အခန်း (၁၈၀)
Vol. 18 Ch. 180
ချင်ယွဲ့ယွဲ့ ဆုဆုအပေါ် ဒေါသထွက်မှုတွေနှင့် ကျောင်းအပြင်ဘက်ကို ပြန်ထွက်လာကာ သူမကို ဘယ်လို တန်ပြန်အစီအမံလုပ်ရမလဲလို့ တွေးနေခဲ့တယ်။ ထိုအချိန်မှာ ဆရာမနှစ်ယောက်က ထိုကိစ္စနှင့်ပတ်သတ်ပြီး မကျေမနပ်ပြောဆိုနေတာကို ရုတ်တရက်ကြားလိုက်ရတယ်။
တစ်ယောက်က သူမကို အချိန်ပြည့်ဆရာမအဖြစ် ရာထူးတိုးနိုင်တော့မဲ့အချိန်မှာ ဒုတိယမြောက်ကလေးကိုမွေးခဲ့ရတာကြောင့် ရာထူးတိုးခြင်းကနေ ပယ်ထုတ်ခံလိုက်ရတယ်။ တကယ်လို့ သုံးယောက်မြောက်ကလေး မွေးချင်မယ်ဆိုရင် အလုပ်က တိုက်ရိုက်အထုတ်ခံရလိမ့်မယ်။
သို့ပေမဲ့ သူမက အရင်နှစ်ယောက်မွေးခဲ့တာက သမီးနှစ်ယောက်ပဲ ဖြစ်နေခဲ့တယ်လေ ။ ဒီတော့ သားတစ်ယောက် လိုချင်မှာ သေချာပေါက်ပဲ။
တခြားအမျိုးသမီးကလည်း ပြောလာတယ်။
“မင်းမှာ ကလေးနှစ်ယောက်ရှိသေးတာတော်သေးတယ်၊ သူတို့က ငါ့ကို ဒုတိယမြောက်ကလေးကိုတောင် ခွင့်မပြုဘူး၊ တကယ့် ရန်သူတွေပဲ!”
ချင်ယွဲ့ယွဲ့ လှောင်ရယ်လိုက်တယ်။ ဆုဆုရဲ့ လက်ရှိ ဂုဏ်သတင်းက X မြို့တော်ရဲ့ ပညာရေးအသိုင်းအဝိုင်းမှာ အလွန်ကျော်ကြားတယ်။
သူမက ကျောင်းမှာ ဆရာမလုပ်ရုံသာမက နိုင်ငံခြား လုပ်ငန်းရှင် အမျိုးမျိုးအတွက်ပါ ဘာသာပြန်ပေးခဲ့တဲ့အတွက် တကယ်ကို ကျော်ကြားနေခဲ့တယ်။
သူမနှင့် လင်းတုံဟဲက ဒီအကြောင်းကိုပြောတိုင်း ရန်ဖြစ်ရလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ထိုလူက အဲဒီမိန်းမကို လေးလေးနက်နက်နဲ့ လေးစားနေလို့ပဲ။ နောက်ပြီး နည်းနည်းလောက်လည်း သဘောကျနေသေးတယ်။ သေချာတာပေါ့။ သူက ဆုဆုကို ချစ်ကြိုက်နေတာပဲ။
သူက ဘယ်တုန်းကမှ မပြောခဲ့ပေမယ့် ချင်ယွဲ့ယွဲ့ ခန့်မှန်းနိုင်တယ်။ ထိုသူက လင်းချွမ်ကို အလွန်မနာလိုကြောင်း အမြဲပြောလေ့ရှိတယ်။ လင်းချွမ်က ဆုဆုနှင့် လက်ထပ်ခဲ့လို့ အခု သက်သောင့်သက်သာ နေထိုင်နိုင်နေပြီလေ။
သူမ အမြဲမေးခဲ့တယ်- သူမနဲ့နေရတာ အဆင်မပြေဘူးလား။
ထို့နောက် လင်းတုံဟဲရဲ့ ပါးစပ်ထောင့်က ရွဲ့စောင်းသွားတတ်ပြီး သရော်လိုစွာ ပြောလာလိမ့်မယ်__ငါက မင်းနဲ့ မထိုက်တန်ဘူး။
ချင်ယွဲ့ယွဲ့အနေနဲ့ အစပိုင်းမှာ လင်းတုံဟဲကို အထင်သေးနှိမ့်ချခဲ့ကြောင်း ဝန်ခံတယ်ဆိုပေမဲ့လည်း အခုချိန်မှာ သူက အရမ်းကိုအောင်မြင်နေပြီဖြစ်ပြီး အောင်မြင်မှုရဲ့ စံပြတစ်ယောက်ဖြစ်နေပြီ။ မြို့တွင်းမှ တချို့လူတွေက သူ့ကို အထင်သေးခဲ့ရင်တောင် ကွမ်းမိသားစုကို ဘယ်သူမှ အပြစ်မလုပ်ရဲကြဘူး။
ဒါကြောင့် ချင်ယွဲ့ယွဲ့က တစ်ဖက်လူထိုသို့ ပြောလာချိန်မှာ သူမကို လှောင်ပြောင်နေသလို ခံစားလိုက်ရတယ်။
ဒါကြောင့် သူမနှင့် သူမရဲ့ယောက်ျားကို သဘောထားကွဲလွဲအောင်လုပ်ခဲ့တဲ့ ထိုမိန်းမ ဆုဆုကို ပိုပိုပြီး မနာလိုမုန်းတီးလာခဲ့တယ်။
အခုတော့ သူမမှာကိုယ်ဝန်ရှိနေပြီဆိုတော့ ချက်ကောင်းကို ကိုင်ထားနိုင်ခဲ့ပြီ။ ဒီ မီးတောက်တွေကို ကြီးမားလာအောင် ယပ်ခပ်နိုင်သရွေ့ တစ်စုံတစ်ယောက်က အမြဲတမ်းရှေ့ကိုထွက်ပြီး သူမရဲ့သေနတ်ဖြစ်လာလိမ့်မယ်။
ဒါကြောင့် သူမက အငြိုးအတေးအများဆုံးသော ဆရာမတစ်ယောက်ကို ထိုအကြောင်းကို တိုက်ရိုက်ပြောပြရန် အဆက်အသွယ်တချို့ကို အသုံးပြုခဲ့တယ်။
ထိုဆရာမ အကြောင်းကိုပြောရရင် သူမနှင့်သူမ ခင်ပွန်းတို့ ပထမမွေးခဲ့တဲ့ ကလေးက မိန်းကလေးဖြစ်နေခဲ့တဲ့အတွက် သူမက အမြဲတမ်း ဒုတိယကလေးလိုချင်ခဲ့တယ်။
သူမအနေနဲ့ ဒုတိယကိုယ်ဝန်ရဖို့အတွက် နှစ်အနည်းငယ်ကြာမြင့်ခဲ့တယ်။ အခု သူမ ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ သားဆက်ခြားအစီအစဥ်ကို စတင်ခဲ့တယ်လေ။ ကျောင်းက သူမကို ကိုယ်ဝန်ဖျက်ချခိုင်းနေပြီ။ မဟုတ်ရင် သူမကို အလုပ်ဆက်လုပ်ခွင့်ပေးမှာမဟုတ်ဘူး။
ဒီလိုနှင့် ဒီသတင်းကိုသိတဲ့ အချိန်မှာဆရာမတွေအများကြီးက တိုင်ကြားစာတွေ တင်ကြတဲ့အပြင် ကျောင်းအုပ်ကြီးဆီကို တိုက်ရိုက်သွားပြီး ဆုဆုကို မွေးခွင့်ပေးရင် သူတို့ကိုပါ မွေးခွင့်ပေးရမှာဖြစ်ပြီး မဟုတ်ရင် ဘယ်သူမှ မမွေးရဘူးလို့ ပြောခဲ့ကြတယ်။
ပြောရရင် အခုအချိန်မှာ ပြသနာတွေဖြစ်နေတဲ့ ဆရာမတွေ အများကြီးရှိတယ်လေ။ ဒီကိစ္စက တရားမျှတရမှ ဖြစ်မယ်။
ကျောင်းအုပ်ကြီးကွမ်းက ဆုဆုမှာ ကိုယ်ဝန်ရှိနေကြောင်းကို မသိသေးဘူး။ ဒီအကြောင်းကို ကြားလိုက်ရချိန်မှာ သူ့ရဲ့ခေါင်းက အလွန်ကြီးမားသွားသလို ခံစားလိုက်ရကာ ဆုဆုကို မေးဖို့အတွက် ရုံးကို ခေါ်ခိုင်းလိုက်ရတော့တယ်။
သူ့အနေနဲ့ ဒါက မမှန်ဘူးလို့ မျှော်လင့်နေတုန်းပဲ။ ပြောရရင် ဆရာမဆုတို့မိသားစုရဲ့ကလေးက အသက်ဘယ်လောက်ရှိနေသေးလို့လဲ။ ဒီလောက် မြန်တာ ဖြစ်နိုင်ပါ့မလား။
ဒါကြောင့် နောက်နေ့မနက် ဆုဆု အလုပ်သို့ လာတဲ့အချိန်မှာ အိမ်ထောင်မကျသေးတဲ့ ဆရာမနှစ်ယောက်နှင့် အသက်အရွယ်ကြီးတဲ့ ဆရာမကလွဲရင် အမျိုးသမီး ဆရာမတွေ အားလုံးက သူ့ကို စိုက်ကြည့်နေခဲ့ကြတယ်။
ဒီမှာ ဘာတွေဖြစ်နေတာလဲ။
နောက်ပိုင်းမှာတော့ သူမရဲ့ကိုယ်ဝန်အကြောင်းကို လူတိုင်းသိသွားပြီဖြစ်ကြောင်း သိလိုက်ရတယ်။
ဆုဆုအနေနဲ့ မနေ့က ဆရာမဆီက ပေါက်ကြားသွားတာဖြစ်လိမ့်မယ်လို့ ထင်ခဲ့တယ်။
ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက အနှေးနှင့်အမြန် ရင်ဆိုင်ရမဲ့ကိစ္စပဲ။
သူမ ကျောင်းအုပ်ကြီးကွမ်းရဲ့ရုံးခန်းကို လျှောက်သွားချိန်မှာ ကျောင်းအုပ်ကြီးကွမ်းက ဒီကိစ္စကို ဆုဆုနှင့် ပြောဖို့ အနည်းငယ်ရှက်ရွံ့တာကြောင့် သူ့ဇနီးကို လှမ်းခေါ်ခဲ့တယ်။ ပြီးနောက်မှာ သူတို့ ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဆုဆုမှာ ကိုယ်ဝန်ရှိမရှိ မေးမြန်းခဲ့တယ်။
ဆုဆု: “တကယ်တော့ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို အရင်ရက်ကမှ သိထားခဲ့တာ”
“အခုအချိန်မှာ သားဆက်ခြားဖို့အတွက် အရမ်းတင်းကြပ်နေတယ်ဆိုတာ မင်းသိတယ်မလား၊ လူတိုင်းက မင်းရဲ့ဗိုက်ကို စိုက်ကြည့်နေကြလိမ့်မယ်၊ ငါတို့... ငါတို့လည်း ဘာမှမတတ်နိုင်တော့ဘူး”
ကျောင်းအုပ်ကြီးကွမ်း သက်ပြင်းချလိုက်တယ်။ သူ့အနေနဲ့ ဆုဆုကို ကျောင်းမှာ အမှန်တကယ် ဆက်ခေါ်ထားချင်ပေမဲ့လည်း သူမက ကလေးကို ရွေးချယ်မှာသေချာတယ်ဆိုတာ သိနေခဲ့တယ်။ ဒါကြောင့် သူတို့တွေ ဆက်ပြီး ထိန်းထားနိုင်တော့မှာမဟုတ်ဘူးလို့ ခံစားမိတယ်။
ဒါပေမယ့် ဆုဆုက ပြောလာတယ်။
“ဒါပေမယ့် ကျွန်မရဲ့ ခင်ပွန်းသည်က စစ်တပ်ထဲမှာ ဒုတိယမြောက်ကလေးယူဖို့အတွက် ခွင့်ပြုချက်ယူထားပြီးပြီ၊ ဒါက အလုပ်မဖြစ်ဘူးလား?”
“အဲဒါက အလုပ်ဖြစ်တယ်၊ ဟိုဘက်မှာ အတည်ပြုနိုင်သရွေ့ ငါတို့လည်း နည်းလမ်းရှာလို့ရတယ်”
ကျောင်းအုပ်ကြီးကွမ်းက ဆုဆုကို အမှန်တကယ် ဆက်ခေါ်ထားချင်ခဲ့တယ်။ တစ်ဖက်စစ်တပ်ထဲမှ ခွင့်ပြုစာရထားပြီဆိုရင် သူတို့ဘက်ကလည်း ဒါကို လျှောက်ထားနိုင်လိမ့်မယ်။
ဆုဆုက တစ်ဖက်လူရဲ့ကြင်နာမှုကို ချက်ချင်းခံစားမိပြီး ပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးကွမ်း၊ ဒါပေမယ့် ဒီကိစ္စကိုမဖြစ်နိုင်ဘူးဆိုရင် အရမ်းရှက်ရွံ့နေစရာမလိုပါဘူး..”
အဆုံးမှာတော့ အပြင်ဘက်မှာ ပြဿနာတက်နေတဲ့ အမျိုးသမီးဆရာမတွေ အများကြီးရှိနေပြီး သူတို့လည်း ဖိအားတွေ ခံစားရလိမ့်မယ်။
“မခက်ခဲပါဘူး ငါတို့တွေ အတူတူ လုပ်ကြရအောင်”
တကယ်တော့ ကျောင်းအုပ်ကြီးကွမ်းလည်း လျှောက်ထားနိုင်ပါ့မလားဆိုတာ မသေချာဘူး။
ဒါပေမယ့် အခုက နည်းနည်းခက်ခဲလိမ့်မယ်ဆိုတာကိုတော့ သူလည်း သိတယ်။
ဆုဆု ခေါင်းညိတ်ပြပြီး အတန်းကိုဆက်သွားခဲ့တယ်။
ဆုဆုကို အေးဆေးတည်ငြိမ်မှုကိုမြင်တော့ ကိုယ်ဝန်ရှိနေပေမယ့် ကိုယ်ဝန်ဖျက်ချရဖို့ ဖြစ်နေတဲ့ ဆရာမက ပိုလို့တောင် ဒေါသတကြီးဖြစ်လာခဲ့ကာ ဆုဆုဆီကို တိုက်ရိုက်ဝင်လာပြီး ဒေါသတကြီးပြောလာတယ်။
“နင့်မှာ သားရှိနေတာတောင် ဘာလို့ ကလေးဆက်မွေးလို့ ရနိုင်ရတာလဲ၊ ငါ့မှာကျတော့ သားမရနိုင်တာတောင် ဘာလို့ သားလေးဘာလို့ မွေးခွင့်မရှိတာလဲ၊ ပြောစမ်းပါ၊ အနောက်ဘက်တံခါးကို ဖြတ်ပြီး သွားမယ်ဆိုရင်လည်း ငါတို့ကိုပါ ပြောပြသင့်တယ်၊ ဒီလိုဆိုရင် လူတိုင်းလည်း သေစရာမလိုတော့ဘူးပေါ့!”
ဆုဆု ရယ်မောလိုက်တယ်။
“နင့်ကို ကိုယ်ဝန်ဖျက်ချခိုင်းတာ ငါလား၊ ငါ ဖျက်ချခိုင်းတာမဟုတ်ဘူးနော်၊ နင် ဘာလို့ ငါ့ဆီ လာနေတာလဲ”
“နင်က အရမ်းတွေ လုပ်နိုင်စွမ်းရှိနေလို့ပဲ မဟုတ်ဘူးလား! နင်က အရမ်းတော်တယ်လေ၊ နင့်ရဲ့ယောကျ်ားကလည်း စစ်တပ်ထဲမှာ အဆင့်မြင့်အရာရှိတွေဖြစ်နေတာကိုး!”
“ကောင်းပြီ၊ ဒါဆို နင်ဘာလို့ ကျောင်းအုပ်ကြီးကွမ်းက ငါ့ကို ရာထူးက နှုတ်ထွက်ခိုင်းဖို့ ခေါ်တာလို့ ဘာလို့ မတွေးတာလဲ? ဒီနေ့က ငါရဲ့ အလုပ်နောက်ဆုံးနေ့ပဲ၊ ဒီတော့ နင်ငါ့ကို ဒါတွေလာပြောနေစရာ မလိုဘူး”
ဆုဆု ဒီဘက်ခေတ်မှာ ခေါင်းကြောမာပြီး ထပ်ခါထပ်ခါပြောတာက ဘာကိုမဆို လုပ်ဆောင်နိုင်တယ်လို့တောင် ခံစားမိလာတယ်။
သူမက လင်းချွမ်ကိုတောင် ထည့်ပြောခဲ့တယ်။ ကျောင်းကသာ ဒီမွေးဖွားခွင့်ကို အတည်ပြုခဲ့ရင် ဒီလေက လင်းချွမ်ဘက်ကို တိုက်ခတ်သွားနိုင်တယ်။
သူမအနေနဲ့ သူ့ကို ဝင်ပါစေချင်ခြင်းမရှိတဲ့အတွက် နှုတ်ထွက်ရန်သာ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တယ်။
ဒီနည်းနဲ့ဆိုရင် ကျောင်းအုပ်ကြီးကွမ်းကိုလည်း ဆွဲထည့်စရာမလိုသလို၊ ဒီလူတွေကိုလည်း ပါးစပ်ပိတ်သွားစေနိုင်လိမ့်မယ်။
ဒါပေမယ့် အခုချိန်မှာ သူမက ပရော်ဖက်ဆာတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး သူမ နှုတ်ထွက်တော့မယ်လို့ ရုတ်တရက်ပြောခဲ့တယ်။
ဒီကိစ္စက တရားဝင်ဆရာတောင် မဟုတ်သေးဘဲ ပုဂ္ဂလိကငှားရမ်းထားတဲ့ဆရာမတွေထက် ပိုမိုပြင်းထန်တာကြောင့် အားလုံးက ခဏလောက်တိတ်ဆိတ်သွားကြတယ်
ဆုဆုက အခွင့်အရေးရှာပြီး ကျောင်းအုပ်ကြီး ကွမ်းကို ရှင်းပြခဲ့တယ်။ သူမအနေနဲ့ တခြားလူတွေကို လွန်လွန်ကဲကဲ ပါဝင်စေမှာကို စိုးရိမ်တာကြောင့် နှုတ်ထွက်ခဲ့တယ်။
နောက်ပြီး ဒုတိယကလေးကိုမွေးပြီးသွားရင် ကလေးအား ပြုစုစောင့်ရှောက်ရမှာဖြစ်ပြီး အလုပ်သွားရန် အချိန်မရှိလောက်တော့ဘူး။
ကျောင်းအုပ်ကြီးကွမ်းက သူမရဲ့ အရည်အချင်းတွေကို အမှန်တကယ် မြတ်နိုးပေမဲ့လည်း သူ ဘာတစ်ခုမှမလုပ်နိုင်တော့တာအမှန်ပဲ။ အခုအချိန်မှာ ထိုဆရာမတွေက အမှန်တကယ်ကို ပြသနာရှာလွန်းနေခဲ့ပြီး ကျောင်းအုပ်ကြီးကွမ်းကိုတောင် ရာထူးမှ ဆင်းခိုင်းဖို့အတွက် ဖိအားပေးလာနိုင်ချေရှိတယ်။
ဆုဆုက ဒီအလုပ်ထွက်ရတဲ့အပေါ် တကယ်ကို ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် သူမက ဒီအလုပ်ကို မလုပ်ဘူးဆိုရင်တောင် သူမ ငတ်သေမှာ မဟုတ်ဘူးလေ။
ပညာရေးဝန်ထမ်းတွေကို တခြားသူတွေက မျက်နှာသာပေးရင်တောင် သားသမီးတွေအတွက် အလုပ်ကိုတောင် လက်မလွှတ်နိုင်တဲ့သူတွေက တခြားသူတွေရဲ့ လှောင်ပြောင်ခြင်းကို ခံရမှာ သေချာပေါက်ပဲ။
သူမအနေနဲ့ ကလေးကို ပြုစုရန် အလုပ်များလွန်းတာကြောင့် စက်ရုံတစ်ခုတည်ထောင်ဖို့ကို အနည်းငယ် တုံ့ဆိုင်းနေခဲ့တယ်။
ဘာပဲဖြစ်ဖြစ် အခုတော့ ပထမဆုံးအနေနဲ့ သူ အလုပ်က နုတ်ထွက်လိုက်ပြီဆိုတာကို လူတိုင်းကို ပြန်ပြောရဦးမယ်။
သူတို့တွေက သေချာပေါက် အံ့အားသင့်သွားလိမ့်မယ်။ ဒါပေမယ့် သူတို့အားလုံးက လင်းမိသားစုဝင်တွေဖြစ်ပြီး အလွန်ရိုးသားကြတယ်။ ကလေးတွေအတွက်ကြောင့်ဆိုတာကိုသာ သူတို့သိရင် ဘာမှ ပြောလာမှာမဟုတ်ဘူး။
သူတို့ရဲ့ နှလုံးသားထဲမှာ လူ့တစ်ယောက်ရဲ့အသက်က ပိုက်ဆံထက် ပိုပြီးအရေးကြီးတယ်။ ဒီတော့ သူတို့က မလုပ်နိုင်ဘဲ သံကိုရောင်းမဲ့သူမျိုး မဟုတ်ဘူး။
လင်းမိသားစုရဲ့ မိဘတွေကို ပြောပြဖို့ အဆင်ပြေမယ်ဆိုတာကို တွေးမိတော့ သူမ စိတ်သက်သာရာ ရသွားခဲ့တယ်။ သူမက ကျောင်းမှာရှိတဲ့ သူမရဲ့ ပစ္စည်းတွေကို ပြန်သယ်ဖို့အတွက် မြည်းလှည်းငှားလာခဲ့တယ်။
အိမ်ကိုပြန်ရောက်တော့ လှည်းဆရာကို သူမရဲ့ပစ္စည်းတွေကို ရွှေ့ခိုင်းလိုက်တယ်။ အခုချိန်မှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ သူမကိုယ်သူမ ကာကွယ်ရတော့မယ်။
**