← Chapters

အခန်း (၁၇၉)

Vol. 18 Ch. 179

အခန်း (၁၇၉)

Vol. 18 Ch. 179

ဆုဆုက လင်းချွမ်ကိုဒေါသထွက်နေပေမဲ့ လူတွေရှေ့မှာတော့ ဘာမှ မပြောခဲ့ဘဲ အိမ်ထဲကိုသာ ဆွဲခေါ်သွားခဲ့တယ်။

လင်းချွမ်ကလည်း သူ့ရဲ့ဇနီးသည် စိတ်ဆိုးနေတာကို ခံစားမိပြီး ချော့မောလာခဲ့တယ်။

“ဇနီးလေး  စိတ်မဆိုးပါနဲ့၊ ကိုယ့်အမှားပဲ၊ ကိုယ်  သေသေချာချာမကြည့်ခဲ့မိတာပါ၊ ဒါကြောင့် ကိုယ် ဒီတစ်ကြိမ် မစ်ရှင်မှာ စူးစမ်းလေ့လာတဲ့(အမြင်)စွမ်းရည်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တယ်၊

ဒါကြောင့် နောက်ဆုံး ရန်သူရဲ့ လမ်းကြောင်းကို ကျော်ဖြတ်ပြီး နယ်မြေတစ်ခုလုံးမှာ ပထမနေရာကို ရခဲ့တယ်၊ ဒီအတွက် ကိုယ် ပထမဆုံး မင်းကိုပဲ ကျေးဇူးအများကြီးတင်ရမယ်”

“ဒေသတွင်းမှာ နံပါတ်တစ်ဖြစ်ရတာ ဘာကောင်းလဲ”

“ထောက်ပံ့ကြေးလစာ ယွမ်နှစ်ရာ ထပ်တိိုးတယ်လေ”

“နှစ်ရာ?”

“အင်း နှစ်ရာထပ်တိုးတယ်၊ ကိုယ် မင်းကိုပေးမယ်”

“ဒါဆို မဆိုးပါဘူး”

ဟမ်..ယွမ်နှစ်ရာနှင့် သူမကို ဖြားယောင်းသွားသလိုပဲ။

မဟုတ်ဘူး၊ လင်းချွမ်က သူ့အမှားကို ဝန်ခံပြီး သူမရဲ့နှလုံးသားကို ပျော့ပျောင်းသွားစေအောင် ကောင်းမွန်တဲ့ စိတ်ထားကို ပြသပေးခဲ့လို့ပဲ ဖြစ်ရမယ်။ ဒါပဲ ဖြစ်မှာပဲ။

“အကြီးဆုံးသားလေး၊ ကျန့်ကျန့်..  အဖေ့ကို ဖက်ပါဦး”

လင်းချွမ်က သူရဲ့ဇနီးသည်ကို ချော့ပြီးနောက် သူ့ရဲ့သားကို ပွေ့ဖက်နမ်းရှုံ့ကာ ခပ်မြင့်မြင့်ကိုင်မြှောက်ပေးလိုက်တော့ ကောင်ငယ်လေးက  တခစ်ခစ်ရယ်မောလာခဲ့တယ်။

ဆုဆုက သိပ်ပြီး စိတ်မဆိုးတော့တာကြောင့်မေးလိုက်တယ်။

“စားပြီးခဲ့ပြီလား?”

“မစားရဘူး”

“ဒါဆို ကျွန်မ ရှင့်အတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးမယ်”

ဆုဆုက ဒေါသထွက်တာမြန်ပြီး စိတ်ပြေသွားတာလည်း မြန်လွန်းတယ်။  လင်းချွမ်က သူ့သားကို ချော့မြူရင်း ပျော်ရွှင်နေတာကိုမြင်တော့ ကို စိတ်ချမ်းသာစွာနှင့် သူ့အတွက် ခေါက်ဆွဲချက်ပေးဖို့ ဝင်သွားလိုက်တယ်။

အန်တီယဲ့: “ဆုဆု၊ မင်းနဲ့ ရှင်းရာတို့ ဆေးရုံကို သွားတာ ဘယ်လိုနေလဲ”

ဒါကိုပြန်တွေးမိတော့ ဆုဆုရဲ့မျက်နှာက နေကိုဖုံးကွယ်ထားတဲ့ တိမ်မည်းတွေလို မည်းမှောင်သွားခဲ့တယ်။

“ဘာလိုနေရမှာလဲ၊ ကျွန်မမှာလည်း ရှိနေတယ်၊ ရှင်းရာမှာလည်း ရှိနေတယ်၊ လင်းဟိုင်ကတော့ ပျော်လွန်းလို့ ရူးတော့မလို ဖြစ်နေပြီ”

လင်းချွမ်က ထိုစကားကို လျင်မြန်စွာ ဖမ်းဆုပ်မိလိုက်တယ်။

သူ့ရဲ့ စူးစမ်းရှာဖွေနိုင်စွမ်းက အမှန်တကယ်ကို အားကောင်းလာခဲ့ပြီး သူ့ရဲ့ဇနီးလေးက အရင်အတိုင်း လှပနေသေးပေမဲ့လည်း သူမရဲ့ ကိုယ်အလေးချိန်က သိသိသာသာ ကျသွားခဲ့ပြီး သူမရဲ့ မျက်လုံးတွေအောက်မှာလည်း အပြာရောင်ဖျော့ဖျော့ စက်ဝိုင်းတွေ ရှိနေတာကို တွေ့လိုက်ရတယ်။

မကြာသေးခင်အချိန်အတွင်း သူမက ကောင်းကောင်း မအိပ်နိုင်ဖြစ်နေတဲ့  သက်သေတွေပဲ။ ဒါ့အပြင် ထိိုစကားလုံးက သူရဲ့မှန်းဆချက်တွေက အမှန်ပဲဖြစ်ကြောင်း ထင်သေရတယ်။

“ဇနီးလေး .. ဒါက ကိုယ့်ရဲ့အပြစ်ပါ”

“ဒါဆို ရှင် ကျွန်မအတွက် မွေးပေးလေ”

“အဲဒါက ကိုယ်တကယ်မလုပ်နိုင်ဘူး၊ ကိုယ်သာ မင်းအတွက် မွေးပေးနိုင်ရင် မင်းရဲ့ ဝေဒနာသက်သာအောင်လို့ သေချာပေါက်မွေးပေးမှာ”

“ဒါပေမယ့် ကျွန်မက အခုအရမ်း အရမ်းအလုပ်များနေတာ၊ အကြီးကောင်လေးက ပဲငံပြာရည်ပုလင်းကို မမ,နိုင်သေးဘူး ၊အခု အသေးတစ်ယောက်က ရောက်လာပြီ”

“မင်း  အလုပ် မလုပ်နိုင်ရင် မလုပ်နဲ့တော့လေ၊ ကိုယ် မင်းကို ထောက်ပံ့နိုင်တယ်”

သူ့ရဲ့ လက်ရှိထောက်ပံ့ကြေးနှင့်ဆိုရင် မိသားစုကို ထောက်ပံ့ဖို့ ပြဿနာမရှိပါဘူး။

“ဒါပေမယ့် ကျွန်မရဲ့သား လက်ထပ်ဖို့အတွက် ပိုက်ဆံစုချင်သေးတယ်”

ဆုဆုက တွေးရင်း စိတ်ဆင်းရဲလာကာ ငိုတောင် ငိုတော့မယ်။

လင်းချွမ်က ကလေးကို အန်တီယဲ့ဆီကို ချက်ချင်း လွှဲပေးလိုက်ပြီး ဆုဆုကို ပွေ့ဖက်လိုက်တယ်။

“ဒါဆိုလည်း  သူ့ကို လက်မထပ်ခိုင်းနဲ့တော့၊ သူသာ ဇနီးတစ်ယောက်လိုချင်ရင် သူ့ဘာသာသူ ပိုက်ဆံစုပါစေ၊ ကိုယ်တို့က သူ့ကို တစ်သက်လုံး ပြုစုစောင့်ရှောက်နိုင်မှာ မဟုတ်ဘူးလေ”

“ဒါဆို တခြားသားကရော”

“သူ့ကိုလည်း လက်မထပ်ခိုင်းနဲ့”

“ရှင် ဘာလို့ ဒီလောက်တောင် တာဝန်မဲ့နေတာလဲ”

“ကိုယ်တို့တွေ သူတို့ကို မွေးပေးထားတာပဲလေ၊ သူတို့လက်ထပ်ဖို့အတွက် အိမ်ကိုတော့ဝယ်ပေးမယ်၊ ဒါပေမယ့် ကိုယ့်ရဲ့ဇနီးလေးကို အများကြီး မပင်ပန်းစေချင်ဘူး”

လင်းချွမ် ပြောတာ မှန်ကန်ကြောင်း  လှလှပပပြောပြီး တစ်ဖက်မှ အန်တီယဲ့ကလည်း သဘောတူစွာ ခေါင်းညိတ်လာတယ်။

အမျိိးသမီးတွေက ချော့မော့တာကို သဘောကျပြီး ဆုဆုကလည်း သေချာပေါက် ဒီစကားကြားပြီးနောက်မှာ ပြန်လည်စိတ်သက်သာလာခဲ့တယ်။

ထို့နောက်မှာ ရုတ်တရက် သူမ တစ်ခုခုကို တွေးမိပြီး ပြောလိုက်တယ်။

“ ပြောဖို့ မေ့နေတာ၊ ​​ကျွနာမတို့ရဲ့ မိဘတွေ ပြောင်းလာပြီ၊ ရှင်သွားကြည့်ချင်လား၊ဟိုမှာ စားသောက်ဝိုင်းရှိလို့ တစ်ခါတည်း သွားစားလိုက်လို့ရတယ်”

“ကောင်းပြီ ကိုယ်သွားကြည့်မယ်”

လင်းချွမ်က သူ့မိဘတွေကိုကြည့်ဖို့ချက်ချင်းသွားခဲ့ပြီး ခဏအကြာမှာပြန်လာခဲ့တယ်။

“ကိုယ်ကနောက်နေ့ပြန်ရမှာဆိုတော့ အမေက  ဒီကိုပြန်ပြီး မင်းကိုဂရုစိုက်ဖို့ပြောတယ်၊ ဒါကြောင့် ကိုယ်ပြန်လာတာ”

“ထမင်းစားခဲ့သေးလား”

“မစားခဲ့ဘူး ၊ကိုယ် ကိုယ်တိုင်ချက်လိုက်မယ်”

“ကောင်းပြီ၊ ရှင် အခုမှ ပြန်လာတာ ကျွန်မ ချက်လိုက်မယ် “

ဆုဆုက သူ့အတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးခဲ့ပြီး လင်းချွမ်ကတော့ ထိုအချိန်မှာ ရေသွားချိုးခဲ့တယ်။ ပြီးနောက်မှာ ခေါက်ဆွဲကို စားခဲ့ပြီး နှစ်ယောက်သား အပေါ်ထပ်သို့တက်သွားခဲ့ကြတယ်။

အန်တီယဲ့က သူတို့ရန်ဖြစ်မှာကို စိုးရိမ်နေပေမယ့် အခုတော့ ဇနီးမောင်နှံနှစ်ယောက်က ဒီလို မဖြစ်နိုင်တဲ့ပုံပဲ။  အမျိုးသားက ဇနီးသည် ဆိုးသွန်းတာကို လွှတ်ထားပေးလောက်အောင် ရင့်ကျက်ပြီး  ဇနီးသည်ကတော့ ချော့မော့ရလွယ်ကူခဲ့တယ်။

“လင်းချွမ်၊ ဒီကလေးကို စစ်တပ်က ခွင့်ပြုပါ့မလား”

“လွန်ခဲ့တဲ့ အချိန်တုန်းက စစ်တပ်က ဒုတိယကလေးတွေအတွက် နေရာတချို့ ထုတ်ပေးခဲ့တယ်၊ ကိုယ် အဲဒီထဲက တစ်နေရာယူပြီး လျှောက်ထားပြီးပြီ၊ မင်း စိတ်ပူစရာ မလိုဘူး”

“ဘာလဲ၊ ရဲဘော် လင်းချွမ်၊ အမှန်အတိုင်းပြောစမ်းပါ၊ ရှင်ကိုယ်တိုင် တမင်တကာ အပေါက်ဖောက်ခဲ့တာလား”

မဟုတ်ရင် ဒုတိယကလေးအတွက် ဘာကြောင့် ကြိုတင်လျှောက်ထားတာလဲ။

လင်းချွမ်က မှားယွင်းစွပ်စွဲခံရတာပဲ။  သူက လက်ကိုမြှောက်ပြီး ပြောလိုက်တယ်။

“အဲလို  မဟုတ်ပါဘူး၊ ကိုယ်က ကျန့်ကျန့် အသက် နှစ်နှစ်ကျော်တဲ့အချိန်ကျမှ ဒုတိယကလေးအတွက် တွေးထားတာ၊ ဒီလောက်မြန်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

“အဲဒါ ရှင့်ကြောင့်ပဲ မဟုတ်ဘူးလား”

ဆုဆု သူ့ကို ထုရိုက်လိုက်ပြီး ဆိုးသွန်းတဲ့ ကလေးတစ်ယောက်လို ပြုမူနေခဲ့တယ်။

လင်းချွမ်က တီးတိုးပြောလာတယ်။

“ဒါက  ကိုယ့်အမှားပါ”

သူက တွေးတောပြီး ဆက်ပြောလိုက်တယ်။

“ဒါပေမဲ့ ဒါက အံ့သြစရာပဲ”

ဆုဆုအနေနဲ့ မူလတုန်းက အေးအေးဆေးဆေး အိပ်ချင်နေခဲ့ပေမဲ့လည်း အခုတော့ ဒေါသထွက်လာရပြန်တယ်။ သူမက နာကျင်ခံစားနေရချိန်မှာ သူက ဂုဏ်ယူနေတာလား။ တကယ်ပဲ ရိုက်သင့်တယ်!

ဒါကြောင့် သူမ ထထိုင်ပြီး လင်းချွမ်အား လက်သီးဆုတ်လေးနှင့် အားအပြည့် ထုလိုက်ပေမဲ့ ၊ ရလဒ်ကတော့...

“ဇနီးလေး ကလေးရှိနေတုန်းမှာ ကိုယ့်ကို မရိုက်လို့ရမလား”

“ဘာလို့လဲ?”

“ကိုယ် မထိန်းနိုင်တော့မှာ ကြောက်လို့”

ဆုဆု : “...”

သူမ တကယ်ပဲ ဒီလူကို သတ်ချင်နေပြီလို့ ခံစားမိပေမယ့် သူမ ပျင်းရိလာရတယ်။ ဒုတိယအချက်က သူ့အသားအရည်က အရိုက်ခံဖို့အတွက် ထူလွန်းနေတယ်။ ဒါကြောင့် မျက်လုံးကိုလှန်ကာ လျစ်လျူရှုဖို့ပဲ ကြိုးစားလိုက်တော့တယ်။

လင်းချွမ် အသာ ချောင်းဟန့်လိုက်ပြီး သူမရဲ့ဗိုက်ကို ပွေ့ဖက်ကာချော့မော့လိုက်တယ်။  အမျိုးသားတစ်ယောက်အနေနဲ့ အမျိုးသမီးတွေကို ချော့ပေးနိုင်တဲ့စွမ်းရည်က မွေးရာပါ အရည်အချင်းပဲ။ မချော့တတ်ဘူးလို့ပြောရင် အဲဒါက မချော့ချင်တဲ့အတွက် ဆင်ခြေသက်သက်ပဲဖြစ်လိမ့်မယ်။ သူချော့မော့ချင်တဲ့သူနှင့်တွေ့ဆုံလာချိန်မှာ မယုံနိုင်စရာကောင်းလောက်အောင် ကျွမ်းကျင်နေလိမ့်မယ်။

နောက်တစ်နေ့မှာတော့ လူငယ်မောင်နှံနှစ်ယောက်က ချစ်ခင်စွာနှင့်  အောက်ထပ်သို့ ဆင်းလာခဲ့ကြတယ်။ ဆုဆု အလုပ်သွားတာနှင့် လင်းချွမ်က သူရဲ့မိဘအိမ်ကို အထုပ်အပိုးဖြေဖို့ ကူညီရန် သွားခဲ့တယ်။

လင်းကျင်းကလည်း သူ့ရဲ့ကိုယ်တိုင်  ကျောင်းကို သွားခဲ့ပြီ။ မူလတုန်းက ဆုဆုက သူ့ကို ပထမနေ့မှာ  လိုက်ပို့ပေးချင်ပေမယ့် မလိုအပ်ဘူးလို့ ခံစားရတယ်။ လင်းမိသားစုရဲ့ အမျိုးသားတွေက အမျိုးသမီးတွေထဲမှ စိုးရိမ်ပေးစရာ မလိုအပ်ဘူး။

အထူးသဖြင့် အခု သူမမှာကိုယ်ဝန်ရှိနေပြီ။

သို့ပေမဲ့ ဆုဆုက ဘွဲ့ရကျောင်းသားတွေအတွက် အလုပ်စီစဉ်ပေးနေရတဲ့  ပြဿနာကြောင့် အချိန်ပို အလုပ်ဆင်းနေရတုန်းပဲ။

လက်ရှိဘွဲ့ရအများစုကို ခွဲတမ်းတွေနှင့် တာဝန်ပေးထားပြီး အလုပ်အတွက် အတန်းနှင့်မခွဲခြားဘဲ တောင်းခံတဲ့  အလုပ်ရုံစက်ရုံတွေရှိတယ်။  အလုပ်ရုံ စက်ရုံတွေမှာ ကောလိပ်ကျောင်းသားတွေရှိရင်  ဂုဏ်ယူစရာကိစ္စပဲ။

နောက်ပြီးတော့ ကျောင်းက ဒီကိစ္စမှာလည်း ပါဝင်ကိုင်တွယ်ဝသေးတယ်။ ​​ဘယ်ကျောင်းသားကို  ဘယ်ယူနစ်အတွက် အကြံပြုထားသလဲဆိုတာကိုလည်း ကြည့်ရတယ်။

ဒီနေ့ ဆုဆုက ဒီအစည်းအဝေးအတွက် တက်ရလိမ့်မယ်။

ကျောင်းအတွက် နာမည်ဂုဏ်သတင်းကောင်းအောင်လုပ်ပေးတဲ့  ကျောင်းသားအချို့ကို ပိုပြီးကောင်းမွန်တဲ့ အလုပ်ဌာနတွေက လိုချင်ကြမှာဖြစ်ပြီး  အချို့သော နာမည်ပျက်ရှိတဲ့ ကျောင်းသားတွေကိုတော့ သာမန် အနိမ့်စား အလုပ်ရုံဌာနတွေအချို့မှာသာ တာဝန်ပေးအပ်ခံရလိမ့်မယ်။

ဥပမာအားဖြင့် ချန်ကွေ့တုံက  ကျောင်းမှာတုန်းက ပြဿနာတွေရှိခဲ့သောကြောင့် အလုပ်ဌာနတွေအများကြီးက သူ့ကို မလိုချင်ကြဘူး။ ဒါကြောင့် သာမာန် စက်ရုံလေးတစ်ခုမှာပဲ နည်းပညာရှင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရလိမ့်မယ်။

သူ့ရဲ့ ညီငယ်လေးတွေဆိုသူတွေကလည်း သာမန်စက်ရုံအသီးသီးကို  ဖြန့်ဝေခံခဲ့ရတယ်။

ချင်ယွဲ့ယွဲ့ကတော့ သန့်ရှင်းရေးအလုပ်ဌာနမှာ တာဝန်ကျလာတုန်းပဲ။ ဒီအလုပ်က နားထောင်ရတာ မကောင်းပေမယ့် သူမက ကျောင်းမှာ ကြိုးစားတဲ့အတွက် နိုင်ငံဝန်ထမ်းအဖြစ်အလုပ်ဌာနတစ်ခုမှာ ဝင်ရောက်ခွင့်ရသွားခဲ့ခြင်းဖြစ်လေတယ်။ တကယ်တော့ ဒီဌာနက မဆိုးလှဘဲ ခေါ်ယူမှုကလည်း နည်းပါးတယ်။

အလုပ်တာဝန်တွေ ခွဲဝေပြီးတဲ့နောက်မှာ ဆုဆုတစ်ယောက် အားကုန်လုနီးပါးဖြစ်နေပြီ။ သူမက ရင်ဘတ်ကိုလက်နှင့် ဖိထားကာ အပြင်သို့ထွက်လာခဲ့ရတယ်။

ဆရာမတစ်ယောက်က မေးလာတယ်။

“မင်းဘာဖြစ်နေတာလဲ၊ ကြည့်ရတာ အရမ်းပင်ပန်းနေသလိုပဲ”

ဆုဆု : “ဘာရှိဦးမှာလဲ၊ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြန်ပြီလေ”

“ဘာလဲ? မင်း ဒီအကြောင်းကို ကျောင်းအုပ်ကြီးကို ပြောပြပြီးပြီလား”

“မပြောရသေးဘူး၊ မနေ့ကမှ အတည်ပြုခဲ့တာ၊ ဘာဖြစ်လို့လဲ၊ ပြဿနာရှိနေလို့လား”

တစ်ဖက်လူက ထိတ်လန့်သွားပုံရတာကြောင့် ဆုဆု ထူးဆန်းသွားရတယ်။

“အခုက နိုင်ငံက အရမ်းတင်းကျပ်လိုက်ပြီလေ ၊ သားဆက်ခြား အစီအစဉ် ရှိတယ်လို့လည်း ပြောကြတယ်၊ ကျောင်းက ဆရာမတွေက ဒုတိယ ဒါမှမဟုတ် တတိယမြောက် ကလေး ရှိနေရင် ကိုယ်ဝန်ဖျက်ခိုင်းမယ်၊ ဒါမှမဟုတ်ရင် အလုပ်ထွက်ခိုင်းမှာလို့တောင် ကြားမိတယ်”

“ဟုတ်လား?”

ဒါက တကယ်ကို တင်းကျပ်တာပဲ။ ဒီခေတ်ကာလအကြောင်းကို သူမရဲ့မိဘတွေ ပြောတာကို ဆုဆုကြားဖူးပေမယ့် ဘယ်လောက်ထိ တင်းကျပ်ခဲ့တာလဲဆိုတာကိုတော့ အတိအကျမသိခဲ့ဘူး။

ထိုအချိန်မှာ မိသားစုတိုင်းမှာ ကလေးတစ်ယောက်ပဲရှိတော့တာလေ။  ဒုတိယမြောက်ကလေးရောက်လာရင်တောင် လူအနည်းငယ်ပဲလိုချင်ကြတော့တယ်။

“ဒါကြောင့် မင်းကလေးကိုမွေးမယ်ဆိုရင် မေးမြန်းလိုက်တာ ပိုကောင်းတယ်၊ ကလေး လရင့်မှဆိုရင် အခက်ခဲတွေ ဖြစ်စေလိမ့်မယ်”

“ကျွန်မ သိပြီ”

လင်းချွမ်က ဒုတိယကလေးအတွက် တောင်းဆိုလွှာတင်ထားပေမဲ့လည်း ဒီနေရာမှာ တင်ထားတာမဟုတ်လို့ သူမအနေနဲ့ ကျောင်းအုပ်ကြီးကို ဒီကိစ္စအတွက် အမှန်တကယ် တောင်းဆိုလွှာတင်ရဦးမယ်။

ဒါပေမယ့် သူမ ထိုဆရာမနဲ့ စကားပြောနေတာကို တစ်ယောက်ယောက်က ကြားသွားတဲ့အကြောင်းကိုတော့ သူမ မသိခဲ့ဘူး။

တစ်ဖက်လူက တိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူမရဲ့ လက်ချောင်းတွေတောင်မှ ဖြူရော်လာခဲ့တယ်။

သူမက လင်းတုံဟဲရဲ့ ကလေးကို ကိုယ်ဝန်ဆောင်နိုင်စေဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ မရနိုင်ခဲ့ဘူး။ ဒါပေမယ့် ထိုတစ်ယောက်ကတော့ ဒုတိယတစ်ယောက်တောင် ရနေပြန်ပြီ။  သူမ တကယ်ကို့ စိတ်အနှောင့်အယှက်ဖြစ်နေခဲ့တယ်။

သူမရဲ့မနာလိုမှုလှိုင်းလုံးတွေက မြင့်တက်လာပြီး သူမရဲ့ စိတ်ကလည်းမတည်ငြိမ်နိုင်ဘူး။

**

All Chapters