← Chapters

အခန်း (၁၈၂)

Vol. 19 Ch. 182

အခန်း (၁၈၂)

Vol. 19 Ch. 182

ဇာတ်လိုက်မအပြင် သူ့နှင့် ဆက်ဆံရေးကို တည်ဆောက်ဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လိုက်ကလည်း ပြင်းပြင်းထန်ထန် ငြင်းဆန်ခံခဲ့ရတယ်။

နောက်ပိုင်းမှာတော့ အမျိုးသားဇာတ်လိုက်က အတော်လေးကို သန်မာလာပြီး တစ်ဖက်လူဆီကို ထပ်ခါတလဲလဲ သွားရှာခဲ့တယ်။

ဒီလိုနှင့်နောက်ဆုံးမှာတော့ ဒီထန်ဖန်ရှန်းရဲ့စိတ်ကို ပြောင်းလဲနိုင်ခဲ့ပြီး သူတို့နှစ်ယောက်က မြင့်မြတ်တဲ့ပူးပေါင်းဆောင်ရွက်ရေးလမ်းကို စတင်ခဲ့ကြတယ်။

စာအုပ်ထဲမှာ သူ့အကြောင်းတွေကို သိပ်မဖော်ပြထားပေမဲ့  ဒီလူကို ဘစ်ရှော့ကြီးအဖြစ် မှတ်ယူသင့်တယ်လို့ ဆုဆုတွေးမိတယ်။

ဒါပေမယ့် တစ်ဖက်လူက မျိုးချစ်စိတ်အလွန်ရှိသူဖြစ်ဖို့ကိုတော့ မမျှော်လင့်ထားခဲ့ဘူး။ သူက နိုင်ငံခြားသားတွေရဲ့ အထင်သေးပြီးမထီမဲ့မြင်ပြုခြင်းကို အလွန်ဒေါသထွက်နေခဲ့တာ  ထင်ရှားတယ်။

“နည်းပညာက ဆင်းရဲပြီး လူတွေက ချို့တဲ့နေမယ်ဆိုရင် တခြားလူတွေဆီမှာ အလွယ်တကူ အထင်သေးခံရလိမ့်မယ်၊  ကျွန်မအနေနဲ့ ဒီအထဲကဟာတွေကိုလည်း သိပ်မရှင်းလင်းသလို ဒါကို ဘယ်ကရလာခဲ့တာလဲဆိုတာကိုလည်း မပြောနိုင်ဘူး၊ 

ဒါပေမယ့် ကျွန်မတို့ အတူတူ လေ့လာပြီး အတူတူ အလုပ်လုပ်လို့ရတယ်၊ ပြီးရင် သူတို့ဆီကအရင်းအနှီး မလိုဘဲ စက်ရုံကို ထူထောင်နိုင်တယ်”

ဆုဆု ထန်ဖန်ရှန်းရဲ့မျက်လုံးများကို ကြည့်ပြီးပြောလိုက်တယ်။  တခြားလူတွေရဲ့ အထင်သေးခြင်းကိုခံရတဲ့အတွက် သူမ ပြန်လည် တိုက်ခိုက်ချင်နေခဲ့တယ်။

ဘာပဲဖြစ်ဖြစ်၊ ဒါက စာအုပ်ထဲက ကမ္ဘာကြီးပဲ။ ဒါကြောင့် သမိုင်း ဒါမှမဟုတ် တစ်ခုခုကို ပြောင်းလဲဖို့ ကြောက်နေစရာမလိုဘူး။  တိုင်းပြည်ကို စောစောတိုးတက်ပြီး လူတချို့ကို ထိန်းချုပ်ဖို့ အရှေ့က ဦးဆောင်နိုင်တဲ့နည်းပညာကို အသုံးပြုလိုက်မယ်။

သူမအနေနဲ့ အရင်တုန်းက ဒီလိုမျိုး ရည်မှန်းချက်ကြီးကြီးမားမား မရှိခဲ့ပေမဲ့လည်း တစ်ခါတစ်ရံတွင် လူတွေက  ဒီလိုလုပ်ဖို့အတွက် အတင်းအကြပ်ဖိအားပေးလာတတ်တယ်။

ဥပမာအားဖြင့်၊ သူမအနေနဲ့ ခုနတုန်းက နိုင်ငံခြားဧည့်သည်တွေအပေါ် ဖော်ရွေတဲ့ သဘောထားကို ထိန်းသိမ်းထားဖို့သာ မဟုတ်ရင် သူတို့ရဲ့ ခေါင်းကို ထိုးကြိတ်ချင်ခဲ့မိမှာပဲ။

ထန်ဖန်ရှန်းကလည်း သူ့ရဲ့ သဘောမကျဖြစ်နေတဲ့ အတွေးတွေကို ထုတ်မပြခဲ့ပေမဲ့ ဆုဆုလို မိန်းကလေးတစ်ယောက်ကတောင် ဒီလိုပြောလာချိန်မှာ သူ့ရဲ့သွေးတွေက ရုတ်တရက် နိုးထလာခဲ့တယ်။

“ကောင်းပြီ၊ ငါတို့ အောင်မြင်အောင်လုပ်ကြမယ်”

သူက ထိုသို့ပြောပြီးနောက်  လက်ကိုဆန့်တန်းပေးလာခဲ့ပြီး ဆုဆုကလည်း လေးနက်စွာ လက်ကို ခါရမ်းလိုက်လေတယ်။

ထို့နောက်မှာ ထန်ဖန်ရှန်းက နည်းပညာရှင်အနည်းငယ်ကို ရှာဖွေခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ အစည်းအဝေးခန်းတစ်ခုမှာ ဆုဆု  ယူလာခဲ့တဲ့ ဖုန်းကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးကြည့်ရှုဖို့   လုပ်ဆောင်ခဲ့တယ်။

ဆုဆုအနေနဲ့ သူမရဲ့ ဖုန်းကို ဒီလိုမျိုး ဖြုတ်ထားရတာကို မြင်ရတော့ အတော်လေးစိတ်မကောင်းဖြစ်မိပေမယ့် သူတို့နိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာက နိုင်ငံခြားတိုင်းပြည်တွေကို တတ်နိုင်သမျှ အနိုင်ယူနိုင်ဖို့အတွက် သည်းခံရမယ်လို့ တွေးခဲ့တယ်။

သူတို့က ဒီမိုဘိုင်းလ်ဖုန်းရဲ့ အဆင့်မြင့်နည်းပညာကိုမြင်လိုက်ရပြီးချိန်မှာ အလွန်အမင်း အံ့အားသင့်နေခဲ့ကြတယ်။

သို့သော်လည်း ထန်ဖန်ရှန်းက ဆုဆုကို နောက်ထပ်မေးခွန်းတွေမမေးတော့ဘူးလို့ ကတိပေးထားပြီးဖြစ်လို့ ဒီမှာထိုင်နေတဲ့ နည်းပညာရှင်တွေကလည်း ဒါက ဘယ်က ရောက်လာတာလဲလို့ မမေးခဲ့ကြဘူး။

လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာတော့ သူတို့က ပြောလာတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိနည်းပညာနဲ့ဆိုရင် ဒီလိုမျိုးမလုပ်နိုင်ဘူး”

“ရှင်တို့ ပိုပြီး ရိုးရှင်းတဲ့အရာမျိုး  အရင်လုပ်လို့ရတယ်”

မိုဘိုင်းလ်ဖုန်းအစစ်အမှန်က ဆယ်နှစ်ကျော်ကြာတဲ့အထိ ပေါ်လာမှာမဟုတ်တာကို ဆုဆု သိထားပေမဲ့ လည်း အခုအချိန်မှာ နိုင်ငံရပ်ခြားမှာ အလားတူထုတ်ကုန်အချို့ရှိနေပြီ။ ဒါပေမယ့် သူမပစ္စည်းက s အဆင့်ပဲ။

“ဒါကို လေ့လာဖို့ လိုသေးတယ်၊  အရင်ဆုံး ဒါကို ဖန်တီးဖို့အတွက် ရိုးရှင်းတဲ့ ကိရိယာတွေကို သုံးနိုင်တယ်၊ ပြီးရင်တော့  အချက်ပြစန၀်အတွက် အအရင်းမြစ်ပဲ”

အတိုချုပ်ပြောရရင် ကျွမ်းကျင်သူတွေကတော့ ကျွမ်းကျင်သူတွေပဲ။ ဆုဆုက ဒါတွေကို နားမလည်နိုင်ပေမယ့် သူတို့ဆွေးနွေးမှုရဲ့ ရလဒ်အရ အဲဒါကို စမ်းသပ်ကြည့်နိုင်တယ်ဆိုတာ သူမသိနိုင်တယ်။

“ကျွန်မက သုတေသနအဖွဲ့အစည်းအတွက် ရန်ပုံငွေထောက်ပံ့ဖို့ ဒီကိုရောက်နေတာပါ၊ ရှင်တို့တွေက ဒီသုတေသနကို ဆက်လုပ်ရုံပဲ၊ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျွန်မ ထောက်ပံ့ပေးမယ်”

ထန်ဖန်ရှန်းကလည်း သူ့ရင်ဘတ်ကို ပုတ်ပြလိုက်တယ်။

“ကျွန်တော့်ကိုလည်း ထည့်တွက်လိုက်ပါ၊ ဒီနည်းပညာက ကမ္ဘာကြီးကို သက်ရောက်မှုရှိမယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ဒါကြောင့် သုတေသနဆက်လုပ်ဖို့အတွက် ရင်းနှီးမြှပ်နှံပြီး ကူညီပေးဖို့ ဆန္ဒရှိပါတယ်”

တစ်စုံတစ်ယောက်က သုတေသနကို အာရုံစိုက်နေသမျှ ကာလပတ်လုံး အလွန်အသုံးဝင်တဲ့ မိုဘိုင်းလ်ဖုန်းရရှိနိုင်ဖို့ သုတေသနက ဖြည်းဖြည်းချင်း တိုးတက်လာနိုင်လိမ့်မယ်။

ကိစ္စကြီးတွေ လုပ်ချင်တဲ့လူနှစ်ယောက် ဆုံတွေ့ချိန်မှာ မိုးကြိုးတွေပစ်ပြီး မီးတွေထတောက်လာလိမ့်မယ်။

ထို့နောက်မှာတော့ ဆုဆုက သုသေတနလုပ်နေတဲ့နေရာဆီကို နေ့တိုင်းလာရောက်ကြည့်ရှုပြီး သူမ အသုံးပြုခဲ့တဲ့ မိုဘိုင်းလ်ဖုန်းရဲ့ လုပ်ဆောင်ချက်အချို့အကြောင်းကို ပြောပြခဲ့တယ်။

တကယ်တော့ လက်တွေ့ဘဝမှာ လယ်ဗယ်တွေကို ကျော်ခွသွားနေတဲ့ အကိုကြီးနှင့်အတူ လေ့လာရတာက သိပ်မဆိုးလှဘူး။

ဒါပေမယ့် အလွန်ကောင်းမွန်တဲ့ ကနဦးပုံစံရလာလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။  သူတို့ရဲ့ နောက်ဆုံးထုတ်ကုန်ရဲ့ အခွံက လုံးဝကြီးမားခြင်းမရှိဘဲ လက်တလုံးစာလောက်သာရှိကာ အလွန်ပေါ့ပါးတယ်။

အချက်ပြစနစ်ပြဿနာများကို မဖြေရှင်းနိုင်သေးပေမဲ့လည်း  အလွန်ကျေနပ်အားရစရာဖြစ်နေခဲ့တယ်။

ထန်ဖန်ရှန်း ငှားရမ်းထားသော နည်းပညာရှင်တွေက တကယ်ကို ဉာဏ်ကြီးရှင်တွေဖြစ်တာကြောင့် ဆုဆုကို အံ့သြသွားစေခဲ့တယ်။

ဒါ့အပြင်၊ သူက အလွန်အားကောင်းတဲ့ အချက်ပြမျှော်စင်တစ်ခုရရန် နည်းလမ်းကို စတင်ရှာဖွေနေပြီ။

အချိန်တိုအတွင်း နိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာက ကမ္ဘာကြီးထက် များစွာ တိုးတက်လာလိမ့်မယ်လို့ ဆုဆု ခံစားနေရတယ်။

သို့ပေမယ့် သူမအတွက် အရေးကြီးဆုံးကတော့ ကလေးမွေးဖွားဖို့ပဲ။ သူတို့ကို သွားရောက်ကြည့်ရှုပြီးရင် သူမက အနားယူရန် ပြန်လာလိမ့်မယ်။

မကြာသေးခင်က သူမရဲ့ မနက်ပိုင်းဖျားနာမှုက အနည်းငယ်သက်သာလာတဲ့အတွက်  လင်းမိသားစုအိမ်သို့ မကြာခဏ ပြေးသွားပြီး ချက်ပြုတ်ပြီးသား အစားအစာတွေကို စားတတ်တယ်။

မူလက အရာအားလုံး ဖြေးဖြေးချသ်းသွားနေမယ်လို့ ထင်ခဲ့ပေမဲ့  တစ်နေ့မှာတော့ ထန်ဖန်ရှန်းက  သူမကို ရုတ်တရက် ဖုန်းဆက်ပြီး  သုသေသနနေရာကိုလာခိုင်းခဲ့တယ်။

ဆုဆုတစ်ယောက် နားမလည်နိုင်တဲ့အတွေးတစ်ခုနှင့်အတူ ပျော်ရွှင်စွာနှင့် သွားခဲ့ပြီး  ကားငယ်လေးတစ်ခုနှင့်တူတဲ့ မိုဘိုင်းလ်ဖုန်းတစ်လုံးကို လက်ခံရရှိခဲ့ပြီး  တခြားအခန်းသို့ သွားခိုင်းခဲ့လေတယ်။

ဆုဆုလည်း သူတို့ပြောတဲ့အတိုင်းသွားခဲ့ပြီး ခဏအကြာဖုန်းခေါ်သံကို ကြားလိုက်ရတော့တယ်။

သူမ ဒီကမ္ဘာသို့ရောက်ကတည်းက ဖုန်းမြည်သံကို တစ်ခါမျှ မကြားခဲ့ဖူးသေးဘူး။ ဖုန်းရဲ့ မူရင်းအသံက အရမ်းကြမ်းတမ်းပေမယ့် အလွန်နားဝင်ပီယံရှိသလို ခံစားရတယ်။

သူမ ဖြေဆိုတဲ့ခလုတ်ကိုနှိပ်ပြီးနောက် ဖုန်းထဲမှ ထန်ဖန်ရှန်းရဲ့ အသံကိုကြားလိုက်ရတယ်။

“ဂုဏ်ယူပါတယ်၊ ပထမဆုံးစကားပြောနိုင်တဲ့စက်ကို ဒီဇိုင်းထုတ်နိုင်ခဲ့ပြီ၊  ဆူညံသံတချို့ကြားဝင်လာတာတွေရှိနေပြီး အချက်ပြရင်းမြစ်က သိပ်မကောင်းသေးပေမဲ့ အခုတော့  အခြေခံအားဖြင့် Xမျို့တော်က လူတိုင်း  ဒီစက်မျိုးကို သုံးစွဲလို့ရလောက်ပြီ၊ မင်းမှာ အကြံဥာဏ်လား?”

“ကောင်းပြီ၊ ဒီလို မိုဘိုင်းလ်ဖုန်းမျိုးကို နိုင်ငံအတွင်း ဘယ်နေရာမှာမဆို သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“မိုဘိုင်းလ်ဖုန်း?”

“ဟုတ်တယ် မိုဘိုင်းလ်ဖုန်း”

“ကောင်းပြီ၊ ဒါဆို ဒီစက်ကို မိုဘိုင်းလ်ဖုန်းလို့ ခေါ်တာပေါ့၊ ဒါဆို မင်း အခုကစပြီး ဒီမိုဘိုင်းလ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာတော့မယ်၊ မေးစရာရှိသေးလား”

ဆုဆုအနေနဲ့ ထန်ဖန်ရှန်းက ဒီဖုန်းကို ထုတ်လုပ်ရေးကိုသူ့ကို ပေးလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒါက အလွန်ကြီးမားတဲ့ ချမ်းသာမှုကို ရရှိလာမှာဖြစ်ပြီး  အနာဂတ်မှာ ကမ္ဘာအဆင့်အထိရောက်သွားနိုင်တယ်။

“ကျွန်မထင်တာ……”

“ရဲဘော်ဆုဆု၊ ငါတို့တိုင်းပြည်အတွက် မင်းဘယ်လို ကြီးမားတဲ့ကိစ္စမျိုး ပံ့ပိုးပေးခဲ့လဲ မင်းမသိလောက်ဘူး ဒါပေမယ့် ငါသိတယ်၊

အနာဂတ်မှာ မင်း ပိုပြီးကောင်းအောင် လုပ်နိုင်လာမယ်လို့ ငါမျှော်လင့်ပါတယ်၊ ပြီးတော့ ဒီ ‘ဖုန်း’ ကို သုံးပြီး  သတင်းအချက်အလက်ကိုသုံးပြီး တိုင်းပြည်ကလူတွေအတွက်  ပိုပြီးကောင်းအောင် လုပ်စေချင်တယ်”

“ကောင်းပါပြီ”

ကြည့်ရတာ ထန်ဖန်ရှန်းက တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးနည်းပညာတွေကို ထုတ်လုပ်နိုင်မဲ့ပုံရတယ်။ ထိုကိစ္စက မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ခြင်းထက် ပိုနိမ့်မှာမဟုတ်ဘူး။

သူ့မှာ ဒီလိုမျိုး စွမ်းရည်တွေရှိတယ်လို့ သူမ ခံစားရတယ်။

ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့လဲ?

ဆုဆု တရုတ်နိုင်ငံထုတ် ပထမဆုံး မိုဘိုင်းလ်ဖုန်းကို ကိုင်ထားရင်းနဲ့ အနည်းငယ် စိတ်လှုပ်ရှားတုန်ယင်နေခဲ့တယ်။

သို့ပေမဲ့ ဒီစက်ရုံက ပထမဆုံးဖြစ်ပြီး စက်ရုံတည်ဆောက်ရန်အတွက် လုပ်အားနှင့် ငွေကြေးအရင်းအနှီးများစွာ လိုအပ်သေးတယ်။

ကံကောင်းထောက်မစွာနှင့်  ထန်ဖန်ရှန်းက ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့ပြီး သူမလက်ထဲမှာလည်း ရံပုံငွေတချို့ ရှိနေသေးတယ်။ ဒီဘက်ခေတ်ကာလက စက်ရုံတွေ ဝယ်ရတာလည်း စျေးပေါတယ်လေ။

သို့ပေမဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော အီလက်ထရွန်နစ် လုပ်ငန်းကုမ္ပဏီတစ်ခုအနေနှင့်  ဒီထုတ်လုပ်ရေးက အမှန်တကယ် ပြဿနာတွေရှိခဲ့တယ်။

ဒီနေရာမှာ အလုပ်သမားနှင့် အလုပ်ရုံလေးတွေသာရှိတဲ့   စက်ရုံငယ်လေးတွေလိုမျိုးလုပ်နေရင် တစ်ရက်ကို အလုပ်နည်းနည်းလောက်ပဲ ပြီးနိုင်လိမ့်မယ်။

ဒီလိုဆိုရင်စျေးနှုန်းကမြင့်မားသွားမှာဖြစ်ပြီး  ဝယ်နိုင်တဲ့ လူက အနည်းငယ်သာ ရှိလိမ့်မယ်။

ထိုဖုန်းကို ပထမဆုံး စတင်ထုတ်လုပ်တုန်းက သောင်းနဲ့ချီပြီး အကုန်အကျခံရတယ်လို့ ကြားခဲ့ရတယ်။ စက်တစ်လုံးကို  သောင်းနဲ့ချီရင် တစ်နှစ်ကို ဘယ်နှစ်လုံးလောက်ရောင်းနိုင်မှာလဲ။

ဒါပေမယ့် ဒီမိုဘိုင်းလ်ဖုန်းရဲ့ ကုန်ကျစရိတ်ကို သုံးထောင်ကနေ ငါးထောင်အထိ လျှော့ချလိုက်မယ်ဆိုရင် အနည်းဆုံး  စီးပွားရေးလုပ်ငန်းရှင်အချို့က ဝယ်နိုင်မှာဖြစ်ပြီး နာမည်ပိုကြီးလာလိမ့်မယ်။

ဒါကိုတွေးပြီး သူမက သူတို့နဲ့အတူ ကုန်ကျစရိတ်ပြဿနာကို စတင်လေ့လာခဲ့တယ်။ လုံးဝန်းတဲ့ဗိုက်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက်ကတော့ ကြမ်းတမ်းပင်ပန်းတဲ့အလုပ်တွေလုပ်ဖို့ တကယ်ကို ခက်ခဲကြောင်း သဘောပေါက်ခဲ့တယ်။

ထန်ဖန်ရှန်းက သူမရဲ့ဗိုက်ကိုကြည့်ပြီး စိုးရိမ်တကြီးနဲ့ ပြောလာတယ်။

“ငါ မင်းကို ကူညီမယ်၊ ပစ္စည်းတွေဝယ်ဖို့အတွက် ငါကူညီပေးမယ်၊ မင်းက စက်ရုံဆောက်ဖို့ကိုပဲ တာဝန်ယူလိုက် ၊ အချိန်ယူပြီး တစ်နှစ်အတွင်း စက်ရုံဆောက်နိုင်ဖို့ ကြိုးစားကြည့်ပေါ့”

“တစ်နှစ်?”

အဲဒါက သိပ်မကြာလှပေမဲ့ သူမက နည်းနည်းတော့ စိတ်မရှည်ဘူး။

“ဟုတ်တယ်”

ထန်ဖန်ရှန်းက ဆုဆုကို စိတ်မရှည်ဘူးလို့ ခံစားမိပေမဲ့လည်း သူ့ရှေ့မှ အမျိုးသမီးက စက်ရုံတွေကို နှစ်ကြိမ် ဆောက်ပြီးပြီဆိုတဲ့အကြောင်းကို မသိခဲ့ဘူး။

ဆုဆုဘက်မှာတော့ ဒါက ကြာလွန်းတယ်လို့ သူမခံစားမိပေမယ့် အဆုံးမှာ အီလက်ထရွန်းနစ်ထုတ်ကုန်တစ်ခုဖြစ်တဲ့အတွက် ခဏလောက်တော့ သည်းခံဖို့ တွေးခဲ့တယ်။

  အိမ်ကို သတင်းပြီးတွေနှင့် ပြန်ရောက်တော့ လင်းရှန်တစ်ယောက် တံခါးနားသို့ ကုလားထိုင်တစ်လုံးကို  ဒေါသတကြီးနှင့် ပစ်ချလာတာကို မြင်ရလိမ့်မယ်လို့  မမျှော်လင့်ခဲ့ဘူး။

All Chapters