← Chapters

အခန်း (၁၈၃)

Vol. 19 Ch. 183

အခန်း (၁၈၃)

Vol. 19 Ch. 183

လင်းရှန်တစ်ယောက် သူ့မရီးက တံခါးနားကိုရောက်လာတာကိုမြင်တော့ ထိတ်လန့်သွားရတယ်။

“မရီး ထိသွားသေးလား၊ မရီးကို နာကျင်အောင် လုပ်မိလိုက်တာလား”

သူက လွင့်ထွက်သွားတဲ့ ကုလားထိုင်ကို လှမ်းကြည့်လိုက်တော့ သူ့မရီးနှင့် အတော်လေး ဝေးနေသေးတယ်။

“မထိဘူး…”

ဆုဆု ထပ်မမေးရသေးခင် အမေလင်းက ကြက်မွှေးတစ်ချောင်းနှင့် လင်းရှန်ဆီကိုပြေးထွက်လာတာကို သူမ တွေ့လိုက်ရတယ်။

ပြောစကားတစ်ခုရှိတယ်: မင်းအမေက မင်းအမေအဖြစ် အမြဲရှိနေမှာပဲ။  မင်းရဲ့အသက်ဘယ်လောက်ပဲရှိနေပါစေ၊ မင်းက ဘယ်လိုလူတစ်ယောက်အဖြစ် ရှိနေပါစေ  မင်းအမေက မင်းကိုရိုက်ချင်ရင် ခံရမှာပဲ။

လင်းရှန်တစ်ယောက်  စိုးရိမ်ရှက်ရွံ့စွာ ပြောလာတယ်။

“အမေ၊ ကျွန်တော့်ကို မရိုက်ပါနဲ့”

“မင်းရဲ့မရီးကို ဒုက္ခပေးရဲရင် ငါမင်းကိုသတ်မယ်”

“ကျွန်တော့် မရီးကို မမြင်လိုက်လို့ပါ”

“မင်း ဘယ်လိုတွေဖြစ်နေတာလဲ?”

“ကျွန်တော် လုပ်ချင်ရုံ...”

“မင်း ဆင်ခြေတွေပေးနေဦးမှာလား”

လင်းရှန် ဆက်မပြောရဲတော့ဘဲ ဆုဆုကို လှမ်းကြည့်ပြီးပြောလာတယ်။

“တောင်းပန်ပါတယ် မရီး”

“ဘာတွေမှားလို့လဲ?”

ဆုဆု စိတ်ရှုပ်ထွေးစွာ မေးလိုက်မိတယ်။

လင်းရှန်ဆိုတာက သူတို့ ညီအစ်ကိုတွေကြားမှာ အတည်ငြိမ်ဆုံးလူပဲ။ သူက သူ့ရဲ့အစ်ကိုတွေလို  ဖြောင့်တန်းလွန်းတဲ့ လူရိုးတစ်ယောက်မဟုတ်လို့ ဒီလိုမျိုး စိတ်လွတ်တဲ့အထိ ဒေါသထွက်တာမျိုး ရှားပါးလွန်းတယ်။

အစပိုင်းမှာ သူက ချင်ယွဲ့ယွဲ့ကို တကယ်သဘောကျခဲ့တယ်။ ဒါပေမယ့် ဆုဆုက သူနှင့် သူ့ရဲ့မိသားစုအပေါ်  ကောင်းမွန်လွန်းတယ်လေ။

ဒါကြောင့် သူ တဖြည်းဖြည်း နားလည်လာပြီး ဒီမိသားစုအတွက် ဘယ်သူကကောင်းတာလဲ၊ ဘယ်သူက သူတို့မိသားစုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလဲဆိုတာကို သိလာခဲ့တယ်။

ဒီလိုရုတ်တရက် ဝုန်းဒိုင်းကြဲနေတာက ဘာဖြစ်တာလဲ။

သူမ မေးလိုက်တော့ လင်းရှန်က ပြောလာတယ်။

“မရီးကို ထိခိုက်စေတဲ့လူက ဘယ်သူလဲဆိုတာ ကျွန်တော်သိသွားပြီ၊ သူဘာလို့ဒီလိုလုပ်တာလဲလို့ မေးချင်ပေမယ့် အမေက ခွင့်မပြုဘူး”

“ဘယ်သူလဲ?”

ဆုဆုက ဒီကိစ္စကို သိပ်ပြီးမစဉ်းစားခဲ့ဘူး။ သူမက သူမ ပြောပြခဲ့တဲ့ ကျောင်းက ဆရာမတစ်ယောက်က လုပ်ခဲ့တယ်လို့ပဲ အမြဲတမ်း ထင်နေခဲ့တာ။

“  အဲဒါ ချင်ယွဲ့ယွဲ့ပဲ၊ သူမက မရီးမှာကိုယ်ဝန်ရှိနေတာကို ဆရာတွေကြားမှာ ပြောခဲ့တယ်၊ ပြီးတော့မရီးမှာ အစ်ကိုကြီးနှင့် တခြားလူတွေရဲသ ပံ့ပိုးမှုကြောင့် တခြားသူတွေက မရီးကို ဘာမှ မလုပ်ရဲဘူးဆိုပြီး ပြောခဲ့တယ်၊

ဒါကြောင့် အဲဒီမိန်းမတွေက မရီးကို အရမ်း ဒေါသထွက်နေခဲ့ကြတာ၊ သူမက မရီးရဲ့နောက်ကွယ်မှာ မရီးမကောင်းကြောင်းတွေအများကြီး ပြောနေသေးတယ်၊

ဒါပေမယ့် ကျောင်းအုပ်ကြီးကွမ်းက ဖိနှိပ်ခဲ့တဲ့နောက်မှာ သူမက  ဘာမှမပြောတော့ဘူး၊ ရလဒ်ကတော့ သူမ လုံးဝတိတ်ဆိတ်သွားတဲ့အတွက်  လူတွေက သူမကို အာဏာနှင့်ဖိနှိပ်ခဲ့တယ်ဆိုပြီး ပြောနေကြတော့တာပဲ၊

ကျွန်တော် ဒီကိစ္စကို  ကျောင်းအုပ်ကြီးကိုပြောပြီးပြီ၊ သူ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”

လင်းရှန်က စကားကိုဆုံးအောင်ပြောပြီးနောက် လက်သီးကို တင်းတင်းဆုပ်ကာ ပြောလာတယ်။

“သူမ ဘာလို့ ဒီလိုလုပ်မှန်း ကျွန်တော် မသိတော့ဘူး” 

“သူမက  ရူးနေပြီပဲ၊  ​​ငါသူမနဲ့လည်း ဘာမှမရှုပ်ထွေးတော့တာကို”

ဆုဆု သက်ပြင်းချလိုက်တယ်။ သို့ပေမယ့် သူမက ထိုင်နေရမယ့်လူမဟုတ်တာကြောင့် လင်းရှန်ကိုပြောလိုက်တယ်။

“သူမက  ငါ့နောက်ကွယ်မှာ ဒီလိုမျိုးလုပ်နေတာကိုတော့ လွှတ်မထားနိုင်ဘူး၊ သူက ငါ့ကိုဒီလိုဆက်ဆံတယ်ဆိုမှတော့ လင်းရှန်..  အရင်တုန်းက ဖြစ်ခဲ့တာတွေကို မင်း လူတိုင်းသိအောင်ပြောပြပေးနိုင်မလား”

အမေလင်းက ထိုစကားကိုကြားတော့ မျက်မှောင်ကြုတ်မိပြီး ပြောလိုက်တယ်။

“ဒါက အရမ်းဆိုးသွားမှာမဟုတ်ဘူးလား”

“အမေ၊ သူမက အမေ့ရဲ့မြေးကို သတ်ဖို့ လုပ်နေတာနော်”

ဆုဆု သူမရဲ့ဗိုက်ကို ထိလိုက်တယ်။

*

အမေလင်းက မူလတုန်းက စိတ်အေးအေးထားဖို့ ဖြောင်းဖြရန်ရည်ရွယ်ခဲ့တယ်ဆိုတာက မိသားစုနှစ်စုက ဆွေမျိုးတွေဖြစ်နေလို့ပဲ။

သူတို့မှာ X မြို့တော်မှာ အသိအကျွမ်းက သူတို့သာရှိပြီး သူတို့ရဲ့ အပြစ်အနည်းငယ်လောက်နှင့် ဆက်ဆံရေးကို တင်းတင်းမာမာဖြစ်အောင် မလုပ်ချင်ခဲ့ဘူး။

ဒါပေမယ့် ဆုဆုပြောတာကို ကြားပြီးနောက်မှာ နားလည်သွားခဲ့တယ်။

တစ်ဖက်လူက သူ့မြေးကို ထိခိုက်အောင်လုပ်နေခဲ့တာပဲ။

ကျောင်းက သူမရဲ့ချွေးမကို ကိုယ်ဝန်ဖျက်ချဖို့ ဖိအားပေးလာခဲ့တယ်။ မိသားစုကို ထောက်ပံ့ဖို့အတွက် ဒီအလုပ်ကို လုပ်မှဖြစ်မဲ့အနေအထားမျိုးသာ ဖြစ်နေခဲ့ရင် သူမရဲ့ မြေးကရှိတော့မှာမဟုတ်ဘူး။

လင်းရှန်က အမြဲတမ်း ပညာသင်ကြားရေးကိုသာ ဦးစားပေးခဲ့သူဖြစ်ကာ မိသားစုအရေးကို သိပ်ပြီး ဂရုမစိုက်ခဲ့တာကြောင့် ထို အတင်းအဖျင်းကိစ္စတွေကို နားမထောင်ခဲ့ရဘူး။

ဒါကြောင့် ဒီနေ့မှာ ဆုဆုက ချင်ယွဲ့ယွဲ့ရဲ့ မကောင်းကြောင်းတွေကို ပြန်ဖြန့်ခိုင်းဖို့ ပြောလာချိန်မှာ သူ့အနေနဲ့ ဘာပြောရမလဲဆိုတာ မသိခဲ့ဘူး။

ဆုဆုက အမေလင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောခဲ့တယ်။

“အမေ၊ ကျွန်မ လင်းရှန်နဲ့ စကားပြောစရာရှိလို့ ၊စိတ်မပူပါနဲ့”

အမေလင်းကလည်း ဒါက နောက်ကွယ်မှာ မကောင်းပြောတဲ့ ကိစ္စဖြစ်မှန်းသိနေခဲ့တာကြောင့် အနားကနေ လှည့်ထွက်သွားခဲ့တယ်။

သူမအနေနဲ့ ကလေးနှစ်ယောက်က ဆိုးရွားတာတွေကိုလုပ်မဲ့အချိန်မှာ မတားမြစ်ဘဲ ဒီနေရာမှာထိုင်ပြီး နားထောင်နေတာမျိုးက အဆင်မပြေဘူးလေ။

သူမ ထွက်သွားတာနှင့် တပြိုင်နက် ဆုဆုက ချင်ယွဲ့ယွဲ့ လုပ်ခဲ့သမျှအားလုံးကို ပြောပြခဲ့ပြီး လင်းရှန်ကတော့ အလွန်အံ့သြထိတ်လန့်နေခဲ့တယ်။

သူ့အနေနဲ့ ချင်ယွဲ့ယွဲ့က ဒီလိုလူဖြစ်နေလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။ အရင်တစ်ခေါက် ရွာမှာရှိတုန်းက သူမက မုဆိုးမလေးကို အကျင့်မကောင်းလှကြောင်း ပြောဆိုခဲ့ဖူးတယ်။

ထိုအချိန်တုန်းက  သူလည်းပဲ မုဆိုးမလေးက မှားယွင်းတယ်လို့ ခံစားမိခဲ့တယ်။ ဒါပေမယ့် ချင်ယွဲ့ယွဲ့က သူမထက် အများကြီး ပိုပြီး ဆိုးရွားနေခဲ့တာကြောင့် သူမက မုဆိုးမလေးကို  မပြောသင့်တော့ဘူးလေ။

သူမက လင်းတုံဟဲနှင့်ဖောက်ပြန်ခဲ့ပြီး အတူနေခဲ့ရုံတင်မကဘဲ လက်မထပ်ခင်မှာကတည်းက ကလေးလည်း ရခဲ့သေးတယ်။

ကလေးရခဲ့ရင်လည်း ရတယ်ပေါ့။ ဒါပေမယ့် သူမက ကောလိပ်တက်ဖို့အတွက် ကလေးကိုပါ ဖျက်ချခဲ့တယ်။ ဒါက လူတွေ သူအကို ဘယ်လိုပြောရမှန်းမသိတော့လောက်အောင် ဖြစ်စေတယ်။

လင်းရှန်:”ဒီကိစ္စကိုသာ လူတွေသိအောင် လုပ်လိုက်သရွေ့ သူမက ကျောင်းကိုပြန်လာဖို့ မျက်နှာရှိတော့မှာမဟုတ်ဘူး”

တကယ်တော့ သူက  ချင်ယွဲ့ယွဲ့ကိုအရင်တုန်းက အလွန်လေးစားခဲ့ဖူးတယ်။ သို့ပေမဲ့ အခု သူမလုပ်ခဲ့တာတွေကိုသိမြင်ခဲ့ရချိန်မှာတော့ အလွန်အမင်းစက်ဆုပ်သွားခဲ့ပြီ။

“မင်းရဲ့ ဒုတိယအစ်ကိုက ဒီလိုမျိုးလုပ်ခဲ့တုန်းက ဘယ်သူမှ သတိမထားမိခဲ့ကြဘူး၊ ဒါပေမယ့် မင်းရဲ့အထောက်အထားကို လူသိရှင်ကြား ထုတ်ပြလိုက်သရွေ့ အဆင်ပြေသွားလိမ့်မယ်”

ဒီအတွက် လူတိုင်းကို ရိုးရိုးသားသားပြောဖို့က အခြေခံလိုအပ်ချက်ပဲ။

“ဒါပေမယ့် ဒီလိုလုပ်ရင် သူ မရီးကို ဒုက္ခပေးလောက်မလား”

“ကိစ္စမရှိဘူး၊ မင်းမလုပ်​ရင်​တောင် သူမက ငါလုပ်​ခဲ့တယ်​လို့ သူထင်​ပြီး ပြသနာရှာဖို့ရောက်လာဦးမှာပဲ”

သူမ ရောက်ရှိလာခြင်းက ဇာတ်လိုက်မရဲ့ ကိစ္စရပ်တွေအပေါ် အများကြီး ဟန့်တားသလိုဖြစ်သွားကြောင်းကို ဆုဆုသိတယ်။

သူမက မူလတုန်းကလိုမျိုး ဇာတ်လိုက်နှင့် လက်ထပ်ပြီး ဥက္ကဋ္ဌရဲ့ ဇနီးအဖြစ် ခံယူထားနိုင်ခဲ့ပေမဲ့ မလုံလောက်သေးသလိုမျိုး မျိုချလို့ မဝနိုင်သေးသလိုမျိုး  နေရာတိုင်းမှာ သူမကို ဆန့်ကျင်နေလိမ့်မယ်။

ဒီလိုဆိုမှတော့ သူမအနေနဲ့ ဘာလို့ တခြားကိစ္စတွေကို ဂရုစိုက်ရမှာဦးမှာလဲ။

လာစမ်းပါ။ တစ်ယောက်ကို တစ်ယောက် နာကျင်စေလိုက်ကြတာပေါ့။

လင်းရှန်က သူ့မရီး ဒီလိုပြောနေတာကို တွေ့တော့ သူလည်းခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။

နောက်နေ့မှာတော့ သူက ထိုအချက်အလက်တွေအပေါ်အခွင့်ကောင်းယူပြီး လူတိုင်းနှင့် ထိုကိစ္စကို ဆွေးနွေးခဲ့ကာ ချင်ယွဲ့ယွဲ့ရဲ့ အိမ်ထောင်မပြုမီတုန်းက ကိစ္စတွေကို ပြောပြခဲ့တော့တယ်။

ဒါ့အပြင် အရင်တုန်းက ဆုဆုကို အတင်းအကြပ် တွန်းအားပေးခဲ့တာကလည်း ချင်ယွဲ့ယွဲ့ရဲ့သတင်းဖြန့်မှုရဲ့ ရလဒ်ကြောင့်လို့ လူတိုင်းကို ပြောခဲ့တယ်။

သူမက စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်နိုင်ခဲ့တာကြောင့် စစ်တပ်က သူမကို ဒုတိယမြောက်ကလေးအတွက် ခွင့်ပြုချက်ပေးခဲ့ပေမဲ့   နှလုံးသားမည်းနက်တဲ့လူဆီကနေ အမြတ်ထုတ်ခြင်းကို ခံရမယ်လို့ မထင်မှတ်ကြောင်း ပြောခဲ့တယ်။

ကောလဟာလတွေဆိုတာက တစ်ယောက်ကနေ တစ်ယောက် ပျံ့နှံ့သွားသရွေ့ သက်ရောက်မှုက အဆမတန် ကျယ်ပြန့်လာမှာပဲ။

အရင်တုန်းက အလွန်အမင်းပြသနာရှာခဲ့တဲ့ ကျောင်းစည်းကမ်းတွေကို မလိုက်နာတဲ့ ပုဂ္ဂလိကဆရာမတွေကို ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်လို့ အခုအချိန်မှာ ဆုဆုနှင့် ပတ်သက်သည့် တိုင်ကြားစာတွေက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီ။

ဒီလိုအချိန်မျိုးမှာ လင်းရှန်က ချင်ယွဲ့ယွဲ့ရဲ ရှက်စရာကောင်းလွန်းတဲ့ နောက်ကြောင်းတွေကို ပြောပြခဲ့ပြီး သူမရဲ့ ကျောင်းမှာ ထိန်းသိမ်းထားတဲ့ အပျိုစင်မယ်ရီ ပုံရိပ်ကို ပြိုပျက်သွားစေခဲ့တယ်။

ဒါ့အပြင် ကျောင်းက ကျောင်းသားတွေရဲ့အနာဂတ်အလုပ်တွေကို တာဝန်ပေးချထားဖို့ လုပ်နေဆဲဖြစ်ပြီး သန့်ရှင်းရေးဌာနကလည်း ထိုကောလာဟလများကို ကြားသိခဲ့ကာ စုံစမ်းရန်အတွက် လူတွေကို စေလွှတ်ခဲ့တယ်။

ဒီနေ့ခေတ်ကာလရဲ့ လုပ်ငန်းခွင်တွေက ဂုဏ်သိက္ခာအပေါ် အလွန် အလေးထားနေဆဲဖြစ်ပြီး ကောလိပ်ကျောင်းသားတွေမှာ နာမည်ဆိုးရှိမယ်ဆိုရင် အလုပ်မခေါ်ချင်ကြဘူး။

စုံစမ်းစစ်ဆေးမှုအပြီးမှာ ဒီစကားတွေက လင်းရှန်က ဖြန့်ခဲ့တဲ့အကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သူက ဒီနှစ်ရဲ့ကျောင်းသားသစ်ဖြစ်ခဲ့ပြီး ဝင်ခွင့်စာမေးပွဲမှာ ပထမနေရာနှင့် ကျောင်းသို့ ဝင်ရောက်လာခဲ့တဲ့သူပဲ။

ဒီတော့ သူတို့တွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်း လာတာကို ကြားသိရတဲ့အချိန်မှာ သူက ရိုးသားစွာရှင်းပြခဲ့ပြီး  သူ ဒီလိုပြောရတဲ့ အကြောင်းရင်းကိုလည်း လေးလေးနက်နက် ရှင်းပြ ခဲ့တယ် ။

ချင်ယွဲ့ယွဲ့က ဆုဆုရဲ့ ပြဿနာနောက်ကွယ်မှာ ရှိနေတာကို  သူသိခဲ့တဲ့အတွက်ကြောင့် ကလဲ့စားချေခြင်းပဲ။

ကျောင်းအုပ်ကြီးကွမ်းက  နောက်ဆုံးတစ်ကြိမ်တုန်းက ဆုဆုကို ကျောင်းထွက်သွားဖို့ လုပ်ခဲ့တဲ့သူက ချင်ယွဲ့ယွဲ့ဖြစ်ကြောင်းကို သိရှိခဲ့ချိန်မှာ သူလုံးဝ ခွင့်မလွှတ်နိုင်တော့ဘူး။

ဒီတစ်ကြိမ်လုပ်ခဲ့တဲ့အပြုအမူက သူမအပေါ် စိတ်စေတနာတွေ လုံးဝကုန်ခမ်းသွားစေခဲ့တယ်။  ဒါကြောင့် သူက လာရောက်စစ်ဆေးတဲ့လူတွေကို ချင်ယွဲ့ယွဲ့က စာလေ့လာရေးအဖွဲ့ဆိုတဲ့နာမည်နှင့် အခန်းတစ်ခုတောင်းခဲ့ပြီး ကျောင်းမှ ဆရာတစ်ယောက်အပေါ် ကျောင်းသားတွေမှ ရန်ငြိုးဖြစ်လာစေဖို့အတွက် လှုံ့ဆော်ပေးခဲ့တဲ့အကြောင်းတွေကို ပြောပြခဲ့တယ်။

ဒါကြောင်း သန့်ရှင်းရေးဌာနမှ ထိုကဲ့သို့လူမျိုးကို အလုပ်မခန့်နိုင်ကြောင်းပြောကာ ချင်ယွဲ့ယွဲ့ရဲ့  အချက်အလက်တွေကို ပြန်ပေးခဲ့ပြီး တခြားအမျိုးသား အတန်းဖော်တစ်ယောက်ကိုသာ ခေါ်ယူသွားခဲ့တော့တယ်။

*

All Chapters