယ်တန်း နှင့်အထက်တန်းအတွက်ကျောင်းကို တိုက်ရိုက် ပြောင်းရွှေ့လိုက်လို့ရတယ်”

ဆုဆုက တွေးထားပြီးသားဖြစ်နေလို့ လင်းရှန်တစ်ယောက် သူတို့အိမ်မှာ မိသားစုဝင်တိုင်း စဉ်းစားဖို့လုပ်ခဲ့တာက အချိန်ဖြုန်းသလို ခံစားခဲ့ရတယ်။

“ဒါဆို မရီးကိုပဲ ဒုက္ခပေးရတော့မယ်၊ နောက်ရက်နည်းနည်းလောက်ကြာရင် ကျွန်တော် ကျောင်းဝင်းထဲမှာ သွားနေလိုက်မယ်၊ ကျွန်တော့်ရဲ့မိဘတွေ ပြောင်းလာတဲ့အချိန်ကျရင်အိမ်ကိုပြန်သွားလိုက်မယ်”

လင်းရှန်က သူတို့ ညီအကိုတွေထဲမှာ  စကားပြောအကောင်းဆုံးဖြစ်ပေမဲ့ ပေါင်းသင်းရန်လည်း အခက်ဆုံးပဲ။ ဒါပေမယ့် အခု  သူလည်း  အရွယ်ရောက်လာခါစ လူငယ်တစ်ဦးဖြစ်တာကြောင့် ကွဲပြားချက်တွေကို သိနိုင်နေပြီ။

ဆုဆု ပြုံးပြီးပြောလိုက်တယ်။

“ငါတို့က  မိသားစုတွေပဲ၊ သူစိမ်းဆန်တါ့ စကားတွေပြောနေစရာမလိုဘူး၊ မနက်ဖြန် ငါ မင်းကို ကျောင်းမှာ သတင်းပို့ဖို့ ခေါ်သွားပေးလိုက်မယ်၊ ကျောင်းဝင်းထဲမှာနေဖို့တော့ မစဉ်းစားနဲ့၊ ကျောင်းစရိတ်နဲ့ တည်းခိုခက တစ်နှစ်စာပေးမှရတာ၊  မိဘတွေနှင့်အတူနေတော့မယ်ဆိုပြီး  ပြန်အမ်းငွေ တောင်းလို့မရတော့ဘူး ဘာပဲဖြစ်ဖြစ် အမေနှင့်အဖေကလည်း မကြာခင်လာမှာပဲ”

“ကောင်းပါပြီ”

လင်းရှန်က သူ့ရဲ့အထုပ်တွေကို ယူပြီး မရီးဖြစ်သူ ပြင်ဆင်ထားတဲ့ အပေါ်ထပ်မှအခန်းဆီကို သွားလိုက်တယ်။

မူလက သူ ကျောင်းမှာ ခဏလောက် နေချင်ခဲ့ပေမဲ့ မရီးဖြစ်သူက ဒီမှာ နေခိုင်းတာကြောင့် ဒီမှာပဲ နေနိုင်ခဲ့တယ်။ အပြင်လူတစ်ယောက်လို နေဖို့က အတော်လေးကြောင်သူတော်လို ဖြစ်လွန်းတယ်။ ဒီမရီးက သူတို့မိသားစုအတွက် တကယ်ကောင်းတယ်ဆိုတာ သူသိတယ်လေ။

နောက်တစ်နေ့မှာတော့ မရီးဖြစ်သူက သူ့ကို ကျောင်းမှာ သတင်းပို့ဖို့ ခေါ်သွားခဲ့ပြီး သူ့အတွက် ပြသနာ အတော်များများကို လျော့ပါးသွားစေခဲ့တယ်။ ပြန်သွားတဲ့အချိန်မှာလည်း သူ့ရဲ့မရီးကို စက်ဘီးနောက်မှာ တင်ပြီး ခေါ်သွားခဲ့တယ်။

သူမက တက္ကသိုလ် ပါမောက္ခ ဖြစ်ပေမဲ့ အရမ်းကို ငယ်လွန်းသေးတာကြောင့် တချို့လူတွေက သူတို့ကို ငယ်ရွယ်တဲ့စုံတွဲတွေလို့ အထင်လွဲနေကြတာကို တွေ့လိုက်ရတယ်။

လင်းရှန်တစ်ယောက် ခေါင်းကုတ်လိုက်မိပြီး  သူ့မရီးက ကောင်းမွန်လွန်းတာကြောင့်  သူ့ရဲ့အစ်ကိုကြီးက အိမ်တွင် တစ်ယောက်တည်း ထားခဲ့ရတာ စိတ်မချဘဲနေတော့မှာဘဲလို့ တွေးမိခဲ့တယ်။

ဒါပေမယ့် မကြာခင်မှာဘဲ သူ့မရီးရဲ့စရိုက်က ပြဿနာမရှိတာကို တွေ့လိုက်ရတယ်။ ယောက်ျားတစ်ယောက်က သူမကို ပူးပေါင်းဆောင်ရွက်မှုအကြောင်း လာပြောရင်တောင် သူမက အလွန်ခိုင်မာလွန်းပြီး ရှုပ်ထွေးတဲ့ဆက်ဆံရေးမျိုး ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။

အရင်တုန်း ရွာမှာ အကျင်းပျက်တဲ့လူအဖြစ်နာမည်ကြီးခဲ့တဲ့ စုန့်လော်စန်းတောင် အခုချိန်မှာ အကျင့်စာရိတ္တကောင်းမွန်ပြီး စကားလုံးအမှားတစ်လုံးမှ မပြောဝံ့ဘဲ လေးစားမှုအပြည့်ရှိနေခဲ့တယ်။

သို့ပေမဲ့ မရီးဖြစ်သူရဲ့ စကားတွေကို နားထောင်ခဲ့ပြီးနောက် စီးပွားရေးလုပ်တာက တကယ် မလွယ်ကူကြောင်း ခံစားခဲ့ရတယ်။ 

သူ့အနေနဲ့ တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ ပိုကောင်းတဲ့အလုပ်ကိုလုပ်ဖို့အတွက် သူ့မရီးဆီမှာ သင်ယူတော့မယ်လို့လည်း စိတ်ထဲမှာ တွေးထားခဲ့တယ်။

သို့ပေမဲ့ နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ လုပ်ငန်းတစ်ခုအောင်မြင်ရန်အတွက် ကောလိပ်မှ ဘွဲ့ရရုံသက်သက်မဟုတ်ဘဲ လူဆီမှာလည်း အရည်အချင်းရှိဖို့လိုကြောင်းကို သိရှိလာခဲ့လိမ့်မယ်။

သို့ပေမဲ့ သူ့မရီးက အရည်အချင်းရှိပေမဲ့ စိတ်အခြေအနေကတော့ သိပ်မကောင်းဖြစ်လာခဲ့တယ်။  အခက်အခဲတွေရှိနေတာကြောင့်လား ဒါမှမဟုတ် အလုပ်အရမ်းရှုပ်နေလို့လားတော့ သူလည်း မသိခဲ့ဘူး။

အခုချိန်မှာ သူမက အလွန် ဒေါသကြီးလာပြီး စိတ်လည်း အလွန်ဆတ်လာခဲ့တယ်လေ။

ဆုဆုကို အပြစ်တင်လို့ မရဘူး။ ထို  သံမှိုကြောင့် ပေါက်သွားတဲ့ အပေါက်တစ်ခုက သူမကို ထပ်မံနာကျင်စေလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ဘူးလေ။

အကုန်လုံးက လင်းချွမ်ရဲ့ အပြစ်ပဲ! သူက အရိုက်ခံရဖို့ ထိုက်တန်တယ်!

ဒါကြောင့် ဒီတစ်ကြိမ် လင်းချွမ်ကို ထပ်ခေါ်တဲ့အချိန်မှာတော့ သူမ သည်းမခံနိုင်တော့ဘူး။

“ရှင်  ဘယ်တော့ပြန်လာမှာလဲ”

“တစ်ပတ်လောက်ကြာရင် လာရတော့မှာ၊  ဇနီးလေး.. ကိုယ့်ကိုလွမ်းနေပြီလား”

“ဟုတ်တယ် ကျွန်မ ကိုရိုက်ချင်တယ်”

ဆုဆုရဲ့ စကားသံက သူမရဲ့သွားကြားက ထွက်ပေါ်လာတယ်။

ကံမကောင်းစွာနှင့် တစ်ဖက်လူက ဒုတိယတစ်ဝက်ကို မကြားနိုင်ခဲ့ဘူး။

“ကိုယ်လည်း လွမ်းတယ်၊ ကိုယ် ပြန်လာပြီး မင်းကိုဖက်ထားချင်တယ်”

“ရှင့် ခေါင်းကိုပဲ ဖက်ထားလိုက်! ရှင် စစ်တပ်ထဲက ပြန်လာရင် အိမ်ကိုပြန်လာခွင့် မရှိဘူး”

ဆုဆုရဲ့ အော်ဟစ်သံကိုကြားပြီးနောက်မှာ လင်းချွမ်က တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတယ်။

“ဇနီးလေး ဘာကိစ္စရှိလို့လဲ”

တစ်လကျော်ကြာအောင် ဝေးကွာသွားပြီးနောက်မှာ သူ့ဇနီးလေးက ဒေါသတွေ ပိုကြီးလာသလို ခံစားမိတယ်။

လင်းရှန်ဆိုတဲ့ ကောင်လေးက သူမကို ဒေါသထွက်စေခဲ့တာ ဖြစ်နိုင်လောက်လား။

ဒါကိုတွေးတောရင်း လင်းချွမ် ထပ်ပြောလိုက်တယ်။

“အဲဒီကလေး လင်းရှန်ကို စိတ်မဆိုးနေနဲ့တော့၊ ကိုယ်ပြန်လာပြီးရင် သူ့ကို သင်ခန်းစာကောင်းကောင်းပေးလိုက်မယ်၊ နောက်တစ်ခါ မလုပ်စေရဘူး”

သူ့တူလေးကို ချော့နေတဲ့ လင်းရှန်တစ်ယောက် မျက်နှာမည်းမှောင်သွားရတယ်:???

ဆုဆု ဒေါသတကြီး မျက်လုံးလှန်လိုက်တယ်။

“လင်းရှန်နှင့်  ဘာဆိုင်လို့လဲ! ကျွန်မကို အပြစ်လုပ်ခဲ့တာက ရှင်ကိုယ်တိုင်ပဲလေ!  အမြင်အာရုံအဲလောက် ညံ့ဖျင်းနေတာ၊ ဘာလို့ စစ်သားလုပ်နေသေးတာလဲ?!”

“ကိုယ်…”

သူက အမြင်အာရုံ မကောင်းဘူးလား? ? ?

“ပြန်လာတဲ့အချိန်ကျရင် ရှင် မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်”

“ကိုယ်...”

လင်းချွမ်တစ်ယောက် ဆွံ့အနေရတယ်။

“ဇနီးလေး ၊ စကားကို ရိုးရိုးရှင်းရှင်းပဲ ပြောပေးပါ၊ ကိုယ် ဘာအမှားလုပ်မိလို့လဲ”

“ရေချိုးခန်း အံဆွဲထဲမှာ သံချောင်းတစ်ချောင်းရှိနေတယ်၊ ပြီးတော့... မင်းမထွက်သွားခင်တုန်းက ရှင့်ရဲ့ မျက်လုံးအောက်မှာ တစ်စုံတစ်ခုကို ထိုးဖောက်မိထားတာတောင် ရှင်မမြင်လိုက်ဘူး၊ ရှင်ကိုယ်တိုင် တွေးလိုက်တော့!”

ဆုဆု ဖုန်းချလိုက်တယ်။

လင်းရှန်က မေးခွန်းတွေ မမေးခဲ့ဘူး။  အိမ်မှာရှိတဲ့ ပစ္စည်းတွေအကြောင်းကို လင်မယား ရန်ဖြစ်တဲ့အခါ အနှောင့်အယှက် မလုပ်သင့်ဘူး။

ဒါပေမယ့် သူ့မရီးက နည်းနည်းလောက် ဒေါသထွက်နေလောက်တယ်လို့ ထင်တယ်။ တစ်စုံတစ်ခုကို ဖောက်လိုက်မိတာကို ဒေါသထွက်နေတာဆိုတော့ အလွန်တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်လောက်တယ်။

တစ်ဖက်မှာတော့ လင်းချွမ်က ဖုန်းကိုချလိုက်ပြီး စဉ်းစားနေခဲ့တယ်။

ချန်ယွဲ့ကျင်း: “မင်းဘာတွေ  စဥ်းစားနေတာလဲ”

“ငါ့ကို မနှောက်ယှက်နဲ့ ငါ့ဇနီးက ငါ့ကို ခွဲခြမ်းစိတ်ဖြာဖို့ ခေါင်းစဉ်တစ်ခု ပေးထားတယ်၊ ငါ ဒါကို အဖြေရအောင် ရှာရမယ်၊ ဒါမှမဟုတ်ရင် ငါပြန်သွားတဲ့အခါ သင်ခန်းစာ အပေးခံရလိမ့်မယ်၊ ရေချိုးခန်းထဲမှာ အံဆွဲသုံးခုရှိတယ်၊ တစ်ခုမှာ ဆပ်ပြာနဲ့ နောက်တစ်ခုက...”

“ ... “

အမျိုးသမီးသုံးပစ္စည်း?

အဲဒါကို ဖောက်လိုက်မိလို့လား? ဒါကြောင့် စိမ့်ယိုသွားလို့လား? ဒါပေမယ့် အစားထိုးလို့ရတယ်လေ။

ခဏနေတော့ သူ တစ်ခုခုကို တွေးတောလိုက်မိပြီး ရုတ်တရက် ထရပ်လိုက်ကာ သူ့လက်ထဲက တိုက်ပွဲသတင်းဖိုင်တွဲက ပြုတ်ကျသွားခဲ့တယ်။

နောက်ဆုံးအံဆွဲလေးက TT ထားတာဖြစ်ပုံရတယ်။ အဲဒါသာ အထိုးဖောက်ခံရရင် သေစေလောက်အောင်ပြသနာကြီးလိမ့်မယ်။ ဒါဆိုရင် သူ့ဇနီးသည်က ဒေါသအရမ်းထွက်တာက...

တစ်လကျော်လောက်အတွင်းမှာ ထူးထူးခြားခြား သတင်းတစ်ခုခုရှိနေလို့လား။

လင်းချွမ်ရဲ့ မျက်နှာက ပထမ နီရဲလာပြီး ခဏအကြာမှာ ဖြူဖျော့လာကာ နောက်ဆုံးမှာတော့ အော်ဟစ်လိုက်ပြီး လူတိုင်းကို ထိတ်လန့်စေခဲ့တယ်။

ချန်ယွဲ့ကျင်း:  “မင်းဘာလို့ အရူးထနေတာလဲ”

“ငါ့မှာ သမီးတစ်ယောက်ရှိနိုင်တော့မယ်လို့ထင်တယ်”

“...”

ချန်ယွဲ့ကျင်းတစ်ယောက် သူဘယ်လောက်ပဲ ခက်ခက်ခဲခဲ လိုက်ပါစေ မှီအောင် မလိုနိုင်ဘူးဆိုတာကို သဘောပေါက်သွားတယ်။

တစ်စုံတစ်ယောက်ရဲ့သားက သူ့သမီးထက်တစ်နှစ်ကျော်ကြီးနေခဲ့တယ်။ သူက သမီးတစ်ယောက်ရလာတာနှင့်တစ်ပြိုင်နက် သူက ဒုတိယမြောက်ကလေးကို ရထားပြန်တယ်။ လိုက်မှီပါဦးမလား။

သို့သော်လည်း သူက သူ့အတွက် ပျော်ရွှင်နေဆဲဖြစ်ပြီး လင်းချွမ်အတွက်စိုးရိမ်စွာ မေးလိုက်တယ်။

“ဒါဆို  မင်း ဒုတိယကလေးအတွက် ခွဲတမ်းကို  လျှောက်ထားပြီးပြီလား”

“အားလုံးကို  လျှောက်ထားလို့ အတည်ပြုချက်ရပြီးပြီ၊ ဆုဆုကိုပဲ မပြောရသေးတာ”

လင်းချွမ်က စောစီးစွာ လျှောက်ထားတာကြောင့် သူ့ကို စောစီးစွာ အတည်ပြုပေးခဲ့တယ်။

ချန်ယွဲ့ကျင်းတစ်ယောက် ပုံမှန်အားဖြင့် အလွန်ကြမ်းတမ်းတဲ့ လူက ဒီလောက်ထိ သတိထားလိမ့်မယ်လို့ မထင်ခဲ့တာကြောင့် ပြန်မေးလိုက်တယ်။

“ကောင်းပြီ၊  မင်းကို စောစော လျှောက်ထားဖို့ ဘယ်သူပြောခဲ့တာလဲ”

“စစ်တပ်ထဲက မရီးတစ်ယောက်လေ”

“ငါ့ကိုကျ  ဘာလို့ ဘယ်သူ့ကမှ မပြောခဲ့တာလဲ”

“မင်းက  သူတို့အတွက် အလုပ်ရှာပေးခဲ့လို့လား”

ဆုဆုက သူတို့အတွက် အလုပ်ရှာပေးခဲ့တာကြောင့် သူတို့ကလင်းချွမ်ကို  ပြသနာဖြစ်လာနိုင်တာတွေကို တိတ်တိတ်လေးကြိုပြောခဲ့ကြတယ်။

“မင်းကတော့ အရည်အချင်းရှိသားပဲ”

ချန်ယွဲ့ကျင်း လင်းချွမ်ရဲ့ပုခုံးကိုတိုက်လိုက်တယ်။

“ဒါပေမယ့် မရီးက မင်းကို ဘာလို့ အော်နေတာလဲ”

“...”

ကြိတင်ပြင်ဆင်ထားခဲ့ပေမဲ့ ကလေးရတဲ့ကိုယ်ဝန်က မတော်တဆမှုတစ်ခုဖြစ်တဲ့ သူပြန်သွားတဲ့အချိန် အဝတ်လျှော်ဘုတ်ပြားပေါ် ဒူးထောက်ရတော့မဲ့ပုံပဲ။

လင်းချွမ်: “ငါတို့တွေ  မပြန်ခင် အဝတ်လျှော်ဘုတ်ပြားတွေ ဝယ်သွားကြမလား”

“မင်းဘာသာမင်း  ဝယ်ပါလား”

ချန်ယွဲ့ကျင်းက မည်းမှောင်နေတဲ့ မျက်နှာနှင့် ပြောလိုက်တယ်။

“မင်းဝယ်သွားတာကောင်းလိမ့်မယ်၊ သတိထားဦး၊ မင်းရဲ့သမီး မွေးခန်းထဲက ထွက်လာတာကိုတောင် မင်းက အနားမှာ မရှိခဲ့ဘူး”

လင်းချွမ် ချန်ယွဲ့ကျင်းကို စိုက်ကြည့်လိုက်ပြီး ထိုသူ ပြန်သွားရင် ပြသနာတက်တော့မဲ့အကြောင်း တွေးတောလိုက်တယ်။

ချန်ယွဲ့ကျင်းတစ်ယောက် ထိတ်လန့်သွားရပြီး အဝတ်လျှော်ဘုတ်ပြားက တကယ်ကို ကောင်းမွန်တယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။

“မင်းပြောကြည့် ၊ ဘယ် အဝတ်လျှော်ဘုတ်ပြားက ဒူးထောက်ရင် မနာလောက်ဘူးလဲ”

“ ကော်နဲ့လုပ်တဲ့ဟာလေ၊ အဲဒါက  ဒူးထောက်တဲ့အခါ ပြားသွားတယ်၊ မနာဘူး”

“ကောင်းပြီ ကော်နှင့်ဟာ ဝယ်ရအောင်”

သူငယ်ချင်းနှစ်ယောက်က စကားပြောရင်း လမ်းလျှောက်လာကြပြီး သူတို့နောက်မှာ စစ်သားတွေအများကြီးရှိနေတာကိုတော့ လုံးလုံးလျားလျားမေ့နေခဲ့ကြတယ်။

တပ်သားတွေကတော့ စစ်တပ်တစ်ခုရဲ့ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့က အိမ်ပြန်ပြီးရင် အဝတ်လျှော်ဘုတ်ပြားပေါ်မှာ ဒူးထောက်ဖို့အတွက် ဆွေးနွေးနေကြတာကို ဂရုတစိုက် နားထောင်ခဲ့ကြတယ်။

ကြည့်စမ်း။ သူတို့က အဝတ်လျှော်ဘုတ်ပြားပေါ်မှာ ဒူးထောက်ဖို့အတွက်တောင် လေ့လာနေကြတယ်။  သူတို့ရဲ့ခေါင်းဆောင်တွေက တကယ်ကို အလုပ်ကြိုးစားတာပဲ!

ဒါပေမယ့် ဒူးထောက်တာက ပြဿနာကို ဖြေရှင်းနိုင်တာလား။

မဟုတ်သေးဘူး၊ သူတို့နှစ်ယောက်က ခေါင်းဆောင်တွေအနေနဲ့ ဒီလိုမျိုးဖြစ်နေတာ တကယ်ရော အဆင်ပြေရဲ့လား?

သူတို့က တပ်ရင်းတစ်ခုလုံးကို  ဇနီးတွေဆီကနေ စည်းကမ်းကြပ်မတ်ခံရဖို့  သင်ပေးမှာလား?

ဒါပေမယ့် သူတို့ စဉ်းစားကြည့်တော့ တင်းကျပ်ဖို့ ဇနီးတောင် မရှိသေးဘူး။

ပထမဆုံး ဇနီးတစ်ယောက် အရင်ဆုံးရှာရမယ်ထင်တယ်။

**

All Chapters